← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း(224)

ချန်းကျဲအနေဖြင့် ဤမျှလောက်အထိ တစ်ခါမျှ အရှက်မကွဲဖူးပေ။

အဖွားမာက မျက်လုံးများ နီရဲနေခဲ့ကာ လက်ထဲမှ တံမြက်စည်းဖြင့် ရိုက်နှက်ပြီး သူမအားအခန်းကျဉ်းထဲမှ မောင်းထုတ်ခဲ့သည်။

ဆီဖြင့် သေချာစွာ ဖိကပ်ထားသော သူမ၏ ဆံပင်များကလည်း ရှုပ်ပွသွားရလေသည်။

သူမက နာကျည်းမှုနှင့် ဒေါသများဖြင့် ပြည့်နှက်နေပြီး ဤလူများကို သင်ခန်းစာပေးရန်အတွက် တစ်စုံတစ်ဦးကို ခေါ်ချင်ခဲ့ချိန်တွင်ပင် သူမ၏အရှေ့ရှိ အဖွားမာက သေလုမျောပါး ချောင်းဆိုးလာခဲ့လေ၏။

သူမက ခေတ္တမျှ တုန့်ဆိုင်းသွားရပြီး နောက်သို့လှည့်ကြည့်လိုက်လျှင် အိမ်တန်းလျားရှိ တခြားလူတိုင်းက သူမ အရှက်ကွဲနေသည်ကို တိတ်တဆိတ် ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

သူမ ဒေါသတကြီးဖြင့် လှောင်ပြောင်လိုက်လေသည်။

“ကောင်းပြီလေ၊ ရှင်တို့တွေက အရမ်းကို သိက္ခာရှိနေကြတာပေါ့၊ အဖွားကြီး.. ရှင် သေပြီးရင်တော့ ရှင့်ရဲ့မြေးမလေးက ဘယ်လိုဆက်ပြီးတော့ရှင်မလဲဆိုတာကို ကြည့်ချင်သေးတယ်!”

ထိုအချိန်မှစ၍ ရှောင်ချန်း ထိုးထားသော ချည်စောင်များကို မည်သူကမျှ မဝယ်ရဲကြတော့ပေ။

နျို့နျို့မှ အညိုရောင်ဂျုံမုန့်များ သွားဝယ်သောအချိန်တွင်လည်း ဆိုင်ရှင်က ဈေးလျှော့၍ မပေးရဲတော့ပေ။

သူတို့နှစ်ယောက်မှာ အိမ်နီးနားချင်း အဆောက်အဦးများ အနီးရှိ လူမိုက်များ၏ နှောင့်ယှက်ခြင်းကိုလည်း မကြာခဏ ခံရလေ့ရှိ၏။

ဤအရာအားလုံးက ချန်းကျဲ၏ လက်ချက်ဖြစ်ကြောင်းကို သူတို့ သိကြလေသည်။

သူမ စကားတစ်ခွန်းကို ပြောလိုက်သည်နှင့် မည်သူကမျှ သူတို့ကို မကူညီရဲကြတော့ပေ။

ထိုဒေါသထွက်ခဲ့သော နေ့မှစ၍ အဖွားမာ၏ ကျန်းမာရေးကလည်း ပိုမို၍ ဆိုးရွားလာခဲ့သည်။

သူမက ခုတင်ပေါ်တွင် နေ့တိုင်းလဲလျောင်းနေခဲ့ရကာ သူမ၏မြေးမလေးနှင့် ရှောင်ချန်းတို့ အနိုင်ကျင့်ခံနေရသည်ကို ကြည့်ရင်း နာကျည်းမှုနှင့် အားကိုးရာမဲ့မှုများကြောင့် မျက်ရည်များ စီးကျနေခဲ့ရ၏။

သူမ သေဆုံးပြီးနောက်တွင် အားကိုးရာမဲ့၍ ကျန်ရစ်ခဲ့ရမည့် ထိုမိန်းကလေးငယ်နှစ်ဦး၏ ကံကြမ္မာကို သူမ ကြိုတင်၍ မြင်ယောင်နေခဲ့မိသည်။

