အခန်း ၄၄၇
Vol. 45 Ch. 447
အခန်း။ ၄၄၇
နောက်တစ်ခိုက်တွင် ကောင်းကင်နှင့်မြေပြင်ကြားရှိ အတိုင်းအဆမရှိသော ချီစွမ်းအင်တန်းများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ တရဟော တိုးဝှေ့စိမ့်ဝင်လာပြီး လုံယီ၏ သွေးသားတည်ဆောက်ပုံကို ထပ်မံ၍ ကြီးမားစွာ ပြောင်းလဲပစ်တော့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အကြောအခြင်များနှင့် သွေးကြောပိုက်လိုင်း အားလုံးသည် ဒုတိယအကြိမ်အဖြစ် ထပ်မံခိုင်မာလာခဲ့ပြီး ရုန်းကန်အား၊ ကျုံ့ဆန့်အားနှင့် ခွန်အားပိုင်းတို့တွင် အဆက်မပြတ် မြင့်မားကာ တိုးတက်လာခဲ့သည်။
ယခင်က သွေးကြောမျက်နှာပြင်ပေါ်တွင် ကပ်ညှိနေသော ငွေရောင်ဖန့်ဖန့်အလင်းတန်းမှာ ယခုအခါ ပိုမိုတောက်ပစူးရှလာပြီး ၎င်း၏ ဂုဏ်သတ္တိများမှာ သတ္တုကြိုးမျှင်များနှင့် ပိုမိုနီးစပ်လာနေကြောင်း သက်သေပြနေသည့်အလားပင်။
လုံယီသည် ကျားသစ်အကြော ပါရမီကို အသက်သွင်းလိုက်သည်။
သူ၏ အကြောအားလုံးမှာ ချက်ချင်း တင်းကြပ်သွားပြီး ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်းသည် ပေါက်ကွဲထွက်လုမတတ် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများနှင့် ပြည့်နှက်သွားကာ အချိန်မရွေး လွှတ်ထုတ်ရန် အသင့်ဖြစ်နေတော့၏။
သူသည် ရှိရင်းစွဲနေရာတွင် ရှေ့တိုးနောက်ဆုတ် အနည်းငယ် ခြေလှမ်းရွှေ့ကြည့်လိုက်ရာ လက်ရှိ သူ၏ အမြင့်ဆုံးအရှိန်ကို အကြမ်းဖျင်း တိုင်းတာမိသွားခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ အရှိန်က ၁၀ ရာခိုင်နှုန်းလောက်ပဲ တက်လာတာပဲ။ အသံရဲ့ ၁.၈ ဆကနေ အသံရဲ့ ၂ ဆအရှိန်အထိ ရောက်သွားပြီ။
ပါရမီတွေကို အထပ်ထပ် စုစည်းလို့ရတယ်ဆိုပေမဲ့ ပိုပြီး ထပ်လာလေလေ ထိရောက်မှုက ပိုပြီး လျော့နည်းလာလေလေပဲ ဖြစ်မယ်။
ဒါပေမဲ့ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်တာနဲ့ ယှဉ်ရင်တော့ အရေးကြီးတဲ့ ရတနာပစ္စည်းတစ်ခု မလိုတာကပဲ သူ့ရဲ့ နောက်ထပ် အားသာချက်တစ်ခုပေါ့။
လုံယီသည် အထပ်ထပ် စုစည်းထားသော ကျားသစ်အကြော ပါရမီကို စမ်းသပ်စစ်ဆေးပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
