← Chapters

အစစ်အမှန် ဝမ်လင်းနှင့် အားအနည်းဆုံး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်

Vol. 009 Ch. 440

အစစ်အမှန် ဝမ်လင်းနှင့် အားအနည်းဆုံး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်

Vol. 009 Ch. 440

လီယွင်ဖန်က အသက်ဝဝရှူသွင်း၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ “စန်နူး…ငါတို့နှစ်ယောက် တိုက်ပွဲမှာ အခြားလူတွေကို ဆွဲမထည့်ပါနဲ့…။ မင်းတို့ ဒီနေရာကနေ ကီလိုမီတာငါးထောင်ကို ထွက်သွား…။ ဘယ်သူမှ အနားလာခွင့် မပြုဘူး…”

ရွှမ်ယွဲ့မှ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူများက ပြန်ဆုတ်သွားကြသည်။ သူတို့က သည်နေရာကို ရောက်လာတုန်းကတော့ အလွန်ကြမ်းကြုတ် နေကြသည်။ သို့သော် ခုတော့ သည်ပုံစံအတိုင်း ပြန်ထွက်သွားရလေ၏။ သူတို့စိတ်နှလုံးထဲ၌လည်း ခါးသက်စွာ ခံစားနေရပြီး ဝမ်လင်းကိုလည်း ပို၍ ကြောက်ရွံ့နေမိသည်။

သည်စကားတစ်ခွန်း၏ စွမ်းအားက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသည်သူနှင့် ယှဉ်နိုင်နေသည်။

ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ လီယွမ်ဖန်ထံသို့ လက်သီးတစ်ချက်နှင့်အတူ တိုးဝင်သွားသည်။ သည်လက်သီးချက်က မရောက်ရှိလာသေးခင် မှာပင် လေထု ပေါက်ကွဲသံများက ထွက်ပေါ်လာခဲ့၏။

“လီယွမ်ဖန် လွန်ခဲ့တဲ့ နှစ်နှစ်က ကိစ္စကို ရှင်းကြတာပေါ့…” ဝမ်လင်းက အော်ဟောက်လိုက်သည်။ သူက လီယွမ်ဖန်ရှေ့သို့ ရုတ်တရက် ရောက်သွားခဲ့လာခြင်းနှင့် အတူ သူ့လက်သီးချက်ကလည်း ကျရောက်လာ၏။

လီယွမ်ဖန်အသွင်က သုန်မှုန်သွားပြီး သူကနောက်သို့ အမြန်ဆုတ်သည်။ သူက သိုလှောင်အိတ်ထဲကနေ အနက်ရောင် ဗုံတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းဗုံ ထွက်ပေါ်လာသည်နှင့် ဗုံက စည်းချက်တစ်ခု စတင်ထွက်ပေါ်လာ၏။

သည်အသံက အလွန်ထူးဆန်းသည်။ ၎င်းက ဗုံသံနှင့်မတူဘဲ နှလုံးခုန်သံနှင့် တူနေ၏။

သည်အသံက ပဲ့တင်ထပ်လာနေစဉ် ဝမ်လင်းနှလုံးကလည်း သည်အသံ၏ သက်ရောက်မှုကြောင့် ခုန်လာသည်ဟု ခံစားလာရသည်။ သူက လက်သီးတစ်ချက် ထိုးသွင်းပြီးနောက် တည်ငြိမ်နေဆဲသာ ရှိနေသည်။

လီယွင်ဖန်အသွင်က ပြောင်းလဲသွားသည်။ သည်ဗုံသံကလည်း ပို၍ မြန်ဆန် ကျယ်လောင်လာသည်။

ဝမ်လင်းက မာန်သွင်းသံ ပြုသည်။ သူ့နှလုံးခုန်သံပေါ်သို့ သက်ရောက်နေသော အသံက ချက်ချင်း ပျက်စီးသွားပြီး သူ့လက်သီးချက်ကလည်း ဗုံပေါ်သို့ ကျရောက်သွား၏။

ဘန်း….။

လီယွမ်ဖန်က နောက်သို့ ပိုဆုတ်လိုက်သည်။ သည် ဗုံက အမှုန်အမွှားအဖြစ်သို့ ပြောင်း၍ ပျောက်ကွယ် သွား‌တော့သည်။

သူက ရှေ့သို့ ပိုတိုးလာရင်း သူ့အသွင်ကလည်း အေးစက်နေခဲ့သည်။

ဝမ်လင်းက ရှေ့သို့ တိုးလာရင်း အေးစက်စွာ ပြောသည်။ “လီယွမ်ဖန်…ဒါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းအားလား…”

လီယွမ်ဖန်က နောက်သို့ ဆုတ်နေရင်း ဝမ်လင်းကိုကြည့်ကာ မာန်သွင်းသည်။ သူ့လက်နှစ်ဖက်လုံးဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး သူ့ရင်ဘက်ပေါ်သို့ ဖိချလိုက်သည်။ သူက ရုတ်တရက် ရွှေရောင်အလင်းတန်း တစ်ခုကို ထွေးထုတ်လိုက်၏။

ရွှေရောင်အလင်းတန်းက လျင်မြန်စွာဖြင့် ပေတစ်ထောင်ရှည်သည့် ဧရာမ ရေခဲရုပ်ကြီးအသွင်သို့ ပြောင်းသွားသည်။ သည့်နောက် လီယွမ်ဖန်သည်လည်း ရေခဲရုပ်ကြီးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေ၏။

ရေခဲရုပ်ကြီးက ဟိန်းဟောက်လိုက်ရာ သည်အသံက နေရာတိုင်းသို့ ပျံ့နှံ့သွားလေသည်။

ဝမ်လင်းမျက်လုံးက အလေးအနက် ဖြစ်လာခဲ့သည်။ သည်ရေခဲရုပ်ကြီးက အနီရောင်လိပ်ပြာ အသုံးပြုခဲ့သော ရေခဲရုပ်ကြီးနှင့် ဆင်တူနေ၏။ သို့သော် ခုရေခဲရုပ်ကြီးက ပို၍ သေးငယ်သည်။

ရေခဲရုပ်ကြီးက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ဝမ်လင်းထံသို့ တိုးဝင်လာသည်။

ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသော အလင်းများ ဖြစ်ပေါ်နေသည်။ သူ့ရှေးဟောင်း ခန္ဓာကိုယ်က ကောင်းကင်ဘုံ တမန်တော်ကိုသာ ရှုံးနိမ့်ဖူးခဲ့သည်။ သူက ရယ်သံပြု၍ ရေခဲရုပ်ကြီးထံသို့ တိုးဝင်ပစ်သည်။

ဘန်း…ဘန်း…ဘန်း….။

ဝမ်လင်း၏ လက်သီးနှင့် ရေခဲရုပ်ကြီးတို့ကြား တိုက်တိုက်တွေ့ဆုံမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ သူတို့နှစ်ယောက်ကြား တိုက်ပွဲက ဆက်တိုက်ဖြစ်နေပြီး မြေပြင်က အပိုင်းပိုင်းဖြစ်ကုန်သလို ကောင်းကင်သည်လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်ကုန်၏။

လက်သီးတစ်ချက် တိုက်ခိုက်ပြီးတိုင်း ဝမ်လင်းမျက်လုံးများက ပိုပို အေးစက်လာခဲ့သည်။ ကြယ်သုံးလုံး ရှေးဟောင်းနတ်ဘုရားက မခန့်မှန်းနိုင်သော ခွန်အားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူက နာကျင်မှုကို မခံစားရချေ။

