← Chapters

အခန်း ၄၄၅

Vol. 45 Ch. 445

အခန်း ၄၄၅

Vol. 45 Ch. 445

အခန်း။ ၄၄၅

"ဟင်းက အခုထိ မကျက်သေးဘူးလား"

"လာပြီး မလောစမ်းနဲ့ အဲလောက်တောင် ဖြစ်နေရင် နင်ကိုယ်တိုင် လာလုပ်ပါလား"

"ဟွန်း... ဘုရင်ကြီးတွေက စောင့်နေကြတာ။ နင် အမြန်လုပ်ရင် ပိုကောင်းလိမ့်မယ်"

ထိုသို့ပြောပြီးနောက် အဝါရောင်မိစ္ဆာရုပ်သွင်က လှည့်ထွက်သွားတော့သည်။

"တစ်နေ့ကျရင်တော့ နင့်ကိုပါ ငါကိုယ်တိုင် ချက်စားပစ်မယ်။ သောက်ဝက်ဝံစုတ်"

အခြားသော အညိုရောင်မိစ္ဆာရုပ်သွင်က ဒေါသတကြီး ကျိန်ဆဲလိုက်၏။

ထိုအညိုရောင်မိစ္ဆာ၏ ဘေးတွင် အချင်းကိုးပေ၊ ဆယ်ပေခန့်ရှိပြီး အမြင့်သို့ မြှင့်တင်ထားသော ဧရာမ သံအိုးမည်းကြီးတစ်လုံး ရှိနေသည်။

အိုးအောက်တွင်မူ တောက်လောင်နေသော မီးလျှံများက ဟုန်းဟုန်းတောက်နေပြီး အတွင်းရှိ ရေများမှာ ပွက်ပွက်ဆူကာ အဖြူရောင်အမြှုပ်များ တရဟော ထွက်ပေါ်နေလျက် ရှိ၏။

ထိုဝက်ဝံမိစ္ဆာသည် ထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးရှိပြီး တစ်ကိုယ်လုံးကို အညိုရောင်

အမွေးအမှင်များ ဖုံးလွှမ်းထားကာ လက်ဖဝါးနှစ်ဖက်ဖြင့် သစ်သားတုတ်ကြီးတစ်ချောင်းကို ကိုင်ဆောင်လျက် အိုးကြီးကို အဆက်မပြတ် မွှေနှောက်နေသည်။

အိုးအတွင်းမှ ထွက်ပေါ်လာသော အသားဟင်းရနံ့ကြောင့် ၎င်း၏ မျက်လုံးများမှာ အရောင်တောက်နေပြီး ပါးစပ်မှလည်း အနံ့ဆိုးလှသော အဝါရောင်တံတွေးများ တစိမ့်စိမ့် ယိုစီးကျနေခဲ့၏။

အိုးကြီး၏ ဘေးပတ်ပတ်လည်တွင်မူ လူသားအလောင်းကောင်များမှာ ဖရိုဖရဲဖြစ်ကာ ပြန့်ကျဲနေပြီး သွေးများမှာလည်း နေရာအနှံ့ စီးဆင်းနေကာ ပျက်စီးနေသော ကိုယ်တွင်းကလီစာများမှာလည်း ပြန့်ကျဲလို့နေတော့သည်။

အချို့သောအလောင်းများမှာ ပုံသဏ္ဌာန်မမှန်အောင် ကျိုးပဲ့ကာ ကွေးကောက်နေပြီး အချို့မှာမူ ခြေလက်အင်္ဂါများ ပြတ်တောက်နေကြ၏။

အချို့မှာ ခန္ဓာကိုယ်အစိတ်အပိုင်း စုံလင်နေသော်လည်း သူတို့၏ မျက်နှာပေးများမှာမူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြသဖြင့် အသက်မသေဆုံးမီက ကြောက်လန့်တကြား ဖြစ်ခဲ့ရမှန်း သိသာသည်။