ထိုစဉ် ယခင်က ဝက်မိစ္ဆာသည် အနားသို့ ထပ်မံချဉ်းကပ်လာပြီး အလောတကြီးဖြင့် "အဆင်သင့်မဖြစ်သေးဘူးလား ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ ဘုရင်ကြီးက ဒေါသထွက်တော့မယ်"
"အဆင်သင့်ဖြစ်ပါပြီ ဖြစ်ပါပြီ... အခုချက်ချင်းပဲ သွားပို့ဖို့ ပြင်ဆင်လိုက်ပါ့မယ်"
လုံယီသည် အမွေးဖြူမျောက်ဝံအသွင်ဖြင့် ဧရာမကျောက်ရေမှုတ်ကြီးကို အသုံးပြုကာ သံအိုးကြီးထဲမှ အသားများကို ခပ်ယူလိုက်တော့သည်။
သူသည် သူ မမြင်ချင်သော အသားများကို ဖယ်ထုတ်လိုက်ပြီး အိုးအတွင်း၌ ကျားသစ်လူသား နှစ်ကောင်၏ အသားများကိုသာ ချန်လှပ်ထားခဲ့၏။
ထို့နောက် သန်မာထွားကျိုင်းလှသော ဝက်ဝံမိစ္ဆာ ငါးကောင်သည် လျှောက်လှမ်းလာကြပြီး သံအိုးကြီး၏ ဘေးဘက်မှ ထွက်နေသော လက်ကိုင်များကို တစ်ယောက်တစ်ဖက်စီ ဆုပ်ကိုင်ကာ ပြိုင်တူ မချီလိုက်ကြတော့သည်။
၎င်းတို့သည် အိုးကြီးကို အားစိုက်၍ မကာ ဟူးဟူးဟားဟားအသက်ပြင်းပြင်းရှူရင်း အတွင်းပိုင်းသို့ သယ်ဆောင်သွားကြပြီး လုံယီကမူ နောက်မှနေ၍ ဇိမ်ရှိရှိဖြင့် လိုက်ပါသွားခဲ့၏။
မကြာမီမှာပင် ၎င်းတို့သည် ကျန်ရှိနေသော ကျားသစ်လူသား သုံးကောင်ရှိရာ နယ်မြေသို့ ရောက်ရှိသွားပြီး သံအိုးကြီးကို ဧရာမကျောက်စားပွဲကြီးပေါ်သို့ တည့်တည့်မတ်မတ် ချထားလိုက်ကြတော့သည်။
"ဘာလို့ ဒီလောက်တောင် ကြာမှ လာပို့ရတာလဲ"
ခေါင်းပေါ်တွင် အနက်ရောင်ဦးချိုများ ရှိနေပြီး အရပ် တစ်ဆယ့်ငါးပေခန့် မြင့်မားသော ကျားသစ်လူသားခေါင်းဆောင်က မကျေမနပ်ဖြင့် အော်ဟစ်လိုက်၏။
၎င်းသည် ကျားသစ်လူသားများထဲတွင် အသန်မာဆုံးဖြစ်ပြီး အရှိန်မှာ အသံ၏ နှစ်ဆနီးပါးအထိ မြန်ဆန်ကာ အလယ်အလတ်အဆင့် မိစ္ဆာစစ်သူကြီး၏ ကျင့်စဉ်အဆင့်ကို ပိုင်ဆိုင်ထားသဖြင့် လုံယီကိုယ်တိုင်ပင် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲသော ကောင်ဖြစ်သည်။
"သတင်းပို့ပါတယ် ဘုရင်ကြီး... ဒီတစ်ကြိမ်မှာတော့ လူသားစာဆိုတစ်ယောက် ပါဝင်နေတာမို့လို့ ကျွန်တော် လုံးဝ ပေါ့ဆလို့မရပါဘူး။ ဒါကြောင့် ရေနဲ့ အကြိမ်တစ်ဆယ်ထက်မက သေသေချာချာ ဆေးကြောခဲ့ရပါတယ်"
"ပြီးတော့ အသားတွေ မာဆတ်ဆတ်ကြီး ဖြစ်မသွားအောင် မီးအေးအေးနဲ့ နာရီဝက်လောက် အချိန်ယူပြီး ချက်ခဲ့ရပါတယ်။ နောက်ဆုံးကျမှ အသားထဲကို အရသာတွေ အားလုံး စိမ့်ဝင်သွားအောင် မီးပြင်းပြင်းနဲ့ အုပ်လိုက်တာပါ..."
