အခန်း ၄၀၃
Vol. 41 Ch. 403
အခန်း (၄၀၃)
" ဝူချန် ၃၅၀၀၀ အတော်များတဲ့ ပမာဏပဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
သူက ဘာမှမရှိသော နေရာမှ စတင်တည်ထောင်ခဲ့ပြီး ငါးနှစ်အတွင်း ယန်ထင်က ဤအခြေအနေထိ ကြီးထွားလာခဲ့သည်။
" လူ ၃၅၀၀၀ ကို ဖြန့်ကျက်ထားတယ်။ အင်မော်တယ်ဝိုင်ခန်းမအားလုံးက အရှင်ပိုင်တာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ရှောင်ဟီက စိတ်ထဲမှ တုန်လှုပ်သွားသည်။
" ကောင်းတယ်။ " ကျောက်ဖုန်းက ပြုံးပြီး သူ၏ အကြည့်က ယင်ပု၏ ဘေးမှ လူကို ကြည့်လိုက်သည်။
"ကျွန်တော် ဟန်ရှင်း အရှင်ကို ဂါရဝပြုပါတယ်။ " ဟန်ရှင်းက ကျောက်ဖုန်းကို လေးစားစွာ ဦးညွှတ်လိုက်သည်။ ကျောက်ဖုန်းက သူ့အတွက် သူ၏ မိသားစုအတွက် ကျေးဇူးရှင်ဖြစ်သည်။ ကျောက်ဖုန်း၏ ကျေးဇူးကြောင့် သူ၏ ဖခင် ဟန်ချန်းယန်က အသက်ရှင်ရုံသာမက သူ၏ ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်ခဲ့သည်။
" ဟန်ရှင်း အသက်ငယ်ငယ်နဲ့ ရှန်ထျန်းအဆင့်ရောက်နေပြီ။ ချီးကျူးစရာပဲ။ " ကျောက်ဖုန်းက ဟန်ရှင်းကို ကြည့်ပြီး ပြုံးလိုက်သည်။ ဟန်မင်းဆက်မှ သူရဲကောင်းသုံးယောက်ထဲမှ နှစ်ယောက်က ဤနေရာတွင် စုမိနေပြီး သူ့ကို သစ္စာခံထားကြပြီဖြစ်သည်။
" အားလုံးက အရှင်ရဲ့ ကျေးဇူးကြောင့်ပါ။ " ဟန်ရှင်းက ချက်ချင်း ပြန်ပြောလိုက်သည်။
" လေ့ကျင့်တာက အဓိကပဲ။ ငါ မျှော်လင့်တာက မင်း စစ်တပ်ကို ကွပ်ကဲနိုင်တဲ့ အရည်အချင်းရှိဖို့ပဲ။ " ကျောက်ဖုန်းက ဟန်ရှင်းကို ပြောလိုက်သည်။
ဟန်ရှင်းက သမိုင်းတွင် စစ်သူရဲကောင်းဟု နာမည်ကျော်ပြီး စစ်တပ်ကို ကွပ်ကဲရန် ပါရမီပါလာပြီးသားဖြစ်သည်။ ကျောက်ဖုန်း အနာဂတ်တွင် ဟန်ရှင်းကို ဝူချန်တစ်ယောက်သာ ဖြစ်စေချင်သည်မဟုတ်ဘဲ သူ၏ ပါရမီကိုလည်း ကောင်းကောင်းအသုံးချမည်ဖြစ်သည်။
" စိတ်ချပါ အရှင်။ ဟန်ရှင်က စစ်တပ်ကို ကွပ်ကဲဖို့ အရည်အချင်း အများကြီးရှိတယ်။ အနာဂတ်မှာ သူက စစ်တပ်တစ်ခုလုံးကို ဦးဆောင်နိုင်မှာ သေချာပါတယ်။ " လီမုက ချက်ချင်း ပြောလိုက်သည်။
" အင်း ဟန်ရှင်းကို တာဝန်နဲ့အပြင်ကို မလွှတ်တော့နဲ့။ သူ့ရဲ့ အနာဂတ် လမ်းကြောင်းက စစ်တပ်ကို ဦးစီးဖို့ပဲ။ " ကျောက်ဖုန်းက ယင်ပုကို ကြည့်ပြီး ပြောလိုက်သည်။
" နားလည်ပါပြီ။ " ယင်ပုက ပြန်ပြောလိုက်သည်။
" စိတ်ချပါ အရှင်။ ကျွန်တော် အရှင်ကို စိတ်ပျက်အောင် မလုပ်ပါဘူး။ " ဟန်ရှင်းကလည်း ပြောလိုက်သည်။
" ရှောင်ဟီ။ " ကျောက်ဖုန်းက ရှောင်ဟီကို ကြည့်လိုက်သည်။
" အမိန့်ရှိပါ အရှင်။ " ရှောင်ဟီက ပြန်ပြောလိုက်သည်။
