← Chapters

အခန်း ၄၀၅

Vol. 41 Ch. 405

အခန်း ၄၀၅

Vol. 41 Ch. 405

အခန်း (၄၀၅)

" ဆယ်နှစ်တာ ငြိမ်းချမ်းရေးလား။ငါ အဲ့ဒါကို ဂရုစိုက်မယ်လို့ မင်းထင်နေလား။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ဖုန်းက ရင်ကျန့်ကို နားမလာ်နိုင်ဖြစ်သွားသည်။ မြောက်ဘက်နယ်စပ်က ဆယ်နှစ်တာ ငြိမ်းချမ်းရေးရပြီး အင်အားကြီးမျိုးနွယ်စု၏ ကျူးကျော်မှုကို ရှောင်ရှားနိုင်ခြင်းက ကောင်းသောအရာမဟုတ်ဘူးလား။

" အရှင်မင်းကြီး မြောက်ဘက်နယ်စပ်ရဲ့ ဆယ်နှစ်တာ ငြိမ်းချမ်းရေးအတွက် အလဲအလှယ်လုပ်ရတာ တန်တယ်လို့ ကျွန်တော်မျိုးထင်ပါတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ငါ့မျက်စိထဲမှာတော့ ဒီဆယ်နှစ်တာ ငြိမ်းချမ်းရေးက မင်းရဲ့ အသက်နဲ့ မယှဉ်နိုင်ဘူး။ မင်းသာ မြောက်ဘက်နယ်စပ်မှာ သေသွားခဲ့ရင် ဒီဆယ်နှစ်တာ ငြိမ်းချမ်းရေးက ဘာအသုံးဝင်မှာလဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ကျောက်ဖုန်းက ကြောင်သွားသည်။ ရင်ကျန့်၏ စကားများက လျှောက်ပြောနေခြင်းမဟုတ်ဘဲ သူ့အား အမှန်တကယ် စိုးရိမ်နေသည်ကို နားလည်လိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးက ချင်နိုင်ငံရဲ့ စစ်သည်တစ်ယောက်၊ ဟွာရှလူမျိုးတွေရဲ့ စစ်သည်တစ်ယောက်ပါ။ တိုင်းတစ်ပါးသားတွေက ကျွန်တော်မျိုးတို့ ဟွာရှလူမျိုးတွေကို သတ်ဖြတ်နေတာ ကျွန်တော်မျိုး ဘေးက ထိုင်ကြည့်မနေနိုင်ပါဘူး။ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘဲ မြောက်ဘက်နယ်စပ်ကို လိုက်လာတဲ့ စစ်သည်တိုင်းက ဒီလို တွေးကြပါတယ်။ စစ်ပွဲမှာ ကျဆုံးသွားရင်တောင် သူတို့ နောင်တမရဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

ကျောက်ဖုန်း၏ စကားများကို ကြားပြီး ရင်ကျန့်က ဘာပြောရမှန်းမသိဖြစ်သွားသည်။ ကျောက်ဖုန်း၏ စွမ်းဆောင်မှုများက လူတိုင်းအတွက် လေးစားစရာဖြစ်သည်။ သို့သော် ဖခင်တစ်ယောက်အနေဖြင့် သူက သူ၏ သားကို စိုးရိမ်နေခြင်းဖြစ်သည်။

" တော်ပြီ။ " ရင်ကျန့်က သက်ပြင်းချလိုက်ပြီး သူ၏ အမူအရာက ပြေလျော့သွားသည်။ " အနာဂတ်မှာ ဒီလိုကိစ္စမျိုးတွေ ကြုံလာခဲ့ရင် အလောတကြီး မလုပ်နဲ့။ "

" အရှင်မင်းကြီး စစ်မြေပြင်ရဲ့ အခြေအနေက အမြဲတမ်း ပြောင်းလဲနေတာပါ။ ဒါပေမယ့် ဒီလိုမျိုး​ နောက်ထပ် ကြုံတွေ့ရဖို့င ခက်ခဲပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အခု ရှန်းကျိုးနယ်မြေမှာ နိုင်ငံနှစ်ခုပဲ ကျန်တော့တယ်။ တိုင်းတစ်ပါးသားတွေကို ဘာလို့ကြောက်နေရမှာလဲ။ မင်းက မြောက်ဘက်နယ်စပ် ဆယ်နှစ် ​ငြိမ်းချမ်းဖို့ အသက်ရင်းခဲ့ပေမယ့် ရှန်းကျိုးနယ်မြေကို စုစည်းပြီးသွားရင် တိုင်းတစ်ပါးသားတွေက ကြွက်တွေလို ဖြစ်သွားလိမ့်မယ်။ သူတို့သာ လာရဲရင် ငါသူတို့ကို အမြစ်ပြတ်ချေမှုန်းပစ်မယ်။ " ရင်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။

" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ချီးကျူးမနေနဲ့။ မင်းအိမ်ပြန်သွားတာ မင်းအမေရော နေကောင်းရဲ့လား။ " ရင်ကျန့်က မေးလိုက်သည်။

" စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ အမေလည်း နေကောင်းပါတယ်။ သူမက အရင်လိုပဲ ဆေးမြစ်တွေကြိတ်ပြီး ဆေးတွေဖော်နေတုန်းပါပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကောင်းပါတယ်။ ဒါပေမယ့် နောက်တစ်ခါ စစ်မြေပြင်မှာ အန္တရာယ်ရှိတဲ့ ကိစ္စတွေ လုပ်တော့မယ်ဆိုရင် မင်းရဲ့ မိသားစုကို စဉ်းစားပါ။ မင်းသာ စစ်ပွဲမှာ တကယ်ကျဆုံးခဲ့ရင် မင်းရဲ့ မိသားစုက အများဆုံး ခံစားရမှာပဲ။ " ရင်ကျန့်က စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

" စိတ်ချပါ အရှင်မင်းကြီး။ ကျွန်တော်မျိုးအသက်ကို ယူနိုင်မယ့်သူ မမွေးသေးပါဘူး။ ဒီလမ်းကို ရွေးပြီးကတည်းက ကျွန်တော်မျိုးမှာ နောင်တမရှိပါဘူး။ နောင်တရှိခဲ့ရင် ဒီနေရာထိ ရောက်လာမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ရယ်မောပြီး ပြောလိုက်သည်။

" ကောင်းပြီ။ ငါ ဒီနေ့ မင်းကို မတားတော့ဘူး။ မင်းအိမ်ပြန်ပြီး မိန်းမနဲ့ ကလေးတွေကို အရင်သွားတွေ့လိုက်ပါဦး။ မနက်ဖြန် ညီလာခံပြီးရင် ကျန်းထိုင်နန်းဆောင်ကို လာခဲ့ပါ။ " ရင်ကျန့်က ကျောက်ဖုန်း ပင်ပန်းနေသည်ကို သိသောကြောင့် အိမ်ပြန်ခိုင်းလိုက်သည်။

" ဒါဆို ​ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ အပြင်မှာ အကြာကြီးရှိနေခဲ့တော့ အိမ်မှာ ဘာတွေဖြစ်နေလဲမသိဘူး။ " ​ကျောက်ဖုန်းက ထရပ်လိုက်ပြီး ဦးညွှတ်ကာ ထွက်ခွာသွားသည်။

ရင်ကျန့်က ထွက်ခွာသွားသော ကျောက်ဖုန်းကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ " အနည်းဆုံးတော့ ဒီကောင်လေး အသက်ရှင်လျက် ပြန်လာနိုင်တာပဲ။ မဟုတ်ရင် သူ့အမေကို ငါ ဘယ်လိုမျက်နှာပြရမှန်း သိမှာမဟုတ်ဘူး။ "

ကျောက်စံအိမ်။

" သခင်ကြီး ပြန်ရောက်လာပြီ။ " ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ စံအိမ်တစ်ခုလုံးမှ အစေခံများက အလုပ်ရှုပ်သွားကြသည်။ တံခါးပေါက်ရှေ့တွင် ဝမ်ယန်နှင့် ကလေးနှစ်ယောက်တို့က ရပ်စောင့်နေကြသည်။

သူတို့ နောက်ဆုံးတွေ့ခဲ့သည်မှာ နှစ်နှစ်နီးပါးရှိပြီဖြစ်သည်။ ကလေးနှစ်ယောက်က ယခု ခြောက်နှစ်ရှိနေပြီဖြစ်ပြီး အရပ်လည်း ပိုရှည်လာကြသည်။ ဝမ်ယန်က ကျောက်ဖုန်း၏ တတိယမြောက်သားဖြစ်သော ကျောက်ဝူကို ပွေ့ချီထားသည်။ သူမ၏ ဘေးမှ ဝူယန်ကလည်း သူမ၏ သမီးလေး ကျောက်ဖန်ကို ပွေ့ချီထားသည်။

" ကြိုဆိုပါတယ် ယောက်ျား" ဝမ်ယန်နှင့် ကိုယ်လုပ်တော်များက ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။

