← Chapters

အခန်း ၈၇၃

Vol. 59 Ch. 873

အခန်း ၈၇၃

Vol. 59 Ch. 873

အခန်း (၈၇၃) သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ တက်လှမ်းခြင်းနှင့် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ကို ကျော်လွန်သော လိပ်အသက်ရှူကျင့်စဉ်။ (၃)

"ဒီမြှားက... နတ်ဘုရားစွမ်းရည်အဆင့်ရဲ့ အစွမ်းသတ္တိမျိုး ရှိနေတာပဲ။"

ဘေးပတ်ပတ်လည်ရှိ သိုင်းဝိဇ္ဇာသူတော်စင်များအားလုံးသည် ဤမြှား၏ ထူးကဲသော စွမ်းအားကို သတိပြုမိကြသဖြင့် စိတ်ထဲမှ အံ့အားသင့်နေကြသည်။ စူးချန်ခုန်းမှာမူ မျက်နှာအမူအရာ ပျက်ယွင်းခြင်းမရှိဘဲ လေးနှင့်မြှားကို သူ၏ စာပေရနံ့အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

ထိုစဉ် သူ၏ နောက်ကျောဘက် မြေပြင်အတွင်းမှ ပုံရိပ်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။ စူးချန်ခုန်း၏ မြှားသည် သွေးနတ်ဘုရားသူငယ်ကို မထိမှန်မီကပင် သွေးနတ်ဘုရားသူငယ်သည် မြေအောက်သို့ ငုပ်လျှိုးကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း စူးချန်ခုန်း ရိပ်မိခဲ့ပြီး ဖြစ်သည်။ သွေးနတ်ဘုရားသူငယ်မှာ သွေးနတ်ဘုရားမျိုးစေ့ တစ်ခုထက်မကကို သန့်စင်ထားပြီး တိုက်ခိုက်ခြင်းနှင့် အသက်ဘေးမှ လွတ်မြောက်ခြင်း နှစ်မျိုးစလုံးအတွက် အသုံးဝင်သည့် အစွမ်းထက်သော နတ်ဘုရာစစွမ်းရည်တု အများအပြားကို တတ်မြောက်ထားသူ ဖြစ်သည်။

"သွေးအရည် စူးလက်နက်"

သွေးနတ်ဘုရားသူငယ်သည် စူးချန်ခုန်း၏ နောက်ကျောဘက်တွင် ပေါ်လာပြီး သူ၏ သွေးရောင်မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် အပြည့်နှင့်။ သူ၏ လက်ကောက်ဝတ်မှ သွေးများ အမြောက်အမြား စီးကျလာပြီး ဓားမြှောင်ပုံစံ သွေးရောင်စူးတို တစ်ခုအဖြစ် ပြောင်းလဲသွားကာ စူးချန်ခုန်း၏ နှလုံးဆီသို့ တိတ်တဆိတ် ထိုးစိုက်လိုက်သည်။

ဤသာမန်ဟု ထင်ရသော သွေးရောင်စူးမှာလည်း သွေးနတ်ဘုရားမျိုးစေ့၏ နတ်ဘုရားစွမ်းရည်တစ်ခုပင် ဖြစ်သည်။ မိမိ၏ အစစ်အမှန် သွေးများကို မည်သည့်အရာကမျှ ဖောက်ထွင်းနိုင်ခြင်းမရှိသော စူးလက်နက်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။ ခန္ဓာကိုယ် ကြံ့ခိုင်သော သာမန် သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးပင်လျှင် ဤထိုးနှက်ချက်ကို တောင့်ခံနိုင်မည် မဟုတ်ပေ။ အနည်းငယ်မျှ ရှပ်ထိရုံဖြင့်ပင် ထိုစူးလက်နက်၏ စွမ်းအားသည် ရန်သူ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ အသားနှင့် အရိုးများကို အရည်ပျော်သွားစေနိုင်သည်။

စူးချန်ခုန်းမှာမူ ဤရုတ်တရက် လုပ်ကြံမှုကို သတိမထားမိသကဲ့သို့ ရှိနေပြီး သွေးရောင်စူးသည် သူ၏ နီရဲသော အရေပြားပေါ်သို့ ဒေါသတကြီး ထိုးစိုက်မိသွားသည်။

"ဘာ..."

သို့သော်လည်း သွေးနတ်ဘုရားသူငယ် မှင်သက်သွားရသည်။ ထိုစူးလက်နက်သည် စူးချန်ခုန်းကို မထိမှန်မီမှာပင် မမြင်ရသော သဘာဝစွမ်းအင်တစ်ခုသည် သွေးရောင်စူးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ ၎င်း၏ တည်ဆောက်ပုံကို အတွင်းမှနေ၍ ဖြိုခွဲလိုက်သဖြင့် အားနည်းကာ ပျက်စီးသွားစေသည်။

"ဗုန်း"

သွေးအရည်စူးမှာ စူးချန်ခုန်း၏ နောက်ကျောကို ထိမှန်သွားသော်လည်း သူ၏ အရေပြားကို အစင်းရာလေးပင် မထင်စေဘဲ ပျက်စီးသွားရသည်။ စူးချန်ခုန်း၏ နတ်ဘုရားသွေးများမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အပူရှိန်ကြောင့် ပြာအဖြစ်သို့ လောင်ကျွမ်းသွားရခြင်း ဖြစ်သည်။

စူးချန်ခုန်းက လှည့်ကြည့်ကာ ပြုံးလိုက်သည် "ဒါပဲလား။ ဒီလောက်နဲ့ ငါ့ကို စိန်ခေါ်ရဲတာလား"

ဤသွေးနတ်ဘုရားသူငယ်မှာ သွေးနတ်ဘုရားမျိုးစေ့ အများအပြားနှင့် နတ်ဘုရားစွမ်းရည် အမြောက်အမြားကို ထိန်းချုပ်ထားသော်လည်း ထိုစွမ်းရည်များမှာ နတ်ဘုရားစွမ်းရည်တု အဆင့်တွင်သာ ရှိနေသေးသဖြင့် စူးချန်ခုန်း၏ တောက်ယင်ကျင့်စဉ်ရှေ့တွင် အားပျော့သွားရသည်။ သွေးနတ်ဘုရားမျိုးစေ့၏ စွမ်းရည်များသည် စူးချန်ခုန်းကို မထိနိုင်မီမှာပင် အားပျော့သွားသဖြင့် မည်သည့် အန္တရာယ်မျှ မပေးနိုင်တော့ပေ။

သွေးနတ်ဘုရားသူငယ်၏ မျက်ခွံများ တုန်ခါသွားသည်။ သူ၏ ရှေ့မှ လူငယ်မှာ သူထင်ထားသည်ထက် များစွာ ပို၍ ကြောက်စရာကောင်းကြောင်း သူ ရိပ်မိလိုက်သည်။

ဧရာမဝေလငါး ကျင့်စဉ်၊ အဆုံးမဲ့ ဒေါသပင်လယ်။

စူးချန်ခုန်းသည် ရုတ်တရက် လှည့်လိုက်ရာ သူ၏ ညာလက်သီးမှာ ကြီးမားသော နတ်ဘုရားစွမ်းအားများကို သယ်ဆောင်လာပြီး အတွင်းအားများမှာ ပင်လယ်နက်အတွင်းရှိ ဝဲဂယက်ကြီးတစ်ခုကဲ့သို့ စုစည်းသွားသည်။ ဧရာမ သားရဲကြီးတစ်ကောင်က ပါးစပ်ကို ဟပြဲလျက် အတင်းအကျပ် စုပ်ယူနေသကဲ့သို့ ရှိနေသဖြင့် ထွက်ပြေးရန် ကြိုးစားနေသော သွေးနတ်ဘုရားသူငယ်မှာ နောက်သို့ ပြန်လည် ဆွဲငင်ခံလိုက်ရသည်။

သွေးနတ်ဘုရားသူငယ်က အံကို တင်းတင်းကြိတ်ကာ ဟိန်းဟောက်လိုက်သည်။ "သွေးသစ်သား သံမဏိခန္ဓာ"

"ဂျောက်... ဂျောက်... ဂျောက်"

သွေးနတ်ဘုရားသူငယ်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကြီးထွားလာပြီး သူ့ကိုယ်ပေါ်ရှိ အဝတ်ဖြူများမှာ ပေါက်ကွဲထွက်ကုန်ကာ အမှတ်အသားပေါင်းများစွာဖြင့် ပြည့်နှက်နေသော ပုံပျက်နေသည့် မျက်နှာ ပေါ်ထွက်လာသည်။ သူ၏ အရေပြားမှာ သွေးရောင်ပြောင်းကာ သွေးများ စီးကျနေပြီး သွေးကြောများမှာ ဖောင်းတက်နေကာ အရိုးများမှာလည်း သံမဏိထက် ပို၍ မာကျောသွားသည်။ သူသည်လည်း နတ်ဘုရားစွမ်းအားများကို စုစည်းကာ စူးချန်ခုန်းနှင့် ထိပ်တိုက် လက်သီးချင်း ထိုးလိုက်သည်။

"ဘုန်း"

လက်သီးချင်း ထိမှန်သွားသောအခါ သွေးနတ်ဘုရားသူငယ်မှာ နက်ရှိုင်းသော ဝဲဂယက်ကဲ့သို့သော အတွင်းအား၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး သူ၏ လက်သီးစွမ်းအားမှာ လုံးဝ အရည်ပျော်သွားရုံသာမက သူ့ထံသို့ပင် ပြန်လည် ရိုက်ခတ်လာသည်။

အဆင့် ၁၁ သို့ ရောက်ရှိနေသော ဧရာမဝေလငါး ကျင့်စဉ်နှင့် ဆန်းကြယ်လိပ်ချီစွမ်းအင်တို့ ပေါင်းစပ်ထားသော စူးချန်ခုန်း၏ တိုက်ကွက်မှာ လုံးဝ လွှမ်းမိုးထားနိုင်ခြင်း ဖြစ်သည်။

"ဂျောက်... ဂျွတ်"

နာကျင်စွာ ညည်းတွားသံနှင့်အတူ သွေးနတ်ဘုရားသူငယ်၏ လက်မောင်းမှာ လုံးဝ ကြေမွသွားပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်မှာလည်း လေထဲတွင် လွင့်စင်သွားတော့သည်။

"အ... အရမ်း အစွမ်းထက်တာပဲ။"

ကျီးရွှယ်ရှောင်း မရပ်မနား ရေရွတ်လိုက်မိသည်။ ဤသွေးနတ်ဘုရားသူငယ်မှာ အားနည်းသူ မဟုတ်ကြောင်းနှင့် သူမအတွက် အလွန် အန္တရာယ်ရှိသောသူ ဖြစ်ကြောင်း ခံစားမိသော်လည်း စူးချန်ခုန်းနှင့် ခဏတာ ရင်ဆိုင်လိုက်ရုံဖြင့်ပင် သူသည် ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားခဲ့လေပြီ။

"ဒါက... သိုင်းဝိဇ္ဇာသူတော်စင်တွေကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ သိုင်းဝိဇ္ဇာသူတော်စင်အောက်က အတော်ဆုံးလူရဲ့ တကယ့် အဆင့်အတန်းပဲ။" အလောင်းကောင် အဖိုးအိုကလည်း အလွန်အံ့အားသင့်စွာ ဆိုလေသည်။

သွေးနတ်ဘုရားသူငယ်၏ ကြေမွသွားသော လက်မောင်းမှ သွေးများနှင့် အသားများမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး စူးချန်ခုန်း၏ ပတ်ဝန်းကျင်သို့ သွေးရောင်ဆူးများအဖြစ် ပျံနှံ့သွားသည်။ ထိုဆူးများမှာ အသားကို အနည်းငယ် ရှပ်ထိရုံဖြင့်ပင် အသက်အန္တရာယ် ပေးနိုင်စွမ်း ရှိသည်။

သို့သော်လည်း ဆယ်မိုင်ပတ်လည်အတွင်းရှိ သဘာဝစွမ်းအင်များကို စူးချန်ခုန်းက စိတ်ကြိုက် ထိန်းချုပ်ထားသည်။ စူးချန်ခုန်း၏ စိတ်ကူးတစ်ချက်ဖြင့်ပင် သဘာဝစွမ်းအင်များမှာ ထိုသွေးရောင်ဆူးများအတွင်းသို့ ကျူးကျော်ဝင်ရောက်သွားပြီး ၎င်းတို့၏ စွမ်းအားကို လုံးဝ လျှော့ချပစ်လိုက်သည်။ စူးချန်ခုန်းမှာ ဆန်းကြယ်လိပ်ချီစွမ်းအင် အကာအကွယ်ကိုပင် အသုံးမပြုဘဲ မိမိ၏ နတ်ဘုရားသွေးများကိုသာ အသက်သွင်းလိုက်ရာ ပူပြင်းလှသော အပူလှိုင်းများကြောင့် ထိုသွေးရောင်ဆူးများမှာ သူ၏ အနီးသို့ မကပ်နိုင်မီမှာပင် ပြာအဖြစ် ပြောင်းလဲသွားရသည်။

"ဘယ်... ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"

သွေးနတ်ဘုရားသူငယ်မှာ မြေပြင်ပေါ်သို့ ဖရိုဖရဲ လဲကျသွားသည်။ လက်မောင်းတစ်ဖက်မှာလည်း မရှိတော့ပေ။ သူ၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီး နဖူးမှလည်း ချွေးအေးများ စီးကျနေ၏။ စူးချန်ခုန်းနှင့် ရင်ဆိုင်ရာတွင် သူ ခံစားရသည်မှာ မတတ်သာခြင်းပင် ဖြစ်သည်။ ခန္ဓာကိုယ်၏ ခွန်အားဖြစ်စေ၊ နတ်စွမ်းရည်တုများ၏ ဆန်းကြယ်မှုဖြစ်စေ အရာအားလုံးမှာ စူးချန်ခုန်း၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။ ၎င်းမှာ ကလေးတစ်ယောက်နှင့် လူကြီးတစ်ယောက် တိုက်ခိုက်နေသကဲ့သို့ပင်။

"ဒါပဲ ရှိတာဆိုရင်တော့... မင်း သေလိုက်တာ ပိုကောင်းမယ်။"

စူးချန်ခုန်းသည် သွေးနတ်ဘုရားသူငယ်ထံသို့ လျှောက်လှမ်းသွားသည်။ ခြေလှမ်းတိုင်းမှာ မြေပြင်ကို တုန်ခါသွားစေပြီး မိစ္ဆာနတ်ဘုရားတစ်ပါး ဆင်းသက်လာသသည့်နှယ်။

"အားးးးး"

သွေးနတ်ဘုရားသူငယ်မှာ ရူးသွပ်သွားသကဲ့သို့ အော်ဟစ်လိုက်ပြီး သူ၏ သွေးနတ်ဘုရားမျိုးစေ့ စွမ်းအားကို အစွန်းကုန် ထုတ်ဖော်လိုက်သည်။ သူ၏ သွေးများမှာ နေရာအနှံ့ ပန်းထွက်သွားပြီး ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားသည်။ ထိုအခါ ဟင်းလင်းပြင်ထဲတွင် ဆူးများပါသော နွယ်ပင်များနှင့် ဟပြဲနေသော သွေးရောင်ပန်းပွင့်ပေါင်း မြောက်မြားစွာ ပေါ်ထွက်လာပြီး စူးချန်ခုန်းကို အပိုင်းပိုင်း စုတ်ဖြဲရန် ဝိုင်း ကိုက်ခဲကြတော့သည်။

All Chapters