ဝက်ဝံမိစ္ဆာသည် အလောင်းတစ်လောင်းကို ပေါ့ပေါ့ဆဆပင် ဆွဲယူလိုက်ပြီး အဝတ်အစားများကို ဆွဲဖြဲကာ အိုးကြီးထဲသို့ ဗြန်းခနဲ ပစ်ထည့်လိုက်တော့၏။

ထိုအိုးကြီး၏ ဘေးတွင်မူ ဇနီးမောင်နှံနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ဖက်လှဲတကင်း ဆုပ်ကိုင်ထားကြလျက် ကျယ်လောင်စွာ ငိုကြွေးနေကြသည်။

အမျိုးသားဖြစ်သူသည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါင်းမှာ ကျွတ်ထွက်

နေကာ မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် စိုရွှဲနေသော်လည်း ပညာတတ်စာဆိုတစ်ဦး၏ အငွေ့အသက်ကလေး ကျန်ရှိနေသေးသည်။

အမျိုးသမီးဖြစ်သူမှာမူ အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ရုပ်အသွင်မှာ သာမန်မျှသာဖြစ်ကာ အမျိုးသားကဲ့သို့သော ထူးခြားသည့် အိန္ဒြေမျိုးတော့ မရှိချေ။

"မိန်းမရယ်... ဒါတွေအားလုံးက ငါ့အပြစ်တွေပါ။ ငါသာ မြို့ပြင်ကိုထွက်ပြီး ဟင်းသီးဟင်းရွက်ခူးဖို့နဲ့ အဲဒီကျိန်စာသင့်တဲ့ ကဗျာလင်္ကာတွေကို မရေးခဲ့ရင်..."

"ယောက်ျားရယ်... ဒါ ငါတို့ရဲ့ ကံကြမ္မာပဲမို့လို့ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့တော့။ ငါတို့တွေ တစ်နှစ်တည်း၊ တစ်လတည်း၊ တစ်ရက်တည်းမှာ အတူတူမမွေးဖွားခဲ့ရပေမဲ့... တစ်နှစ်တည်း၊ တစ်လတည်း၊ တစ်ရက်တည်းမှာတော့ အတူတူ သေဆုံးခွင့်ရကြတာပဲလေ..."

"မိန်းမရယ်... ငါ မင်းအပေါ် အမှားတွေ လုပ်ခဲ့မိပြီ..."

ဝက်ဝံမိစ္ဆာသည် အိုးကို ခဏမျှ မွှေနှောက်ပြီးနောက် အသံဩဩကြီးဖြင့် မေးမြန်းလိုက်၏။

"နင်တို့နှစ်ယောက် ဘယ်သူ အရင်ဆုံး အိုးထဲဝင်မလဲဆိုတာ ဆုံးဖြတ်ပြီးကြပြီလား"

"ကျွန်တော့်ကို အရင်ထည့်ပါ။ ကျွန်တော့်ကိုပဲ စားလိုက်ပါ... ကျွန်တော်က ကိုယ်လုံးကြီးပါတယ်။ ကျွန်တော့်ဇနီးမှာက အသားတစ်တုံးတောင် မရှိရှာပါဘူး"

"မဟုတ်ဘူး... ကျွန်မကို အရင်စားပါ။ ကျွန်မက အမျိုးသမီးမို့လို့ အသားက ပိုပြီးနုဖတ်ပါတယ်..."

"မဟုတ်ဘူး... ကျွန်တော့်ကို အရင်ထည့်..."

