← Chapters

အခန်း ၁၃၁၉

Vol. 132 Ch. 1319

အခန်း ၁၃၁၉

Vol. 132 Ch. 1319

အခန်း(၁၃၁၉) မဟာသန့်စင်ခြင်းများ၏ ပြင်းထန်သောတိုက်ပွဲ

"ဝေါ" ကြီးမားသောလှိုင်းလုံးကြီးက ဟိန်းဟောက်ကာထွက်ပေါ်လာပြီး မီးကြာပန်းကြောင့်လေထဲတွင် ပိတ်မိနေသောချီရှန်းကို လွှမ်းခြုံသွားခဲ့၏။

၎င်းက တစ်ကိုယ်လုံးစိုရွှဲသွားပြီး ယခင်က သပ်ရပ်စွာထုံးဖွဲ့ထားသော သူ၏ဆံပင်များက သူ၏ပါးပြင်ပေါ်တွင် ကပ်နေခဲ့၏။

သို့သော် ဤသက်လတ်ပိုင်းအမျိုးသားက မမြင်ရသောလက်တစ်ဖက်ဖြင့် လည်ပင်းညှစ်ခံထားရသကဲ့သို့ အသက်ပြင်းပြင်းရှူနေကာ သူ၏ရင်ဘတ်မှာ ပြင်းထန်စွာနိမ့်ချည်မြင့်ချည်ဖြစ်နေပြီး သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ရှေ့သို့ စိုက်ကြည့်နေရင်း သူ၏မျက်လုံးများက ပြူးထွက်လုနီးပါးဖြစ်နေ၏။

ချီရှန်းက တတိယအဆင့် တာ့လော်မသေမျိုး တစ်ပါးဖြစ်သော်လည်း သူက ဧကရာဇ်နှင့် မကြာခဏအတူရှိနေလေ့ရှိသဖြင့် သူ၏အသိအမြင်က သာမန်ကျင့်ကြံသူများနှင့် မနှိုင်းယှဉ်နိုင်ပေ။

ထို အဖြူရောင်သင်္ကန်းနှင့် ဘုန်းကြီးထံမှ ထွက်ပေါ်လာသော အငွေ့အသက်က အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး ဂိုဏ်းမှ အကြီးအကဲအများအပြားထက်ပင် ကျော်လွန်နေခဲ့၏။

ရွှေမသေမျိုး ချင်းကွမ်းဇီကဲ့သို့သော ထူးချွန်သူ တစ်ဦးသာလျှင် ၎င်းနှင့် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

ဤသူက သာမန်မဟာလွတ်လပ်ခြင်းဗောဓိသတ္တ တစ်ပါး လုံးဝမဟုတ်ပေ။ သူက မည်သည့် ဍုမေဏုတောင်က လာသည်ဖြစ်စေ ကြီးမားသော အာဏာကိုကိုင်စွဲထားပြီး အစစ်အမှန် ဗုဒ္ဓ ၏ အလွန်အမင်း ယုံကြည်မှုကိုရရှိထားသူ ဖြစ်ရပေလိမ့်မည်။

ထိုကဲ့သို့ အားကောင်းသော ပုဂ္ဂိုလ်တစ်ဦးက မြောက်ပိုင်းတိုက်ကြီး နှင့် ဤမျှနီးကပ်သော နေရာသို့ လျှို့ဝှက်ချုံခိုတိုက်ခိုက်ရန် အန္တရာယ်စွန့်ကာ လာရောက်ခြင်းကပင် လုံလောက်အောင် အံ့အားသင့်စရာ ကောင်းနေပြီဖြစ်၏။

သို့သော် ဤအခိုက်အတန့်တွင် ဤမဟာလွတ်လပ်ခြင်း ဗောဓိသတ္တကို ကောင်းကင်ယံမှ အရှက်ရဖွယ်ရိုက်ချခံလိုက်ရသည်ကို ချီရှန်းက အမှန်တကယ် မြင်တွေ့လိုက်ရ၏။

"သူက တကယ်ကို ဘယ်သူလဲ" သူက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ သူ၏လည်ချောင်းက နာကျင်စွာပူလောင်နေပြီး သူ၏အသံက ခြင်တစ်ကောင်လို တိုးညှင်းနေခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း ခမ်းနားကြီးကျယ်သောပုံရိပ်တစ်ခုက မငြိမ်မသက်ဖြစ်နေသော စကြာဝဠာထဲမှ ရှေ့သို့လှမ်းထွက်လာရာ သူ၏တစ်ကိုယ်လုံးက ဖုန်မှုန့်များကင်းစင်ပြီး အဖြူရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသကဲ့သို့ပင်။ သူ၏နောက်တွင် ကျောက်စိမ်းဘီးတစ်ခုက ဖြည်းညှင်းစွာလည်ပတ်နေပြီး လွင့်လူးနေသော ဖဲကြိုးများက တိမ်တိုက်များကိုဖယ်ရှားကာ ရွှေရောင်အလင်းတန်းများက ပျက်စီးနေသော ဧရာမရေကန်ကြီးအပေါ် မိုးဖွဲလေးများအလား ဖြာကျနေပေသည်။

တစ်ချက်ကြည့်ရုံဖြင့် ချီရှန်း၏မျက်လုံးများကို စူးရှသွားစေပြီး ထိုလွှမ်းမိုးနိုင်သော ဖိအားက အရပ်မျက်နှာအားလုံးမှ ဝင်ရောက်လာရာ လူသားပုံစံအဖြစ်သို့ ပြောင်းလဲထားသော မိုးမြေ၏အစိတ်အပိုင်းတစ်ခုကို သူ ရင်ဆိုင်နေရသကဲ့သို့ဖြစ်နေ၏။

မဟာရေကန်ကြီးက လှိုင်းထလာပြီး အပြာရောင် မီးကြာပန်းပလ္ဘင်က လှေငယ်လေးတစ်စင်းအလား ပြန်လည်ထွက်ပေါ်လာကာ အချိန်မရွေးပြန်လည် ဝါးမျိုခံရတော့မည့်ပုံ ပေါ်နေ၏။

သန့်စင်သောကမ္ဘာ ဆရာတော်က သူ၏ လက်မောင်းများကို မြှောက်လိုက်စဉ် တုန်ယင်နေသော သူ၏ခန္ဓာကိုယ်က လျင်မြန်စွာတည်ငြိမ်သွားသည်နှင့်အမျှ လက်ဖဝါးများကိုနောက်တစ်ကြိမ် ပူးလိုက်ကာ ကောင်းကင်ကန့်လန့်ကာ ဆီသို့ မော့ကြည့်လိုက်၏။

တာအိုသင်္ကေတနှစ်ခုက အတွင်းတွင် စီးဆင်းနေပြီး လုံးဝရှင်းလင်းစွာမြင်တွေ့နေရကာ အမှားအယွင်း မရှိနိုင်ပေ။

ကျယ်ပြန့်သော ဗောဓိဂိုဏ်းတွင် ဂိုဏ်းအတွင်း နောက်ထပ် မဟာလွတ်လပ်ခြင်းဗောဓိသတ္တ တစ်ပါး ပေါ်ထွက်လာကြောင်းကို မည်သူကမျှ မသိရှိခဲ့ကြပေ။

"မယိုင်းမယိုင်လှုပ်ရှားခြင်းမဲ့ဘုရင်ဗောဓိသတ္တ"

သန့်စင်သောကမ္ဘာ ဗောဓိသတ္တက နောက်တစ်ကြိမ် တိုးညှင်းစွာ ရွတ်ဆိုလိုက်ရာ သူ၏အရေပြားက ညင်သာစွာတုန်ခါနေပြီး ကျောက်ဆောင်အလား ခိုင်မာသော သူ၏ဗုဒ္ဓနှလုံးသားက စတင် ယိမ်းယိုင်လာခဲ့သည်။

အပြာရောင်ကြာပန်းပေါ်ရှိ မီးတောက်များက အားနည်းလာလေ၏။

ကြောက်ရွံ့မှုကြောင့် မဟုတ်ပေ။

သူက ယခုလေးတင်ဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရသော်လည်း အဓိကအကြောင်းရင်းမှာ သန့်စင်သောကမ္ဘာဆရာတော်က မသေမျိုးကို တည်ငြိမ်သောစိတ်အခြေအနေတစ်ခုဖြင့် ယှဉ်ပြိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး ဇင်တောင်ဝှေးကို တားဆီးပြီးနောက် တာအိုသင်္ကေတများ ရုတ်တရက်ထွက်ပေါ်လာမှုကြောင့် သူက အလွန်အံ့အားသင့်သွားကာ အာရုံစိုက်မှုလွတ်သွားခြင်းကြောင့်ဖြစ်သည်။

သူကြုံတွေ့ရသော အမှန်တကယ်အကျပ်အတည်းမှာ သူ၏လမ်းကြောင်းပေါ်တွင် ရှိနေခဲ့၏။

လောက၏ညစ်ညမ်းမှုများကို ဆေးကြောရန် ရည်ရွယ်ထားသော မီးကလောင်ကျွမ်းနေသော်လည်း သူ၏ပြိုင်ဘက်က ရုတ်တရက် မဟာလွတ်လပ်ခြင်းဗောဓိသတ္တတစ်ပါး ဖြစ်လာကာ ညစ်ညမ်းမှုကိုပြောင်းလဲပစ်လိုက်သဖြင့် သန့်စင်သောကမ္ဘာမီးလျှံက စတင် ယိမ်းယိုင်လာခဲ့၏။

သိမ်မွေ့သောတုန်လှုပ်မှုက သူ၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပါသည်။

သန့်စင်သောကမ္ဘာ ဆရာတော်၏ လှပသော လက်များပေါ်တွင် အပြာရောင်သွေးကြောများက တဖြည်းဖြည်းဖောင်းကြွလာပြီး သူ၏မျက်လုံးအိမ်များက အလိုအလျောက်ကျယ်လာသည်။

"မဟုတ်ဘူး မင်းရဲ့နှလုံးသားက ဍုမေဏုမှာ မရှိဘူး။မင်းက ဗောဓိသတ္တတစ်ပါးမဟုတ်ဘူး ကြာပန်းပလ္လင်ပေါ်မှာ တက်ထိုင်နေတဲ့ မိစ္ဆာတစ်ကောင်ပဲ"

"ငါတို့ ဂိုဏ်းရဲ့ဗုဒ္ဓအလင်းတန်းကို ညစ်ညမ်းစေတဲ့အတွက် မင်းက ထာဝရဖိနှိပ်ခံရဖို့ ထိုက်တန်တယ်"

ဘုန်းကြီး၏ ကိုယ်ပေါ်ရှိ အဖြူရောင်သင်္ကန်းက လွင့်လူးနေပြီး သူ၏အရေပြားကြားရှိ အနီရောင်ဖျော့ဖျော့က ပိုမိုထင်ရှားလာကာ သူအားပြုတ်ထားသကဲ့သို့ပေါက်နေ၏။

သူ၏အောက်ရှိ အပြာရောင်ကြာပန်းကလည်း စတင် လောင်ကျွမ်းလာပြီး ဧရာမရေကန်ကြီး တစ်ခုလုံးကို အငွေ့ပျံသွားစေတော့မည့်ပုံ ပေါ်နေကာ သန့်စင်သောမီးတောက်များအောက်တွင် ပလ္လင်မှ အပြာရောင်ဖန်သားများမှေးမှိန်သွားပြီး တဖြည်းဖြည်းချင်း ဖောက်ထွင်းမြင်ရသော အရောင်ကင်းမဲ့သည့် ကျောက်စိမ်းကြာပန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ညင်သာသော ဖူးခနဲအသံလေးနှင့်အတူ သူ၏ မျက်လုံးသူငယ်အိမ်များကမြင့်တက်လာသော အဖြူရောင်မီးတောက်နှစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သန့်စင်သောကမ္ဘာဆရာတော်က သူ၏ပူးထားသော လက်ဖဝါးများကိုဖြုတ်လိုက်ပြီး တောင်ဝှေးတိုကို နောက်တစ်ကြိမ်ထုတ်ယူလိုက်၏။ သူ၏ လက်ချောင်းများက ၎င်းကိုဆုပ်ကိုင်လိုက်သည့် အခိုက်အတန့်တွင် အမည်းရောင်တောင်ဝှေး ပေါ်၌ ရွှေရောင်အက္ခရာများက လင်းလက်သွားပါသည်။

"နတ်ဆိုးဖိနှိပ်ခြင်း"

သူက တောင်ဝှေးကိုအမြင့်သို့ မြှောက်လိုက်ပြီး အောက်သို့ ရိုက်ချရန်ပြင်လိုက်၏။

ကောင်းကင်ကို ထောက်ခံထားသော ဧရာမထောက်က်တိုင်ကြီးတစ်တိုင်နှင့် တူသည့် ဧရာမပုံရိပ် တစ်ခုက သူ၏နောက်တွင်ပေါ်လာပြီး ကောင်းကင်ယံရှိ အဖြူရောင်ကျောက်စိမ်းပုံရိပ်ဆီသို့ ပြင်းပြင်းထန်ထန် ဖိချလိုက်၏။

"..."

ရှန်းယီက လေထဲတွင် လွင့်မျှောကာရပ်နေပြီး ပုံရိပ်ထောက်တိုင်ကြီးပေါ်ရှိ ရွှေရောင်ဗုဒ္ဓအက္ခရာများ က ရေတံခွန်အလားစီးကျလာကာ ဇာပုဝါအလား ပါးလွှာသော်လည်း ဖျက်ဆီး၍မရနိုင်သော အကျဉ်းထောင်တစ်ခုအား သူ၏ပတ်လည်တွင် ဖန်တီးလိုက်သည်။

သူက သူ၏ညာဘက် လက်ဖဝါးကိုဆန့်ထုတ်လိုက်ပြီး သူ၏လက်ချောင်းငါးချောင်းက လေဟာနယ်ကိုဆုပ်ကိုင်လိုက်ရာ နက်ရွှေရောင် ဇင်တောင်ဝှေး တစ်ခုကို သူ၏လက်ထဲတွင် စုစည်းလိုက်သည်။

နောက်တစ်ခဏတွင် သန့်စင်သောကမ္ဘာ ဗောဓိသတ္တ၏ အထင်သေးသော အကြည့်အောက်တွင် ဤအဖြူရောင်ကျောက်စိမ်းခန္ဓာကိုယ်က သူ၏ နေရာမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့၏။

ဘုန်းကြီး၏အမြင်အာရုံက ပုံရိပ်တစ်ခုကို တစ်ချက်မြင်တွေ့လိုက်ရပြီး သူ၏ရင်ထဲတွင် ထိတ်လန့်သွားကာ စိတ်မအေးဖြစ်သွား၏။

သူက လျင်မြန်စွာတုံ့ပြန်လိုက်ပြီး တောင်ဝှေးကို ခေါင်းပေါ်မှ မြှောက်လိုက်၏။

သို့သော် ဇင်တောင်ဝှေးတစ်ခုက ဝင်ရောက်လာပြီး သူ၏လက်မောင်း မကျဆင်းမီ သန့်စင်သောကမ္ဘာ ဗောဓိသတ္တ၏ မျက်နှာပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပါသည်။

ခွပ်..

ထိုအခိုက်အတန့်သို့ ရောက်မှသာ သန့်စင်သောကမ္ဘာဗောဓိသတ္တ က မယိုင်းမယိုင်လှုပ်ရှားခြင်းမဲ့ဗောဓိသတ္တဘုရင်ဟူသော စကားလုံးများ၏အစစ်အမှန်အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။

ကြီးမားလှသော အင်အားက သူ၏ပါးရိုးများကို ချက်ချင်းချိုင့်ဝင်သွားစေပြီး သူ၏နှုတ်ခမ်းများကို ရက်စက်စွာဆုတ်ဖြဲလိုက်ကာ သွေးများပန်းထွက်သွားစေ၏။ ၎င်းမှာ ကောင်းကင်တာအိုသို့ ရောက်ရှိပြီးနောက် ပုံဖော်ထားသော ခန္ဓာကိုယ်တစ်ခုဖြစ်သော်လည်း ထိုဇင်တောင်ဝှေး အောက်တွင် အလွန် ထိခိုက်လွယ်ပုံပေါ်နေခဲ့၏။

သန့်စင်သောကမ္ဘာဆရာတော်က တိုးညှင်းစွာ ဟိန်းဟောက်လိုက်ပြီး ဒဏ်ရာရနေသည့်တိုင် တောင်ဝှေးကို ယိမ်းယိုင်မှုမရှိဘဲ လွှဲယမ်းလိုက်သေးပေသည်။

သို့သော်လည်း နောက်တစ်ခဏတွင် အဖြူရောင် ကျောက်စိမ်းလက်ဖဝါးလေးဖက်က သူ၏လက်မောင်းများနှင့် ပခုံးများပေါ်သို့ ပြင်းထန်စွာဆုပ်ကိုင်လိုက်ပြီး သူ့ကိုကြာပန်းပလ္လင်ပေါ်တွင် တင်းကျပ်စွာ ဖိထားလိုက်၏။

ရှန်းယီ၏အမူအရာက တည်ငြိမ်နေပြီး သူက ဇင်တောင်ဝှေးကို ရဲဝံ့စွာနောက်တစ်ကြိမ်လွှဲလိုက်ပါသည်။

လေးလံသောရိုက်ချက်က အောက်သို့ကျဆင်းလာပြီး ဘုန်းကြီး၏ဒူးခေါင်းရိုးများကို ရက်စက်စွာ ရိုက်ချိုးပစ်လိုက်၏။

ပထမဆုံး ပါးစပ် ထို့နောက် ခြေထောက်များ..

အရောင်မဲ့ကျောက်စိမ်းကြာပန်းပေါ်ရှိ သန့်စင်သော မီးတောက်က တန့်ပြန်ရန်ပြန်လည်လွှမ်းမိုးလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှန်းယီ၏အပြစ်အနာအဆာကင်းသော အဖြူရောင် ကျောက်စိမ်းခန္ဓာကိုယ်က မီးလောင်နေသကဲ့သို့ အနီရောင်ပြောင်းသွားခဲ့သည်။

မီးတောက်မီးလျှံများက အဖြူရောင်ကျောက်စိမ်း ပုံရိပ်ကို ရစ်ပတ်ရန်ကြိုးပမ်းနေစဉ် သူက ဇင်တောင်ဝှေးကိုဆုပ်ကိုင်ထားရင်း ရေအောက်ရှိ အမည်းရောင်မြူခိုးများထဲသို့ နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့တော့သည်။

All Chapters