အခန်း ၄၀၆
Vol. 41 Ch. 406
အခန်း (၄၀၆)
" ဘွဲ့ထူးနှစ်ဆင့်နဲ့ ဝူအန်းကျွင်းဘွဲ့ ဒါက စစ်သေနာပတိချုပ်တစ်ယောက် ရနိုင်တဲ့ အမြင့်ဆုံး အဆင့်အတန်းပဲ။ ဒါတောင် မင်းက အေးအေးဆေးဆေးပဲလား။ " ဝမ်ကျန့်က အနည်းငယ် အံ့ဩစွာ ပြောလိုက်သည်။
" ယောက္ခမကြီး ကျွန်တော်က ဝမ်းသာပြီးသွားပြီဆိုတော့အခု တည်ငြိမ်သွားပါပြီ။ ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အင်း " ဝမ်ကျန့်က ခေါင်းညိမ့်လိုက်သည်။
" အဲ့ဒီမြေခွေးအိုကြီး ဝမ်ဝမ်က ယောက္ခမကြီးနဲ့ အဆင်မပြေဘူးလို့ကြားတယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
" သူက မင်းကို အကြိမ်ကြိမ် ပစ်မှတ်ထားနေတာလေ။ ငါက ဘေးက ထိုင်ကြည့်နေနိုင်ပါ့မလား။ ငါက သူနဲ့ အဆင်မပြေဘူးဆိုတာ လူတိုင်းသိသွားကြပြီ။ အဲ့ဒါကြောင့် ဖုစုကို ထောက်ခံတဲ့သူအချို့က နောက်ဆုတ်သွားကြပြီ။ ဒါက သူတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဝမ်မိသားစုက စစ်အင်အားကို ထိန်းချုပ်ထားပြီး အာဏာကြီးမားတယ်။ အဲ့ဒီဝန်ကြီးတွေက ငါတို့ကို အလွယ်တကူ ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ "
" ပြီးတော့ မင်းနဲ့ ငါက ချင်နိုင်ငံရဲ့ စစ်အင်အားတစ်ဝက်ကို ထိန်းချုပ်ထားတော့ သူတို့အတွက် ခြိမ်းခြောက်မှုကြီးဖြစ်နေတာပေါ့။ " ဝမ်ကျန့်က လှောင်ပြုံးပြုံးလိုက်သည်။
" ယောက်ဖ အဖေက ဝမ်ဝမ်ကို စကားတစ်ခွန်းပြောလိုက်တာ။ အဲ့ဒီလူအိုကြီး အခုထိ အိပ်ပျော်မှာတောင် မဟုတ်တော့ဘူး။ " ဝမ်ပင်းက ကျေနပ်စွာ ပြောလိုက်သည်။
" ယောက္ခမကြီးက သူ့ကို ဘာပြောလိုက်လို့လဲ။ " ကျောက်ဖုန်းက သိလိုစိတ်ဖြင့် ပြောလိုက်သည်။
" ငါ ဝမ်ဝမ်ကို ပြောလိုက်တာက ဖုစုသာ အိမ်ရှေ့စံမင်းသားဖြစ်ပြီး ထီးနန်းတက်တာကို ဝမ်မိသားစုနဲ့ ကျောက်မိသားစုက ထိုင်ကြည့်နေမှာမဟုတ်ဘူးလို့။ တကယ်လို့ အဲ့ဒီနေ့သာ ရောက်လာရင် ငါ ဝမ်ကျန့်က စစ်တပ်ကို စေလွှတ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ပြောလိုက်တယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
ကျောက်ဖုန်းက အံ့ဩသွားသည်။ " ယောက္ခမကြီး အဲ့လိုပြောလိုက်တာက ဖုစုရဲ့ ထောက်ခံသူတွေကို ရန်သူလုပ်လိုက်တာပဲ။ အခုဆိုရင် ဒါက အသက်ရင်းရမယ့် တိုက်ပွဲဖြစ်သွားပြီ။ "
ဝမ်ကျန့် ပြောသော စကားများနှင့် ပက်သက်ပြီး တကယ် ဝမ်ကျန့်အစစ်မှ ဟုတ်ရဲ့လားဟု ကျောက်ဖုန်းက သံသယဝင်မိသွားသည်။ ယခင်က ဝမ်ကျန့်က အိမ်ရှေ့စံနေရာအတွက် တိုက်ပွဲများကို လုံးဝ ရှောင်ရှားခဲ့သည်။
" ဝမ်ဝမ်က ငါတို့ကို အကြိမ်ကြိမ် ပစ်မှတ်ထားတဲ့ အချိန်ကတည်းက ဝမ်မိသားစုက သူတို့နဲ့ အသက်ရင်းရမယ့် တိုက်ပွဲထဲရောက်သွားပြီ။ တစ်နေ့မှာ ဖုစုက တကယ်ပဲ နန်းတက်ခဲ့ရင် ဝမ်ဝမ်တို့က ငါတို့ကို လွှတ်ပေးမှာမဟုတ်ဘူး။ငါ ဝမ်ကျန့်က ဝန်ကြီးတစ်ယောက်ရဲ့ ကျင့်ဝတ်ကို စောင့်ထိန်းပေမယ့် သေမှာကို ထိုင်စောင့်နေမယ့်သူတော့ မဟုတ်ဘူး။ " ဝမ်ကျန့်က ပြုံးလိုက်သည်။
" အဲ့ဒါကောင်းပါတယ်။ ဒါပေမယ့် ယောက္ခမကြီး ဟူဟိုက်ကိုတော့ မထောက်ခံမိစေနဲ့။ အနာဂတ်မှာ အပြောင်းအလဲရှိလာရင် ဝမ်မိသားစုကိုရော ယောက္ခမကြီးကိုပါ ကာကွယ်ပေးနိုင်ဖို့ ကျွန်တော်မှာ ယုံကြည်မှုရှိပါတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
သူက ယခုဆိုလျှင် အင်အားကြီးမားသော ယန်ထင်ကို ပိုင်ဆိုင်ခါးပြီဖြစ်သည်။ ဝမ်မိသားစုနှင့် သူ၏ ကျောက်မိသားစုကို ကာကွယ်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခုဖြစ်သည်။
" ငါမင်းကို ယုံပါတယ်။ ဘယ်အချိန်မဆို ဝမ်မိသားစုက မင်းရဲ့ နောက်မှာ ရှိနေမယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဟုတ်တယ်။ " ဝမ်ပင်းကလည်း လေးနက်စွာ ခေါင်းညိမ့်လိုက်သည်။
ဝမ်ကျန့်၏ ကတိစကားကြောင့် ကျောက်ဖုန်းက အလွန်ကျေနပ်သွားပြီး စိတ်လှုပ်ရှားသွားမိသည်။ သူတို့က သူ့အတွက် ဖုစုကိုတောင် ဆန့်ကျင်ရန် ဝန်မလေးကြခြင်းမှာ စိတ်ရင်းမှန်ပင်ဖြစ်သည်။
" အဲ့ဒီလူအိုကြီးဝမ်ဝမ် ကျွန်တော် အချို့အရာတွေ ပြင်ဆင်ထားတယ်။ မနက်ဖြန် ညီလာခံမှာ ဝမ်ဝမ်ကို တန်ဖိုးတစ်ခုတော့ ပေးဆပ်ခိုင်းရမယ်။ " ကျောက်ဖုန်းက လှောင်ပြုံးပြုံးလိုက်သည်။
သူက ယန်နိုင်ငံကို စစ်ချီနေချိန်တွင် ယန်ထင်ကို ဝမ်ဝမ်၏ ဥပဒေချိုးဖောက်မှုများ စုံစမ်းခိုင်းထားခဲ့သည်။ ဝန်ကြီးများက အာဏာရလာသောအခါ ကိုယ်ကျိုးအတွက် အာဏာကို အသုံးပြုခြင်းက သဘာဝဖြစ်သည်။ ချင်ဘုရင်က ထိုကိစ္စများကို မသိချင်ယောင်ဆောင်ပေးထားသည်။ လူအင်အားလိုအပ်နေချိန်တွင် သည်းခံခြင်းက အကောင်းဆုံးဖြစ်သည်။
" ဝမ်ဝမ်က သူလုပ်ခဲ့တာတွေကို သဲလွန်စမကျန် လုပ်တတ်တယ်။ မင်းသူ့ကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ။ " ဝမ်ကျန့်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
ဝမ်ဝမ်က ဝန်ကြီးချုပ်ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး အဆက်အသွယ်ကလည်း များစွာရှိသည်။ သူ့ကို ဖြုတ်ချရန် လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။
" ယောက္ခမကြီး မနက်ဖြန်ကျရင် သိပါလိမ့်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
နောက်တစ်နေ့ ညီလာခံကျင်းပတော့မည့် အချိန်တွင် ဝန်ကြီးများက ခန်းမအပြင်ဘက်၌ စောင့်ဆိုင်းနေကြသည်။
" ကျောက်ဖုန်း ပြန်ရောက်လာပြီတဲ့။ သူ မနေ့က နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးနဲ့ တွေ့ခဲ့တယ်။ "
" အသက်ငယ်ငယ်လေးနဲ့ စစ်သေနာပတိချုပ် ဖြစ်လာတဲ့အပြင် ဝူအန်းကျွင်းဘွဲ့ကိုလည်း ရထားသေးတယ်။ သူနဲ့ယှဉ်ရင် တကယ် စိတ်ပျက်စရာပဲ။ "
" ကျောက်ဖုန်းက စစ်ဘက်ဆိုင်ရာ အရာရှိတွေရဲ့ ခေါင်းဆောင်ပဲ။ သူ့ကို မစော်ကားမိစေနဲ့။ "
ဝန်ကြီးများက စုရုံးနေကြပြီး ကျောက်ဖုန်းအကြောင်းကို ဆွေးနွေးနေကြသည်။ ကျောက်ဖုန်း ပြန်ရောက်လာသော သတင်းက ရှန်းယန်မြို့တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ သူပြန်လာခြင်းက ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ပြီး ပြည်သူများစွာက သူ့ကို ဂါရဝပြုခဲ့ကြသည်။ ကျောက်ဖုန်းက ချင်နိုင်ငံတစ်ခုလုံး၏ သူရဲကောင်းဖြစ်လာခဲ့သည်။
ထိုအချိန်တွင် မြင်းခြောက်ကောင်ဆွဲထားသော ရထားလုံးတစ်စီးက နန်းတော်ထဲသို့ ဝင်လာသည်။ ဝန်ကြီးများက ထိုနေရာသို့ ကြည့်လိုက်ကြသည်။ ကျောက်ဖုန်းက ချင်နိုင်ငံ၏ စစ်သေနာပတိချုပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားကို ချိတ်ဆွဲထားသည်။ သူက ရထားလုံးပေါ်မှ ဆင်းလာပြီး ကျန်းမင်နှင့် ကိုယ်ရံတော် အနည်းငယ်သာ ကျန်နေခဲ့သည်။
" ငါ့အမိန့်ကို စောင့်နေပါ။ ပြီးမှ ခန်းမထဲ ဝင်ခဲ့ပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ကျန်းမင်က ချက်ချင်း ပြန်ပြောလိုက်သည်။
ထို့နောက် ကျောက်ဖုန်းက လှေကားထစ်ပေါ်သို့ တက်သွားသည်။ ခန်းမအပြင်ဘက်မှ ဝန်ကြီးများ၏ အကြည့်ကို ကျောက်ဖုန်းက ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ကျောက်ဖုန်း နီးကပ်လာသောအခါ ဝန်ကြီးအချို့က သူ၏ ပတ်ပတ်လည်တွင် စုရုံးလာကြသည်။
" စစ်သေနာပတိချုပ် အောင်ပွဲခံပြီး ပြန်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။ "
" စစ်သေနာပတိချုပ်က မြောက်ဘက်နယ်စပ်ကို ဝင်ရောက်ပြီး တိုင်းတစ်ပါးသားတွေကို တိုက်ခိုက်ခဲ့တာ တကယ် အံ့ဩစရာပါပဲ။ "
ဝန်ကြီးများက တစ်ယောက်ပြီးတစ်ယောက် ကျောက်ဖုန်းကို ဂုဏ်ပြုစကား ပြောလိုက်ကြသည်။ ကျောက်ဖုန်းက သူတို့ကို ပြန်လည်ဂါရဝပြုလိုက်သည်။
" ခင်ဗျားတို့က ချီးကျူးလွန်းနေပါပြီ။ ကျုပ်က ချင်နိုင်ငံရဲ့ စစ်သည်တစ်ယောက်ပါ။ ရှေ့တန်းမှာ တိုက်ခိုက်ဖို့က ကျုပ်တာဝန်ပဲ။ "
ထိုအချိန်တွင် ဟန်ဖေးက ဖြည်းညင်းစွာ လျှောက်လာသည်။
" အသက်ရှင်ရက် ပြန်လာနိုင်တာ ကံကောင်းတာပဲ မဟုတ်လား။ " ဟန်ဖေးက စနောက်လိုက်သည်။
၎င်းကို ကြားသောအခါ ပတ်ဝန်းကျင်မှ ဝန်ကြီးများ၏ မျက်နှာများက ပြောင်းလဲသွားကြသ်။ မရင်းနှီးသူတစ်ယောက်သာ ပြောလျှင် ၎င်းက လှောင်ပြောင်ခြင်းဖြစ်သည်။ သို့သော် ဝန်ကြီးများက ဟန်ဖေးကို ကောင်းကောင်းနားလည်ကြသည်။ ညီလာခံတွင် တစ်ယောက်ယောက်က ကျောက်ဖုန်းကို ပစ်မှတ်ထားလာတိုင်း ဟန်ဖေးက ပထမဆုံး ဝင်ပြောလေ့ရှိသည်။
" နောက်တစ်ခါကျရင် မင်းကို မြက်ခင်းလွင်ပြင်ကို ခေါ်သွားပေမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ငါက အရပ်ဘက်အရာရှိပဲ။ စစ်ဘက်အရာရှိမဟုတ်ဘူး။ အဲ့ဒီလိုတိုက်ပွဲတွေကို မင်းပဲ တာဝန်ယူသင့်တယ်။ ဒီနေ့ ညီလာခံပြီးရင် မင်း ငါ့ကို အင်မော်တယ်ဝိုင်ခန်းမမှာ လိုက်တိုက်ရမယ်။ " ဟန်ဖေးက ကျောက်ဖုန်းကို ပြောလိုက်သည်။
" ဟားဟား သေချာပေါက် သောက်ရမှာပေါ့။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" ဝန်ကြီးချုပ်ဝန်၊ ဝန်ကြီးဟွိုက်။ " ထိုအချိန်တွင် ဝန်ကြီးများ၏ နှုတ်ဆက်သံများ ထွက်ပေါ်လာပြီး ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က ရောက်ရှိလာသည်။ သူတို့က ကျောက်ဖုန်း ရှိနေသော နေရာကို ကြည့်ပြီး မျက်ခုံးများ တွန့်သွားကြသည်။
" နှမြောစရာပဲ။ ဝမ်ဝမ်သာ မနှောက်ယှက်ခဲ့ရင် မင်းက စစ်ဦးစီးချုပ်ဖြစ်လာမှာ။ " ဟန်ဖေးက သက်ပြင်းချလိုက်သည်။
" စစ်ဦးစီးချုပ်ရာထူးနဲ့ယှဉ်ရင် ဝူအန်းကျွင်းဘွဲ့က ပိုကောင်းပါတယ်။ ပြီးတော့ စစ်ဦးစီးချုပ်ရာထူးကလည်း မကြာခင် ငါ့ဆီ ရောက်လာမှာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အဲ့ဒါတော့ ဟုတ်တယ်။ ရာထူးတွေရဲ့ အထွတ်အထိပ်ကလည်း ဝူအန်းကျွင်းဘွဲ့ပဲလေ။ စစ်သေနာပတိချုပ်တွေထဲမှာ မင်းကို ဘယ်သူမှ မကျော်နိုင်ဘူး။ စစ်ဦးစီးချုပ်ဖြစ်ဖို့က အချိန်ပဲလိုတယ်။ " ဟန်ဖေးက ပြောလိုက်သည်။
" ဒါနဲ့ မင်းလက်အောက်မှာ အရည်အချင်းရှိတဲ့သူ လိုသေးလား။ " ကျောက်ဖုန်းက တစ်စုံတစ်ခုကို သတ်ရသွားပြီး ဟန်ဖေးကို မေးလိုက်သည်။
"လိုတာပေါ့။ သိပ်လိုတာပေါ့။ " ဟန်ဖေးက ချက်ချင်း ပြောလိုက်သည်။
ကျောက်ဖုန်းသာ အရည်အချင်းရှိသူဟု ပြောလျှင် ထိုလူက သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။ ယခင် ရှချူးခရိုင်၏ အုပ်ချုပ်ရေးမှူး ယန်ပင်းကလည်း ဟန်ဖေး၏ လက်အောက်တွင် အတော်လေး စွမ်းဆောင်နိုင်ခဲ့ပြီး နယ်မြေတစ်ခုကို ထိရောက်စွာ အုပ်ချုပ်နေသည်။
" ကောင်းပြီ။ အင်မော်တယ်ဝိုင်ခန်းမရောက်မှ အသေးစိတ် ပြောကြတာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဂုဏ်ပြုပါတယ် စစ်သေနာပတိချုပ်ကျောက်။ မင်းရဲ့ အောင်မြင်မှုက တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့တယ်။ " မုန့်ဝူက ရောက်လာခဲ့သည်။
" စစ်သေနာပတိချုပ်ကျောက် ဂုဏ်ပြုပါတယ်။ " နောက်မှ ဟွမ်ယိလည်း ပါလာခဲ့သည်။
" စစ်သေနာပတိချုပ်တို့ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
" မင်းတို့က သူများကိုတောင် ချီးကျူးတတ်နေပြီပေါ့။ " ဝမ်ကျန့်၏ အသံက ထွက်ပေါ်လာသာ်။
မုန့်ဝူနှင့် ဟွမ်ယိတို့က လှည့်ကြည့်လိုက်ကြပြီး ဝမ်ကျန့်၏ ဂုဏ်ယူနေသေူ မျက်နှာကို တွေ့လိုက်ရသည်။
" မင်းက နည်းနည်း ကံကောင်းသွားတာပါ။ " မုန့်ဝူက မကျေမနပ်ဖြင့် ပြောလိုက်သည်။
" ဟုတ်တယ်။ မင်းက ငါတို့ထက် ပိုပြီး ကံကောင်းတာက လွဲရင် အခြားဘာမှမရှိပါဘူး။ " ဟွမ်ယိကလည်း ဝင်ပြောလိုက်သည်။
" ဟားဟား ဒါ ကောင်းကင်ဘုံက ငါ့ကို မျက်နှာသာပေးတာပဲ။ နောက်ကျရင် မင်းတို့က ငါ့ကို ပိုပြီးတောင် အားကျလာဦးမှာ။ " ဝမ်ကျန့်က ကျေနပ်စွာ ရယ်မောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့