ထိုစာဆိုအမျိုးသားနှင့် သူ၏ဇနီးသည်မှာ မည်သူက အိုးထဲသို့ အရင်ဝင်ရမည်ဆိုသည်ကို အပြိုင်အဆိုင် အငြင်းပွားနေကြတော့သည်။

မကြာမီမှာပင် သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ဖက်ကာ ထပ်မံငိုကြွေးကြပြန်ရာ ဤကမ္ဘာပေါ်တွင် သူတို့ထက် ပို၍သနားစရာကောင်းသော အဖြစ်မျိုး မရှိနိုင်တော့ဘူးဟု ခံစားနေကြရသည်။

သူတို့၏ ကိုယ်ကျိုးစွန့်လွှတ်မှုကို ကြည့်ရင်း ဝက်ဝံမိစ္ဆာသည် သနားဂရုဏာ မသက်ရောက်သည့်အပြင် ပို၍ပင် စိတ်မရှည် ဖြစ်လာတော့၏။

"တော်စမ်း... စကားများမနေကြနဲ့။ ဆက်ပြီး ငိုနေဦးမယ်ဆိုရင် နှစ်ယောက်စလုံးကို အိုးထဲ တစ်ခါတည်း ပစ်ထည့်လိုက်မယ်"

"နင်... အရင်လာခဲ့ ကျန်တဲ့တစ်ယောက်ကတော့ မနက်ဖြန်အထိ စောင့်ရလိမ့်မယ်"

ပြောပြီးသည်နှင့် ဝက်ဝံမိစ္ဆာ၏ ဧရာမလက်ဝါးကြီးသည် စာဆိုအမျိုးသားထံသို့ ဦးတည်၍ လှမ်းထွက်လာတော့သည်။

ထိုဇနီးမောင်နှံနှစ်ဦးမှာ တုန်တုန်ရင်ရင်ဖြင့် ဖက်ထားကြပြီး သူတို့ကို ကြိုးဖြင့် ချည်နှောင်ထားခြင်းမရှိသော်လည်း ထွက်ပြေးရန်ပင် မဝံ့ရဲကြချေ။

သူ့ကို လှမ်းဖမ်းတော့မည့် ဆဲဆဲတွင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

"နေဦး... ခဏနေပါဦး"

ဝက်ဝံမိစ္ဆာသည် ရုတ်ချည်း ခေါင်းလှည့်ကြည့်လိုက်ရာ အရပ်သုံးပေပင်မပြည့်သော အမွေးဖြူမျောက်ဝံတစ်ကောင် လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။

ဒီကောင်စုတ်က ဘာလို့ ဒီလောက်တောင် စိမ်းနေရတာလဲ။

ဝက်ဝံမိစ္ဆာအနေဖြင့် ထိုအမွေးဖြူမျောက်ဝံ၏ နောက်ကြောင်းကို မေးမြန်းတော့မည့်ဆဲဆဲတွင်ပင် တစ်ဖက်လူက ဦးအောင် ပြောဆိုလိုက်သည်ကို ကြားလိုက်ရ၏။

"နင်က လူတွေကို ရေတောင်မဆေးဘဲ အိုးထဲ တန်းပစ်ထည့်နေတာလား"

"အကယ်၍ ဘုရင်ကြီးတွေသာ နင် ဒီလောက်အထိ ပျင်းရိနေတာကို သိသွားရင်တော့... နင့်ရဲ့ အရေခွံကို ဆွဲခွာပြီး အိုးထဲထည့် ပြုတ်စားပစ်ကြလိမ့်မယ်"

ထိုပြင်းထန်လှသော စကားလုံးများကြောင့် ဝက်ဝံမိစ္ဆာမှာ လန့်ဖျန့်သွားရတော့သည်။

၎င်းသည် ဗီဇစိတ်အတိုင်း ပြန်လည်ချေပရန် ပြင်လိုက်သော်လည်း တစ်ဖက်လူ၏ စကားမှာ အကျိုးအကြောင်း ညီညွတ်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသဖြင့် ယခင်က ရှိခဲ့သော သံသယများမှာလည်း ပျောက်ကွယ်သွားခဲ့ရ၏။

၎င်းသည် ဝက်ဝံခေါင်းကြီးကို အဆက်မပြတ် ညိတ်လိုက်မိတော့သည်။

"နင်ပြောတာ ဟုတ်တယ်... ဒါကို ဘုရင်ကြီးတွေကို သွားမပြောပါနဲ့ ငါ အခုချက်ချင်း သွားဆေးလိုက်ပါ့မယ်"