ရှောင်ချန်းက စောင်ရောင်း၍ ရရှိသောငွေဖြင့် အဖွားမာအတွက်ကို ဆန်တချို့ဝယ်ခဲ့၏။

သူမက အလွန် ကျဲသော ဆန်ပြုတ်ကို ချက်ပြီးတိုက်ကျွေးခဲ့လေသည်။

အဖွားမာက လက်ကိုယမ်းပြရင်း ပြောလေသည်။

“အစားအစာတွေကို မဖြုန်းပါနဲ့၊ ဒီလို အသုံးမကျတဲ့ ခန္ဓာကိုယ်ကြီးရဲ့အတွက် အစားအသောက်ပေးတာက နှမြောစရာပဲ၊ မင်းတို့လို မိန်းကလေးတွေပဲ စားကြပါ”

သူမက အမြဲတစေ ငိုနေခဲ့သော သူမ၏ မြေးမလေးကို ခက်ခဲစွာ ကြည့်လိုက်ပြီး သူမ၏ စိတ်နှလုံးကလည်း မျှော်လင့်ချက် ကင်းမဲ့ခြင်းများဖြင့် ပြည့်နှက်သွားရသည်။

သူမ မသေချင်သေးသကဲ့သို့ ဤကဲ့သို့ လူသားချင်း စားသုံးနေသော ကမ္ဘာကြီးထဲတွင် သူမ၏ မြေးမလေးကို တစ်ယောက်တည်း မထားခဲ့ချင်ပေ။

အဖွားမာ၏ အတွေးကို သိနေသကဲ့သို့ ရှောင်ချန်းက ချက်ချင်းပင် နှစ်သိမ့်လိုက်လေသည်။

“အဘွား စိတ်မပူပါနဲ့၊ နျို့နျို့က ကျွန်မရဲ့ ညီမအရင်းလိုပါပဲ၊ နောက်ပိုင်းကျရင် သူ ငတ်ပြီးမနေစေရပါဘူး”

အဖွားမာက တိတ်တဆိတ်သာ ငိုကြွေးနိုင်လေတော့၏။

အားနည်းသော အမျိုးသမီးနှစ်ဦးက ထိုယုတ်မာသော မိန်းမကို မည်သို့ ခုခံနိုင်ပါမည်နည်း။

ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ သူမ၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်လေး တစ်ခုက လင်းလက်သွားလေသည်။

သူမ၏ ခြောက်သွေ့နေသော လက်များဖြင့် ရှောင်ချန်းနှင့် နျို့နျို့တို့၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

“ကလေးတို့၊ သွားကြ၊ သွားပြီးတော့ သုခဘုံဗုဒ္ဓကို ဝတ်ပြုလိုက်ကြတော့၊ သီလရှင်ဝတ်တာက အဲဒီလူတွေရဲ့ အနိုင်ကျင့်တာကို ခံရတာထက်တော့ ပိုကောင်းပါတယ်၊

သုခဘုံဗုဒ္ဓက တကယ့်ကို ဆုတောင်းပြည့်တယ်လို့ ငါကြားဖူးတယ်”

လဝက်ကျော် ကြာပြီးနောက်တွင် ချန်းကျဲက အိမ်တန်းလျား၏ အောက်ထပ်သို့ နောက်တစ်ကြိမ် ပြန်ရောက်လာပြန်၏။

အဖွားမာက သေလုနီးပါးဖြစ်နေပြီဟု သူမက ကြားသိထားသည်။ ထို့ကြောင့် သူတို့အရှက်ကွဲသည်ကို ကြည့်ရန်အတွက် အထူးတလည် လာခဲ့ခြင်းပင် ဖြစ်သည်။

ထိုအဖွားကြီးက အသက်ရှင်နေသရွေ့ ပတ်ဝန်းကျင်က လူများကြောင့် သူမ မည်သည့်အရာကိုမှမလုပ်နိုင်ခဲ့ပေ။

သူမ မျက်စိမှိတ်၍ သေဆုံးသွားသည်နှင့် ထိုမိန်းကလေး နှစ်ယောက်က သူမ၏ လက်ခုပ်ထဲက ရေ ဖြစ်လာပေလိမ့်မည်။

သူတို့က သူမ၏လက်ထဲသို့ ရောက်လာသည်နှင့် သူမဘက်မှလည်း သူတို့ကို ကောင်းကောင်း သင်ခန်းစာ ပေးတော့မည်။

