အခန်း ၄၀၈
Vol. 41 Ch. 408
အခန်း (၄၀၈)
" သူ့မှာ တကယ်သက်သေရှိနေတာလား။ မဖြစ်နိုင်ဘူး။ ငါ အဲ့ဒီကိစ္စတွေကို လူယုံတွေနဲ့ လုပ်ထားတာပဲ။ အချို့ကိစ္စတွေကို ကိုယ်တိုင်လုပ်ခဲ့တာ။ ဒါက အတုတွေထြစ်ရမယ်။ ကျောက်ဖုန်းက ငါ့ကို ကြောက်အောင် လုပ်နေတာ ဖြစ်ရမယ်။ " ဝမ်ဝမ်က ကျောက်ဖုန်းတွင် သက်သေရှိသည်ဟု မယုံကြည်နိုင်သေးပေ။
" အရှင်မင်းကြီး ကျွန်တော်မျိုးက နိုင်ငံအပေါ် သစ္စာရှိခဲ့ပါတယ်။ စစ်သေနာပတိချုပ်က စစ်ရေးအောင်မြင်မှုတွေ ရထားပေမယ့် အခုလို အခြေအမြစ်မရှိဘဲ စွပ်စွဲတာက ကျွန်တော်မျိုး အပြစ်ရှိသလိုဖြစ်စေပါတယ်။ ကျွန်တော်မျိုးက ဘာအမှားမှမလုပ်ခဲ့ပါလူး။ အရှင်မင်းကြီး အမှန်တရားကို စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။ " ဝမ်ဝမ်က ရင်ကျန့်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ ဝန်ကြီးချုပ်ဝမ်က ချင်နိုင်ငံအတွက် အမှုထမ်းနေတာ သူက ဘယ်လိုလုပ်အပြစ်ရှိမှာလဲ။ "
" ဝန်ကြီးချုပ်ဝမ်အတွက် တရားမျှတမှုပေးဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်။ "
ဝန်ကြီးအချို့က ရှေ့ထွက်လာပြီး ဝမ်ဝမ်အတွက် ထောက်ခံလိုက်ကြသည်။
" စိတ်ချပါ။ ခင်ဗျားတို့ထဲက တော်တော်များများလည်း ပါဝင်ပက်သက်နေတယ်။ သက်သေတွေ ပေါ်လာရင် ခင်ဗျားတို့အားလုံး တစ်ခါတည်း အဖမ်းခံရမှာ။ " ကျောက်ဖုန်းက ဝမ်ဝမ်နှင့် အခြားသူများက ကြည့်ပြီး ပြုံးလိုက်သည်။
" ဒီကောင်လေးက ဝမ်ဝမ်ရဲ့ သက်သေတွေကို တကယ်ရသွားတာလား။ " ဝမ်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။
သို့သော် သူက သိပ်စိတ်မပူပေ။ ကျောက်ဖုန်းက ဘုရင်၏ သားတော်ဖြစ်သည့်အပြင် သူ၏ စစ်ရေးအောင်မြင်မှုများကြောင့် သက်သေမရှိလျှင်တောင် သူက အများဆုံး ဆူပူအပြစ်ပေးရုံလောက်သာ ဖြစ်ပေလိမ့်မည်။
အားလုံးက ရင်ကျန့်၏ စကားကို စောင့်နေကြသည်။ ရင်ကျန့်က ခဏစဉ်းစားပြီးနောက် ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" မင်းမှာ တကယ်ပဲ သက်သေရှိတာလား။ "
" အရှင်မင်းကြီးကို ကျွန်တော်မျိုး မလိမ်ရဲပါဘူး။ အရှင်မင်းကြီး အမိန့်ပေးလိုက်ရင် ကျွန်တော်မျိုးရဲ့ ကိုယ်ရံတော်တွေက သက်သေတွေကို ယူလာပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် တကယ်ဟုတ်မဟုတ် စစ်ဆေးနိုင်ပါတယ်။ " ကျောက်ဖုန်းက ချက်ချင်း ပြန်ပြောလိုက်သည်။
" ယူလာခဲ့။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" ကျန်းမင် " ကျောက်ဖုန်းက ခန်းမအပြင်ဘက်သို့ လှည့်ပြီး အော်လိုက်သည်။
ခဏကြာသောအခါ ကိုယ်ရံတော်များက သေတ္တာတစ်လုံးကို ခန်းမထဲသို့ သယ်ဆောင်လာကြသည်။ ထိုအချိန်တွင် ဝမ်ဝမ်က အနည်းငယ် ထိတ်လန့်လာသည်။
" စစ်သေနာပတိချုပ် သက်သေတွေ ရောက်ပါပြီ။ " ကျန်းမင်က ရိုသေစွာ ပြောလိုက်သည်။
" ပြန်သွားတော့။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်။
" ဟုတ်ကဲ့။ " ကျန်းမင်က ကိုယ်ရံတော်များနှင့်အတူ ထွက်ခွာသွားသည်။
" အရှင်မင်းကြီး တော်ဝင်ကြီးကြပ်ရေးမှူးကို ဒုက္ခပေးရပါဦးမယ်။ " ကျောက်ဖုန်းက ရင်ကျန့်ကို ကြည့်ပြီး ပြောလိုက်သည်။
" ဖုန်းကျဲ စစ်ဆေးကြည့်လိုက်။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဖုန်းကျဲက လျှောက်သွားပြီး သူ၏ လက်အောက်မှ အရာရှိများကို ခေါ်လိုက်သည်။
ဖုန်းကျဲနှင့် အရာရှိများက သေတ္တာအနီးသို့ သွားပြီး ဖွင့်လိုက်ကြသည်။ အထဲတွင် ဝါးချပ်စာလိပ်များရှိပြီး ဖုန်းကျဲနှင့် အရာရှိများက တစ်ခုပြီးတစ်ခု ကောက်ကိုင်လိုက်ကြသည်။ သူတို့က မျက်မှောင်ကြုတ်သွားကြပြီး ချက်ချင်း တစ်ခုပြီးတစ်ခု ဆက်လက်စစ်ဆေးနေကြသည်။
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကလည်း စိတ်ဝင်စားစွာဖြင့် ကြည့်နေကြသည်။ ဖုန်းကျဲက တော်ဝင်ကြီးကြပ်ရေးမှူးဖြစ်ပြီး အရာရှိများကို စောင့်ကြည့်ရန် တာဝန်ရှိသည်။ သူက အမြဲတမ်း တရားမျှတစွာ ဆုံးဖြတ်တတ်သည်။
အချိန်အတော်ကြာပြီးသောအခါ ဖုန်းကျဲက ဝါးချပ်စာလိပ်များကို ချပြီး ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။ " အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ စစ်ဆေးချက်တွေအရ စစ်သေနာပတိချုပ်ကျောက်ဖုန်းရဲ့ သက်သေတွေက အမှန်တွေ ဖြစ်ပါတယ်။ "
ဝန်ကြီးအားလုံးက အံ့အားသင့်သွားကြပြီး ဝမ်ဝမ်၏ မျက်နှာကလည်း ဖြူဖျော့သွားသည်။ ဝမ်ဝမ်ကို ထောက်ခံခဲ့သော ဝန်ကြီးများကလည်း ရှေ့တိုးရခက်နောက်ဆုတ်ရခက် အနေအထားတွင် ရှိနေကြသည်။
" စစ်သေနာပတိချုပ်ရဲ့ စွပ်စွဲချက်တွေကရော အမှန်ပဲလား။ " ရင်ကျန့်၏ အမူအရာက အေးစက်သွားပြီး ချက်ချင်း မေးလိုက်သည်။
" အရှင်မင်းကြီး အမှန်ပါပဲ။ ဒီစာရင်းတွေနဲ့ အသေးစိတ်အချက်အလက်တွေက အမှန်တွေဖြစ်ပါတယ်။ ပြီးတော့ စစ်သေနာပတိချုပ်က ဝန်ကြီးချုပ်ဝမ်ဝမ်ရဲ့ အဖွဲ့ဝင်တွေထဲက သက်သေတွေကိုလည်း ရရှိထားပါတယ်။ " ဖုန်းကျဲက ရိုသေစွာ ပြန်ပြောလိုက်သည်။
ဝမ်ဝမ်က လုံးဝ ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး တုန်ယင်ပါ ယခင်က ယုံကြည်မှုများ ပျောက်ကွယ်သွားခဲ့သည်။
" ခမည်းတော် ဒီကိစ္စကို သေချာစစ်ဆေးဖို့ လိုပါတယ်။ သားတော်အမြင်အရ တစ်ခုခုအထင်လွဲတာ ဖြစ်နေနိုင်ပါတယ်။ " ဖုစုက မနေနိုင်တော့ဘဲ ရှေ့ထွက်လာသည်။
" ဖုန်းကျဲ အဲ့ဒီသက်သေတွေထဲမှာ ပြစ်မှုဘယ်နှစ်ခုပါဝင်လဲ။ လူဘယ်နှစ်ယောက် ပက်သက်နေလဲ။ " ရင်ကျန့်က ဖုစုကို ဂရုမစိုက်ဘဲ ဖုန်းကျဲကို မေးလိုက်သည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ် စွပ်စွဲခဲ့တဲ့ ပြစ်မှုလေးခုလုံး ပါဝင်နေပါတယ်။ ပြီးတော့ အရာရှိနှစ်ဆယ်ကျော် ပါဝင်ပက်သက်နေပါတယ်။ အဓိကကတော့ အစိုးရလက်အောက်ခံကျွန်တွေကို ရောင်းစားတာနဲ့ မြေယာသိမ်းယူတာတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကြေး၊ သံနဲ့ စားနပ်ရိက္ခါတွေကိုလည်း အခြားနိုင်ငံတွေနဲ့ အရောင်းအဝယ်လုပ်နေပါတယ်။ ဆွေးမျိုးတွေကို ရာထူးပေးတာကတော့ ဝန်ကြီးချုပ်ဝမ်ရဲ့ ဆွေမျိုးသားချင်း တော်တော်များများက ချင်နိုင်ငံတစ်ဝန်းမှာ ရာထူးတွေ ရာယူထားပြီး ကိစ္စတော်တော်များများမှာလည်း ပါဝင်ပက်သက်နေကြပါတယ်။ " ဖုန်းကျဲက အသေးစိတ် ပြောပြလိုက်သည်။
ထိုစကားများကို ကြားသောအခါ ဝမ်ဝမ်က ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ဒူးထောက်လဲကျသွားသည်။ ဝမ်ဝမ်နှင့် ပက်သက်နေသော ဝန်ကြီးများကလည်း ထိတ်လန့်နေကြသည်။
" အရှင်မင်းကြီး ဒီသက်သေတွေကို သေချာပြန်စစ်ဆေးဖို့ လိုအပ်မယ်ထင်ပါတယ်။ " ဟွိုက်ကျွမ်းက ရှေ့တိုးလာပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး သက်သေတွေအပြင် ဝန်ကြီးချုပ်ဝမ်ရဲ့ လက်အောက်ငယ်သားအချို့ကိုလည်း ဖမ်းမိထားပါတယ်။ ပြီးတော့ သူတို့ကို နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ လူခုနှစ်ယောက်ကိုလည်း ဖမ်းထားပါတယ်။ အဲ့ဒီလူတွေအားလုံးက တရားစီရင်ရေးဌာနမှာ စစ်ဆေးခံဖို့ အသင့်ရှိနေပါတယ်။ သူတို့ထဲမှာ ဝန်ကြီးချုပ်ဝမ်ဝမ်ရဲ့ သားလည်း ပါဝင်ပါတယ်။ ဒီကိစ္စအများစုက သူ့အမိန့်နဲ့ လုပ်ခဲ့တာပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" တရားရေးဝန်ကြီးက ဒီအမှုကို တာဝန်ယူဖို့ အသင့်ရှိနေပါတယ်။ " လီစီကလည်း ချက်ချင်း ရှေ့ထွက်လာပြီး ပြောလိုက်သည်။
သူက ထိုအခွင့်အရေးမျိုးကို လုံးဝ လက်လွှတ်ခံမည်မဟုတ်ပေ။ သူ၏ အကြီးမားဆုံးဆန္ဒက ဝမ်ဝမ်ကို ဖြုတ်ချရန်ဖြစ်သည်။ ယခု ကျောက်ဖုန်းက ဓားပေးလိုက်ပြီဖြစ်သောကြောင့် သူက မယူလျှင် လူမိုက်ဖြစ်သွားပေလိမ့်မည်။
" မင်းက ဘာရှင်းပြချက်မှမပေးတော့ဘူးလား။ " ရင်ကျန့်က ဝမ်ဝမ်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ်။ အားလုံးကို ကျွန်တော်မျိုးတစ်ယောက်တည်း လုပ်တာပါ။ ကျွန်တော်မျိုးရဲ့ သားနဲ့ မပက်သက်ပါဘူး။ အရှင်မင်းကြီးကို တောင်းပန်ပါတယ်။ ကျွန်တော်မျိုး ချင်နိုင်ငံအပေါ် ဆယ်စုနှစ်များစွာ အမှုထမ်းခဲ့တာကို ထောက်ထားပြီး တစ်မျိုးလုံးကိုတော့ အပြစ်မပေးလိုက်ပါနဲ့။ " ဝမ်ဝမ်က ဒူးထောက်ပြီး တုန်ယင်စွာ ပြောလိုက်သည်။
ကျောက်ဖုန်း၏ စကားများကို ကြားပြီးနောက် သူ၏ ပြစ်မှုများက အမှန်တကယ် ပေါ်သွားပြီကို ယုံကြည်သွားသည်။
" ဝန်ကြီးချုပ်ဝမ် ခင်ဗျားတကယ်လုပ်ခဲ့တာလား။ " ဖုစုက ဝမ်ဝမ်ကို ကြည့်ပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။
" အပြင်ပန်းက ရိုးသားချင်ယောင်ဆောင်ထားပေမယ့် တကယ်တော့ လူယုတ်မာတွေပဲ။ လူကြီးလူကောင်းယောင်ဆောင်ထားတဲ့ သူခိုးတွေပဲ။ " ကျောက်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ထိုသက်သေများနှင့်ဆိုလျှင် ဝမ်ဝမ်က ဝန်ကြီးချုပ်ဖြစ်နေလျှင်တောင် သူက အဆုံးသတ်ပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ့ကို စွပ်စွဲသူက ချင်နိုင်ငံ၏ စစ်သေနာပတိချုပ် ကျောက်ဖုန်းဖြစ်သည်။
" ဒီကောင်လေး တကယ်လုပ်နိုင်ခဲ့တာပဲ။ အရပ်ဘက်အရာရှိခေါင်းဆောင်တစ်ယောက်က ဒီလိုလွယ်လွယ်နဲ့ ပြုတ်သွားတာလား။ " ဝမ်ကျန့်က အံ့ဩသော အရိပ်အယောင်ပေါ်လာပြီးနောက် အေးစက်စွာ ပြုံးလိုက်သည်။
" ဖုန်းကျဲ လီစီ " ရင်ကျန့်က အေးသက်စွာ ခေါ်လိုက်သည်။
" ကျွန်တော်မျိုးတို့ ရှိပါတယ်။ " လီစီနှင့် ဖုန်းကျဲတို့က ရှေ့ထွက်လာကြသည်။
" တော်ဝင်ကြီးကြပ်ရေးဌာနနဲ့ တရာရေးဌာနတို့ ပူးပေါင်းပြီး စုံစမ်းပါ။ စစ်သေနာပတိချုပ် တင်ပြတဲ့ သက်သေတွေမှာ ပါဝင်နေတဲ့ အရာရှိအားလုံးကို ဖမ်းဆီးလိုက်။ ပြီးရင် သူတို့ မိသားစုဝင်တွေကိုပါ ဖမ်းပါ။ စုံစမ်းစစ်ဆေးမှုတွေ ပြီးရင် ချင်ဥပဒေအတိုင်း ပြစ်ဒဏ်ချမှတ်လိုက်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " လီစီနှင့် ဖုန်းကျဲတို့က ချက်ချင်း ပြန်ဖြေလိုက်ကြသည်။
ဝမ်ဝမ်ကတော့ အားအင်ချည့်နဲ့စွာဖြင့် ကြမ်းပြင်တွင် လုံးဝပြိုလဲသွားသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ဝန်ကြီးများအားလုံးက ထိတ်လန့်အံ့ဩနေကြသည်။ ညီလာခံမစမီ ဝမ်ဝမ်က အားအင်အပြည့်နှင့် ရှိနေခဲ့သော်လည်း ခဏအတွင်း ရာထူးမှ ပြုတ်ပြီး အကျဉ်းသားဖြစ်သွားသည်။
" သူတို့ကို ဖမ်းဆီးဖို့ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ကို ခေါ်လိုက်ပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
" ဝူတောက်၊ လင်းမူ၊ ချောင်ချင်း..." ဖုန်းကျဲက ဝန်ကြီးများကို ကြည့်ပြီး နာမည်များ တစ်ခုပြီးတစ်ခု ခေါ်လိုက်သည်။
နာမည်ခေါ်ခံရသော ဝန်ကြီးများက ထိတ်လန့်သွားကြပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။ ဝမ်ဝမ်လည်း သူတို့ကို မကယ်နိုင်တော့ပေ။
" သူတို့ကို ဖမ်းကြစမ်း။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
ရန်ရှောင်က နန်းတွင်းကိုယ်ရံတော်များနှင့်အတူ ခန်းမထဲသို့ ဝင်လာပြီး ဝမ်ဝမ်အပါအဝင် အားလုံးကို ဖမ်းဆီးလိုက်ကြသည်။ သူတို့က အရာရှိနှစ်ဆယ်ကျော်ကို ဖမ်းဆီးပြီး ခန်းမထဲမှ ခေါ်ထုတ်သွားကြသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့