← Chapters

အခန်း ၈၈၄

Vol. 59 Ch. 884

အခန်း ၈၈၄

Vol. 59 Ch. 884

အခန်း (၈၈၄) စစ်မှန်သော ပြိုင်ဘက်ကင်း သိုင်းဝိဇ္ဇာသူတော်စင်နှင့် ရွှေဆေးလုံး၏ အစွမ်း။ (၁)

"သူတို့အကုန်လုံးကို သတ်ပစ်မယ် ဟုတ်လား"

ရှယန်လုံ၊ ထွမ်မုထောင်နှင့် အခြားသူများ မှင်သက်သွားကြသည်။ သူတို့သည် ခုနကတင် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲခဲ့သော်လည်း အချိန်တိုအတွင်း အရှုံးအနိုင် မပေါ်ဘဲ သရေအနေအထားဖြင့်သာ ပြီးဆုံးခဲ့သည်။ ယခုအခါ ရှယန် မိသားစု၏ ကောင်းကင်ဘုံနန်းတွင် ပြဿနာဖြစ်နေသဖြင့် သိုင်းဝိဇ္ဇာသူတော်စင် ထက်ဝက်နီးပါးမှာ ထိုနေရာသို့ အပြေးအလွှား သွားနေကြရသည်။

ဤအခြေအနေတွင် ရန်သူနောက်သို့ လိုက်လံတိုက်ခိုက်လျှင်ပင် သူတို့ကို ဖမ်းဆီးနိုင်ရန် မလွယ်ကူပေ။ အကယ်၍ တကယ်တမ်း တိုက်ပွဲဖြစ်လာပါကလည်း အင်အားချင်း မမျှတသဖြင့် မည်သူက မည်သူ့ကို သတ်မည်နည်း ဆိုသည်မှာ မသေချာပေ။ ထို့ကြောင့်လည်း သူတို့သည် ရန်သူများ ထွက်သွားသည်ကို ဒီအတိုင်း ကြည့်နေခဲ့ရခြင်း ဖြစ်သည်။

"ဒါဆိုရင်... ညီလေးစူးက သိုင်းဝိဇ္ဇာသူတော်စင် အဆင့်ကို ရောက်သွားပြီလား" ထွမ်မုထောင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး လွှတ်ခနဲ မေးလိုက်သည်။

ထိုမိစ္ဆာများမှာ သိုင်းဝိဇ္ဇာသူတော်စင် အဆင့်များ ဖြစ်သည်ကို သိရက်နှင့် ဤကဲ့သို့ ပြောရဲသည်ဆိုပါက ထွမ်မုထောင် နားလည်ထားသည့် စူးချန်ခုန်း၏ စရိုက်အရ တစ်ခုတည်းသော အဖြေသာ ရှိသည်။ စူးချန်ခုန်းသည်လည်း သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ စူးချန်ခုန်း ဤမျှမြန်မြန် ရောက်လာနိုင်ခြင်းမှာလည်း သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦး၏ ပျံသန်းနှုန်းဖြင့်သာ ဖြစ်နိုင်ပေသည်။

ရှယန်လုံ၏ စိတ်ထဲတွင်လည်း သံသယအချို့ ရှိနေသည်။ စူးချန်ခုန်းသည် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာခဲ့လျှင်ပင် မိစ္ဆာကိုးယောက်ကို ရင်ဆိုင်ရန်မှာ အဆင့်တက်ခါစ သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦးအတွက် မလွယ်ကူလှပေ။

စူးချန်ခုန်းမှာမူ မိစ္ဆာများ အဝေးသို့ လွတ်မသွားစေရန် အချိန်မဆွဲလိုသဖြင့် အများကြီး ရှင်းမပြတော့ပေ။ သူသည် ကြိုးကြာဖြူကြီးကို စီးနင်းလျက် ထွမ်မုထောင် ညွှန်ပြသည့် ဘက်သို့ လျှပ်စီးအလား ပျံသန်းသွားတော့သည်။

"ဧကရာဇ်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ" ဟု မီးခိုးရောင် ဝတ်စုံနှင့် ရှယန် မိသားစု အကြီးအကဲ တစ်ဦးက မေးလိုက်သည်။

