← Chapters

အခန်း ၄၂၂

Vol. 22 Ch. 422

အခန်း ၄၂၂

Vol. 22 Ch. 422

အခန်း (၄၂၂) - ရေကန်အောက်ခြေမှ လျှို့ဝှက်ဆန်းကြယ်နယ်မြေ

​ဗုဒ္ဓမြတ်စွာဘုရား လူဝင်စားသည် ဒါလော့ဘုရားကျောင်းတွင် ရှိနေသည်။

​၎င်းမှာ သံသယဖြစ်စရာမလိုဘဲ ကမ္ဘာကြီးကို တုန်လှုပ်စေမည့် သတင်းတစ်ခု ဖြစ်ပေသည်။ ဗုဒ္ဓဆိုသည်မှာ မသေမျိုးတစ်ဦးဖြစ်ပြီး အလွန်အမင်း စိတ်ကူးယဉ်ဆန်လှသော တည်ရှိမှုမျိုးဖြစ်သဖြင့် လူအများစုက သူ့ကို ပုံပြင်ထဲမှ ဇာတ်ကောင်တစ်ခုအဖြစ်သာ သတ်မှတ်ထားကြခြင်း ဖြစ်၏။ သို့သော်လည်း ထိုကဲ့သို့သော ယုံကြည်ချက်များ ရှိနေလင့်ကစား သူသည် ယခုတိုင် အသက်ရှင်လျက် ကောင်းမွန်စွာ ရှိနေဆဲပင်။ ဘုန်းတော်ကြီးများမှာ ထိုအချက်ကို သဘောပေါက်သွားကြသောအခါ သူတို့၏ စိတ်လှုပ်ရှားမှုနှင့် ဝမ်းမြောက်မှုကို မထိန်းချုပ်နိုင်ကြတော့ပါချေ။

​အသက်ကြီးသော ဘုန်းတော်ကြီးအချို့ပင်လျှင် အလွန်အမင်း စိတ်လှုပ်ရှားနေကြဟန် ရှိသည်။

​ဤရှာဖွေတွေ့ရှိမှုမှာ သူတို့အတွက် များစွာလိုအပ်နေသော စိတ်ဓာတ်ခွန်အား မြှင့်တင်မှုတစ်ခု ဖြစ်လာခဲ့၏။ ဆရာတော်ကြီးနှင့် ပြတိုက်မှူးတို့၏ တိုက်ပွဲမှသည် ဗုဒ္ဓမြတ်စွာဘုရား ဝင်ရောက်စွက်ဖက်လိုက်သည့် အချိန်အထိ ဖြစ်ပျက်ခဲ့သမျှ အရာတိုင်းက သူတို့ကို အသိအမြင်သစ်များ ရရှိစေခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရားကို ထားလိုက်ဦးတော့၊ ဆရာတော်ကြီးနှင့် ပြတိုက်မှူး နှစ်ဦးစလုံးသည်ပင် သာမန်လူသားများအတွက် အံ့မခန်းလှသော တိုက်ခိုက်ရေးစွမ်းရည်များကို ထုတ်ပြခဲ့ကြပြီး ဖြစ်သည်။

​ဟုတ်ပါသည်၊ ထက်မြက်သော ဘုန်းတော်ကြီးအချို့မှာမူ ပြတိုက်မှူးသည် လျှော့တွက်၍မရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြပြီ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်က သူ့ကို တိုက်ရိုက် စကားပြောဆိုခဲ့ရုံသာမက 'ရွှမ်'ဘွဲ့အမည်ရှိသော ဘုန်းတော်ကြီးတစ်ပါးကပါ ထွက်ရောက်ကြိုဆိုခဲ့ရသည်ဆိုလျှင် သူ့ကို သာမန်လူတစ်ယောက်အဖြစ် သူတို့ မည်သို့ ဆက်လက်တွေးတောနိုင်ပါ့မည်နည်း။

​ပြီးတော့ ဗုဒ္ဓမြတ်စွာဘုရားက သူ့ကို ဘယ်လိုခေါ်လိုက်သလဲ။ 'တာအိုမိတ်ဆွေ' လို့ ခေါ်လိုက်တာ ဖြစ်သည်။

​လင်းကျင်းကိုယ်တိုင် ဤအချက်ကို သတိမပြုမိသေးသော်လည်း 'ပြတိုက်မှူး' ဟူသော အမည်နာမမှာ မကြာမီအချိန်အတွင်း ကမ္ဘာတစ်ဝှမ်းသို့ တောမီးကဲ့သို့ ပျံ့နှံ့သွားတော့မည် ဖြစ်၏။

​သို့သော်လည်း လင်းကျင်းတွင် ထိုအချက်ကို စဉ်းစားနေရန် အချိန်မရှိသေးပါချေ။

​သူသည် ခြေဖဝါးအောက်တွင် တိမ်တိုက်ကို စီးနင်းကာ ထူထပ်လှသော မြူခိုးတံတိုင်းကို ဖြတ်သန်းပြီး ရွှမ်ကျန်း၏နောက်သို့ လိုက်ပါသွားရာ ဘုရားကျောင်းဝန်းအတွင်းရှိ ရေကန်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုရေကန်မှာ အလွန်အမင်း ကြီးမားလှသည်တော့ မဟုတ်ဘဲ ရေကန်ကြီးတစ်ခုထက်စာလျှင် ရေကန်ငယ်တစ်ခုနှင့် ပို၍တူလှပေသည်။ ထိုအချိန်တွင် ရွှမ်ကျန်းသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ရေထဲသို့ ပျောက်ကွယ်သွားခဲ့၏။

​လင်းကျင်းလည်း ၎င်းအတိုင်း လိုက်ပါသွားခဲ့ရာ ခြေတစ်ဖက် ရေထဲသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ရေစီးကြောင်းက သူ့ကို အောက်သို့ ဆွဲခေါ်သွားတော့သည်။

​သူ့တွင် ရေလှောင်ကန်ကြေးခွံ ရှိသဖြင့် ရေစိုခြင်းမှ ရှောင်လွှဲနိုင်ရာ ဤရေကန်ငယ်လေးကို ထားလိုက်ဦးတော့၊ သူသည် မြစ်များနှင့် သမုဒ္ဒရာများ၏ အောက်ခြေတွင်ပင် လမ်းလျှောက်နိုင်စွမ်း ရှိပေသည်။

​သို့သော်လည်း ရေကန်အနီးသို့ လိုက်ပါလာကြသော ဆရာတော်ကြီးနှင့် အခြားသူများမှာမူ ဆက်လက်မလျှောက်လှမ်းနိုင်ကြတော့ပါချေ။ ဆရာတော်ကြီး၏ ကျင့်ကြံမှု မြင့်မားလှပြီး သူ၏ နတ်အစောင့်အရှောက် သားရဲများ ရှိနေလင့်ကစား သူသည် ရေကို ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် လင်းကျင်းကဲ့သို့ ရေထဲသို့ လမ်းလျှောက်မဝင်နိုင်ရှာပါချေ။

​"ဆရာတော်ကြီး... ဘိုးဘွားဆရာတော်ကြီး ရွှမ်ကျန်းက ပြတိုက်မှူးကို ရေကန်ထဲ ခေါ်သွားပါပြီ... တပည့်တော်တို့ ဘာဆက်လုပ်ကြမလဲ"

ပညာခန်းမ၏ အုပ်ချုပ်သူက မေးမြန်းလိုက်၏။ ဆရာတော်ကြီးက ခေါင်းခါလိုက်ပြီး မိန့်ကြားလိုက်၏။

"ဒီရေကန်က ဘိုးဘွားဆရာတော်ကြီးနဲ့ ဗုဒ္ဓမြတ်စွာဘုရားတို့ရဲ့ ကျင့်ကြံရာ နေရာဖြစ်ပုံရတယ်... ငါတို့သဘောအတိုင်း အဲဒီနေရာကို ဇွတ်ဝင်သွားဖို့မသင့်တော်ဘူး... ဒီမှာပဲ စောင့်ကြရအောင်"

