အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း (၂၅၈) အန္တရာယ်ရှိသောသဘောတူညီမှုတစ်ခု
နေဝင်ရီတရောအချိန်၊ လူသူကင်းမဲ့သော ကမ်းခြေတစ်ခုတွင်။
လူရိပ်တစ်ခုက ကြိုတင်သတိပေးချက်မရှိဘဲ ရုတ်တရက် ထွက်ပေါ်လာလေသည်။
၎င်းမှာ ဆံပင်အနက်ရောင်နှင့် အနောက်တိုင်းဝတ်စုံပြည့် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့ရုပ်ရည်က ငယ်ရွယ်နုပျိုသော်လည်း ရင့်ကျက်တည်ငြိမ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ ထို့အပြင် သူသည် ရုပ်ရည်ချောမောသူဖြစ်ပြီး လိုအပ်ပါက အတော်လေးဆွဲဆောင်မှုရှိနိုင်သူဖြစ်သော်လည်း ဤအခိုက်အတန့်တွင်မူ သူသည် အနည်းငယ် ပျင်းရိငြီးငွေ့သော အမူအရာဖြင့် သမ်းဝေရင်း အနည်းငယ်ရှုပ်ပွနေသော ဆံပင်များကို စိတ်မပါလက်မပါ သပ်တင်နေခဲ့သည်။
ဗင်းဆင့်သည် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသည့်ပုံရသည်။ သူသည် မိုးကုတ်စက်ဝိုင်းဆီသို့ ငေးကြည့်လိုက်ရာ သူ့အကြည့်များမှာ ကောင်းကင်၏ အနောက်မြောက်ဘက်ထောင့်ဆီသို့ လျင်မြန်စွာ ကျရောက်သွား၏။ ထိုနေရာတွင် နေဝင်ဆည်းဆာနောက်ခံနှင့်အတူ အထီးကျန်တိမ်တိုက်တစ်ခုမှာ ထင်ထင်ရှားရှား တည်ရှိနေလေသည်။
အချိန်များ ကုန်ဆုံးသွားပြီး နေမင်းကြီး နစ်မြုပ်သွားသည်နှင့်အမျှ ထိုတိမ်တိုက်သည် အရှေ့နှင့်အနောက်သို့ တဖြည်းဖြည်းကျယ်ပြန့်လာပြီး မိုးကုတ်စက်ဝိုင်းထက်တွင် ရှည်လျားကျဉ်းမြောင်းသော မီးခိုးတန်းတစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ လေထုထဲတွင် တွဲခိုနေသော ရေတိမ်တန်းတစ်ခုနှင့် တူလှသည်။
ညမှောင်လာသည်နှင့်အမျှ လေပြင်းများက ဖြည်းညင်းစွာ ငြိမ်သက်သွားပြီး တည်ငြိမ်နေသော ပင်လယ်ပြင်ကြီးမှာလည်း ခရမ်းရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် အနီရင့်ရောင် လခြမ်းကွေးလေးတစ်ခု ကောင်းကင်ယံသို့ တက်လှမ်းလာသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေဝါးသော အနီရောင်အသွေးဖြင့် လွှမ်းခြုံသွားစေလေသည်။
“မင်း အစောကြီး ရောက်နေတာပဲ”
ဆိုင်မွန်၏ အသံက ဗင်းဆင့်၏ နောက်မှ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ဗင်းဆင့်သည် နောက်လှည့်မကြည့်သလို ဘာအံ့ဩမှုမှည်း မပြသချေ။
“ငါတို့မှာ အပေါဆုံးအရာက အချိန်ပဲလေ၊ စောင့်ရတာကလည်း အပန်းဖြေခြင်း တစ်မျိုးပါပဲ”
“ဆရာ့ရဲ့ စကားတွေက အမြဲတမ်း အတွေးအခေါ်ဆန်လွန်းလှတယ်”
အနည်းငယ် ကလေးဆန်သော အသံတစ်ခု ထွက်ပေါ်လာ၏။ စကားပြောလိုက်သူမှာ အသက် ၁၆၊ ၁၇ ခန့်သာ ရှိဦးမည့်ပုံရပြီး အနက်ရောင်ဝတ်စုံနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ သူ၏ ရုပ်ရည်သွင်ပြင်မှာ ခန့်ညားသန့်စင်လွန်းသဖြင့် အမျိုးသမီးများပင် မနာလိုဖြစ်လောက်သည့်အထိ အပြစ်ပြောစရာမရှိအောင် ချောမောလွန်းလှသည်။
“ဟီးဟီး… သူက ကောင်းကင်ကြီးကို အူကြောင်ကြောင် ငေးကြည့်နေတာပဲဟာကို ဘာကို အနုပညာဆန်ချင်ယောင် ဆောင်နေတာလဲ… ဟီးဟီး…”
ထိုအခိုက်အတန့်တွင် ဝူဒီ၏ ညစ်ညမ်းသောရယ်မောသံလည်း ပေါ်ထွက်လာပြန်သည်။
“ဟိုဟို…”
နောက်ထပ်ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး ပင်ဂွင်းငှက်နှင့်တူသော ဝဖိုင့်ဖိုင့်လူရိပ်တစ်ခုမှာ ထိုလေးဦး၏အနားတွင် ပေါ်လာခဲ့သည်။
“ဗင်းဆင့်၊ ဝူဒီ၊ ဆိုင်မွန်၊ ဆစ်ဒ်”
မစ္စတာယိုး၏ အကြည့်များသည် ထိုလေးဦး၏ မျက်နှာများဆီသို့ တစ်ယောက်ချင်းစီ ဝေ့ဝဲသွား၏။
“သင်တို့လေးဦးစလုံး တစ်ကျော့ပြန် အတူတူဆုံတွေ့ကြတာကို မြင်ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ”
“အဟွတ်… အဟွတ်… တကယ်လို့ ခင်ဗျား တကယ်ဂုဏ်မယူဘူးဆိုရင် ဒီလိုစကားမျိုးတွေ မပြောပါနဲ့”
ဖျားနာနေပုံရသော လူငယ်တစ်ဦးသည် ပင်လယ်ပြင်ပေါ်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာပြီး မစ္စတာယိုးကို လှမ်းပြောလိုက်သည်။
သူ့ဘေးတွင်လည်း တူညီစွာပင် ပင်လယ်ပြင်ပေါ်တွင် မျောလွင့်နေသော အခြားအရိပ်နှစ်ခု ရပ်နေခဲ့ကြသည်။
“သေမင်းက ထပ်ရောက်မလာပြန်ဘူးလား”
ဆိုင်မွန်သည် အေးစက်လှသော သူ့အကြည့်များကို ထိုလူရိပ်သုံးခုထံ ပို့လွှတ်လိုက်သည်။
ကပ်ရောဂါက ပြန်ဖြေလိုက်သည်။
“ခင်ဗျားသိတဲ့အတိုင်း သူက သူလောင်းကြေးထပ်ထားတဲ့လူအပေါ် လုံးဝယုံကြည်မှု ရှိနေတာမို့ လုံးဝ ဂရုမစိုက်ဘူးလေ”
သူက ပါးစပ်အုပ်၍ ချောင်းနှစ်ချက်ခန့် ဆိုးလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ်… သူရွေးချယ်ခဲ့တာက ဝါးမြိုခြင်းသရဲပဲလေ”
“ဟီးဟီး… မင်းပြောချင်တာက ငါတို့တွေက ကတ်တွေကို ပိုပြီး ဂရုတစိုက်ကိုင်တွယ်ရတော့မယ်ဆိုတဲ့ သဘောလား…”
ကပ်ရောဂါဘေးမှ အမျိုးသမီးက ကြားဖြတ်ပြောလိုက်သည်။
“ရှင် ဖုန်းပုကြွယ်ကို မှော်လက်နက်ရသွားအောင် လုပ်ခဲ့တာကပဲ အဲဒါကို သက်သေပြနေတာ မဟုတ်လား”
“ဟီးဟီး… မင်းက အတော်လေး မကျေမနပ် ဖြစ်နေတဲ့ပုံပဲနော်၊ အရှင်ကပ်ဘေး …”
ဝူဒီက မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ရယ်မောလိုက်သည်။
“ငါ ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီ”
ဆိုင်မွန်က ထိုနှစ်ဦး တိုက်ပွဲမစတင်မီ ကြားဖြတ်တားဆီးလိုက်သည်။
“မစ္စတာယိုး အဲ့ဒီပြဇာတ်ကို ဖန်တီးခဲ့တဲ့ နောက်ရက်မှာတင် ဖြေရှင်းပြီးသွားခဲ့တာ၊ ဒါကြောင့် ရှေ့ဆက်ငြင်းခုံနေစရာ မလိုတော့ဘူး။”
ဆိုင်မွန်ဆိုလိုသည်မှာ သေချာပေါက်ပင် ဖုန်းပုကြွယ် K3 Red Iron နှင့် ရင်ဆိုင်ခဲ့ရသော ဇာတ်လမ်း ဖြစ်သည်။ ၎င်းမှာ သေမင်းပဟေဠိပွဲစဉ်ပြီးနောက် ဖုန်းပုကြွယ် တန်းစီခဲ့ရသော ပထမဦးဆုံး အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ် ပွဲစဉ်ဖြစ်ပြီး သူသည် သီအိုရီအရ အကြိမ်ကြိမ် ဆုံတွေ့ရန် မဖြစ်နိုင်လောက်သော မူမမှန်မှုတစ်ဦးနှင့် ချက်ချင်း ထိပ်တိုက်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သေချာသည်မှာ… တစ်စုံတစ်ဦးက နောက်ကွယ်ကနေ ခြယ်လှယ်နေခဲ့ခြင်း ဖြစ်ပြီး ဖုန်းပုကြွယ် ထိုဇာတ်လမ်းတွင် ဆုံးရှုံးခဲ့ရမှုများမှာ အထင်အရှားပင်။ သူသည် စောစောစီးစီး မှော်လက်နက်ကို ရခဲ့မိခြင်းအတွက် ပေးဆပ်လိုက်ရသော တန်ဖိုးကြောင့် တစ်ညအတွင်းမှာတင် မူလအခြေအနေဆီသို့ ပြန်လည်ရောက်ရှိလုနီးပါး ဖြစ်သွားခဲ့ရသည်။
“အတိတ်ကို နောက်ကြောင်းပြန် မလှန်ကြတော့စို့”
ဗင်းဆင့်က ဆိုင်မွန်၏ စကားကို ဆက်ပြောလိုက်သည်။
“ငါတို့ အဓိကကိစ္စကိုပဲ ပြောကြရအောင်”
“အဓိကကိစ္စကတော့ မင်းရွေးချယ်ထားတဲ့သူက စိတ်ဝိညာဉ်ရည်ရွယ်ချက်ကို နားလည်သွားပြီ ဆိုတာပဲ”
ကပ်ရောဂါ၏ အခြားတစ်ဖက်တွင် ရပ်နေသော စစ်ပွဲက ဆိုသည်။
“ဒါက တိုးတက်မှု အရမ်းမြန်လွန်းနေတယ်”
ဝူဒီက ဆိုးယုတ်စွာ ပြုံးဖြဲပြလိုက်သည်။
“ဟဲဟဲ… မင်းတို့ရဲ့ ညီအစ်ကိုကပ်ရောဂါ ရွေးချယ်ထားတဲ့ကောင်က အဆင့် ၃၀ ကျော်ရုံပဲ ရှိသေးတာကို သူ့ရဲ့ ဆင့်ခေါ်ခြင်းကျွမ်းကျင်မှုက အဆင့် B တောင် ရောက်နေပြီလေ၊ ဒါကကော အရမ်း မြန်လွန်းတယ်လို့ မထင်ဘူးလား”
စစ်ပွဲ၏ မျက်လုံးမရှိသော မျက်လုံးများက ထူးဆန်းသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
“စကားလမ်းကြောင်းကို မလွှဲပါနဲ့ ဝူဒီ၊ ဒါက မတူဘူးဆိုတာ မင်းကောင်းကောင်းကြီး သိပါတယ်”
“အာ… ငါ ခံစားနေရတယ်… ငါတို့တွေ အခုငြင်းခုံကြတော့မယ့် အတိုင်းပဲ…”
အကြောင်းရင်းတချို့ကြောင့် ဆစ်ဒ်သည် တုန်တုန်ရင်ရင်ဖြင့် သူ့လက်မောင်းကို ပွေ့ဖက်ထားရင်း ပြောလိုက်သည်။
“ငါက ငြင်းခုံရတာကို အမုန်းဆုံးပဲ…”
ဘေးတွင် ရပ်နေသော မစ္စတာယိုးကတော့ ငရဲပြည်မှ လူယုတ်မာလေးဦးနှင့် ကမ္ဘာပျက်ကပ်၏ သူရဲကောင်းသုံးဦးတို့ကြားမှ တင်းမာနေသော အခြေအနေကို စောင့်ကြည့်နေလေသည်။ သူသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ သူတို့အချင်းချင်း ပြန်ကိုက်ကြမည့် အချိန်ကို ဝမ်းသာအားရ မျှော်လင့်နေခြင်းဖြစ်သည်။
“အရှင်စစ်ပွဲ… မင်းပြောတာ မှန်ပါတယ်”
မမျှော်လင့်ထားသည်က ထိုစကားများမှာ ဗင်းဆင့်ကိုယ်တိုင်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ငါ့လူက စိတ်ဝိညာဉ်ရည်ရွယ်ချက်ကို စောစောစီးစီး တတ်မြောက်သွားတာက… ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး”
သူက ခဏရပ်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့ ဖြစ်ပြီးသားအရာတွေက ဖြစ်ပြီးသွားပြီပဲလေ၊ ဒါကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာကမှ ငါတို့ ဆွေးနွေးဖို့ လိုတဲ့ အရာပဲ”
“ဟီးဟီး… ဒါဆို မင်းက အားလုံးကို ကျေနပ်စေမယ့် ဖြေရှင်းနည်းတစ်ခုကို ကြိုတင် စဉ်းစားထားပြီးပြီပေါ့ ဟုတ်လား…”
ဝူဒီသည် ဗင်းဆင့်အကြောင်းကို ကောင်းကောင်းသိသည်။
“ငါ့လူက အပြင်ကမ္ဘာရဲ့ နောက်ထပ် ၄၈ နာရီအတွင်း ဂိမ်းကစားနိုင်မှာ မဟုတ်တော့ဘူး”
ဗင်းဆင့်က ဆိုသည်။
“ဒီလောက်အဆင့်အထိ အလျှော့ပေးလိုက်တာက လက်ခံနိုင်စရာ ရှိပါသလား”
သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ဘယ်သူမှ စကားမဆိုကြချေ။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
“တကယ်လို့ ကန့်ကွက်မယ့်သူ မရှိဘူးဆိုရင်…”
သူက ကပ်ရောဂါကို လှမ်းကြည့်လိုက်သည်။
“သခင်လေးကပ်ရောဂါ… မင်းပဲ ကိုယ်တိုင်သွားပြီး ခရီးတစ်ခုလောက် လုပ်ဆောင်ပေးမလား”
ကပ်ရောဂါက အနည်းငယ် ဦးညွှတ်၍ ပြုံးလိုက်သည်။
“ကျွန်တော် ဝမ်းမြောက်စွာနဲ့ လုပ်ဆောင်ပေးပါ့မယ်”
ဗင်းဆင့်က ထပ်လောင်းပြောကြားသည်။
“ဒါပေမဲ့ မင်းတို့အားလုံး သတ်မှတ်ချက်တစ်ခုကိုတော့ သဘောတူရမယ်”
“ကြားရတာ အန္တရာယ်များတဲ့အပေးအယူတစ်ခုလိုပဲ…”
မစ္စတာယိုးသည် လျှို့ဝှက်ဆန်းကြယ်သော အစီအစဉ်တစ်ခုကို ချက်ချင်း ရိပ်မိသွားခဲ့သည်။
“အခု ဒီနေရာမှာ၊ လောင်းကြေးမထပ်ထားတဲ့ ဆိုင်မွန်ကလွဲရင် ကျန်တဲ့ လောင်းကြေးထပ်ထားတဲ့ မင်းတို့ခြောက်ယောက်က သတ်ဖြတ်ခြင်းပွဲစဉ်တစ်ခုကို ဖန်တီးလို့ရတယ် မဟုတ်လား…”
ဗင်းဆင့်က ဆိုးယုတ်စွာ ပြုံးလိုက်သည်။
“ငါ့ရဲ့ တောင်းဆိုချက်က ရိုးရှင်းပါတယ်… သူတို့ကို တိုက်ခိုက်ခိုင်းလိုက်ပါ”
“ဟွန့်… ဒါက သတ်မှတ်ချက်ပေါ့”
စစ်ပွဲက ဦးစွာ နှာခေါင်းရှုံ့လိုက်သည်။
“ငါ လိုချင်တဲ့အတိုင်းပဲ… ဘာပဲဖြစ်ဖြစ် ငါ့ဖဲချပ်တွေက ရှုံးမှာ မဟုတ်ဘူး”
“ကျွန်မလည်း ပါဝင်ဆင်နွှဲဖို့ ဝမ်းမြောက်မိပါတယ်”
ကပ်ဘေးကလည်း ဝင်ရောက်ပြောဆို၏။
“ဆရာက ဒီလိုပြောမှတော့…”
ဆစ်ဒ်သည် ပုံမှန်အားဖြင့် ဗင်းဆင့်၏ သဘောထားကို ငြင်းပယ်လေ့မရှိချေ။
ကပ်ရောဂါနှင့် မစ္စတာယိုးတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပခုံးတွန့်လိုက်ကြသည်။
“ဘယ်သူမှ မကန့်ကွက်မှတော့…”
“ဟီးဟီး… ဒါက စိတ်ဝင်စားစရာ ကောင်းမယ့်ပုံပဲ…”
ဝူဒီက မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ရယ်မောလိုက်သည်။
“ဒါပေမဲ့ ဒါက တကယ်ပဲ ကောင်းတဲ့အကြံတစ်ခု ဟုတ်ရဲ့လား”
သူက ဗင်းဆင့်ဘက်သို့ လှည့်လိုက်သည်။
“မာစတာတွေကြားက တိုက်ပွဲ၊ အဆုံးစွန်အထိ တွန်းပို့မယ့် အသက်လုတိုက်ပွဲက သူတို့ကို ပိုပြီး သန်မာလာစေလိမ့်မယ်… ဟီးဟီး… ဒါပေမဲ့ မင်းအတွက်တော့ ဘာအကျိုးအမြတ်မှ ရှိလာမှာ မဟုတ်ဘူး”
သူ့မျက်မှန်ကွင်းများသည် အဖြူရောင်အလင်းများ စူးရှနေဆဲဖြစ်ပြီး သူ မည်သည့်အမူအရာ ဖြစ်နေသည်ကို ဘယ်သူမှ မသိနိုင်ချေ။
“ဒီတိုက်ပွဲကနေ မင်းတကယ်တမ်း… ဘာကို မြင်ချင်နေတာလဲ”
ဗင်းဆင့်သည် ဝူဒီကို ပြန်မဖြေဘဲ ဆိုင်မွန်ဘက်သို့ ဖြည်းညှင်းစွာ လှည့်လိုက်ရင်း ပျင်းရိငြီးငွေ့စွာဖြင့် မေးမြန်းလိုက်သည်။
“ဒိုင်လူကြီး… မင်းကော ဘယ်လိုထင်လဲ”