လုံယီသည် အမွေးဖြူမျောက်ဝံအသွင်ဖြင့် အကျိုးအကြောင်း အဟုတ်အမှန်ပမာ ပြောဆိုလိုက်ရာ ကျားသစ်လူသားများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြရတော့သည်။
သူတို့အနေဖြင့် စကားလုံးများ၏ အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်ကြသော်လည်း တစ်ဖက်လူ၏ ပြောစကားမှာ အလွန်အမင်း ယုတ္တိရှိနေသည်ဟု ခံစားလိုက်ရ၏။
"စတုတ္ထနဲ့ ပဉ္စမကော ဘယ်ရောက်သွားလဲ"
"စတုတ္ထဘုရင်ကြီးနဲ့ အဉ္စမဘုရင်ကြီးတို့က အရှေ့ဘက်ကို တူတူထွက်သွားကြပါတယ်ခင်ဗျာ။ ဘာလုပ်ဖို့ သွားကြလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး"
ကျားသစ်လူသား သုံးကောင်စလုံးသည် စကားကို နားထောင်ပြီးနောက် မည်သည့်သံသယမျှမဝင်ဘဲ စားသောက်ပွဲကြီးအတွက် စတင်ပြင်ဆင်ကြတော့သည်။
"နှာခေါင်းထဲ ရောက်လာတဲ့ အနံ့က တကယ့်ကို ထူးခြားတာပဲ။ လူသားစာဆိုရဲ့ အသားက တကယ်ပဲ တခြားလူတွေနဲ့ မတူတာလား"
"ငါ အရင်က ကျင့်ကြံသူတွေရဲ့ အသားကို စားဖူးပေမဲ့ ဒီလောက် မမွှေးပါဘူး။ ကြည့်ရတာ နောက်ကျရင် ငါတို့ ကစားဖို့အတွက် လူသားစာဆိုတွေကို ပိုပြီး ဖမ်းဆီးရလိမ့်မယ် ထင်တယ်"
ကျားသစ်လူသားများသည် အချင်းချင်း စကားစမြည်ပြောဆိုရင်း အိုးကြီးထဲမှ အဖြူရောင်အသားတစ်တုံးကို လက်သည်းဖြင့် ပေါ့ပေါ့ဆဆပင် ဆွဲယူလိုက်ကြသည်။
၎င်းတို့သည် ဆီ၊ ဆား၊ ပဲငံပြာရည် သို့မဟုတ် ရှာလကာရည် စသည့် မည်သည့်ဟင်းခတ်အမွှေးအကြိုင်ကိုမျှ ဂရုမစိုက်ကြဘဲ အသားတုံးကို ပါးစပ်ထဲသို့ တစ်လုတ်တည်း အလုံးလိုက် သွင်းလိုက်ကြတော့၏။
တစ်ချက်တည်း ဝါးလိုက်ရုံဖြင့် ကျားသစ်လူသားများ၏ မျက်လုံးများမှာ အရောင်တောက်သွားကြရသည်။
"သွေးချီစွမ်းအင်တွေက တကယ့်ကို သိပ်သည်းလွန်းနေတာပဲ"
"ဒီအသားရဲ့ ရုန်းကန်အားနဲ့ ဝါးလို့ကောင်းတဲ့အထိအတွေ့က တကယ့်ကို ထူးခြားဆန်းပြားတာပဲ"
"ကောင်းလိုက်တာ... တကယ့်ကို အိစက်နေတာပဲ..."
ကျားသစ်လူသား သုံးကောင်စလုံးသည် မျက်လုံးများ ဝင်းပလျက် အိုးအတွင်းရှိ ဆူပွက်နေသော ဟင်းရည်ထဲမှ အသားများကို တစ်ကောင်ထက်တစ်ကောင် ဦးအောင် လက်သည်းများဖြင့် အလုအယက် နှိုက်ယူစားသောက်နေကြတော့သည်။
အကယ်၍ ကိုယ်သာ နှေးကွေးသွားပါက အသားစများ ကုန်ဆုံးသွားမည်ကို စိုးရိမ်နေကြသည့်အလားပင်။
"ဟေး... ဒါက ဘာလို့ ရွှေရောင်အမွေးအမှင် အစုအဝေးကြီး ဖြစ်နေရတာလဲ"
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝန်းကျင်၏ လေထုကြီးမှာ ရုတ်ချည်း ငြိမ်သက်သွားခဲ့ရသည်။
ကျားသစ်လူသားများသည် လူမိုက်များမဟုတ်ကြချေ။ လူသားမျိုးနွယ်စုများမှာ မိစ္ဆာမျိုးနွယ်စုများနှင့်မတူဘဲ အမွေးအမှင်တိုတောင်းလှပြီး ယခုကဲ့သို့သော ရွှေရောင်အဆင်းမျိုး မရှိနိုင်ကြောင်း ၎င်းတို့ ကောင်းကောင်းကြီး သိရှိထားကြသည်။
၎င်းတို့သည် အမွေးဖြူမျောက်ဝံကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြတော့၏။
ထိုအချိန်၌ အမွေးဖြူမျောက်ဝံ၏ တည်ငြိမ်အေးစက်လှသော အသံကလေး ထွက်ပေါ်လာခဲ့သည်ကို ၎င်းတို့ ကြားလိုက်ရသည်။
"ဒါက သဘာဝကျပါတယ်... အဘယ်ကြောင့်ဆိုသော် အိုးထဲမှာ ရှိနေတာက နင်တို့ရဲ့ သွေးချင်းအရင်းတွေရဲ့ အသားစတွေမို့လို့ပဲ။
ဘုရင်ကြီးတို့အနေနဲ့ အရသာကို ဘယ်လို ခံစားရလဲခင်ဗျာ"
ဂျိန်း
ကျားသစ်လူသား သုံးကောင်စလုံးမှာ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ရင်ထဲ၌ တုန်လှုပ်သွားရပြီး မျက်လုံးများမှာလည်း မိန်းမောတွေဝေသွားကြရှာသည်။
သူတို့သည် သူတို့၏ သွေးချင်းရင်းအသားများကို ကိုယ်တိုင် ပြန်လည်စားသောက်မိသွားကြခြင်းပင်။
အခုက အကောင်းဆုံး အခွင့်အရေးပဲ။
လုံယီ၏ မျက်လုံးများမှာ ရုတ်ချည်း စူးရှသွားပြီး ရှိရင်းစွဲနေရာမှနေ၍ တစ်စက္ကန့်အတွင်း ပျောက်ကွယ်သွားခဲ့တော့သည်။
နောက်တစ်စက္ကန့်တွင်မူ သူသည် ကျားသစ်လူသား ငါးကောင်ထဲတွင် အသန်မာဆုံးဖြစ်သော အလယ်အလတ်အဆင့် မိစ္ဆာစစ်သူကြီး၏ ရှေ့တည့်တည့်တွင် ရုတ်ချည်း ပေါ်ထွက်လာခဲ့ပြီပင်။
မြင်းကို အရင်ပစ်၊ သူခိုးဖမ်းရင် ခေါင်းဆောင်ကို အရင်ဖမ်းဟူ၍ စကားပုံအတိုင်းပင်။
ဤကဲ့သို့သော ကြီးမားလှသည့် အခွင့်အရေးကို ဖန်တီးနိုင်ခဲ့ပြီဖြစ်ရာ အင်အားအကြီးမားဆုံးသော ကျားသစ်လူသားကို အရင်ဆုံး အပြတ်အသတ် သုတ်သင်ပစ်ရမည်မှာ သဘာဝကျသည်။
"တောင်ဖြိုခြင်း"
လုံယီ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးသည် တစ်မှတ်တည်း၌ စုစည်းသွားပြီးနောက် တစ်ပြိုင်နက်တည်း တဟုန်းဟုန်းတောက်ကာ ပေါက်ကွဲ၍ ထွက်လာတော့သည်။
ဤအချိန်တွင် သူ၏အခြေခံခွန်အားမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီး ပေါင်ငါးသိန်းနှစ်သောင်းအထိ ရှိနေခဲ့ပြီပင်။
"ဝံပုလွေအရိုး"
သူ၏အရိုးများပေါ်တွင် ထွင်းထားသော ရှုပ်ထွေးလှသည့် အစီအရင်လိုင်းများမှာ လျင်မြန်စွာ လှုပ်ရှားလာပြီး ရုတ်ချည်းပင် တောက်ပစူးရှစွာ လင်းလက်လာရာ သူ၏ အရေပြားချွေးပေါက်များမှပင် အလင်းတန်းများ ဖြာထွက်နေသည့်အလား ထင်မှတ်ရသည်။
သူ၏ ခန္ဓာကိုယ်ခွန်အားမှာ ၅၀ ရာခိုင်နှုန်းခန့် ထပ်မံမြင့်တက်လာပြီး အံ့အားသင့်ဖွယ် ပေါင်ခွန်အား ခုနစ်သိန်းရှစ်သောင်းသို့ ရောက်ရှိသွားခဲ့သည်။
"နဂါးထိုးဖောက်ခြင်း"
သူသည် သွေးချီစွမ်းအင်သုံး နဂါးအပ်စိုက်မှတ်ကို ချီစွမ်းအင်ချီဖြင့် အသက်သွင်းလိုက်ရာ ခန္ဓာကိုယ်အတွင်း နက်ရှိုင်းစွာ ပုန်းကွယ်နေသော သွေးချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လုံယီ၏ စွမ်းအားကို နောက်တစ်ကြိမ် မြှင့်တင်ပေးလိုက်ပြန်ရာ ပေါင်ကိုးသိန်းသုံးသောင်းသို့ ရောက်သွားတော့သည်။
ဝိညာဉ်ဝါးမြိုခြင်း……
နောက်ဆုံးတွင်မူ သူ၏ လက်ဖဝါးပြင်ပေါ်ရှိ သွေးရိပ်တစ်ခုက ပြင်းထန်စွာ စတင်လောင်ကျွမ်းလာခဲ့ပြီ ဖြစ်သည်။
ဆယ်ပေကျော်ခန့်မြင့်မားလှသည့် သွေးရိပ်ကြီးသည် မကြုံစဖူးသော ခွန်အားမြှင့်တင်မှုကို ဆောင်ကြဉ်းပေးလာခဲ့ပြီး လုံယီ၏ စွမ်းအားကို ဒုံးပျံတစ်စင်းအလား အရှိန်အဟုန်ပြင်းစွာဖြင့် ထိုးတက်သွားစေတော့သည်။
ပေါင်ကိုးသိန်းသုံးသောင်း၊ ပေါင်ကိုးသိန်းငါးသောင်း၊ ပေါင်တစ်သန်း၊ ပေါင်တစ်သန်းနှစ်သိန်း... ပေါင်တစ်သန်းသုံးသိန်းအထိပင်။
ယခင်က သူ၏ ပေါင်ငါးသိန်းခန့်ရှိသော စွမ်းအားသည် အသံ၏အရှိန်နှင့် ပေါင်းစပ်လိုက်ပါက အနီးကပ်တိုက်ခိုက်မှုတွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အစောပိုင်း ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ အပြင်းအထန် ဒဏ်ရာရရှိစေနိုင်သည်။
ယခုအခါတွင်မူ ကျားသစ်အကြော ပါရမီနှင့် လျှပ်စီးအရှိန်ပါရမီတို့ ပေါင်းစပ်ထားသဖြင့် သူ၏ အရှိန်မှာ အသံ၏ နှစ်ဆထက် ကျော်လွန်နေခဲ့ပြီဖြစ်ရာ ထွက်ပေါ်လာသော ရွေ့လျားချီစွမ်းအင်မှာ ယခင်ကထက် ဆောက်တည်၍ မရအောင် ဆဆမက ပိုမိုကြီးမားနေခဲ့ပြီ ဖြစ်သည်။
သူ၏ လက်သီးတစ်ချက်အောက်တွင် ရှေ့မှောက်ရှိ ဟင်းလင်းပြင်ကြီးပင် ပြိုလဲပျက်စီးသွားတော့မည့်အလားပင်။
အတိုင်းအဆမရှိသော မီးပွားများနှင့် လျှပ်စီးကြောင်းများ ဖျတ်ခဲနဲ ထွက်ပေါ်လာပြီး လုံယီ၏ လက်သီးဆုပ်ဆီမှနေ၍ ဧရာမ အဖြူရောင် လေလှိုင်းတန်းကြီးများက ပင့်ကူအိမ်ပမာ အရပ်မျက်နှာအနှံ့သို့ တိုးဝှေ့၍ထွက်ပေါ်သွားခဲ့သည်။
လွန်ခဲ့သော ခဏကမှ မိန်းမောတွေဝေနေခဲ့သော ကျားသစ်ခေါင်းဆောင်သည် ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသည့်အခါ တုံ့ပြန်ရန် အချိန် လုံးဝမရှိတော့ချေ။
၎င်းသည် အသက်ဘေးမှ လွတ်မြောက်ရန်အတွက် ဘေးဘက်သို့ အသည်းအသန် ရှောင်ကွင်း
လိုက်ပြီး လုံယီ၏ ပြင်းထန်လှသော လက်သီးချက် ကျရောက်တော့မည့် သူ၏ ရင်ဘတ်ဆီသို့ တောက်ပလှသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် မိစ္ဆာချီစွမ်းအင်များကို စုစည်းကာ အလောတကြီး ကာကွယ်လိုက်တော့သည်။
သို့သော်လည်း ဤအရာမှာ ဘာမှ အသုံးမဝင်ခဲ့ပေ။
ရွှေရောင်အလင်းတန်းများမှာ ရုတ်ချည်း မှေးမှိန်သွားခဲ့ရပြီး ၎င်း၏ ရံဘတ်ကြီးမှာ ဧရာမ ခွန်အားကြီးကြောင့် ပုံသဏ္ဌာန်ပျက်ယွင်းကာ အတွင်းဘက်သို့ လုံးဝ ချိုင့်ဝင်သွားခဲ့ရတော့သည်။
အရိုးများ တစ်ချောင်းပြီးတစ်ချောင်း ကျိုးပဲ့သွားသော ဂျွတ်... ဂျွတ်...ဟူသည့် အသံများကိုပင် ဆက်တိုက် ကြားလိုက်ရပြီး ထိုလက်သီးချက်တစ်ချက်အောက်တွင် ၎င်း၏ ရင်ဘတ်ရှိ နံရိုးအားလုံးနီးပါး ကြေမွပျက်စီးသွားခဲ့ရပြီပင်။
"ဖူး"
ကျားသစ်ခေါင်းဆောင်သည် သွေးအန်ထုတ်လိုက်ပြီး မည်သို့မျှ မတတ်နိုင်တော့ဘဲ နောက်သို့ လွင့်စင်ထွက်သွားခဲ့တော့သည်။
၎င်းသည် လမ်းတစ်လျှောက်ရှိ ထောင်သောင်းချီသော မိစ္ဆာသားရဲကြီးများ၏ ဧရာမခန္ဓာကိုယ်များကို ဆက်တိုက် တိုက်မိလဲပြိုသွားစေပြီးမှသာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြင်းထန်စွာ ကျရောက်သွားခဲ့ရတော့၏။
၎င်း၏ အရှိန်အဝါမှာ ရုတ်ချည်းပင် အောက်ခြေသို့ ထိုးဆင်းသွားခဲ့ရပြီး မိစ္ဆာစစ်သူကြီးတစ်ဦး၏ အဆင့်အတန်းကိုပင် ဆက်လက်မထိန်းသိမ်းနိုင်တော့ချေ။
"အလယ်အလတ်အဆင့် မိစ္ဆာစစ်သူကြီးက တကယ့်ကို သတ်ရခက်တာပဲ"
လုံယီက ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။
ခုနက လက်သီးချက်သာ အကြီးအကဲဝမ် သို့မဟုတ် ဟွမ်ချွမ်းဂိုဏ်းက အကြီးအကဲတစ်ယောက်ယောက်ကို သာ ထိမှန်ခဲ့မည်ဆိုပါက သူတို့သည် တစ်ချက်တည်းဖြင့် ဝိညာဉ်ပါ အစအနမကျန် ပျက်စီးသွားလောက်သည်။
သို့သော်လည်း ဤကျားသစ်ခေါင်းဆောင်မှာမူ အလယ်အလတ်အဆင့် မိစ္ဆာစစ်သူကြီးတစ်ကောင် ဖြစ်သည့်အလျောက် လူသားမျိုးနွယ်စုများ၏ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ထက် သွေးသားခန္ဓာကိုယ်ပိုင်းတွင် အဆပေါင်းများစွာ ပိုမိုသန်မာသည်။
ပို၍အရေးကြီးသည်မှာ ၎င်း၏ ကျင့်စဉ်အဆင့်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အလယ်အလတ်အဆင့်နှင့် ညီမျှနေသဖြင့် အစောပိုင်းအဆင့် ကျင့်ကြံသူ အများအပြား ပေါင်းစပ်ထားသည်ထက်ပင် ပိုမို အင်အားကြီးမားနေခြင်းပင်။
ဤအချက်ကြောင့် လုံယီအနေဖြင့် သူ၏ လက်ရှိအစစ်အမှန် ခွန်အားကို ခန့်မှန်းနိုင်ခဲ့သည်။
အနီးကပ်တိုက်ခိုက်မှုတွင် သူသည် လူသားကျင့်ကြံသူ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အစောပိုင်း သို့မဟုတ် အလယ်အလတ်အဆင့်ရှိသော မိစ္ဆာစစ်သူကြီးများကို ဝင်ရောက်လုပ်ကြံ
၍ သုတ်သင်နိုင်သော်လည်း အလယ်အလတ်အဆင့် မိစ္ဆာစစ်သူကြီးကိုမူ တစ်ချက်တည်းဖြင့် အပြတ်သတ်ရန် မလွယ်ကူဘဲ အနည်းဆုံးတော့ ယခုကဲ့သို့ အပြင်းအထန် ဒဏ်ရာရရှိသွားအောင် လုပ်ဆောင်နိုင်သည်။
အကယ်၍ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း နှောင်းပိုင်း သို့မဟုတ် အဆင့်မြင့် မိစ္ဆာစစ်သူကြီးတစ်ကောင်နှင့် ထိပ်တိုက်တွေ့ဆုံရပါက အောင်နိုင်ခြေမှာ ပိုမိုနည်းပါးသွားမည်ဖြစ်
ရာ ထိုကဲ့သို့သော ပြိုင်ဘက်များနှင့် ရင်မဆိုင်မိစေရန် ရှောင်ရှားတာက အကောင်းဆုံးပင်။
မြင့်မားသော ကျင့်စဉ်အဆင့်ရှိသူများကို ကျော်လွန်တိုက်ခိုက်ရခြင်းမှာ တစ်ခါတစ်ရံတွင် မလွှဲမရှောင်သာ၍သာ ဖြစ်ပြီး အမှန်ကန်ဆုံးသော လမ်းစဉ်မှာမူ မိမိ၏ ကျင့်စဉ်အဆင့် စွမ်းအားဖြင့်သာ ဖိနှိပ်သုတ်သင်ခြင်းပင်။
ကံကောင်းတာက ငါက တစ်ယောက်တည်း တိုက်ခိုက်နေတာ မဟုတ်ဘူး။
ကျားသစ်ခေါင်းဆောင်ကို အပြင်းအထန် ဒဏ်ရာရရှိအောင် လုပ်ဆောင်ပြီးနောက် လုံယီသည် စူးရှလှသော အော်ဟစ်သံတစ်ခုကို လွှတ်ထုတ်လိုက်ရာ ထိုအသံမှာ မိုင်ပေါင်းရာချီဝေးသော အရပ်အထိ ပျံ့လွင့်သွားပြီး ရူမြို့တော်တစ်ခုလုံးကိုပါ တုန်ခါသွားစေခဲ့တော့သည်။
ဝှစ်... ဝှစ်... ဝှစ်
လူရိပ်များစွာသည် ဤနေရာဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် တစ်ဟုန်ထိုး ပြေးဝင်လာကြတော့သည်။
...