ထို့နောက် ၎င်းသည် ကြမ်းတမ်းလှသော ကျောက်ရေမှုတ်ကြီးကို ဆွဲယူကာ ဆူပွက်နေသော ရေနွေးများကို ထိုစာဆိုဇနီးမောင်နှံပေါ်သို့ လှမ်းပက်ရန် ပြင်လိုက်သည်။

ဖျန်း

ဝက်ဝံမိစ္ဆာသည် သူ၏ လက်မောင်းတွင် နာကျင်မှုကို ခံစားလိုက်ရသဖြင့် ကျောက်ရေမှုတ်ကြီး လွတ်ကျသွားကာ အလွန်အမင်း ဒေါသထွက်သွားတော့သည်။

၎င်းသည် ပေါက်ကွဲတော့မည့်ဆဲဆဲတွင် ထိုအမွေးဖြူမျောက်ဝံ၏ နက်မှောင်လှသော မျက်လုံးများနှင့် တည့်တည့်ဆုံမိသွား၏။

ထိုမျက်လုံးများ၏ အတွင်းဘက်၌ ဆွဲဆောင်သိမ်းသွင်းနိုင်သော စွမ်းအားတစ်ခု ပါရှိနေပုံရပြီး ၎င်း၏ စိတ်ဝိညာဉ်ကို ခဏမျှ မိန်းမောသွားစေခဲ့သည်။

"ရေနွေးနဲ့ ဆေးရင် သူတို့တွေ အိုးထဲမရောက်ခင်ကတည်းက သေသွားမှာပေါ့... နင်က ဘုရင်ကြီးတွေကို သီးစေချင်လို့လား"

"ရေအေးကိုသုံးပြီး သေသေချာချာ ဆေးစမ်း"

"ဟုတ်တယ်... ဟုတ်တယ်..."

ဝက်ဝံမိစ္ဆာသည် တစ်ဖက်လူ၏ စကားများမှာ အလွန်အမင်း ယုတ္တိရှိနေသည်ဟု ခံစားရသဖြင့် ခေါင်းကို တဆက်ဆက် ညိတ်နေမိတော့၏။

"နင် အရင်ဆုံး ဆေးကြောထားလိုက် ငါ ဘုရင်ကြီးတွေကို သွားမေးလိုက်ဦးမယ်။ ငါ့ရဲ့ အမိန့်စကားကို ကြားရမှ အိုးထဲ ထည့်ရမယ် ကြားလား"

"ကောင်းပါပြီ..."

ဝက်ဝံမိစ္ဆာသည် တောင့်တောင့်ကြီးဖြင့် ခေါင်းညိတ်ရှာသည်။

ထိုအမွေးဖြူမျောက်ဝံ ထွက်ခွာသွားပြီးနောက်တွင်မူ ၎င်းသည် တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။

ငါက ဘာလို့ သူ့စကားကို နားထောင်နေမိတာလဲ ထားလိုက်ပါတော့လေ... ဘုရင်ကြီးတွေရဲ့ အမိန့်ကိုပဲ စောင့်တာပေါ့။

အခြားတစ်ဖက်တွင်မူ လုံယီ အသွင်ပြောင်းထားသော အမွေးဖြူမျောက်ဝံသည် အတွင်းပိုင်းသို့ ဆက်လက်ဦးတည် လျှောက်လှမ်းသွားခဲ့သည်။

သူ၏ မျက်နှာပေါ်ရှိ အမွေးအမှင်များမှာ တဖြည်းဖြည်းနှင့် ပိုမိုသိပ်သည်းလာပြီး အရိုးတည်ဆောက်ပုံများမှာလည်း ပြောင်းလဲလာကာ မည်သည့်အပြစ်အနာအဆာမျှ မရှိစေဘဲ မျောက်မိစ္ဆာတစ်ကောင်နှင့် ပိုမိုတူညီအောင် ပြုပြင်လိုက်တော့သည်။