​လင်းကျင်းဘက်သို့ ပြန်ကြည့်ရလျှင် အစက သူသည် ဤရေကန်ကို မနက်လှသော ရေကန်တစ်ခုအဖြစ် ထင်မှတ်ထားခဲ့သော်လည်း သူ၏ထင်မြင်ချက်မှာ လုံးဝလွဲမှားသွားခဲ့ရ၏။ အထူးသဖြင့် ရေကန်၏ အလယ်ဗဟိုမှာ အဆုံးမရှိဘဲ အောက်သို့ နက်ရှိုင်းစွာ ဆင်းသက်သွားပုံရသည်။

​ရွှမ်ကျန်းသည် ရေအောက်တွင် ဆက်လက်လျှောက်လှမ်းနေပြီး လင်းကျင်းမှာမူ သူ၏နောက်သို့ လိုက်ပါနိုင်ရန်အတွက် ရေလှောင်ကန်ကြေးခွံကိုသာ အသုံးပြုနေခဲ့ရ၏။

​ရွှမ်ကျန်းက နောက်သို့ လှည့်ကြည့်လိုက်ရာ ယခုအချိန်အထိ သူ့ကို အမီလိုက်နိုင်စွမ်းရှိသော လင်းကျင်း၏ မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ရသည်။

​"တာအိုမိတ်ဆွေ... ဒီဘက်ကို ကြွပါ"

သူက ခေါင်းညိတ်၍ ဆိုလိုက်၏။

​အောက်သို့ ထပ်မံဆင်းသက်သွားသောအခါ အလင်းတန်းတစ်ခုကို သူတို့တွေ့ရှိလိုက်ကြပြီး လင်းကျင်းသည် ထူးဆန်းသော သတ္တဝါကြီးတစ်ကောင်ကို သတိပြုမိလိုက်သည်။

​ထိုသတ္တဝါကြီးသည် နဂါးဦးခေါင်းနှင့် ငါးခန္ဓာကိုယ် ရှိပြီး တောက်ပသော ရွှေရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားကာ ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေသဖြင့် လင်းကျင်းအနေဖြင့် ၎င်းကို သီးသန့်အကဲဖြတ်နေရန်ပင် မလိုတော့ပါချေ။ သံသယဖြစ်စရာမလိုဘဲ ၎င်းမှာ အဆင့် (၅) ရှားပါးသားရဲတစ်ကောင် ဖြစ်ပေသည်။

​လင်းကျင်းက စိတ်ထဲမှ ကြံစည်တွေးတောမိ၏။

'ဒါလော့ဘုရားကျောင်းမှာ တကယ့်ကို နက်ရှိုင်းတဲ့ နောက်ခံအင်အားတွေ ရှိနေတာပဲ... နောက်ဆိုရင်တော့ မရှိမဖြစ် လိုအပ်တာမျိုး မဟုတ်ရင် ဒီနေရာကို မလာတာ ပိုကောင်းလိမ့်မယ်... အခု ပြန်စဉ်းစားကြည့်မှ စောစောက ငါ တကယ်ပဲ စိတ်လိုက်မာန်ပါ လုပ်မိသွားတာပဲ'

​ထိုရွှေရောင်နဂါးငါးကြီးသည် အနီးသို့ ကူးခတ်လာခဲ့ရာ လင်းကျင်းက အခွင့်အရေးကို အသုံးချပြီး ၎င်းကို သာသာလေး ထိတွေ့လိုက်သဖြင့် သားရဲပြတိုက်အတွင်းသို့ ထည့်သွင်းလိုက်သည်။ အချက်အလက်များကို အမြန်ကြည့်ရှုလိုက်သောအခါ သူ၏ခန့်မှန်းချက်မှာ ကွက်တိမှန်ကန်နေကြောင်း သိလိုက်ရ၏။

​ဤနဂါးငါးကြီးမှာ အမှန်တကယ်ပင် အဆင့် (၅) ရှားပါးသားရဲတစ်ကောင် ဖြစ်ပေသည်။

​အောက်သို့ ထပ်မံဆင်းသက်သွားသောအခါ လင်းကျင်းသည် ကြီးမားလှသော လေပူဖောင်းကြီးတစ်ခုကို မြင်တွေ့လိုက်ရပြီး အံ့ဩစရာကောင်းစွာပင် ထိုလေပူဖောင်းကြီး၏ အတွင်း၌ သေးငယ်သော အိမ်လေးတစ်လုံး တည်ရှိနေသည်။

​လေပူဖောင်းအတွင်းသို့ ဝင်ရောက်လိုက်သောအခါ သူတို့သည် လုံးဝကွဲပြားခြားနားသော ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။ ရေကန်၏ ရေများကို တစ်စုံတစ်ရာသော နည်းလမ်းဖြင့် တားဆီးပေးထားသည့် မာနာစွမ်းအား အလွှာတစ်ခု ရှိနေခြင်း ဖြစ်သည်။ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်ပြီးနောက် လင်းကျင်းက အပေါ်သို့ မော့ကြည့်လိုက်ရာ သူ၏ ကမ္ဘာတွင် လူများမွေးမြူလေ့ရှိကြသော ငါးပြတိုက်ကြီးများကို ချက်ချင်း သတိရသွားစေသည်။

​အောက်ခြေမှာ ကျယ်ဝန်းလှပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် စိမ်းလန်းသော မြက်ခင်းပြင်ကြီး ရှိနေ၏။ အိမ်လေး၏ ဘေးနားတွင် သစ်ပင်တစ်ပင် ရှိနေသည်။ ၎င်း၏ အခက်ဖြာဖြာများမှာ သေးသွယ်သော်လည်း မြရောင်စိမ်းလန်းသော သစ်ရွက်များနှင့် ဝကွဲစိုပြည်သော သင်္ဘောသဖန်းသီးများဖြင့် ဝေဆာနေခဲ့၏။ လင်းကျင်းသည် ထိုမြင်ကွင်းတစ်ခုလုံးကို ကြည့်ရှုရင်း ဖော်ပြ၍မရနိုင်လောက်အောင် စိတ်နှလုံး အေးချမ်းမှုကို ခံစားလိုက်ရသည်။

​ထိုသစ်ပင်၏ အောက်တွင် ဘုန်းတော်ကြီးတစ်ပါး ရှိနေပြီး သူသည် ကြိတ်ဆုံကျောက်တုံး အရွယ်အစားခန့်ရှိသော လိပ်ကြီးတစ်ကောင်၏ အထက်တွင် ထိုင်နေခဲ့၏။

​သူသည် ကာသာယသင်္ကန်းကို ဝတ်ဆင်ထားပြီး ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက် ရှိနေသည်။ လင်းကျင်းသည် ရွှမ်ကျန်းကို ပထမဆုံး မြင်တွေ့ခဲ့ရစဉ်က လူတစ်ယောက်သည် ဤမျှအထိ အိုမင်းရင့်ရော်နိုင်ပါ့မလားဟု အံ့အားသင့်ခဲ့ရသော်လည်း ဤဘုန်းတော်ကြီးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရွှမ်ကျန်းမှာ ကလေးတစ်ယောက်ကဲ့သို့ပင် ဖြစ်နေတော့သည်။ ဤဘုန်းတော်ကြီး၏ အရေပြားများမှာပင် ဆွေးမြည့်နေပြီ ဖြစ်၏။

​၎င်းမှာ ဖော်ပြ၍မရနိုင်လောက်သော အိုမင်းရင့်ရော်မှုမျိုး ဖြစ်သည်။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် လင်းကျင်းသည် သူ၏စိတ်ထဲတွင် စာလုံးတစ်လုံးတည်း၏ လေးနက်မှုကို ခံစားလိုက်ရ၏။

​'သက်တမ်း'

​မှန်ပါသည်။ သက်တမ်းပင် ဖြစ်၏။

​ထို့အပြင် ထိုဘုန်းတော်ကြီးအိုကြီးထံမှ ပြင်းထန်လှသော သေခြင်းတရား၏ အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

​ဤပုဂ္ဂိုလ်မှာ ရွှမ်ကျန်း ပြောဆိုခဲ့သော ကြည်ညိုလေးစားအပ်သည့် အရှင်မြတ် ဖြစ်ရမည်ကို လင်းကျင်း သိလိုက်၏။ စောစောက သစ်ရွက်ခြောက်များဖြင့် လင်းကျင်း၏ မီးနတ်ဘုရားအမိန့်တော်ကို တားဆီးနိုင်ခဲ့သည့် ပုဂ္ဂိုလ်မှာလည်း သူသာလျှင် ဖြစ်ရပေမည်။

​၎င်းမှာ လှုပ်ရှားမှုတစ်ခုတည်းသာ ဖြစ်သော်လည်း သူ၏စွမ်းရည် မည်မျှအထိ ရှိမည်ကို လင်းကျင်းအား သိရှိစေရန် လုံလောက်လှပေသည်။ ထိုမီးနတ်ဘုရားအမိန့်တော်မှာ ရွှေဝါလေး၏ ရွှေကျီးကန်း သွေးမျိုးဆက်ကို အသုံးပြုပြီး သူ၏ နဂါးမီးတောက်အချို့နှင့် ပေါင်းစပ်ထားသည့် အမိန့်တော်တစ်ခုသာ ဖြစ်သည်။ ၎င်းမှာ သူ အနိုင်နိုင် လုပ်ဆောင်ခဲ့ရသော အမိန့်တော်တစ်ခု ဖြစ်၏။

​အကယ်၍ လင်းကျင်းသာ တစ်ဦးချင်း ထိပ်တိုက် တိုက်ခိုက်ရမည်ဆိုပါက သူတို့၏ ဆရာတော်ကြီးသည်ပင် လင်းကျင်းကို အလွယ်တကူ ကိုင်တွယ်နိုင်စွမ်း ရှိပါသည်။ သူသည် ရွှေဝါလေးထံမှ စွမ်းအားများကို ချေးယူခဲ့ရခြင်းကြောင့်သာ စောစောက အသာစီး ရရှိခဲ့ခြင်း ဖြစ်၏။

​ဆရာတော်ကြီး၏ နတ်အစောင့်အရှောက် သားရဲ လေးကောင်၏ အရှိန်အဝါမှာ သူ၏ စိတ်ထဲတွင် လတ်ဆတ်နေဆဲပင် ဖြစ်သည်။

​ထို့ကြောင့် စောစောကတည်းက လင်းကျင်းသည် အပြင်ပန်းတွင် ဂရုမစိုက်ဟန် ပြသနေသော်လည်း အတွင်းစိတ်တွင်မူ အမြဲတမ်း သတိကြီးစွာ ထားနေခဲ့ရခြင်း ဖြစ်၏။

​ရွှမ်ကျန်းသည် ဘုန်းတော်ကြီးအိုကြီးအား ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအတိုင်း အလေးပြုလိုက်သည်။

​"ဒကာကြီး... မင်း ဒီနေ့ ဒါလော့ဘုရားကျောင်းကို ဘာလို့ ရောက်လာရသလဲဆိုတာကို ငါသိပါတယ်... အမှန်ပါပဲ... ငါတို့ ဘုရားကျောင်းဟာ မကြာသေးခင် နှစ်တွေအတွင်းမှာ မိစ္ဆာတွေအပေါ် အလွန်အမင်း အကြမ်းဖက်ခဲ့ကြတယ်... သူတို့တွေ လမ်းမှားကို လျှောက်လှမ်းနေကြတာ ဖြစ်ရမယ်... ရွှမ်ကျန်း... မင်း သွားပြီးတော့ အဲဒီကလေးတွေကို တရားကျင့် ပုန်းအောင်းပြီး သူတို့ရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ကြဖို့နဲ့ ပိုကောင်းတဲ့ဘက်ကို ပြောင်းလဲကြဖို့ သွားပြောလိုက်ပါ"

​သူ၏ ပြောဆိုချက်မှာ နားထောင်ရသည်မှာ အလွန်ပင် သာယာလှပေသည်။

​လင်းကျင်းက စိတ်ထဲမှ တွေးမိ၏။

'ငါ ထင်ထားတဲ့အတိုင်းပဲ... ဒါလော့ဘုရားကျောင်းရဲ့ အဆင့်မြင့်ဘုန်းတော်ကြီးတွေက တကယ့်ကို လျှော့တွက်လို့မရတဲ့ အင်အားစုတွေပဲ'

​"ဒကာကြီး... မင်းရဲ့ ဆရာက ဘယ်သူလဲဆိုတာကို ငါ သိခွင့်ရှိမလား"

ဘုန်းတော်ကြီးအိုကြီးက မေးမြန်းလိုက်၏။

​လင်းကျင်းသည် သူ၏မေးခွန်းကို မည်သို့ပြန်လည်ဖြေကြားရမည်ကို မသိပါချေ။ သူ့တွင် အမှန်တကယ် ဆရာဟူ၍ မရှိဘဲ သူ၏ကျင့်ကြံမှု အားလုံးမှာ သားရဲပြတိုက်ကြောင့်သာ ဖြစ်သည်။ မိုးတိမ်ဂိုဏ်းနှင့် အဆုံးမရှိသော သဘာဝပန်းချီကားတို့ထံမှ အမိန့်တော်များနှင့် တာအိုဂါထာများကို သင်ယူခွင့်ရခဲ့ခြင်းမှာ တိုက်ဆိုင်မှုတစ်ခုကြောင့်သာ ဖြစ်၏။

​ခဏမျှ တွေးတောပြီးနောက် သူက အမှန်အတိုင်း ပြန်လည်ဖြေကြားလိုက်သည်။

"ကျုပ်မှာ ဆရာမရှိပါဘူး... မိုးတိမ်ဂိုဏ်းက တာအိုဆရာကြီးတစ်ဦးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရလို့ သူ့ဆီကနေ ဓာတ်ကြီးငါးပါး အမိန့်တော်တွေကို သင်ယူခွင့်ရခဲ့တာပါ"

​"မိုးတိမ်ဂိုဏ်း... ငါ မှတ်မိပြီ... သေးငယ်တဲ့ ဂိုဏ်းခွဲတစ်ခု ဖြစ်ပေမဲ့ တာအိုဘာသာရဲ့ ဂိုဏ်းခွဲတစ်ခုဆိုတာတော့ အမှန်ပဲ.. ဒါဆို မိုးတိမ်ဂိုဏ်းမှာ မျိုးဆက်တွေ ကျန်ရှိနေသေးတာပဲ... မဆိုးဘူး... မဆိုးဘူး"

ဘုန်းတော်ကြီးအိုကြီး၏ လေသံမှာ အိုမင်းရင့်ရော်မှုကြောင့် စိတ်နှလုံး အေးချမ်းမှုကို ရရှိထားသကဲ့သို့ လွမ်းဆွတ်တသမှုများ ပါဝင်နေခဲ့သည်။

​"ငါ့ရဲ့ ဝိညာဉ်မျက်လုံးနဲ့ စောစောက မင်းရဲ့ အစွမ်းထက်လှတဲ့ ဓားဆန္ဒကို မြင်တွေ့ခဲ့ရပြီး အဲဒါက တစ်စုံတစ်ခုနဲ့ ရင်းနှီးနေသလို ခံစားရတယ်"

ဘုန်းတော်ကြီးအိုကြီးက စုံစမ်းမေးမြန်းလိုက်၏။ လင်းကျင်းက ခဏမျှ ဝေခွဲမရဖြစ်သွားပြီးမှ ပြန်လည်ဖြေကြားလိုက်သည်။

"ဆရာတော်ကြီး... ကျုပ် ဒီဓားဆန္ဒကို 'တုလီ' လို့ အမည်ရတဲ့ စီနီယာတစ်ဦးဆီကနေ သင်ယူခဲ့တာပါ"

​'တုလီ' ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ဘုန်းတော်ကြီးအိုကြီးမှာ မှင်တက်သွားပြီးနောက် သူ၏ မှုန်ဝါးနေသော မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့၏။

​"တုလီက အသက်ရှင်သေးတာလား"

​ဤစကားကြောင့် လင်းကျင်း၏ ရင်ခုန်သံမှာ တဒိန်းဒိန်း ဖြစ်သွားခဲ့ရသည်။ လင်းကျင်းသည် တုလီနှင့် ကိုယ်တိုင်ရင်းနှီးကျွမ်းဝင်ခဲ့သည်ဟု ထင်မှတ်ရနိုင်သော်လည်း အမှန်စင်စစ် သူသည် အဆုံးမရှိသော သဘာဝပန်းချီကားအတွင်း၌ ဒူလီ ချန်ထားခဲ့သော စိတ်စွဲလမ်းမှုကိုသာ တွေ့ဆုံခဲ့ရခြင်း ဖြစ်၏။ တိတိကျကျ ပြောရလျှင် မသေမျိုးများမှာ ဤလောကတွင် တည်ရှိခြင်း မရှိတော့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

​အကယ်၍ ဤဘုန်းတော်ကြီးအိုကြီးသာ တုလီနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်ဆိုပါက သူတို့သည် တစ်ခေတ်တည်း သားများပင် ဖြစ်ရပေမည်။

​သူတို့က ဤမျှအထိ အသက်ရှည်နိုင်ကြလို့လား။

​မသေမျိုးများ ကြီးမားသော ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်ဟူသော ဒဏ္ဍာရီ ရှိခဲ့သည်မဟုတ်လား။ ဤဘုန်းတော်ကြီးက ထိုကပ်ဘေးမှ မည်သို့ ရှောင်လွှဲနိုင်ခဲ့သနည်း။

​အကြမ်းဖျင်း တွက်ချက်ကြည့်မည်ဆိုပါက ဤဘုန်းတော်ကြီးသည် မသေမျိုးများထဲမှ တစ်ဦး ဖြစ်နိုင်ပြီး ဗုဒ္ဓဘာသာဂိုဏ်းများအတွက်မူ သူ့ကို ဗုဒ္ဓမြတ်စွာဘုရားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ကြပေလိမ့်မည်။

​သူသည် အသက်ရှင်လျက် အသက်ရှူနေသော ဗုဒ္ဓမြတ်စွာဘုရားတစ်ပါး ဖြစ်နိုင်သည်ဟူသော အတွေးကြောင့် လင်းကျင်းသည် မိမိကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားခဲ့ရ၏။ သံသယဖြစ်စရာမလိုဘဲ အကယ်၍ ဤဘုန်းတော်ကြီးက သူ့ကို သတ်ချင်သည်ဆိုပါက လင်းကျင်းတွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိမည်မဟုတ်ပါချေ။

​"ဒကာကြီး... မင်း တုလီနဲ့ ဘယ်နေရာမှာ တွေ့ခဲ့တာလဲ"

ဗုဒ္ဓမြတ်စွာဘုရားက သူ၏မျက်န်းတွင် စိုးရိမ်ပူပန်မှုများဖြင့် မေးမြန်းလိုက်၏။

​တစ်ပြိုင်နက်တည်းမှာပင် ဤရေကန်အောက်ခြေရှိ လျှို့ဝှက်ဆန်းကြယ်နယ်မြေ၏ ပတ်ဝန်းကျင် ရာသီဥတုမှာ စတင်လှုပ်ရှားလာခဲ့သည်။ ရေကန်၏ ရေများမှာ ကမောက်ကမ ဖြစ်လာရုံသာမက ဤနယ်မြေအတွင်း၌လည်း ပြင်းထန်သော လေပြင်းများ စတင်တိုက်ခတ်လာခဲ့တော့သည်။

All Chapters