ကျောက်ဖုန်းက သူ၏ ဇနီးနှင့် ကိုယ်လုပ်တော်များကို ကြည့်ပြီး ပြုံးလိုက်သည်။

" ချီအာ၊ လင်းအာ အဖေ့ဆီလာပါဦး။ " ကျောက်ဖုန်းက ထိုင်ပြီး လက်ယပ်ခေါ်လိုက်သည်။

" အဖေ " ကလေးနှစ်‌ယောက်က ချက်ချင်း ပြေးလာပြီး ကျောက်ဖုန်း၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ကြသည်။ ကျောက်ဖုန်းက ကလေးနှစ်ယောက်ကို ပွေ့ချီပြီး ဝမ်ယန်ဆီသို့ လျှောက်သွားသည်။

" ဝူအာနဲ့ ဖန်အာတို့လည်း ကြီးလာကြပြီပဲ။ " ကျောက်ဖုန်းက ဝမ်ယန်နှင့် ဝူယန်တို့ ပွေ့ချီထားသော ကလေးနှစ်ယောက်ကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။ သူက သူ၏ မိသားစုကို ကြည့်ပြီး အလွန်ကျေနပ်နေသည်။

" ယောက်ျား အဖေနဲ့ အမေ အကိုတို့က ခန်းမထဲမှာ စောင့်နေကြတယ်။ " ဝမ်ယန်က ပြုံး၍ ပြောလိုက်သည်။

" ယောက္ခမကြီးကို စောင့်ခိုင်းလို့ မဖြစ်ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ခန်းမဆီသို့ လျှောက်သွားလိုက်သည်။ " အိမ်တော်ထိန်း ဒီနေ့ ငါတို့အားလုံးအတွက် ညစာ ပြင်ထားလိုက်ပါ။ ပြီးတော့ ငါရဲ့ ကိုယ်ရံတော်တွေကိုလည်း ဂရုစိုက်ပေးပါဦး။ "

" ဟုတ်ကဲ့ပါ။ " အိမ်တော်ထိန်းက ချက်ချင်း ပြန်ပြောလိုက်သည်။

ခန်းမထဲတွင် ဝမ်ကျန့်နှင့် ဝမ်ပင်းတို့က လက်ဖက်ရည်သောက်နေကြပြီး ဝမ်ကတော်နှင့် လီယန်တို့က ထိုင်နေကြသည်။ ဝမ်လီကလည်း ထိုနေရာတွင် ရှိနေပြီး ယခုဆိုလျှင် သူက အသက်က ၁၃နှစ် ရှိပြီဖြစ်သည်။

" ယောက္ခမကြီး " ကျောက်ဖုန်းက ခန်းမထဲသို့ ဝင်လာပြီး နှုတ်ဆက်လိုက်သည်။

" ကောင်လေး နောက်ဆုံးတော့ ပြန်လာပြီပေါ့။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" စစ်ပွဲက ပြီးသွားပြီဆိုတော့ ပြန်လာရမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။

" ဒီရက်ပိုင်း ယန်အာက မင်းကို အတော်လေး စိတ်ပူနေခဲ့တာ။ မြောက်ဘက်နယ်စပ် တိုင်းတစ်ပါးသားတွေဆီကို စစ်သည်တစ်သောင်းတည်းနဲ့ ဝင်သွားတာ ငါတောင် စိတ်ပူမိတယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" ယောက်ဖ မင်းရဲ့ စွမ်းဆောင်မှုက တကယ်ကြီးမားတာပဲ။ ဒီစစ်ပွဲမှာ မပါလိုက်ရတာ နှမြောစရာပဲ။ မဟုတ်ရင် အဲ့ဒီတိုင်းတစ်ပါးသားတွေကို သတ်ပစ်လို့ရတယ်။ ဒီလိုတိုက်ပွဲမျိုးက ငါတို့ ဟွာရှလူမျိုးတွေရဲ့ စွမ်းအားကို ပြသတာပဲ။ " ဝမ်ပင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" မင်းသာ အဲ့ဒီမှာ ရှိနေရင် တိုင်းတစ်ပါးသားတွေကို ပိုပြီး သတ်နိုင်မှာ သေချာတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဟားဟား အဖေ ကြားတယ်မလား။ ချင်ရဲ့ စစ်နတ်ဘုရားကတောင် ကျွန်တော်ကို ချီးကျူးနေတယ်။ " ဝမ်ပင်းက ရယ်မောလိုက်သည်။

" အရှက်မရှိဘူး။ မင်းယောက်ဖက မင်းကို အားနာလို့ ပြောတာ။ " ဝမ်ကျန့်က စိတ်ပျက်စွာ ပြောလိုက်သည်။

" ဝမ်လီတောင် အတော်လေး ကြီးလာပြီပဲ။ အနာဂတ်မှာ မင်း ဦးလေးရဲ့ စစ်တပ်ထဲကို လာခဲ့။ ငါမင်းကို စစ်မြေပြင်ကို ခေါ်ပြီး ရန်သူတွေကို သတ်ခိုင်းမယ်။ " ကျောက်ဖုန်းက ဝမ်လီကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။

" ဦးလေး တကယ်ပြောတာလား။ " ဝမ်လီ၏ မျက်လုံးများက တောက်ပသွားသည်။

" မင်းရဲ့ အဘိုးသဘောတူရင် မင်းဦးလေးက မင်းကို သေချာပေါက် ခေါ်သွားမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အဘိုး " ဝမ်လီက ဝမ်ကျန့်ကို ကြည့်လိုက်သည်။

" ဒီကောင်လေးက ၇ နှစ် ၈နှစ် လောက်ကတည်းက မင်းရဲ့ စစ်ရေးစွမ်းဆောင်မှုတွေကို နားထောင်ပြီး ကြီးပြင်းလာတာပဲ။ အခုဆိုရင် မင်းရဲ့ ဝူအန်းစခန်းထဲကို ဝင်ဖို့ပဲ တွေးနေတယ်။ " ဝမ်ကျန့်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

" ကောင်းတယ်။ နောက်တစ်ခါ ငါ စခန်းကို ပြန်ရင် မင်းကို ရန်သူတွေနဲ့ တိုက်ခိုက်ဖို့ ခေါ်သွားပေးမယ်။ မင်း အောင်မြင်မှုတွေ ရအောင် ကူညီပေးမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အဖေ သားလည်း ဝမ်းကွဲအကိုနဲ့အတူ လိုက်ချင်တယ်။ " ကျောက်ချီက ချက်ချင်း ပြောလိုက်သည်။

သူ၏ စကားကို ကြားသောအခါ လူတိုင်းက ရယ်မောလိုက်ကြသည်။

" ချီအာ မင်းက ငယ်သေးတယ်။ အရင်ဆုံး ကြီးလာအောင် စောင့်ဦး။ " ကျောက်ဖုန်းက ရယ်မောပြီး ပြောလိုက်သည်။

" အားလုံး ထိုင်ကြဦး။ ဘာလို့ ရပ်နေကြတာလဲ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ယန်အာ ချီအာနဲ့ အခြားသူတွေကို ခေါ်ပြီး သွားဆော့ခိုင်းလိုက်ပါ။ ထမင်းစားချိန်‌ရောက်ရင် ငါတို့ကို လာခေါ်လှည်ပါ။ ငါ ယောက္ခမကြီးတို့နဲ့ ဆွေးနွေးစရာရှိတယ်။ " ကျောက်ဖုန်းက ဝမ်ယန်ကို ကြည့်ပြီး ပြောလိုက်သည်။

" ကောင်းပါပြီ။ " ဝမ်ယန်က ချက်ချင်း ခေါင်းညိမ့်လိုက်ပြီး ကလေးများနှင့်အတူ ထွက်ခွာသွားသည်။

" မင်း နန်းတော်မှာ အရှင်မင်းကြီးနဲ့ သွားတွေ့ခဲ့တယ်မဟုတ်လား။ " ဝမ်ကျန့်က ပြုံး၍ မေးလိုက်သည်။

" ဟုတ်ကဲ့။ သွားတွေ့ခဲ့ပါတယ်။ သူက ကျွန်တော်ကို အိမ်ပြန်ပြီး မိသားစုနဲ့ အရင်သွားတွေ့ဖို့ ပြောခဲ့ပါတယ်။ အခြားကိစ္စတွေကိုတော့ မနက်ဖြန် ညီလာခံမှာ ဆွေးနွေးမယ်လို့ ပြောပါတယ်။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။

" အရှင်မင်းကြီးက မင်းကို ဘယ်လိုဆုလာဘ်မျိုး ပေးမလဲဆိုတာ မပြောပြဘူးလား။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" သူကတော့ မပြောပါဘူး။ ဒါပေမယ့် သတင်းအချို့တော့ ကြားထားပါတယ်။ ဘွဲ့ထူးနှစ်ဆင့်တိုးမြှင့်ပေးပြီး ဝူအန်းကျွင်းဘွဲ့ ပေးမယ်လို့တော့ ကြားတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ယန်ထင်က ယခုဆိုလျှင် ရှန်းကျိုးနယ်မြေတစ်ခုလုံး ပျံ့နှံ့နေပြီဖြစ်သည်။ ထိုသို့သော သတင်းမျိုးကို မစုံစမ်းနိုင်လျှင် ကျောက်ဖုန်း၏ မျှော်လင့်ချက်ကို ပျက်စီးစေသည်မှာ အမှန်ပင်ဖြစ်သည်။

စစ်မြပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters