← Chapters

အခန်း ၉၉

Vol. 10 Ch. 99 - extra 3

အခန်း ၉၉

Vol. 10 Ch. 99 - extra 3

အခန်း ၉၉ အချပ်ပို ၃

နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၆)

အချိန်များက တစ်ခဏချင်း ကုန်လွန်သွားခဲ့ရာ ရွှီကျင့်ရုံလည်း အသက်ဆယ့်ခုနစ်နှစ်အရွယ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လုသခင်မကလည်း သူမ၏သားဖြစ်သူအတွက် သင့်တော်မည့် မိန်းကလေးတစ်ယောက်ကို ရှာဖွေပေးရန် စတင်စဉ်းစားရတော့မည်ဟု ယူဆလာခဲ့သည်။

ရွှီကျင့်ရုံက ကိုးနှစ်အရွယ်တွင် စုန့်ရှန်ကျောင်းတော်သို့ ဝင်ရောက်ခဲ့ပြီး ဆယ့်ငါးနှစ်အရွယ်တွင် နန်းတွင်းစာမေးပွဲကို အောင်မြင်ခဲ့သည်။ ထို့နောက် လုသခင်မက သူ့ကို စစ်တပ်စခန်းတွင် အတွေ့အကြုံ ရှာဖွေခွင့်ပေးခဲ့သည်။

သူ၏ ပညာရေးစွမ်းဆောင်ရည်က သာမန်မျှသာဖြစ်သော်လည်း ရွှီနယ်စားအိမ်တော်၏ အမွေဆက်ခံသူဖြစ်သည့် ထိုလူငယ်လေးက ရုပ်ရည်ချောမောပြီး မည်သည့်အချစ်ရေး ရှုပ်ထွေးမှုမျိုးမှလည်း မရှိခဲ့ပေ။ ထို့ကြောင့် မြို့တော်ရှိ မြင့်မြတ်သော မိသားစုဝင်များစွာတို့က သူ့ကို သားမက်အဖြစ် လိုလားနေကြသည်။

လုသခင်မအနေဖြင့် လူသိရှင်ကြား ပြောစရာပင် မလိုဘဲ သူမ၏ သားအကြီးဆုံးအတွက် သတို့သမီးလောင်းများကို စုံစမ်းမေးမြန်းနေသော လူများစွာရှိပြီး ဝေးလံသည့် ဆွေမျိုးသားချင်းများပင် ပါဝင်နေလေသည်။

သို့သော် လုသခင်မက စုန့်မိသားစုကို စိတ်ထဲမှ တွေးထားပြီး ဖြစ်သည်။ စုန့်အဘိုးအိုက မင်းဆက်သုံးဆက်တိုင် အမှုထမ်းခဲ့ဖူးသည့် လေးစားဖွယ် အကြီးအကဲတစ်ယောက်ဖြစ်ပြီး၊ သူ၏မျိုးဆက်များက ထူးချွန်ထက်မြက်သည်ဟု မဆိုနိုင်သော်လည်း ရိုးသားဖြောင့်မတ်ကြကာ မည်သည့်အရှုပ်တော်ပုံမျိုးမှလည်း မရှိကြချေ။

လုသခင်မက စုန့်မိသားစု၏ အဓိကမိသားစုမှ အကြီးဆုံးသမီးလေးကို ပန်းကြည့်ပွဲတစ်ခုတွင် ခဏတာ တွေ့ဆုံခဲ့ဖူးသည်။ ထိုမိန်းကလေးက ဂုဏ်သိက္ခာရှိပြီး နူးညံ့သိမ်မွေ့ကာ သူမ၏တုံ့ပြန်မှုများက ရိုင်းစိုင်းခြင်း သို့မဟုတ် မာနထောင်လွှားခြင်းမရှိဘဲ ထူးခြားသော တည်ငြိမ်မှုကို ပြသနေသည်။

လုသခင်မက သူမ၏ စိတ်ကူးကို ဝမ်ယဲ့အား ပြောပြခဲ့သည်။

ထိုအကြောင်းကို ကြားပြီးနောက် ဝမ်ယဲ့က ပြန်ပြောလိုက်သည်။

"စုန့်မိသားစုရဲ့ သမီးလေးက အရမ်းငယ်သေးတယ် မဟုတ်လား၊ သိပ်မကြာခင်ကမှ အရွယ်ရောက်လာတာလေ"

ဝမ်ယဲ့ကလည်း ထိုပန်းကြည့်ပွဲကို တက်ရောက်ခဲ့ဖူးသဖြင့် ထိုမိန်းကလေးကို မရေမရာ မှတ်မိနေသည်။

"အဲ့ဒါက မနှစ်ကလေ၊ အခု စုန့်မိသားစုရဲ့ သမီးလေးက ဆယ့်ခြောက်နှစ်ရှိနေပြီ၊ စုန့်သခင်မကလည်း သူ့သမီးအတွက် သင့်တော်မယ့်သူကို ရှာနေမှာပဲ"

"ဒါဆို စုန့်သခင်မနဲ့ တွေ့ဆုံဖို့ စီစဉ်လိုက်ရမလား"

"ဖိတ်စာ ပို့ပြီးပြီ၊ သဘက်ခါ ပူချင်းဘုရားကျောင်းမှာ ဘုရားသွားကန်တော့ရင်း တွေ့ကြမယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့က ပြုံးစစဖြင့် မှတ်ချက်ပြုလိုက်သည်။

"မြို့တော်ပြင်ပက ပူချင်းဘုရားကျောင်းကို 'မြို့တော်ရဲ့ အောင်သွယ်အဆောက်အအုံ' လို့တောင် နာမည်ပြောင်းလို့ ရနေလောက်ပြီ"

"နင်လည်း ငါနဲ့ လိုက်ခဲ့ရမယ်"

လုသခင်မက ဝမ်ယဲ့ ငြင်းပယ်မည်ကို ကြောက်နေသည့်အလား အလောတကြီး ထပ်ပြောလိုက်သည်။

"ကောင်းပါပြီ၊ ကျွန်မ မမနဲ့အတူတူ လိုက်ပြီး အခြေအနေကို စောင့်ကြည့်ပေးပါ့မယ်"

ဝမ်ယဲ့က ရယ်မောရင်း ပြန်ပြောလိုက်သည်။

"ဒါမှပေါ့”

လုသခင်မလည်း ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်သည်။

စုန့်မိသားစုဘက်တွင်လည်း စုန့်သခင်မက ရွှီနယ်စားအိမ်တော်မှ ဖိတ်စာကို ရရှိသွားပြီး အနည်းငယ် အံ့အားသင့်နေခဲ့သည်။

စုန့်မိသားစုက နန်းတွင်းတွင် အမြဲတမ်း နှိမ့်ချစွာ နေထိုင်လေ့ရှိကြပြီး စုန့်အဘိုးအိုကလည်း အမြဲတမ်း နှိမ့်ချနေထိုင်ရန် မှာကြားလေ့ရှိသည်။ သူတို့က ထိပ်တန်းမိသားစုများထဲတွင် မပါဝင်သလို အောက်ခြေမိသားစုလည်း မဟုတ်ပေ။ စုန့်သခင်မကိုယ်တိုင်လည်း သူမ၏ အကြီးဆုံးသမီးအတွက် အဆင့်တူ သို့မဟုတ် အနည်းငယ်နိမ့်သည့် မိသားစုမျိုးကိုသာ ရှာဖွေပေးရန် စဉ်းစားနေခဲ့ခြင်းဖြစ်သည်။

စုန့်သခင်ကြီးကလည်း ထိုဖိတ်စာအကြောင်းကို သိရှိသွားပြီး စိုးရိမ်စိတ်ဖြင့် မေးနေခဲ့သည်။

“ရွှီနယ်စားအိမ်တော်က ငါတို့နဲ့ ယှဉ်ရင် အဆင့်အတန်း အရမ်းမြင့်မနေဘူးလား၊ လင်းယိ အဲ့ဒီအိမ်တော်ကို ရောက်သွားရင် အနှိမ်ခံရမှာ စိုးရိမ်မိတယ်"

စုန့်သခင်မက နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်သည်။

"ဟွန့်... အဆင့်နိမ့်တဲ့ မိသားစုကို လက်ထပ်ဝင်သွားရင်ရော... သူ ပျော်ရွှင်နေမယ်လို့ ရှင် အာမခံနိုင်လို့လား၊ နယ်စားမင်းအိမ်တော်လို နေရာမျိုးဆိုရင် အနည်းဆုံးတော့ သူ့ကို အခြေခံလေးစားမှု ပေးပြီး ဂုဏ်သိက္ခာရှိရှိနဲ့ တန်ဖိုးထားဆက်ဆံမှာပေါ့"

သူမက သူမ၏သမီးကို ခင်ပွန်းသည်၏ အိမ်ထောင်စုအတွက် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ပေးရပြီး အသိအမှတ်ပြုခြင်းလည်း မခံရမည့် မိသားစုမျိုးသို့ ပေးစားလိုစိတ် လုံးဝမရှိချေ။

စုန့်သခင်ကြီးကလည်း သမီးဖြစ်သူ၏ ပျော်ရွှင်မှုကို လိုလားသူဖြစ်သောကြောင့် မယုတ်မလွန် ပြောလိုက်သည်။

"ဒါဆိုလည်း တွေ့ကြည့်ကြတာပေါ့၊ ငါလည်း အဖေ့ကို ဒီအကြောင်း ပြောပြထားလိုက်မယ်"

သူ ထွက်ခွာသွားခါနီးတွင် စုန့်သခင်ကြီးက ထပ်ပြောလိုက်ပြန်သည်။

"တွေ့ဆုံမှုက ဘယ်လိုပဲ ဖြစ်ဖြစ်၊ လင်းယိရဲ့ အိမ်ထောင်ရေးကိစ္စကိုတော့ အမြန်ဆုံး အဆုံးသတ်ရမယ်"

စုန့်သခင်မကလည်း ထိုအခြေအနေကို နားလည်နေခဲ့သည်။ သူမလည်း အရာရာတိုင်း ချောမွေ့စေရန် မျှော်လင့်နေမိသည်။ သူမ အရင်က စဉ်းစားထားခဲ့သည့် မိသားစုများက ယခု ရွှီနယ်စားမင်းအိမ်တော်နှင့် ယှဉ်လိုက်လျှင် အဆင့်မမီတော့သလို ခံစားနေရသည်။

လုသခင်မ၏ စိတ်ဝင်စားမှုနှင့် စုန့်သခင်မ၏ သဘောတူညီမှုတို့ကြောင့် ပူချင်းဘုရားကျောင်း၌ တွေ့ဆုံပွဲက အလွန်ပင် ချောမွေ့သွားခဲ့သည်။

ယခု ကျန်ရှိနေသည်မှာ လာမည့်လတွင် စစ်တပ်စခန်းမှ ရွှီကျင့်ရုံ ပြန်လာရန်သာဖြစ်သည်။ သူ ပြန်ရောက်လျှင် စုန့်မိသားစု၏ သမီးလေးနှင့် တွေ့ဆုံနိုင်မည် ဖြစ်ပြီး အကယ်၍ လူငယ်များက ကျေနပ်ကြလျှင် မင်္ဂလာကိစ္စကို အပြီးသတ် ဆုံးဖြတ်ကြမည် ဖြစ်သည်။

ပူချင်းဘုရားကျောင်းမှ ပြန်ရောက်ပြီးနောက် ဝမ်ယဲ့က ဤကိစ္စကို ရွှီယွဲ့ကျားအား ပြောပြနေသည်။ စပျစ်သီးကို အခွံနွှာနေသော ရွှီယွဲ့ကျားက အခွံနွှာပြီးသား စပျစ်သီးတစ်လုံးကို သူမလက်ထဲ ထည့်ပေးရင်း ပြန်ပြောလိုက်သည်။

"စုန့်မိသားစုက ရွေးချယ်သင့်တဲ့ မိသားစုပါပဲ"

ဝမ်ယဲ့က စပျစ်သီးကို စားနေရင်း ထိုင်ချလိုက်ကာ ပြန်ပြောလိုက်သည်။

"ဒါပေါ့၊ ယောင်းမနဲ့ ကျွန်မရဲ့ လူရွေးချယ်မှုက ဘယ်တော့မှ မမှားခဲ့ဖူးဘူး"

ရွှီယွဲ့ကျားက သူမကို ခဏတာ စိုက်ကြည့်နေပြီးမှ ဘာမှပြန်မပြောဘဲ စပျစ်သီးကို ဆက် အခွံနွှာနေခဲ့သည်။

လုသခင်မကတော့ စိတ်အေးလက်အေး ဖြစ်နေပြီ ဖြစ်သော်လည်း ဝမ်ယဲ့ကတော့ စိုးရိမ်စပြုလာသည်။

"ယောက်ျား... ကျင့်ရုံ လက်ထပ်ပြီးသွားရင် ကျွန်မတို့ကို အိမ်တော်ကနေ နှင်ထုတ်လိုက်မှာလား"

ရွှီနယ်စားမင်းအိမ်တော်တွင် ဆယ်နှစ်နီးပါး နေထိုင်ခဲ့ရသည့် ဝမ်ယဲ့က လုသခင်မ၏ ဂရုစိုက်မှုကို အသားကျနေပြီ ဖြစ်ကာ သူမနှင့် ခွဲခွာသွားရမည်ကို တွေးပင် မတွေးရဲတော့ပေ။

ဝမ်ယဲ့က သက်ပြင်းချရင်း ဆက်ပြောနေပြန်သည်။

"ဒါပေမယ့် ကျွန်မ အိမ်မပြောင်းချင်ဘူး၊ ယောင်းမနဲ့ တခြားသူတွေကို အရမ်း လွမ်းနေရမှာ"

ရွှီယွဲ့ကျားက သူမ၏ စိုးရိမ်မှုကို အရေးမစိုက်သော်လည်း သူမကို နှစ်သိမ့်သည့်အနေဖြင့် ပြန်ပြောလိုက်သည်။

"ကိုယ်တို့ အိမ်ပြောင်းရရင်တောင် လမ်းဘေးရောက်မှာ မဟုတ်ပါဘူး"

ဝမ်ယဲ့က သူ့ဘက်သို့ လှည့်ကာ မေးလိုက်ပြန်သည်။

"အိမ်ပြောင်းရင် အိမ်မှုကိစ္စတွေကို ရှင် တာဝန်ယူမှာလား"

ထို့နောက် သူမက စတင်တွက်ချက်နေပြန်သည်။

"ရွှမ်အာက အခုမှ ဆယ့်တစ်နှစ်ပဲ ရှိသေးတယ်၊ သူ အိမ်ထောင်ပြုဖို့ဆိုရင် အနည်းဆုံး ခြောက်နှစ် ဒါမှမဟုတ် ခုနစ်နှစ်လောက်တော့ စောင့်ရဦးမှာ၊ အဲ့ဒီအချိန်လောက်ထိပဲ ရှင် စီမံခန့်ခွဲပေးရမှာပါ"

ရွှီယွဲ့ကျား ခဏမျှ စဉ်းစားပြီးနောက် သူ့လေသံကို ချက်ချင်း ပြောင်းလိုက်သည်။

"ကိုယ် အစ်ကိုကြီးနဲ့ ဆွေးနွေးစရာရှိလို့ ပင်မခြံဝင်ကို ခဏသွားလိုက်ဦးမယ်"

ဝမ်ယဲ့က ပြန်မေးလိုက်သည်။

"ဘာများ ပြောစရာ ရှိလို့လဲ"

ရွှီယွဲ့ကျားက သူမ၏မျက်ဝန်းကို စိုက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။

"နောက်ပိုင်း မရီးနဲ့ အတိုက်အခံ မလုပ်ဖို့ သူ့ကို သတိပေးမလို့ပါ"

ဝမ်ယဲ့ကလည်း သူ့ဆိုလိုရင်းကို သဘောပေါက်သွားပြီး ပြန်ပြောလိုက်သည်။

"ဒါဆို ကျွန်မလည်း ဆေးဖက်ဝင် ဟင်းလျာအသစ်လေးတွေ သွားဖန်တီးလိုက်ဦးမယ်"

နောက်ဆုံးတွင် ဇနီးမောင်နှံနှစ်ယောက် အလွန်လျင်မြန်စွာ သဘောတူညီမှု ရရှိသွားကြသည်။

.......။......။.....

နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၇)

ယခုနှစ်ထဲတွင် အိမ်ထောင်ဖက် ရှာဖွေသူများ ပိုများလာပုံရသည်။ ဝမ်ရန် အရွယ်ရောက်လာသည့်နှစ် အစောပိုင်းကတည်းက သခင်မရှန်းလည်း သူမအတွက် သင့်တော်မည့်သူကို ဖြည်းဖြည်းချင်း စတင်ရှာဖွေနေပြီဖြစ်သည်။ ဝမ်ယဲ့လည်း ထိုသတင်းကို ကြားရသဖြင့် အိမ်သို့ ပြန်သွားခဲ့သေးသည်။

ဘက်လိုက်မှုမရှိဘဲ ပြောရလျှင် သခင်မရှန်း ရွေးချယ်ထားသော မိသားစုများအားလုံးင အတော်လေး ကောင်းမွန်နေသည်။ ဝမ်ရန်ကလည်း အလွန်လှပပြီး ထက်မြက်ကာ နန်းတွင်း၌ ချန်လဲ့မင်းသမီး၏ စာသင်ဖော်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။ သူမက မင်းသမီးနှင့်လည်း ရင်းနှီးမှုရှိသည်။

သို့သော် သခင်မရှန်းအနေဖြင့် မည်သည့်မိသားစုနှင့်မျှ ဆက်သွယ်မှု မပြုလုပ်ရသေးခင်မှာပင် နန်းတော်မှ ထူးဆန်းသော အမိန့်တော်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းက အိမ်ရှေ့စံကြင်ယာတော် ရွေးချယ်မည်ဟူသော အမိန့် ဖြစ်သည်။

အမိန့်တော်ထက် ပိုသည်က ရွေးချယ်မည့် စံနှုန်းက လူတိုင်းအား တုန်လှုပ်ချောက်ချားသွားစေခဲ့ခြင်းပင်။

စာမေးပွဲမေးခွန်းများကို အိမ်ရှေ့စံမင်းသားကိုယ်တိုင် မေးခွန်းထုတ်မည်ဖြစ်ပြီး ဧကရာဇ်မင်းမြတ်၊ ဧကရီ၊ မယ်တော်မိဖုရားကြီးနှင့် ကြင်ယာတော်ရှုတို့က မေးခွန်းများ ပြုစုရာတွင် ကူညီပေးမည်ဖြစ်သည်။ အမှတ်အများဆုံး ရရှိသူက အိမ်ရှေ့စံကြင်ယာတော် ဖြစ်လာပေလိမ့်မည်။

အစပိုင်းတွင် ဧကရာဇ်မင်းမြတ်က ထိုအကြံအစည်ကို လုံးဝ လက်မခံဘဲ အဓိပ္ပာယ်မရှိဟု ယူဆခဲ့သည်။ သူက အိမ်ရှေ့စံမင်းသား၏ အကြံအစည်ကို ပြောင်းလဲနိုင်ရန် လူအများကို စုစည်းစေကာ အကြံပေးစေခဲ့သည်။ သို့သော် အိမ်ရှေ့စံမင်းသားကတော့ သူ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားခဲ့သည်။

မယ်တော်မိဖုရားကြီးနှင့် ကြင်ယာတော်ရှုတို့ကတော့ အလှပြသက်သက်သာ တက်ရောက်ကြခြင်း ဖြစ်သည်။ သူမတို့က လူငယ်များ၏ လမ်းကြောင်းကို သူတို့ဘာသာ ရွေးချယ်သင့်သည်ဟု ယုံကြည်ကြသဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ကြပေ။ သို့သော် ဧကရီကတော့ ဝတ်ကျေတန်းကျေ မေးခွန်းတစ်ခု မေးမြန်းခဲ့သည်။

"ဘာလို့ ဒီလောက် ထူးဆန်းပြီး ထုံးစံမရှိတဲ့ ရွေးချယ်မှုမျိုးကို လုပ်ရတာလဲ"

အိမ်ရှေ့စံမင်းသားက အလေးအနက် ပြန်ဖြေခဲ့သည်။

"သားတော်က နောက်ထပ် အံ့အားသင့်စရာတွေကို ထပ်မလိုချင်တော့လို့ပါ"

သူက ပြောနေရင်းနှင့်ပင် သူ၏ခမည်းတော်နှင့် သူ့ဦးရီးတော်ဝမ်မင်းသားကို တစ်ချက် လှမ်းကြည့်လိုက်သေးသည်။

ဧကရာဇ်နှင့် ဝမ်မင်းသား : "..."

'ဒီအကြည့်ရဲ့ အဓိပ္ပာယ်က ဘာလဲ...'

ဤစကားကို ကြားပြီးနောက် ဧကရီလည်း တိတ်ဆိတ်သွားခဲ့ပြီး ထပ်မံတားဆီးရန် မကြိုးစားတော့ပေ။

‘ဘာပဲဖြစ်ဖြစ်ပါ၊ တာ့ကျင်းမင်းဆက်ရဲ့ အနာဂတ်အုပ်ချုပ်သူက အနည်းဆုံးတော့ ဉာဏ်ရည်ထက်မြက်ရမယ်’

......။.......။.....

နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၈)

နောက်ထပ် နှစ်သစ်ကူးညတစ်ည ရောက်ရှိလာပြန်သည်။ ရွှီနယ်စားအိမ်တော်မှ မိသားစုဝင်များအားလုံး ဘိုးဘေးခန်းမတွင် စုဝေးပြီး ဂါရဝပြုနေကြသည်။ ရွှီယွိရွှမ်က ဘိုးဘေးများနှင့် စကားပြောရန် အကြောင်းပြချက်များ ရှိနေခြင်းကြောင့်လားမသိသော်လည်း မကြာသေးမီနှစ်များအတွင်း သူ အမြဲတမ်း နောက်ဆုံးမှ ပြန်ထွက်လာလေ့ရှိသည်။

သူ ကိုးနှစ်သားအရွယ်တွင် ရွှီယွိရွှမ်က သူ၏မူလဇစ်မြစ်အမှန်ကို သိရှိသွားခဲ့သည်။ ယခု ဆယ့်နှစ်နှစ်အရွယ်သို့ ရောက်လာချိန်တွင်တော့ သူလည်း ချောမောခန့်ညားသော လူငယ်လေးတစ်ယောက် ဖြစ်နေချေပြီ။ သို့သော်လည်း စေ့စေ့စပ်စပ် လေ့လာကြည့်လျှင်တော့ ဤလူငယ်လေးက စကားပြောရသည်ကို အလွန်နှစ်သက်သူတစ်ယောက် ဖြစ်မှန်း သိရပေလိမ့်မည်။

သူက ဖြစ်ပျက်သမျှ အသေးစိတ်အစုံအလင်ကို ပြန်ပြောပြနိုင်သည်။ သူ စားခဲ့သည့် ဖက်ထုပ်၏ အဆာသွပ်က ဘယ်လောက် ငန်သည်ကိုပင် တိတိကျကျ ပြောပြနိုင်သည်။ ထိုအကြောင်းကို ပြောပြီးသည်နှင့် ရွှီယွိရွှမ်က ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ပြောလာပြန်သည်။

"အော်... ဟုတ်ပြီ၊ ဒေါ်လေး... ကျွန်တော် ဒေါ်လေးနဲ့ ဆွေးနွေးစရာရှိသေးတယ်"

သူက တုံ့ပြန်မှုတစ်ခုခု ရလိမ့်မည်ဟု မျှော်လင့်ရင်း ခဏမျှ ရပ်တန့်လိုက်ပြီးမှ ဆက်ပြောနေသည်။

"အဖေလည်း အသက်ကြီးလာပြီ၊ မြို့တော်မှာဆိုရင် အဖေ့လို အရွယ် လူကြီးတွေက အရင်ကတည်းက လက်ထပ်ထားကြလို့ ဒေါ်လေးအရွယ်လောက် ရှိတဲ့ ကလေးတောင် ရနေကြပြီ"

"ဒေါ်လေးနဲ့ အဖေကလည်း တစ်ယောက်နဲ့တစ်ယောက် စိတ်မဝင်စားကြဘူးဆိုတော့၊ အဖေ ကွယ်လွန်သွားရင် သူ့ကို အမေ့ရဲ့ ဘေးမှာပဲ မြှုပ်နှံပေးချင်တယ်။ ကျွန်တော့်ရဲ့ မိဘအရင်းတွေလိုမျိုးလေ"

"ဒါပေမယ့် အဲ့ဒီလိုဆိုရင် ဒေါ်လေးက နောက်ဘဝမှာ တစ်ယောက်တည်း အထီးကျန် ဖြစ်ကျန်ခဲ့မှာပေါ့၊ ဒါကြောင့် ကျွန်တော် အကြံတစ်ခု ရထားတယ်၊ ဒေါ်လေးအတွက် ချောမောတဲ့ အမျိုးသားတွေကို မီးရှို့ပြီး ပူဇော်ပေးရင် ကောင်းမလား။ ဒေါ်လေးက ဘယ်လိုပုံစံမျိုး ကြိုက်လဲတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ အားလုံးက နုပျိုပြီး ချောမောတဲ့သူတွေ ဖြစ်အောင်တော့ ကျွန်တော် စီစဉ်ပေးမယ်၊ တကယ်လို့ ဒေါ်လေး စိတ်ကြိုက်တစ်ယောက်ယောက် ရှိရင်လည်း အိပ်မက်ထဲ လာပြော‌ပေါ့၊ ကျွန်တော် ဒေါ်လေး အကြိုက်ဖြစ်အောင် သေချာ လုပ်ပေးမယ်"

အနောက်ဘက်ခြံဝင်းသို့ ပြန်သွားပြီးမှ သူမ၏ လက်ကိုင်ပုဝါ ပျောက်သွားသောကြောင့် လိုက်ရှာရင်း ပြန်ရောက်လာသော ဝမ်ယဲ့တစ်ယောက် ရွှီယိရွှမ် ပြောနေသည့်စကားများကို ကြားသွားခဲ့သည်။

သူမ ချက်ချင်း လှမ်းပြောလိုက်သည်။

"ဘာကို ချောမောတဲ့ အမျိုးသားတွေလဲ၊ ဘာလို့ အမေ့ကိုကျတော့ မပေးတာလဲ"

အပြင်လူ မရှိသည့်အချိန်မျိုးတွင် ဝမ်ယဲ့က ထိုကောင်လေးကို အမြဲတမ်း စနောက်နေတတ်သည်။

"အမေကလည်း မင်းရဲ့ မိခင်ပဲလေ၊ အဲ့လို ဘက်လိုက်လို့တော့ မဖြစ်ဘူးနော်"

ရွှီယိရွှမ်တစ်ယောက် ခဏတာမျှ စကားမပြောနိုင် ဖြစ်သွားရသည်။

‘သူ သူ့အမေရင်းအတွက်တောင် ဘာမှ ပူဇော်ပေးခဲ့ခြင်းမရှိဘူးလေ၊ ဘာဖြစ်လို့လဲဆိုတော့ သူ့အဖေရင်းက နောက်ဘဝကနေ လှမ်းကြည့်နေမှာ စိုးရိမ်လို့ပါ’

သူ ဘာမှ ပြန်မရှင်းပြရသေးခင်မှာပင် ထောင့်တစ်နေရာမှ လူတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် ရယ်သံကို အောင့်ထားရင်း ပြန်ပြောလိုက်သည်။

"အမေ... အရင်ဆုံး နောက်လှည့်ကြည့်လိုက်ပါဦး"

ဝမ်ယဲ့လည်း အလိုအလျောက် နောက်လှည့်ကြည့်လိုက်မိရာ သူမနောက်မှ လိုက်လာသည့် ရွှီယွဲ့ကျားကို မြင်လိုက်ရသည်။

သူမက ချက်ချင်း လေသံ ပြောင်းလိုက်သည်။

"ယောက်ျား... ရှင် အချိန်ကိုက် ရောက်လာတာပဲ၊ ရွှမ်အာက ရှင် အသက်ကြီးလာပြီလို့ ပြောနေတာ ကြားလိုက်လို့ ကျွန်မ သူ့ကို ဆူနေတာ"

ရွှီယွိရွှမ် : “ ...”

ရွှီယွဲ့ကျားက သူမအနားသို့ လျှောက်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ ဝမ်ယဲ့၏ လက်ကောက်ဝတ်ကို ဆွဲကာ ဘိုးဘေးခန်းမှ ဆွဲခေါ်သွားတော့သည်။ လမ်းတစ်လျှောက်တွင် ဝမ်ယဲ့က ထပ်ပြောနေသေးသည်။

"သူ တကယ် ပြောခဲ့တာနော်"

ရွှီယွဲ့ကျားက သူမကို တစ်ချက်ကြည့်ကာ ပြန်မေးလိုက်သည်။

"ဒီတော့... မင်းက တကယ် ယုံသွားတာလား"

ဝမ်ယဲ့က သူ့အသားအရေကို သေချာကြည့်လိုက်သည်။ အချိန်ကာလ၏ အရိပ်အယောင်များ ရှိနေသော်လည်း နုပျိုနေဆဲဖြစ်သည့် သူ့မျက်နှာကို ကြည့်ကာ ခေါင်းခါရင်း အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"မယုံပါဘူး"

ယခုနှစ်၌ အသက် သုံးဆယ်ငါးနှစ်ပင် မပြည့်သေးသည့် ရွှီယွဲ့ကျားက မကြာသေးမီက အသားအရေထိန်းသိမ်းမှုနှင့် ကျန်းမာရေးကို အာရုံစိုက်နေခဲ့သောကြောင့် ရွှီယွိရွှမ်လောက် အရွယ်ရောက်နေသည့် သားတစ်ယောက်ရှိသူနှင့် လုံးဝ မတူနေချေ။

ဝမ်ယဲ့ကိုယ်တိုင်ကလည်း ပို၍ပင် နုပျိုနေသေးသည်။

ဝမ်ယဲ့က ရုတ်တရက် စိတ်ပြောင်းသွားပြီး ထပ်ပြောလိုက်သည်။

"ဒါပေမယ့်... ကျွန်မတို့မှာ ခိုင်လုံတဲ့ အထောက်အထားတစ်ခု ရှိဖို့တော့ လိုအပ်လိမ့်မယ်နော်"

ရွှီယွဲ့ကျား : “ ... ”

ဇာတ်လမ်းတိုလေး........

နုပျိုလန်းဆန်းနေဆဲ ရွှီယွဲ့ကျား : “ဘယ်လို အထောက်အထားမျိုး လိုချင်တာလဲ”

All Chapters