← Chapters

အခန်း ၄၂၅

Vol. 22 Ch. 425

အခန်း ၄၂၅

Vol. 22 Ch. 425

အခန်း (၄၂၅) - နှုတ်ဆက်ထွက်ခွာခြင်း

​မသေမျိုး ကျင့်ကြံခြင်း နည်းစနစ်များ ယုတ်လျော့လာမှုနှင့် မသေမျိုးများ မျိုးသုဉ်းသွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ယနေ့ထက်ထိ ခိုင်မာတိကျသော မှတ်တမ်းမှတ်ရာများ မရှိခဲ့ပါချေ။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာနှင့် ပတ်သက်ပြီး တွေးဆချက်များစွာ ရှိနေသော်လည်း အများစုမှာ အဓိပ္ပာယ်မရှိလှပေ။ သမိုင်းဝင် အချက်အလက်များနှင့်လည်း အနည်းငယ်မျှပင် ဆက်စပ်မှု မရှိကြပါချေ။

​အရှိဆုံး ဖြစ်နိုင်ချေရှိသော ရှင်းလင်းချက်မှာမူ လေထုထဲရှိ ဝိညာဉ်စွမ်းအင်များ ခန်းခြောက်သွားခဲ့ခြင်းကြောင့် မသေမျိုး ကျင့်ကြံခြင်းလမ်းကြောင်း ယုတ်လျော့ ပျက်စီးသွားရခြင်းပင် ဖြစ်သည်။

​သို့သော်လည်း ၎င်းက ကျင့်ကြံသူများ သို့မဟုတ် မသေမျိုးများ ထပ်မံပေါ်ထွက်လာခြင်းကိုသာ တားဆီးနိုင်ရုံမျှသာ ရှိပေလိမ့်မည်။ ထိုခေတ်ကာလတုန်းက ကမ္ဘာမြေ၏ နေရာတိုင်း၌ မသေမျိုးများကို တွေ့ရှိနိုင်ခဲ့ပြီး သူတို့၏ ကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် အနည်းဆုံး သက်တမ်း သုံးထောင်ခုနစ်ရာကျော် ရှိနေပြီဖြစ်သော ဗုဒ္ဓမြတ်စွာဘုရားကဲ့သို့ပင် ယနေ့ထက်ထိ အသက်ရှင် နေထိုင်နိုင်ခဲ့ကြရမည် ဖြစ်ပေသည်။

​သို့သော်လည်း အဆုံးမရှိသောသဘာဝပန်းချီကားထဲတွင် ပိတ်လှောင်ခံထားရသည့် မသေမျိုး 'တုလိ' ၏ ဝိညာဉ်အကြွင်းအကျန်ကလွဲလျှင် လင်းကျင်းအနေဖြင့် လွန်ခဲ့သော ကာလရှည်ကြီးက မသေမျိုးများနှင့် ဆက်စပ်သည့် မည်သည့်အရာကိုမျှ မတွေ့ကြုံခဲ့ဖူးပါချေ။ ဗုဒ္ဓမြတ်စွာဘုရားသည် သူနှင့် ဆုံတွေ့ခဲ့ဖူးသမျှထဲတွင် နည်းပညာအရ ပြောရလျှင် ယနေ့ထက်ထိ အသက်ရှင် လှုပ်ရှားနေဆဲ ဖြစ်သော ဒုတိယမြောက် မသေမျိုး ဖြစ်ပေသည်။

​ဤဖြစ်ရပ် နှစ်ခုလုံးက မသေမျိုးများသည် ယနေ့ခေတ်တိုင်အောင် အသက်ရှင်နေသင့်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်၏။

​ဒါဆိုရင် ဘာကြောင့် ထိုဖြစ်တည်မှုတွေရဲ့ အရိပ်အယောင်တွေကို ပိုပြီး မတွေ့ရတော့တာလဲ။

​တွေးဆချက်တစ်ခုအရ သဘာဝတရား၏ နိယာမ ပြောင်းလဲသွားမှုကြောင့် မသေမျိုးအားလုံး ပျက်စီးခြင်း အရိပ်အယောင်များ ပြသလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြ၏။ မည်သူမျှ အချိန်၏ တိုက်စားမှုကို မတွန်းလှန်နိုင်ကြသဖြင့် မသေမျိုး အများစုမှာ ကွယ်လွန်သွားခဲ့ကြရသည်။ သို့သော်လည်း ဗုဒ္ဓမြတ်စွာဘုရား ယနေ့ထက်ထိ ရှိနေသေးသည့် အချက်က ထိုတွေးဆချက်မှာ မမှန်ကန်ကြောင်း သက်သေပြနေခဲ့ပေပြီ။

​လင်းကျင်းသည် ဤဖြစ်စဉ်မှာ ထိုအဆင့် ၉ မသေမျိုး ဝါးမြိုသားရဲနှင့် ပတ်သက်မှု တစ်ခုခု ရှိနေရမည်ဟု တွေးတောမိလိုက်၏။

​လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက မသေမျိုးများထက်ပင် ပိုမိုအစွမ်းထက်သော မသေမျိုး ဝါးမြိုသားရဲတစ်ကောင် ပေါ်ထွက်လာခဲ့ပြီး သဘာဝတရား၏ နိယာမကို ပြောင်းလဲပစ်ခဲ့ခြင်းမျိုး ဖြစ်နိုင်ပါသလား။

​မသေမျိုးများသည် အလိုအလျောက် သေဆုံးသွားခဲ့ကြခြင်း မဟုတ်ဘဲ ထိုမသေမျိုး ဝါးမြိုသားရဲ၏ လိုက်လံ အမဲလိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ပြတိုက်က ၎င်းကို ဘာကြောင့် 'မသေမျိုး ဝါးမြိုသားရဲ' ဟု ခေါ်ဆိုရပါမည်နည်း။

​လင်းကျင်းသည် သူ၏ တွေးဆချက်ကိုသာမက သားရဲလက်သည်းကြီးအပေါ် သူ၏ အကဲဖြတ်ချက်များကိုပါ ရွှမ်ကျန်းနှင့် ဆရာတော်ကြီးတို့အား ထုတ်ဖော်ပြောပြရန် ရွေးချယ်လိုက်၏။ သူ၏ ရှင်းလင်းချက်ကို ကြားရပြီးနောက် ရွှမ်ကျန်းနှင့် ဆရာတော်ကြီးတို့ နှစ်ဦးလုံး၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့ရသည်။ သူတို့အနေဖြင့် သူ၏ တွေးဆချက်အတွင်း၌ မကိုက်ညီသော အချက်အလက် တစ်ခုမျှ ရှာမတွေ့ခဲ့သဖြင့် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

​"အဲဒီနေ့က ကျုပ် ဗုဒ္ဓမြတ်စွာဘုရားဆီကနေ သေခြင်းတရားရဲ့ အရှိန်အဝါကို ခံစားလိုက်ရတယ်... သူက သူ့ရဲ့ သက်တမ်း ကုန်ဆုံးခါနီး အခြေအနေကို ရောက်နေတာ ဖြစ်ရမယ်..."

လင်းကျင်းက ထိုသို့ ပြောဆိုလိုက်ပြီးနောက် ရွှမ်ကျန်းက ခေါင်းညိတ်ပြခဲ့သည်။

"မှန်ပါတယ်... ဒကာကြီး ပြောတာ အမှန်ပဲ... ဗုဒ္ဓမြတ်စွာဘုရားက သူ့မှာ အလွန်ဆုံးရှိမှ ငါးရက်ပဲ သက်တမ်း ကျန်တော့တယ်လို့ ငါ့ကို ကိုယ်တိုင် မိန့်ကြားခဲ့ဖူးတယ်"

​ဤအချက်က လင်းကျင်း၏ သံသယကို ပိုမိုခိုင်မာစေခဲ့သည်။

​"ကျုပ်မှာလည်း တာဝန်ရှိပါတယ်... အကယ်၍ ဗုဒ္ဓမြတ်စွာဘုရားသာ ကျုပ်ရဲ့ မီးနတ်ဘုရားအမိန့်တော်ပြန်တမ်းကို ဖြေဖျောက်ပေးဖို့ မလုပ်ခဲ့ဘူးဆိုရင် သူက အဲဒိမသေမျိုး ဝါးမြိုသားရဲရဲ့ ရှာဖွေတွေ့ရှိခြင်းကို ခံရမှာ မဟုတ်ဘူး..."

လင်းကျင်းသည် သူ သိရှိနားလည်သွားသော အရေးအကြီးဆုံး အချက်တစ်ချက်ကို နောက်ဆုံးတွင် ထုတ်ဖော်ပြောဆိုလိုက်၏။

​ဗုဒ္ဓမြတ်စွာဘုရားသည် 'ဘုရားသခင်၏ ဖက်လှော်လက်တစ်ထောင်' နည်းစနစ်ကို အသုံးပြုပြီးနောက်မှသာ ထိုသားရဲလက်သည်းကြီးက ဘာကြောင့် ရုတ်တရက် ပေါ်ထွက်လာခဲ့ရတာပါလဲ။

​လင်းကျင်း တွေးတောမိသမျှထဲတွင် အရှိနိုင်ဆုံး ဖြစ်နိုင်ချေရှိသော ရှင်းလင်းချက်မှာ ဗုဒ္ဓမြတ်စွာဘုရားသည် သူ၏ မသေမျိုး အရှိန်အဝါကို ထုတ်ဖော်မိသွားခဲ့သဖြင့် ထိုမသေမျိုး ဝါးမြိုသားရဲကို ဆွဲဆောင်မိသွားခြင်း ဖြစ်ပေလိမ့်မည်။

ကျောင်းထိုင်ဆရာတော်ကြီး၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားခဲ့ရပြီး ရွှမ်ကျန်းမှာမူ ဤအရာကို ကြားပြီးနောက် မှင်တက်သွားခဲ့ရ၏။

​ဘုန်းတော်ကြီး နှစ်ပါးလုံးသည် အတော်အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် ဆရာတော်ကြီးက တိုးညင်းစွာဖြင့် ဂါထာတစ်ပုဒ်ကို ရွတ်ဖတ်လိုက်သည်။

​ရွှမ်ကျန်းက ပြောဆိုလိုက်၏။

"ဒကာကြီးအနေနဲ့ ဒီကိစ္စမှာ ပတ်သက်မှု ရှိနေနိုင်ပေမယ့် ဗုဒ္ဓမြတ်စွာဘုရားဘက်က ဝင်ရောက်စွက်ဖက်ဖို့ ဆုံးဖြတ်ခဲ့ကတည်းက သူဟာ ဖြစ်လာမယ့် အကျိုးဆက်တွေကို ကြိုတင်သိရှိထားပြီးသား ဖြစ်မှာပါ... ဒါကြောင့်လည်း သူက ဒကာကြီးကို တွေ့ဖို့ တောင်းဆိုခဲ့တာ ဖြစ်လိမ့်မယ်... ငါ အခုမှ နားလည်သွားပြီ... ငါကိုယ်တိုင် ဒီအရာကို စောစောစီးစီး မရိပ်မိခဲ့တာက ငါ့ရဲ့ အပြစ်ပါပဲ"

​ရွှမ်ကျန်းသည် ဤကိစ္စနှင့် ပတ်သက်၍ သိသိသာသာ စိတ်ဝေဒနာ ခံစားနေရဟန် ရှိပေသည်။

​ဆရာတော်ကြီးလည်း ထိုအရာကို ရိပ်မိသော်လည်း သူ၏ စိတ်ဓာတ်မှာ ခိုင်မာလှသဖြင့် ဤဖြစ်ရပ်အတွက် ပြတိုက်မှူးတွင် အပြစ်မရှိကြောင်း သူ သိထားပါ၏။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓမြတ်စွာဘုရားသည် သူ၏ နောက်ဆုံး အချိန်၌ ပြတိုက်မှူးကို အထဲသို့ ဖိတ်ခေါ်ကာ တွေ့ဆုံခဲ့ခြင်းကြောင့် ဖြစ်သည်။ ၎င်းမှာ ပြတိုက်မှူးသည် သူတို့ ဘုရားကျောင်း၏ ရန်သူမဟုတ်ကြောင်း ဘုရားကျောင်းသို့ သွယ်ဝိုက်သောနည်းဖြင့် မိန့်ကြားသွားခဲ့ခြင်း ဖြစ်ပေသည်။

​အဆင့်မြင့် ဘုန်းတော်ကြီးများ ဖြစ်ကြသည့်အတိုင်း သူတို့အနေဖြင့် အနည်းဆုံးတော့ ဤမျှကို နားလည်နိုင်စွမ်း ရှိကြပေ၏။

​ထို့အပြင် ဗုဒ္ဓမြတ်စွာဘုရား၏ ထံတွင် အခြားသော သွယ်ဝိုက်သည့် အဓိပ္ပာယ်တစ်ခု ရှိနေပါသေးသည်၊ ထိုနေရာတွင် ရှိနေသော လူသုံးဦးလုံးက ၎င်းကို ကောင်းစွာ နားလည်ထားကြပြီး အထူးသဖြင့် လင်းကျင်းပင် ဖြစ်၏။ သူတို့၏ ဆုံတွေ့မှုမှာ သူတို့၏ ရေစက်အကြွေးများ ပတ်သက်နေခြင်းကြောင့် ဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာဘုရား မိန့်ကြားခဲ့ဖူးသည်ကို သူ မှတ်မိနေခဲ့သည်။

​ကံကံ၏အကျိုးဆိုသည်မှာ ဗုဒ္ဓဘာသာ၏ အဓိက အကျဆုံးသော အယူအဆတစ်ခု ဖြစ်ပေသည်။ ပြတိုက်မှူး သူတို့၏ ဘုရားကျောင်းသို့ လာရောက်ခြင်း၏ အကျိုးဆက်မှာ ဗုဒ္ဓတစ်ပါး ကွယ်လွန်သွားရခြင်းပင် ဖြစ်၏။ ၎င်းက သူတို့၏ ကံကြမ္မာများ ယှဉ်တွဲပတ်သက်နေမှုကို ထင်ဟပ်စေခဲ့ပြီး ယခုအချိန်ကစ၍ လင်းကျင်းအနေဖြင့် ဒါလော့ဘုရားကျောင်းကို အတိုင်းအတာတစ်ခုအထိ စောင့်ရှောက်ပေးရတော့မည် ဖြစ်သည်။

​"ဒီအကြောင်းရင်းကြောင့်ပဲ ကျုပ် ဆရာတော် ရွှမ်ကျန်းကို စကားအချို့ ပြောချင်တာပါ... လက်ရှိ အချိန်မှာ ဆရာတော်ရော ကျုပ်ပါ အဲဒီအဆင့် ၉ သားရဲကြီးကို အနိုင်ယူနိုင်စွမ်း မရှိကြသေးဘူး... ရိုးရိုးရှင်းရှင်း ပြောရရင် ကျုပ်တို့မှာ အဲဒီလို လုပ်နိုင်မယ့် နည်းလမ်း မရှိသေးဘူး... ရန်သူက ဘယ်သူလဲဆိုတာ သိဖို့ နေနေသာသာ၊ သိခဲ့ရင်တောင် ကျုပ်တို့ သူတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... ဒါ့အပြင် ကျုပ်ရဲ့ တွေးဆချက်သာ မှန်ကန်မယ်ဆိုရင် ကမ္ဘာပေါ်က မသေမျိုးအားလုံးကို မျိုးသုဉ်းအောင် လုပ်ပစ်ဖို့အတွက် မသေမျိုး ဝါးမြိုသားရဲတစ်ကောင်တည်းနဲ့တင် တတ်နိုင်ပါ့မလား"

​ရွှမ်ကျန်းနှင့် ဆရာတော်ကြီး နှစ်ဦးလုံးသည် လင်းကျင်း၏ စကားများကြောင့် အေးခဲသွားခဲ့ရ၏။

​သူတို့သည် လင်းကျင်း၏ အကြံပြုချက်ကို သဘောတူလက်ခံကြသည်။ အကယ်၍ ထိုမသေမျိုး ဝါးမြိုသားရဲမှာ တစ်ကောင်တည်း မဟုတ်ဘဲ ရာချီ သို့မဟုတ် ထောင်ချီ၍ ရှိနေမည်ဆိုပါက ရွှမ်ကျန်းနှင့် ပြတိုက်မှူးကို ထားလိုက်ပါဦး၊ ထိပ်သီးနိုင်ငံအားလုံး ပူးပေါင်းလိုက်လျှင်ပင် ထိုကဲ့သို့သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ရန်သူ့ရှေ့မှောက်တွင် ပျက်စီးသွားကြရမည် ဖြစ်ပေသည်။

​ဤကမ္ဘာပေါ်ရှိ မည်သည့် ထိပ်သီးနိုင်ငံတွင်မျှ အဆင့် ၉ သားရဲများ မရှိကြပါချေ။

​အဆင့် ၉ ကို ထားလိုက်ပါဦး၊ အဆင့် ၈ သားရဲများပင်လျှင် ဒဏ္ဍာရီထဲ၌သာ တည်ရှိနေကြခြင်း ဖြစ်သည်။

​တရားထိုင်သည့် အခန်းအတွင်း၌ ခဏတာ တိတ်ဆိတ်မှုများ ဖုံးလွှမ်းသွားခဲ့၏။ ရွှေဝါလေးသည် ဤကဲ့သို့သော လေးလံထိုင်းမှိုင်းသည့် ပတ်ဝန်းကျင်ကို ဆက်လက် မခံစားနိုင်တော့သဖြင့် အပြင်ဘက်သို့ ထွက်ကာ အစာရှာဖွေရန်အတွက် အခန်းထဲမှ ခုန်ထွက်သွားခဲ့တော့သည်။

​"ဒကာကြီး ပြတိုက်မှူး ပြောတာ မှန်ပါတယ်"

ဆရာတော်ကြီးက လက်အုပ်ချီကာ ဦးညွှတ်လိုက်၏။

​ပြောရမည်ဆိုလျှင် သူကိုယ်တိုင်လည်း ဤကံကြမ္မာ စက်ဝန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပေသည်။ အကယ်၍ သူသာ အစကတည်းက ပြတိုက်မှူးနှင့် မတိုက်ခိုက်ခဲ့ဘူးဆိုလျှင်...

​လင်းကျင်းက မတ်တပ်ရပ်လိုက်ပြီး ရှန်းအာကလည်း သူ၏နောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။

​ရွှမ်ကျန်းက မေးမြန်လိုက်၏။

"ဒကာကြီး... အခုပဲ ထွက်ခွာတော့မလို့လား"

​လင်းကျင်းက ခေါင်းညိတ်ပြလိုက်သည်။

"ကျုပ် ဒီမှာ နေခဲ့တာလည်း အတော်လေး ကြာသွားပါပြီ... ကျုပ်လုပ်စရာ ရှိတဲ့ ကိစ္စတစ်ခု ရှိနေသေးတာမို့ ဆရာတော်တို့ကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး"

​လင်းကျင်းအနေဖြင့် သူ လုပ်ဆောင်ရမည့် ကိစ္စရှိသည်ဟု ပြောခြင်းမှာ ဆင်ခြေပေးခြင်း မဟုတ်ပါချေ။ ၎င်းမှာ အမှန်တကယ်ပင် အလွန်အရေးကြီးသော ကိစ္စဖြစ်ပြီး ၎င်းမှာ မျောက်ဖြူကို လိုက်လံရှာဖွေရန် ဖြစ်သည်။ အမှန်တကယ်တော့ ဤဖြစ်ရပ်ကို တွေးတောနေခဲ့သည့်အပြင် လင်းကျင်း နောက်ထပ် သုံးရက်တာ နေထိုင်ရန် ဆန္ဒရှိခဲ့ခြင်းမှာ မျောက်ဖြူသည် ဒါလော့ဘုရားကျောင်း၏ ကျိယင်း လက်ချက်ဖြင့် ကျရှုံးသွားခဲ့ရပြီလားဟူသော သံသယ ရှိနေခဲ့သောကြောင့် ဖြစ်၏။

​သူတို့နှင့် ရင်းနှီးကျွမ်းဝင်လာခဲ့ပြီးနောက် ဒါလော့ဘုရားကျောင်းအတွင်း၌ အစစ်အမှန် ကျွမ်းကျင်ပညာရှင်များစွာ ရှိနေကြောင်း လင်းကျင်း သိရှိခဲ့ရသည်။ ထိပ်တန်းအဆင့် ဖြစ်ကြသော ရွှမ်ကျန်းနှင့် ဆရာတော်ကြီးတို့ကို ထားလိုက်ဦးတော့၊ ဂိုဏ်းအုပ်ဘုန်းတော်ကြီးများကိုပင်လျှင် လျှော့တွက်၍ မရပါချေ။ ဂိုဏ်းအုပ်ဘုန်းတော်ကြီးများ၏ အောက်တွင်မူ 'ကျိ' ဟူသော ဘွဲ့အမည်ရှိသည့် ဘုန်းတော်ကြီးများ ရှိကြသေးသည်။ ကျိနျန်သည် သူ၏ လုပ်ဖော်ကိုင်ဖက်များထဲတွင် အထက်မြက်ဆုံး ဖြစ်ပြီး ကြီးမားသော စိတ်ဝိညာဉ် စွမ်းအားများကို ပိုင်ဆိုင်ထား၏။ ကျိယင်းမှာမူ တိုက်ခိုက်ရေးစွမ်းရည် အပိုင်းတွင် အားအကောင်းဆုံး ဖြစ်သည်။

​မျောက်ဖြူမှာ အားနည်းသူတစ်ဦး မဟုတ်သော်လည်း ကျိယင်းနှင့် နှိုင်းယှဉ်လျှင်မူ အားနည်းနေပါသေးသည်။ လင်းကျင်းသည် ဤနေရာတွင် ဆက်လက် နေထိုင်ခြင်းအားဖြင့် ကျိယင်းတစ်ယောက် ဒဏ်ရာရနေသော မျောက်ဖြူကြီးကို ဖမ်းဆီးကာ ဘုရားကျောင်းသို့ ပြန်လည်ရောက်ရှိလာမလားဟု တွေးတောနေခဲ့ခြင်း ဖြစ်၏။

​သို့သော်လည်း သူ ပြန်မလာခဲ့ပါချေ။

​ဆရာတော်ကြီး၏ အဆိုအရ အကယ်၍ သူသည် မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ရန် တာဝန်ပေးအပ်ခြင်း ခံရမည်ဆိုပါက အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ကျိယင်းသည် အချိန်မီ အမြဲတမ်း ပြန်လည်ရောက်ရှိလာလေ့ ရှိသည်ဟု ဆိုသည်။ အကယ်၍ နှောင့်နှေးမှုများ ရှိနေခဲ့လျှင်ပင် သူသည် ဘုရားကျောင်းသို့ စာပို့ချိုးငှက်တစ်ကောင် စေလွှတ်ကာ သူနောက်ကျမည့် အကြောင်းကို အကြောင်းကြားလေ့ ရှိ၏။

​သို့သော်လည်း သူသည် ထိုသို့ မလုပ်ဆောင်ခဲ့ပါချေ။ ကျိယင်းတစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားခဲ့သည့်အလား ဖြစ်နေသဖြင့် ဒါလော့ဘုရားကျောင်းတစ်ခုလုံးလည်း စိုးရိမ်ပူပန်နေခဲ့ကြရသည်။

​လင်းကျင်းသည် မျောက်ဖြူကြီးထံတွင် တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့ပြီဟု သံသယဝင်မိလိုက်၏။ ဗုဒ္ဓမြတ်စွာဘုရားနှင့် မသေမျိုး ဝါးမြိုသားရဲတို့၏ ကိစ္စကို သူ ဘာမှမတတ်နိုင်တော့သဖြင့် ဤကိစ္စကိုသာ ဘေးဖယ်ထားပြီး လောလောဆယ် သူ လုပ်ဆောင်နိုင်မည့် အရာအပေါ်တွင်သာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

​လင်းကျင်းအနေဖြင့် ရွှမ်ကျန်းနှင့် အခြားသူများကို ထုတ်ဖော်မပြောခဲ့သော အချက်တစ်ချက် ရှိနေပါသေးသည်။

​ဗုဒ္ဓမြတ်စွာဘုရားသည် သူ၏ သက်တမ်း ကုန်ဆုံးခါနီး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သော်လည်း သူသည် မသေမျိုးတစ်ပါး ဖြစ်နေဆဲပင်။ သူသည် ဤမျှလောက် လွယ်လွယ်ကူကူဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရမည်မဟုတ်ပါချေ၊ ထို့ကြောင့် ၎င်းမှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရန် သူကိုယ်တိုင်က ဆန္ဒရှိခဲ့ခြင်း ဖြစ်နိုင်ပေသည်။

​ဤအရာအတွက် အကြောင်းပြချက် တစ်ခုမှာ ဒါလော့ဘုရားကျောင်းကို အလုံးစုံ ပျက်စီးခြင်း ဘေးမှ ကာကွယ်ပေးရန်အတွက် ဖြစ်နိုင်ပြီး အခြားသော အကြောင်းပြချက်တစ်ခုမှာမူ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်က ထိုသားရဲလက်သည်းကြီး၏ တံခါးကွယ်က ကမ္ဘာမြေကို လှမ်းမျှော်ကြည့်ရှုချင်ပြီး ထိုသတ္တဝါနှင့် သေလဲသေပါစေ တိုက်ခိုက်ချင်သောကြောင့် ဖြစ်နိုင်ပေသည်။

​၎င်းမှာ အလွန်ပင် ဖြစ်နိုင်ချေ ရှိသည်ဟု လင်းကျင်း တွေးတောမိလိုက်၏။

​သို့သော်လည်း ရလဒ်နှင့် ပတ်သက်၍မူ သူ သိပ်ပြီး အကောင်းမမြင်မိပါချေ၊ အဘယ်ကြောင့်ဆိုသော် ပြတိုက်မှ သူ ရရှိခဲ့သော ဖော်ပြချက်များအရ ထိုအဆင့် ၉ မသေမျိုး ဝါးမြိုသားရဲမှာ မည်မျှအထိ အစွမ်းထက်ကြောင်း သိရှိထားသောကြောင့် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် ယခုအချိန်တွင် ၎င်း၏ စွမ်းအင်အောက်၌ ကွယ်လွန်သွားခဲ့ရပြီ ဖြစ်နိုင်ချေ ရှိပေသည်။

All Chapters