← Chapters

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း(294)

ဇနီးမောင်နှံနှစ်ဦးက သူတို့၏ စုဆောင်းငွေများကို တွက်ချက်ပြီးနောက် စုဝေ့ဟိုင် ယခုလေးတင် ပေးသွားသော သော့များနှင့် လိပ်စာများကို ထုတ်ယူပြီး စာရေးခုံပေါ်တွင် မှီ၍ လေ့လာနေကြလေ၏။

ကံကောင်းစွာဖြင့် သူတို့တွင် ပေကျင်းမြို့မြေပုံကို ရှာဖွေပေးနိုင်သော စနစ်ရှိနေခဲ့သည်။

[ဒါကတော့ ကျင်းဟွာတက္ကသိုလ် တည်ရှိရာနေရာ ဖြစ်ပါတယ်၊ သင်ပေးထားတဲ့ လိပ်စာကို မြေပုံပေါ်မှာ မှတ်သားပေးထားပါတယ်]

စနစ်က အမှန်တကယ်ပင် ကောင်းမွန်သော စနစ်တစ်ခု ဖြစ်ပြီး အထူးသဖြင့် ကူညီပံ့ပိုးမှုအပိုင်းတွင် ပို၍သိသာလေ၏။

သူက သူ၏ အလုပ်အပေါ်တွင် အလွန် စိတ်အားထက်သန်ပြီး တာဝန်သိတတ်သည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း စနစ်က ဇနီးမောင်နှံနှစ်ဦးအပေါ် အာရုံစိုက်မှု နည်းပါးသွားခဲ့ပြီး သူ၏ အာရုံစိုက်မှုအားလုံးကို စုရှောင်လော်အပေါ်သို့သာ ပုံအောထားခဲ့၏။

စုရှောင်လော်ကလည်း သူမတွင် နေ့စဉ် ဗဟုသုတအသစ်များကို သင်ကြားပေးခြင်း၊ စကားစမြည်ပြောခြင်းနှင့် ပုံပြင်များကို ပြောပြတတ်သော စနစ်ဦးလေးဟု ခေါ်သည့် ဦးလေးတစ်ယောက် ရှိနေသည်ကို သိထားခဲ့သည်။

သူမက သူမ၏ စနစ်ဦးလေးကို အမှန်တကယ်ပင် သဘောကျလွန်း၏။

သို့သော် သူမကလည်း လိမ္မာပါးနပ်သော ကလေးတစ်ဦး ဖြစ်လေသည်။

တခြားလူများက စနစ်ဦးလေး၏ အသံကို မကြားနိုင်ကြောင်းကို သိထားသောကြောင့် သူမက အမြဲတစေဖုံးကွယ်ပေးခဲ့၏။

သူမ၏ မိဘများကိုပင် ပြောမပြခဲ့ပေ။ အဓိကအကြောင်းရင်းက သူမ၏ မိဘများက စနစ်ဦးလေးကို မိစ္ဆာကောင်ဟု အထင်မှားပြီး ဖမ်းဆီးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

သူမ၏ မိဘများတွင် မိစ္ဆာကောင်များကို ဖမ်းဆီးနိုင်သော စွမ်းရည် အဘယ်ကြောင့် ရှိနေမည်နည်းဟူသော အချက်ကိုတော့ သူမက မည်သည့်အချိန်ကမျှ တွေးတောမိခြင်း မရှိခဲ့ပေ။

သို့သော် စနစ်က ထိုသို့ ပြောခဲ့သည်လေ။

ဇနီးမောင်နှံနှစ်ဦးက ရွေးချယ်စရာများကို ခေတ္တမျှ လေ့လာပြီးနောက် နောက်ဆုံးတွင် အိမ်သုံးလုံးအထိ ကျဉ်းမြောင်းလိုက်ကြသည်။

“ဒီအိမ်ဝင်းနှစ်လုံးက ကျောင်းနဲ့နီးတယ်၊ ပြီးတော့ ဒီတစ်ခုက နေရာကောင်းတယ်”

နေရာကောင်းအကြောင်းကို မေးမြန်းသည့်အချိန်တွင် ဇနီးမောင်နှံနှစ်ဦးက အဓိပ္ပာယ်အပြည့်ဖြင့် ပြုံးလိုက်ကြလေသည်။

ယခုခေတ်တွင် ပေကျင်းရှိ ဤနေရာကို နေရာကောင်းဟု မသတ်မှတ်နိုင်သေးပေ။

မည်သို့ပင်ဖြစ်စေ ထိုနေရာရှိ ရိုးရာအိမ်ဝင်းအများအပြားက လူနေအိမ်ရာကြီးများအဖြစ် ပြောင်းလဲခြင်း ခံထားရသောကြောင့် ဖြစ်၏။

ကျန်းရိကော်က သူ၏ အိမ်ကို ပြန်လည်၍ ရရှိခဲ့သောကြောင့် ထိုအိမ်က လူဟောင်းများကို ဖယ်ရှားပေးပြီးသား ဖြစ်ရမည်ဖြစ်သည်။

သို့သော် အတော်အတန် ပျက်စီးယိုယွင်းနေလောက်လေပြီ။

အိမ်အတွင်းပိုင်း အခြေအနေအပေါ် မူတည်ပြီး ဈေးနှုန်းကို ညှိနှိုင်းနိုင်လောက်သည်။

တခြား အိမ်ဝင်းနှစ်လုံးနှင့် ပတ်သက်လျှင်တော့ အိမ်ဝင်းတစ်ခုက အစိုးရမူလတန်းကျောင်းနှင့် မလှမ်းမကမ်းတွင် ရှိပြီး တခြားအိမ်ဝင်းတစ်ခုက အနည်းငယ် ပိုဆိုးကာ မူလတန်းကျောင်းနှင့် အတော်လှမ်းလှမ်းတွင် ရှိနေသည့်အတွက် စီရင်ပိုင်ခွင့်အရ ရပ်ကွက်ပိုင် မူလတန်းကျောင်းသို့သာ တက်ရောက်နိုင်ပေလိမ့်မည်။

ဇနီးမောင်နှံနှစ်ဦးက သူတို့၏ ကလေးကို အစိုးရမူလတန်းကျောင်းသို့သာ တက်ရောက်စေချင်ကြ၏။

သို့သော် ငွေကြေးအင်အားက အမှန်တကယ်ပင် ပြဿနာတစ်ရပ် ဖြစ်နေခဲ့သည်။

ယွမ်ငါးထောင်ယွမ်ဖြင့် အိမ်နှစ်လုံးဝယ်ရန်အတွက် ခက်ခဲလွန်းသည်။ အထူးသဖြင့် ထိုအိမ်တို့ထဲမှ တစ်လုံးက အိမ်ဝင်းကြီး ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် ငွေကို အမှန်တကယ်ပင် ချေးငှားရတော့မည်ပင်။

ဇနီးမောင်နှံနှစ်ဦးက ညဉ့်နက်သည်အထိ ပူပန်သောကရောက်ခဲ့ကြရသည်။

ထို့နောက် နောက်တစ်နေ့မနက်တွင် ကျန်းရူတုန်ထံမှ ဖုန်းတစ်ကောကို ထပ်မံ၍ လက်ခံရရှိခဲ့သည်။ ထိုနေ့ညနေပိုင်းတွင် တုန်ယွမ်၌ ပြန်လည်၍ ဆုံဆည်းခြင်း ညစာစားပွဲကို ပြုလုပ်မည်ဖြစ်သောကြောင့် ဆွေမျိုးသားချင်းတိုင်းကို လာရောက်ဆင်နွှဲကြရန် ဖိတ်ကြားခိုင်းခဲ့လေ၏။

သူသည်လည်း စည်ကားပြီး လူစုံတက်စုံဖြစ်စေချင်သည့် သဘောကို သွယ်ဝိုက်၍ ပြောဆိုလာခဲ့သည်။

လီရှန်းက အလွယ်တကူပင် သဘောတူလိုက်လေ၏။

သူတို့နှစ်ဦးလုံးက အလုပ်ထွက်ထားကြပြီဖြစ်၍ တခြားလုပ်စရာမရှိသောကြောင့် ဇနီးမောင်နှံနှစ်ဦးက တစ်နေ့လုံး အိမ်ထဲမှ ပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်းရင်း အချိန်ကုန်လွန်စေခဲ့သည်။

ထို့နောက် စုရှောင်လော်ကို ခေါ်ဆောင်ပြီး တုန်ယွမ်သို့ သွားမည့် ဘတ်စ်ကားကို စီးနင်းခဲ့ကြ၏။

ယွမ်ဘက်တွင်လည်း အလွန်ပင် စည်ကားနေခဲ့လေသည်။

ကျန်းဟုန်မေ့က ဂုဏ်ပြုစားပွဲကို အိမ်ရှင်အဖြစ် ဦးစီးကျင်းပပေးပြီး ယန်အန်းကော်ကလည်း အိမ်ရှင်အဖြာ အတွင်းအပြင် ဧည့်ခံကျွေးမွေးရန်အတွက် အလုပ်ရှုပ်နေခဲ့လေ၏။

ကလေးများက ကျောင်းမဖွင့်သေးသောကြောင့် အခန်းတစ်ခန်းတည်းတွင် စုပြုံနေကြလေ၏။ အခန်းထဲ၌ မီးဖိုတစ်လုံးကို ထွန်းထားသောကြောင့် အပြင်ဘက်ထက် ပို၍ နွေးထွေးနေခဲ့သည်။

ကလေးများက ခုတင်ပေါ်တွင် လှဲရင်း ရုပ်ပြစာအုပ်များကို ဖတ်ရှုနေကြ၏။

ယန်မိသားစုဘက်ကလည်း လူလွှတ်ခဲ့လေသည်။

ဝူယွီနျန်၏ ဖုန်းကို လက်ခံရရှိပြီးနောက် ကျန်းဟုန်မေ့က ယန်အန်းကော်၏ ရုံးခန်းသို့ ချက်ချင်း ဖုန်းဆက်ခဲ့လေ၏။

သူမ၏ အောင်နိုင်သူတစ်ယောက်ကဲ့သို့ အမူအရာက ယန်အန်းကော်ကို ရယ်မောစေခဲ့သည်။

သို့သော် တစ်ဖက်မှလည်း စိတ်မကောင်းဖြစ်မိပြီး ကျန်းဟုန်မေ့အနေဖြင့် အလွန်ကြီးမားသော မတရားမှုကို ခံစားခဲ့ရဖူး၍သာ ယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်လိမ့်မည်ဟု တွေးမိသည်။

ယန်မိသားစုထဲရှိ ဆက်ဆံရေးများက ရှုပ်ထွေးပွေလီလွန်းလေ၏။

ယန်မိသားစုက ယခင်က ကြွယ်ဝချမ်းသာသော မိသားစုကြီး ဖြစ်ခဲ့ဖူးသည်။

မိသားစုအကြီးအကဲက မိန်းမရှုပ်သူတစ်ဦးဖြစ်ပြီး ဇနီး၊ မယားငယ်၊ အချစ်တော်နှင့် အမြှောင်မယားပေါင်း ဆယ့်ရှစ်ယောက်ခန့် ရှိခဲ့ပြီး သားသမီးများကိုလည်း အုပ်စုလိုက် မွေးဖွားခဲ့လေ၏။

နောက်ပိုင်းတွင် နိုင်ငံခြားသားများက ကျူးကျော်ဝင်ရောက်လာသည့်အချိန်တွင် ထိုအကြီးအကဲက အသက်ကြီးရင့်လာပြီဖြစ်၍ မိန်းမရှုပ်သည့် အလေ့အထများက ပျောက်ကွယ်သွားခဲ့သော်လည်း သူ၏ သွေးများက ဆူပွက်နေဆဲပင် ဖြစ်၏။

သူက သူ၏ များပြားလွန်းသော ပိုင်ဆိုင်မှုများနှင့် အကြီးဆုံးသားနှစ်ယောက်ကို ခေါ်ဆောင်ပြီး ထိုရန်ပုံငွေများကို အသုံးပြု၍ နိုင်ငံခြားဖြစ် အထူးဆေးဝါးများကို မှောင်ခိုသွင်းကာ ရှေ့တန်းစစ်မျက်နှာပြင်သို့ တိတ်တဆိတ် ပေးပို့ခဲ့သည်။

ကံမကောင်းစွာဖြင့် သူက အသက်ကြီးရင့်နေပြီဖြစ်၍ ငြိမ်းချမ်းရေးမရမီမှာပင် ကွယ်လွန်သွားခဲ့ရ၏။

သူ၏ အကြီးဆုံးသား နှစ်ယောက်လုံးလည်း ကွယ်လွန်သွားခဲ့ကြသည်။

ထို့ကြောင့် သူ၏ တရားဝင်ဇနီးမှ မွေးဖွားသော တတိယမြောက်သား၊ ယန်အန်းကော်၏ အဘိုးက မိသားစုအကြီးအကဲ ရာထူးကို ဆက်ခံခဲ့ပြီး ယန်မိသားစုကို ပြန်လည်၍ ပြုပြင်ပြောင်းလဲရန် စတင်ခဲ့လေတော့၏။

ထိုအဘိုးအိုက အိမ်ထောင်အပြင်မှ မွေးဖွားလာသော ကလေးများနှင့် မယားငယ်များကို အလွန် မုန်းတီးခဲ့သည်။

မိသားစုအကြီးအကဲဟောင်း ကွယ်လွန်ခြင်း သုံးနှစ်ပြည့်မြောက်သည့် နေ့တွင် သူအနေဖြင့် မိသားစုခွဲတစ်ခုလျှင် ငွေနှစ်ရာယွမ်စီ ပေးအပ်ကာ အိမ်ထောင်ခွဲ၍ နှင်ထုတ်ခဲ့၏။

ထိုအဘိုးအိုက သူ၏ ဇနီးသည်နှင့်သာ တစ်သက်လုံး အတူ ဖြတ်သန်းခဲ့ပြီး ဇနီးဖြစ်သူကလည်း အလွန် ပံ့ပိုးကူညီပေးခဲ့ပြီး သားခုနစ်ယောက်ကို မွေးဖွားပေးခဲ့သည်။

နောက်ပိုင်းတွင် ငြိမ်းချမ်းရေးကို ပြန်လည်ရရှိပြီးနောက် ခေတ်စနစ်များက ပြောင်းလဲသွားသည့်အချိန်တွင် အဘိုးအိုက သူ၏ ပိုင်ဆိုင်မှုအားလုံးကို သားခုနစ်ယောက်ထံသို့ ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ပြီး အိမ်ခြံမြေများကို ခွဲခြမ်းပေးခဲ့လေ၏။

သားတစ်ယောက်လျှင် အခန်းသုံးခန်းစီ ရရှိခဲ့ကြ၍ ထိုပမာဏက ဆင်းရဲသား လယ်သမားများ၏ စံနှုန်းနှင့် တိတိကျကျ ကိုက်ညီနေခဲ့သည်။

သားခုနစ်ယောက်နှင့် အဘိုးအို ဇနီးမောင်နှံ အပါအဝင် စုစုပေါင်း အိမ်ထောင်စု ရှစ်စု ရှိခဲ့သောကြောင့် ကြီးမားလွန်းသော အိမ်ဝင်းကြီးကို မိသားစု ရှစ်စုအဖြစ် ခွဲဝေလိုက်ကြလေ၏။

ပြဿနာရှာပြီး တိုင်တန်းလိုသူများက လာရောက်စုံစမ်းစစ်ဆေးမှုကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း မည်သည့်အပြစ်အနာအဆာမျှ ရှာမတွေ့ခဲ့ကြပေ။

ရပ်ကွက်တာဝန်ခံ ခေါင်းဆောင်များလာသည့်အချိန်တိုင်း အဘိုးအိုက နှ့စားပြောင်းများကို မြှောက်ပြပြီး သူ ပုံမှန်စားနေကျ အစားအစာများဖြစ်ကြောင်း ငိုယိုပြတတ်၏။

ထိုသို့ဖြင့် ယန်မိသားစု၏ အိမ်ကြီးအိမ်ကောင်းကို အခက်အခဲများကြားမှ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအိမ်ကြီး၏ တံခါးများကို ဖွင့်ထားသည့်အချိန်တွင် မိသားစု ရှစ်စု နေထိုင်ကြပြီး တံခါးများကို ပိတ်ထားသည့်အချိန်တွင် မိသားစု တစ်စုတည်းပင် ဖြစ်လေ၏။

ညီအစ်ကိုများက အိမ်ထောင်ပြု၊ ကလေးမွေးပြီး သူတို့က အိမ်ထောင်စုအသီးသီး ထူထောင်လာကြသည့်အချိန်တွင် လူဦးရေက တိုးပွားလာခဲ့သော်လည်း အိမ်က ပို၍ ကြီးမားမလာခဲ့ပေ။

လူတိုင်းက ဆွေမျိုးသားချင်းများ ဖြစ်ကြသောကြောင့် အချင်းချင်း နှိုင်းယှဉ်ခြင်းနှင့် ပွတ်တိုက်မှုများ ရှိလာခြင်းက သဘာဝပင် ဖြစ်သည်။

ယန်အန်းကော်က ထိုအိမ်ကြီးအိမ်ကောင်းထဲရှိ အာဏာလုပွဲများကို ငြီးငွေ့လာခဲ့သောကြောင့် ငယ်ရွယ်စဉ်ကပင် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့လေ၏။

နောက်ပိုင်းတွင် သူက ခရိုင်မြို့ငယ်လေးမှ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။

သူတို့ကိုယ်သူတို့ ဂုဏ်သရေရှိ မိသားစုကြီးဟု တိတ်တဆိတ် သတ်မှတ်ထားကြသော ယန်မိသားစုဝင်များက သူမကို အထင်သေးခဲ့ကြလေ၏။

ယခုအချိန်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပနေပြီဖြစ် ကျန်းမိသားစုက အောင်မြင်ဖြစ်ထွန်းနေပြီး မိသားစုဝင် သုံးဦးပင် တက္ကသိုလ်ကျောင်းသားများ ဖြစ်လာခဲ့ကြသည်။

ယန်မိသားစုတွင် အရည်အချင်းရှိသူ ရှားပါးသည့် ဒုက္ခကို ခံစားနေရပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့သော တူနှစ်ယောက်လုံးက အောင်စာရင်းတွင် မပါဝင်ခဲ့ကြသောကြောင့် ကျန်းဟုန်မေ့အနေဖြင့် သေချာပေါက် ကြွားဝါချင်နေခဲ့သည်။

ထို့ကြောင့် ယန်အန်းကော်၏ အကြီးဆုံးမရီးနှင့်နောက်ထပ်မရီးတစ်ယောက်တို့က ထိုပွဲသို့ အားဖြည့်ပေးရန်အတွက် ပြည်နယ်မြို့တော်မှ ပိုင်မားခရိုင်သို့ ထွက်ခွာလာခဲ့ကြသည်။

အိမ်ထောင်ကျခဲ့သည်က ဆယ်နှစ်ကျော် ကြာခဲ့ပြီးနောက်တွင် ထိုမရီးနှစ်ယောက်လုံးက သူတို့၏ မတ်ဖြစ်သူ၏ အိမ်သို့ လာရောက်ခဲ့ကြခြင်းမှာဤအကြိမ်က ပထမဦးဆုံးအကြိမ် ဖြစ်လေ၏။

ပြည်နယ်မြို့တော်၏ လက်အောက်သို့ ထည့်သွင်းဖွဲ့စည်းခြင်း ခံရပြီးကတည်းက ပိုင်မားခရိုင်က အားကောင်းသော ပံ့ပိုးကူညီမှုများကို ရရှိခဲ့သည်။

ထို့အပြင် ဆေးဝါးစက်ရုံက အမျိုးသားအဆင့် ကာကွယ်ဆေးလုပ်ငန်းတာဝန်ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ထုတ်လုပ်မှုကို တိုးမြှင့်ခဲ့၏။

ဆင်ခြေဖုံး ကျေးလက်ဒေသများတွင်လည်း တရုတ်တိုင်းရင်းဆေးဘက်ဝင် အပင်များကိုစိုက်ပျိုးခဲ့ကြလေသည်။

ထို့ကြောင့် အတော်လေးကြီးမားသော ဆေးဖက်ဝင်အပင် စိုက်ပျိုးရေးအခြေစိုက်စခန်းတစ်ခု ဖြစ်လာခဲ့၏။

ခရိုင်တစ်ခုလုံးက အလွန်ပင် တက်ကြွလှုပ်ရှားနေပုံရပြီး အရာရာတိုင်းက ဖွံ့ဖြိုးတိုးတက်နေခဲ့သည်။

ပိုင်မားခရိုင်၏ မြို့ပြတည်ဆောက်ပုံက အနည်းငယ် ဟောင်းနွမ်းနေသော်လည်း အတော်လေး ကောင်းမွန်နေဆဲဖြစ်သည်ကို မြင်ရသည့်အချိန်တွင် မရီးနှစ်ယောက်၏ မျက်နှာအမူအရာက အတော်လေး မကောင်းမွန်တော့ပေ။

သူတို့က လှည့်ပတ်သွားလာပြီးနောက် နောက်ဆုံးတွင် အငြိမ်းစား ကေဒါအိုကြီးများ၏ နားနေဆောင်နှင့် တူသောနေရာသို့ ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် သူတို့ကို ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့၏။

သူတို့က နေရာတွင်ထိုင်ပြီး မကြာမီမှာပင် ထက်မြက်ကာ ချစ်စရာကောင်းပြီး လှပသော မိန်းကလေးငယ်လေးတစ်ဦးနှင့်အတူ ရောက်ရှိလာကြသော တက္ကသိုလ်ကျောင်းသား သုံးဦးကို မြင်တွေ့လိုက်ရလေတော့သည်။

မရီးနှစ်ယောက်က အလွန် စိတ်ပျက်သွားခဲ့ကြသောကြောင့် သူတို့၏ အပြုံးများပင် တောင့်တင်းနေခဲ့ရ၏။

သို့သော် ကျန်းဟုန်မေ့က လက်မလျှော့သေးပေ။ သူမက စုရှောင်လော်ကို ပွေ့ဖက်ထားရင်းကြွားဝါလိုက်လေ၏။

“ကျွန်မရဲ့ ရှောင်လော်က တကယ့်ကို တော်တာ၊ သူမက အသက်ငါးနှစ်ပဲ ရှိသေးတယ်ဆိုပြီး အထင်မသေးနဲ့ဦးနော်၊ သူမက ငါးတန်းပုစ္ဆာတွေကိုတောင် တွက်နိုင်နေပြီ”

“တကယ်လား၊ အဲဒီလောက်အထိတော့ မြှောက်မပြောပါနဲ့ဦး”

ယန်မိသားစုမှ မရီးဖြစ်သူက နှုတ်ခမ်းထောင့်ကို တွန့်ချိုး၍ ပြောလိုက်လေ၏။

*

All Chapters