သူသည် တာ့ဝူဖုန်း အကြောင်းကို ကောင်းစွာ သိရှိထားသည်။ သိုင်းဝိဇ္ဇာသူတော်စင်များထဲတွင် စွမ်းအားအကြီးဆုံးဟု နာမည်ကြီးခဲ့သူ ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်ကျော် မှန်ကမ္ဘာ ဖြစ်ရပ်အတွင်း ရှေးဟောင်းမိစ္ဆာဂိုဏ်းမှ သွေးနတ်ဘုရားသူငယ်ကို အပြတ်အသတ် အနိုင်ယူခဲ့သူလည်း ဖြစ်သည်။ ယခုအခါ သူသည် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာနိုင်သော်လည်း ရန်သူမှာ သာမန်မဟုတ်ဘဲ သိုင်းဝိဇ္ဇာသူတော်စင် အဆင့် မိစ္ဆာကိုးယောက် ဖြစ်နေသည်။

"သူ့နောက်က လိုက်ကြမယ်" ခဏတာ တွေးတောပြီးနောက် ရှယန်လုံက အမိန့်ပေးလိုက်သည်။ စူးချန်ခုန်းကို အန္တရာယ်ထဲသို့ ဒီအတိုင်း လွှတ်မထားနိုင်ပေ။ အခြေအနေ မဟန်ပါက အတူတူ ပြန်ဆုတ်ကြရုံသာ ဖြစ်သည်။

"ဟုတ်ကဲ့" ထွမ်မုထောင်၊ ကုဖေးယန်နှင့် အခြား နှစ်ဦးတို့သည် စူးချန်ခုန်း နောက်သို့ ချက်ချင်း လိုက်သွားကြတော့သည်။

"စီနီယာ တန်းခမ်း... အရှင်ချင်းက ကျွန်တော်တို့ကို ထာဝရ အသက်ရှင်နိုင်အောင် တကယ် ကူညီပေးမှာလား"

ထိုအချိန်တွင် သိုင်းဝိဇ္ဇာသူတော်စင် အဆင့် မိစ္ဆာကိုးယောက်မှာ မြို့တော်နှင့် အတော်ဝေးဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လမ်းတွင် သားရေဝတ်စုံနှင့် လူက အရိုးမျက်နှာဖုံးနှင့် လူကို စိုးရိမ်တကြီး မေးလိုက်သည်။

တန်းခမ်းဟု ခေါ်သော အရိုးမျက်နှာဖုံးနှင့် လူက အေးဆေးစွာ ခေါင်းခါပြလိုက်သည်။ "ငါတို့က သူ့ကို ယုံကြည်ဖို့ပဲ ရွေးချယ်နိုင်တယ်... ဒါ့အပြင် သူက ငါတို့ကို အခုထိ အသက်ရှင်ခွင့် ပေးထားတာပဲ မဟုတ်လား။ သူသာ မရှိရင် ငါတို့တွေ အငွေ့ပျံပြီး ပျောက်ကွယ်သွားတာ ကြာလှပြီ။"

အခြားသော မိစ္ဆာများလည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် လွန်ခဲ့သော တစ်နှစ်ကျော် မှန်ကောင်းကင်ဘုံကမ္ဘာ ဖြစ်ရပ်အတွင်း မဟာနတ်ဘုရားမျိုးစေ့၏ စွမ်းအားကြောင့် ပေါ်ထွက်လာသော ပုံရိပ်ယောင်များသာ ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ကြသော ထိပ်တန်းပညာရှင်များ ဖြစ်ကြပြီး မကျေနပ်ချက်များ၊ စွဲလမ်းမှုများကြောင့် ဝိညာဉ်အဖြစ် ကျန်ရှိနေခဲ့သူများ ဖြစ်သည်။ ချင်းမေ့ရှန်က သူတို့ကို တစ်ယောက်ချင်း ရှာဖွေကာ အသက်ရှင်ခွင့်နှင့် လဲလှယ်၍ သူ၏ အစေခံများအဖြစ် စည်းရုံးခဲ့ခြင်း ဖြစ်သည်။

ချင်းမေ့ရှန်သည် ထူးခြားသော နည်းစနစ်များဖြင့် သူတို့ကို မိစ္ဆာသိုင်းပညာရှင်များအဖြစ် ပြောင်းလဲပေးခဲ့ပြီး သိုင်းဝိဇ္ဇာသူတော်စင်အဆင့် မရောက်သေးသူများကိုပင် အင်အားသုံး၍ ထိုအဆင့်သို့ ရောက်အောင် မြှင့်တင်ပေးခဲ့သည်။ သူ၏ တာဝန် ပြီးဆုံးပါက သူတို့ကို လွတ်လပ်ခွင့် ပေးမည်ဟုလည်း ကတိပေးထားသည်။ သူတို့သည် ချင်းမေ့ရှန်မှာ ဒဏ္ဍာရီလာ မိစ္ဆာသားရဲကြီး ဖြစ်နိုင်သည်ကို ရိပ်မိသော်လည်း အခြား ရွေးချယ်စရာ မရှိသဖြင့် ယုံကြည်နေရခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ယခုအချိန်ထိ အရာအားလုံးက အဆင်ပြေနေသည်။ သူတို့က ရှယန်လုံတို့ကို အပြင်သို့ ဆွဲထုတ်ထားချိန်တွင် ချင်းမေ့ရှန်က ကောင်းကင်ဘုံနန်းအတွင်းသို့ ခိုးဝင်ကာ သူ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

"ဟမ်"

မိစ္ဆာသိုင်းပညာရှင် ကိုးယောက်လုံး၏ မျက်နှာများမှာ ရုတ်တရက် ပြောင်းလဲသွားပြီး နောက်သို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် မြို့တော်နှင့် မိုင်ပေါင်း ထောင်ချီဝေးသော်လည်း မှောင်မိုက်သော ကောင်းကင်ယံတွင် အဖြူရောင် ပုံရိပ်တစ်ခု အပြင်းအထန် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ကြိုးကြာဖြူကြီး တစ်ကောင်ဖြစ်ပြီး ၎င်းအပေါ်တွင် ဝတ်စုံနက်နှင့် လူတစ်ဦး ပါလာသည်။

"အဲ့ဒါ... တာ့ဝူဖုန်းမလား"

မိစ္ဆာများထဲမှ တစ်ဦးက ထိုသူကို ချက်ချင်း မှတ်မိသွားသည်။ တာ့ဝူဖုန်းမှာ ချင်းမေ့ရှန်နှင့် ရန်ငြိုးကြီးသူ ဖြစ်သည်။ ယခင်က ချင်းမေ့ရှန်သည် သူ့ကို သတ်ရန် သိုင်းပညာရှင် ငါးဦး လွှတ်ခဲ့သော်လည်း စူးချန်ခုန်းက အလွယ်တကူ သတ်ဖြတ်ပစ်ခဲ့သည်။ ထို့ကြောင့် ချင်းမေ့ရှန်သည် အင်အားများကို တိတ်တဆိတ် စုစည်းကာ ဤသိုင်းဝိဇ္ဇာ သူတော်စင်အဆင့် မိစ္ဆာသိုင်းပညာရှင်ကိုးယောက်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

အမှန်တော့ ချင်းမေ့ရှန်သည် စူးချန်ခုန်းကို ကြောက်ရွံ့သဖြင့် သူ့ကို အရင်ရှင်းရန် စဉ်းစားခဲ့သေးသော်လည်း နောက်ဆုံးတွင် ဟုန်ကျန်းရှန့်၏ ခန္ဓာကိုယ်ကို အရင်သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုခန္ဓာကိုယ်ကို ရရှိပါက သူသည် ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံးအဖြစ် ပြန်လည် ရှင်သန်နိုင်မည် ဖြစ်သောကြောင့်ပင်။ စူးချန်ခုန်းကိုမူ နောက်မှ အလွယ်တကူ ခြေမှုန်းနိုင်သည်ဟု သူ ယူဆထားသည်။

သို့သော် ဤမိစ္ဆာသိုင်းပညာရှင်ကိုးယောက် မထင်မှတ်ထားသော အချက်မှာ ချင်းမေ့ရှန်နှင့် ရန်ငြိုးကြီးလှသော စူးချန်ခုန်းက သူတို့ရှေ့သို့ မိမိသဘောနှင့် မိမိ ရောက်လာခြင်းပင် ဖြစ်သည်။

"အကြီးအကဲစူး"

All Chapters