လက်သီးတစ်ချက် ထိမှန်တိုင်း ရေခဲရုပ်ကြီးပေါ်၌ သေးငယ်သော အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ လက်သီးချက်ကို ထိမှန်တိုင်း ရေခဲရုပ်ကြီးက နောက်သို့ တစ်လှမ်း ဆုတ်နေရသဖြင့် ၎င်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“လီယွမ်ဖန်…ဒီနေ့ မင်း သေကိုသေရမယ်…” ဝမ်လင်းက လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြန်သည်။

ဘန်း…။

လီယွမ်ဖန်က နောက်သို့ ပိုဆုတ်သွားရသည်။ ရေခဲရုပ်ကြီးပေါ်၌လည်း အက်ကြောင်းများ ပိုဖြစ်ပေါ်လာသည်။

“ပျက်စီးစမ်း…” ဝမ်လင်းက မာန်သွင်းလိုက်သည်။ ထို့နောက် ရုတ်တရက် ရှေ့သို့တစ်ဟုန်ထိုး ထိုးတက်သွားပြီး ရေခဲရုပ်ကြီး၏ ရင်ဘတ်ပေါ်သို့ ရိုက်ချလိုက်သည်။

ရေခဲရုပ်ကြီးထံကနေ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ရေခဲအပိုင်းအစများ ပြုတ်ကျလာပြီး ၎င်းက နောက်ဆုံးတွင် ပြိုလဲကျသွားလေ၏။ လီယွမ်ဖန်က ပျံသန်းထွက်လာပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူ့မျက်လုံးများက နီရဲနေကာ သူက အော်ဟောက်လိုက်၏။ “စန်နူး… ငါ့ဒဏ်ရာတွေသာ ခုထိ ပြန်မကောင်းသေးတာ မဟုတ်ရင် မင်းက ငါ့ကို ဒီလိုဘယ်လိုလုပ် အနိုင်ကျင့်လို့ရမလဲ။ ထားလိုက်ပါ…။ ဒီနေ့ငါက မင်းကိုသတ်ဖို့ ငါ့ကျင့်ကြံမှုအဆင့် လျော့ကျသွားပါစေ စွန့်စားပစ်မယ်…”

သူတို့၏ နယ်ပယ်များအပြင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများသည် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကိုပါ အသုံးပြုနိုင်ကြပေ၏။

လီယွမ်ဖန်၏ မျက်လုံးများက သုန်မှုန်နေသည်။ သူက များစွာသော ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေလိုက်ပြီး ထူးဆန်းသော အားတစ်ခုက သူ့ကိုဝန်းရံလာကာ လက်ဖက်ရွက်များက သူ့ပတ်လည်၌ ပေါ်လာခဲ့သည်။

သည်လက်ဖက်ရွက်များထံ ကနေ ဆွဲမက်ဖွယ်အနံ့တစ်ခု ပျံ့နှံ့လာ၏။

“နယ်ပယ်ကို ရုပ်ပိုင်းအသွင် ပြောင်းခြင်း…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ ဝမ်လင်းက လွန်ခဲ့သည့်နှစ်နှစ်က လီယွမ်ဖန်၏ လက်ဖက်ရွက် အမှတ်အသားနှင့် ထိမှန်ခြင်းကို ခံခဲ့ရကတည်းက သူ့တွင် အကြံတစ်ခု ရှိထားနှင့်ပြီ ဖြစ်သည်။

သည်အခိုက်တွင် လီယွမ်ဖန်၏ နယ်ပယ်တိုက်ခိုက်မှုနှင့် အတူ ဝမ်လင်းက သူ့မေးခွန်းအတွက် အဖြေတစ်ခု ရရှိသွားခဲ့သည်။

အမှန်တော့ သူက လက်စားချေခြင်းအပြင် လီယွမ်ဖန်နှင့်တိုက်ပွဲ၌ သူ့ကိုယ်သူ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ဝင်ရောက်ရန် အဆင်သင့်ပြင်ခြင်းလည်း မည်သည်။

ဝမ်လင်းက ခုကျင့်ကြံမှုအဆင့်ကို ရောက်လာပြီးနောက် ကောင်းကင်နှင့်မြေကြီးကို နားလည်ခြင်းက အဆင့်ချိုးဖျက်ရန်အတွက် နည်းလမ်းတစ်ခု ဖြစ်ကြောင်း သိခဲ့သည်။ သည့်အပြင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ခြင်းကလည်း သူ့နယ်ပယ်အကြောင်း နားလည်ရန်အတွက် နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်ကြောင်း သိလာခဲ့ပေသည်။

သူ ရွှမ်ယွဲ့ကိုလာရသည့် နောက်ထပ် အကြောင်းတစ်ခုလည်း ရှိနေသေးသည်။ သည်အကြောင်းကတော့ စစ်ထူနန်လို့ သူ့ကိုယ်သူခေါ်သည့် လက်မောင်းတစ်ဖက်ကို လာရှာခြင်း ဖြစ်သည်။

လီယွမ်ဖန်၏ ပတ်လည်ရှိ လက်ဖက်ရွက် အမှတ်အသားများကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းက အသက်ဝဝရှူသွင်းကာ သူ့ခန္ဓာကိုယ်ထဲကနေ မူလစိတ်ဝိညာဉ်က ပျံ့လွင့်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်လေသည်။ သည်နေရာရှိ လေဟာနယ်က လီယွမ်ဖန် အစောကတည်းက ချိပ်ပိတ်ထားပြီး ဖြစ်သည်။ သို့သော် မမြင်ရသော လက်ကြီးတစ်ဖက်က ကောင်းကင်ကို ဆုတ်ဖြဲလိုက်သကဲ့သို့ လေဟာနယ်ကနေ အက်ကွဲကြောင်းများ ပွင့်လာခဲ့သည်။ သည်အက်ကွဲကြောင်းများ ထံကနေ မီးခိုးရောင်အခိုးအငွေ့ဒြပ်ထု တစ်ခုက ထွက်ပေါ်လာ၏။

မိးခိုးရောင်အခိုးငွေ့များက ပို၍ပို၍ စုဝေးမိလာပြီး ဧရာမစာလိပ်ကြီးက ကောင်းကင်ကို ဖုံးအုပ်လုနီးပါး ရုတ်တရက် ဖြစ်ပေါ်လာသည်။

“သေခြင်းရှင်ခြင်း၊ ပြန်လည်မွေးဖွာခြင်း စာလိပ်”

“ခုချိန်မှာ ငါ့မူလစိတ်ဝိညာဉ်နဲ့ ကိုယ်ပွားတို့က ပေါင်းစပ်ထားတဲ့အတွက် ငါ့နယ်ပယ်ကလည်း ပြောင်းလဲလာခဲ့တယ်…” ဝမ်လင်းက သူ ကောင်းကင်ဘုံတမန်တော်နှင့် တိုက်ခိုက်တုန်းက သူ့မူလခန္ဓာကိုယ်နောက်၌ ပေါ်လာသော ပုံရိပ်ကြီးအကြောင်း တွေးနေမိသည်။

သူ့နှလုံးက တစ်ချက်ခုန်သွားသည်။ သည့်နောက် သူ့ နှဖူးပေါ်၌ ကြယ်သုံးလုံး ထွက်ပေါ်လာပြီး လျင်မြန်စွာ လှည့်ပတ်လာသည်။သိပ်မကြာခင်မှာပင် ဧရာမပုံရိပ်ကြီးတစ်ခုက သူ့ခန္ဓာကိုယ်နောက်၌ တဖြည်းဖြည်း ပေါ်လာခဲ့သည်။

သည်ပုံရိပ်ကြီး၏ ဦးခေါင်းက ကောင်းကင်နှင့် ထိစပ်ကာ ခြေထောက်များက မြေပြင်ပေါ်၌ ရှိနေ၏။ သည်ပုံရိပ်ပေါ်လာသည်နှင့် ၎င်းက လက်ဆန့်ထုတ်၍ စာလိပ်ကို လှမ်းဆွဲလိုက်သည်။

