အခန်း ၄၄၈
Vol. 45 Ch. 448
အခန်း။ ၄၄၈
"တောက်... နင်က ဘယ်ကကောင်လဲ"
ပထမကျားသစ်သည် သွေးများကို အဆက်မပြတ် အန်ထုတ်ရင်း လုံယီကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေတော့သည်။
၎င်း၏ မျက်လုံးများထဲရှိ နာကျည်းချက်များမှာ မိုင်ပေါင်းများစွာ ရှည်လျားသော မြစ်ချောင်းများဖြင့် ဆေးကြောလျှင်ပင် ပြယ်ပျောက်နိုင်မည်မဟုတ်ချေ။
၎င်း၏ ညီအစ်ကိုနှစ်ကောင်စလုံးမှာ တစ်ဖက်လူ၏ ချက်ပြုတ်ခြင်းကို ခံခဲ့ရသည့်အပြင် သူကိုယ်တိုင်ပင် ပြန်လည်စားသောက်မိခဲ့သည်။
ထို့ပြင် သူကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် နောင်နှစ်ပေါင်းများစွာအထိ ပြန်လည်ကောင်းမွန်လာရန် မလွယ်ကူတော့ချေ။
"နင်က သေလူတစ်ယောက် ဖြစ်တော့မှာပဲ။ ဒါကို သိနေလည်း ဘာအဓိပ္ပာယ်ရှိမှာလဲ"
လုံယီက မည်သည့်ခံစားချက်မျှမရှိဘဲ အေးစက်စွာ ပြောဆိုလိုက်၏။
သူ လုပ်ဆောင်ခဲ့သည်မှာ သူတို့ ပြုလုပ်ခဲ့သည့်အတိုင်း ထပ်တူထပ်မျှ ပြန်လည်ပေးဆပ်ခဲ့ခြင်းသာ ဖြစ်သည်။
သူသည် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး ပထမကျားသစ်ကို အနီးကပ် သုတ်သင်ရန်အတွက် ရှေ့သို့ တိုးကပ်လိုက်တော့သည်။
"သူ့ကို တားကြစမ်း"
"အစ်ကိုကြီးကို ကာကွယ်ကြ"
ဒုတိယကျားသစ်နှင့် တတိယကျားသစ်တို့သည် သူတို့၏ အစ်ကိုကြီးရှေ့တွင် အသက်နှင့်လဲ၍ အသည်းအသန် ကာကွယ်လိုက်ကြပြီး မိစ္ဆာချီစွမ်းအင်များကို တစ်ဟုန်ထိုး လောင်ကျွမ်းစေလျက် သူတို့၏ အရှိန်အဟုန်ကို နောက်ထပ်အဆင့်တစ်ခုအထိ မြှင့်တင်လိုက်ကြတော့သည်။
"မိုးကောင်းကင် ဆုတ်ဖြဲလက်သည်း"
ထိုမိစ္ဆာနှစ်ကောင်သည် ထက်မြက်လှသော လက်သည်းများကို ဝှေ့ယမ်းလိုက်ရာ စိမ်းဖန့်ဖန့်အလင်းတန်း တိုက်ခိုက်မှု လှိုင်းပေါင်းများစွာ ထွက်ပေါ်လာပြီး လုံယီ ရှေ့သို့ တိုးကပ်မည့် လမ်းကြောင်းပေါ်သို့ တရဟော ကျရောက်သွားခဲ့သည်။
တိုက်ခိုက်မှုလှိုင်း တစ်ခုချင်းစီမှာ ဆယ်ပေခန့်အထိ ရှည်လျားလှပြီး အဝေးမှ ကြည့်နေလျှင်ပင် အရေပြားများ စူးရှနာကျင်လာမတတ် ခံစားရသည်။
လုံယီသည်လည်း လမ်းကြောင်းလွှဲကာ လက်သီးဖြင့် ပြန်လည်ခုခံရန် ရွေးချယ်လိုက်ရတော့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အံ့အားသင့်ဖွယ် အနီရောင်အလင်းတန်းများ ဖုံးလွှမ်းသွားပြီး ကာကွယ်ရေးချီစွမ်းအင်များဖြင့် ခိုင်မာနေလျက် သူ၏ လူရိပ်မှာ ဝေဝါးသွားကာ ထိုစိမ်းဖန့်ဖန့် လေဓားလှိုင်းများကို တစ်ခုပြီးတစ်ခု ရိုက်ခွဲပစ်လိုက်တော့၏။
သို့သော်လည်း သူ၏ အရှိန်အဟုန်မှာမူ မလွှဲမရှောင်သာဘဲ အနည်းငယ် နှေးကွေးသွားခဲ့ရသည်။
မိစ္ဆာစစ်သူကြီး၏ အစောပိုင်းအဆင့်တွင် ရှိနေသော ဒုတိယကျားသစ်သည် သူ၏ အရှိန်ကို အကန့်အသတ်အထိ မြှင့်တင်ပြီးနောက် နောက်ဆုံးတွင် လုံယီ၏ အနားသို့ ကပ်လာနိုင်ခဲ့ပြီ ဖြစ်သည်။
"သေစမ်း"
၎င်းသည် လက်သည်းများကို ထပ်မံဝှေ့ယမ်းကာ လုံယီ၏ ရင်ဘတ်ဆီသို့ ရက်စက်စွာ ကုတ်ခြစ်လိုက်တော့၏။
လုံယီသည် စိုးစဉ်းမျှ နောက်ဆုတ်ခြင်းမရှိဘဲ လက်သီးတစ်ချက်ကို အားပြင်းစွာ ထိုးထုတ်လိုက်ရာ ဒုတိယကျားသစ်နှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
အနီရောင်အလင်းတန်းနှင့် အစိမ်းရောင်အလင်းတန်းတို့က ပြင်းထန်စွာ ရိုက်ခတ်မိသွားကြ၏။
ဒေါင်
သတ္တုချင်း ထိခတ်မိသွားသည့်အလား စူးရှသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒုတိယကျားသစ်၏ မျက်နှာတွင် မယုံကြည်နိုင်လောက်သော အရိပ်အယောင်များ ပေါ်ထွက်လာပြီးနောက် ၎င်းမှာ သွေးများအန်ထုတ်လျက် နောက်သို့ လွင့်စင်သွားခဲ့ရတော့သည်။
ခုနက တိုက်ခိုက်ခဲ့သော ၎င်း၏ ညာဘက်လက်မောင်းကြီးမှာ ပျော့ခွေကျနေခဲ့ပြီး လုံယီနှင့် ထိပ်တိုက်တွေ့ဆုံမှုတွင် အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ခြင်းပင်။
သို့သော်လည်း မိစ္ဆာစစ်သူကြီးတစ်ကောင်၏ ပြန်လည်ကောင်းမွန်လာမှုနှုန်းမှာ အလွန်အမင်း မြန်ဆန်သည်။
မိစ္ဆာချီစွမ်းအင်များ စီးဆင်းသွားသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ညာဘက်လက်မောင်းမှာ မူလအခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားပြီး ရင်ဘတ်ရှေ့တွင် ထပ်မံ အသင့်ပြင်လိုက်ပြန်သည်။
တတိယကျားသစ်မှာမူ သူ၏ အစ်ကိုကြီးဘေးတွင် တည်ငြိမ်စွာ ရပ်တန့်နေလျက် အခြားသူများကို မည်သည့်အခွင့်အရေးမျှ မပေးချေ။
ထိုအချိန်အတောအတွင်း ပထမကျားသစ်သည်လည်း သူ၏ ဒဏ်ရာများကို လျင်မြန်စွာ ကုသနေပြီး သူ၏ အရှိန်အဝါမှာ သိသိသာသာ ပြန်လည်သန်မာလာကာ မိစ္ဆာစစ်သူကြီးအဆင့်သို့ပင် ပြန်လည်ရောက်ရှိတော့မည့်အလားပင်။
အတိအကျပင် ထိုအချိန်၌ ရူမြို့တော်မှ လူသားကျင့်ကြံသူများ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
အကြီးအကဲဟယ်သည် ပျံသန်းနိုင်သော ကော်ဇောပျံထက်တွင် ရပ်နေလျက် စစ်တလင်းအတွင်းရှိ အခြေအနေကို အကဲခတ်ကြည့်ရှုလိုက်၏။
ပထမကျားသစ်က ဒဏ်ရာအပြင်းအထန် ရနေတာပဲ။ ကျားသစ်လူသား ငါးကောင်ထဲမှာ သုံးကောင်ပဲ ရှိတော့တယ်။
ဒိအနီရောင်အလင်းတန်းတွေ ကွယ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့လူက ရန်သူမဟုတ်ဘဲ မိတ်ဆွေ ဖြစ်ရမယ်။
"မိတ်ဆွေ... ငါတို့ အတူတူ ပူးပေါင်းပြီး ဒီကျားသစ်မိစ္ဆာတွေကို သတ်ကြစို့"
မျှော်လင့်ထားသည့်အတိုင်းပင် အနီရောင်အလင်းတန်းအတွင်းမှနေ၍ ဩဇာရှိလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကောင်းပါပြီ"
အကြီးအကဲဟယ်က ခေါင်းညိတ်လိုက်၏။
ဒါက ကောင်းကင်ဘုံက ပေးသနားလိုက်တဲ့ အကောင်းဆုံး အခွင့်အရေးပဲ။
"ငါ သူတို့ကို တားထားမယ် နင် အစ်ကိုကြီးကို ခေါ်ပြီး အရင်ဆုံး ထွက်ပြေးတော့"
ဒုတိယကျားသစ်က တတိယကျားသစ်ကို လှမ်း၍ အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။
"နင်တို့ထဲက တစ်ကောင်မှ လွတ်မြောက်မှာမဟုတ်ဘူး"
အကြီးအကဲဟယ်၏ လက်အင်္ကျီအတွင်းမှနေ၍ အနက်ရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်လာခဲ့ပြီး ဟင်းလင်းပြင်တွင် ဆန်းပြားထူးခြားလှသော အနက်ရောင် ပေတံငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုအနက်ရောင်ပေတံငယ်သည် အနက်ရောင် အလင်းလှိုင်းတန်းများစွာကို ထုတ်လွှတ်လိုက်ပြီး ဒုတိယကျားသစ်ပေါ်သို့ ကျရောက်သွားစေရာ ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ ပေါင်ချိန်သန်းချီသော အလေးချိန်ကို ထမ်းပိုးထားရသည့်အလား ဖြစ်သွားပြီး အရှိန်အဟုန်မှာလည်း သိသိသာသာ နှေးကွေးသွားခဲ့ရတော့သည်။
"မဖြစ်နိုင်ဘူး"
ဒုတိယကျားသစ်မှာ လန့်ဖျန့်သွားရပြီး မိစ္ဆာချီစွမ်းအင်များကို လောင်ကျွမ်းစေလျက် ထိုအနက်ရောင်အလင်းတန်း၏ ချည်နှောင်မှုမှ လွတ်မြောက်ရန် အသည်းအသန် ကြိုးပမ်းတော့သည်။
သို့သော်လည်း မမျှော်လင့်ဘဲ ထိုအနက်ရောင်ပေတံပေါ်တွင် သွေးချင်းချင်းနီနေသော မျက်လုံးများစွာ ပေါ်ထွက်လာခဲ့၏။
ထိုမျက်လုံးများ ပွင့်လာသည်နှင့် တစ်ပြိုင်နက် အနီရောင်ချည်မျှင်တန်းများ ဖြာထွက်သွားပြီး ဒုတိယကျားသစ်ကို ထိမှန်သွားစေရာ ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ တောင့်တင်းသွားရပြီး မျက်လုံးများမှာလည်း ဝေဝါးကာ တွေဝေသွားခဲ့ရတော့သည်။
၎င်းအနေဖြင့် ဆန်းကြယ်သော နည်းလမ်းတစ်ခုဖြင့် နောက်ဆုံးတွင် ပြန်လည်ရုန်းထွက်နိုင်ခဲ့သည့်တိုင်အောင် ၎င်း၏ မျက်စိရှေ့မှောက်တွင်မူ ပွင့်လင်းမြင်သာလှသော အနီရောင်အလင်းတန်းများဖြင့်သာ ဖုံးလွှမ်းနေခဲ့ပြီး အခြားမည်သည့်အရာကိုမျှ မမြင်တွေ့နိုင်တော့ချေ။
ဗြန်း
လုံယီသည် သူ၏ ကျောက်ဖြစ်ခြင်းပါရမီကို အသက်သွင်းလိုက်ရာ သူ၏ ညာဘက်လက်ဝါးမှာ စတုတ္ထအကြိမ်မြောက် အသွင်ပြောင်းလဲသွားပြီး အံ့အားသင့်ဖွယ် ခိုင်မာသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အလွန်အမင်း ထက်မြက်လှသော အနီရောင် ကာကွယ်ရေးချီစွမ်းအင်များ ဖုံးလွှမ်းသွားပြီး သူ၏ လက်ဝါးကို ဓားတစ်စင်းအလား ပြောင်းလဲစေလျက် ဒုတိယကျားသစ်၏ လည်ပင်းဆီသို့ ပိုင်းဖြတ်လိုက်တော့၏။
ဒုတိယကျားသစ်၏ လည်ပင်းမှာ ပြတ်တောက်သွားခဲ့ပြီး အရေပြားအလွှာပါးကလေးတစ်ခုသာ ကျန်ရှိတော့သည်။
ပြတ်တောက်သွားသော ဒဏ်ရာမှနေ၍ သွေးချင်းချင်းနီသော သွေးစီးကြောင်းကြီးက ကောင်းကင်ထက် ဆယ်လံခန့်မြင့်သော အရပ်အထိ ပန်းထွက်သွားခဲ့ရပြီပင်။
ဘုန်း
ထိုအချိန်၌ လုံယီ၏ ပြင်းထန်လှသော တိုက်ခိုက်မှုအသံကြီး ထွက်ပေါ်လာခဲ့သည်။
ဒုတိယကျားသစ်၏ ခန္ဓာကိုယ်အတွင်းမှနေ၍ ဝိညာဉ်ရိပ်တစ်ခု ပျံသန်း၍ ထွက်လာခဲ့သော်လည်း လုံယီ၏ ချပ်ဝတ်ဖြိုခွင်းလက်သီးအောက်တွင် ချက်ချင်းပင် လုံးဝ ချေမှုန်းဖျက်ဆီးခြင်းကို ခံလိုက်ရသဖြင့် မလွဲမသွေ သေဆုံးသွားခဲ့ရပြီ ဖြစ်တော့သည်။
လုံယီနှင့် အကြီးအကဲဟယ်တို့ ပူးပေါင်းလိုက်ခြင်းဖြင့် မိစ္ဆာစစ်သူကြီး အစောပိုင်းအဆင့်ရှိသော ဒုတိယကျားသစ်ကို တစ်ကွက်တည်းဖြင့် အပြတ်အသတ် သုတ်သင်နိုင်ခဲ့ကြသည်။
ကျန်ရှိနေသော ကျားသစ်လူသား နှစ်ကောင်ထဲတွင် တစ်ကောင်မှာ မိစ္ဆာစစ်သူကြီးအဆင့်သို့ ရောက်ရှိရန် ကျင့်စဉ်အဆင့် မပြည့်မီသေးသော တတိယကျားသစ်ဖြစ်ပြီး အခြားတစ်ကောင်မှာမူ ဒဏ်ရာအပြင်းအထန်ရရှိထားသဖြင့် နယ်ပယ်ကျော်ဖြတ်ခြင်းအောက်သို့ ကျဆင်းသွားခဲ့သော ပထမကျားသစ် ဖြစ်ရာ ၎င်းတို့နှစ်ကောင်စလုံးမှာ မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမျှ မပေးစွမ်းနိုင်တော့ချေ။
လုံယီနှင့် အကြီးအကဲဟယ်တို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သူတို့သည် ရင်ထဲ၌ နာကျည်းချက်များစွာဖြင့် တစ်ကောင်ပြီးတစ်ကောင် လဲကျကာ ကျဆုံးသွားခဲ့ရပြီး အခြားသော ရလဒ်ဟူ၍ မရှိခဲ့ပေ။
ခဏမျှကြာပြီးနောက် ကျားသစ်လူသား သုံးကောင်စလုံးမှာ လုံးဝ အသက်ပျောက်သွားခဲ့ကြပြီပင်။
သို့သော်လည်း လုံယီသည် ရပ်တန့်မသွားခဲ့ပေ။ လျှပ်စီးပမာ မြန်ဆန်လှသော အနီရောင်
အလင်းတန်းသည် မိစ္ဆာအုပ်ကြီးကြားတွင် ဟိုမှဒီသို့ ကူးလူးပျံသန်းလျက် ထိုမိစ္ဆာငယ်များကို ကရုဏာမဲ့စွာဖြင့် သုတ်သင်ရှင်းလင်းနေတော့သည်။
သူ၏အမြင်တွင်မူ ဤအရာများသည် မိစ္ဆာသားရဲများသက်သက်မဟုတ်ဘဲ အသက်ရှင်နေသော ချီစွမ်းအင်စုကြီးများသာ ဖြစ်ကြ၏။
"ထွက်ပြေးကြစို့"
"ကယ်ကြပါ... အသက်ချမ်းသာပေးပါ။ ကျွန်တော် လူသားတွေကို မစားဖူးပါဘူး"
မိစ္ဆာငယ်များသည် သူတို့၏ မိဘများက ခြေထောက်များကို ပိုမိုပေးမထားခဲ့သည်ကိုသာ ကျိန်ဆဲရင်း ခေါင်းပြတ်နေသော ယင်ကောင်များပမာ ရူးသွပ်စွာဖြင့် ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းနေကြတော့သည်။
ထိုအချိန်၌ ရူမြို့တော်မှ အခြားသော လူသားကျင့်ကြံသူများလည်း နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြပြီပင်။
လူတိုင်းသည် အနီရောင်အလင်းတန်းတစ်ခုက မိစ္ဆာများကို ရက်စက်စွာ သုတ်သင်နေပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ရိတ်သိမ်းပြီးစ ကောက်ပဲသီးနှံများပမာ လဲပြိုနေကာ သွေးများမှာလည်း မျက်စိရှေ့မှောက်တွင် စမ်းချောင်းငယ်များပမာ စီးဆင်းနေသည်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေမိကြတော့သည်။
"အနီရောင်အလင်းတန်းတွေ ဖုံးလွှမ်းနေတဲ့ အဲဒီလူက ဘယ်သူလဲ"
လုထျန်းရန်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိ၏။
"သူက လူသားလား... မိစ္ဆာလား"
အခြားတစ်ယောက်ကလည်း မေးမြန်းလာသည်။
"သူက အဲဒီ လက်ပေါက်ကပ်တဲ့ ခန္ဓာကိုယ်ကျင့်ကြံသူပဲ ဖြစ်ရမယ်"
အကြီးအကဲဟယ်သည်လည်း ရှေ့မှောက်ရှိ အခြေအနေကို သေသေချာချာ စိုက်ကြည့်နေလျက် "ငါ ချန်လိပ်အိုကြီးဆီက ကြားဖူးတာတော့... ပန်မြို့တော်ကို တိုက်ခိုက်ခဲ့တဲ့ သစ်ပင်မိစ္ဆာကို သတ်ခဲ့တာလည်း သူပဲတဲ့ ဒီလူက ရန်သူမဟုတ်ဘဲ မိတ်ဆွေပဲ"
လူတိုင်း၏ စိုက်ကြည့်နေမှုအောက်တွင် ထိုအနီရောင်အလင်းတန်းသည် ထွက်ပြေးသွားသော မိစ္ဆာများနောက်သို့ ဆက်လက်လိုက်ပါသွားပြီး တဖြည်းဖြည်းနှင့် မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့တော့သည်။
ထိုအချိန်တွင် မလှမ်းမကမ်းရှိ လျှပ်စီးဂူတစ်ခုအတွင်း ပုန်းကွယ်နေသော စာဆိုဇနီးမောင်နှံသည် လူသားကျင့်ကြံသူ အင်အားစုကြီး ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသဖြင့် ဘေးအန္တရာယ်မှ လွတ်မြောက်သွားရသည့် ဝမ်းသာပီတိမျက်နှာများဖြင့် အလောတကြီး လျှောက်လှမ်းလာခဲ့ကြသည်။
"မသေမျိုးဆရာကြီးတို့ခင်ဗျာ... ကျွန်တော်တို့ကို မြို့ထဲ ပြန်ခေါ်သွားပေးလို့ ရမလား" ပညာတတ်စာဆိုအမျိုးသားက စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။
"ဒါက ကိစ္စအသေးအဖွဲလေးပါပဲ"
ဟယ်ရှန်းက ခေါင်းညိတ်သဘောတူလိုက်ပြီးမှ "နင်တို့နှစ်ယောက် ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်နေရတာလဲ" ဟု ထပ်မံမေးမြန်းလိုက်သည်။
"ကျွန်တော်တို့တွေ ဟင်းသီးဟင်းရွက်ခူးဖို့ မြို့ပြင်ကို ထွက်လာခဲ့တာပါ။ ဒါပေမဲ့ မမျှော်လင့်ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာတွေနဲ့တိုးပြီး ကျွန်တော်တို့ရွာက လူတွေအားလုံး ဖမ်းဆီးခြင်း ခံလိုက်ရပါတယ်"
"သူတို့က လူတွေကို တစ်ယောက်ပြီးတစ်ယောက် စားသောက်ကြတာ... နောက်ဆုံးမှာ ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက်ပဲ ကံကောင်းလို့ လွတ်မြောက်ခဲ့တာပါ။ အကယ်၍ မနက်ဖြန်အထိသာ ဆက်ရှိနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း ဝိညာဉ်လောကဆီကို ရောက်သွားလောက်ပါပြီ"
စာဆိုက သက်ပြင်းချလိုက်ရှာသည်။
ဤစကားကို ကြားလိုက်ရသောအခါ အနီးနားရှိ လူတိုင်းမှာ တရားမျှတမှုအတွက် အလွန်အမင်း ဒေါသထွက်သွားကြပြီး သွေးတိုးစရာ ကောင်းလှသည်ဟု ခံစားလိုက်ရ၏။
"ဒါဆိုရင်လည်း ငါတို့နဲ့တူတူ အမြန်ဆုံး ပြန်ကြစို့"
လုထျန်းရန်က ပြောလိုက်သည်။
"နင်တို့အနေနဲ့ အမည်မသိတဲ့ ဒီခန္ဓာကိုယ်ကျင့်ကြံသူကို ကျေးဇူးတင်ရမယ်။ သူက ကျားသစ်မိစ္ဆာတွေကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်ပေးခဲ့လို့သာ ငါတို့တွေ တစ်ကောင်ချင်းစီကို အပြတ်အသတ် သုတ်သင်ခွင့်ရခဲ့တာ မဟုတ်ရင် ဘယ်အချိန်အထိ တိုက်ခိုက်နေရမယ်ဆိုတာ မသိနိုင်ဘူး"
"ငါတို့ ပြန်ရောက်တာနဲ့ အဲဒီသူရဲကောင်းကြီးအတွက် အသက်ရှည်ကျန်းမာပါစေကြောင်း ဆုတောင်းစာလွှာ ထုဆစ်ပြီး ပူဇော်ပါ့မယ်"
စာဆိုအမျိုးသားက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဒါ့အပြင် ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တဲ့ ဒီက မသေမျိုးဆရာကြီး အားလုံးကိုလည်း တကယ့်ကို ကျေးဇူးတင်ပါတယ်"
"ဒါပေမဲ့... အနီရောင်အလင်းတန်းတွေ ဖုံးလွှမ်းနေတဲ့ အဲဒီသူရဲကောင်းကြီးရဲ့ အမည်နာမကို သိခွင့်ရှိမလားခင်ဗျာ"
ဤစကားကို ကြားသောအခါ လူတိုင်းမှာ ခေါင်းကိုသာ ခါယမ်းလိုက်ကြမိပြီး မည်သူမျှ ထိုလျှို့ဝှက်ဆန်းကြယ်သော ခန္ဓာကိုယ်ကျင့်ကြံသူ၏ အမည်ကို မသိရှိကြချေ။
ဟယ်ရှန်းအနေဖြင့် ချန်ချင်းထံမှနေ၍ ချန်ချန်ဟူသော အမည်နာမကို ကြားဖူးထားသော်လည်း ၎င်းမှာ အမည်ဝှက်တစ်ခုမျှသာ ဖြစ်သည်မှာ ထင်ရှားလှသဖြင့် အတည်ပြုရန် မယုံကြည်ရပေ။
တစ်ချိန်တည်းမှာပင် လူတိုင်း၏ ပြောဆိုဆွေးနွေးခြင်းကို ခံနေရသော လုံယီမှာမူ ယခုတစ်ကြိမ် တိုက်ပွဲမှ ရရှိလာခဲ့သော အကျိုးအမြတ်များကို တိတ်တဆိတ် ပြန်လည်သုံးသပ်နေခဲ့သည်။
ကျားသစ်လူသား သုံးကောင်သည် သူ့အား နောက်ထပ် ကျားသစ်အကြောပါရမီ တိုးတက်မှုကို ဆောင်ကြဉ်းပေးခဲ့သဖြင့် သူ၏ အရှိန်အဟုန်မှာ အသံ၏ နှစ်ဆအရှိန်ကို လုံးဝကျော်လွန်သွားခဲ့ပြီး အသံ၏ ၂.၂ ဆခန့်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
နောက်ထပ် အရှိန်အဟုန်ပိုင်းတွင် ထူးခြားစွာ တိုးတက်လာစေရန်အတွက်မူ ကျားသစ်အကြောနှင့် လျှပ်စီးအရှိန်ကဲ့သို့သော ပါရမီများကို ပိုမိုမြင့်မားအောင် ကျင့်ကြံရန် လိုအပ်သလို အဓိကကျသော ရတနာပစ္စည်းများကိုလည်း ရှာဖွေရပေဦးမည်။
မိစ္ဆာအုပ်ကြီးကို အကြီးအကျယ် သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်းကြောင့် သူ၏ ချီစွမ်းအင်မှတ်မှာလည်း ထောင်ဂဏန်းအထိ မြင့်တက်လာခဲ့ပြီး စုစုပေါင်း ချီစွမ်းအင် လေးသောင်းကျော်အထိ ရောက်ရှိသွားခဲ့ပြီပင်။
အကယ်၍ သူ၏ ချီစွမ်းအင်မှတ်မှာ တစ်သိန်းကျော်အထိ ရောက်ရှိသွားခဲ့ပါက သူသည် သူ၏ အသက်ရှူခြင်းအတတ်ပညာကို နောက်ထပ် အဆင့်တစ်ခုသို့ မြှင့်တင်နိုင်မည်ဖြစ်ပြီး ပြတ်တောက်နေခဲ့သော သိုင်းပညာလမ်းစဉ်ကိုလည်း ဆက်လက် လျှောက်လှမ်းနိုင်တော့မည်ပင်။
မိစ္ဆာမျိုးနွယ်စုတွေရဲ့ ကျူးကျော်မှုက ဘေးအန္တရာယ်တစ်ခု ဖြစ်သလို တစ်ဖက်မှာလည်း အခွင့်အရေးတစ်ခုပဲ။ ဒီလောက်များပြားတဲ့ မိစ္ဆာတွေက ငါ့ရဲ့ ချီစွမ်းအင်တွေကို တိုးပွားစေမယ့် ရေကန်ကြီးတစ်ခုပဲပေါ့။
ရူမြို့တော်ကတော့ အေးချမ်းသွားပြီဖြစ်လို့ ယာယီအားဖြင့် အန္တရာယ်မရှိနိုင်တော့ဘူး။ ဒါကြောင့်...
လုံယီ၏ အကြည့်များသည် ဝေးကွာလှသော အရပ်မျက်နှာဆီသို့ ဦးတည်သွားခဲ့တော့သည်။
စစ်ဗျူဟာမြောက် စဉ်းစားချက်များအရ အရှိန်အဟုန်ကသာ အဓိကအကျဆုံး ဖြစ်သည်။
မိစ္ဆာမျိုးနွယ်စုများအနေဖြင့် တုံ့ပြန်ရန် အချိန်မရခင်မှာပင် သူသည် အခြေအနေအားလုံးကို သူတစ်ယောက်တည်းဖြင့် လုံးဝ ပြောင်းလဲပစ်နိုင်သည်။
အဆင့်မြင့် မိစ္ဆာကြီးများအနေဖြင့် အလွယ်တကူ လှုပ်ရှားလာခြင်းမရှိသည့် အခြေအနေမျိုးတွင် သူတစ်ယောက်တည်းကသာ ဤစစ်တလင်းကြီးတစ်ခုလုံးကို အုန်းအုန်းကျွက်ကျွက် ဖြစ်သွားအောင် သောင်းကျန်းပစ်နိုင်နေတော့သည်။