← Chapters

အခန်း ၄၀၁

Vol. 41 Ch. 401

အခန်း ၄၀၁

Vol. 41 Ch. 401

အခန်း (၄၀၁)

ရှချူးခရိုင်၊ ရှကျေးရွာ။

ညအချိန်တွင် ကျောက်စံအိမ်၌ ကျောက်ဖုန်းနှင့် ရှောင်ဟီတို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ စားပွဲပေါ်တွင် အရသာရှိသော ဟင်းလျာများနှင့် အင်မော်တယ်ဝိုင်ခန်းမမှ ဝိုင်ကောင်းများရှိနေသည်။

" ဝိုင်ကောင်းပဲ။ အနံ့ရှုလိုက်တာနဲ့ လန်းဆန်းသွားတာပဲ။ " ရေဇာင်ဟီက ပြုံး၍ ပြောလိုက်သည်။

" အုပ်ချုပ်ရေးမှူးရှောင် ဒီနေ့ ငါ မင်းကို ဧည့်ခံတာက အနံ့ရှူဖို့မဟုတ်ဘူး။ သောက်ဖို့ပါ။ " ကျောက်ဖုန်းက ရယ်မောပြီး ပြောလိုက်သည်။

နေ့တစ်ဝက်လောက် စကားပြောပြီးနောက် ရှောင်ဟီက အစပိုင်းကလို စိုးရိမ်စိတ်မရှိတော့ပေ။ ကျောက်ဖုန်းက စည်းကမ်းတင်းကျပ်သူတစ်ယောက်မဟုတ်သည်ကို ရှောင်ဟီက သတိထားမိလာသည်။

" စစ်သေနာပတိချုပ် ကျောက်ဖုန်းရဲ့ ဧည့်ခံမှုကို ခံရတာ လူအများက ကျုပ်ကို မနာလိုဖြစ်နေတော့မှာပဲ။ " ရှောင်ဟီက ဝိုင်ခွက်ကို ကောက်ကိုင်ပြီး အရသာခံ သောက်လိုက်သည်။

" အုပ်ချုပ်ရေးမှူးရှောင် ကမ္ဘာကြီးကို အုပ်ချုပ်တဲ့အပေါ် ဘယ်လိုမြင်လဲ။ " ကျောက်ဖုန်းက ဝိုင်သောက်ရင်း မေးလိုက်သည်။

" ရှုပ်ထွေးတယ်။ စည်းစနစ်မကျဘူး။ " ရှောင်ဟီက ပြန်ဖြေလိုက်သည်။

" အင်း အသေးစိတ် ပြောပြပါဦး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ချင်နိုင်ငံက ချင်ဥပဒေကို အခြေခံထားပြီး ဥပဒေ ချိုးဖောက်သူတိုင်းကို ဥပဒေအရ အပြစ်ပေးမှာပဲ။ ဒါပေမယ့် ဥပ‌ဒေဆိုတာက အရာရှိတွေကပဲ စီမံခန့်ခွဲနေတာပါ။ အရာရှိတွေကလည်း လူသားတွေပဲ။ ကိုယ်ကျိုးမဖက်တဲ့ သူတော်စင်တွေမှမဟုတ်တာ။ ဥပဒေကို သုံးပြီး ပြည်သူတွေကို ဒုက္ခပေး အဂတိလိုက်စားနေတဲ့သူတွေလည်း အများကြီး ရှိတယ်။ မြို့တော်နဲ့ ဝေးလေ ပိုဆိုးလေပဲ။ စစ်သေနာပတိချုပ် စစ်သူကြီး ဖြစ်တုန်းက လူဆိုးတွေကို ရှင်းလင်းဖို့ ဓားကို သုံးခဲ့တယ်လို့ ကြားတယ်။ ဒီအကြောင်းက ချင်နိုင်ငံတစ်ခုလုံးမှာ နာမည်ကြီးခဲ့တာ။ ဒီလိုဖြစ်ရပ်မျိုးက ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်နေတာပဲ။ လူတိုင်းက စစ်သေနာပတိချုပ်ရဲ့ လက်အောက်ငယ်သားတွေလို ကံမကောင်းကြဘူး။ " ရှောင်ဟီက ဝိုင်ခွက်ကို ကိုင်ပြီး စိတ်မကောင်းစွာ ပြောလိုက်သည်။

" ဒုတိယအချက်က ဘာလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ဒုတိယအချက်က အရမ်းရိုးရှင်းပါတယ်။ ချင်အရာရှိတွေက မလုံလောက်ဘူး။ ပညာတတ်တွေကလည်း အထက်တန်းလွှာတွေပဲ။ အဲ့ဒီအခြေအနေက ကျိုးဘုရင်လက်ထပ်ကတည်းက ဖြစ်နေတာပဲ။ သာမန်လူတွေက ပညာတတ်ဖို့တောင် ခက်ခဲတယ်။ အရာရှိဖြစ်လာပြီး ရာထူးတက်ဖို့ဆိုတာ ဝေးရော။ အထက်တန်းလွှာတွေကပဲ အရာရှိဖြစ်လာကြတယ်။ အထက်တန်းလွှာတွေကပဲ ပညာရေးကို ချုပ်ကိုင်ထားတယ်။ ဒါက မပြောင်းလဲနိုင်တဲ့ အမှန်တရားပဲ။ " ရှောင်ဟီက သက်ပြင်းချလိုက်သည်။

" ဒီအခြေအနေနှစ်ခုကို ချိုးဖျက်နိုင်လိမ့်မယ်လို့ မင်း ထင်လား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" ခက်တယ်။ ဒါပေမယ့် ချင်နိုင်ငံက ဒီအခြေအနေတွေကို စတင်ချိုးဖျက်နေပါပြီ။ စစ်ရေးစွမ်းဆောင်မှုစနစ်။ ဒါက သာမန်လူတွေ အထက်တန်းလွှာဖြစ်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်လိုက်တာပဲ။ စစ်ရေးစွမ်းဆောင်မှုရှိတဲ့ သာမန်လူတွေကို ရာထူးတိုးပေးပြီး အထက်တန်းလွှာအသစ်တွေ ဖြစ်လာစေခဲ့တယ်။ "

" ဒီအပိုင်းမှာ ချင်နိုင်ငံက တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးဖြစ်တယ်။ ဒါပေမယ့် ဒါက မလုံလောက်သေးဘူး။ ချင်နိုင်ငံက ကမ္ဘာကြီးကို စည်းလုံးပြီးရင်တောင် ဒီအခြေအနေ ဆက်ရှိနေသေးရင် ချင်နိုင်ငံက မတည်ငြိမ်ဘဲ ရှုပ်ထွေးမှုတွေ ဖြစ်လာလိမ့်မယ်။ ရှုပ်ထွေးမှုတွေက နောက်ဆုံးမှာ နန်းတော်ရဲ့ ကြီးကြပ်မှု မလုံလောက်တာကနေ ဖြစ်လာတာပဲ။ နန်းတော်က စစ်ဆေးရေးအရာရှိတွေက သူတို့ရဲ့ နေရာက အရမ်းမြင့်မားလွန်းတော့ ဒီကမ္ဘာရဲ့ အဖြစ်မှန်ကို မြင်နိုင်ပါ့မလား။ " ရှောင်ဟီက ခါးသီးစွာ ပြုံးပြီး ဝိုင်ခွက်ကို မော့သောက်လိုက်သည်။

" ရှောင်ဟီ လောယိမှာ မွေးတယ်။ ကျိုးခေတ်ကုန်းပိုင်းကဆိုပေမယ့် ချင်နိုင်ငံကို မမုန်းဘူး။ မင်းက ပညာနဲ့ အရည်အချင်းရှိလို့ အရာရှိဖြစ်လာတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ကျောက်ဖုန်းက သူ၏ ဇစ်မြစ်ကို သိနေသောကြောင့် ရှောင်ဟီက အနည်းငယ် အံ့ဩသွားသော်လည်း အပြင်ကိုတော့ ထုတ်မပြပေ။

" ကမ္ဘာကြီးရဲ့ လမ်းကြောင်းပေါ်မှာ အားနည်းတဲ့ နိုင်ငံတွေက မရှင်သန်နိုင်ဘူး။ ဘာမုန်းစရာရှိလဲ။ စဉ်းစားကြည့်ရင် တစ်ချိန်က ဒီကမ္ဘာကြီးကလည်း ရှန်နိုင်ငံ ပိုင်ခဲ့တာပဲလေ။ ဒါက လမ်းကြောင်းပဲ။ လူသားတွေရဲ့ စွမ်းအားနဲ့ မတားဆီးနိုင်ဘူး။ ကမ္ဘာကြီးက ချင်နိုင်ငံရဲ့ လက်အောက်မှာ ပဋိပက္ခတွေ အဆုံးသတ်ပြီး ဟွာရှလူမျိုးတွေ ရာစုနှစ်ကြာအောင် အေးအေးချမ်းချမ်း နေနိုင်ရင် ဒါက ထိုက်တန်ပါတယ်။ "

" လက်ရှိအခြေအနေအရ ချင်နိုင်ငံက ကမ္ဘာကြီးကို စုစည်းတော့မှာပဲ။ ချင်ဘုရင်က ပြည်သူအားလုံးကို စောင့်ရှောက်ပေးနိုင်မှ ဥပဒေစိုးမိုး‌ရေးကို မြှင့်တင်နိုင်မှ အရာရှိတွေကို ပိုကြီးကြပ်နိုင်မှ အရည်အချင်းရှိသူတွေကို ပျိုးထောင်နိုင်မှ ချင်နိုင်ငံရဲ့ သာယာဝပြောမှုက အထွတ်အထိပ်ကို ရောက်နိုင်လိမ့်မယ်။ " ရှောင်ဟီက ရိုးသားစွာ ပြောလိုက်သည်။

ရှောင်ဟီ၏ စကားများကို နားထောင်ပြီး ကျောက်ဖုန်းက ပြုံးလိုက်သည်။

" မြင့်မားတဲ့ ရာထူးကို ရပြီး ကမ္ဘာကြီးကို တည်ငြိမ်အောင် လုပ်နိုင်မယ့် အခွင့်အရေးကို ရမယ်ဆိုရင် မင်းလိုချင်လား။ " ကျောက်ဖုန်းက လေးနက်စွာ မေးလိုက်သည်။

၎င်းကို ကြားသောအခါ ရှောင်ဟီ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ၎င်းက ကျောက်ဖုန်း၏ ကမ်းလှမ်းမှုဖြစ်သည်ကို သူနားလည်လိုက်သည်။ သူသာ ငြင်းလိုက်လျှင် သူက ရှချူးခရိုင်၏ အုပ်ချုပ်‌ရေးမှူးအဖြစ် ဆက်ရှိနေပြီး ရှေ့ဆက်တိုးရန် ခက်ခဲပေလိမ့်မည်။ သို့သော် သူလက်ခံလိုက်လျှင် အနာဂတ်တွင် သူ့အတွက် အခွင့်အရေးများစွာ ရရှိပေလိမ့်မည်။ အချိန်ခဏသာ ကြာလိုက်ပြီး ရှောင်ဟီက ချက်ချင်း ဒူးထောက်လိုက်သည်။

" ရှောင်ဟီ လက်ခံပါတယ်။ "

ကျောက်ဖုန်းက ကျေနပ်သွားပြီး ထရပ်ကာ ရှောင်ဟီကို ထူပေးလိုက်သည်။ သမိုင်းထဲမှ ပါရမီရှင်တစ်ယောက်က သူ၏ လက်ထဲသို့ ရောက်လာပြီဖြစ်သည်။

" ဒီည ငါ့အိမ်မှာနေပါ။ မနက်ဖြန်ကျရင် ငါမင်းကို လူနှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ရှောင်ဟီက ခေါင်းငြိမ့်လိုက်သည်။

" ဆက်သောက်ကြစို့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ ဟန်မင်းဆက်မတိုင်မီ သူရဲကောင်းသုံးယောက်ထဲတွင် ဟန်ရှင်းနှင့် ရှောင်ဟီက သူ၏ လက်ထဲသို့ ရောက်လာပြီဖြစ်သည်။ ကျန်းလျန်ကတော့ အခွင့်အရေးမရှိတော့ပေ။ သူ၏ ဖခင်ကို ကျောက်ဖုန်းကိုယ်တိုင် သတ်ပစ်ခဲ့ခြင်းဖြစ်သည်။

နောက်တစ်နေ့တွင် ကျောက်ဖုန်းက ကိုယ်ရံတော်တစ်ရာလောက်ကို ခေါ်ပြီး ရှရွာ၏ တောင်ဘက် ဆယ်မိုင်ကျော်မှ တောအုပ်ဆီသို့ သွားနေခဲ့သည်။ လမ်းတွင် ရှောင်ဟီက ဘာမှမမေးပေ။ သူက သစ္စာခံလိုက်ပြီဖြစ်သောကြောင့် အရာအားလုံးကို မေးမြန်းနေမည်မဟုတ်ပေ။

" ဒါက ရှချူးခရိုင်မှာ လူမနေတဲ့ တောတွေပဲ။ တောရိုင်းတိရစ္ဆာန်တွေ ပေါများတယ်။ အရှင်က ငါတို့ကို အမဲလိုက်ဖို့ ခေါ်လာတာလား။ " ရှောင်ဟီက မနေနိုင်တော့ဘဲ မေးလိုက်သည်။

" အထဲရောက်ရင် သိလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

သူတို့ တဖြည်းဖြည်း ဝင်ရောက်သွားကြပြီး တောထဲသို့ ရောက်သောအခါ အနက်ရောင်ဝတ်စုံနှင့် လူဆယ်ယောက်ကျောက်က ပေါ်လာပြီး ကျောက်ဖုန်း၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

" အရှင်ကို ဂါရဝပြုပါတယ်။ "

