← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀) ဝိညာဉ်ရှာဖွေခြင်းမန္တန်၊ မအောင်မြင် ခြင်း

​ဤမျက်နှာကို မြင်လိုက်ရသည့် ခဏ၌ ဆိုင်ရှင်ထုံက ကိစ္စအတော်များများကို ချက်ချင်းဆိုသလို နားလည်သွားခဲ့ချေပြီ။

​"မင်းပဲ ငါ့ကို အမြဲတမ်း လိုက်ဖမ်းချင်နေခဲ့တာ မဟုတ်လား၊ အခုတော့ ငါ့လက်ထဲကို မင်းကိုယ်တိုင် ရောက်လာပြီဆိုတော့ ဘာပြောစရာ ရှိသေးလဲ" ချန်ကျီက ဆိုင်ရှင်ထုံကို လှောင်ပြောင်သရော်သည့် မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။

​"ဝူလိနဲ့ ကျန်းထိုက်... သူတို့နှစ်ယောက်စလုံး သေသွားပြီလား"

​ချန်ကျီက အနည်းငယ် ခေါင်းညိတ်ပြလိုက်ရာ "ဒါပေါ့... မဟုတ်ရင် မင်းရှေ့မှာ ငါရှိနေပါ့မလား" ဟူသည့် အဓိပ္ပာယ်ပင်။

​ဆိုင်ရှင်ထုံက ချန်ကျီကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေမိတော့သည်၊ ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၂ သာ ရှိသည့် ချန်ကျီက သူ၏ ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၆ ရှိသည့် လက်အောက်ငယ်သား နှစ်ဦးစလုံးကို သတ်ပစ်နိုင်လိမ့်မည်ဟု သူ မည်သို့မျှ ထင်မှတ်မထားခဲ့မိပါချေ။

​ဆိုင်ရှင်ထုံက အစွမ်းကုန် ရုန်းကန်ခုခံရန် ကြံရွယ်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်ကို လူနှစ်ဦးက အသေအချာ ချုပ်ကိုင်ထားပြီး ဖြစ်သည်။

​ဆိုင်ရှင်ထုံက သူ့ကို ချုပ်ကိုင်ထားသည့် လူနှစ်ဦးကို လှမ်းကြည့်လိုက်ရာ တစ်ဦးမှာ မျက်နှာကို ဖုံးကွယ်ထားပြီး အခြားတစ်ဦးမှာမူ အလွန်ပင် ရဲရင့်ခန့်ညားသည့် အသွင်ရှိသည်။

​ထို့အပြင် သူ၏ ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၇ ကျင့်ကြံခြင်းဖြင့်ပင် ဤလူနှစ်ဦး၏ ကျင့်ကြံခြင်းအဆင့်ကို အကဲမခတ် နိုင်ဘဲ ဖြစ်နေရ၏။

​ဆိုင်ရှင်ထုံ စိတ်ထဲတွင် လွန်စွာ ထိတ်လန့်သွားခဲ့ရသည်၊ ဤလူနှစ်ဦးစလုံးက အုတ်မြစ်ချခြင်းနယ်ပယ် ကျင့်ကြံသူများ ဖြစ်နေကြတာလား၊ သို့သော်လည်း ကြည့်ရသည်မှာ ထိုသို့ပုံစံမျိုး မဟုတ်ပါချေ။

​အုတ်မြစ်ချခြင်းနယ်ပယ် ကျင့်ကြံသူများကို သူ မြင်ဖူးပါသည်၊ သူ့ရှေ့က လူနှစ်ဦးက ငယ်ရွယ်လွန်းလှပေသည်။

​သို့သော်လည်း ၎င်းတို့က အုတ်မြစ်ချခြင်းနယ်ပယ် ဟုတ်မဟုတ်ဆိုသည်မှာ အရေးမကြီးတော့ပါချေ၊ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် သူက လုံးဝ ပြန်လည်မခုခံနိုင်တော့သောကြောင့် ဖြစ်သည်။

​ဆိုင်ရှင်ထုံက အထင်သေးသည့် အပြုံးတစ်ခု ပြုံးလိုက်ရင်း "မင်းက ဒီလောက်အထိ အစွမ်းထက်တဲ့ ကူညီသူတွေကို ဆင့်ခေါ် နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ဒါပေမဲ့ မင်းကို ငါ အကြံပေးချင်တာကတော့ ငါ့ကို စောစောစီးစီး လွှတ်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်။ ငါ ပျောက်ဆုံးသွားရင် မြို့တော်သခင်အိမ်တော်နဲ့ ငါ့နောက်ကွယ်က မိသားစုက သေချာပေါက် ငါ့ကို အစွမ်းကုန် လိုက်ရှာကြလိမ့်မယ်။ မင်းတို့ ဒီနေ့ ဒီလောက်အထိ ကြီးမားတဲ့ လှုပ်ရှားမှုကြီး လုပ်လိုက်တာဆိုတော့ ဝမ်နန်မြို့ထဲကနေ ဘယ်လိုမှ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး"

​ချန်ကျီက ပြုံးလျက်ပင် ပြန်ပြောလိုက်၏။ "ဘယ်သူက မင်းကို ငါ ထွက်ပြေးမယ်လို့ ပြောလို့လဲ။ ဒီဝမ်နန်မြို့က အခုအချိန်မှာ အလွန်ကို ဘေးကင်းပါတယ်၊ ငါက ဒီမှာပဲ ဆက်နေချင်သေးတာ"

​ဆိုင်ရှင်ထုံက ချန်ကျီကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကာ "မင်း မြို့တော်သခင်အိမ်တော်ရဲ့ လိုက်လံစုံစမ်းမှုကို မကြောက်ဘူးလား"

​"ဘာကြောက်စရာ ရှိလဲ၊ မင်းကို ငါ ဖမ်းခေါ်လာတယ်ဆိုတာ ဘယ်သူ သိမှာမို့လို့လဲ"

​ဆိုင်ရှင်ထုံ ဖမ်းခေါ်ခံရသည့်အချိန်တွင် သတိလစ်နေခဲ့သဖြင့် သူ ဤနေရာသို့ မည်သို့ရောက်ရှိလာသည်ကို ၎င်း လုံးဝ မသိရှိပါချေ။

​ချန်ကျီက သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာစဉ်တွင် သေချာပေါက် ခြေရာလက်ရာများ ချန်ထားခဲ့လိမ့်မည်ဟု သူက ထင်မှတ်နေဆဲ ဖြစ်သည်။

​ချန်ကျီက ဆိုင်ရှင်ထုံ၏ သံသယများကို ထပ်မံဂရုမစိုက်တော့ဘဲ ဆက်ပြောလိုက်၏။ "ကဲ... အပိုစကားတွေကို ငါ အများကြီး မပြောတော့ဘူး၊ မင်းကို ငါ ဖမ်းခေါ်လာရတဲ့ အကြောင်းရင်းကိုလည်း မင်း ကောင်းကောင်း သိမှာပါ။ မင်း သူတပါးကို လုပ်ကြံဖို့ ကြံစည်ခဲ့ကတည်းက သူတပါးရဲ့ ပြန်လည်သတ်ဖြတ်ခြင်းကို ခံရဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်မဟုတ်လား။ ပြောစမ်း... မင်းတို့ရဲ့ အဲဒီမိုင်းတွင်းက ဘယ်နေရာမှာ ရှိတာလဲ၊ ပြီးတော့ မင်းနဲ့ ပူးပေါင်းထားတဲ့ မိသားစုက ဘယ်မိသားစုလဲ။ အသေအချာ ရှင်းရှင်းလင်းလင်း ပြောပြရင် မင်းကို နာကျင်မှုမရှိဘဲ အေးအေးချမ်းချမ်း သေခွင့်ပေးမယ်"

​ချန်ကျီ ပြောပြီးနောက်တွင် ဆိုင်ရှင်ထုံ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်၊ ဤကောင်က အရာအားလုံးကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ။

​သို့သော် ယခုအချိန်က သံသယဝင်နေရမည့် အချိန်မဟုတ်ပါချေ၊ ချန်ကျီက မိုင်းတွင်း၏ တည်နေရာနှင့် ပူးပေါင်းထားသည့် မိသားစုအကြောင်းကို သိရှိလိုနေခြင်းက သူ၏ အသက်ရှင်သန်နိုင်မည့် ဝှက်ဖဲပင် ဖြစ်သည်။

​ဆိုင်ရှင်ထုံက မာန်တင်း၍ ပြောလိုက်၏။ "မဖြစ်နိုင်ဘူး၊ မင်း ငါ့ကို လွှတ်ပေးမယ်လို့ အရင်ဆုံး ကတိပေး၊ အဲဒီလိုဆိုရင် ငါ မင်းကို ပြောပြမယ်"

​ချန်ကျီက ခပ်ဖွဖွ ရယ်မောလိုက်ကာ "ဟားဟား... မင်းက အတွေးလွန်နေတာပဲ၊ ဒီလိုအချိန်မျိုး ရောက်နေပြီကို ငါက မင်းကို လွှတ်ပေးပါ့မလား။ မင်းကို လွှတ်ပေးလိုက်ရင် မင်းက ငါ့ကို ပြန်ပြီး ကလဲ့စားချေမှာကို စောင့်ရမှာလား"

​ဆိုင်ရှင်ထုံလည်း ယနေ့တွင် အလွယ်တကူ ပြီးဆုံးသွားမည် မဟုတ်မှန်း ရိပ်မိသွားခဲ့သည်။ "မဟုတ်ဘူး... မင်း ငါ့ကို သတ်လို့မဖြစ်ဘူး၊ ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိတယ်၊ အားလုံးကို မင်းကို ပေးနိုင်တယ်၊ ငါ့အသက်တစ်ချောင်းကိုပဲ ချန်ထားပေးဖို့ တောင်းပန်ပါတယ်"

​"ဝိညာဉ်ကျောက်တုံးလား... ဘယ်လောက်ရှိလဲ"

​ဆိုင်ရှင်ထုံက အနည်းငယ် ထစ်ထစ်ငေါ့ငေါ့ဖြင့် "တစ်... တစ်ထောင်"

​ချန်ကျီက ခေါင်းခါပြလိုက်ရင်း "ဟားဟား... မင်းပြောတာကို ငါ ယုံမယ် ထင်နေလား။ ထားလိုက်ပါတော့... မင်းကို ဒီလောက်အထိ စကားအများကြီး ပြောနေတာကလည်း အပိုပါပဲ"

​ချန်ကျီ ပြောပြီးနောက် ကျောက်ယွမ်နှင့် ချန်ဖန်တို့ကို လှမ်းကြည့်လိုက်၏။ "မင်းတို့နှစ်ယောက် သူ့ကို သေသေချာချာ စောင့်ကြည့်ထားကြ၊ ငါ ခဏနေရင် ပြန်လာခဲ့မယ်"

​ထို့နောက်တွင် ချန်ကျီက ချက်ချင်းဆိုသလို မျက်လုံးနှစ်လုံးကို မှိတ်လိုက်ပြီး အသိစိတ်ဖြင့် အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။

​သူက အနန္တစျေးဆိုင်အတွင်း၌ မန္တန်တစ်ခုကို စောစောစီးစီးကတည်းက မြင်တွေ့ဖူးခဲ့သော်လည်း ထိုအချိန်က အသုံးမလိုသေးသဖြင့် ခေတ္တမျှ လဲလှယ်ခြင်း မပြုခဲ့ခြင်း ဖြစ်သည်။

​ယခုအချိန်က ထိုမန္တန်ကို အသုံးပြုရန် အကောင်းဆုံး အချိန်ပင်။

​ချန်ကျီ အနန္တစျေးဆိုင်သို့ ရောက်ရှိပြီးနောက် ဝယ်ယူခြင်းမျက်နှာပြင်ကို မကြည့်တော့ဘဲ အစိမ်းရောင်ဝတ်ရုံဝတ် မိန်းကလေးထံသို့ တိုက်ရိုက် ပြောလိုက်တော့သည်။ "ငါ့ကို ဝိညာဉ်ရှာဖွေခြင်းမန္တန် တစ်အုပ် လဲပေးပါ"

​"ဝိညာဉ်ရှာဖွေခြင်းမန္တန် တစ်အုပ် လဲပါမယ်၊ အမှတ် ၃၀ ကုန်ပါမယ်၊ အတည်ပြုပါသလား" အစိမ်းရောင်ဝတ်ရုံဝတ် မိန်းကလေးက တည်ငြိမ်စွာဖြင့် မေးလိုက်၏။

​"အတည်ပြုတယ်"

​တစ်ခဏချင်းမှာပင် မန္တန်စာအုပ်တစ်အုပ်က ချန်ကျီ၏ မျက်စိရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့ပြီး အမှတ် ၃၀ ကလည်း အလိုအလျောက် အနှုတ်ခံလိုက်ရချေပြီ။

​ချန်ကျီက ဝိညာဉ်ရှာဖွေခြင်းမန္တန်ကို ကိုင်ဆောင်ကာ အနည်းငယ်မျှ တုန့်ဆိုင်းမနေတော့ဘဲ အလိုအလျောက်ကျင့်ကြံခြင်းအခန်းဆီသို့ တိုက်ရိုက် သွားရောက်လိုက်ပြီး ဝိညာဉ်ရှာဖွေခြင်းမန္တန်ကို အလိုအလျောက် ကျင့်ကြံပေးနေသည့် ပုံရိပ်ယောင်ထံသို့ တိုက်ရိုက် ပေးအပ်လိုက်တော့သည်။

​ခဏအကြာတွင် ချန်ကျီ၏ စနစ်မျက်နှာပြင်ပေါ်ရှိ မန္တန်ကဏ္ဍ၌ မန္တန်အသစ်တစ်ခု ထပ်မံတိုးပွားလာခဲ့ချေပြီ။

​ဝိညာဉ်ရှာဖွေခြင်းမန္တန် (အခြေခံအဆင့် - ၁/၁၀၀)

​ချန်ကျီက ပုံရိပ်ယောင် အလိုအလျောက် ကျင့်ကြံနေသည့် ဝိညာဉ်ရှာဖွေခြင်းမန္တန်ကို မြေကြီးဒိုင်းကာမန္တန်သို့ ပြန်လည်ပြောင်းလဲလိုက်သည်၊ အခြေခံအဆင့် ရှိသည့် ဝိညာဉ်ရှာဖွေခြင်းမန္တန်ကပင် လက်ရှိအတွက် အသုံးပြုရန် လုံလောက်နေပြီ ဖြစ်ရပေမည်။

​ချန်ကျီ အသိစိတ်ဖြင့် အနန္တနေရာလွတ်ထဲမှ ထွက်လိုက်ပြီး မျက်လုံးများကို ပြန်လည်ဖွင့်လိုက်၏။

​ခုနတင် ချန်ကျီက အပြင်သို့ ခေတ္တထွက်မည်ဟု ပြောဆိုခဲ့သော်လည်း မျက်လုံးများသာ မှိတ်ထားသည်ကို မြင်တွေ့ရသဖြင့် ဆိုင်ရှင်ထုံ စိတ်ထဲတွင် ထူးဆန်းအံ့ဩနေခဲ့သည်။

​သို့သော်လည်း မကြာမီမှာပင် ချန်ကျီ မျက်လုံးများကို ပြန်လည်ဖွင့်လိုက်သည်ကို သူ မြင်တွေ့လိုက်ရ၏။

​ထို့အပြင် ချန်ကျီက သူ့ကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်နေသဖြင့် ဆိုင်ရှင်ထုံတစ်ကိုယ်လုံး စိမ့်ကနဲ ချမ်းစိမ့်သွားသလို ခံစားလိုက်ရတော့သည်။

​"ငါ အခုလေးတင် မန္တန်အသစ်တစ်ခုကို လေ့လာလိုက်တယ်၊ အခုပဲ မင်းကို စမ်းသပ်ကြည့်ဖို့ အတော်ပဲ"

​ဆိုင်ရှင်ထုံက ချန်ကျီကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေမိသည်၊ ချန်ကျီက လူကို နှိပ်စက်ညှဉ်းပန်းမည့် မန္တန်ဆိုးတစ်ခုခုကို လေ့လာလိုက်သည်ဟု သူ ထင်မှတ်နေခြင်း ဖြစ်၏။ "မင်း... မင်း ဘာလုပ်မလို့လဲ"

​"ဘာမှမလုပ်ပါဘူး၊ မင်းရဲ့ ဝိညာဉ်ကို ရှာဖွေကြည့်မလို့ပါပဲ" ချန်ကျီက ပြောပြီးသည်နှင့် ဆိုင်ရှင်ထုံ ပြန်လည်တုံ့ပြန်ရန် အချိန်မရခင်မှာပင် သူ၏ လက်ဝါးကို ဆိုင်ရှင်ထုံ၏ ဦးခေါင်းထိပ်ပေါ်သို့ တိုက်ရိုက် ဖိလိုက်တော့သည်။

​ဆိုင်ရှင်ထုံက ဤဝိညာဉ်ရှာဖွေခြင်းမန္တန်အကြောင်းကို ကောင်းကောင်းသိရှိထားသည်၊ ၎င်းမှာ ရိုးရှင်းသည့် မန္တန်တစ်ခု ဖြစ်သော်လည်း တားမြစ်ထားသည့် မန္တန် တစ်ခု ဖြစ်ရာ ဤမန္တန်ကို ရရှိရန်အတွက် လွန်စွာ ခက်ခဲလှပေသည်။

​ထို့အပြင် ချန်ကျီက ၎င်းကို အခုလေးတင် လေ့လာသိခဲ့ခြင်း ဖြစ်သည်ဟု ပြောလိုက်ခြင်းက သူ့ကို ပို၍ပင် အံ့ဩတုန်လှုပ်သွားစေခဲ့ရ၏။

​၎င်းအပြင် ဝိညာဉ်ရှာဖွေခြင်းမန္တန်၏ စမ်းသပ်ခြင်းကို ခံရသည့်သူက ရူးသွပ်ကာ သတိလွတ်သွားနိုင်ခြေ ရှိကြောင်းကိုလည်း ဆိုင်ရှင်ထုံ သိရှိထားသေးသည်။

​ဆိုင်ရှင်ထုံက အစွမ်းကုန် ငြင်းဆန်တွန်းလှန်ရန် ကြိုးစားလိုက်ပြီး သူ၏ ဝိညာဉ်အာရုံ ဖြင့် ချန်ကျီကို အပြင်းအထန် ခုခံတိုက်ခိုက်လိုက်ရာ သူ၏ မျက်နှာတစ်ခုလုံး ပုံပျက်ရှုံ့တွသွားကာ နာကျင်စွာဖြင့် ရုန်းကန်နေတော့သည်၊ သို့သော်လည်း အရာအားလုံးက အလဟဿပင်။

​ခဏအကြာတွင် ချန်ကျီက ဆိုင်ရှင်ထုံ၏ ဦးခေါင်းထက်မှ သူ၏ လက်ဝါးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မတတ်နိုင်သည့် အမူအရာဖြင့် ခေါင်းခါလိုက်၏။

​"အင်း... မရဘူးပဲ၊ ဒီဆိုင်ရှင်ထုံရဲ့ ကျင့်ကြံခြင်းအဆင့်က နည်းနည်း မြင့်နေတယ်၊ ငါ့ရဲ့ ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၃ ကျင့်ကြံခြင်းနဲ့ ဒီအခြေခံအဆင့် ဝိညာဉ်ရှာဖွေခြင်းမန္တန်လောက်နဲ့တော့ သူ့ရဲ့ ဝိညာဉ်ကို ရှာဖွေလို့ မရနိုင်သေးဘူးပဲ"

​နာကျင်မှုများကြားမှ ပြန်လည်သက်သာလာသည့် ဆိုင်ရှင်ထုံက ချန်ကျီကို ထပ်မံ၍ ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်လိုက်ပြန်သည်။

​ခုနတင် သူ၏ ဝိညာဉ်အာရုံက ချန်ကျီကို အစွမ်းကုန် တိုက်ထုတ်ခဲ့ရသဖြင့် ခံစားလိုက်ရသည့် နာကျင်မှုက စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှပေသည်။

​ထိုသို့သော နာကျင်မှုကို တစ်ကြိမ်မျှ ခံစားဖူးသွားခဲ့ပြီဖြစ်ရာ ၎င်းကို နောက်ထပ်တစ်ကြိမ်ပင် ထပ်မံမခံစားချင်တော့ပါချေ။

​"တောင်းပန်ပါတယ်... ငါ့ကို ဝိညာဉ်ရှာဖွေတာမျိုး ထပ်ပြီးတော့ မလုပ်ပါနဲ့တော့၊ ငါ မင်းကို အရာအားလုံး ပြောပြပါ့မယ်" ဆိုင်ရှင်ထုံ နောက်ဆုံးတွင်တော့ အလျှော့ပေးလိုက်ရချေပြီ။

​"မရဘူး၊ မင်း အခုပြောတာတွေက အမှန်တွေလား အမှားတွေလားဆိုတာ ဘယ်သူသိမှာလဲ၊ မင်းက ငါ့ကို စကားလုံးတွေနဲ့ လိမ်ညာနေရင်တောင် မင်းပြောတဲ့စကားတွေက အမှန်လားဆိုတာ ငါက ခွဲခြားနိုင်မှာ မဟုတ်ဘူး"

​ချန်ကျီက ခေါင်းခါပြလိုက်ပြီးနောက် ကျောက်ယွမ်နှင့် ချန်ဖန်တို့ကို လှမ်းပြောလိုက်၏။ "မင်းတို့နှစ်ယောက် သူ့ကို ကြိုးနဲ့တုတ်ပြီး သေသေချာချာ စောင့်ကြပ်ထားလိုက်ကြ၊ ငါ ခဏလောက် သွားပြီး ကျင့်ကြံလိုက်ဦးမယ်"

​"ဟုတ်ကဲ့ပါ သခင်"

​ချန်ကျီက သူ၏ ထိုင်ခုံနေရာသို့ ပြန်လည်ရောက်ရှိသွားပြီး မျက်လုံးများကို ထပ်မံမှိတ်လိုက်ကာ အသိစိတ်ဖြင့် အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်သွားခဲ့ပြန်သည်၊ သူက အလိုအလျောက်ကျင့်ကြံခြင်းအခန်းထဲက မြေကြီးဒိုင်းကာမန္တန်ကို လဲလှယ်ရယူရန် သွားရောက်ခြင်းပင်။

​ဆိုင်ရှင်ထုံက ချန်ကျီသည် သူ့ကို ဝိညာဉ်ရှာဖွေခြင်းမန္တန် ထပ်မံအသုံးပြုရန် ပြင်ဆင်နေသည်ဟု ကြားသိလိုက်ရသည့်အခါ တစ်ကိုယ်လုံး ပိုမိုပျာယာခတ် တုန်လှုပ်သွားခဲ့ရတော့သည်။

​"ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ ရှိပါတယ်၊ အများကြီး... အများကြီး ရှိတာ အားလုံးကို မင်းတို့ကို ပေးပါ့မယ်၊ ငါ့ကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်"

​"မင်းတို့က သူ့အတွက် အလုပ်လုပ်ပေးနေတာပဲ၊ သူက မင်းတို့ကို ဘာပေးနိုင်မှာမို့လို့လဲ၊ ကျင့်ကြံခြင်းလောကမှာ အရေးအကြီးဆုံးက ကျင့်ကြံခြင်း အရင်းအမြစ်တွေ မဟုတ်ဘူးလား"

​"ငါ မင်းတို့ကို အားလုံး ပေးပါ့မယ်၊ မင်းတို့ ငါ့ကို လွှတ်ပေးနိုင်မယ်ဆိုရင်ပေါ့"

​ဆိုင်ရှင်ထုံက သူ့ကို ချုပ်ကိုင်ထားသည့် ချန်ဖန်နှင့် ကျောက်ယွမ်တို့ကိုပါ စတင်၍ အသနားခံ တောင်းပန်နေတော့သည်။

​သို့သော်လည်း ချန်ဖန်နှင့် ကျောက်ယွမ်တို့ကမူ သူ့ကို အနည်းငယ်မျှပင် ဂရုမစိုက်ကြပါချေ။

​ချန်ဖန်က ထိုအချိန်တွင် ကြိုးတစ်ချောင်းကို ထုတ်ယူကာ ဆိုင်ရှင်ထုံကို စတင်ချည်နှောင်လိုက်တော့သည်။

​ကျောက်ယွမ်ကလည်း မည်သည့်နေရာမှ ရရှိလာသည်မသိသည့် အဝတ်စုတ်တစ်ခုကို ယူဆောင်ကာ ဆိုင်ရှင်ထုံ၏ ပါးစပ်အတွင်းသို့ တိုက်ရိုက် ထိုးသိပ်လိုက်တော့၏။

​၎င်းက ဆိုင်ရှင်ထုံကို ထပ်မံစကားမပြောနိုင်စေတော့ဘဲ "ဝူး... ဝူး..." ဟူသည့် အသံများကိုသာ ထွက်ပေါ်စေနိုင်တော့သည်။

​ဆိုင်ရှင်ထုံ လက်ရှိတွင် တစ်ကိုယ်လုံး မျှော်လင့်ချက်ကင်းမဲ့ခြင်း ကို ပြင်းထန်စွာ ခံစားနေရသည်၊ သူ ကျင့်ကြံခြင်းလောကထဲသို့ စတင်ဝင်ရောက်လာကတည်းက ယနေ့ကဲ့သို့ မျှော်လင့်ချက်မဲ့မှုကို တစ်ကြိမ်တစ်ခါမျှ မခံစားဖူးခဲ့ပါချေ။

​ထိုစဉ်ကာလက ချင်းယွမ် ဂိုဏ်း ထဲသို့ ဝင်ရောက်ခွင့် မရရှိခဲ့သည့် အချိန်တွင်ပင် သူ ဤမျှလောက်အထိ မျှော်လင့်ချက်မမဲ့ခဲ့ဖူးပါချေ။

​ကံကောင်းထောက်မစွာဖြင့် ကျင့်စဉ်ကို ရရှိခဲ့သော်လည်း ကျင့်ကြံခြင်းအရင်းအမြစ် မရှိသည့် အချိန်တွင်လည်း သူ မျှော်လင့်ချက်မမဲ့ခဲ့ဖူးချေ။

​အခြားသူများ၏ အပြင်းအထန် နှိပ်စက်ညှဉ်းပန်းမှုကို ခံရသည့်အချိန်တွင်လည်း သူ မျှော်လင့်ချက်မမဲ့ခဲ့ဖူးပါချေ။

​အသက်ရှင်နေသရွေ့နှင့် သူ့ဘက်က လက်မလျှော့သရွေ့ ကျင့်ကြံခြင်းလမ်းစဉ်တွင် သေချာပေါက် အောင်မြင်မှုရရှိကာ နောက်ဆုံးအဆင့်အထိ လျှောက်လှမ်းနိုင်မည်ဟု သူ ယုံကြည်ထားခဲ့သည်။

​ဤမျှလောက်များပြားလှသည့် နှစ်ကာလများအတွင်း ထိုအနည်းငယ်မျှသော ကျင့်ကြံခြင်းအရင်းအမြစ်များအတွက် သူက နည်းလမ်းမှန်သမျှကို အသုံးပြုခဲ့ဖူးသည်၊ အတူတူကျင့်ကြံခဲ့သည့် မိတ်ဆွေသူငယ်ချင်းများကိုပင် သူ သတ်ဖြတ်ခဲ့ဖူး၏။

​ထို့အပြင် မရိုးသားသည့် နည်းလမ်းများဖြင့် လူအမြောက်အမြားကိုလည်း လုပ်ကြံ ခဲ့ဖူးသည်။

​ထိုသို့ဖြင့်သာ ယခုကဲ့သို့ အဆင့်ဆင့် အခြေအနေတစ်ခုအထိ တက်လှမ်းလာနိုင်ခဲ့ခြင်းပင်။

​ယခုအခါ သူက ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၇ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ သူ့တွင် ဝိညာဉ်ကျောက်တုံးများနှင့် ကျင့်ကြံခြင်းအရင်းအမြစ် အမြောက်အမြား ရှိနေပြီ ဖြစ်သည်။

​၎င်းအပြင် နောက်ထပ် မကြာမီအချိန်အတွင်းမှာပင် သူက အုတ်မြစ်ချခြင်းနယ်ပယ်သို့ တက် နိုင်တော့မည်ဖြစ်ရာ ဤဝမ်နန်မြို့အတွင်း၌ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတော့မည် မဟုတ်ပါလော။

​သူက အနာဂတ် တွင် ကြောက်လန့်တုန်လှုပ်နေရန် မလိုတော့သလို အခြားသူများ၏ မျက်နှာအမူအရာကိုလည်း ကြည့်နေရန် မလိုတော့ပါချေ။

​သို့သော် ယခုအခါတွင်မူ အရာအားလုံးက ရေပွက်ပမာ ပျက်စီး ပျောက်ကွယ်သွားရတော့မည် ဖြစ်ရာ သူက ယခုတစ်ကြိမ်တွင်တော့ တစ်ခါမျှ မခံစားဖူးသည့် မျှော်လင့်ချက်မဲ့ခြင်းကို အစစ်အမှန် ခံစားလိုက်ရတော့သည်။

​သူ သေအံဆဲဆဲအထိ နားမလည်နိုင်သည်မှာ ချန်ကျီ ဟူသည့် ဤလူက အရက်သမားဘဝကနေ ယနေ့ကဲ့သို့ အခြေအနေမျိုးဆီသို့ ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားရသလဲ ဟူသည်ပင်။

​သို့သော်လည်း ယခုအချိန်တွင်တော့ အရာအားလုံးက နောက်ကျသွားခဲ့ပြီဖြစ်ရာ နောင်တရနေသော်လည်း အချိန်မမှီနိုင်တော့ပါချေ။

All Chapters