" မင်း ယန်ထင်အကြောင်းသိချင်ရင် ရှချူးခရိုင်ကို မပြန်ခင် ဒီမှာ ရက်အနည်းငယ်လောက် နေနိုင်တယ်။ မင်း သိုင်းပညာ လေ့ကျင့်ချင်ရင် လီမုတို့အဖွဲ့က လမ်းညွှန်ပေးလိမ့်မယ်။ ငါလည်း ဒီမှာ ရက်နည်းနည်းလောက် ကျင့်ကြံလိုက်ဦးမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အရှင်။ " ရှောင်ဟီက ဦးညွှတ်ပြီး ပြောလိုက်သည်။
ကျောက်ဖုန်းက နောက်လှည့်ပြီး အတွင်းထဲသို့ ဝင်ရောက်သွားသည်။
" သိုင်းပညာက အင်မော်တယ်ဖြစ်နိုင်တာလား။ " ရှောင်ဟီက မှင်သက်စွာ မေးလိုက်သည်။
" သိုင်းတာအိုလမ်းစဉ်က အင်မော်တယ်ဖြစ်အောင် ပို့ဆောင်ပေးနိုင်တယ်လို့ အရှင် ပြောဖူးတယ်။ ရှန်ထျန်းအဆင့်ကို ရောကခရငလ နှစ်ပေါင်း ၁၅၀ အသက်ရှည်နိုင်လိမ့်မယ်။ " လီမုက ဖြည်းညင်းစွာ ပြောလိုကသည်။
" တကယ်ပဲ အင်မော်တယ်ဖြစ်နိုင်တာလား။ " ရှောင်ဟီက မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။
" ဒီနေ့မြင်လိုက်ရတာက ငါ့ရဲ့ အသိပညာထက် လုံးဝ ကျော်လွန်နေတာပဲ။ သိုင်းပညာ၊အင်မော်တယ်။ ဒဏ္ဍာရီထဲက အရာတွေက ငါ့ရှေ့ကို ရောက်လာတာပဲ။ " ရှောင်ဟီက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။
သူက ကျောက်ဖုန်းအား သစ္စာခံလိုက်ခြင်းမှာ အလွန်မှန်ကန်သည်ဟု ခံစားလိုက်ရသည်။ သူက ရာထူးကြီးကြီးမားမားကို ရရုံသာမက သိုင်းပညာနှင့် အင်မော်တယ်လမ်းကြောင်းကိုပါ ရရှိလိုက်သည်။ ထိုအခွင့်အရေးမျိုးက တကယ်စိိတ်ကူးမယဉ်နိုင်သော အရာဖြစ်သည်။
" စစ်သေနာပတိချုပ် လီမုက ရှန်ထျန်းအဆင့်ဆိုတော့ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိတယ်လို့ ဆိုလိုတာပေါ့။ " ရှောင်ဟီက လီမုကို ကြည့်ပြီး မေးလိုက်သည်။
" ဟုတ်တယ်။ အခုဆိုရင် ငါ့ရဲ့ ခွန်အားတွေ ပြည့်ဝနေပြီး နှစ် ၁၅၀ သက်တမ်းရှိတယ်။ ငါ အသက်လေးဆယ်ကျော်ပြီ။ အသတ်မခံရသရွေ့ နောက်ထပ် နှစ်တစ်ရာလောက် ထပ်နေနိုင်သေးတယ်။ " လီမုက ပြောလိုက်သည်။
" ခေတ်အဆက်ဆက် ထာဝရရှင်သန်ခြင်းကို ဘုရင်ဘယ်နှစ်ပါးထိ ရှာဖွေခဲ့ကြလည်း ဖန်လိုင်အင်မော်တယ်ကျွန်းကိုလည်း အသည်းအသန် ရှာဖွေခဲ့ကြပေမယ့် ဘာမှမတွေ့ခဲ့ရဘူး။ ဒါပေမယ့် ငါတို့က အခု အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းဖို့ အခွင့်အရေး ရခဲ့ကြတယ်။ " ရှောင်ဟီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ညီလေးရှောင် မင်းက အခု အရှင်ရဲ့ အဖွဲ့ထဲရောက်လာပြီဆိုတော့ ငါ လီမု စကားအပိုတွေ မပြောတော့ဘူး။ အရှင်က မင်းကို ဒီခေါ်လာတယ်ဆိုတာ မင်းရဲ့ သစ္စာရှိမှုကို ပြနေတာပဲ။ အရှင်က မင်းကို သိုင်းပညာသင်ပေးမယ်လို့လည်း ပြောတယ်။ "
" အခု မင်းရွေးချယ်စရာ ကျင့်စဉ် သုံးခုရှိတယ်။ ပထမတစ်ခုက နဂါးဆင်ကျမ်းပဲ။ ဒုတိယတစ်ခုက ယန်ထင်ရဲ့ ဝူချန်အသစ်တွေ လေ့ကျင့်တဲ့ ကျုံးကျိအတွင်းအားကျင့်စဉ်ပဲ။ တတိယတစ်ခုကတော့ ရှန်ထျန်းအဆင့် အထွတ်အထိပ်ထိ ရောက်နိုင်တဲ့ အဆင့်မြင့်အတွင်းအားကျင့်စဉ်ပဲ။ ဒီကျင့်စဉ်ရဲ့ အားသာချက်က အနာဂတ်မှာ အခြားကျင့်စဉ်တွေကို အလွယ်တကူ ပြောင်းလို့ရတယ်။ အရှင်ကိုယ်တိုင် မင်းကို ခေါ်လာတာဆိုတော့ မင်းကို အလေးထားလို့ပဲ။ မင်း ဒီသုံးခုထဲက တစ်ခုကို ရွေးလို့ရတယ်။ " လီမုက ရှောင်ဟီကို ပြောလိုက်သည်။
ရှောင်ဟီက ခဏစဉ်းစားလိုက်သည်။ " ကျုပ် တတိယတစ်ခုကို ရွေးမယ်။ "
" ကောင်းပြီ။ မျက်လုံးမှိတ်ပြီး စိတ်ကို တည်ငြိမ်အောင်ထား။ ပြီးရင် စိတ်ထဲကနေ ယန်ထင်လို့ ရွတ်လိုက်။ " လီမုက လမ်းညွှန်လိုက်သည်။
ရှောင်ဟီက အကြောင်းရင်းကို မသိသော်လည်း လီမုပြောသည့်အတိုင်း ယန်ထင်ဟု စိတ်ထဲမှ ရေရွတ်လိုက်သည်။ နောက်ခဏတွင် ရှောင်ဟီ၏ စိတ်ထဲ၌ အချက်အလက်သုံးခု ပေါ်လာသည်။ ရှောင်ဟီက ၎င်းတို့ကို ကြည့်ပြီး အဆင့်မြင့်အတွင်းအားကျင့်စဉ်ကို ရွေးချယ်လိုက်သည်။ အဆင့်မြင့်အတွင်းအားကျင့်စဉ်၏ အချက်အလက်များက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ ခဏကြာသောအခါ ရှောင်ဟီက မျက်လုံးများ ဖွင့်လိုက်သည်။
" မင်းက အသစ်ဆိုတော့ ပြောစရာရှိသေးတယ်။ ဒီကျင့်စဉ်ကို အပြင်ကို ဖြန့်လို့မရဘူး။ အရှင်ခွင့်မပြုဘဲ လုပ်ခဲ့ရင် အဲ့ဒီလူရဲ့ စိတ်အသိက ပျက်စီးသွားပြီး အသက်ရှိတဲ့ အလောင်းကောင်ဖြစ်သွားလိမ့်မယ်။ ဒုတိယအချက် အရှင်ကို သစ္စာဖောက်လို့မရဘူး။ သစ္စာဖောက်နဲ့ အတွေးမျိုး တွေးရင်တောင် အရှင်က သိလိမ့်မယ်။ " ယင်ပုက ရှောင်ဟီကို အေးစက်စွာ ပြောလိုက်သည်။ ယန်ထင်၏ အုပ်ချုပ်သူအနေဖြင့် သူက ကျောက်ဖုန်း၏ ဓားဖြစ်သည်။
" နားလည်ပါပြီ။ " ရှောင်ဟီက မေးလိုက်သည်။
" ညီလေးရှောင် မင်း လေ့ကျင့်ဖို့ နေရာတစ်ခုရှာလိုက်။ မရှင်းတာရှိရင် ငါတို့ကို လာမေးလို့ရတယ်။ လေ့ကျင့်ပြီးရင် မင်းရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ အရိုးသန့်စင်ခြင်းဆေးမှုန့် သုံးထုတ်ပေးမယ်။ " လီမုက ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အကိုလီ။ " ရှောင်ဟီက ချက်ချင်း ပြောလိုက်သည်။
ခန်းမထဲတွင်။
" သိုင်းတာအိုအမြစ် စစ်ဆေးခြင်းကျောက်တိုင်။ သွေးနဲ့ထိလိုက်ရင် သိုင်းတာအိုအခြေခံကို သိနိုင်တယ်။ ဒါနဲ့ဆိုရင် ယန်ထင်ရဲ့ လူသစ်စုဆောင်းမှုက အရည်အချင်းကိုပဲ အာရုံစ်ုက်နိုင်လိမ့်မယ်။ ဒီလက်နက်သန့်စင်ခြင်းအမွေအနှစ်က မီးဖိုမလိုအပ်ဘူး။ " ကျောက်ဖုန်းက တွေးလိုက်သည်။ သူက ပထမဆုံးအကြိမ် လက်နက်ပြုလုပ်ခြင်းကို စတင်လိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် ကျောက်ဖုန်းက ကျင့်ကြံခြင်းမှထွက်လာခဲ့သည်။