ယခင်က ရုပ်ဖျက်ခြင်းပါရမီကို အလောတကြီး အသုံးပြုခဲ့ရသဖြင့် အနည်းငယ် လိုအပ်ချက်များ ရှိနေခဲ့ခြင်းပင်။

ကံကောင်းထောက်မစွာဖြင့် ထိုဝက်ဝံမိစ္ဆာမှာ မိုက်မဲလှသဖြင့် စိတ်ထိန်းချုပ်ခြင်းပါရမီနှင့် ပေါင်းစပ်လိုက်သည့်အခါ မည်သည့်အပြစ်အနာအဆာကိုမျှ ရိပ်မိခြင်းမရှိခဲ့ချေ။

လုံယီသည် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသော်လည်း ဝက်ခေါင်းနှင့် လူသားခန္ဓာကိုယ်ရှိသော မိစ္ဆာတစ်ကောင်၏ တားဆီးခြင်းကို ခံလိုက်ရပြန်သည်။

"ဘာလို့ အသားဟင်းက အခုထိ အဆင်သင့်မဖြစ်သေးတာလဲ ဘုရင်ကြီးတွေက စောင့်နေကြပြီ"

ထိုဝက်မိစ္ဆာသည် အမွေးဖြူမျောက်ဝံကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်ရင်း ဟောက်လိုက်တော့သည်။

ဤနေရာတွင် ရှိနေကြသော မိစ္ဆာများ၏ အရေအတွက်မှာ ထောင်ဂဏန်းအထိ ရှိနေသဖြင့် အလွန်အမင်း များပြားလှရာ ၎င်းအနေဖြင့် အနည်းငယ်မျှသော မိစ္ဆာများကိုသာ အမှတ်သညာ ပြုနိုင်သည်။

"ဘုရင်ကြီးတစ်ပါး သွားပြီး စစ်ဆေးကြည့်သင့်တယ်။ အသားက အရမ်းတူးနေပြီမို့လို့ အရသာ လုံးဝမရှိတော့ဘူး"

လုံယီက ပြန်လည်ဖြေကြားလိုက်၏။

"ဘာလဲ... ငါ ကိုယ်တိုင် သွားကြည့်မယ်"

ဝက်မိစ္ဆာက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"နင် သွားလည်း အပိုပဲ... အဲဒီဝက်ဝံက နင့်ကို ဂရုစိုက်မှာမဟုတ်ဘူး"

ပြောနေစဉ်အတွင်းမှာပင် လုံယီသည် စိတ်ထိန်းချုပ်ခြင်းပါရမီကို အသက်သွင်းလိုက်ပြီး ဝက်မိစ္ဆာ၏ စိတ်အာရုံကို လွှမ်းမိုးလိုက်၏။

ထိုဝက်မိစ္ဆာသည် ဝက်ဝံမိစ္ဆာထက် ကျင့်စဉ်အဆင့် အားနည်းလှသည့်အပြင် ယခင်ကတည်းက တင်းမာခဲ့သော အခြေအနေများကြောင့် ရင်ထဲ၌ မကျေမနပ်ဖြစ်နေခဲ့ရာ ယခုအခါ လုံယီ၏ ချီစွမ်းအင်ကြောင့် အနည်းငယ် လန့်ဖျန့်သွားရတော့သည်။

၎င်းသည် အခိုက်အတန့်မျှ စဉ်းစားကြည့်ပြီးနောက် ဘုရင်ကြီးများထံသို့ သွားရောက်သတင်းပို့ရန် လှည့်ထွက်သွားခဲ့တော့၏။

လုံယီကမူ ငါးစာကို ငါးလာဟပ်မည့်အချိန်ကို စောင့်ဆိုင်းရင်း ထိုနေရာတွင် တိတ်တဆိတ် ရပ်ကျန်ရစ်ခဲ့သည်။

မကြာမီမှာပင်...