သည်ထူးခြားဆန်းကျယ်သော မြင်ကွင်းက ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေသော လီယွမ်ဖန်ကို လုံးဝ ကြောင်ငေးမှက်တက်မိသွားစေသည်။ သူက အချိန်အတန်ကြာသည့်အထိ စကားမပြောနိုင် ဖြစ်နေသည်။ သူက စန်နူး၏နယ်ပယ်သည် သေခြင်းရှင်ခြင်းနယ်ပယ်မှန်း သိသော်လည်း အခု သည်ပုံရိပ်ကြီးကို မြင်လိုက်သည့်အခါ သူ့နှလုံးသားက စတင်တုန်ရင်လာသည်။

“ဘာကြီးလဲ…ဒီနယ်ပယ်က ဘာနယ်ပယ်ကြီးလဲ…”

ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်သည်။ သူက သူ့ကိုယ်ပွား၏နယ်ပယ်နှင့် မူလခန္ဓာကိုယ်ဖြစ်သည့် ရှေးဟောင်းနတ်ဘုရား၏ ပုံရိပ်ကြီးက ခုလို အတူတူ ပေါင်းစည်း၍ လုပ်ဆောင်လိမ့်မည်လို့ မထင်ထားမိချေ။ သည့်နောက် သူက လီယွမ်ဖန်ထံသို့ လက်ညွှန်လိုက်သည်။

ဧရာမပုံရိပ်ကြီးက စာလိပ်ကို လှုပ်ရမ်းလိုက်ရာ များစွာသော မီးခိုးရောင်အခိုးငွေ့များ ထွက်ပေါ်လာလေသည်။ သည်မီးခိုးရောင် အခိုးအငွေ့များက ကောင်းကင်ဘုံ တမန်တော်နှင့်ပင် ဆင်တူနေသည့် ပုံရိပ်ယောင်အသွင် ဖြစ်လာခဲ့သည်။ သည်ပုံရိပ်ကြီးက လီယွမ်ဖန်ထံသို့ တိုးဝင်သွားတော့၏။

လီယွမ်ဖန် စိတ်ထဲ၌ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရ၏။ သူက တုံ့ဆိုင်ခြင်းမရှိဘဲ အော်လိုက်သည်။ “လက်ဖက်ရွက်နယ်ပယ်…”

သည်အခိုက်တွင် သူ့ကို ဝန်းရံနေသော လက်ဖက်ရွက်နယ်ပယ်က ရုတ်တရက် ကြီးမားလာခဲ့ပြီး လက်ဖက်ပန်းပွင့်များသို့ ပြောင်းလဲသွားသည်။ ထူးဆန်းသောရနံ့က ပို၍ အားကောင်းလာခဲ့သည်။

ပုံရိပ်ယောင်ကြီးက လျင်မြန်စွာ ရောက်ရှိလာပြီး သည်လက်ဖက်ပွင့်များနှင့် ထိပ်တိုက် တွေ့ဆုံမိကြသည်။ သည်ပုံရိပ်ကြီးက လျင်မြန်စွာ ပျောက်ကွယ်သွားသလို လက်ဖက်ပွင့်များ သည်လည်း ပျက်စီးသွားလေသည်။

သည်ပျက်စီးမှုက ချက်ချင်းလိုလို ဖြစ်ပျက်ခဲ့ခြင်း ဖြစ်၏။

တစ်ချိန်တည်းမှာပင် ဝမ်လင်း၏ မူလခန္ဓာကိုယ်က အားအမျိုးအစား တစ်ခု၏ ဆွဲယူခြင်း ခံလိုက်ရသကဲ့သို့ အားနည်းလို့သွားသည်။ သေခြင်းရှင်ခြင်း၊ ပြန်လည်မွေးဖွားခြင်း စာလိပ်သည်လည်း ပျောက်ကွယ်သွားသလို သူ့နောက်ရှိ ပုံရိပ်ကြီးသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့၏။

