အခန်း ၄၁၀
Vol. 41 Ch. 410
အခန်း (၄၁၀)
" ဝမ်ဝမ်က ဒီတစ်ခါ သေမှာ သေချာတယ်။ သူသေသွားရင် ဝန်ကြီးချုပ်နေရာက လစ်လပ်သွားလိမ့်မယ်။ ဒီရာထူးကို နောက်ထပ်ဘယ်သူယူနိုင်မလဲ ကြည့်ရလိမ့်မယ်။ " ကျောက်ကောင်းက လေးနက်စွာ ပြောလိုက်သည်။
" ဆရာက ကျွန်တေယ်တို့လူကို အဲ့ဒီနေရာမှာ ထားချင်နေတာလား။ ဒါပေမယ့် ရာထူးကြီးတဲ့သူတွေက ကြားမေတွေ ဒါမှမဟုတ် ဖုစုကို ထောက်ခံတဲ့သူတွေပဲ။ ကျွန်တော်တို့ လူတွေက ဒိရာထူးအတွက် အရည်အချင်း မပြည့်မီကြဘူး။ " ဟူဟိုက်က ပြောလိုက်သည်။
" အရှင်မင်းကြီးရဲ့ သဘောထားအရဆို ဒီရာထူးကို တက်လာမယ့်သူက လီစီ ဒါမှမဟုတ် ယွီလျောင် ဖြစ်လိမ့်မယ်။ လီစီနဲ့ ဝမ်ဝမ်နဲ့က ရန်သးတွေပဲ။ လီစီကို တင်ပြရင် ကန့်ကွက်မယ့်သူတွေ များလိမ့်မယ်။ ဒါကြောင့် အချိန်ကျရင် လီစီရာထူးတက်အောင် ကူညီရလိမ့်မယ်။ သူသာ အရှင်သားကြောင့် ရာထူးတက်နိုင်ခဲ့ရင် သူ့အပေါ် ကျေးဇူးကျွေးတင်သွားမှာပဲ။ " ကျောက်ကောင်းက ရှင်းပြလိုက်သည်။
" ဆရာစကားကို မှတ်သားထားပါမယ်။ " ဟူဟိုက်က ခေါင်းညိမ့်လိုက်သည်။
ဖုစု၏ စံအိမ်။
" ကျောက်ဖုန်းဆိုတာ မိတ်ဆွေဖွဲ့သင့်တဲ့လူ။ သူ့ကို ရန်မစသင့်ဘူးလို့ ကျုပ်ပြောခဲ့သားပဲ။ ဒါပေမယ့် ခင်ဗျားတို့က သူ့ကိုပဲ ပစ်မှတ်ထားခဲ့ကြတယ်။ အခုတော့ ဘာဖြစ်သွားလဲ။ ဝန်ကြီးချုပ်ဝမ် မိသားစုတစ်ခုလုံး ဖမ်းခံရပြီး ဝန်ကြီးနှစ်ဆယ်နီးပါးလည်း ပါသွားတယ်။ " ဖုစုက စိတ်ပျက်စွာ ပြောလိုက်သည်။
" အရှင်သား ဒီအချိန်မှာ ဘာမှလုပ်လို့မရတော့ပါဘူး။ " ဟွိုက်ကျွမ်းက သက်ပြင်းချလိုက်သည်။
" ဝန်ကြီးဟွိုက် ဝန်ကြီးချုပ်ဝမ်ကို ကယ်ဖို့ နည်းလမ်းမရှိတော့ဘူးလား။ " ဖုစုက မနေနိုင်ဘဲ ပြောလိုက်သည်။
" ညီလာခံမှာ ဖုန်းကျဲကိုယ်တိုင် သက်သေတွေကို စစ်ဆေးပြီး အတည်ပြုပြီးပါပြီ။ ဝန်ကြီးချုပ်ဝမ်တို့ကို ကယ်ဖို့ နည်းလမ်းမရှိတော့ပါဘူး။ အခု ကျုပ်တို့လုပ်နိုင်တာက ဝန်ကြီးချုပ်ဝမ်ရဲ့ မျိုးဆက်ကို ကာကွယ်ပေးဖို့ပဲ။ " ချွန်းယွီယွဲ့က ပြောလိုက်သည်။
" ဝန်ကြီးချုပ်ဝမ် ပြုလုပ်ခဲ့တဲ့ ပြစ်မှုတွေနဲ့ သူ့ရဲ့ မိသားစုကို ကာကွယ်နိုင်ပါမလား။ " ဖုစုက ဟွိုက်ကျွမ်းကို ကြည့်ပြီး မေးလိုက်သည်။
" ခက်တယ်။ ဒီကိစ္စကို လီစီက ဦးဆောင်တာဖြစ်လို့ ဝန်ကြီးချုပ်ဝမ်ကို လွှတ်ပေးမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အဓိက သော့ချက်က အရှင့်သားလက်ထဲမှာ ရှိနေတာပဲ။ " ဟွိုက်ကျွမ်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
" ဒါက..." ဖုစုကလည်း ထိုစကားကို နားလည်လိုက်သည်။
" ကျောက်ဖုန်းက တကယ် ကြောက်စရာကောင်းတဲ့သူပဲ။ ဝန်ကြီးချုပ်ဝမ်က အမြဲသတိထားခဲ့ပေမယ့် ကျောက်ဖုန်းက သူ့ရဲ့ အားနည်းချက်ကို ဖမ်းမိသွားတယ်။ " ဟွိုက်ကျွမ်းက ပြောလိုက်သည်။
ကျောက်ဖုန်းက သူတို့နှင့် ရန်သူဖြစ်သွားပြီဖြစ်ပြီး သူတို့က ကျောက်ဖုန်းကို လွှတ်ပေးမည်မဟုတ်သလို ကျောက်ဖုန်းကလည်း သူတို့ကို လွှတ်ပေးမည်မဟုတ်ပေ။
" တစ်ဆင့်ချင်းစီသွားကြတာပေါ့။ " ဖုစုက သက်ပြင်းချပြီး ပြောလိုက်သည်။
" ပြီးတော့ ဆရာကြီးချွန်း အရှင်မင်းကြီးက ခင်ဗျားကို ကျောက်ဖုန်းဆီ သွားတောင်းပန်ဖို့ ပြောထားတယ်မဟုတ်လား။ ဒီကိစ္စကို သတိထားပြီး ကိုင်တွယ်ပါ။ " ဟွိုက်ကျွမ်းက ချွန်းယွီယွဲ့ကို ကြည့်ပြီး ပြောလိုက်သည်။
" ငါ အဲ့ဒီကိစ္စကို သေချာကိုင်တွယ်လိုက်ပါမယ်။ အရှင်သားကို မထိခိုက်စေရပါဘူး။ " ချွန်းယွီယွဲ့က မသက်မသာဖြင့် ပြောလိုက်သည်။
ကျန်းထိုင်နန်းဆောင်အတွင်း ရင်ကျန့်နှင့် ကျောက်ဖုန်းတို့က စကားပြောနေကြပြီး မကြာမီ ထမင်းစားချိန်သို့ ရောက်လာခဲ့သည်။
" အရှင်မင်းကြီး ထမင်းစားဖို့ အဆင်သင့်ဖြစ်ပါပြီ။ " ကျောက်ကောင်း၏ အသံက ထွက်ပေါ်လာသည်။
" အချိန်တွေ တကယ်မြန်တာပဲ။ နေ့လည်တောင် ရောက်လာပြီ။ " ရင်ကျန့်က လက်ထဲမှ အစီရင်ခံစာကို ချပြီး ပြောလိုက်သည်။
" အရှင်မင်းကြီးက တကယ်ကြိုးစားပါတယ်။ " ကျောက်ဖုန်းက အစီရင်ခံစားများကို ကြည့်ပြီး ပြောလိုက်သည်။
" ခရိုင်အသီးသီးက အစီရင်ခံစာတွေက အများကြီးပဲ။ ငါကိုယ်တိုင် မကိုင်တွယ်ရင် ပြဿနာဖြစ်လာနိုင်တယ်။ အဲ့ဒီနယ်မြေတွေ ဒုက္ခရောက်တာထက် ငါပင်ပန်းတာက အကောင်းဆုံးပါပဲ။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" အရှင်မင်းကြီးရဲ့ ကျေးဇူးက ကြီးမားလှပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ငါ ဒီလောက်ပင်ပန်းတယ်လို့ ပြောနေတာ မင်း အခုထိ နားမလည်သေးဘူးလား။ " ရင်ကျန့်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
" ကျွန်တော်မျိုးက ဘာကို နားလည်ရမှာလဲ။ " ကျောက်ဖုန်းက တကယ်နားမလည်ပေ။
" အရှင်မင်းကြီးက ကျွန်တော်မျိုးကို အစီရင်ခံစာတွေ စစ်ခိုင်းနေတာတော့ မဟုတ်ဘူးမလား။ ဒီကိစ္စက ကျွန်တော်မျိုးနဲ့ မဆိုင်ပါဘူး။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
ရင်ကျန့်က စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး ဆေးပုလင်းခွံတစ်ခုကို ယူကာ ကျောက်ဖုန်းကို ပစ်ပေးလိုက်သည်။ ဆေးပုလင်းကို မြင်မှသာ ကျောက်ဖုန်းက နားလည်သွားသည်။
" အာ... စိတ်ကြည်လင်ဆေးလား။ ကျွန်တော်မျိုးနားလည်ပါပြီ။ မနက်ဖြန် ကျွန်တော်မျိုး အရှင်မင်းကြီးဆီ ပို့ခိုင်းလိုက်ပါမယ်။ " ကျောက်ဖုန်းက ပြောလိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသည်။ " အရှင်မင်းကြီး နန်းတော်က ဆေးဖော်စပ်သူ ရွှီဖုက ပြန်မရောက်သေးဘူးလား။ "
" မရောက်သေးဘူး။ ဒါပေမယ့် မင်းက ဘာလို့သူ့အကြောင်းမေးတာလဲ။ " ရင်ကျန့်က ခေါင်းခါပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုးက သူ့အကြောင်း စိတ်ဝင်စားလို့ပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
ရွှီဖုက သမိုင်းတွင် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့သည်။ အရင်ဘဝက ကျောက်ဖုန်းက သမိုင်းကြောင်းကို အလွန်စိတ်ဝင်စားပြီး သမိုင်းဝင်ပုဂ္ဂိုလ်များအကြောင်း ကောင်းကောင်းသိထားသည်။ သို့သော် ယခုအခါ သူကိုယ်တိုင် သမိုင်းတွင် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။
ကျောက်ဖုန်းက ရွှီဖုကို အတော်လေး စိတ်ဝင်စားမိသည်။ ထိုလူ၏ နောက်ကြောင်းက အမှန်တကယ် လျို့ဝှက်လွန်းလှသည်။ ယခင် ဆေးဖော်စပ်သူမျကို ဖမ်းဆီးချိန်တွင် အဆိပ်ဆေးလုံးများကို ယူပြီး လေ့လာခဲ့သည်။ ရလဒ်က သူ့ကို အံ့အားသင့်စေခဲ့သည်။ ထိုအဆိပ်ဆေးလုံးများတွင် သတ္တုဓာတ်များ ပါဝင်နေရုံသာမက စိတ်ကြည်လင်ဆေး၊ ခွန်အားတိုးဆေးများကဲ့သို့ ဆေးဖက်ဝင်ဂုဏ်သတ္တိများလည်း ပါဝင်နေသည်။ အဆိပ်များကို ရည်ရွယ်ချက်ရှိရှိ ထည့်ထားသကဲ့သို့ ဖြစ်နေသည်။
ရွှီဖုက ဆေးဖော်စပ်ခြင်းကို အမှန်တကယ် ကျွမ်းကျင်နေခြင်းဖြစ်နိုင်သည်။ ဤကမ္ဘာ၏ လျို့ဝှက်ချက်များကို ဖော်ထုတ်ရန် ကျင့်ကြံသူများ ရှိမရှိ သိနိုင်ရန် ရွှီဖုက အဓိကသော့ချက်ဖြစ်နေသည်။
" ရာဇဝတ်သားတစ်ယောက်အကြောင်း ဘာလို့စိတ်ဝင်စားနေတာလဲ။ သူ ပုန်းနေတာကောင်းတယ်။ မဟုတ်လို့ သူထွက်လာလို့ကတော့ ငါ သူ့ကို အပိုင်းပိုင်းခုတ်ဖြတ်ပစ်မယ်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" ရွှီဖုက သေချာပေါက် ပြန်လာလိမ့်မယ်။ " ကျောက်ဖုန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
" သတင်းတွေ ပျံ့နေတာ ရွှီဖုပြန်လာလိမ့်မယ်လို့ မင်းက ဘာလို့ထင်ရတာလဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဘယ်လိုပြောရမှန်းမသိပေမယ့် ကျွန်တော်မျိုး သေချာနေပါတယ်။ " ကျောက်ဖုန်းက ရှင်းမပြဘဲ ပြောလိုက်သည်။
ရွှီဖုက ကျင့်ကြံသူတစ်ယောက်ဖြစ်လျှင် သူ၏ ရည်ကွယ်ချက်က ရင်ကျန့် ဖြစ်ပေလိမ့်မည်။ ချင်ဘုရင် မသေလျှင် သူ၏ ရည်ရွယ်ချက်က မပြီးမြောက်သောကြောင့် နောင်တစ်ချိန်တွင် သေချာပေါက် ပြန်လာပေလိမ့်မည်။ သို့သော် ၎င်းက ကျောက်ဖုန်း အထင်မှားနေခြင်းလည်း ဖြစ်နိုင်သည်။
" ဒါဆိုလည်း ရွှီဖုပြန်လာမယ့်နေ့ကို စောင့်ကြည့်ကြတာပေါ့။ " ရင်ကျန့်က ရယ်မောလိုက်သည်။
ထိုအချိန်တွင် ခန်းမတံခါး ပွင့်လာပြီး ကျောက်ကောင်းက အစေခံများနှင့်အတူ စားပွဲချကာ အစားအသောက်နှင့် ဝိုင်များကို ချလိုက်သည်။
" အရှင်မင်းကြီး မှာကြားစရာရှိသေးလား။ " ကျောက်ကောင်းက မေးလိုက်သည်။
" မင်းထွက်သွားလို့ရပြီ။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်။
" နားလည်ပါပြီ။ " ကျောက်ကောင်းက အစေခံများနှင့်အတူ ခန်းမထဲမှ ထွက်ခွာသွားသည်။
" အရှင်မင်းကြီးအတွက် ဝိုင်ငှဲ့ပေးပါမယ်။ " ကျောက်ဖုန်းက ဝိုင်အိုးကို ယူပြီး ရင်ကျန့်အတွက် ငှဲ့ပေးလိုက်သည်။
" အင်မော်တယ်ဝိုင်ခန်းမက ဝိုင်ကောင်းတွေကို နန်းတော်က စျေးကြီးပေးဝယ်နေရတာ မင်းအပိုင်ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ " ရင်ကျန့်က မကျေမနပ်နှင့် ပြောလိုက်သည်။
" အရှင်မင်းကြီးက မမေးတော့ ကျွန်တော်မျိုးလည်း မပြောရဲပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဘယ်တုန်းက စတည်ထောင်ခဲ့တာလဲ။ " ရင်ကျန့်က ဝိုင်တစ်ငုံသောက်ပြး မေးလိုက်သည်။
" ကျွန်တော်မျိုး လက်ထောက်စစ်သူကြီးအဖြစ် ခန့်အပ်ခံရပြီး ဝေမြို့မှာ ရှိနေတုန်းကပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
" ဟုတ်တာပေါ့။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " မင်းက ဒါကို လျို့ဝှက်ချင်တာဆိုရင်တော့ ဒါက တကယ်ပေါ့ဆတာပဲ။ ဟေးပင်းထိုင်ရဲ့ စုံစမ်းမှုအရ အင်မော်တယ်ဝိုင်ခန်းမက ဝေမြို့က ပထမဆုံး ထွက်ပေါ်လာတာပဲ။ အဲ့ဒါကြောင့် မင်းနဲ့ ပက်သက်တယ်လို့ ငါ ဆုံးဖြတ်လိုက်တာ။ "
" အရှင်မင်းကြီး ကျွန်တော်မျိုး စျေးဆိုင်ဖွင့်တာ ဖြောင့်မတ်မှန်ကန်ပါတယ်။ ချင်ဥပဒေမှာ စစ်သေနာပတိချုပ်တွေ စျေးမရောင်းရဘူးလို့မှ မပါတာ။ အခြားသူတွေ သိသွားလည်း ကိစ္စမရှိပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ငါ မင်းရဲ့ လှည့်စားမှုကို ခံရမယ်လို့ မင်းထင်နေတာလား။ " ရင်ကျန့်က ရယ်ပြီး ကျောက်ဖုန်းကို စိုက်ကြည့်လိုက်သည်။
ထိုအကြည့်အောက်တွင် ကျောက်ဖုန်းက အနည်းငယ် စိုးရိမ်သွားမိသည်။ " ချင်ရှီဟွမ်ဆိုတဲ့အတိုင်းပဲ သူက သာမန်လူတစ်ယောက်ဖြစ်ရင်တောင် သူ့ရဲ့ အရှိန်အဝါက တကယ်ကြီးမားတယ်။ "
" ကျွန်တော်မျိုး ဝန်ခံပါတယ်။ ကျွန်တော်မျိုး အသေခံစစ်သည်တွေကိုလည်း လေ့ကျင့်ပေးထားပါတယ်။ သူတို့ကို ကျွန်တော်မျိုးရဲ့ စံအိမ်နဲ့ ရှချူးမှာပါ ထားထားပါတယ်။ အရေအတွက်ကတော့ တစ်ထောင်လောက်ရှိပါတယ်။ " ကျောက်ဖုန်းက ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည်။
" ဟားဟား... " ရင်ကျန့်က ရယ်ပြီး ဘာမှမပြောတော့ပေ။
မြေခွေးတစ်ကောင်လို ဉာဏ်များသော သူ့သားက တစ်ထောင်ဟု ပြောလျှင် သေချာပေါက် ပိုရှိပေလိမ့်မည်။ သို့သော် သူ သိသည်မှာ အင်မော်တယ်ဝိုင်ခန်းမနှင့် အသေခံစစ်သည်များ စောင့်ကြပ်နေသည်ဟုသာဖြစ်သည်။ အရေအတွက် ဘယ်လောက်ရှိသည်ကိုတော့ ဟေးပင်းထိုင်လည်း မရှာဖွေနိုင်ပေ။