← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း(222)

အနောက်ဘက်ရှိ လူအုပ်ထဲမှ အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာခဲ့သည်။

“ဖက်တီးမကြီး၊ ခင်ဗျားက ဝယ်မှာလား မဝယ်ဘူးလား၊ မဝယ်ဘူးဆိုရင်လည်း ဖယ်ပေးလေ၊ ငါတို့ရဲ့လမ်းကို ပိတ်မနေနဲ့!”

ထိုအလွန်ဝသော သက်လတ်ပိုင်း အမျိုးသမီးက အနောက်သို့လှည့်ကြည့်လိုက်ပြီး စကားပြောသူကို ရှာဖွေနေသကဲ့သို ပြင်းထန်စွာ စိုက်ကြည့်လိုက်လေ၏။

သူမ၏ ညိုမဲနေသော မျက်နှာတွင် မျက်အိတ်များက ဖောင်းကြွနေပြီး ပြူးကျယ်နေသော မျက်လုံးများက အနည်းငယ် ကြောက်စရာကောင်းနေသည်။

အော်ဟစ်လိုက်သော အမျိုးသားမှာ ချက်ချင်းပင် တွန့်ဆုတ်သွားပြီး လူအုပ်၏ အနောက်တွင် ပုန်းအောင်းသွားခဲ့လေ၏။

သက်လတ်ပိုင်း အမျိုးသမီးက သူမ၏ ညစ်ပတ်နေသော လက်မည်းကြီးကို ဆန့်ထုတ်၍ ဆန်တစ်ဆုပ်ကို ယူကာ စစ်ဆေးလိုက်ပြန်သည်။

သူမ၏ လက်ကို ဆန့်ထုတ်လိုက်သည်နှင့် အမည်းနှင့် အဖြူက အလွန်ပင် သိသာသော ကွာခြားချက်တစ်ခု ဖြစ်သွားတော့၏။

သူမက သူမ၏ ညစ်ပတ်နေသော ဝတ်ရုံပေါ်တွင် လက်ကို ပွတ်တိုက်လိုက်သော်လည်း သန့်ရှင်းမသွားခဲ့ပေ။

သူမ၏ လက်သည်းများကြားထဲတွင် အမည်းရောင် အညစ်အကြေးများက ရှိနေဆဲပင် ဖြစ်သည်။

သူမ၏ အသံက အက်ကွဲနေပြီး တွေဝေစွာဖြင့် မေးလိုက်လေ၏။

“ဒီဆန်နဲ့ ဂျုံမှုန့်တွေကို ဘယ်လောက်နဲ့ ရောင်းတာလဲ”

ဤနေရာသို့ မလာခင်တွင် ယင်ရိလျိုက ပင်လယ်ဝါရှိ ဈေးနှုန်းများ အကြောင်းကို ဖန့်ကျိုးထံတွင် မေးမြန်းခဲ့သည်။

ဆန်နှင့် ဂျုံမှုန့်များက ဤနေရာရှိ လူများအတွက် ရှားပါးကုန်စည်များပင် ဖြစ်၏။

ဤပစ္စည်းတို့ကို သယ်ယူပို့ဆောင်နိုင်သော ကုန်သည်အဖွဲ့များက သယ်ယူပို့ဆောင်ရေးစရိတ်ကို (၆၀) ရာခိုင်နှုန်းခန့် အပိုဆောင်းကို ကောက်ခံလေ့ရှိကြသည်။

ထို့ကြောင့် လူအများအပြားကို လက်တွန့်သွားစေသော အဆမတန်သည့် အမြတ်အစွန်းများကို ရရှိကြလေ၏။

သူမ၏ နေရာလွတ်ထဲတွင် ဤပစ္စည်းများစွာ ရှိနေသော်လည်း ထုတ်ပြရန်မဖြစ်နိုင်ပေ။

အကယ်၍ သူမသာ ဈေးနှုန်းများကို မဆင်မခြင်ဖြင့် လျှော့ချလိုက်ပါက တခြားသူများ၏ အာရုံစိုက်မှုကို ခံရမည်ဖြစ်ပြီး သံသယဝင်စရာလည်း ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် သူမက လည်ချောင်းကို ရှင်းလိုက်ပြီး လက်ကို ခါးထောက်၍ အရှေ့ဆုံးမှနေ၍ ကျယ်လောင်စွာ ကြေညာလိုက်လေ၏။

“ကျွန်မတို့က ကုန်းတွင်းပိုင်းက လာတဲ့ ကုန်သည်အဖွဲ့ပါ၊ ဆန်တွေကို သယ်လာခဲ့တယ်”

“ကျွန်မတို့က ပစ္စည်းတွေ အများကြီးကို ပို့ဆောင်ပေးနေတာဆိုတော့ အမြတ်အစွန်း အရမ်းအရေးမကြီးပါဘူး၊

ဒါပေမဲ့ ခရီးက ရှည်လျားလွန်းသလို ကျွန်မတို့လည်း ပင်လယ်စာကို မစားရတာ ကြာပြီ၊

ဒါကြောင့် အခုပေါက်ဈေးအတိုင်းပဲ လဲလှယ်ပေးပါ့မယ်၊ သယ်ယူပို့ဆောင်ရေးခအတွက်ကတော့ လတ်ဆတ်တဲ့ ပင်လယ်စာတွေနဲ့ လဲလို့ရပါတယ်”

သူမ စကားပြောပြီးနောက်တွင် ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။

ကုန်သည်ဟူသည်က အမြတ်ကိုသာ ကြည့်တတ်ကြသူများ ဖြစ်၏။

အထူးသဖြင့် ကမ္ဘာပျက်ပြီးနောက်ပိုင်းကာလတွင် မသမာသော ကုန်သည်များက ရိက္ခာနှင့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းကို နှစ်ဆခန့်ပင် တင်ရောင်းလေ့ ရှိကြသည်။

ဤကဲ့သို့သော ရိုးသားသော ကုန်သည်မျိုးကို ပေထင်တွင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သောကြောင့် သူတို့ ခေတ္တမျှ တုန့်ဆိုင်း သွားကြရလေသည်။

ဤကဲ့သို့ ကောင်းမွန်သော အရာ

က အမှန်တကယ်ပဲ ဟုတ်နိုင်မည်လားဟု သူတို့က တွေးနေကြ၏။

လူတချို့က ယင်ရိလျိုကို အကဲခတ်ကြည့်လိုက်လျှင် သူမက အလုပ်ကြမ်းကို မလုပ်ဖူးသော အလိုလိုက်ခံထားရသည့် အမျိုးသမီးငယ်လေးတစ်ဦးနှင့် တူနေကြောင်းတွေ့လိုက်ရသည်။

အဖွဲ့ထဲရှိ အရပ်ရှည်ပြီး ချောမောသော အမျိုးသားက ပို၍ ရင့်ကျက်တည်ငြိမ်ကာ သူဌေးနှင့် ပိုတူသည်ဟု သူတို့ထင်မြင်ကြ၏။

လူအုပ်ထဲမှ သက်လတ်ပိုင်း အမျိုးသမီးကို အော်ဟစ်ခဲ့သော ထိုအမျိုးသားက နောက်တစ်ကြိမ် ပြန်အော်လိုက်လေသည်။

“မိန်းကလေး၊ အောက်ကို ဆင်းလာခဲ့စမ်းပါ၊ မင်းရဲ့ သူဌေးကိုပဲ ထွက်လာခိုင်းလိုက်”

ယင်ရိလျိုတစ်ယောက် ဒေါသထွက်လွန်းသောကြောင့် ပါးလေးနှစ်ဖက်ကို ဖောင်းကားသွားရ၏။

ဒီလူက ဘာလို့ ဒီလောက်တောင် နားငြီးရတာလဲ။

သူမက သူမ၏ ဘေးတွင် အသာပြုံးနေသော ကျင်းယန်ကို လှမ်းကြည့်လိုက်ပြီး ချက်ချင်းပင် အသံမြှင့်၍ ပြောလိုက်လေ၏။

“ယုံချင်ယုံရင် မယုံချင်ရင်နေ၊ သူဌေးက ငါပဲ၊ ပြောစမ်းပါ..ကျွန်မက ရှင့်ရဲ့ သူဌေးလား”

ကျင်းယန်က ယင်ရိလျို ဒေါသတကြီးဖြင့် ဆွဲထားသော သူ၏ အင်္ကျီလက်ကို ကြည့်လိုက်ပြီး ချက်ချင်းပင် အပြုံးကို ရပ်တန့်၍ အလိုက်သင့် ဟန်ဆောင်လိုက်လေ၏။

“ကောင်းပါပြီ၊ သူဌေးလေး”

သူ၏ နက်ရှိုင်းပြီး ကျီစယ်လိုသော အသံကြောင့် ယင်ရိလျို၏ မျက်နှာက နီရဲသွားရသည်။

သူဌေးဆိုရင်လည်း သူဌေးပေါ့။ ဘာလို့ သူဌေးလေးလို့ ခေါ်တာလဲ။ အသံကလည်း ဘာလို့ တစ်မျိုးကြီး ဖြစ်နေရတာလဲ။

ကုန်သည်အဖွဲ့ထဲမှ လူတိုင်းက ထိုမိန်းကလေးက သူဌေးဖြစ်ကြောင်း သိလိုက်ကြချိန်တွင် တန်းစီနေသော လူများက သူတို့၏ အိမ်တန်းလျားများဆီသို့ ပြေးသွားကြပြီး လှန်းထားသော ပင်လယ်စာများနှင့် တခြားသော ပစ္စည်းမျိုးစုံကို ထုတ်ယူလာကြလေသည်။

သူတို့က ပင်လယ်ဝါ၏ ဘေးတွင် နေထိုင်ကြသူများဖြစ်

သောကြောင့် ပင်လယ်စာအနည်းငယ်က သူတို့အတွက် မအရေးမကြီးပေ။

သို့သော် ဤပစ္စည်းဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်ကို ပေးချေနိုင်သောကြောင့် ဆန်နှင့် ခေါက်ဆွဲဈေးနှုန်းက ထက်ဝက်ခန့်ပင် လျော့ကျသွားခဲ့လေသည်။

သူတို့သာ စိတ်ဆုံးဖြတ်လိုက်ပါက တချို့ကို ဝယ်ယူ၍ မြည်းစမ်းကြည့်နိုင်၏။

ယင်ရိလျိုတို့၏ လှည်းက လူအုပ်ကြီးဖြင့် ဝိုင်းရံခြင်းကို ခံလိုက်ရတော့သည်။

သို့သော် သူမက အော်ဟစ်ကာ ရောင်းချရန်အတွက်သာ တာဝန်ရှိပြီး ပစ္စည်းများကိုထုတ်ပေးရန်အတွက် တာဝန်မရှိပေ။

လူများက ပို၍ များလာသည်ကို မြင်သည့်အချိန်တွင် သူမက တိတ်တဆိတ် အနောက်သို့ အနည်းငယ် ဆုတ်လိုက်လေသည်။

ဆန်ကို ဝယ်ယူပြီးသွားသော တချို့သူများက သူတို့၏ အဖိုးတန်သော ခွက်များကို လက်ထဲတွင် ကိုင်ထားကြပြီး အေးစက်သော လေများဖြင့် လွင့်ပါသွားမည်ကို စိုးရိမ်သကဲ့သို လက်ဖဝါးဖြင့် အုပ်ထားကြ၏။

သူတို့အနေဖြင့် အိမ်သို့ ပြန်ရောက်လျှင် မွှေးကြိုင်သော ထမင်းဖြူတစ်ခွက်ကို ချက်စားရန်အတွက် စိတ်ကူးကာ လေချွန်ရင်း ပြန်သွားကြသည်။

ရုတ်တရက်ပင် မြင်းသားရေစကတ်ကို ဝတ်ထားသော လှပသည့် မိန်းကလေးတစ်ဦးက အပြုံးတစ်ခုနှင့် သူ၏လမ်းကို ပိတ်လိုက်လေ၏။

ထိုပိန်လှီနေသော အမျိုးသားမှာ လန့်သွားရပြီး အနည်းငယလောက်လည်း ထိတ်လန့်သွားရသည်။

သူက အနောက်ဘက်မှနေ၍ နှစ်ကြိမ်တိုင်တိုင် အော်ဟစ်ခဲ့သူ ဖြစ်၏။

ဒီသူဌေးလေးက စာရင်းလာရှင်းတာလား။

ယင်ရိလျိုက အော်ဟစ်နေသည့်လူကို မသိပေ။

သူမက ဤအခွင့်အရေးကို အသုံးချ၍ သုခဘုံဂိုဏ်း အကြောင်းကို စုံစမ်းလိုရုံသာ ဖြစ်၏။

“ဦးလေး၊ ကျွန်မ ဒီလမ်းအကြောင်းကို တစ်ခုလောက် မေးချင်လို့”

“ဒီဘက်ကနေရာတိုင်းမှာ ဗုဒ္ဓရုပ်ပွားတော်တွေကို နေရာချထားတာကို တွေ့ရတယ်၊ ဒါက ဘယ်လို ဗုဒ္ဓမျိုးလဲ၊ ကျွန်မက တစ်ခါမှ မမြင်ဖူးဘူး၊ ဒါက ဒီက ဓလေ့အသစ်လား”

ထိုအမျိုးသားက စိတ်သက်သာရာရသွားပြီး မည်သည့်အရာကိုမျှ သံသယ မဝင်တော့ပေ။

ယင်ရိလျိုက ဤနေရာသို့ တစ်ခေါက်မျှ မရောက်ဖူးသော်လည်း ပေထင်သို့ ကုန်သည်အဖွဲ့များစွာက နေ့စဉ်ဖြတ်သန်းသွားလာနေကြသောကြောင့် ဒေသခံများအနေဖြင့် မည်သူလာသည်၊ မည်သူသွားသည်ကို မည်သူကမျှ မမှတ်မိနိုင်ကြပေ။

ယင်ရိလျိုက နယ်လှည့်ကုန်သည်တစ်ဦးဖြစ်သောကြောင့် ဤဒေသ အကြောင်းကို ကောင်းကောင်းမသိဟုသာ ထင်မှတ်၍ ပြောပြခဲ့တော့၏။

“ဒါကို မသိဘူးလား၊ ဒါက ဒီမှာ အသစ်ပေါ်လာတဲ့ သုခဘုံဂိုဏ်းလေ၊

ယုံကြည်တဲ့သူတွေလည်း အများကြီးပဲ၊ သူတို့က အတော်လေးကို ဆန်းဆန်းပြားပြားတွေကို ပြောတာ၊

မင်း မြင်ရတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေက အဲဒီဂိုဏ်းက လူတွေက လုပ်ထားတာလေ၊သူတို့က ပြောတာကတော့ စိတ်ရင်းမှန်ရင် သုခဘုံဗုဒ္ဓက မင်းကို ကောင်းကင်ဘုံ ဒါမှမဟုတ် မြေအောက်ကမ္ဘာဆီကို ခေါ်သွားလိမ့်မယ်တဲ့”

ယင်ရိလျိုက စိတ်ဝင်စားနေပုံရသည်ကို မြင်သောအချိန်တွင် သူက အသံကို နှိမ့်လိုက်ပြီး ပြောလေသည်။

“ကျွန်တော်နေတဲ့အိမ်ရဲ့ ဘေးက အဖွားကြီးတွေဆိုရင် ရူးတောင် ရူးနေကြပြီ၊

သူတို့က ဒီဂိုဏ်းကို ယုံပြီးတော့ အမြဲတမ်း ဆုတောင်းနေကြတာ၊ ဘာလဲ.. မိန်းကလေးကလည်း ဒီဂိုဏ်းကို စိတ်ဝင်စားလို့ ဝင်ချင်လို့လား”

ယင်ရိလျိုက ရည်ရွယ်ချက်ရှိရှိဖြင့် ပြောလိုက်လေ၏။

“ဒီလောက်တောင် အစွမ်းထက်တဲ့ ဂိုဏ်းကို ဘယ်သူကများ မဝင်ချင်ဘဲ နေမလဲ၊ တကယ်လို့ ကောင်းကင်ဘုံနဲ့ မြေအောက်ကမ္ဘာသာ ရှိမယ်ဆိုရင် ဒီကမ္ဘာပျက်ကပ်နဲ့ အပြင်က သန္ဓေပြောင်းသတ္တဝါတွေဆီကနေ လွတ်မြောက်ပြီးတော့ ဝဝလင်လင် စားသောက် နေထိုင်ရတာက ပိုပြီးတော့ မကောင်းဘူးလား”

ထိုအမျိုးသားက ယင်ရိလျိုကို အကဲခတ်ကြည့်ပြီးနောက် ခေါင်း ခါလိုက်လေသည်။

“မင်းလို မိန်းကလေးက အခုလိုကုန်သည်အဖွဲ့ကြီးတောင် ပိုင်ဆိုင်နေတာကို ဘာလို့ နတ်ဗြဟ္မာတွေ၊

ဗုဒ္ဓတွေကို အကာအကွယ် တောင်းနေရတာလဲ၊ ရူးနေတာပဲ!

ငါကတော့ ဘာရည်မှန်းချက်မှ မရှိသလို နတ်ဗြဟ္မာတွေကိုလည်း မယုံဘူး၊ နောင်ဘဝမှာ ကောင်းစားဖို့ကိုလည်း မမျှော်လင့်ဘူး၊ ဒီဘဝမှာ ဒီအတိုင်း အဆင်ပြေပြေ နဲ့ ဖြတ်သန်းသွားရရင်ပဲ ကျေနပ်ပါပြီ၊

ငါသာ မင်းလို ကုန်သည်အဖွဲ့ကြီးနဲ့ ရိက္ခာတွကို အများကြီးသာရှိရင် ဒီသရဲဂိုဏ်းကို ယုံမှာ မဟုတ်ဘူး”

သူက သူ၏ လက်ထဲမှ ခွက်ကို မြှောက်ပြလိုက်လေ၏။ သူ၏ ပိန်လှီနေသော မျက်နှာက ပြုံးလိုက်သည့်အချိန်တွင် အနည်းငယ် ကောက်ကျစ်ပုံရသော်လည်း စိတ်အနှောင့်အယှက်ကို မဖြစ်စေဘဲ လွတ်လပ်ပေါ့ပါးသော အငွေ့အသက်မျိုး ရှိနေ၏။

ယင်ရိလျို အလွန်ပင် အံ့အားသင့်သွားရသည်။

ထိုအမျိုးသားက သီချင်းတညည်းညည်းဖြင့် ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ့အပေါ်တွင် နားလည်မှုက နောက်တစ်ကြိမ် ပြန်လည်၍ ဆန်းသစ်သွားရသည်။

သူမအနေဖြင့် ဆင့်ကဲပြောင်းလဲနိုင်စွမ်းမရှိဘဲ ကမ္ဘာပျက်ကပ်တွင် ရှင်သန်ရန်အတွက်ကို ရုန်းကန်နေရသော ဤသာမန်လူများကို အမြဲတစေ သနားစရာဟု ထင်မှတ်ခဲ့ပြီး ကိုယ်ချင်းစာစိတ်လည်း ရှိခဲ့၏။

သို့သော် သူမ အပြင်သို့ ထွက်၍ လောကကြီးကို ကြည့်ရှုသောအချိန်မှ သူမ၏ အမြင်က ကျဉ်းမြောင်းနေခြင်းသာဖြစ်ကြောင်းကို သိရှိသွားရသည်။

သူတို့က အမှန်တကယ်ပင် ရုန်းကန်နေရပြီး ငတ်မွတ်၍ ဆိုးရွားသော ဘဝတွင် နေထိုင်နေကြရသော်လည်း လူတိုင်းက သူ့တို့ကိုယ်သူတို့ သနားနေပြီး အဆိုးမြင်နေကြသူများ မဟုတ်ပေ။

ဒုက္ခများကြားတွင် ပျော်ရွှင်မှုကို ရှာဖွေတတ်သော လူများလည်း ရှိကြပြီး သူတို့က သူမထက်ပင် ပိုမို၍ လွတ်လပ်စွာ ရှင်သန်နေကြသည်။

ထိုခဏ၌ သူမ၏ စိတ်ထဲတွင် အနည်းငယ် ကြည်လင်သွားရပြီး သူမ၏ ခါးတွင် ချိတ်ထားသော ချီထူကို မသိစိတ်ဖြင့် ထိကိုင်မိသွား

၏။

ဤခရီးစဉ်က အချည်းနှီးတော့ မဟုတ်ခဲ့ပေ။

သူတို့က ကုန်ပစ္စည်းများကို အရောင်းအဝယ်ကို လုပ်နေသော လူများထံမှ သုခဘုံဂိုဏ်း၏ သာသနာပြုများ၏ လှုပ်ရှားရာ နေရာများ၊ ဂိုဏ်းဝင်ရန် လိုအပ်ချက်များနှင့် သုခဘုံဂိုဏ်း၏ လက်ရှိ လူသစ်စုဆောင်းမှု စံနှုန်းများ၏ အကြောင်းကို သိရှိခဲ့ကြရ၏။

ဂိုဏ်းဝင်ရန်မှာ အတော်လေး ရိုးရှင်းသည်။

အဓိကအားဖြင့် သာသနာပြုများထံသို့ သွားရောက်ကာ ဗုဒ္ဓတရားတော်များကို လေ့လာခြင်း၊ သုခဘုံဗုဒ္ဓကို စိတ်ရင်းမှန်ဖြင့် ကိုးကွယ်ခြင်းနှင့် အစားအစာနှင့် ပစ္စည်းများကို ယဇ်ပူဇော်ခြင်းတို့ပင် ဖြစ်၏။

ယင်ရိလျိုက ဤစည်းကမ်းများကို သုခဘုံဂိုဏ်းမှ စုဆောင်းထားသော သာသနာပြုများက ဖန်တီးထားခြင်းသာဖြစ်မည်ဟု ခန့်မှန်းလိုက်လေသည်။

*

All Chapters