" အရှင်က သူ့ရဲ့ လျို့ဝှက်အဖွဲ့ကို ဒီမှာပဲ လေ့ကျင့်ပေးတာလား။ " ရှောင်ဟီက ချက်ချင်း နားလည်သွားသည်။ သို့သော် သူက မအံ့ဩပေ။ လူတစ်ယောက်က ရာထူးအဆင့်အတန်းမြင့်မားသွားသည်နှင့် သူတို့၏ မိသားစုကို ကာကွယ်ရန် လျို့ဝှက်အဖွဲ့များကို လေ့ကျင့်ပေးကြသည်မှာ ပုံမှန်သာဖြစ်သည်။

" ထပါ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်။ " အားလုံးက လေးစားစွာဖြင့် ပြောလိုက်သည်။

" လမ်းပြပါ။ " ကျောက်ဖုန်းက စကားအပိုမပြောပေ။

" ကြွပါ အရှင်။ " အနက်ရောင်ဝတ်စုံနှင့် လူများက ပျောက်ကွယ်သွားကြပြီး လူတစ်ယောက်သာ ကျန်နေခဲ့သည်။ ထိုလူက ရှေ့ဆုံးမှထွက်သွားပြီး လမ်းပြလိုက်သည်။ သူတို့က အချိန်အတော်ကြာ လမ်းလျှောက်သွားပြီးနောက် စခန်းတစ်ခုသို့ ရောက်လာခဲ့သည်။

" အရှင်ရောက်လာပြီ။ " ရှေ့ဆုံးမှ လူက အော်ဟစ်လိုက်သည်။

လေ့ကျင့်နေကြသော လူအားလုံးက စုရုံးလာကြသည်။ လူလေးငါးရာလောက်က ‌ကျောက်ဖုန်း၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

" ယန်ထင်က ဝူချန်တွေက အရှင်ကို ကြိုဆိုပါတယ်။ "

ကျောက်ဖုန်းက မြင်းပေါ်မှဆင်းပြီး ဌာနထဲသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။

" ဒီလူတွေ အားလုံးက သတ်ဖြတ်လိုစိတ်ပြည့်ပဲ။ " ရှောင်ဟီက စိတ်ထဲမှ ထိတ်လန့်သွားပြီး ကျောက်ဖုန်းနောက်မှ လိုက်ပါသွားသည်။

ကျောက်ဖုန်းက ဝူချန်များ၏ ရှေ့တွင် ရပ်ပြီး သူတို့ကို ကြည့်လိုက်သည်။ လူတိုင်း၏ အကြည့်တွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။ အားလုံးက သစ္စာရှိသူများဖြစ်ပြီး သစ္စာမရှိသူများကို ကျောက်ဖုန်းက ဖယ်ရှားထားပြီးသားဖြစ်သည်။ ယန်ထင်က ဝူချန်များကို သာမန်လူများကြားမှ ခေါ်ယူထားခြင်းဖြစ်သည်။ ယန်ထင်က ရှင်သန်ရန် ခက်ခဲသော ကလေးငယ်များကို စုဆောင်းထားခြင်းဖြစ်သည်။

" ထကြပါ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်။ " ဝူချန်များက လေးစားစွာ ပြန်ပြောလိုက်ကြသည်။

ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး အတွင်းပိုင်းသို့ ကြည့်လိုက်သည်။ ထိုနေရာမှ လူအနည်းငယ် ချဉ်းကပ်လာကြသည်။ သူတို့ထဲမှ လူတစ်ယောက်က ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း သူ၏ ခန္ဓာကိုယ်မှ စစ်သည်တစ်ယောက်၏ အရှိန်အဝါများထွက်ပေါ်နေသည်။ သူ၏ ဘေးမှ လူနှစ်ယောက်ကလည်း အတူတူပင် ဖြစ်သည်။

" အရှင်ကို ဂါရဝပြုပါတယ်။ " ရောက်လာသူများက ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။

" စစ်သေနာပတိချုပ်ချင်ချင်း ဘယ်လိုခံစားရလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

ပြင်ပလူများအတွက်တော့ ချင်ချင်းက သေသွားခဲ့ပြီဖြစ်သည်။ သို့သော် ယခု သူက အသက်ရှင်လျက် ရှိနေသည်။ ၎င်းက လီမုကဲ့သို့ပင် ဖြစ်သည်။

ကျောက်ဖုန်း၏ နောက်မှ ရှောင်ဟီကလည်း မှင်သက်သွားသည်။ သူက ချင်ချင်းကို သေချာမသိသော်လည်း လီမုကိုတော့ ကောင်းကောင်းသိသည်။ ယခု ချင်နိုင်ငံတွင် အမှုမထမ်းခင် သူက ကျောက်နိုင်ငံသို့ သွားရင် လီမုနှင့် တစ်ခါ တွေ့ဆုံဖူးသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters