← Chapters

အခန်း ၄၀၉

Vol. 41 Ch. 409

အခန်း ၄၀၉

Vol. 41 Ch. 409

အခန်း (၄၀၉)

" ဝမ်ဝမ် မင်းက ငါ့ကို တကယ်စိတ်ပျက်စေခဲ့တာပဲ။ အားလုံး ဒါကိုာသင်ခန်းစာယူထားကြ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

ကျောက်ဖုန်းက စွပ်စွဲချက်ကို တင်ပြခဲ့ခြင်းဖြစ်သော်လည်း ရင်ကျန့်၏ စိတ်ထဲတွင် ဒေါသများနှင့် ပြည့်နှက်နေသည်။ ရင်ကျန့်က ဥပဒေအတိုင်း အမြဲတမ်း အုပ်ချုပ်လာပြီး ယခု သူ၏ ဝန်ကြီးချုပ်တစ်ယောက်က အကျင့်ပျက်ခြစားနေသည်ကို ဒေါသမထွက်ဘဲ နေမည်မဟုတ်ပေ။

" အမိန့်အတိုင်းပါ။ " အရာရှိများအားလုံးက ထိတ်လန့်စွာဖြင့် ပြန်ပြောလိုက်ကြသည်။

ထိုပြစ်မှုလေးခုနှင့်ဆိုလျှင် ဝမ်ဝမ်က ဝန်ကြီးချုပ်ဖြစ်နေလျှင်တောင် သူ၏ ကံကြမ္မာက အဆုံးသတ်သွားပြီဖြစ်ပြီး သေဒဏ်က မလွဲမသွေ ဖြစ်လာမည်ဖြစ်သည်။

" ကျောက်ဖုန်း မင်းက ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တယ်။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်လိုက်သည်။

" အားလုံးက ချင်နိုင်ငံအတွက်ပါပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြန်ပြောလိုက်သည်။

" ဒီကောင်လေး တကယ်မကောင်းဘူးပဲ။ ဝမ်ဝမ်ရဲ့ ပြစ်မှုတွေကို စုဆောင်းပြီး တစ်ချက်တည်းနဲ့ ဖြုတ်ချပစ်တယ်။ ဝမ်ဝမ် ငါ့သားက ဖုစုလို စိတ်ဓာတ်ပျော့တဲ့သူမဟုတ်ဘူး။ သူက ပိုပြီးရက်စက်တယ်။ မင်းက သူ့ကို သွားထိတာ မှားတာပဲ။ " ရင်ကျန့်က ခံစားချက်များနှင့် တွေးလိုက်သည်။

သူက ဝမ်ဝမ်၏ ပြစ်မှုများကို အံ့ဩခြင်းမရှိပေ။ အရာရှိအတော်များများက အတူတူသာ ဖြစ်ပြီး ကောင်းကောင်းဖုံးကွယ်ထားကြသည်။ သူက ထိုကိစ္စများကို သိသော်လည်း အလွန်အကျွံမလုပ်သရွေ့ သူက ဝင်မပါခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ကမ္ဘာကြီးကို စုစည်းရန် ချင်နိုင်ငံတစ်ခုလုံး၏ စုပေါင်းအားထုတ်မျထု လိုအပ်သည်။

" ကျောက်ကောင်း အမိန့်တော်ကို ကြေညာလိုက်ပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

ကျောက်ကောင်းက စားပွဲပေါ်မှ အမိန့်တော်ကို ရိုသေစွာ ယူလိုက်သည်။

" ချင်ဘုရင်၏ အမိန့်တော် စစ်သေနာပတိချုပ် ကျောက်ဖုန်းက စစ်တပ်ကို ဦးဆောင်ပြီး ယန်နိုင်ငံကို ချေမှုန်းနိုင်ခဲ့တယ်။ တိုင်းတစ်ပါးမျိုးနွယ်စုတွေက ကျူးကျော်လာပြီး ဟွာရှလူမျိုးတွေကို သတ်ဖြတ်ခဲ့တယ်။ စစ်သေနာပတိချုပ်ကျောက်ဖုန်း မြောက်ဘက်နယ်စပ်ကို သွားပြီး တိုင်းတစ်ပါးမျိုးနွယ်စုများစွာကို သတ်ဖြတ်ခဲ့တယ်။ သူတို့ရဲ့ နန်းတော်ကို ဖျက်ဆီးပြီး သူတို့ဘုရင်ကို ကွပ်မျက်ခဲ့တယ်။ "

" စစ်သေနာပတိချုပ်ကျောက်ဖုန်းကို ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်ပေးပြီး ဝူအန်းကျွင်းဘွဲ့ကို အပ်နှင်းလိုက်တယ်။ အဲ့ဒီရာထူးအတိုင်း မြေယာတွေပေးအပ်ပြီး ကိုယ်ရံတော်တပ်ဖွဲ့ ဖွဲ့စည်းခွင့်ရှိမယ်။ ရွှေစတစ်သောင်း၊ ငွေဒင်္ဂါးတစ်သိန်း၊ ပိုးထည်လိပ်တစ်ထောင်၊ ကျောက်စိမ်းပစ္စည်းတစ်ထောင်နဲ့ အစေခံတစ်ထောင်တို့ကို ချီးမြှင့်လိုက်တယ်။ " ကျောက်ကောင်း၏ အသံက ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။

အမိန့်တော်က ကျောက်ဖုန်း ယန်နိုင်ငံတွင် ရှိစဉ်က တစ်ကြိမ် ဖတ်ပြခဲ့ပြီဖြစ်သောကြောင့် ဝန်ကြီးများက ထိတ်လန့်အံ့ဩခြင်းမရှိကြပေ။

" ကျွန်တော်မျိုး ကျောက်ဖုန်း အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ဦးညွှတ်ပြီး ပြောလိုက်သည်။ ဘုရင်၏ မျက်နှာပေးမှု ရှိကောင်းရှိနိုင်သော်လည်း ထိုအရာများက သူ အသက်ရင်းပြီး ရယူခဲ့ခြင်း ဖြစ်သည်။

" ဒါက မင်းရဲ့ အောင်မြင်မှုတွေနဲ့ ထိုက်တန်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ညီလာခံသိမ်းမယ်။ ကျောက်ဖုန်း ကျန်းထိုင်နန်းဆောင်ကို လိုက်ခဲ့။ " ရင်ကျန့်က ထရပ်လိုက်ပြီး ချက်ချင်း ထွက်ခွာသွားသည်။

ကျန်းထိုင်နန်းဆောင်။

ရင်ကျန့်က ထိုင်နေပြီး အစီရင်ခံစာများကို စစ်ဆေးနေသည်။ ထိုအချိန်တွင် ကျောက်ဖုန်းက ခန်းမထဲသို့ လျှောက်ဝင်လာသည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းက နှုတ်ဆက်လိုက်သည်။ ရင်ကျန့်က ဘာမှမပြောသည်ကို မြင်သောအခါ သူက ထိုင်လိုက်သည်။

" နေ့လည်စာ ပြင်ထားလိုက်။ ပြီးတော့ ဝိုင်ပါ ပြင်ထား။ ဒီနေ့ ကျန်းထိုင်နန်းဆောင်မှာ ငါ ကျောက်ဖုန်းနဲ့အတူ နေ့လည်စာစားမယ်။ " ရင်ကျန့်က ခေါင်းမမော့ဘဲ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ရိုသေစွာ ပြောပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။

" အရှင်မင်းကြီး ဘာကိစ္စရှိလို့ ကျွန်တော်မျိုးကို ခေါ်လိုက်တာလဲ။ " ရင်ကျန့်က အစီရင်ခံစာများအား ဆက်လက်စစ်ဆေးနေသည်ကို မြင်သောအခါ ကျောက်ဖုန်းက မနေနိုင်တော့ဘဲ မေးလိုက်သည်။

" အံ့ဩစရာပဲ။ မင်းက ဝမ်ဝမ်ကို စွပ်စွဲဖို့ သက်သေတွေ စုဆောင်းထားတာပေါ့။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။

" ဟုတ်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးက ချင်နိုင်ငံအတွက် လုက်ခဲ့တာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင် သူက ဝမ်ဝမ်ကို ဖြုတ်ချနိုင်ခဲ့သော်လည်း ရင်ကျန့်၏ သဘောထားကို မသိရသေးပေ။ ချင်ဘုရင်က သူ့ကို အလေးထားသော်လည်း ကျောက်ဖုန်းက ထိုကိစ္စကို သတိထားကိုင်တွယ်ရန် လိုအပ်နေသေးသည်။

" ဝမ်ဝမ်က လူမှားပြီး ဆန့်ကျင်မိတာပဲ။ " ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးက ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်ဖို့ စိတ်အားထက်သန်နေတာပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ငါ့ရှေ့မှာ ဒီလိုစကားတွေ ပြောစရာမလိုဘူး။ မင်းရဲ့ အတွေးတွေကို ငါမသိဘဲ နေမလား။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်လိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုး တကယ်ပြောနေတာပါ။ " ​ကျောက်ဖုန်းက နောက်တစ်ကြိမ် ပြောလိုက်သည်။

" အင်မော်တယ်ဝိုင်ခန်းမက မင်းပိုင်တာမဟုတ်လား။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ကျောက်ဖုန်းက အံ့အားသင့်သွားသည်။ သူက ရင်ကျန့်၏ အမူအရာကို ကြည့်လိုက်ရာ သေချာနေမှန်း သိလိုက်ရသည်။ ထို့ကြောင့် သူက ဖုံးကွယ်၍ မရတော့ပေ။

" အရှင်မင်းကြီး ဘယ်လိုလုပ်သိသွားတာလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ငွေတွေ ရေလိုဝင်ပြီး တစ်နိုင်ငံလုံးဖြန့်ကျက်ထားတဲ့ နေရာကို ငါက မစုံစမ်းဘူးလို့ မင်းထင်လား။ " ရင်ကျန့်က ကျောက်ဖုန်းကို ပြောလိုက်သည်။

" ဒါလည်း ဟုတ်တာပဲ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

ဤအခြေအနေတွင် စကားနည်းနည်းပြောခြင်းက အကောင်းဆုံးဖြစ်သည်။ အင်မော်တယ်ဝိုင်ခန်းမ၊ ယန်ထင် အားလုံးက သူ၏ လျို့ဝှက်ချက်များဖြစ်သည်။

" မင်း ဟေးပင်းထိုင်အကြောင်းသိလား။ " ရင်ကျန့်က ထပ်မေးလိုက်သည်။

" အဲ့ဒါ... မသိဘူးလို့ ပြောလို့ရမလား။ " ကျောက်ဖုန်းက မသက်မသာဖြင့် ပြောလိုက်သည်။

" ချင်နိုင်ငံရဲ့ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ ဟေးပင်းထိုင်က အစောင့်တစ်ယောက်စီတိုင်းက အထူးချွန်ဆုံးတွေဖြစ်ပြီး တစ်ယောက်က ဆယ်ယောက်ကို ယှဉ်နိုင်ပေမယ့် မင်းရဲ့ အင်မော်တယ်ဝိုင်ခန်းမကို ဝင်သွားပြီးတဲ့နောက် အထိအခိုက် အတော်များခဲ့တယ်။ ငါ့ရဲ့ ဟေးပင်းထိုင်က မင်းရဲ့ အင်မော်တယ်ဝိုင်ခန်းမက အစောင့်တွေနဲ့တောင် မယှဉ်နိုင်ဘူး။ " ရင်ကျန့်က အဓိပ္ပါယ်ပါသော အသံဖြင့် ပြောလိုက်သည်။

" ကျွန်တော်မျိုးရဲ့ အင်မော်တယ်ဝိုင်ခန်းမက အစောင့်တွေက နည်းနည်း သန်မာရုံပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" နည်းနည်းသန်မာတာလား။ မင်းရဲ့ အစောင့်တွေက ရိုးတော့ မရိုးဘူးပဲ။ " ရင်ကျန့်က ပြောလိုက်သည်။

" အရှင်မင်းကြီးရဲ့ ချီးကျူးမှုကို ခံရတာ သူတို့အတွ် ဂုဏ်ယူစရာပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ရင်ကျန့်က အင်မော်တယ်ဝိုင်ခန်းမမှ အစောင့်များအကြောင်း သိထားသော်လည်း ယန်ထင်အကြောင်း မသိသေးသည်ကို ကျောက်ဖုန်း နားလည်လိုက်သည်။ ထို့အပြင် ဟေးပင်းထိုင်က အင်မော်တယ်ဝိုင်းခန်းမကို စုံစမ်းသည့်အကြိမ်တိုင်း ကျောက်ဖုန်းက သူတို့ကို အမြဲတမ်း ထိန်းသိမ်းရန်နှင့် အရင်ဆုံးမတိုက်ခိုက်ရန် အမိန့်ပေးထားသည်။

မည်သို့ပင်ဖြစ်စေ ရင်ကျန့်က သူ့အပေါ် ကောင်းကောင်းဆက်ဆံသောကြောင့် သူ၏ လုပ်ရပ်များကို အလွန်အကျွံ မလုပ်သင့်ပေ။

" နောက်ကျရင် အင်မော်တယ်ဝိုင်ခန်းမက ဝိုင်အကောင်းစားတွေကို တစ်လ အိုးငါးရာ ပေးရမယ်။ " ရင်ကျန့်က ကျောက်ဖုန်းကို ပြောလိုက်သည်။

" အရှင်မင်းကြီးကလည်း အိုးငါးရာ နည်းတာပေါ့။ အိုးတစ်ထောင်လုပ်လိုက်ပါ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" အင်မော်တယ်ဝိုင်ခန်းမရဲ့ ထုတ်လုပ်နိုင်စွမ်းကို ငါ အထင်သေးမိတဲ့ပုံပဲ။ " ရင်ကျန့်က ရယ်မောလိုက်သည်။

" မှန်ပါတယ် အရှင်မင်းကြီး။ အင်မောတယ်ဝိုင်ခန်းမက ကျွန်တော်မျိုးရဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုပါ။ စစ်မှုသာ မထမ်းရရင် ကုန်သည်ဖြစ်နေလောက်တယ်။ " ​ကျောက်ဖုန်းက စနောက်လိုက်သည်။

" မင်းစစ်မှုထမ်းရတာ ကံကောင်းတာပေါ့။ မဟုတ်ရင် ချင်နိုင်ငံက စစ်သေနာပတိချုပ်တစ်ယောက် ဆုံးရှုံးရလိမ့်မယ်။ " ရင်ကျန့်က ရယ်မောလိုက်သည်။

" ဒါလည်း ဟုတ်တာပဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" မင်းပြောသလိုဆို အင်မော်တယ်ဝိုင်းခန်းမက ဝိုင်အားလုံးကို မင်းဖော်စပ်ထားတာလား။ " ရင်ကျန့်က အံ့ဩစွာ မေးလိုက်သည်။

" နည်းစနစ်ကိုတော့ ကျွန်တော်မျိုး ဖန်တီးထားတာပါ။ ဝိုင်ကိုတော့ ကျွမ်းကျင်တဲ့သူတွေက ချက်လုပ်ပါတယ်။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။

" ဒီလိုဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ မင်းက တကယ် တော်တာပဲ။ " ရင်ကျန့်က ချီးကျူးလိုက်သည်။

" ကျွန်တော်မျိုးက တော်တော်များများကို သိထားပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ဟူနန်းဆောင်။

" မယ်တော် ဒီနေ့ညီလာခံမှာ ဖုစုက အတော်လေးမျက်နှာပျက်နေတယ်။ သူ့ရဲ့ အားအကြီးဆုံး ထောက်ခံသူ ဝမ်ဝမ်က ဒီတစ်ခါတော့ မလွတ်မြောက်နိုင်တော့ဘူး။ ကျောက်ဖုန်းက တကယ်ကြောက်စရာကောင်းတဲ့သူပဲ။ ဝမ်ဝမ်ကို ဖြတ်ချဖို့ သက်သေတွေ စုဆောင်းထားတယ်။ " ဟူဟိုက်က ကြင်ယာတော်ဟူကို ပြောလိုက်သည်။

" ဆရာကျောက် အဲ့ဒါ တကယ်ပဲလား။ " ကြင်ယာတော်ဟူက ကျောက်ကောင်းကို ကြည့်ပြီး မေးလိုက်သည်။

" ဝမ်ဝမ်က တကယ်အဆုံးသတ်ပြီ။ နှစ်ပေါင်းနှစ်ဆယ်ကျော် သက်တမ်းရှိတဲ့ ဝန်ကြီးချုပ်က ​ကျောက်ဖုန်း ဖြုတ်ချတာ ခံလိုက်ရတယ်။ " ကျောက်ကောင်းက ပြောလိုက်သည်။

" သားလည်း ကျောက်ဖုန်းကို ဘယ်တော့မှ ရန်မစမိစေနဲ့။ ကျောက်ဖုန်းက စစ်တပ်ကို ကွပ်ကဲရာမှာ ကျွမ်းကျင်တဲ့အပြင် အငြိုးကြီးပြီး လက်စားချေတတ်တဲ့သူပဲ။ သူက သေချာအကွက်ချပြီး မြေခွေးအိုကြီး ဝမ်ဝမ်ကို ဖြုတ်ချနိုင်တယ်ဆိုတာ သူ့ရဲ့ စွမ်းရည်ကို သက်သေပြနေတာပဲ။ " ကြယ်ယာတော်ဟူက ဟူဟိုက်ကို ပြောလိုက်သည်။

" စိတ်ချပါ မယ်တော်။ ကျောက်ဖုန်းက သားတော် ချော့မော့နေရမယ့်လူပဲ။ ဘယ်ရစလို့ဖြစ်မလဲ။ သူက သားတော်ဆီမှာ အညံ့မခံသေးပေမယ့် သားတော် အိမ်ရှေ့စံဖြစ်လာရင် သူ့ကို ကောင်းကောင်းဆက်ဆံသွားမှာပါ။ " ဟူဟိုက်က ချက်ချင်း ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters