အခန်း ၁၃၁၁
Vol. 132 Ch. 1311
အခန်း (၁၃၁၁) ရှန်းယီ၏ သေးငယ်သောဆန္ဒ
"ခွေးမသား... ခွေးကောင်။" ကောင်းကင်မျှော်စင်တောင်မှ ထွက်ခွာလာပြီးနောက်၊ ချီရှန်းက ခိုင်ယွမ်စီရင်စုမှ ထွက်ခွာလာခဲ့ပြီဖြစ်သော်လည်း ဒေါသများပြည့်နှက်နေဆဲဖြစ်ကာ ဧကရာဇ်၏ ရုပ်တုကို သတိကြီးစွာ ကိုင်ဆောင်ထားခဲ့သည်။
သူက သူ၏အတွင်းစိတ်အတားအဆီးကို ဘေးဖယ်ကာ လင်းရွှီတောင်သို့ ကိုယ်တိုင်သွားရောက်လည်ပတ်ခဲ့ပြီး၊အစမှအဆုံးတိုင်အောင် စိတ်ခံစားမှုနှင့် အကြောင်းပြချက်များဖြင့်တောင်းဆိုကာ ဤတက်သစ်စပါရမီရှင်ကို မျက်နှာသာအပြည့်အဝ ပေးခဲ့သည်။
တစ်ဖက်လူက ဧကရာဇ်၏ရှေ့တွင်ပင် ကိုယ်ကို့ မထိန်းချုပ်နိုင်လောက်အောင် မောက်မာသည်အထိ ယုံကြည်မှုများမည်သည့်နေရာကရလာသနည်း။
"ဧကရာဇ်အရှင်။ကျေးဇူးပြုပြီး စိတ်ချပါ။ ကျွန်တော်လီရှန်းကို သွားရှာပြီး ဒီမောက်မာတဲ့ ကောင်လေးကိုသေချာပေါက် သင်ခန်းစာပေးလိုက်ပါ့မယ်။"
"..."
ရွှံ့ရုပ်တု၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ၊ မျက်လုံးထဲမှ အငွေ့အသက်တစ်ခုကသာ ရယ်မောချင်စိတ်အရိပ်အယောင်လေးကို ဖော်ပြနေပြီး အသံမှာ ညင်သာနေဆဲဖြစ်၏။ "မင်းရဲ့စွမ်းရည်တွေနဲ့ဆိုရင် သူ့ကို သင်ခန်းစာပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့်အခြေအနေတွေက ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်။ သူက အဆင်မပြေမှုအချို့ကို သေချာပေါက် ကြုံတွေ့ရလိမ့်မယ်။"
မိုးမြေကို ထိန်းချုပ်နိုင်သူများထဲမှ တစ်ပါးအနေဖြင့် အရှေ့ဘက်အစွန်းဧကရာဇ်က ရှန်းယီ၏ နောက်ဆုံးလုပ်ရပ်များအပေါ် အခြေခံရုံမျှဖြင့် သူ၏မူလ ရည်ရွယ်ချက်အချို့ကို ရိပ်မိနေပြီ ဖြစ်သည်။
ဧကရာဇ်၏ရုပ်တုကို ရွှေ့ပြောင်းလိုက်ခြင်းက ဤလူငယ်လေးက မသေမျိုးဧကရာဇ်၏အနှစ်သာရကို အသိအမှတ်မပြုရသေးကြောင်း၊ မိုးမြေ၏ သခင်က အရာအားလုံးထက်သာလွန်သည်ဟု ယုံကြည်ကာ သူ၏အနောက်တွင်ရှိသော မဟာဂိုဏ်းကြီးကိုပင် လျစ်လျူရှုထားကြောင်း ညွှန်ပြနေသည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤကလေးတွင် ပုန်ကန်လိုသော အရိပ်အယောင်ရှိနေပါသည်။
ဂိုဏ်းနှစ်ခုက မဟာကပ်ဘေးတစ်ခုကို ဖန်တီးရန် တွန်းအားပေးနေကြပြီး တည်ငြိမ်မှုနှင့် ရေရှည်တည်တံ့မှုအတွက် လူသားဧကရာဇ်ကိုအစားထိုးရန် မသေမျိုးဧကရာဇ်တစ်ပါးကို ရွေးချယ်နေကြခြင်း ဖြစ်သည်။ လူသားဧကရာဇ်နှင့် ဆင်တူသော ထိုသို့သောဖြစ်တည်မှုမျိုးကို နောက်ဆုံးပလ္လင်ပေါ်တွင် ထိုင်ခွင့်ပြုရန် သူတို့မည်သို့လုပ်ခွင့်ပြုနိုင်မည်နည်း။
"သူ ပြန်လာပါလိမ့်မယ်။"
အရှေ့ဘက်အစွန်းဧကရာဇ်က ရှန်းယီ၏ကိစ္စကို နားလည်ထားပြီး ဖြစ်သည်။ ထင်ပေါ်ကျော်ကြားလာရန် ရုန်းကန်ခဲ့ရပြီးနောက်၊နောက်ဆုံးတွင် သူ စုဆောင်းထားသောနာကြည်းချက်များကို ထုတ်ဖော်လိုက်ရသဖြင့် အနည်းငယ် မာနထောင်လွှားနေခြင်းမှာ ပုံမှန်ပင်။
လူသားဧကရာဇ် ကိုင်စွဲထားသောအရာမှာ သေမျိုးလောကတစ်ခုလုံးဖြစ်ပြီး၊ ဧကရာဇ်ခြောက်ပါး၏ အဆင့်ကိုများစွာ ကျော်လွန်နေပြီဖြစ်ကာ၊ ဂိုဏ်းချုပ်ကိုပင် မနာလိုဖြစ်စေ၏။
ယခုအခါ ဤကဲ့သို့ ဧရာမတည်ရှိမှုကြီး ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။
ဧကရာဇ်တစ်ပါးပင်လျှင် ကပ်ဘေးအပြီး အဆင့်ဆင့်အုပ်ချုပ်မှုစနစ်ကို ပြန်လည်စဉ်းစားရန်အတွက် တတ်နိုင်သမျှအကျိုးအမြတ်ရရှိရန် ဤအခွင့်အရေးကို ဆုပ်ကိုင်ရပါလိမ့်မည်။
ထိုဧကရာဇ်သည်အရှေ့ဘက်အစွန်းဧကရာဇ်က မြောက်ပိုင်းတိုက်ကြီးကိုထိန်းချုပ်ရန် မျှော်လင့်ထားသော ဤအလားအလာကောင်းသော လူငယ်လေးကို နောက်ထပ်အခွင့်အရေးတစ်ခုပေးရန် ဆန္ဒရှိနေသည်။
"တပည့်က ဧကရာဇ်ကိုရိုသေစွာ နှုတ်ဆက်လိုက်ပါတယ်။" ချီရှန်းက ရွှံ့ရုပ်တုပေါ်ရှိ အပူချိန် လျော့ကျသွားသည်ကိုခံစားလိုက်ရပြီး လေထဲသို့ အလျင်အမြန် ဦးညွှတ်လိုက်သည်။
သူ ပြန်လည်မတ်မတ်ရပ်လိုက်သောအခါ သူ၏ အမူအရာကလျင်မြန်စွာ ပြောင်းလဲသွား၏။ ဧကရာဇ်က အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ သေချာပေါက် အလောတကြီးလုပ်ရန် မလိုသော်လည်း သူက အချိန်မည်မျှကြာအောင် ဆွဲထားနိုင်မည်နည်း။
မည်သို့ပင်ဆိုစေ အရှေ့ဘက်အစွန်းဧကရာဇ် စံအိမ်တော်အတွက် လုံလောက်သော ယုံကြည်မှုစွမ်းအင်ကို ရရှိစေနိုင်သရွေ့၊ မိုးမြေ၏သခင် မည်သူဖြစ်လာမည်ဆိုသည်မှာ ဤဧကရာဇ်အတွက် အရေးမကြီးပေ။
ချီရှန်းက နောက်ထပ်အစစ်အမှန်အရှင် ယွင်မြောင် တစ်ယောက် မဖြစ်ချင်ပေ။
"ငါတို့ အခွင့်အရေးတစ်ခုခုကို ဆုပ်ကိုင်နိုင်မလားဆိုတာကြည့်ဖို့ လီရှန်းကိုသွားရှာပြီး ဆွေးနွေးရမယ်။"
သူ ရှေ့သို့ လှမ်းတော့မည့် အချိန်မှာပင်၊ ကောင်းကင်မှ မရေမတွက်နိုင်သော အလင်းတန်းများကျဆင်းလာပြီး၊ တစ်ခုက ချီရှန်း၏လက်ထဲသို့ လျင်မြန်စွာကျရောက်လာကာ ကျောက်စိမ်းပြား တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့၏။
သူအနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ဤသည်မှာ ရွှေမသေမျိုးများစွာက အတူတကွ ပူးပေါင်းထုတ်ပြန်သောကြေညာချက်တစ်ခု ဖြစ်ကြောင်း ရှင်းလင်းနေပြီး၊ အရေအတွက်ကို ကြည့်ခြင်းအားဖြင့် တတိယအဆင့်ဂိုဏ်းဝင်များအားလုံးကို လွှမ်းခြုံထားသည့်သဏ္ဍာန်မျိုးရှိကာ အတော်လေး ကြောက်မက်ဖွယ်ကောင်းသော အစီအစဉ်ပင်။
"ဘာတွေ ဖြစ်နေတာလဲ။" ချီရှန်းက ကျောက်စိမ်းပြားကို ဆုပ်ကိုင်လိုက်ပြီး သူ၏နတ်ဝိညာဉ်ကို အထဲသို့ သွန်းလောင်းထည့်လိုက်၏။ ခေတ္တအကြာတွင် သူ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး၊ ကျောက်စိမ်းပြား၏အကြောင်းအရာကြောင့် အံ့အားသင့်သွားပုံရသော်လည်း မကြာမီတွင် မျက်လုံးများထဲ၌ ဝမ်းသာမှုများ ပေါ်လာခဲ့ပါသည်။
ဤအရာက အခွင့်အရေးမဟုတ်လော။
...
ခိုင်ယွမ်စီရင်စု၊ ကောင်းကင်မျှော်စင်တောင်.
ရှန်းယီက ဧကရာဇ်၏ရုပ်တု ထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာကြည့်နေခဲ့ပြီး၊ အချိန်အတော်ကြာ တိတ်ဆိတ်စွာရပ်နေပြီးနောက် မသေမျိုးဗိမာန် ထဲသို့ ပြန်လှည့်ဝင်သွားခဲ့၏။
နတ်ဆိုးတစ်သောင်းခန်းမ အတွင်းတွင်၊ တောင်ပိုင်းဧကရာဇ်ကဲ့သို့ လွတ်လပ်သောနတ်ဆိုး သာမက၊ မသေမျိုးဂိုဏ်း နှင့် ပိုမိုရင်းနှီးကျွမ်းဝင်သော သမင်ဖြူညီအစ်ကိုများပင်လျှင် စိုးရိမ်ပူပန်နေကြပြီး ဧကရာဇ်၏ကြီးကျယ်ခမ်းနားမှုထဲတွင် နစ်မြုပ်နေကြဆဲဖြစ်သည်။
မိုးမြေတွင် ယွီချင်းဂိုဏ်းချုပ် နှင့် ပစ္စုပ္ပန်ဗုဒ္ဓတို့ကို ရိုသေလေးစားကြသော်လည်း၊ အောက်တွင် အခြားဂိုဏ်းချုပ် နှစ်ပါးနှင့် ဗုဒ္ဓတို့ ရှိကြပြီး၊ ထိုထက်ပိုအောက်ကျရာတွင် ဧကရာဇ်ငါးပါး နှင့် အမျိုးမျိုးသော အစစ်အမှန် ဗုဒ္ဓများစွာရှိကြသည်။
၎င်းမှာ အဆင့်သုံးဆင့်ရှိနေပုံရပြီး ဧကရာဇ်မှာ အောက်ဆုံးအဆင့်တွင် ရှိနေပါသည်။
သို့သော် မမေ့ထားသင့်သည်မှာ လောကတွင် ပထမအဆင့်ရှိသူများမှာ ဤဆယ့်ခုနစ်ဦးသာရှိပြီး မရေမတွက်နိုင်သော ကြီးမြတ်သည့်စွမ်းရည်များ၏မြစ်ဖျားခံရာကို ကိုယ်စားပြုကြ၏။
သူတို့၏ အဆင့်အတန်းမှာ အထက်ကောင်းကင်ဘုံကိုပင် ကျော်လွန်နေပြီဖြစ်သည်။
သူတို့၏သခင်က ယဇ်ပလ္လင်ပေါ်မှရုပ်တုကို ရွှေ့ရဲခဲ့ခြင်းမှာ... ၎င်းသည် အမှန်တကယ်ပင်ရဲတင်းသော လုပ်ရပ်တစ်ခုပင်ဖြစ်ပါသည်။
နတ်ဆိုးကျောက်တုံးအချို့မှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြ၏။
ရှန်းယီက သူအပြင်ပန်းအသွင်အပြင်ကဲ့သို့ တည်ငြိမ်နေပုံမပေါ်ပေ။ အကယ်၍လူတစ်ယောက်က ကောင်းကင်တာအိုမှ တာ့လော်ရွှေမသေမျိုး တစ်ပါးအဖြစ် ကျင့်ကြံခြင်းအမှန်တကယ်ပေးသနားခံထားရပါက၊ ဧကရာဇ်ကို ဤမျှကြောက်ရွံ့နေမည် မဟုတ်ပေ။
အရာများစွာမသေချာသော်လည်း မည်သို့ပင်ဆိုစေ သူ၏အသက်ကိုတော့ ကာကွယ်ထားနိုင်ပါလိမ့်မည်။
ကံမကောင်းစွာဖြင့် သူ့တွင်ဤအခြေအနေ မရှိခဲ့ပေ။
သို့သော် မည်သို့ပင်ဖြစ်စေ၊ သူက ဧကရာဇ်၏ ဖိတ်ကြားချက်ကိုငြင်းပယ်ပြီး ရှေ့ဆက်သွားရန် သူ့ကိုယ်သူ အတင်းအကျပ်တွန်းအားပေးရမည်ဖြစ်သည်။
အကြောင်းရင်းက ရိုးရှင်းလေ၏။
ရှန်းယီက မသေမျိုးဧကရာဇ်၏ပလ္လင်ကို ယူရန် ဘယ်သောအခါမျှ မရည်ရွယ်ခဲ့ပေ။ သူကပ်ဘေးတွင် ဆက်ရှိနေရသည့်အကြောင်းရင်းမှာ လူသားဧကရာဇ်တွင်ဖုံးကွယ်ထားသော နည်းလမ်းများ ရှိနေပြီး၊ ဂိုဏ်းနှစ်ခုကို ပြင်းပြင်းထန်ထန်ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ဖြစ်နေကြောင်း သိထားသောကြောင့်ပင်။
ထိုလူ၏အကြံအစည်မှာ ဂိုဏ်းနှစ်ခုက တိုက်ကြီးလေးခုလုံးကို လုံးဝဖိနှိပ်နိုင်သည့်အချိန်အထိ စောင့်ဆိုင်းရန်ဖြစ်ပြီး၊ သူတို့က မညီမျှသောခွဲဝေမှုကြောင့် စတင်အငြင်းပွားကာကြီးမားသော ဆုံးရှုံးမှုများဖြစ်ပေါ်လာသောအခါမှ လှုပ်ရှားရန် ဖြစ်သည်။
ရှန်းယီတွင် ဆန္ဒများစွာမရှိပေ။ မဟာဂိုဏ်းကြီးများတိုက်ခိုက်ကြမည်ဆိုပါက တိုက်ကြီးလေးခုမှ ပြည်သူများ၏အသက်များကို စတေးရန်မလိုအပ်ကြောင်းကို သူ ခံစားရ၏။ အခြားနည်းလမ်းတစ်ခု ရှိကောင်းရှိနိုင်ပါသည်။
ဤအကြောင်းရင်းကြောင့် သူက လူသိနည်းသော လင်းရွှီဂူသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ယနေ့သူသာ အရှေ့ဘက်အစွန်းဧကရာဇ်ကို ဦးညွှတ်ခဲ့ပါက၊ ဤ ပထမအဆင့် ဧရာမပုဂ္ဂိုလ်ကြီး၏လက်အောက်တွင် သူမည်သို့ ဆက်လက်ရောနှော ရှင်သန်နိုင်မည်ကို ရှန်းယီ စဉ်းစား၍ပင် မရနိုင်ပေ။
အကယ်၍ သူသာ တစ်ဖက်လူစီစဉ်ပေးထားသော လမ်းကြောင်းအတိုင်းလိုက်ပါသွားမည်ဆိုပါက၊ ဤကာလအတွင်း သူ၏ကြိုးစားအားထုတ်မှုများက မသေမျိုးဧကရာဇ်၏ပလ္လင်အတွက် ယှဉ်ပြိုင်ခြင်းအဖြစ်သို့ အမှန်တကယ်ပြောင်းလဲသွားပါလိမ့်မည် မဟုတ်လော။
ဂိုဏ်းနှစ်ခု၏ဦးဆောင်မှုအောက်တွင် သစ္စာရှိသော ခွေးတစ်ကောင်ဖြစ်လာရန် အစွမ်းကုန်ကြိုးပမ်းရမည်ဆိုပါက၊ သူက တို့ဟူးတုံးရှာပြီး ကိုယ့်ကို ခေါင်းနဲ့ဆောင့်သတ်လိုက်တာက ပိုကောင်းပေလိမ့်မည်။
"ဟူး။"
ရှန်းယီက ပလ္လင်ပေါ်တွင်ပေါ့ပေါ့ပါးပါးထိုင်လိုက်ပြီး သူ၏ဘေးရှိ ရုပ်တုကို ပွတ်သပ်နေခဲ့၏။
မြောက်ပိုင်းတိုက်ကြီးရှိ အခြေအနေက ယခုအခါ သူ၏အစီအစဉ်များအတိုင်းနီးပါး တိုးတက်နေပြီ ဖြစ်သည်။ ပြည်သူများက အခြေအနေမကောင်းသော်လည်း၊ အနည်းဆုံးတော့ သူတို့က သေလုမတတ်ဆင်းရဲဒုက္ခမရောက်ကြဘဲ၊ လူသားဆန်သည့် အသွင်အပြင်အချို့ရှိနေကြသေး၏။
သို့သော် ဤသည်မှာ ကန့်သတ်ချက်ဖြစ်ပုံရပါသည်။
မသေမျိုးသုံးပါးဂိုဏ်း၏ တပည့်တစ်ဦး ဟန်ဆောင်မှုအောက်တွင်၊ သူ၏ပုံမှန်မဟုတ်သော လုပ်ရပ်အားလုံးကို အတွင်းယှဉ်ပြိုင်မှုအဖြစ် ရှင်းပြနိုင်ပြီး၊ နောက်ဆုံးတွင် ယုံကြည်မှုစွမ်းအင်ယှဉ်ပြိုင်မှုအတွက်ဖြစ်သောကြောင့်၊ ထိုရွှေမသေမျိုးများက ထူးဆန်းသည်ဟုထင်မှတ်မည် မဟုတ်ပေ။