" အရှင်ကို ကြိုဆိုပါတယ်။ " လီမုနှင့် အခြားသူများက ဦးညွှတ်လိုက်ကြသည်။
" ငါပစ္စည်းအချို့ ပြုလုပ်ထားတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောပြီး လက်ဝှေ့ရမ်းလိုက်သည်။
သိုင်းတာအိုအမြစ်စစ်ဆေးခြင်းကျောက်တိုင်ငါးခုက လူငါးယောက်၏ ရှေ့တွင် ပေါ်လာသည်။ ၎င်းတို့ ခါးလောက်မြင့်ပြီး နက်နဲသော အော်ရာကို ထုတ်လွှတ်နေသည်။
" ဒါတွေက သိုင်းတာအိုအမြစ်စစ်ဆေးခြင်းကျောက်တိုင်တွေပဲ။ ဒီနေ့က စပြီး ယန်ထင်က ဒါတွေနဲ့ စစ်ဆေးပြီး လူခေါ်ယူမယ်။ သိုင်းတာအိုအမြစ်ရှိတဲ့သူတွေကို အဓိကလေ့ကျင့်ပေးပြီး မရှိတဲ့သူတွေကိုတော့ သာမန်အတိုင်း လေ့ကျင့်ပေးမယ်။ " ကျော်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ယင်ပုက ချက်ချင်း ပြန်ဖြေလိုက်သည်။
" ပြီးတော့ မင်းတို့ ငါ့နောက်ကို လိုက်လာတာ နှစ်ပေါင်းများစွာရှိပြီ။ မင်းတို့အတွက်လည်း ငါ လက်နက်အချို့ လုပ်ပေးထားတယ်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်နှင့် ဓားခြောက်လက်ပေါ်လာပြီး မြေကြီးထဲသို့ စိုက်ဝင်သွားသည်။
ဓားခြောက်လက်က အေးစက်သော အလင်းများ ထွက်ပေါ်နေပြီး တစ်ချက်ကြည့်ရုံနှင့် နတ်လက်နက်များဖြစ်သည်မှာ ထင်ရှားသည်။ ထိုနေရာတွင် လီမု၊ စစ်မာရှန်း၊ ချင်ချင်း၊ ရှောင်ဟီနှင့် ယင်ပု လူငါးယောက်ရှိနေသည်။ ထိုဓားများက သူ လေ့ကျင့်ဖန်တီးထားခြင်းဖြစ်သော်လည်း အားလုံးက အဆင့်မြင့်လက်နက်များဖြစ်ကြသည်။
" အရှင်ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ " အားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
" ပြီးတော့ ယင်ပု အနာဂတ်မှာ ဆေးပညာနဲ့ ပန်းပဲလုပ်ငန်းတွေမှာ ကျွမ်းကျင်တဲ့သူတွေကို လေ့ကျင့်ပေးပါ။ ငါက ဆေးဖော်စပ်ခြင်းနဲ့ လက်နက်သန့်စင်ခြင်းတွေမှာ ထူးချွန်တဲ့သူတွေ လိုအပ်တယ်။ အဲ့ဒီလူတွေက အလယ်အလတ်အဆင့်နဲ့ ပိုမြင့်တဲ့ သိုင်းတာအိုအမြစ်တွေ ရှိရမယ်။ အဲ့ဒီအချိန်ကျရင် ယန်ထင်မှာ ငါ ဆေးဖော်စပ်ခြင်းနဲ့ လက်နက်သန့်စင်ခြင်းနည်းလမ်းတွေကို သင်ပေးမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" နားလည်ပါပြီ။ " ယင်ပုက ခေါင်းညိမ့်လိုက်သည်။
သူတည်ထောင်ခဲ့သော ယန်ထင်က သူ၏ အနာဂတ်အင်ပါယာအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ ဆေးဖော်စပ်ခြင်းနှင့် လက်နက်သန့်စင်ခြင်းအပိုင်းတွင်လည်း ပြည့်စုံရမည်။ အနာဂတ်တွင် အင်ပါယာတစ်ခု တည်ထောင်ရန် ရည်ရွယ်ထားခြင်းဖြစ်သောကြောင့် ယခုကတည်းက စီစဉ်ထားရမည်ဖြစ်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့