ဝှစ်

ဝေးကွာလှသော အရပ်ဆီမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ပျံသန်းလာပြီး လုံယီ၏ ရှေ့တည့်တည့်တွင် ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။

၎င်း၏ အရှိန်အဟုန်မှာ လျှပ်စီးပမာ မြန်ဆန်လှပေစွ။

"ဘာလို့ အသားဟင်းက အခုထိ မကျက်သေးတာလဲ"

ရောက်ရှိလာသော မိစ္ဆာသည် အရပ်သုံးပေကျော်ခန့်ရှိပြီး လူသားခန္ဓာကိုယ်ပေါ်တွင် ကျားသစ်ဦးခေါင်း ပေါက်နေကာ တစ်ကိုယ်လုံးကို ချပ်ဝတ်တန်ဆာကဲ့သို့သော ရွှေရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားလျက် အရှိန်အဝါကြီးမားသည်။

"သတင်းပို့ပါတယ် ပဉ္စမဘုရင်ကြီး... အသားက အရမ်းတူးနေပြီမို့လို့ သစ်မြစ်တွေလို ဖြစ်နေပြီး ဝါးလို့တောင်မရပါဘူး"

"ကျွန်တော့်အထင်တော့ ဒါကို ပြန်ချက်ရလိမ့်မယ် ထင်တယ်... ဘုရင်ကြီးကိုယ်တိုင် စစ်ဆေးကြည့်ချင်ပါသလား"

အသေးငယ်ဆုံးသော ကျားသစ်လူသား ရောက်ရှိလာသည်ကို မြင်သောအခါ လုံယီသည် ရင်ထဲ၌ အတိုင်းမသိ ဝမ်းသာသွားမိ၏။

သူသည် သတိမမူမိစေဘဲ ကျားသစ်လူသားနှင့် သုံးပေအကွာအဝေးအတွင်းသို့ တဖြည်းဖြည်း ချဉ်းကပ်လိုက်သည်။

"နင်က ဘယ်သူ့ရဲ့ လက်အောက်ကလဲ"

ကျားသစ်လူသား၏ ကျောက်စိမ်းကဲ့သို့ ဝင်းပနေပြီး အနက်ရောင်မျက်သူငယ်အိမ်ရှိသော မျက်လုံးများက လုံယီကို သံသယစိတ်ဖြင့် စိုက်ကြည့်လိုက်၏။

"နေဦး... နင့်ဆီမှာ ဘာလို့ အီစီတောင်တန်းရဲ့ အနံ့အသက် လုံးဝမရှိရတာလဲ"

ကျားသစ်လူသားသည် တစ်ခုခုကို ရုတ်တရက် ရိပ်မိသွားတော့သည်။

ကျားသစ်ဘုရင် ငါးကောင်စလုံးမှာ အီစီတောင်တန်းကို သူတို့၏ မူလအခြေစိုက်စခန်းအဖြစ် သတ်မှတ်ထားကြသူများ ဖြစ်ကြ၏။

၎င်းသည် လုံယီနှင့် ဝေးရာသို့ နောက်ဆုတ်ရန် ပြင်လိုက်သည်။

သို့သော်လည်း အမွေးဖြူမျောက်ဝံသည် ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာခဲ့ပြီး လက်သည်းချွန်ကြီးများကို အားပြင်းစွာ ကုတ်ခြစ်လိုက်တော့၏။

အေးစက်စက် အလင်းတန်းများ ဖြာထွက်သွားပြီး သတ်ဖြတ်ခြင်းအာရုံများမှာ ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။

အကွာအဝေးက နီးကပ်လွန်းလှသဖြင့် ကျားသစ်လူသားအနေဖြင့် မည်သို့မျှ ရှောင်ကွင်းနိုင်ခြင်းမရှိတော့ချေ။

ဖျန်း

၎င်းသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်မိရာ သူ၏ သွေးချင်းချင်းနီနေပြီး တဒုန်းဒုန်းခုန်ခတ်နေသော နှလုံးသားကြီးကို တစ်ဖက်လူက ဆွဲထုတ်လိုက်သည်ကို မြင်တွေ့လိုက်ရတော့သည်။

ဒီလက်သည်းတွေက ဘာလို့ ဒီလောက်တောင် ထက်မြက်နေရတာလဲ။ ငါ ဘာလို့ မကာကွယ်နိုင်ခဲ့တာလဲ။

ကျားသစ်လူသားသည် ရင်ထဲ၌ ဒေါသထွက်လျက် စိတ်ပျက်ကာ အားငယ်သွားရပြီး အော်ဟစ်ရန် ပြင်လိုက်သည်။

သို့သော်လည်း ရုတ်ချည်းဆိုသလိုပင် သူ၏ မျက်စိရှေ့မှောက်သို့ မှောင်အတိ ကျသွားခဲ့ရ၏။

အဖြူနှင့်အမည်း ရောယှက်နေသော ကျမ်းလိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုပစ်လိုက်တော့သည်။

၎င်း၏ လှုပ်ရှားမှုအားလုံးမှာ ရပ်တန့်သွားရပြီး အသံများလည်း လုံးဝ လုံပိတ်သွားခဲ့ရပြီပင်။

အစီအရင်အတားအဆီးက တကယ့်ကို သတ်ဖြတ်ဖို့အတွက် အကောင်းဆုံး လက်နက်ပဲ။

လုံယီက စိတ်ထဲကနေ တွေးလိုက်မိသည်။

သူသည် ဖျတ်ခဲဖျတ်ခဲနှင့် အနီရောင်အလင်းတန်းများ ဖြာထွက်နေသော သူ၏ လက်သည်းချွန်များကို လှမ်းကြည့်လိုက်၏။

ကျောက်ဖြစ်ခြင်းပါရမီကို ချီစွမ်းအင်အနားသတ်တွေနဲ့ ပေါင်းစပ်လိုက်တာက အဆင့်နိမ့် ဝိညာဉ်ရတနာတစ်ခုထက် စိုးစဉ်းမျှ မလျော့နည်းတဲ့အပြင် ခိုင်မာမှုအပိုင်းမှာ ပိုပြီးတော့တောင် သာလွန်သေးတယ်။ ပြီးတော့ ပိုပြီးတော့လည်း စိတ်ကြိုက် လှုပ်ရှားလို့ရသေးတယ်။

ဒါ့အပြင် ဒီကျားသစ်မိစ္ဆာက မိစ္ဆာငယ် အဆင့်မြင့်အဆင့်ပဲ ရှိသေးတာကိုး...

လုံယီသည် အလောင်းကောင်အစီအရင်ကို ထိန်းချုပ်လိုက်ပြီး အစီအရင်လိုင်းများကို အသက်သွင်းလိုက်တော့သည်။

မီးခိုးရောင် ချီစွမ်းအင်တန်းများမှာ ဖဲကြိုးကလေးများပမာ တရဟော ထွက်ပေါ်လာပြီး တိုက်ခိုက်ခြင်းခံလိုက်ရသော ကျားသစ်မိစ္ဆာကို လွှမ်းခြုံကာ ၎င်း၏ နောက်ဆုံးထွက်သက်ကိုပါ လုံးဝ အဆုံးသတ်ပစ်လိုက်ရာ မည်သည့်အစအနမျှ မကျန်ရှိတော့ချေ။

မကြာမီမှာပင် စွမ်းရည်ပြမျက်နှာပြင်ပေါ်၌ အကြောင်းကြားချက်အသစ်တစ်ခု ပေါ်ထွက်လာခဲ့တော့သည်။

[ကောက်ယူနိုင်သော ပစ္စည်းတစ်ခုကို တွေ့ရှိရပါသည်။ အောက်ပါအချက်များထဲမှ တစ်ခုကို ရွေးချယ်ပါ]

[ချီစွမ်းအင် ကိုးဆယ့်ကိုးမှတ်]

[လေဓာတ်ဆွဲဆောင်မှု အနည်းငယ် မြင့်မားလာခြင်း]

[ပါရမီ - ကျားသစ်အကြော]

[သင် ရွေးချယ်လိုပါသလား]

All Chapters