လီယွမ်ဖန်၏ မျက်နှာက ဖြူရော်နေသည်။ သူ့ခန္ဓာကိုယ်က တုန်ခါလို့နေပြီး သွေးများစွာ အန်ထုတ်လိုက်ရ၏။

“မင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် မဟုတ်တော့ဘူး…။ မင်းနယ်ပယ်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်ကို ရောက်နေခဲ့ပြီးပြီ…” လီယွမ်ဖန်မျက်နှာ၌ နာကျင်မှုကို ဖော်ပြနေပြီး သူက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သို့သော် သူ့မျက်လုံးထဲ၌ ရူးသွပ်မှုများ ရှိလို့နေ၏။

“ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်…” လီယွမ်ဖန်က သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို လျစ်လျူရှုရန် ဆုံးဖြတ်ကာ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုသည်။ သူ့လက်ထဲ၌ ကောင်းကင်ဘုံ ကျောက်စိမ်းအပိုင်းငယ်တစ်ခု ပေါ်ထွက်လာ၏။ သည့်နောက် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များသည်လည်း လှုပ်ရှားလို့လာသည်။

ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူ အသုံးပြုနိုင်ခြင်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စံတစ်ခု ဖြစ်နေခဲ့၏။

သည်အခိုက်တွင် လီယွမ်ဖန်က ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်သည့် အတွက် သူ့ပတ်လည်၌ အားကောင်းသော ဖိအားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဝမ်လင်းအသွင်က အပြောင်းအလဲ ရှိနေဆဲဖြစ်၏။ သူက သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်အလံကို ထုတ်ယူလိုက်ရာ မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများစွာ ထွက်ပေါ်လာပြီး သူ့ပတ်လည်၌ အမည်းရောင် အခိုးအငွေ့ ဒြပ်ထုအသွင် ဖြစ်ပေါ်လာခဲ့၏။

တစ်ပြိုင်နက်တည်းမှာပင် အတားအဆီးအလံကိုလည်း သူက ထုတ်ယူလိုက်၏။ သူက ယင်းအလံကို တစ်ချက်လှုပ်ယမ်းလိုက်ရာ မရေမတွက်နိုင်သော အတားအဆီးများစွာ ပျံသန်းထွက်ပေါ်လာ၏။ အကွာအဝေးတစ်ခုမှ ကြည့်လျှင် ဝမ်လင်းကို အမည်းရောင် အခိုးအငွေ့ဝဲကတော့ တစ်ခုက ဖုံးလွှမ်းခံထားရသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

လီယွမ်ဖန်က ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူက ချိပ်တံဆိပ်တစ်ခု ပြုလုပ်၍ မရေမတွက်နိုင်သော် ရေခဲလုံးများကို ဖြစ်ပေါ်စေ၏။ သည်အရာက ရွှမ်ယွဲ့တွင် အသုံးများသော နည်းစနစ်တစ်ခု ဖြစ်ပြီး လူတိုင်းနီးပါးလည်း သည်နည်းစနစ်ကို သိကြ၏။

သို့သော် သည်ရေခဲတုံးများထဲ တွင်တော့ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားများ ပါဝင်လို့နေသည်။

“စန်နူး… မင်းသေခြင်းတရားကို လက်ခံလိုက်စမ်း…” လီယွမ်ဖန်က အော်ဟောက်လိုက်၏။ သူက သူ့လက်ကို ရှေ့သို့ တွန်းထုတ်သည်။ သည်အခါ ရေခဲလုံးများက တုန်ခါလာပြီး ဝမ်လင်းထံသို့ တိုးဝင်သွားလေတော့၏။

စိတ်ဝိညာဉ်များနှင့် အတားအဆီးများက သည်ရေခဲလုံးမျာကို အရှိန်လျော့သွားအောင် မလုပ်နိုင်ကြချေ။ သည်ရေခဲတုံးနှင့် ထိမိသည့်အခါ သည်အရာများက မီးခိုးငွေ့လို့ ပျောက်ကွယ်သွားကြရ၏။

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက သည်ရေခဲလုံး တစ်ခုချင်းစီ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ ပါနေသည်ကို ခံစားမိနေ၏။

“ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ပါတဲ့ ဒီရေခဲတုံးတွေက ဘယ်လောက်သန်မာလဲ ကြည့်ရတာပေါ့…” သူက အမည်းရောင် အခိုးငွေ့များထဲကနေ ထိုးထွက်လာပြီး ရေခဲတုံးတစ်ခုထံသို့ လက်သီးဖြင့် ထိုးချပစ်သည်။

ဘုန်း…ဘုန်း…ဘုန်း…။

ရွှမ်ယွဲ့နိုင်ငံရှိ မြေကြီး အက်ကွဲပြိုပျက်သံများက ပတ်ဝန်းကျင်ရှိ နိုင်ငံများထိ ပျံ့နှံ့သွားစေ၏။ ရွှမ်ယွဲ့နိုင်ငံ နယ်မြေတစ်ခုလုံးက စတင်အက်ကွဲလာခဲ့ပြီး ထူထဲသော နှင်းလွှာများသည်လည်း စတင်ပြိုကျကုန်၏။

ဝမ်လင်းက နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်သည်။ သူ့လက်သီးက အနည်းငယ် တုန်ယင်နေ၏။ သူ့လက်သီးပေါ်၌လည်း ရေခဲအလွှာတစ်ခု ဖြစ်ပေါ်လာ၏။သို့သော် ၎င်းအလွှာက ချက်ချင်း ပြန်ပျောက်ကွယ်သွားသည်။

“ငါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ပြီး ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုနိုင်မယ်ဆိုရင် ဒီစိတ်ဝိညာဉ်အလံနဲ့ အတားအဆီးအလံတို့ထဲ ကိုလည်း ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် ပေါင်းထည့်လိုက်နိုင်တဲ့ အခါကျရင် ဒီအလံတွေက အဆများစွာ ပိုအားကောင်း လာလိမ့်မယ်…”

“ဒါ့အပြင် ကောင်းကင်ဘုံ စိတ်ဝိညာဉ်ဓားကလည်း ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကိုသာ ဒီထဲကို ပေါင်းစပ်ရင် ဒီဓားကလည်း အစကထက် ပိုအားကောင်းသွားလိမ့်မယ်…” သည်အခိုက်တွင် ဝမ်လင်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိရန် မစောင့်နိုင် ဖြစ်ရသည်။ သူ့မျက်လုံးများက တောက်ပစွာဖြင့် တဖျတ်ဖျတ ဖြစ်လို့နေသည်။

“စန်နူး…သေလိုက်တော့…” လီယွင်ဖန်၏ မျက်လုံးများက နီရဲတွတ်နေသည်။ သူ့သွေးကြောများကလည်း ပေါက်ကွဲလုထွက်မတတ် ဖြစ်သွား၏။ သူ့အသွင်ကလည်း ကြမ်းကြုတ်နေခဲ့သည်။ သို့သော် သူ့ခန္ဓာကိုယ်ကတော့ တုန်ခါလို့နေ၏။ သည်အရာက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များကို အလွန်အကျူး ထုတ်ယူသုံးဆွဲရသည့် လက္ခဏာကို ဖော်ပြနေသည်။

တကယ်တော့ သူက ပုံမှန်ဆိုရင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ မရောက်ရှိနိုင်သေးချေ။ သူက သည်အဆင့်ကို အတင်းအကျပ်သို့ ရောက်အောင် လုပ်ခဲ့သည့်သူ ဖြစ်သည်။ သည့်အတွက်ကြောင့် သူအသုံးပြုနိုင်သည့် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် ပမာဏက အလွန်နည်းပါးလှသည်။

***

All Chapters