← Chapters

အခန်း ၄၃၇

Vol. 22 Ch. 437

အခန်း ၄၃၇

Vol. 22 Ch. 437

အခန်း (၄၃၇) - တာအိုအရှင်နှင့် ပတ်သက်သော ကောလာဟလ အမျိုးမျိုး

​ဧည့်သည်တော်များအတွက်မူ ဧည့်ခန်းမဟူသည် ပြတိုက်မှူး၏ လမ်းညွှန်ပြသမှုများကို ရရှိနိုင်မည့် နေရာတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း လင်းကျင်းအတွက်မူ ၎င်းမှာ အချက်အလက်များကို စုဆောင်းရန်အတွက် အကောင်းဆုံးသော ပလတ်ဖောင်းတစ်ခု ဖြစ်နေခဲ့ရတော့၏။

​လင်းကျင်း မျက်နှာဖုံးကို ဝတ်ဆင်ကာ ဝင်ရောက်လာခဲ့သည့် အချိန်တွင်မူ ဧည့်သည်တော် ရှစ်ဦးလုံးမှာ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။

​လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ပြတိုက်မှူးတစ်ဦးတည်းဖြင့် ဒါလော့ဘုရားကျောင်းတော်ကြီးတစ်ခုလုံးကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ အမျိုးမျိုးသော ကောလာဟလပုံစံများမှာ ပြင်ပကမ္ဘာတွင် စတင်၍ ပျံ့နှံ့နေခဲ့ပြီ ဖြစ်၏။ နန်းတော်တံတိုင်းများအတွင်း၌သာ အမြဲလိုလို နေထိုင်လေ့ရှိသော ဟယ်ချန်းပင်လျှင် ဤဖြစ်ရပ်နှင့် ပတ်သက်သော သတင်းများကို ကြားသိထားခဲ့ပြီး ဖြစ်သည်။

​သူမအပြင် ဖုန်းဇီချန်းနှင့် ကျောက်ကျင့်ယန်တို့သည်လည်း ဤအကြောင်းအရာကို သိရှိထားခဲ့ကြပေသည်။

​ထင်ရှားလှသည်မှာ ဤသတင်းမှာ အလွန်ပင် လျင်မြန်ကျယ်ပြန့်စွာဖြင့် ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်၏။

​သို့သော်လည်း သူတို့သည် ဒါလော့ဘုရားကျောင်းနှင့် အလွန်ပင် ဝေးကွာလွန်းလှသဖြင့် သတင်းများ သူတို့ထံသို့ ရောက်ရှိလာသည့် အချိန်တွင်မူ အလျင်အမြန်ပင် နောက်ကျနေခဲ့ပြီ ဖြစ်ရာ လာရောက်ပူးပေါင်းရန်အတွက် အချိန်မမှီခဲ့ကြပါချေ။ မဟုတ်လျှင်တော့ သူတို့သည်လည်း ထိုပွဲသို့ လာရောက်၍ ဆင်နွှဲကြမည်မှာ သေချာလှသည်။

​"ပြတိုက်မှူးကို ဂါရဝပြုပါတယ်"

​ဖုန်းဇီချန်းနှင့် ကျောက်ကျင့်​ယန်တို့အပါအဝင် ဧည့်သည်တော် ရှစ်ဦးလုံးမှာ လင်းကျင်းကို ဦးညွှတ်၍ နှုတ်ဆက်လိုက်ကြတော့၏။

​သူတို့သည် အသစ်ရောက်ရှိလာသူများ ဖြစ်ကြသော်လည်း ပြတိုက်မှူးမှာ မည်မျှအထိ အံ့အားသင့်ဖွယ် ကောင်းလှသော ပညာရှင်တစ်ဦး ဖြစ်ကြောင်းကို အလျင်အမြန်ပင် ရိပ်မိလိုက်ကြပြီ ဖြစ်သည်။ ပြတိုက်မှူးအနေဖြင့် ဒါလော့တောင်ထိပ်သို့ တစ်ဦးတည်း တက်ရောက်ကာ ဒါလော့ဘုရားကျောင်း၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီးနှင့် ကျောင်းထိုင်ဆရာတော်များကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်ဟူသော အချက်ကပင် သူတို့၏ ပါးစပ်များကို အံ့သြတကြားဖြင့် ဟစိဟစိ ဖြစ်သွားစေခဲ့ရပြီ ဖြစ်၏။

​ဒါလော့ဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းတော်ကြီးဟူသည် ထိပ်တန်းနိုင်ငံကြီးများပင်လျှင် ရန်စရန်အတွက် ကြောက်ရွံ့ရသော ပညာရှင်တစ်ဦး ဖြစ်ပေသည်။ သူ ပိုင်ဆိုင်ထားသော စောင့်ရှောက်သူ သားရဲတစ်ကောင်ချင်းစီမှာ အဆင့် ၅ သားရဲများ ဖြစ်ကြသဖြင့် ၎င်းမှာ သာမန်ထိပ်တန်းနိုင်ငံတစ်ခုအနေဖြင့် ရင်ဆိုင်နိုင်စရာ မရှိပါချေ။

​လင်းကျင်းသည် သူ၏ လက်ကို အသာအယာ မြှောက်လိုက်ပြီး ဧည့်သည်တော်များကို စိတ်အေးလက်အေး နေရန်အတွက် အချက်ပြလိုက်သည်။

​"ဒီတစ်ကြိမ်မှာတော့ မင်းတို့ အရင်ဆုံး မေးခွန်းတွေ မေးမြန်းနိုင်တယ်... သားရဲတွေနဲ့ ပတ်သက်နေသရွေ့ ငါ အားလုံးကို ဖြေကြားပေးနိုင်တယ်... အဲဒါပြီးရင်တော့ ငါ့မှာလည်း မင်းတို့အားလုံးကို မေးမြန်းစရာ မေးခွန်းအချို့ ရှိနေတယ်"

လင်းကျင်းက ရိုးရှင်းစွာပင် ပြောဆိုလိုက်တော့၏။

​သူတို့အနက်မှ အများစုတွင် မေးမြန်းစရာ မေးခွန်းများစွာ မရှိကြပါချေ။ ဝိညာဉ်ကလေးငယ်မိခင်မှာမူ လိပ်အိုကြီး၏ အခြေအနေနှင့် ပတ်သက်၍သာ ကိုယ်စား လာရောက်မေးမြန်းခြင်း ဖြစ်သည်။ အသစ်ရောက်ရှိလာသူများအနေဖြင့် ဖုန်းဇီချန်းနှင့် ကျောက်ကျင့်ယန်တို့တွင်သာ မေးခွန်းအများဆုံး ရှိနေခဲ့ကြခြင်း ဖြစ်၏။

​သို့သော်လည်း မည်သည့်မေးခွန်းကမျှ လင်းကျင်းအတွက် စိန်ခေါ်မှုတစ်ခု မဖြစ်စေခဲ့ပါချေ။

​နောက်တစ်ကြိမ် ထပ်မံ၍ ပြောရမည်ဆိုပါက သားရဲများနှင့် ပတ်သက်နေသရွေ့ လင်းကျင်းသည် အရာအားလုံးကို သိရှိထားခြင်း ဖြစ်သည်။

​သူ့တွင် ထိုမျှအထိ ကိုယ်ပိုင်ယုံကြည်မှု အပြည့် ရှိနေခဲ့ပေသည်။

​ဖုန်းဇီချန်းသည် သူ၏ သားရဲ အဆင့်တိုးတက်ခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်ရာ လင်းကျင်းသည် အကဲဖြတ်ချက် အစီရင်ခံစာတစ်ခုကို လွယ်ကူစွာပင် ရေးသားကာ သူ့ထံသို့ ပစ်လွှတ်ပေးလိုက်တော့သည်။ ကျောက်ကျင့်ယန်မှာမူ ဖီးနစ်ဥကို ယူဆောင်လာခဲ့ပြီး နိဗ္ဗာန၏ သဘောတရားကို ရှင်းလင်းပြသရန်အတွက် တောင်းဆိုခဲ့ခြင်း ဖြစ်၏။

​လင်းကျင်းသည် တာအိုအရှင်၏ အကြောင်းကို သိရှိလိုစိတ်ဖြင့် အလျင်စလို ဖြစ်နေခဲ့သဖြင့် သူသည် မည်သည့်အချက်အလက်ကိုမျှ ကွယ်ဝှက်ထားခြင်းမရှိဘဲ တိုက်ရိုက်ပင် ဖြေကြားပေးလိုက်တော့သည်။

"နိဗ္ဗာနရဲ့ သဘောတရားဆိုတာက... အဲဒါကို ‘တစ်ဖန်ပြန်လည်မွေးဖွားခြင်း’ ပုံစံမျိုးအဖြစ် တွေးတောကြည့်မယ်ဆိုရင် လွယ်ကူသွားလိမ့်မယ်... ဖီးနစ်ငှက်တစ်ကောင်က နိဗ္ဗာနကို ရောက်ရှိသွားတဲ့အခါ အဲဒါက မီးတောက်တွေအတွင်းကနေ နောက်တစ်ကြိမ် ပြန်လည်ပြီး နိုးထလာလိမ့်မယ်""

​လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျောက်ကျင့်ယန်သည် ဤကဲ့သို့သော အဖြေမျိုး ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း လင်းကျင်း၏ စကားလုံးများမှာ သူမ၏ စိတ်ထဲ၌ ကြီးမားလှသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ရဆဲ ဖြစ်၏။

​"ဖီးနစ်ငှက်တစ်ကောင်ဟာ နိဗ္ဗာနကို ရောက်ရှိသွားတဲ့အခါ အဲဒါက မီးတောက်တွေအတွင်းကနေ နောက်တစ်ကြိမ် ပြန်လည်ပြီး နိုးထလာလိမ့်မယ်"

​"အဲဒါက မီးတောက်တွေအတွင်းကနေ ပြန်လည်ပြီး နိုးထလာလိမ့်မယ်"

​ကျောက်ကျင့်ယန်သည် မိမိကိုယ်ကိုယ် လေသံတိုးတိုးဖြင့် ထပ်တလဲလဲ ရွတ်ဆိုကြည့်လိုက်ပြီးနောက်တွင်မူ မကြာမီ အချိန်အတွင်း မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို စတင်၍ နားလည်သွားခဲ့ရတော့သည်။ သူမ၏ လက်ထဲရှိ အနည်းငယ်မျှသော အပူရှိန်နှင့် အလင်းရောင်များကို ထုတ်လွှတ်နေခဲ့သည့် ကြည်လင်လှသော ဖီးနစ်ဥကို စိုက်ကြည့်ရင်း သူမသည် ဆန်းပြားလှသော မီးတစ်ခုခုကို ရှာဖွေကာ ထိုဥကို မီးတောက်များအတွင်းသို့ ပစ်ထည့်ပစ်ရန်အတွက် အလွန်ပင် စိတ်အားထက်သန်နေခဲ့ရတော့၏။

​လင်းကျင်းသည် သူမ၏ အတွေးများကို ရိပ်မိလိုက်သဖြင့် ခဏတာမျှ စဉ်းစားကြည့်လိုက်ပြီးနောက် သတိပေးချက်တစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်သည်။

"နိဗ္ဗာ​နကနေ ပြန်လည်မွေးဖွားခြင်းဆိုတာက ကိုက်ညီတဲ့ အချိန်အခါတစ်ခု လိုအပ်တယ်... အဲဒါကို အတင်းအဓမ္မ စောစီးစွာ ပေါက်ဖွားအောင် ပြုလုပ်တာထက်စာရင် အနည်းငယ် စိတ်ရှည်သည်းခံတာက ပိုပြီး ကောင်းမွန်တယ်... ဒါပေမဲ့ မီးတောက်တွေ ပိုမိုပြီး ပြင်းထန်လေလေ နိဗ္ဗာနရဲ့ လုပ်ငန်းစဉ်က ပိုမိုပြီး မြန်ဆန်လေလေဆိုတာကိုတော့ မှတ်သားထားပါ"

​ထို့နောက်တွင် လင်းကျင်းသည် သူ၏ လက်ကို မြှောက်လိုက်တော့၏။ သူသည် မီးတောက်များကို မင်အဖြစ် အသုံးပြုကာ မီးမန္တန်လက်ဖွဲ့တစ်ခုကို ရေးဆွဲလိုက်ပြီး ၎င်းကို ဖီးနစ်ဥအတွင်းသို့ ပစ်လွှတ်လိုက်တော့သည်။

​ဤမီးမန္တန်လက်ဖွဲ့အတွင်း၌ မီးတောက် သုံးမျိုး သုံးစား ပါဝင်နေခဲ့ခြင်း ဖြစ်၏။

​ပထမတစ်ခုမှာ ရှောင်ဟော့၏ မီးတောက် ဖြစ်ပြီး ဒုတိယတစ်ခုမှာ နဂါးမီးတောက် ဖြစ်ကာ တတိယတစ်ခုမှာမူ ရွှေကျီးကန်း၏ မီးတောက် ဖြစ်ပေသည်။

​ယခင်က လင်းကျင်းသည် ဤမီးတောက် သုံးမျိုးလုံးကို သီးခြားစီသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရုတ်တရက် အတွေးတစ်ခု ထွက်ပေါ်လာခဲ့သဖြင့် သူသည် ဤမီးတောက် သုံးမျိုးလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ပြီး ယခုကဲ့သို့သော လက်ဖွဲ့ကို ရေးသားရန်အတွက် အသုံးပြုလိုက်ခြင်း ဖြစ်၏။

​"မင်း ဒီမီးလက်ဖွဲ့ကို ခဏ ယူသွားနိုင်တယ်... မင်းရဲ့ ဖီးနစ်ငှက်က နိဗ္ဗာနကို ရောက်ရှိသွားပြီးတဲ့ အခါကျမှ အဲဒါကို ငါ့ဆီပြန်ပေး"

လင်းကျင်းက ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သည်။

​ပြင်ပလူများအတွက်မူ ပြတိုက်မှူးသည် ဖီးနစ်ငှက် နိဗ္ဗာနရောက်ရှိစေရန်အတွက် အံ့အားသင့်ဖွယ် ကောင်းလှသော မီးမန္တန်ပညာရပ်တစ်ခုကို အသုံးပြုကာ ကူညီပေးလိုက်ခြင်း ဖြစ်သည်ဟု ထင်မှတ်သွားကြပေလိမ့်မည်။ ကျောက်ကျင့်ယန်သည်လည်း ထိုကဲ့သို့ပင် ထင်မြင်ယူဆထားခဲ့သဖြင့် သူမသည် အလျင်အမြန်ပင် ဦးညွှတ်၍ ကျေးဇူးတင်လိုက်တော့၏။

​အမှန်တကယ်တော့ လင်းကျင်းသည် သူမတစ်ဦးတည်းကိုသာ ကူညီနေခြင်း မဟုတ်ဘဲ မိမိကိုယ်ကိုယ်လည်း ကူညီနေခြင်း ဖြစ်ပေသည်။ ဖီးနစ်ငှက် ပြန်လည်မွေးဖွားလာသည့် အချိန်တွင် ဤမီးတောက် သုံးမျိုးမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ အသစ်စက်စက် မီးတောက်ပုံစံတစ်ခု ထွက်ပေါ်လာလိမ့်မည်ဟု သူ မျှော်လင့်ထားခြင်း ဖြစ်ပြီး ၎င်းက တစ်ဖန် သူနှင့် ရှောင်ဟော့ကိုပါ ကူညီပေးနိုင်ပေလိမ့်မည်။

​အဓိကအားဖြင့် ရှောင်ဟော့အတွက် ဖြစ်၏။

​ဤနိဗ္ဗာ​နကနေ ပြန်လည်မွေးဖွားခြင်းမှာ ရှောင်ဟော့၏ နောက်ထပ် အဆင့်တိုးတက်ခြင်းအတွက် သော့ချက်တစ်ခု ဖြစ်လာနိုင်ပေသည်။

​နောက်တစ်ကြိမ် ထပ်မံ၍ ပြောရမည်ဆိုပါက ရှောင်ဟော့မှာ အခြားသော သားရဲများနှင့် ကွဲပြားခြားနားလှပေသည်။ သူ့အား အခြားသူများနှင့် ကွဲပြားသွားစေသည့်အချက်မှာ လင်းကျင်းနှင့် ချုပ်ဆိုထားခဲ့သော သွေးစာချုပ် ဖြစ်၏။ ထို့ကြောင့် လင်းကျင်းအနေဖြင့် ရှောင်ဟော့ကို အကောင်းဆုံးသော အဆင့်တိုးတက်မှုမျိုး ရရှိစေရန်အတွက် အစွမ်းကုန် ကြိုးပမ်းပေးရမည် ဖြစ်ပြီး ထိုသို့ ပြုလုပ်နိုင်မှသာ ရှောင်ဟော့၏ သဘာဝ အားနည်းချက်များကို ပြန်လည်၍ အဖတ်ဆယ်နိုင်မည် ဖြစ်သည်။

​လက်ရှိအခြေအနေတွင် အဆင့် ၄ ရှိနေသော ရှောင်ဟော့အနေဖြင့် နောက်ထပ် ပြီးပြည့်စုံသော အဆင့်တိုးတက်မှုမျိုးကို ရရှိရန်အတွက် ထူးခြားလှသော မီးတောက်ပုံစံတစ်ခု လိုအပ်နေခဲ့ခြင်း ဖြစ်သည်။ လင်းကျင်းကိုယ်တိုင် ကျင့်ကြံထားခဲ့သော နဂါးမီးတောက်မှာ အနည်းငယ်မျှ လိုအပ်ချက်များ ရှိနေခဲ့သေးသကဲ့သို့ သူသည် ဖီးနစ်မီးတောက်နှင့် ရွှေကျီးကန်းမီးတောက်များကိုလည်း အပြည့်အဝ မကျွမ်းကျင်သေးပါချေ။ ယခုအခါ ကျောက်ကျင့်ယန်သည် သူမ၏ သားရဲ သေဆုံးရာမှ ပြန်လည်နိုးထလာစေရန်အတွက် မီးတောက်များကို လိုအပ်နေခဲ့ခြင်း ဖြစ်သဖြင့် ၎င်းမှာ လင်းကျင်းအတွက်မူ တစ်ချက်ခုတ် နှစ်ချက်ပြတ် အခွင့်အရေးကောင်းတစ်ခု ဖြစ်သွားခဲ့ရတော့သည်၊ ထို့ကြောင့် သူက ဘာဖြစ်လို့ ငြင်းပယ်ရပါမည်နည်း။

​ပြတိုက်မှူး၏ အကြံဉာဏ်များနှင့် လမ်းညွှန်မှုများကို ရရှိပြီးသွားသည့်နောက်တွင် ကျောက်ကျင့်ယန်မှာ အထူးပင် ကျေနပ်အားရသွားခဲ့ရတော့၏။

​ယခင်က လုံးဝ မျှော်လင့်ချက်မဲ့နေခဲ့သော ဘဝမှနေ၍ ဧည့်ခန်းမဆောင်အတွင်းသို့ စတင်ဝင်ရောက်လာခဲ့သည့် အချိန်မှစကာ ကျောက်ကျင့်ယန်သည် သူမ၏ ကိုယ်ပိုင်ယုံကြည်မှုများကို ပြန်လည်၍ ရရှိခဲ့ခြင်း ဖြစ်သည်။

​အမှန်တော့ သူမအနေဖြင့် အခြားသူများကို ထုတ်ဖော်မပြောဆိုထားခဲ့သော အကြောင်းအရာတစ်ခု ရှိနေခဲ့သေး၏။

​ကျောက်ကျင့်ယန်သည် ဖီးနစ်နန်းတော်တွင် ဆက်လက်၍ နေထိုင်နိုင်စရာ မရှိတော့ပါချေ။ သူမအနေဖြင့် လတ်တလောတွင် လူသိမခံဘဲ ပုန်းအောင်းနေရမည် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဖီးနစ်နန်းတော်မှ သစ္စာဖောက်များသည် အခွင့်အရေး ရရှိသည်နှင့်တစ်ပြိုင်နက် သူမကို လိုက်လံသတ်ဖြတ်ကြမည် ဖြစ်သောကြောင့် ဖြစ်၏။

​သူမသည် မိမိ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ကွယ်ဝှက်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းထားခဲ့သော်လည်း ဤကမ္ဘာလောကကြီးမှာ အလွန်ပင် ကျယ်ပြောလှသဖြင့် သူမ မည်သည့်နေရာသို့ သွားရမည်ကို မသိရှိခဲ့ပါချေ။

​ကျောက်စိမ်းနဂါးနိုင်ငံတွင် ပြတိုက်မှူး၏ တပည့်တစ်ဦး ရှိနေခဲ့ကြောင်းကို သူမ ကြားသိရဖူးသဖြင့် သေချာစွာ စဉ်းစားကြည့်လိုက်ပြီးနောက်တွင်မူ သူမသည် ကျောက်စိမ်းနဂါးနိုင်ငံသို့ သွားရောက်ရန်အတွက် ခရီးစဉ်ကို စတင်ခဲ့ခြင်း ဖြစ်ပေသည်။

​သူမသည် ပြတိုက်မှူးနှင့် တွေ့ဆုံလိုမိပေသည်။

​ပြတိုက်မှူးကို မရှာဖွေနိုင်ခဲ့သည့်တိုင်အောင် သူမသည် သူ၏ တပည့်ကို ရှာဖွေနိုင်ပေသည်။ သူ၏ တပည့်နောက်သို့ လိုက်လံနေထိုင်ခြင်းအားဖြင့် တစ်နေ့နေ့တွင် ပြတိုက်မှူးနှင့် သေချာပေါက် တွေ့ဆုံခွင့် ရရှိလိမ့်မည်ဟု သူမ ထင်မြင်ယူဆထားခဲ့ခြင်း ဖြစ်၏။

​ယခုအခါ ပြတိုက်မှူးကိုယ်တိုင်က သူမအနေဖြင့် ဆန်းပြားလှသော မီးပြဒါးရှိသည့် နေရာတစ်ခုကို လိုအပ်ကြောင်း ပြောဆိုလိုက်သည့် အခါတွင်မူ သူမသည် ကျောက်စိမ်းနဂါးနိုင်ငံသို့ သွားရောက်ရန်အတွက် ပိုမို၍ သေချာသွားခဲ့ရတော့သည်။

​ထိုနေရာမှာ ကျောက်စိမ်းနဂါးမြို့အတွင်း၌ တည်ရှိနေခဲ့ခြင်း ဖြစ်၏။ ကျောက်ကျင့်ယန်သည် ယခင်က ဖီးနစ်နန်းတော်၏ တပ်မှူးတစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် သူမတွင် များပြားလှသော လျှို့ဝှက်ချက် အချက်အလက်များကို သိရှိနိုင်ခွင့် ရှိခဲ့ပြီး ၎င်းက ကျောက်စိမ်းနဂါးနိုင်ငံသို့ သွားရောက်ရန်အတွက် သူမ၏ ဆုံးဖြတ်ချက်ကို ပိုမို၍ ခိုင်မာသွားစေခဲ့ခြင်း ဖြစ်သည်။

​သူမသည် မိမိ၏ အစီအစဉ်ကို မည်သူ့ကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပါချေ။ သူမ၏ ခေါင်းမာလှသော စိတ်ဓာတ်ကြောင့် ကျောက်ကျင့်ယန်သည် အရာတစ်ခုကို ဆုံးဖြတ်ပြီးသွားပါက သူမ၏ လုပ်ရပ်မှာ မှန်ကန်သည်ဖြစ်စေ၊ မှားယွင်းသည်ဖြစ်စေ အဆုံးအထိ ဆက်လက်၍ လုပ်ဆောင်လေ့ ရှိသူ ဖြစ်သည်။

​လင်းကျင်းသည် သူမ၏ မေးခွန်းများကို ဖြေကြားပြီးသွားသည့်နောက်တွင် အဓိက အကြောင်းအရာအတွင်းသို့ တိုက်ရိုက်ပင် ဝင်ရောက်လိုက်တော့၏။

​သူသည် တာအိုအရှင်နှင့် ပတ်သက်သော အချက်အလက်များကို တတ်နိုင်သမျှ များများ စုဆောင်းလိုမိပေသည်။

​လင်းကျင်းသည် ဤတာဝန်ကို သူ၏ ဧည့်သည်တော်များထံသို့ လွှဲပြောင်းပေးအပ်နိုင်ကြောင်း ယုံကြည်ထားသည်။ သူတို့သည် ကွဲပြားခြားနားလှသော ဒေသများမှ ရောက်ရှိလာကြသူများ ဖြစ်ကြသကဲ့သို့ ကွဲပြားလှသော နောက်ခံသမိုင်းကြောင်းများလည်း ရှိနေကြသဖြင့် သူတို့ စုဆောင်းနိုင်မည့် အချက်အလက် ပမာဏမှာ သေချာပေါက်ပင် များပြားလှပေလိမ့်မည်။

​ယခုအချိန်တွင် လင်းကျင်းအနေဖြင့် မိမိ၏ ရှာဖွေမှု နယ်ပယ်ကို ပိုမို၍ ချဲ့ထွင်ရန် လိုအပ်နေခဲ့ခြင်း ဖြစ်၏။

​"အားလုံးပဲ... ငါ့အနေနဲ့ တာအိုအရှင်နဲ့ ပတ်သက်ပြီး မင်းတို့ စုဆောင်းနိုင်သမျှ အချက်အလက် အားလုံးကို လိုအပ်တယ်... အဲဒါအပြင် အကယ်၍ မင်းတို့ဆီမှာ တာအိုအရှင်နဲ့ သက်ဆိုင်တဲ့ ဒါမှမဟုတ် သူ ချန်ထားခဲ့တဲ့ စာအုပ်တွေ၊ နည်းလမ်းတွေ ဒါမှမဟုတ် ပစ္စည်းတွေ ရှိနေခဲ့မယ်ဆိုရင် အဲဒါတွေကို ငါ့ဆီပေးအပ်နိုင်တယ်... အပြန်အလှန်အနေနဲ့ ငါက မင်းတို့ကို အကြီးမားဆုံးသော ဆုလာဘ်တွေကို ပေးအပ်မယ်လို့ အာမခံတယ်"

လင်းကျင်းက ပြောဆိုလိုက်တော့၏။

​တာအိုအရှင်...

​သူတို့အနက်မှ အများစုမှာ ဤအမည်ကို ယခင်ကတည်းက ကြားဖူးခဲ့ကြခြင်း ဖြစ်ပေသည်။ သို့သော်လည်း ဟယ်ချန်းနှင့် ထျန်းအိုကြီးတို့ကဲ့သို့သော တာအိုအရှင်၏ အကြောင်းကို ရင်းနှီးကျွမ်းဝင်မှု မရှိကြသော လူအနည်းငယ်လည်း ရှိနေခဲ့သေး၏။

​တစ်ဦးမှာ သူမ၏ ဘဝအများစုကို နန်းတော်တံတိုင်းများအတွင်း၌သာ ကုန်ဆုံးခဲ့ရခြင်း ဖြစ်သဖြင့် ပြင်ပကမ္ဘာနှင့် ပတ်သက်သော သူမ၏ ဗဟုသုတမှာ နည်းပါးလှခြင်း ဖြစ်သည်။ အခြားတစ်ဦးမှာမူ သာမန်နောက်ခံသမိုင်းကြောင်းတစ်ခုသာ ရှိခဲ့ပြီး တောင်နက်ကြီးများအတွင်း၌သာ နေထိုင်ခဲ့သူ ဖြစ်၏။ သူသည် သူခိုးတစ်ဦးအဖြစ် လူသိများခဲ့သော်လည်း အမှန်တကယ်တော့ လူဆိုးများ၏ အသိုင်းအဝိုင်းအတွင်းသို့ ဝင်ရောက်ခဲ့ခြင်း မရှိပါချေ။

​ထိုနှစ်ဦးမှလွဲ၍ ကျန်ရှိနေခဲ့သောသူများမှာမူ ဤအကြောင်းအရာနှင့် ပတ်သက်၍ များစွာ ပိုမို၍ ဗဟုသုတ ရှိကြပေသည်။

​ကျီးကန်းနက်သည် ပထမဆုံးအကြိမ်အဖြစ် စတင်၍ စကားပြောဆိုလိုက်၏။

"ပြတိုက်မှူး... အရှင်က တာအိုအရှင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လိုချင်တာလား... ဒါကတော့ ကျုပ် သူ့အကြောင်း သိထားတဲ့အရာတွေပါ... သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ရာဂဏန်းခန့်က လူတစ်ဦး ဖြစ်ပြီး ကြည့်ရသရွေ့တော့ အလွန်ပဲ အဆင့်မြင့်မားလှတဲ့ ပညာရှင်တစ်ဦး ဖြစ်ပုံရပါတယ်... အရှင့်လိုပဲ... တာအိုအရှင်က မျက်နှာဖုံးတွေ ဝတ်ဆင်ရတာကို နှစ်သက်ပြီး မန္တန်ပညာရပ်တွေမှာ သူရဲ့ ကျွမ်းကျင်မှုကတော့ အတုမရှိပါပဲ... သူက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး လူတစ်ဦး ဖြစ်ခဲ့တယ်လို့ ပြောရင်တောင် ပုံကြီးချဲ့ရာ မရောက်ပါဘူး၊ ဒါပေမဲ့ သူ ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားလာပြီး နှစ်ပေါင်း တစ်ရာခန့် အကြာမှာတော့ သူက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တာပါ... သူ ကွယ်လွန်သွားခဲ့ပြီလို့ ပြောကြတဲ့ ပုံပြင်တွေလည်း ရှိနေခဲ့တယ်"

​"ကျွန်မ ကြားဖူးတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာဂဏန်းခန့်က တာအိုအရှင်က အလွန် စွမ်းအားကြီးမားလှတဲ့ လူဆိုးအဆင့် ပညာရှင်ပေါင်း တစ်ဆယ်ကျော်ကို တစ်ဦးတည်းနဲ့ အနိုင်ယူခဲ့ဖူးတာပဲ... အဲဒါကပဲ သူ့အနေနဲ့ လူဆိုးလောကကြီးတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်နိုင်ခဲ့တဲ့ အကြောင်းရင်း ဖြစ်သွားခဲ့တာ... ဒီနေ့ခေတ်မှာ ကျွန်မတို့ လူဆိုးလောကအတွင်းမှာ လိုက်နာနေကြရတဲ့ စည်းမျဉ်းအများစုက တာအိုအရှင်စိုးမိုးခဲ့တဲ့ အချိန်ကာလကတည်းက သတ်မှတ်ထားခဲ့တဲ့ စည်းမျဉ်းတွေပါ... လူဆိုးသတင်းစာ ဆိုတာကလည်း တာအိုအရှင်ကိုယ်တိုင် တီထွင်ဖန်တီးခဲ့တဲ့ အရာတစ်ခုပဲ"

ဝိညာဉ်ကလေးငယ်မိခင်က ကြားဖြတ်၍ ပြောဆိုလိုက်တော့၏။

​သူ၏ မျက်နှာဖုံးအောက်တွင် လင်းကျင်းသည် ‘သတင်းစာ’ ဆိုသည့် စကားလုံးကြောင့် သိသာစွာပင် မှင်တက်သွားခဲ့ရပေသည်။

​ရဲ့ယွီကျိုးကလည်း ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်၏။

"ကျွန်တော့်ရဲ့ စာအုပ်စုဆောင်းမှုတွေထဲမှာ တာအိုအရှင်ရဲ့ အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ် ရှိနေခဲ့ပါတယ်... အဲဒါကို အဲဒီခေတ်ကာလက လူဆိုးအဆင့် ပညာရှင်တွေကိုယ်တိုင် ရေးသားပြုစုထားခဲ့ကြတာလို့ ပြောကြတယ်... ကံမကောင်းစွာနဲ့ပဲ ကျွန်တော် ဒီနေ့တော့ အဲဒီစာအုပ်ကို မယူလာခဲ့ရဘူး"

​"ရဲ့အိုကြီး... မနက်ဖြန်မနက်ကျရင် အဲဒါကို ငါ့ရဲ့ တပည့်ဆီ ပေးပေးပါ"

လင်းကျင်းက ညွှန်ကြားလိုက်တော့သည်။ တာအိုအရှင်၏ အတ္ထုပ္ပတ္တိစာအုပ် ရှိနေခဲ့ကြောင်း ကြားသိရသဖြင့် သူသည် အထူးပင် ဝမ်းမြောက်သွားခဲ့ရခြင်း ဖြစ်၏။

​ရဲ့ယွီကျိုးသည် ခေါင်းညိတ်လိုက်ပေသည်။

​သေချာစွာ စဉ်းစားကြည့်လိုက်ပြီးနောက်တွင်မူ သူခိုးကြီး ကျန်းဇီချီက စတင်၍ စကားပြောဆိုလိုက်တော့၏။

​"ကျုပ် ကြားဖူးတာကတော့... တာအိုအရှင်က သားရဲတွေကို ထိန်းချုပ်တဲ့ နေရာမှာတော့ ဘယ်သူ့ကိုမှ မရှုံးဘူးလို့ ပြောကြတယ်... ဒါပေမဲ့ အဲဒါက အမှန်တရားလား ဆိုတာကိုတော့ ကျုပ် မသေချာဘူး"

All Chapters