← Chapters

အခန်း ၄၀၄

Vol. 41 Ch. 404

အခန်း ၄၀၄

Vol. 41 Ch. 404

အခန်း (၄၀၄)

ကျောက်စံအိမ်။

" ဖုန်းအာ ဘယ်တွေလျှောက်သွားနေတာလဲ။ " ရှတုန်အာက ကျောက်ဖုန်းကို ကြည့်ပြီး ဆူပူလိုက်သည်။

" အမေ ကျွန်တော် ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိနေလို့ သွားလိုက်တာပါ။ အခု ပြန်ရောက်ပြီလေ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

သူက သူ၏ မိခင်ကို ပြန်မပြောရဲပေ။ ယန်နယ်မြေမှ ပထမဆုံး ပြန်ရောက်ချိန်ကလည်း သူ့ကို ဘာမှဂရုမစိုက်ဘဲ လုပ်သည်ဟု ရှတုန်အာက ဆူပူခဲ့သည်။ ၎င်းက သူ့အပေါ် သူ့အမေ၏ ဂရုစိုက်မှုပင်ဖြစ်သည်။

" အစ်ကိုက အမြဲတမ်းပဲ လျှောက်သွားနေတော့တာပဲ။ " ကျောက်ရင်က စနောက်လိုက်သည်။

" မင်းကတော့..." ကျောက်ဖုန်းက သူမကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

" ဒီတစ်ခါ အိမ်မှာနေပြီး အမေ့ကို ပြုစုမှာပါ။ ကျွန်တော် ရှန်းယန်ကို ပြန်သွားပြီးရင် ပြန်လာခဲ့ပါမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" သား ဘယ်တော့သွားမှာလဲ။ " ရှတုန်အာက မေးလိုက်သည်။

" ယန်နယ်မြေကို ပြန်ရောက်တော့ အရှင်မင်းကြီးက အမြန်ပြန်လာဖို့ အမိန့်ထုတ်ခဲ့တာ။ အခု အိမ်ပြန်ရောက်တာ ရက်အတော်ကြာပြီဆိုတော့ သဘက်ခါလောက် သွားမယ်။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။

" အရှင်မင်းကြီးရဲ့ အမိန့်ဆိုတော့ လိုက်နာရမှာပေါ့။ " ရှတုန်အာက ခေါင်းညိမ့်လိုက်သည်။

" အမေ ကျွန်တော်နဲ့ ရှန်းယန်ကို လိုက်ခဲ့ပါလား။ " ကျောက်ဖုန်းက ဖြောင့်ဖျလိုက်သည်။

" အဲ့ဒီအကြောင်း နောက်မှပဲ ပြောကြတာပေါ့။ " ရှတုန်အာက ခေါင်းခါလိုက်သည်။

ကျောက်ဖုန်းက ရှတုန်အာ၏ အမူအရာကို ကြည့်ပြီး ဆက်မတိုက်တွန်းတော့ပေ။

" ဖုန်းအာ လီယောင်ကို ဘယ်လိုထင်လဲ။ " ရှတုန်အာက ရုတ်တရက် မေးလိုက်သည်။

" လီယောင်က ကျွန်တော်ရဲ့ စစ်သူကြီးတွေထဲက တစ်ယောက်ဆိုပေမယ့် သူ့အကြောင်း သေချာမသိဘူး။ ရင်အာက သူနဲ့ အချိန်ဖြုန်းတာပိုများတော့ သူမကိုပဲ မေးကြည့်လိုက်ပါ။ ရင်အာသဘောကျရင် အစ်ကိုတစ်ယောက်အနေနဲ့ ကျွန်တော်လည်း လက်ခံပေးမှာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ရှတုန်အာက ကျောက်ရင်ကို ကြည့်လိုက်သည်။ " ရင်အာ သမီးက အသက် ၂၂ နှစ်ကျော်ပြီ။ မကြာခင် ၂၃ နှစ် ပြည့်တော့မယ်။ သမီးနဲ့ ရွယ်တူတွေ အိမ်ထောင်ပြုပြီး ကလေးမွေးနေကုန်ပြီ။ လီယောင်ကို သင့်တော်ထင်ရင် သူ့ကို ရွေးချယ်လိုက်ပါ။ သူ သမီးကို ဂရုစိုက်တာ အမေသိတယ်။ ပြီးတော့ သူက သမီးထက် နှစ်နှစ်သုံးနှစ်ပဲ ကြီးတာ။ အိမ်ထောင်လည်းမပြုရသေးတော့ အဆင်ပြေတာပေါ့။ ပြီးတော့ ဖုန်းအာလည်း ရှိနေတော့ သမီး ဒုက္ခမရောက်ပါဘူး။ "

ရှတုန်အာက ကျောက်ရင်၏ အိမ်ထောင်ရေးအတွက် အမှန်တကယ် စိတ်ပူနေသည်။ လီယောင်၏ ဇွဲရှိရှိ ကြိုးစားမှုက ကျောက်ရင်ကို စိတ်လှုပ်ရှားစေခဲ့သည်။ သူမက လီယောင်အကြောင်း ကျန်းမင်ဆီကတစ်ဆင့် သိခဲ့ရသည်။

" ရင်အာ ဒါက မင်းဆုံးဖြတ်ရမှာပဲ။ " ကျောက်ဖုန်းက ကျောက်ရင်၏ ရွေးချယ်မှုကို အဓိကဦးစားပေးသည်။

" အစ်ကို ခဏစောင့်ကြည့်တာပေါ့။ သူရဲ့ မေတ္တာစစ်ရင် ညီမသိရမှာပဲ။ " ကျောက်ရင်က ခဏစဉ်းစားပြီး ချက်ချင်း သဘောမတူပေ။

" ရင်အာ " ရှတုန်အာက အနည်းငယ် စိတ်ပူသွားသည်။

" အမေ ရင်အာ ဆုံးဖြတ်ချက်အတိုင်း လုပ်ကြတာပေါ့။ သူမ လက်ထပ်ဖို့က အဲလောက်မလွယ်ကူဘူး။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။

" ကျန်းမင် "

" ကျွန်တော်ရှိပါတယ်။ " ကျန်းမင်က ချက်ချင်း ရောက်လာသည်။

" လီယောင်ကို ခန်းမထဲမှာ စောင့်နေဖို့ ပြောလိုက်ပါ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းမင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

မကြာမီ ကျောက်စံအိမ်၏ ခန်းမထဲတွင်။

" စစ်သေနာပတိချုပ်။ " လီယောင်က ကျောက်ဖုန်းကို ဦးညွှတ်လိုက်သည်။

" ထိုင်ပါ။ " ကျောက်ဖုန်းက လျှောက်လာပြီး ခေါင်းညိမ့်လိုက်သည်။

" ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်။ " လီယောင်က စိုးရိမ်စွာဖြင့် ထိုင်လိုက်သည်။

" မင်း ရင်အာကို တကယ်ချစ်တာလား။ " ကျောက်ဖုန်းက လီယောင်ကို စိုက်ကြည့်ပြီး ဖြည်းညင်းစွာ မေးလိုက်သည်။

" စစ်သေနာပတိချုပ် ကျွန်တော် ရင်အာကို တကယ်ချစ်တာပါ။ သူမကို ပထမဆုံး မြင်လိုက်ရကတည်းက သူမအပေါ် မေတ္တာရှိခဲ့တာပါ။ ရင်အာ သဘောတူသရွေ့ ကျွန်တော် ဘာမဆို လုပ်နိုင်ပါတယ်။ ဒီဘဝအတွက် ကျွန်တော် သူမကိုပဲ ရွေးချယ်ထားပါတယ်။ သူမသာ ကျွန်တော်ကို လက်ထပ်ဖို့ သဘောတူရင် ဒီဘဝမှာ သူမတစ်ယောက်တည်းပဲ ကျွန်တော်ရဲ့ ဇနီးဖြစ်ပါလိမ့်မယ်။ အခြားဘယ်သူမှမရှိစေရပါဘူး။ " လီယောင်က ချက်ချင်း ထရပ်ပြီး ကတိပေးလိုက်သည်။

ဤခေတ်တွင် မိန်းမတစ်ယောက်တည်းကို လက်ထပ်ခြင်းက အမှန်တကယ် ရှားပါးလှသည်။ သို့သော် ယခုအချိန်တွင် လီယောင်က ဆက်တိုက်ကတိပေးနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျောက်ဖုန်းက ချင်နိုင်ငံ၏ စစ်သေနာပတိချုပ်ဖြစ်သည်။ လီယောင်သာ ကတိဖျက်ခဲ့လျှင် စကားလုံးအနည်းငယ်နှင့် ဖြေရှင်းနိုင်မည်မဟုတ်ပေ။

" မင်း စကားကို မှတ်ထားပါ။ " ကျောက်ဖုန်းက လီယောင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က ကျွန်တော် ရင်အာကို လိုက်တာကို မကန့်ကွက်ဘူးလား။ " လီယောင်က အံ့ဩစွာဖြင့် မေးလိုက်သည်။

" ငါသာ ကန့်ကွက်ချင်ရင် မင်း ရင်အာနား စကပ်ကတည်းက ကန့်ကွက်မှာပေါ့။ ပြီးတော့ ရင်အာရဲ့ အိမ်ထောင်ရေးကို သူမကိုယ်တိုင် ဆုံးဖြတ်လိမ့်မယ်လို့ ငါပြောပြီးသားပဲ။ ငါ သူမကို အတင်းအကျပ် လုပ်မှာမဟုတ်သလို ဘယ်သူမှမလုပ်စေရဘူး။ ရင်အာက မင်းကို မုန်းနေတာတော့ မဟုတ်ပါဘူး။ မင်းအပေါ် သံယောဇဉ်နည်းနည်းတော့ ရှိပါတယ်။ မင်း တကယ်ကြိုးစားရင် အခွင့်အရေးရလာမှာပါ။ အဲ့ဒီနေ့ ရောက်လာရင် မင်းအဖေကို အိမ်ထောင်ရေးကမ်းလှမ်းခိုင်းလိုက်ပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" စိတ်ချပါ စစ်သေနာပတိချုပ် ကျွန်တော် ဘယ်တော့မှ လက်မလျှော့ပါဘူး။ " လီယောင်က ချက်ချင်း ပြန်ပြောလိုက်သည်။ ယခုအချိန်တွင် သူက ပို၍ စိတ်အားတက်ကြွသွားပြီဖြစ်သည်။

" လီစီ မင်းရဲ့ သားက ရင်အာနဲ့ တကယ်လက်ထပ်ဖြစ်ခဲ့ရင် အနာဂတ်မှာ မင်းရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ငါ လီယောင်ကိုတော့ ကာကွယ်ပေးမှာပါ။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

သမိုင်းတွင် လီစီက နောက်ဆုံး ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ချင်ရှီဟွမ် ကွယ်လွန်ပြီး ဟူဟိုက်နန်း​တက်ချိန်တွင် ကျောက်ကောင်းက သူ၏ မိသားစုတစ်ခုလုံးကို ကွပ်မျက်ခဲ့သည်။ လီယောင်လည်း ချွင်းချက်မရှိပေ။ ကျောက်ဖုန်းက လီစီကို သဘောမကျပေ။ ထိုလူက လှည့်ကွက်များဖြင့် ပြည့်နှက်နေသည်။ သို့သော် လီစီက လီစီ၊ လီယောင်က လီယောင်ဖြစ်သည်။

ကျောက်ဖုန်းက ကိုယ်ပိုင်ရည်မှန်းချက်ရှိသည်။ ချင်ဘုရင်ရှိနေသရွေ့ သူက ချင်နိုင်ငံအတွက် ရန်သူများကို တိုက်ခိုက်ပေးမည်ဖြစ်သည်။ သို့သော် ချင်ဘုရင်မရှိတော့လျှင် ရှန်းကျိုးကို နောက်တစ်ကြိမ် စုစည်းပြီး ကမ္ဘာကို အုပ်စိုးမည့်သူက ကျောက်ဖုန်းသာ ဖြစ်သည်။

ကျန်းထိုင်နန်းဆောင်။

" အရှင်မင်းကြီး ယန်နယ်မြေက အစီရင်ခံစာတွေ ရောက်လာပါပြီ။ ဒါက ယန်နယ်မြေရဲ့ အိမ်ထောင်စုစာရင်းနဲ့ ပြည်သူတွေကို အခြေချပေးတာနဲ့ သက်ဆိုင်ပါတယ်။ " ကျောက်ကောင်းက အစီရင်ခံစာပုံကြီးကို ညွှန်ပြပြီး ပြောလိုက်သည်။

" ဒါက အကုန်လား။ " ရင်ကျန့်က မေးလိုက်သည်။

" အရှင်မင်းကြီး ဒါက ၃၀ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ နောက်ထပ် ၇၀ ရာခိုင်နှုန်းက မရောက်သေးပါဘူး။ " ကျောက်ကောင်းက ပြန်ဖြေလိုက်သည်။

" အင်း " ရင်ကျန့်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိမ့်လိုက်သည်။

ဝန်ကြီးကိုးပါး ရှိနေသော်လည်း အရာရှိများက အလွန်နည်းလွန်းသည်။ နယ်မြေသစ်များ ရရှိလာသောအခါ ဖြေရှင်းရမည့် ကိစ္စများက ပုံအောလာပြီး နောက်ဆုံးတွင် ရင်ကျန့်ဆီသာ ရောက်လာခဲ့သည်။

" အရှင်မင်းကြီး တစ်နေကုန် အစီရင်ခံစာတွေနဲ့ အလုပ်လုပ်နေတာ ခဏလောက် အနားယူပါလား။ " ကျောက်ကောင်းက ပြောလိုက်သည်။

ရင်ကျန့်က ကျောက်ကောင်းကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ " အစီခံစာတွေက နိုင်ငံရေးကိစ္စတွေပဲ။ နည်းနည်းလွဲချော်သွားတာနဲ့ မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်။ "

ရင်ကျန့်က စကားပြောရင်း စားပွဲပေါ်မှ ပုလင်းအလွတ်များကို ကြည့်ပြီး စိတ်ထဲမှ တွေးလိုက်သည်။ " အဲ့ဒီကောင်စုတ်လေး အခုထိ ပြန်မ​လာသေးဘူး။ ဆေးပုလင်းတွေလည်း ကုန်ပြီ။ စိတ်ဝိညာဉ်ဆေးလုံးတွေမပါဘဲ အစီရင်ခံစာတွေ စစ်ဆေးရတာ တကယ်ပင်ပန်းတယ်။ "

" ကျောက်ဖုန်း ပြန်မရောက်သေးဘူးလား။ " ရင်ကျန့်က မေးလိုက်သည်။

" အရှင်မင်းကြီး စစ်သေနာပတိချုပ် ပြန်လာရင် ချက်ချင်း လာသတိပေးဖို့ ပြောထားပါတယ်။ " ကျောက်ကောင်းက ပြန်ပြောလိုက်သည်။ " စစ်သေနာပတိချုပ်က မနေ့က ရှန်းယန်နယ်စပ်ကို ရောက်လာပြီလို့ ပြောပါတယ်။ မကြာခင် ရောက်လာပါလိမ်မယ်။ "

" ကျောက်ဖုန်းပြန်ရောက်တာနဲ့ ကျန်းထိုင်နန်းဆောင်ကို ချက်ချင်း လာခဲ့ဖို့ ပြောလိုက်။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျောက်ကောင်းက ခေါင်းညိမ့်လိုက်သည်။

" အရှင်မင်းကြီး သူပြန်လာရင် လိမ့်ပြီး ဝင်လာစရာတော့ မလိုဘူးမလား။ "

ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းကို ကြားသောအခါ ရင်ကျန့်၏ အေးသက်နေသော မျက်နှာက တောက်ပသွားပြီး ချက်ချင်း ပြုံးလိုက်သည်။

" လိမ့်ပြီး ဝင်ခဲ့။ "

ကျောက်ဖုန်းက ပြုံး၍ ခန်းမထဲသို့ လျှောက်ဝင်လာသည်။ ဘေးမှ ကျောက်ကောင်းက ရင်ကျန့်ကို ဦးညွှတ်ပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။

" ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းက ရင်ကျန့်ကို နှုတ်ဆက်လိုက်သည်။

ရင်ကျန့်က ကျောက်ဖုန်းကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေသည်။

" မဆိုးဘူး။ လူတစ်သောင်းတည်းနဲ့ တိုင်းတစ်ပါးသားတွေကို ဝင်တိုက်ရဲတယ်ပေါ့။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

ကျောက်ဖုန်းက ရင်ကျန့်၏ အမူအရာကို ကြည့်ပြီး စိတ်ထဲမှ ပြုံးကာ ရင်ကျန့်၏ ဘေးတွင် ထိုင်လိုက်သည်။

" အရှင်မင်းကြီးက ကျွန်တော်မျိုးကို အထင်မှားနေပါပြီ။ မြောက်ဘက်နယ်စပ်ရဲ့ အခြေအနေက တိုင်းတစ်ပါးသားတွေရဲ့ ခြိမ်းခြောက်မှုနဲ့ ချက်ချင်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒီတိုက်ပွဲက အန္တရာယ်များပေမယ့် ကျွန်တော်မျိုးက မြောက်ဘက်နယ်စပ်ကို ဆယ်နှစ်တာ ငြိမ်းချမ်းအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ တုန်ဟူလူမျိုးတွေက ရှန်းကျိုးနယ်မြေကို ဆယ်နှစ်အတွင်း ကျူးကျော်နိုင်မှာ မဟုတ်ပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters