← Chapters

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း(299)

ရန်ရှောင်ကလည်း ဝက်သားနီချက်ကို ဝယ်ယူခဲ့သော်လည်း အဘိုးရန်က မစားခဲ့ပေ။

သူက ပေါက်စီကို ကိုက်စားရင်း ဂေါ်ဖီထုပ်နှင့် တိုဖူးကို စားနေခဲ့ပြီး စိတ်လွင့်နေပုံရသည်။ ရန်ရှောင်က ရှင်းပြလိုက်လေ၏။

“ကျွန်တော့်အဘိုးက တစ်ခါတလေကျရင် ထမင်းစားရင်း စာဖတ်တတ်လို့ပါ”

လီရှန်းက ပြုံးပြလိုက်ပြီး သူမအနေဖြင့် စိတ်ထဲမထားကြောင်းကို ပြသလိုက်လေသည်။

ထို့အပြင် အဘိုးရန် ဖတ်ရှုနေသည်က သူမ၏ ဆေးဘက်ဆိုင်ရာ လက်စွဲစာအုပ် ဖြစ်လေ၏။

တကယ်လို့ သူက သူမရဲ့ အရည်အချင်းကို အံ့ဩသွားပြီး သူမကို ပြိုင်ဘက်ကင်းတဲ့ ဆေးပညာပါရမီရှင်တစ်ဦးလို့ ထင်မြင်ပြီး သူ့ရဲ့ ကိုယ်ပိုင်တပည့်အဖြစ် ခေါ်ယူချင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။

ထိုသို့ဖြစ်ခြင်းက ဆေးတက္ကသိုလ်တက်ရခြင်းထက် ပိုမို၍ အလွန် ကောင်းမွန်လေသည်။

ဤသူက ဆေးပညာလောက၏ ထိပ်သီးပညာရှင်ကြီးတစ်ဦး မဟုတ်ပါလား။

သို့သော် နှမြောစရာကောင်းလွန်းသည်က လီရှန်းတွင် အစစ်အမှန် ဇာတ်လိုက်မ၏ အရှိန်အဝါ ရှိမနေခဲ့ခြင်းပင် ဖြစ်လေ၏။

အဘိုးအိုက ထိုကဲ့သို့ လုံးဝမတွေးတောခဲ့ပေ။ သူက ထမင်းစားနေချိန်အတွင်း မေးမြန်းလိုက်ရုံမျှသာ ရှိသည်။

“မင်း ဆေးပညာကို အတော်လေး စိတ်ဝင်စားတာလား”

“ဟုတ်ပါတယ်အဘိုး၊ ကျွန်တော်တို့တွေက အရင်က ဆေးဝါးစက်ရုံမှာ အလုပ်လုပ်ခဲ့ကြတာလေ၊ သူမက နည်းပညာဌာနမှာ ရှိခဲ့တာပါ”

စုဝေ့ချင်းက ချက်ချင်းပင် ပြန်ဖြေလိုက်လေ၏။

“ကျွန်တော့်ဇနီးရဲ့ အသက်အရွယ်ကို ကြည့်ပြီး အထင်မသေးပါနဲ့ဦး၊ သူမက တကယ့်ကို ကြိုးစားတာ၊

သူမက ဆေးဝါးစက်ရုံ ဝင်ခွင့်စာမေးပွဲမှာ ပထမ ရခဲ့တာလေ၊ ကျွန်တော် သူမရဲ့နှလုံးသားကို ရအောင်အတော်လေး ကြိုးစားခဲ့ရတာ၊ လိုက်လို့တောင် မမှီပါဘူး”

ရန်ရှောင်က ထိုကဲ့သို့သော အတင်းအဖျင်းစကားမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၍ သူ၏အလေ့အထအရ နောက်ထပ် မေးခွန်းတချို့ကို ထပ်မံမေးမြန်းလိုက်လေသည်။

ထို့နောက် စုဝေ့ချင်းက သူတို့ မည်သို့ဆုံတွေ့ခဲ့ကြပြီး မည်သို့သိကျွမ်းခဲ့ကြကြောင်းကို ပြန်လည်၍ ပြောပြလေတော့၏။

အဘိုးရန်က မည်သည့်မှတ်ချက်ကိုမျှ မပေးဘဲ မြိန်ရေယှက်ရေ စားသောက်နေခဲ့ပြီး ထမင်းစားပြီးသည့် အချိန်မှသာ ဆက်လက်၍ မေးမြန်းလိုက်လေ၏။

“မင်းက တစ်လပဲ လေ့လာခဲ့ရတာကို ဆေးဝါးစက်ရုံ ဝင်ခွင့်စာမေးပွဲမှာ ပထမရခဲ့တာလား”

“ကျွန်မက ဆေးပညာကို အမြဲတမ်း စိတ်ဝင်စားခဲ့လို့ပါ”

“သူက အရင်တုန်းက ဆေးတက္ကသိုလ်ကနေ ဘွဲ့ရအောင် နောက်ထပ် နှစ်နည်းနည်းကြာမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေမယ်လို့ ပြောခဲ့သေးတာ၊

ကျွန်တော်ကပဲ သူမကို ကျွန်တော်နဲ့အတူ စာမေးပွဲဖြေဖို့ အတင်းအကျပ် လုပ်ခဲ့ရတာ၊

ဘာလို့လဲဆိုတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဆိုတာက ဒီနေ့ခေတ်ပဲ ဖြေနိုင်တာမျိုး ဖြစ်လေ၊

အခွင့်အရေးကို အရယူဖို့က အရေးကြီးဆုံးပဲမလား”

“မင်းပြောတာ မှန်တယ်၊ တကယ်လို့ ငါသာ ဉာဏ်မထိုင်းခဲ့ရင် ငါလည်း တက္ကသိုလ်တက်ခဲ့မှာပေါ့”

“မင်းက ဘာလို့ တက္ကသိုလ်ဝင်ခွင့် သွားဖြေနေရဦးမှာလဲ၊ မင်းအလုပ်ကိုပဲ စိတ်အေးအေးထားပြီး လုပ်စမ်းပါ”

အဘိုးရန်က ရက်စက်စွာပင် ပြန်လည်၍ ခြေပလိုက်လေ၏။

သူ့အနေဖြင့် သူ၏မြေးဖြစ်သူက တက္ကသိုလ်တက်နိုင်လောက်အောင် ဥာဏ်ကောင်းမည်သူမဟုတ်ဟု အမှန်တကယ်ပင် ခံစားမိနေခဲ့ပုံရသည်။

“မင်းကတော့ ဒီလောက်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ဆေးပညာဗဟုသုတတွေအများကြီးကို တတ်မြောက်နိုင်ခဲ့တယ်၊ တကယ့်ကို ပါရမီပါလွန်းတာပဲ”

အဘိုးရန်က မှတ်စုစာအုပ်၏ မျက်နှာဖုံးကို ပွတ်သပ်လိုက်လေ၏။

စာအုပ်က အသစ်စက်စက် မဟုတ်သကဲ့သို့ အဟောင်းကြီးလည်း မဟုတ်ပေ။

သူမက ထိုစာအုပ်ကို အကြိမ်ပေါင်းများစွာ လှန်လှောကြည့်ရှုခဲ့ဖူးသည်က ထင်ရှားလွန်းသော်လည်း လွန်ခဲ့သော နှစ်နှစ်ခန့်ကမှ စာများ စတင်ရေးသားခဲ့ခြင်း ဖြစ်သည်။

“နှမြောစရာကောင်းတာက ဆေးတက္ကသိုလ်တွေက ပြန်မဖွင့်သေးတော့ အခုလက်တလော တခြားမေဂျာတွေကိုပဲ လေ့လာထားရဦးမှာ၊

နောက်ပိုင်းကျမှ အခွင့်အရေးရှိရင် နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ရတာပေါ့”

လီရှန်းက နှမြောစွာဖြင့် သက်ပြင်းချပြီး ပြောလိုက်လေ၏။

“ဒါက ဘာခက်လို့လဲ၊ ကျွန်တော့်အဘိုးက ဆေးတက္ကသိုလ် ပြန်ဖွင့်ဖို့အတွက် ပြင်ဆင်ဖို့ ပြန်လာတာလေ၊

တကယ်လို့ မင်းအနေနဲ့ စိတ်မရှိဘူးဆိုရင် ကျွန်တော့်အဘိုးဆီမှာ အရင်ဆုံး သင်ယူလေ့လာထားလို့ ရတာပေါ့”

ရန်ရှောင်မှာ အဘိုးရန်က လီရှန်း၏ပါရမီကို သဘောကျနှစ်သက်သွားခဲ့ပြီဖြစ်ကြောင်းကိ ရိပ်မိလိုက်သောကြောင့် ခေါင်းမာလွန်းသော သူ၏အဘိုးကိုယ်စား ဦးဆောင်၍ ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

ယနေ့ခေတ်ကာလတွင် ဆေးပညာကို လေ့လာလိုစိတ်ရှိသူ အလွန်နည်းပါးလွန်း၍ ဤမျှအထိ ကောင်းမွန်သော ပါရမီရှင်မျိုးကို တွေ့ရခဲလွန်း၏။

ရန်ရှောင်အနေဖြင့် အဘိုးဖြစ်သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းကြီးများက မရိပ်မိကြသေးမီ ဤမိန်းကလေးကို သူတို့အုပ်စုထဲသို့ လျင်မြန်စွာ ဆွဲသွင်းထားရန်အတွက် လိုအပ်သည်ဟုတွေးမိသည်။

လီရှန်း၏ အံ့ဩသွားမှုက ဟန်ဆောင်ထားခြင်းဖြစ်သော်လည်း စုဝေ့ချင်း၏ အံ့ဩသွားမှုက အစစ်အမှန် ဖြစ်သည်။

သူက အံ့အားသင့် သွားခဲ့ရသော်လည်း မျက်နှာတစ်ခုလုံးက ဝမ်းသာအားရမှုများဖြင့် တောက်ပသွားခဲ့ရပြီး အဘိုးရန်၏လက်ကို လှမ်းကိုင်လျက် ရေရွတ်လိုက်လေ၏။

“ဒါက တကယ့်ကို ဝေးကွာတဲ့နေရာကနေ ဆုံစည်းရတဲ့ ရေစက်ပဲ၊ ဒီလောက်အထိ တိုက်ဆိုင်လိမ့်မယ်လို့ ကျွန်တော် လုံးဝမျှော်လင့်မထားခဲ့ဘူး”

သူက ပြောပြောဆိုဆိုဖြင့် စုရှောင်လော်ကို လီရှန်း၏ရင်ခွင်ထဲသို့ ခပ်သွက်သွက် လွှဲပြောင်းပေးလိုက်ပြီး ရန်ရှောင်ကို ဘေးသို့ တွန်းဖယ်ကာ အဘိုးရန်၏ဘေးတွင် ဝင်ထိုင်လိုက်လေတော့၏။

ထို့နောက် သူက လီရှန်း၏ ကြီးမားလွန်းသော အောင်မြင်မှုများကို အသေးစိတ် တခမ်းတနားပြောပြလေတော့သည်။

ဥပမာအားဖြင့် သူမ၏ ထူးချွန်လွန်းသော စာပေအရည်အချင်းများ၊ ယခုထိတိုင် ရေပန်းစားနေဆဲဖြစ်သော ပုတီလန်ဆေးမှုန့်များ၊ နောက်ပိုင်းတွင် ထွက်ရှိလာသော ဖန်းလန်ကန်းဆေးမှုန့်များနှင့် အမျိုးမျိုးသော တရုတ်တိုင်းရင်းဆေးမှုန့်များအကြောင်း စသည်ဖြင့် ဖြစ်လေသည်။

ဤအရာအားလုံးက အဘိုးရန်ကို အံ့ဩလွန်းစေသောကြောင့် မျက်လုံးများက ပြူးကျယ်သွားစေခဲ့ရသည်။

“နင်ရှဆေးဝါးစက်ရုံအတွက် အဲဒီဆေးမှုန့်တွေကို ထုတ်လုပ်ပေးခဲ့တာ မင်းလား”

သူ စစ်တပ်တွင် ရှိနေချိန်က နင်ရှပြည်နယ်နှင့် ထိုပြည်နယ်၏ အနီးအနားရှိ ဒေသတချို့တွင် ဖြစ်ပွားခဲ့သော ရေကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုအကြောင်းကို ကြားသိခဲ့ရဖူးကြောင်းကို သိထားသည်။

ထိုအချိန်က သူလည်း ရေကျောက်ရောဂါ ကုသရေးကို သုတေသနပြုလုပ်လိုခဲ့၏။

သို့သော် သူ မစတင်နိုင်သေးမီမှာပင် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဟူသော သတင်းများက ရောက်ရှိလာခဲ့သည်။

မကြာမီမှာပင် ပုတီလန်ဆေးမှုန့်များက ခန္ဓာကိုယ်ထဲတွင် အပူငြိမ်းစေရန်၊ အဆိပ်အတောက် ပြေစေရန်နှင့် လည်ချောင်းနာခြင်း ကဲ့သို့သော ဝေဒနာများအတွက် အဓိကအသုံးပြုသည့် ပုံမှန်ဆေးဝါးအဖြစ် စစ်တပ်ထဲသို့ ရောက်ရှိလာခဲ့၏။

လီရှန်းအနေဖြင့် အနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းကို ညိတ်ပြလိုက်လေ၏။

“တကယ်တော့ ဒါကို ကျွန်မ ဖော်ထုတ်ခဲ့တာလို့ ပြောလို့မရပါဘူး၊

ကျွန်မရဲ့ ကလေးတွေက ဆေးသောက်ရတာကို မကြိုက်ကြလို့ စမ်းသပ်ကြည့်ရုံတင်ပါပဲ၊

တကယ်ပဲ ထိရောက်မှု ရှိသွားလိမ့်မယ်လို့ဘယ်သူက ထင်မှာလဲ”

အကယ်၍ သူမအနေဖြင့် ဤဆေးမှုန့်ပုံစံကို ဖော်ထုတ်မပေးခဲ့ပါကလည်း နောက်ထပ် နှစ်အနည်းငယ်အကြာတွင် ထိုင်ဝမ်က တီထွင်လိုက်မည်သာ ဖြစ်သည်။

ထိုဆေးမှုန့်များကို ပြန်လည်၍ ရောင်းချသည့်အချိန်တွင် ဈေးနှုန်းက နှစ်ဆမြင့်တက်သွားပေလိမ့်မည်။

နိုင်ငံတော်အနေဖြင့် ထိုဆေးဝါးများကို တင်သွင်းရန်အတွက် မည်မျှအထိ သုံးစွဲခဲ့ရသည်ကို သူမ အတိအကျမသိသော်လည်း ထိုငွေပမာဏက နည်းပါးသော ပမာဏတော့ဖြင့် မဟုတ်ပေ။

အမှန်အတိုင်း ပြောရလျှင် သွင်းကုန်ဆေးဝါးများက သာမန်ပြည်သူများအတွက် အမြဲနာကျင်စရာ အရင်းအမြစ်တစ်ခု ဖြစ်ခဲ့ရသည်။

သူတို့အနေဖြင့် ထိုအရာကို မလိုအပ်ဟု ပြောနိုင်သော်လည်း သွင်းကုန်ဆေးဝါးများက ပိုမို ထိရောက်သည်ကလည်း အမှန်ပင် ဖြစ်လေ၏။

သို့သော် အကယ်၍ ထိုဆေးများကို အသုံးပြုမည်ဆိုပါက ကုန်ကျမည့်ဈေးနှုန်းက ခံနိုင်ရည်ရှိရန်လိုအပ်ပြန်သည်။

ပြည်တွင်းဆေးဝါးကုမ္ပဏီများက လျင်မြန်စွာ အမီလိုက်နိုင်ခဲ့ပြီး အဓိက သုတေသနဌာနကြီးများကလည်း တပြိုင်နက်တည်း သုတေသနပြုလုပ်ခဲ့ကြသော်လည်း သွင်းကုန်ဆေးဝါးများက ဈေးကြီးနေဆဲပင်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင်ပင် ထိုသွင်းကုန် အထူးဆေးဝါးများက ပြည်သူများကို ငမွဲဖြစ်သွားစေနိုင်သည်။

လီရှန်းမှာ ယခင်က နိုင်ငံခြားသိပ္ပံပညာရှင်များ၏ တိုးတက်မှုနှုန်းကို အမီလိုက်နိုင်ရန်အတွက် စနစ်စာကြည့်တိုက်ကို အသုံးပြုရန် အိပ်မက်မက်ခဲ့ဖူး၏။

သို့သော် နှမြောစရာကောင်းလွန်းသည်က သူမက ဤနယ်ပယ်တွင် အမှန်တကယ်ပင် ပါရမီမပါခဲ့ပေ။

“ဒီမှတ်စုစာအုပ်က မင်းရဲ့စာအုပ် လား”

အဘိုးရန်က သူ၏လက်ထဲမှ မှတ်စုစာအုပ်ကို မြှောက်ပြလိုက်ရင်း လီရှန်းကို ပြောလိုက်လေ၏။

“အတွင်းထဲက မှတ်တမ်းတွေက တကယ့်ကို ရှင်းလင်းနေတာပဲ၊ မင်းက ဆေးပညာကို လေ့လာချင်နေတာဆိုပေမဲ့ မင်းက စာသင်ပြတဲ့အလုပ်နဲ့ ပိုပြီးတော့ ကိုက်ညီလိမ့်မယ်လို့ အဘိုး ထင်မိတယ်”

လီရှန်း : “...”

မဟုတ်ဘူး။ မဟုတ်ဘူး။

သူမက စာသင်ပြသည့် အလုပ်ကို လုံးဝစိတ်မဝင်စားပေ။

တကယ့်ကို လွဲချော်မှုကြီးတစ်ခုပဲ။

ထိုမှတ်စုစာအုပ်မှာ သူမအနေဖြင့် တခြားကမ္ဘာအသစ်တစ်ခုသို့ ဖြတ်သန်းသွားလာရသည့်အချိန်တွင် အကယ်၍ မှတ်ဉာဏ်ပျောက်ဆုံးခြင်း သို့မဟုတ် ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက အသုံးပြုနိုင်ရန်အတွက် သူမကိုယ်တိုင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်သာ ထိုစာများကို ရိုးရှင်းပြီး နားလည်လွယ်သော ပုံစံ၊ ရှင်းလင်းသော ဖွဲ့စည်းမှုဖြင့် ရေးသားထားခြင်း ဖြစ်လေ၏။

လက်တွေ့တွင် သူမ၌ ဆရာမတစ်ဦး ဖြစ်လာရန် မည်သည့်ပါရမီမျှ ရှိမနေခဲ့ပေ။

“ကျွန်မကတော့ လူတွေရဲ့အသက်တွေကို ကယ်ဆယ်ပေးနိုင်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်ရတာကိုပဲ ပိုပြီးတော့ သဘောကျပါတယ်”

လီရှန်းက ရိုးသားစွာ ပြောလိုက်လေသည်။

အဘိုးရန်က သူမကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

“မင်းတို့လို လူငယ်တွေကတော့ တကယ့်ကို ခေါင်းမာကြတာပဲ”

လီရှန်းက ပြုံးရုံသာ ပြုံးပြလိုက်လေ၏။

“ရန်ရှောင်ပြောတာ မှန်တယ်၊ ငါ ဒီတစ်ခေါက် ပြန်လာတာက ဆေးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့အတွက် ပြင်ဆင်ဖို့ လာတာပါ၊

ဒါပေမဲ့ ဒါက ဒီနှစ်ထဲမှာတော့ သေချာပေါက် ဖြစ်လာမှာ မဟုတ်ဘူး၊ ပြန်ဖွင့်နိုင်ဖို့အတွက် အနည်းဆုံး နှစ်နှစ်လောက်တော့ ကြာဦးမှာ၊ တကယ်လို့ မင်း လေ့လာချင်တယ်ဆိုရင် သူတို့နဲ့အတူ လေ့လာလို့ရပါတယ်၊

မင်းရဲ့ ကျောင်းသားဆိုတဲ့အခြေအနေကြောင့် လက်တလော ကျောင်းမှာပဲ ရှိနေရမှာ၊ ဒါကိုဆေးတက္ကသိုလ်အတွက် အကြိုသင်တန်းအဖြစ် အသုံးပြုသွားမှာလို့ဆိုနိုင်တယ်၊

ဆေးတက္ကသိုလ် ပြန်ပွင့်သွားပြီဆိုရင်တော့ ကျောင်းမှာ ငါးနှစ်လောက် မဖြစ်မနေ လေ့လာရဦးမယ်၊

မင်းနဲ့အတူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေခဲ့တဲ့ အတန်းဖော်တွေ ရာထူးတိုးသွားကြတဲ့ အချိန်မှာတောင် မင်းကတော့ ကျောင်းမှာပဲ ရှိနေဦးမှာပေါ့၊ ဒါကို မင်း တကယ်ပဲ အဆင်သင့် ပြင်ထားပြီးပြီလား”

အဘိုးရန်က ပြောနေရင်းနှင့် စုဝေ့ချင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် စုရှောင်လော်ကို ထပ်မံ၍ ကြည့်လိုက်ပြန်၏။

“မင်းက အိမ်ထောင်မကျသေးတဲ့ လူငယ်လေးတစ်ယောက် မဟုတ်တော့ဘူး၊ မင််းမှာ ကိုယ်ပိုင်မိသားစု ရှိနေပြီလေ၊

ဒါကို သေသေချာချာ စဉ်းစားသင့်တယ်၊ အလွန်အကျွံ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး”

*

All Chapters