အခန်း ၂
Vol. 1 Ch. 2
အခန်း (၂)။
"ကျွန်တော်က ဒုက္ခသည် မဟုတ်ပါဘူး။ ဓားပြတိုက်ခံလိုက်ရပြီး ပိုက်ဆံတွေ အကုန်ပါ သွားတယ်။ ပြီးတော့ မတော်တဆ အဆိပ်ခတ်ထားတဲ့ ဆန်ပြုတ်ကို သောက်မိသွားတာ ပါ..." ကျူးမင်လန်က အမြန်ရှင်းပြလိုက်သည်။
"အဲဒါက ဘာထူးလို့လဲ။ သူမက သူမရည်ရွယ်ချက်ကို အောင်မြင်သွားပြီလေ" ဗယ်လ်ကရီက အေးစက်စွာ ပြောသည်။
"ဘယ်လို ရည်ရွယ်ချက်လဲ"
ကျူးမင်လန် စကားဆုံးသည်နှင့် သူ့မေးခွန်းက မည်မျှ တုံးအကြောင်း သိသွားသည်။
ဒီထက်ပိုတဲ့ ရည်ရွယ်ချက် ဘာရှိဦးမှာလဲ။
ဗယ်လ်ကရီကို ရာထူးကနေ ဖြုတ်ချပြီးပြီဆိုလျှင် သူမကို အရှက်ခွဲရန် နည်းလမ်းများစွာ ရှိသည်။ ယခုကဲ့သို့ပင် သူမအထွတ်အထိပ် ရာထူးနေရာကို သူတောင်းစားတစ်ဦးကဲ့သို့ လူမှုအဆင့်အတန်းနိမ့်ပါးသူတစ်ဦးနှင့် ပေါင်းသင်းစေခြင်းဖြင့် အညစ်အကြေး ပေကျံစေ ခြင်းမျိုး ဖြစ်သည်။ ထိုသို့သော ဆက်ဆံရေးမျိုးက သူမ၏ မောက်မာမှု၊ သန့်ရှင်းစင်ကြယ် မှုနှင့် မည်သူမျှ မထိမရဲနိုင်သော ဂုဏ်သိက္ခာအရှိန်အဝါတို့ကို ချက်ချင်းပင် "ညစ်ညမ်း" သွားစေလိမ့်မည်။
လမ်းပေါ်က အနိမ့်ကျဆုံး ကြွက်ကလေးတစ်ကောင်ကပင် အသန့်ရှင်းဆုံး ဗယ်လ်ကရီနှင့် ရောယှက်ဆက်ဆံနေနိုင်သည်ဆိုလျှင်၊ သူမနှင့် ပြည့်တန်ဆာမတစ်ယောက် ဘာကွာတော့ မည်နည်း။ အို... မဟုတ်သေးပါ၊ အနည်းဆုံးတော့ ပြည့်တန်ဆာမတွေကတောင် ကိုယ့်ဖောက်သည်ကို ကိုယ်တိုင် ရွေးချယ်နိုင်သေးသည်။
ထိုအချက်များကို သဘောပေါက်သွားသည့်အခါ ကျူးမင်လန်က ခါးသီးစွာ ရယ်မောလိုက် မိသည်။
သူသည် အမျိုးသမီးတစ်ယောက်ကို အရှက်ခွဲရန်အတွက် အသုံးချခံလိုက်ရခြင်း ဖြစ်သည်။ ဒါဆို ဒီလောကမှာ အလကားရတဲ့ ဆန်ပြုတ်ဆိုတာ မရှိဘူးပေါ့။
"ဒါနဲ့... ကျွန်တော်နဲ့အတူ အဆိပ်မိပြီး သတိလစ်သွားတဲ့ ဒုက္ခသည်တွေ အများကြီး ရှိသေး တယ်လေ... သူတို့ကရော..." ကျူးမင်လန်က ထိုအချက်ကို ရုတ်တရက် သတိရသွားသည်။
"မင်း သေချင်နေတာလား။ ငါ အခုချက်ချင်း မင်းသေအောင် လုပ်ပေးနိုင်တယ်နော်" ဗယ်လ်ကရီက သွားများကြိတ်ထားသဖြင့် ကျိုးကြေမတတ် ဖြစ်နေပြီး၊ သူမ၏ မျက်လုံး များတွင်လည်း သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ထပ်ဟပ်နေသည်။
သာမန်အချိန်သာဆိုလျှင် သူမသည် ကျူးမင်လန်ကို အစအနမကျန်အောင် ဖျက်ဆီးပစ် လိုက်မည် ဖြစ်သည်။
"အဟွတ် အဟွတ်" ကျူးမင်လန်၏ မျက်နှာမှာ အလွန်ရုပ်ပျက်သွားသည်။ သူက ငါ ဘာလို့ များ အချိန်အခါ မဟုတ်ဘဲ မှားပြောမိနေရတာလဲ။”
ဗယ်လ်ကရီသည် စိတ်ဓာတ်ကျနေသည့်ပုံ ပေါက်နေသော်လည်း၊ မကြာမီပင် သူမ၏ အကြည့်များမှာ စူးရှသွားပြီး ထွက်ပြေးရန်အတွက် ပြတင်းပေါက်ငယ်လေးကို အကဲခတ် နေသည်။
သူမသည် ဘေးနားက လူကို သတ်ပစ်ချင်လောက်အောင် ဒေါသထွက်နေသော်လည်း၊ ကျူးမင်လန်၏ စကားထဲမှ အရေးကြီးသော သတင်းအချက်အလက်တစ်ခုကို သူမ ရလိုက် သည်။ အပြင်ဘက်တွင် သူမှလွဲပြီး အခြားဒုက္ခသည်များစွာကိုလည်း ထောင်ချထားသေး သည်ဆိုသည့် အချက်ပင်။
နေ့တိုင်း ယောက်ျားတစ်ယောက်စီကို အခန်းထဲ ထည့်လာမည်ဆိုလျှင်၊ ထိုသို့သော အရှက် တကွဲ ဖြစ်ရပ်မျိုးကို ခံစားနေရမည့်အစား ကိုယ့်လျှာကိုယ် ကိုက်သေလိုက်တာကမှ ပိုကောင်းဦးမည်။
သူမ ထွက်ပေါက်တစ်ခုကို ရှာရမည်။ မနေ့ညက ဖြစ်ရပ်မျိုး ထပ်မဖြစ်စေချင်တော့ပေ၊ ဒါက အစပဲ ရှိသေးသည်။
"ကျွန်တော်တို့ ဒီနေရာကနေ ထွက်ဖို့ နည်းလမ်းရှာရမယ်" ကျူးမင်လန်က အလေးအနက် ပြောသည်။
ဗယ်လ်ကရီက ကျူးမင်လန်၏ စကားကို ဂရုမစိုက်ပေ။ သူမသည် ဤဖြစ်ရပ်ကြောင့် ရူးသွပ်သွားခြင်း မရှိ၊ စိတ်လှုပ်ရှားစွာ အော်ဟစ်နေခြင်း သို့မဟုတ် ငိုကြွေးနေခြင်းမျိုး လည်း မရှိပေ။ ဖြစ်ကောင်း ဖြစ်နိုင်သည်၊ သူမရင်ထဲတွင် ထိုသို့ ခံစားနေရသော်လည်း လက်ရှိ အခက်အခဲကို အေးဆေးစွာ ဖြေရှင်းပြီး လက်စားချေနိုင်မည့် အချိန်ရောက်မှသာ သူမ၏ ဝမ်းနည်းမှုကို ပြသလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ သူတို့သည် ထွက်ပေါက်တစ်ခု ရှာရန် လိုအပ်သည်။
"ကောင်းလိုက်တာ။ ကောင်ဇိုးလေးရေ၊ မင်း နိုးလာပြီပေါ့" ကျူးမင်လန်က ရုတ်တရက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကျူးမင်လန်သည် သူ့လက်ဝါးကို ဖွင့်လိုက်ရာ မှော်ပညာရပ် ပြလိုက်သည့်အလား နို့နှစ်ရောင် "ရေခဲပိုးကောင်" လေးတစ်ကောင် ထွက်ပေါ်လာသည်။
ရေခဲပိုးကောင်၏ လုံးဝန်းသော ခန္ဓာကိုယ်က ထွင်းဖောက်မြင်နိုင်ပြီး နူးညံ့သော အသား အရေဖြင့် တုန်ရီနေ၏။ ရေခဲပိုးကောင်လေးသည် လူးလွန်နေစဉ်မှာပင် အလွန်ချစ်စရာ ကောင်းပြီး အပြစ်ကင်းစင်လွန်းနေသည်။ ၎င်း၏မျက်လုံးရွဲကြီး နှစ်လုံးမှာမူ ထူးခြားသည့် အရိပ်အယောင်များဖြင့် တောက်ပနေသည်။
ဗယ်လ်ကရီသည် ကျူးမင်လန်၏ လက်ထဲတွင် ရှိနေသော ပိုးကောင်ငယ်လေးကို တစ်ချက် ကြည့်လိုက်ပြီး အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။
“အသိဉာဏ်မဲ့ပြီး ပေါ့ပေါ့ဆဆနေတတ်သူပဲ၊ အခုလိုချိန်မျိုးမှာတောင် ပိုးကောင်လေးနဲ့ ဆော့ကစားနေနိုင်သေးတယ်။”
"သွား၊ သွားပြီး တံခါးဖွင့်ပေး။ မင်း လုပ်နိုင်တာ ငါသိတယ်" ကျူးမင်လန်က ရေခဲ ပိုးကောင်ကို ပြောလိုက်သည်။
ရေခဲပိုးကောင်သည် ကျောက်နံရံပေါ်သို့ တွားတက်သွားပြီး သံတိုင်များကို ချက်ချင်း ရှာတွေ့သွားသည်။
"ချွင်…"
မကြာမီမှာပင် သံကြိုးပြုတ်ကျသံ ထွက်ပေါ်လာသည်။
ထိုအရာကို မြင်လိုက်ရသောအခါ ဗယ်လ်ကရီ၏ မျက်လုံးများ တောက်ပသွားပြီး ဝမ်းသာ အားရ ဖြစ်နေသော မျက်နှာကို မဖုံးကွယ်နိုင်တော့ပေ။
"ဟဲဟဲ၊ ငါ့ရဲ့ ရေခဲပိုးကောင်လေးက ဘာမဆို လုပ်နိုင်တယ်လေ" ကျူးမင်လန်က ဗယ်လ်ကရီကို ပြုံးပြလိုက်သည်။
"ငါ့ကို တွဲထူပေးပါ" ဗယ်လ်ကရီက ပြောသည်။ သူမခန္ဓာကိုယ်မှာ အနည်းငယ် အားနည်း နေပြီး၊ မူးယစ်စေသော အဆိပ်၏ အာနိသင်မှာ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
သူမက ခြေဗလာဖြင့် ကျူးမင်လန်၏ ပခုံးပေါ်သို့ နင်းတက်လိုက်သည်။
အားထုတ်ပြီး ထောင်ထဲမှ ထွက်ခွာလာပြီးနောက် သူမက ခေတ္တရပ်တန့်ကာ ကျူးမင်လန် ကို နောက်ပြန် လှည့်ကြည့်လိုက်သည်။
ကျူးမင်လန်သည် ထောင်ထဲတွင် ရပ်နေရင်း သူမကိုသာ စိုက်ကြည့်နေမိသည်။
တကယ်ပင်... ဧကရီအရှင်မသည် နောက်ပြန်လှည့်သွားပြီး ကျူးမင်လန်ကို ထောင်ထဲမှာ ပင် ပစ်ထားခဲ့ကာ တစ်ဦးတည်း ထွက်ခွာသွားလေသည်။
ထောင်ထဲရှိ ကျောက်နံရံများမှာ ချောမွတ်နေပြီး အကူအညီမပါဘဲ အပြင်သို့ တက်ရန် မဖြစ်နိုင်ပေ။
"မိန်းမတွေကတော့ လှလေလေ၊ ယုံရခက်လေလေပဲ" ကျူးမင်လန်က စိတ်ပျက်စွာ ခေါင်းခါလိုက်မိသည်။ သူက ရေခဲပိုးကောင်လေးကို ပိုးမျှင်တွေ ရက်ခိုင်းပြီး ကျောက်နံပေါ် တက်ရန် ပြင်ဆင်နေစဉ်မှာပင် သူ့အထက်ဘက်မှ ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပါးသော ခြေသံများ ထွက်ပေါ်လာသည်။
"ဒါကို ဝတ်လိုက်၊ မင်းကို ငါ ဆွဲတင်ပေးမယ်" ဧကရီအရှင်မက ထောင်ထဲရှိ နေရာတစ်ခုမှ အိတ်ကြီးနှစ်လုံးကို ရှာတွေ့သွားပြီး အိတ်တွေကို ဆွဲဖြဲကာ အဝတ်အစားသဖွယ် ဖန်တီး လိုက်သည်။
ကျူးမင်လန်၏ မျက်နှာပေါ်တွင် ချက်ချင်းပင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် အိတ်စများကို အမြန်ဝတ်ဆင်လိုက်ပြီး မြို့ဧကရီအရှင်မ ကမ်းပေးလာသော သူမ၏ နူးညံ့လှပသည့် လက်ကို လှမ်းကိုင်လိုက်သည်။
...
ကျူးမင်လန်ကို ဆွဲတင်ပေးပြီးနောက် ဧကရီအရှင်မမှာ မောဟိုက်နေသည်။ အဆိပ်၏ အာနိသင်များမှာ သူမခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေဆဲ ဖြစ်သည့်အတွက် သူမ၏ အားအင် များမှာ နည်းပါးနေပြီး အားအင်ချို့တဲ့နေသည့် မိန်းကလေးငယ်တစ်ဦးနှင့် ဘာမှ မခြားနား တော့ပေ။
"ငါ့နောက်ကို လိုက်ခဲ့၊ အသံမထွက်နဲ့" ဧကရီအရှင်မက တိုးတိုးလေး ပြောသည်။
"ဒီထောင်ကို ခင်ဗျား တော်တော် ကျွမ်းကျင်တာပဲနော်" ကျူးမင်လန်က တိုးတိုးလေးပင် ပြန်မေးလိုက်သည်။
"ငါ ကိုယ့်ဘာသာကိုယ် ဒီမှာ အကျဉ်းချလေ့ရှိတယ်လေ" သူမက ပြန်ဖြေသည်။
ကျူးမင်လန်မှာ နားမလည်နိုင်စွာဖြင့် တွေဝေသွားသည်။
ကိုယ့်ဘာသာကိုယ် ဒီမှာ အကျဉ်းချတာလား။
ခင်ဗျား ရူးနေတာလား။
...
ဗယ်လ်ကရီသည် ဤထောင်အကြောင်းကို အမှန်ပင် အလွန် ကျွမ်းကျင်လှသည်။ စောင့်ကြည့်မည့်သူ မရှိလျှင်ပင် ကျူးမင်လန်အနေဖြင့် ထွက်ပေါက်ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။ ၎င်းမှာ စင်္ကြံများဖြင့် ရှုပ်ထွေးနေသော လမ်းကြောင်းအသွယ်သွယ် ဖြစ်သည်။
အဆုံးတွင်မူ သူတို့သည် လျှို့ဝှက်လမ်းကြောင်းတစ်ခုမှတစ်ဆင့် မြို့ပြင်သို့ ထွက်ခွာနိုင်ခဲ့ ကြသည်။
မြို့ပြင်သို့ ရောက်သောအခါ ကျူးမင်လန်သည် မြေပြင်ပေါ်ရှိ ရွှံ့ညွန်များကို ကောက်ယူကာ သူ့မျက်နှာပေါ်တွင် သုတ်လိမ်းလိုက်ပြီး ဗယ်လ်ကရီ၏ ဖြူစင်လှပသော ပါးပြင်ပေါ်တွင် လည်း ရွှံ့စင်းကြောင်း နှစ်ခုကို ပေကျံသွားအောင် သုတ်လိမ်းပေးလိုက်သည်။
"ခဏလောက်တော့ ကျွန်တော့်နေရာမှာပဲ ခိုလှုံကြရအောင်" ကျူးမင်လန်က ပြောသည်။
ဗယ်လ်ကရီက ဘာမျှ ပြန်မပြောပေ။ ကျူးမင်လန်ကမူ သူမ သဘောတူသည်ဟုသာ ယူဆလိုက်သည်။
သူတို့သည် ခြေလျင်ဖြင့် မြို့ပြင်ဘက်သို့ ဦးတည်သွားကြသည်။ မကြာမီမှာပင် စစ်သည် တော်အဖွဲ့များ မြို့တွင်းလမ်းမပေါ်တွင် အပြေးအလွှား သွားလာနေသည်ကို တွေ့လိုက်ရ သည်။ ဗယ်လ်ကရီ ထွက်ပြေးသွားသည့် သတင်းမှာ ပျံ့နှံ့သွားပြီ ဖြစ်ကြောင်း ထင်ရှားနေ သည်။
သုံးရက် သုံးညခရီးနှင်ပြီးနောက် ကျူးမင်လန်နှင့် ဗယ်လ်ကရီတို့သည် နောက်ဆုံးတွင် ရှောက်ဆန်းမြို့သို့ ပြန်လည် ရောက်ရှိလာကြသည်။
ရှောက်ဆန်းမြို့သည် ပိုးမွေးမြူရေးသမားများ စုဝေးရာနေရာတစ်ခု ဖြစ်သည်။ မြို့ပြင်မှ ကုန်သည်အများအပြားက ပိုးကုန်ကြမ်းနှင့် ပိုးထည်ပစ္စည်းများကို ဝယ်ယူရန် ဤနေရာသို့ လာရောက်လေ့ရှိကြသည်။ လူဦးရေမှာ ပိုမိုများပြားလာပြီး ကူးသန်းသွားလာသူများဖြင့် ပြည့်နှက်နေကာ တဖြည်းဖြည်းနှင့် လူစုံတက်စုံ ဖြစ်လာခဲ့သည်။
ပြင်ပရောက်လာသူများ ပိုများလေလေ၊ ပုန်းကွယ်ရန် ပိုလွယ်လေလေပင်။ ကျူးမင်လန် နှင့် ဗယ်လ်ကရီ တိုသည် ညဘက်တွင်သာ ခရီးသွားကြပြီး နေ့ဘက်တွင် နားနေရန်ပင် မဝံ့ရဲသဖြင့် အလွန်ပင်ပန်းနွမ်းနယ်နေကြသည်။
သူ့အိမ်လေးနှင့် ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ကျူးမင်လန်သည် အိပ်ရာပေါ်သို့ ပြိုလဲ ကျသွားပြီး ချက်ချင်း အိပ်ပျော်သွားတော့သည်။
ဗယ်လ်ကရီကမူ ထိုင်ခုံနှစ်လုံးကို ပူးကပ်ပြီး ၎င်းတို့ပေါ်တွင် ပက်လက် အိပ်စက်လိုက် သည်။ သူမသည် တစ်ခွန်းမျှပင် မဟပေ။
သူမလည်း အလွန်ပင်ပန်းနေပြီး ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကြောင့် သူမ၏ စိတ်နှလုံးမှာ ပြင်းထန်သော ဖိအားအောက်တွင် ရှိနေသည်။ သို့သော် သူမ ချက်ချင်း အိပ်မပျော်သေးပေ။ လတ်တလော ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိသောအခါ သူမ၏ မျက်ဝန်းများမှာ မသိစိတ်ဖြင့်ပင် စိုစွတ်လာသည်။
အိပ်မောကျနေသည့် ကျူးမင်လန်သည် မကြာမီပင် ဟောက်သံရပ်တန့်သွားပြီး မျက်လုံး များ ပွင့်လာသည်။ သူသည် ဘေးစောင်း အိပ်ပျော်နေသော ဗယ်လ်ကရီကို ကြည့်လိုက်မိ ပြီး သူမမျက်တောင်များတွင် အရည်ကြည်များ တောက်ပနေသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းတစ်ချက်ကို မဆိုင်းမတွပင် ချလိုက်မိသည်။
သူတို့နှစ်ဦးကြားတွင် ချစ်ခြင်းမေတ္တာထက် အပြန်အလှန် လိုအပ်ချက်သာ ရှိသည်ဟု ဆိုရသော်လည်း ကျူးမင်လန်မှာမူ နာကျင်မှုအချို့ကို ခံစားနေရသည်။
သူ့အတွက်ဆိုလျှင် ဒါဟာ အဆိပ်သင့် ဟင်းရည်တစ်ခွက် သောက်မိလိုက်ခြင်း၊ ထောင်ထဲ တွင် တစ်ညတာ ကုန်ဆုံးလိုက်ရခြင်းနှင့် ရက်အနည်းငယ် ခရီးသွားရခြင်းမျှသာ ဖြစ်သည်။
သို့သော် သူမအတွက်ကော…
သူမသည် ထာဝရမြို့တော်၏ ဧကရီအရှင်မ ဖြစ်သည်။ သူမ၏ အာဏာနှင့် ဂုဏ်သိက္ခာတို့ မှာ ဆုတ်ဖြဲခံလိုက်ရပြီး၊ ပိုးကောင်ချေးနံ့များ ထွက်နေသော အိမ်ငယ်လေးတစ်ခုထဲတွင် ပုန်းခိုနေရသည့်ဘဝသို့ ရောက်ရှိသွားခဲ့သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ၏ တည်ငြိမ်သောအမူအရာနှင့် တစ်ခါတစ်ရံ ပေါ်ပေါက်လာတတ်သည့် စိတ်ဓာတ်ကျမှုတို့က သူမခံစားခဲ့ရသည့် အရှက်တရားများကို မေ့ဖျောက်ထားခြင်း မဟုတ်ဘဲ၊ အတွင်းစိတ်ရှိ ဒေါသနှင့် မကျေနပ်ချက်များအားလုံးကို လက်စားချေရန်အတွက် ခွန်အားအဖြစ် ပြောင်းလဲထားခြင်းသာ ဖြစ်ပေလိမ့်မည်။