← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈ ဒါက ဦးထုပ်ပါ

ယွင်ကျီကို လုသခင်မထံ သတင်းပို့ရန် စေလွှတ်ပြီးနောက် ဝမ်ယဲ့က ထပ်ပြောလိုက်သည်။

"ကျွန်မတို့ နောက်ကျမှ ပြန်ကြမယ်နော်"

ယခုအချိန် ပြန်သွားလျှင် ရွှီနယ်စားမင်းနှင့် သူ့သားနှစ်ယောက်က သူမတို့ကို ကာကွယ်ရေးဒိုင်းအဖြစ် ဆွဲသွင်းကြမည်မှာ သေချာလွန်းနေသည်။

ရွှီယွဲ့ကျားက အဝေးမှ သူ၏အစ်ကိုကြီးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်သွားကာ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"ကောင်းပြီလေ"

လုသခင်မ ရွှီနယ်စားမင်းနှင့် ရွှီကျင့်ရုံတို့ကို ခေါ်ဆောင်သွားပြီးနောက်မှသာ ဝမ်ယဲ့တစ်ယောက် နှမြောတသသဖြင့် အကြည့် လွှဲလိုက်ပြီး ရေရွတ်လိုက်သည်။

"ဒီဆိုင်ကရောင်းတဲ့ ဆန်မုန့်ကြော်က တကယ်ကို အရသာရှိပုံပဲနော်"

‘ဒီနေ့မှာ ယောင်းမကြီးနဲ့ ငါ အိမ်ပြန်လာကြမယ်ဆိုတာကို ကောင်းကောင်းသိရဲ့သားနဲ့ မုန့်တန်းစီဝယ်ဖို့ စွန့်စားရဲတယ်ဆိုတော့... တကယ်ကို စစ်ပြန်ဟောင်းကြီးနဲ့ အနာဂတ်စစ်ဗိုလ်ချုပ်ကြီးပီသပါပေတယ်’

ဝမ်ယဲ့တစ်ယောက် နှလုံးသားထဲမှ အမှန်တကယ် ချီးကျူးနေမိသော်လည်း မနေနိုင်ဘဲ ဆက်ပြောလိုက်မိသည်။

"သူတို့ ထွက်သွားတာနဲ့ ကျွန်မတို့လည်း သွားပြီး တန်းစီရမယ်"

‘ဘယ်လောက်တောင် အရသာရှိလဲဆိုတာ ငါ သိအောင် လုပ်ရမယ်’

.....။......။......

ရွှီနယ်စားမင်းအတွက် မျက်နှာနည်းနည်းချန်ပေးသည့်အနေဖြင့် တစ်မိသားစုလုံး ကောင်းကင်ကြီး တစ်ပြင်လုံး မှောင်မည်းလုနီးပါးဖြစ်သည့် ရှန့်အချိန်ရောက်ခါနီးအထိ အပြင်၌ လျှောက်သွားနေခဲ့ပြီးမှ အိမ်တော်သို့ ပြန်လာခဲ့ကြသည်။

( ရှန့်အချိန် - ည ၇ နာရီမှ ၉ နာရီ)

ရွှီယွိရွှမ်ကတော့ အပြင်တွင် လျှောက်သွားရလွန်းသောကြောင့် ပင်ပန်းနေပြီး ရွှီယွဲ့ကျား၏ ရင်ခွင်ကို မှီကာ ငိုက်မြည်းနေခဲ့သည်။ ကလေးငယ်လေးက ပါးစပ်လေး အနည်းငယ်ဟလျက် အိပ်ပျော်နေပြီး တခါတရံ ဟောက်သံတိုးတိုးလေးပင် ထွက်ပေါ်နေသေးသည်။

နယ်စားမင်းအိမ်တော်တစ်ခုလုံး ခြောက်ကပ် တိတ်ဆိတ်နေပြီး လိုအပ်သည့် အပြစ်ပေးမှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြသနေသည်။ ဝမ်ယဲ့တစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသော်လည်း ပြဇာတ်ကောင်းကြီးကို လွတ်သွားသည့်အတွက် မချင့်မရဲ ဖြစ်သွားရသည်။

ရွှီယွဲ့ကျားက အိပ်ပျော်နေသည့် ကလေးငယ်ကို လာရောက်ပွေ့ချီသည့် အထိန်းတော်ကျိထံသို့ လွှဲပြောင်းပေးလိုက်ပြီး ဝမ်ယဲ့ကို လှမ်းပြောလိုက်သည်။

"မင်းကိုယ်မင်း နည်းနည်း ထိန်းသင့်တယ်"

ဝမ်ယဲ့က ပြန်ပြောလိုက်သည်။

"အခု ယောင်းမကြီးရဲ့ မျက်လုံးထဲမှာ ခဲအိုပဲ ရှိမှာပါ... ကျွန်မကို သတိထားမိဖို့ ဘယ်လို အချိန်ရှိမှာလဲ"

ရွှီယွဲ့ကျား : "......"

‘သူမကတော့ စကားပြောလိုက်တိုင်း အမြဲတမ်း အဓိပ္ပာယ်တစ်မျိုး ပြောင်းသွားအောင် ပြောနိုင်တာပဲ’

"ဟုတ်ပါပြီ... ဟုတ်ပါပြီ"

ဝမ်ယဲ့က သူ့ကို ရှေ့သို့ တွန်းလိုက်ရင်း ထပ်တိုက်တွန်းလိုက်သည်။

"အိမ်ပြန်ပြီး အိပ်ကြမယ်"

သူမ၏လက်လေး သူ၏ပခုံးကို မတော်တဆ ထိမိသွားချိန်တွင် စေးကပ်ကပ် ဖြစ်နေသည်ကို သတိပြုမိသွားသဖြင့် မေးလိုက်မိပြန်သည်။

"ဒါက ဘာလဲ"

ဝမ်ယဲ့က မသိစိတ်ဖြင့် သူမ၏လက်ဖြင့် သူ၏လက်မောင်းကို အသာပွတ်သပ်လိုက်သည်။

ရွှီယွဲ့ကျားက ဘေးသို့ စောင်းငဲ့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။

ပွတ်သပ်ပြီးနောက် ဝမ်ယဲ့က အသေအချာ ခန့်မှန်းလိုက်သည်။

"ရွှမ်အာရဲ့ တံတွေးတွေလား"

ရွှီယွဲ့ကျား၏ တုံ့ပြန်မှုက အကောင်းဆုံး သက်သေပင် ဖြစ်သည်။

ဝမ်ယဲ့က ချောင်းတစ်ချက် ခပ်ဖွဖွဆိုးလိုက်ပြီး အထိန်းတော်ကျိ ထွက်သွားသည့် လမ်းကြောင်းဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်သည်။

"ကျွန်မတို့ သူ့နောက်ကို အမှီ လိုက်သွားလို့ရသေးတယ်နော်"

ရွှီယွဲ့ကျားက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဆိုသည်။

"ထားလိုက်ပါတော့"

ဝမ်ယဲ့က တမင်တကာ တည်တင်းသော လေသံဖြင့် ပြောလိုက်သည်။

"ဘယ်လိုလုပ် ထားလိုက်လို့ရမှာလဲ... ဒီနေ့ သူ သူ့အဖေအပေါ် တံတွေးထွေးရဲတယ်၊ နောက်နေ့ကျရင် မြေပုံဆွဲရဲလိမ့်မယ်"

သူမက ချက်ချင်း စကားကို ပြန်ပြင်လိုက်သည်။

"မဟုတ်သေးဘူး... ကျွန်မ မေ့တော့မလို့၊ ရွှမ်အာက သူ့အဖေအပေါ်မှာ မြေပုံဆွဲဖူးပြီးသားပဲဟာကို"

ရွှီယွဲ့ကျား : "......"

နောက်တစ်နေ့တွင် ဝမ်ယဲ့ နိုးလာပြီးနောက်တွင် သူ ဆက်မအောင့်အီးနိုင်တော့ဘဲ သတင်းစုံစမ်းရန် လူလွှတ်လိုက်သည်။ မကြာမီမှာပင် ထောင်ကျီက သတင်းအချက်အလက်များနှင့်အတူ ပြန်ရောက်လာပြီး သတင်းပို့နေလေသည်။

"သခင်မ... လုသခင်မက မနေ့က နယ်စားမင်းနဲ့ အကြီးဆုံးသခင်လေးကို အများကြီး အပြစ်မပေးပါဘူးရှင့်၊ နယ်စားမင်းကိုတော့ မြို့တော်အနီးက စစ်စခန်းမှာ လဝက်လောက် သွားနေခိုင်းလိုက်တယ်။ ပြီးတော့ ဒီနေ့ မနက်အစောကြီးမှာ အကြီးဆုံးသခင်လေးအတွက် ခရီးဆောင်အိတ် ပြင်ဆင်ပေးပြီး ကျောင်းတော်ကို ပြန်လွှတ်လိုက်ပါပြီ"

ဝမ်ယဲ့ : "ဒါက အဖေနဲ့သားကို လုံးဝ ခွဲပစ်လိုက်တာ မဟုတ်ဘူးလား"

တစ်ယောက်က အိမ်အပြင်သို့ အနှင်ခံလိုက်ရပြီး နောက်တစ်ယောက်က ကျောင်းတော်သို့ ပြန်သွားရသည်။ နှစ်သစ်ကူးမှသာ ထိုနှစ်ယောက် ပြန်တွေ့ကြရပေတော့မည်။

ထောင်ကျီက ခေါင်းညိတ်ပြနေသည်။

"ဖြစ်နိုင်ပါတယ်ရှင့်"

ဝမ်ယဲ့က ထပ်မေးမြန်းလိုက်သည်။

"အကြီးဆုံးယောင်းမ စိတ်ဆိုးပြေသွားပြီလား"

ထောင်ကျီက ခေါင်းခါပြရင်း ပြန်ပြောလိုက်သည်။

"အဲ့ဒါတော့ ဒီအစေခံလည်း မသိပါဘူးရှင့်"

အခြေအနေကို သေချာရေရာစွာ မသိရသေးသဖြင့် ယခုအချိန်တွင် ဝမ်ယဲ့လည်း ထိုခြံဝင်းဘက်သို့ မသွားရဲသေးပေ။ သူမ သေချာစဥ်းစားပြီးနောက် လုသခင်မ၏ ဒေါသများ လုံးဝငြိမ်းသွားမည့် နောက်ထပ်ရက်အနည်းငယ်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

သုံးရက်ကုန်သွားပြီးနောက် ဝမ်ယဲ့က သူမ၏ မီးဖိုချောင်လေးမှ လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော မုန့်များကို ယူဆောင်ကာ အဓိကခြံဝင်းသို့ ဦးတည်လိုက်သည်။ သူမ ရောက်ရှိသွားချိန်တွင် လုသခင်မက ရွှီကျင့်လင်း လက်ရေးလှ လေ့ကျင့်နေခြင်းအား ကြီးကြပ်နေလေသည်။ သူမကို မြင်သော်လည်း လုသခင်မက အံ့သြမသွားဘဲ ထိုင်ရန် နေရာတစ်ခုကို ညွှန်ပြပေးနေသည်။

ဝမ်ယဲ့က ဝင်ထိုင်လိုက်ပြီးမှ လှမ်းမေးလိုက်သည်။

"မမ... ကျင့်ရုံတစ်ယောက်ရော ဘယ်သွားနေတာလဲ"

လုသခင်မက သူမကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

"သူ့ကို ကျောင်းတော်ဆီ ပြန်လွှတ်လိုက်ပြီ"

"ကျင့်ရုံ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး မမရဲ့ လမ်းညွှန်မှုအောက်ကနေ သွေဖည်သွားမှာကို မမ မစိုးရိမ်ဘူးလား"

"မစိုးရိမ်ပါဘူး... သူ့ကို ကျောင်းတော်ဆီ ပြန်မလွှတ်ခင် ကျင့်ရုံကို မျက်ခြေမပြတ် စောင့်ကြည့်ပေးဖို့ ကျန်းရွေ့ဆီ စာတစ်စောင်ရေးပေးဖို့ ဒေါ်လေးရွှီကို အထူးတလည် တောင်းဆိုခဲ့တယ်"

ထိုစကားကို ပြောပြီးချိန်တွင် လုသခင်မက ရုတ်တရက် ပြုံးလိုက်ပြီး ဆက်ပြောပြနေသည်။

"နင်က ကျန်းရွေ့ရဲ့ စရိုက်ကို မသိသေးဘူး၊ သူက တကယ့်ကို စည်းကမ်းကြီးပြီး တင်းကျပ်လွန်းတယ်၊ ကျိထန်း ငယ်ငယ်တုန်းက ပုံစံနဲ့ တော်တော်တူတယ်၊ သူ့မျက်စိအောက်မှာဆိုင် ကျင့်ရုံအတွက် သက်တောင့်သက်သာ ရှိတဲ့ ဘဝကို မမျှော်လင့်နဲ့တော့"

ဝမ်ယဲ့က နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ လုသခင်မက ရွှီကျင့်ရုံကို ကျောင်းတော်သို့ ဤမျှလွယ်လွယ်ကူကူ ပြန်သွားခွင့်ပြုခဲ့သည်က အံ့သြစရာမရှိတော့ပေ။ သူမက ထိုနေရာတွင် သူမ၏ သားအား စောင့်ကြည့်ရန် ကူညီပေးမည့်သူတစ်ဦးကို ရှာဖွေထားပြီးသား ဖြစ်နေသည်။

သို့သော်လည်း လုသခင်မက ရွှီယွဲ့ကျားကို စည်းကမ်းကြီးပြီး တင်းကျပ်သူဟု ဖော်ပြချက်အပေါ်တွင်တော့ ဝမ်ယဲ့ သံသယဖြစ်နေမိသည်။

သူ ငယ်စဥ်က ထိုမျှ တင်းမာခက်ထန်ခဲ့ဖူးလားဆိုသည်ကို ဝမ်ယဲ့ မသိသော်လည်း လက်ရှိ ရွှီယွဲ့ကျားကတော့ အလွန် ရည်မှန်းချက်ကြီးမားပြီး လိုက်လျောညီထွေအရှိဆုံး ကျောင်းသားကောင်းတစ်ယောက် ဖြစ်နေသည်ကို သူမ အသိဆုံးဖြစ်သည်။

"ဒါဆို ခဲအိုကရော..."

ဝမ်ယဲ့က ဘာမှ မသိဟန်လေးဖြင့် ထပ်မေးလိုက်ပြန်သည်။

ထိုစကားကြောင့် လုသခင်မလည်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီး သူမ၏ အတွေးကို အကဲခတ်မိသွားကာ ပြန်ပြောလိုက်သည်။

"နင့်ရဲ့ အစေခံတွေဆီကနေ အသေးစိတ် အချက်အလက်အပြည့်အစုံကို မသိရလို့ နင်ကိုယ်တိုင် လာပြီး စုံစမ်းတာမလား"

သူမ၏ အကြံအစည်လေး အမိခံလိုက်ရသော်လည်း ဝမ်ယဲ့က နောက်ဆုတ်ရန် ဆန္ဒမရှိသေးပေ။ အကြောင်းကတော့ လုသခင်မ၏ လေသံတွင် ဒေါသအရိပ်အယောင် အနည်းငယ်လေးမျှ ပါမနေသောကြောင့်ပင်။

"ကျွန်မက မမအတွက် စိုးရိမ်လို့ပါ"

လုသခင်မက ရွှီကျင့်လင်း ရေးသားထားသော လက်ရေးလှစာရွက်ကို ချလိုက်ပြီး ထပ်ပြောပြနေသည်။

"ငါ နင့်ခဲအိုကို စစ်စခန်းမှာ သွားနေဖို့ လွှတ်လိုက်တယ်၊ လဝက်လောက် သူ့အမှားကို ပြန်သုံးသပ်ခိုင်းထားတယ်၊ ငါ့ရဲ့ မောင်လေးကလည်း အဲ့ဒီမှာပဲရှိနေတော့... နင့်ခဲအိုက ငါ့မောင်လေးကို နည်းနည်း ကြောက်ရတယ်လေ"

ဝမ်ယဲ့က ချက်ချင်း သဘောပေါက်သွားခဲ့သည်။

‘ဒါက ဇနီးသည်ဘက်က ယောက်ဖကို ကြောက်ရတဲ့ ခင်ပွန်းသည်တွေရဲ့ ထုံးစံပဲ’

"ကျင့်လင်းကတော့ အခုတလော ပညာရေးပိုင်းမှာ တော်တော်လေး တိုးတက်လာပုံပဲနော်"

ဝမ်ယဲ့၏ အကြည့်က တိတ်တဆိတ် လက်ရေးလှ လေ့ကျင့်နေသည့် ရွှီကျင့်လင်းထံသို့ ကျရောက်သွားသည်။

လုသခင်မက သူမ သားငယ်လေး၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ဒီလောက် ကြက်ကင်တွေ၊ ဘဲကင်တွေ၊ ငန်းကင်တွေ အများကြီး စားထားပြီးမှ တိုးတက်မလာရင် သူ နောက်ထပ် စားစရာ မလိုတော့ဘူး"

ရွှီကျင့်လင်းက ချက်ချင်း ခေါင်းမော့လာပြီး လိမ္မာယဉ်ကျေးဟန်လေးဖြင့် ပြန်ပြောလိုက်သည်။

"‌မေမေ... သားက နည်းနည်းလေးပဲ စားခဲ့တာပါ"

ကံကောင်းထောက်မစွာဖြင့် ထိုနေ့က သူ့အဖေနှင့် အစ်ကိုကြီးတို့က သူ့ကို လျှို့ဝှက်ချန်ထားခဲ့ကြပြီး သူ ကျန်နေခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူပါ လက်ပူးလက်ကြပ် ဖမ်းမိခံရနိုင်သည်။

လုသခင်မက သူ့ခေါင်းကို ဖွဖွလေး တောက်ရင်း ပြန်ပြောလိုက်သည်။

"မငြင်းနဲ့တော့... မင်းအဖေနဲ့ အစ်ကိုကြီးက အကုန်လုံးကို ဝန်ခံပြီးပြီ"

လုသခင်မ၏ စကားက မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ရွှီကျင့်လင်းက မယုံကြည်နိုင်သော မျက်နှာပေးဖြင့် အော်ဟစ်လိုက်သည်။

"မဖြစ်နိုင်တာ"

‘သူတို့ အမေ မိသွားတဲ့ ညကတောင် သူက သူတို့အတွက် အသားမုန့်တွေ ယူသွားပေးခဲ့သေးတယ်လေ၊ သူ့အဖေနဲ့ အစ်ကိုကြီးက သူ့ကို ကတိတွေတောင် ပေးခဲ့ကြသေးတယ်’

"သစ္စာဖောက်တွေ"

ရွှီကျင့်လင်းက မကျေမနပ်ဖြစ်နေကာ လေသံတိုးတိုးဖြင့် ညည်းတွားလိုက်သည်။

‘ဒီနေ့မနက် အစောကြီး မေမေက ငါ့ကို လက်ရေးလှ ရေးဖို့ ခေါ်လိုက်တာ အံ့သြစရာမရှိတော့ဘူး။ ဒါက ငါ့ကို အပြစ်ပေးတာပဲ’

"သားလည်း သူတို့ကို တိုင်ကြားချင်တယ်"

ရွှီကျင့်လင်းက သူ့အမေ မရှိသည့်ရက်များအတွင်း သူ့အဖေနှင့် အစ်ကိုကြီးတို့ ပြုလုပ်ခဲ့သမျှ လွန်လွန်ကျူးကျူး ကိစ္စရပ်အားလုံးကို ဖော်ထုတ်ပစ်လိုက်သည်။

လုသခင်မက ငြိမ်သက်စွာ နားထောင်နေပြီး တခါတရံတွင် လိုအပ်သည်များကို ဖြည့်စွက် မေးမြန်းနေသည်။ နှစ်ဖက်စလုံး၏ ဝန်ခံချက်များကို ပေါင်းစပ်လိုက်ပြီးနောက် သူမ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တစ်ခုလုံး၏ ပုံရိပ်အပြည့်အစုံကို ဆက်စပ်မိသွားခဲ့သည်။

ဘေးမှ နားထောင်နေသော ဝမ်ယဲ့ကတော့ သူမ၏ အသက်ရှူသံ ပုံမှန်ဖြစ်အောင် မနည်းထိန်းထားရသည်။

‘ရင့်တဲ့ဂျင်းက ပိုစပ်တယ်ဆိုတာ အမှန်ပဲ’

"ဒီတစ်ကြိမ်တော့ အမေ မင်းကို အပြစ်မပေးတော့ဘူး"

လုသခင်မက ရွှီကျင့်လင်းကို အမြဲတမ်း ပြုစုခစားရသည့် အစေခံမိန်းကလေးများကို လှမ်းခေါ်လိုက်ပြီး စာရေးကိရိယာများနှင့် စာရွက်များကို သိမ်းဆည်းခိုင်းလိုက်သည်။

"ဒါပေမယ့် နောက်တစ်ကြိမ် အမေ အပြင်သွားတဲ့အခါကျရင် မင်းက အမေ့အတွက် မင်းအဖေနဲ့ အစ်ကိုကြီးကို မျက်ခြေမပြတ် စောင့်ကြည့်ပေးရမယ်၊ တကယ်လို့ ထူးဆန်းတာတစ်ခုခု ရှိလာရင် အမေ့ဆီ ချက်ချင်းလာပြောရမယ်"

"အလဲအလှယ်အနေနဲ့ကတော့... မင်းကို လဝက်တစ်ကြိမ် အိမ်တော်အပြင်က လမ်းဘေးစာစရာတွေကို စားခွင့်ပြုမယ်"

ရွှီကျင့်လင်းတစ်ယောက် ထိုအခွင့်အရေးကို မက်မောမိသော်လည်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသောကြောင့် ပြန်မေးလိုက်သည်။

"သား စားတဲ့အချိန်ကျရင် အဖေနဲ့ အစ်ကိုကြီးကို နည်းနည်း မျှဝေပေးလို့ရမလားဟင်"

သူ့အဖေနှင့် အစ်ကိုကြီးက သူ့ကို 'သစ္စာဖောက်' ခဲ့ကြသော်လည်း သူတို့က သူ့အဖေနှင့် သူ့အစ်ကိုကြီး ဖြစ်နေဆဲပင်။

လုသခင်မက အပြုံးဖြင့် ခွင့်ပြုပေးလိုက်သည်။

"အမေ မင်းအတွက် ခွင့်ပြုပေးပြီးပြီလေ... မင်း ဘယ်သူ့ကိုမဆို မျှဝေပေးလို့ရတယ်၊ အမေ တားမှာ မဟုတ်ဘူး"

ရွှီကျင့်လင်းက ဝမ်းသာအားရဖြင့် ချက်ချင်း သဘောတူလိုက်သည်။

"ဒါဆို ကျင့်လင်း သဘောတူပါတယ်"

အမှန်တကယ်တွင် လုသခင်မက ထိုသားအဖ သုံးယောက်စလုံး လမ်းဘေးစျေးသည်များထံမှ စားစရာများ မကြာခဏ ဝယ်စားခြင်းကို မနှစ်သက်ပေ။ လွန်ခဲ့သည့် နှစ်များအတွင်း ထိုကိစ္စနှင့် ပတ်သက်ပြီး သူမ ထိုသုံးယောက်နှင့် စိတ်ရောကိုယ်ပါ တိုက်ပွဲများ ဆင်နွှဲခဲ့ရဖူးသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်းမှသာ သူမ အရာအတော်များများကို တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် ဝမ်ယဲ့ ဤအိမ်တော်ထဲသို့ လက်ထပ်ဝင်ရောက်လာပြီးနောက်ပိုင်းတွင် ဖြစ်သည်။

လူများကြားမှ ဆက်ဆံရေးက အမြဲတမ်း တစ်ဖက်သတ်ဖြစ်နေ၍ မရနိုင်ချေ။ သူမ ထိုလမ်းဘေးမုန့်များကို သဘောမကျသော်လည်း၊ ထိုသားအဖသုံးယောက်၏ အကြိုက်ကို နားလည်ပေးနိုင်ရန် စတင်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့သည်။

သူမတို့ အားလုံးက တစ်လှမ်းစီ နောက်ဆုတ်ပေးကြရမည်ဖြစ်သော်လည်း ယခုတစ်ကြိမ်တော့ မဟုတ်သေးပေ။ ထိုသားအဖသုံးယောက်က သူမကို လှည့်စားရန် ပူးပေါင်းကြံစည်ခဲ့ကြသဖြင့် ထိုက်တန်သော 'အပြစ်ပေးမှု' ကို ခံယူရမည်သာ ဖြစ်သည်။

လုသခင်မကို အကဲခတ်နေသော ဝမ်ယဲ့က သူမ၏ နှုတ်ခမ်းထောင့်ရှိ ခပ်ဖျော့ဖျော့ အပြုံး မြင်သွားပြီး သူမ၏ ရည်ရွယ်ချက်ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ဝမ်ယဲ့လည်း လိုက်ပြုံးလိုက်မိပြီး ဘဝက အမှန်တကယ် နေပျော်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ရာ မကြာမီမှာပင် နှစ်သစ်ကူး နီးကပ်လာခဲ့ပြီ ဖြစ်သည်။

မနေ့က ပထမဆုံး ဆီးနှင်းများ ကျဆင်းခဲ့ခြင်းကြောင့် ဝမ်ယဲ့ စောစောစီးစီး နိုးလာခဲ့ပြီး မီးဖိုချောင်လေးကို နေ့လယ်စာအတွက် သံဒယ်အိုးဖြင့် ချက်ထားသော ငန်းသားနှပ် ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။

ယနေ့က လဆန်းတစ်ရက်နေ့ ဖြစ်သဖြင့် ထုံးစံအတိုင်း အဓိကခြံတင်း၌ နေ့လယ်စာ စားရမည့်နေ့ ဖြစ်သည်။

ယခုချက်မည့် ဟင်းလျာက လုသခင်မ လဝက်တစ်ကြိမ် စိတ်ကြိုက်စားခွင့်ပြုကတည်းက ရွှီကျင့်လင်း ရွေးချယ်ထားသောဟင်းလျာ ဖြစ်သည်။ ရွှီနယ်စားမင်း အိမ်တော်တွင် ရှိနေသည့် အချိန်တိုင်း ရွှီကျင့်လင်းက အဖေဖြစ်သူ၏ ဘေးနားတွင် အမြဲတမ်း ကပ်နေတတ်ပြီး သူ့ကို ခါထုတ်ပစ်ရန် မလွယ်ကူလှပေ။

ယခုလည်း ရွှီယွိရွှမ်နှင့် ရွှီကျင့်လင်းတို့ အနောက်ဘက်ခြံဝင်း၏ မြေကွပ်လပ်ထဲတွင် ဆီးနှင်းများနှင့် ဆော့ကစားနေကြသည်။

ရွှီကျင့်ရုံက နောက်ထပ် ဆယ်ရက်နေမှ ပြန်လာမည်ဖြစ်ပြီး ရွှီကျင့်လင်းက အရှေ့ဘက်ဆောင်တွင် နေထိုင်သဖြင့် သူ့အတွက် ကစားဖော်မရှိတော့ပေ။ လွန်ခဲ့သည့် နှစ်လအတွင်း ရွှီယွိရွှမ်က အရှေ့ဘက်ဆောင်သို့ သွားပြီး သူ့ကို အဖော်ပြုပေးခြင်း သို့မဟုတ် သူက ဤဘက်သို့လာပြီး ရွှီယွိရွှမ်ကို အဖော်ပြုပေးခြင်းတို့ ပြုလုပ်ကြသည်။

ဝမ်ယဲ့၏ အကြည့်က ပြတင်းပေါက်မှတဆင့် မီးဖိုဘေး၌ လက်ဖက်ရည် ဖျော်နေသည့် အမျိုးသားထံသို့ ရောက်ရှိသွားကာ လှမ်းခေါ်လိုက်သည်။

"ယောက်ျား"

ရွှီယွဲ့ကျားက မျက်လွှာပင် မပင့်ဘဲ ပြန်ပြောလိုက်သည်။

"ရတော့မယ်"

စလင်းပြာရောင် ကျောက်စိမ်း လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည်က ဖျော့တော့တော့အရောင် ရှိပြီး မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်နေသည်။ နောက်ဆုံးတွင် ရွှီယွဲ့ကျားက လက်ဖက်ရည်ကို ခွက်တစ်ခုထဲသို့ ငှဲ့ပြီးနောက် ဝမ်ယဲ့ကို ကမ်းပေးရင်း တိုက်တွန်းလိုက်သည်။

"မြည်းကြည့်ဦး"

ဝမ်ယဲ့က ချက်ချင်း လှမ်းယူလိုက်ပြီး တစ်ငုံသောက်လိုက်ကာ ချီးမွမ်းသည့် မျက်နှာအမူအရာကို ဆင်မြန်းလျက် သက်တောင့်သက်သာ ပြန်ပြောလိုက်သည်။

"လက်ဖက်ရည်တွေ အများကြီး သောက်ဖူးပေမယ့်... ယောက်ျား ဖျော်ပေးတဲ့ လက်ဖက်ရည်က အကောင်းဆုံးပဲ"

ဝမ်ယဲ့ ထိုစကားကို ပထမဆုံးအကြိမ် ပြောခဲ့သည်က လွန်ခဲ့သော တစ်လကျော်က ဖြစ်ပြီး ရွှီယွဲ့ကျားက ထိုအချိန်မှစ၍ သူမ၏ စကားကို အလေးအနက် မှတ်သားထားခဲ့သည်။

မကြာသေးမီရက်များအတွင်း သူ အားလပ်ချိန်ရတိုင်း ထိုနေရာတွင် ထိုင်ကာ လက်ဖက်ရည်ကို သေသေချာချာ ဂရုတစိုက် ဖျော်ပေးလေ့ရှိသည်။

ကံကောင်းထောက်မစွာဖြင့် သူ့၏ လက်ဖက်ရည်ဖျော်ပညာက အမှန်တကယ် ထူးခြားပြောင်မြောက်လှသည်။ ထိုသို့မဟုတ်ပါက ဝမ်ယဲ့တစ်ယောက် မည်မျှအထိ ထပ်ပြီး သည်းခံနိုင်မည်မှန်း မသေချာနိုင်ပေ။

ထိုအချိန်တွင် အပြင်ဘက်၌ ဆီးနှင်းလူရုပ်လုပ်ရင်း ပျော်ရွှင်နေသော ရွှီယွိရွှမ်က အပြာရောင်ဂွမ်းခံအင်္ကျီကို ဝတ်ဆင်ကာ ထူထဲနူးညံ့သော အပေါ်ရုံအင်္ကျီကြီးကို ခြုံလျက် အခန်းထဲသို့ ရုတ်တရက် အပြေးအလွှား ဝင်ရောက်လာခဲ့သည်။

တစ်နှစ်တာ အချိန်ကာလ ကုန်လွန်သွားခဲ့ပြီဖြစ်သောကြောင့် သူ အရပ်ပိုရှည်လာပြီး ယခင်နှစ်ကလောက် ဖောင်းတုတ်နေခြင်း မရှိတော့သော်လည်း ပါးပြင်လေးများကတော့ ဖောင်းအိနေဆဲပင်။

ရွှီယွိရွှမ်က ဝမ်ယဲ့ကို ဆွဲလှုပ်ရင်း ပြောနေလေသည်။

"မေမေ... ရွှမ်အာလုပ်ထားတဲ့ နှင်းလူရုပ်လေးကို လာကြည့်ပါဦးနော်"

ကျောင်းပိတ်ရက်ရောက်နေသည့် ကလေးများတွင် အကန့်အသတ်မဲ့ အားအင်များ ရှိနေပုံသည်။

‘အဘိုးကြီးရှီပိုင်လီ ထွက်မသွားခင်တုန်းက ရွှီယွိရွှမ်အတွက် ကျောင်းပိတ်ရက် အိမ်စာတွေ အများကြီး ပြင်ဆင်ပေးခဲ့တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ ဒီကောင်လေးက ဘာလို့ အရေးတကြီးလုပ်ရမယ်ဆိုတဲ့ စိုးရိမ်စိတ်မျိုး အရိပ်အယောင်လေးတောင် မရှိရတာလဲ’

ဝမ်ယဲ့က နူးညံ့သော ကျောမှီကုတင်ပေါ်တွင် ပျင်းရိစွာ မှီထိုင်နေရင်း ခေါင်းခါပြကာ ငြင်းဆန်လိုက်သည်။

"မေမေ မလှုပ်ချင်တော့ဘူး"

ရွှီယွိရွှမ်က အနည်းငယ် စိတ်ပျက်သွားပုံရသော်လည်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် အော်ပြောလိုက်ပြန်သည်။

"ဒါဆို ဖေဖေ့ကို ခေါ်ပြီး မေမေ့ကို ချီခိုင်းလိုက်ရမလား"

ထိုသို့ပြောပြီးနောက် သူက ဘေးနားတွင် ရှိနေသော ရွှီယွဲ့ကျားကို မျှော်လင့်ချက်များပြည့်နေသော မျက်လုံးလေးများဖြင့် လှမ်းကြည့်နေသည်။

ခြံဝင်းထဲတွင် လူပေါင်းများစွာ ရှိနေသည်ဖြစ်ရာ ယခုလိုအချိန်၌ ရွှီယွဲ့ကျားက သူမကို ပွေ့ချီခြင်းက အလွန်ပင် မသင့်တော်လှပေ။

‘ထားပါတော့.... ဒါကို ညအတွက် သိမ်းထားတာက ပိုကောင်းပါတယ်လေ’

ထို့ကြောင့် ဝမ်ယဲ့က ရွှီယွဲ့ကျားအား အဓိပ္ပာယ်ပါပါ တစ်ချက် လှမ်းကြည့်လိုက်သည်။

ရွှီယွဲ့ကျားက သူလက်ထဲမှ လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး မီးဖိုထဲမှ မီးသွေးခဲများကို ညှပ်ဖြင့် သေသေချာချာ ပြန်ချိန်ညှိနေသည်။ အရာအားလုံး အဆင်ပြေသွားပြီ ဖြစ်ကြောင်း သေချာစေပြီးနောက်တွင်မှ သူက မတ်တပ်ထရပ်ကာ မီးဖိုကို ပတ်ပြီး ရွှီယွိရွှမ်ထံသို့ လျှောက်သွားကာ သူ့ကို ငုံ့ချီလိုက်သည်။

ရွှီယွိရွှမ်က ပင်ကိုယ်သိစိတ်အရ ရွှီယွဲ့ကျား၏ လည်ပင်းကို ဖက်တွယ်ထားရင်း ဇဝေဇဝါမျက်နှာလေးဖြင့် မေးခွန်းထုတ်ချင်သလို ပြုမူနေသည်။

"ဖေဖေ"

ရွှီယွဲ့ကျားက သူ့ကို တစ်ချက်ကြည့်ကာ ပြန်မေးလိုက်သည်။

"မင်းပဲ ချီခိုင်းနေတာ မဟုတ်ဘူးလား"

ရွှီယွိရွှမ်ခင်မျာ ပါးစပ်အဟောင်းသားလေး ဖြစ်သွားပြီး အချိန်အတော်ကြာမှ ပြန်တုံ့ပြန်နိုင်ရှာသည်။

"ရွှမ်အာကို မဟုတ်ဘူးလေ...မေမေ့ကို ပြောတာ"

ရွှီယွဲ့ကျားက တည်ငြိမ်စွာပင် "အင်း" ဟု ပြန်ထူးလိုက်ပြီး ဆက်ပြောသည်။

"မင်းအမေက သဘောတူတယ်"

ထို့နောက် သူက အပြင်ဘက်သို့ ခြေလှမ်းစတင် လှမ်းလိုက်တော့သည်။

ဝမ်ယဲ့က နှုတ်ခမ်းထောင့်လေးများကို ကွေးညွတ်ကာ ပြုံးလိုက်ပြီး ပြတင်းပေါက်အပြင်သို့ လှည့်ကြည့်လိုက်သည်။ သိပ်မကြာမီမှာပင် ဆီးနှင်းပွင့် ဖျော့ဖျော့လေးများ လေထဲသို့ ပျံဝဲကျဆင်းနေသည့် ကြားတွင် ရွှီယွဲ့ကျားက ရွှီယွိရွှမ်ကို ချီလျက် အရွယ်အစားအမျိုးမျိုးရှိသော နှင်းလူရုပ်များ၏ ရှေ့၌ ရပ်နေသည်ကို သူမ မြင်လိုက်ရသည်။

ရွှီယွဲ့ကျား၏ ရင်ခွင်ထဲတွင် ရှိနေသော ရွှီယွိရွှမ်က အလယ်မှ နှင်းလူရုပ်ကို လက်ညှိုးထိုးပြကာ ပြောနေလေသည်။

"ဒါက ‌မေမေ"

ထိုနှင်းလူရုပ်၏ ခေါင်းပေါ်တွင် သူ စာရေးလေ့ကျင့်ရင်း ပျက်စီးသွားသော စာရွက်တစ်ရွက် အုပ်ထားသည်။ ၎င်းက ဝမ်ယဲ့ ပုံမှန်ဖတ်လေ့ရှိသည့် ဝတ္ထုစာအုပ်များကို ကိုယ်စားပြုပုံရသည်။

ထို့နောက် သူက ဘေးနားရှိ အသေးဆုံးနှင်းလူရုပ်ထံသို့ အကြည့်ရွှေ့ပြီး ထပ်ပြောနေပြန်သည်။

"ဒါကတော့ ရွှမ်အာ"

သူက သူ့ကိုယ်သူ ပြန်ညွှန်ပြနေသေးသည်။

ထိုနှင်းလူရုပ်လေး၏ ခေါင်းပေါ်တွင်တော့ တစ်ဝက်ခန့် စားထားသည့် ဆီးသီးမုန့်တစ်ခု တန်ဆာဆင်ထားသည်။

နောက်ဆုံးတွင် အနည်းငယ် လှမ်းသောနေရာ၌ ညစ်ပတ်ပေရေနေပြီး သုံးခုထဲတွင် ပုံပန်းသဏ္ဍာန် အဆိုးဆုံးဖြစ်သော နှင်းလူရုပ်တစ်ခု ရှိနေသည်။

၎င်း၏ ခေါင်းပေါ်တွင်လည်း ထင်းရှူးခက်များစွာ ဆင်မြန်းပေးထားသည်။

ထိုထင်းရှူးခက်များက လတ်ဆတ်ပြီး စိမ်းလန်းနေသဖြင့် လောလောလတ်လတ် ခူးဆွတ်ထားခြင်း ဖြစ်မှန်း သိသာနေသည်။

ထို့နောက် ရွှီယွိရွှမ်က သူ၏နုနယ်လှသော အသံလေးဖြင့် ယုံကြည်မှုရှိရှိ ကြေညာလိုက်သည်။

"ဒီတစ်ခုကတော့ ဖေဖေ"

ရွှီယွဲ့ကျားက နှင်းလူရုပ်၏ ခေါင်းပေါ်မှ အစိမ်းရောင်များကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်မေးလိုက်သည်။

"ဒါကို အဲ့ဒီမှာ တင်ဖို့ ဘယ်သူသင်ပေးတာလဲ"

ရွှီယွိရွှမ်က သူ၏ရင်ဘတ်ကို သူ လက်ညှိုးထိုးကာ အခိုင်အမာ ပြန်ပြောလိုက်သည်။

"ရွှမ်အာ ကိုယ်တိုင်လုပ်တာ၊ ကြည့်လို့ လှတယ်လို့ ထင်လို့လေ"

"ပြီးတော့ ဖေဖေ နေ့တိုင်း အပြင်သွားရင် ဦးထုပ်ဆောင်းတယ်မဟုတ်လား... အဲ့ဒါကြောင့် ဒါက ဖေဖေ့ဦးထုပ်ပဲ"

ရွှီယွဲ့ကျား : "..."

All Chapters