ချန်းကျဲ ထိုအချက်ကို တွေးမိရုံဖြင့်ပင် ကျေနပ်သွားရ၏။

သို့သော် သူမက ရောက်ရှိလာသည့်အချိန်တွင် အဖွားမာ၏အိမ်တွင် ဟင်းချက်နေသည်ကို တွေ့လိုက်ရသည်။

မည်သည့်အရာကိုမှ မသိသူတစ်ဦးအတွက်ဆိုလျှင် သူတို့က ချမ်းသာသွားပြီး ပွဲတော်တစ်ခုကို ကျင်းပနေသည်ဟုပင် ထင်မှတ်ပေလိမ့်မည်။

ထိုအချိန်တွင် ချန်းကျဲထံမှတားဆီး၍မေးမြန်းခြင်းကို ခံရသော အမျိုးသားတစ်ယောက်က သူမကိုကြည့်ကာ ခပ်တိုးတိုး ရယ်မော၍ ပြောလိုက်လေ၏။

“ဘယ်သူသိမှာလဲ၊ သူတို့တွေ တကယ်ပဲ ချမ်းသာသွားတာလည်း ဖြစ်နိုင်တာပဲ”

ချန်းကျဲ မည်သည့်စကားကိုမှ မပြောရသေးခင်မှာပင် သူက သူ၏အိမ်ထဲသို့ ပြေးဝင်သွားလေပြီး။

အထဲမှ အမျိုးသမီးကတော့ တစ်ချိန်လုံး စိုးရိမ်တကြီးဖြင့် စောင့်နေခဲ့ပြီး သူက ပြန်လာသည်ကို မြင်ချိန်တွင် သူ၏ နားရွက်ကို ပြင်းထန်စွာ ဆွဲလိမ်၍ ခပ်တိုးတိုး မေးလိုက်လေ၏။

“ရှင် သူ့ကို ဘာတွေသွားပြောနေတာလဲ”

“အား.. လျှော့ပေးပါဦး၊ လျှော့ပါဦး၊ ငါလည်းမနေနိုင်လို့ပါ၊ သူက အဖွားမာတို့ရဲ့ မိသားစုကို ဒုက္ခပေးဖို့အတွက်ကို တစ်ခေါက် ပြန်လာတာလေ၊

ရှောင်ချန်းနဲ့ အဖွားမာရဲ့ မြေးမလေးတို့က သုခဘုံဂိုဏ်းမှာ သီလရှင်ဝတ်တော့မယ်ဆိုတာကို သူ မသိသေးတဲ့ပုံပဲ”

ထိုအမျိုးသမီးက အဝေးသို့ ထွက်ခွာသွားသော ချန်းကျဲ၏ ကျောပြင်ကို ကြည့်ပြီး တံတွေးထွေး၍ ပြောလိုက်လေ၏။

“သီလရှင်ဝတ်တာက သူ့လက်ထဲမှာ ပျက်စီးရတာထက်တော့ အများကြီး သာပါသေးတယ်!”

အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ်သို့ အတင်းအကျပ် ခိုင်းစေခြင်း သို့မဟုတ် သူဌေးများထံသို့ ချဉ်းကပ်ရန်အတွက် ဖျောင်းဖျခြင်းတို့က လူတစ်ဦး၏ ဘဝကို ဖျက်ဆီးပစ်သော လုပ်ရပ်များပင် ဖြစ်သည်။

အတိတ်ကာလကဆိုလျှင် ထိုသို့သော လုပ်ရပ်များကို ပစ်တင်ရှုတ်ချကြလိမ့်မည် ဖြစ်၏။

သို့သော် ယခုအချိန်တွင် သူတို့က ထိုသို့ မလုပ်ရဲကြဘဲ ကွယ်ရာတွင်သာ ကျိန်ဆဲနိုင်ပြီး ထိုသနားစရာကောင်းသော မိန်းကလေးနှစ်ဦးကို ကိုယ်ချင်းစာသနားရုံသာ တတ်နိုင်ကြတော့သည်။

အဖွားမာက သူမ မသေဆုံးမီတွင် သူမက စုဆောင်းထားသမျှသော ငွေအနည်းငယ်ကို ရှောင်ချန်းကို ပေးအပ်ခဲ့၏။

မိန်းကလေးနှစ်ဦးမှ ကောင်းမွန်သော အစားအစာတစ်နပ်ကို စားနိုင်ရန်အတွက် အစားအစာကောင်းတချို့ကို ဝယ်ယူခိုင်းခဲ့သည်။

သူမက သေလုမျောပါးဖြစ်နေသော်လည်း အိုးထဲမှ ငါးနှင့် အသားဟင်း၏ မွှေးကြိုင်သော အနံ့ကို ရလိုက်သောအချိန်တွင် သူမ၏ အရိုးပေါ် အရေတင်နေသော လည်ချောင်းထဲမှ တံတွေးမြိုသံတို့ ထွက်ပေါ်လာခဲ့၏။

သူမ လှုပ်ရှားလိုက်လျှင် သူမ၏ သစ်ပင်အိုကြီးကဲ့သို့သော အရေပြားများက တွန့်လိမ်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။

“အရမ်းကို ကောင်းတာပဲ”

သူမအနေဖြင့် ကမ္ဘာမပျက်ခင်က သူမ၏ သားနှင့် ချွေးမတို့နှင့်အတူ ညစာ စားခဲ့သည်ကို သတိရသွားခဲ့သည်။

တစ်မိသားစုလုံးက ငါးစားရသည်ကို နှစ်သက်ကြပြီး သူမ၏ သားနှင့် ချွေးမတို့ကလည်း သိတတ်လိမ္မာကြ၏။

သူတို့က ထိုအဖိုးတန်တူနာငါးအမျိုးအစားကို အမြဲတမ်း ဝယ်ယူလေ့ရှိပြီး အဖွားကြီးဖြစ်သော သူမကို ငါး၏ ဝမ်းဗိုက်သားကို အမြဲတစေ ပေးလေ့ရှိကြသည်။

သို့သော် ယခုအချိန်တွင် ငါးနှင့် အသားပါသော အစားအစာတစ်နပ်ကပင် သူမ၏ ချစ်လှစွာသော မြေးမလေးအတွက်ပင် အလွန်ခမ်းနားသောစည်းစိမ်တစ်ခုအဖြစ်သာ ရှိနေခဲ့လေ၏။

နျို့နျို့၏ မျက်ရည်များက တစ်စက်ချင်း စီးကျလာခဲ့သည်။

သူမက သူမ၏ မျက်ရည်များကို အတတ်နိုင်ဆုံး ထိန်းထားသော်လည်း သူမ၏ မျက်နှာပေါ်ရှိ ထိတ်လန့်မှုများကို ဖုံးကွယ်ထားရန်အတွက် မဖြစ်နိုင်ပေ။

သူမ၏ မိဘများက မရှိတော့ပေ။

ယခုအချိန်တွင် သူမ၏ တစ်ဦးတည်းသော အဘွားဖြစ်သူကလည်း ထပ်မံ၍ ထွက်ခွာသွားတော့မည် ဖြစ်၏။

ထိုဆယ်ကျော်သက်အရွယ် မိန်းကလေးက ကြောက်လန့်တကြားဖြစ်ကာ နှလုံးသားကွဲအက်နေရရှာ၏။

အောက်ထပ်မှ အော်ဟစ်သံများကို ကြားရသောအချိန်တွင် ရှောင်ချန်းက သူမ၏ လက်သီးများကို တင်းကြပ်စွာဆုပ်လိုက်လေ၏။

ဖြူဖျော့၍ ပိန်ပါးနေသော သူမ၏ မျက်နှာပေါ်တွင် ဖိနှိပ်ထားသော နာကျည်းရိပ်တချို့က ထင်ဟပ်နေသည်။

သူမ ထပ်မံ၍ သည်းမခံနိုင်တော့သောကြောင့် ဇွန်းကို အိုးပေါ်သို့ ခပ်ပြင်းပြင်း ချထားခဲ့ကာ အဘွားမာ၏ တားဆီးရန် ကြိုးပမ်းမှုများကို လျစ်လျူရှု၍ အိမ်ရာအဆောက်အအုံအောက်သို့ ပြေးဆင်းသွားတော့၏။

ချန်းကျဲက ထွက်မသွားခဲ့ပေ။ လက်ရှိတွင် ချန်းကျဲနှင့် လူမိုက်တချို့က တံခါးဝကို ပိတ်ဆို့ထားကြလေပြီ။

သူမ ဆင်းလာသည်ကို မြင်ချိန်တွင် သူတို့က တံခါးကို ပိတ်ဆို့ထားကာ အပြင်ထွက်ခွင့်မပေးဘဲ အော်ဟစ်ကြ၏။

“အိုး၊ နင်က ငါ့ကွယ်ရာမှာ အဲဒီသုခဘုံဗုဒ္ဓအသင်းကို တကယ်ပဲ သွားစာရင်းပေးထားတာပေါ့လေ၊

ငါ ပြောထားလိုက်မယ် ချန်းရွှမ်၊ ဒီနေ့ နင်တစ်ယောက်တည်းတင် မဟုတ်ဘူး၊ အဲဒီ လင်းချိုးချိုးဆိုတဲ့ ကလေးစုတ်ကပါ ငါနဲ့ လိုက်ခဲ့ရမယ်!

နင်က ငါ့ရဲ့လက်ထဲကနေ လွတ်မယ်လို့များ ထင်နေတာလား၊ ပြောထားလိုက်မယ်၊ လုံးဝကိုမဖြစ်နိုင်ဘူး!

နင်က ပြည့်တန်ဆာတွေကို အထင်သေးတယ်ပေါ့လေ၊ နင်က ကြိုက်ကြိုက် မကြိုက်ကြိုက် နင့်ကို ပြည့်တန်ဆာတစ်ယောက်ဖြစ်လာအောင်ကို လုပ်ရမှာပဲ!”

ညစ်ပတ်နေသော လူမိုက်များက တံခါးကို ပိတ်ထားလျက် ရွံရှာဖွယ်ကောင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို မြင်သောအချိန်တွင် ချန်းရွှမ်ျစ်ယောက် ပျို့အန်ချင်စိတ်ပင် ဖြစ်ပေါ်လာရပြီး တစ်ချိန်တည်းမှာပင် သည်းမခံနိုင်သော နာကျည်းမှုကို ခံစားလိုက်ရ၏။

သူမနှင့် လင်းချိုးချိုးတို့က သုခဘုံဂိုဏ်းထဲသို့ ဝင်ရန် အတွက်ကိုဆုံးဖြတ်ထားပြီးသား ဖြစ်၏။

ထိုဂိုဏ်းက မည်သို့သောဂိုဏ်းမျိုးဖြစ်သည်ကို မသိပေ။

သို့သော် ဤသည်က ပို၍ကောင်းမွန်မည်ဟု သူတို့နှစ်ဦးလုံး ထင်မြင်ကြသည်။

ချန်းကျဲ၏ လက်မှ လွတ်မြောက်နိုင်မည်ဆိုလျှင် တစ်သက်လုံး သီလရှင်ဝတ်ရမည်ဆိုလျှင်ပင် ကိစ္စမရှိပေ။

သို့သော် အိမ်ရာဝင်းထဲရှိ တစ်စုံတစ်ယောက်က သူတို့၏ အစီအစဉ်ကို ချန်းကျဲတို့ထံသို့ သွားရောက်၍ သတင်းပေးခဲ့သည်။

သူမက နီရဲနေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။

သူတို့အတွက် စကားတစ်ခွန်းလောက် ထွက်ပြောပေးမည့်သူ မရှိခဲ့ပေ။

လူတိုင်းက တံခါးများနှင့် ပြတင်းပေါက်များကို တင်းကြပ်စွာ ပိတ်ထားကြလေသည်။

သို့သော်လည်း ထိုလူများက စောင့်ကြည့်နေကြသည်ကို ချန်းရွှမ်က သိရှိ၏။

ကမ္ဘာပျက်ကပ်ကြီးအတွင်း သူမက အံကိုကြိတ်ကာ တိတ်တဆိတ် အောင့်အည်းသည်းခံနိုင်ခဲ့သော်လည်း ယခုအချိန်တွင်တော့ လုံးဝ မထိန်းချုပ်နိုင်တော့ပေ။

*

All Chapters