← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း (၃) နဂါးတံခါး။

“အာ... အခုတော့ ငါက ပိုးစာရွက် စိုက်ပျိုးသူတစ်ယောက်ထက် ပိုမထူးခြားတော့တဲ့သူပါ လေ။”

“ပိုးမျှင်လေးတွေကို ရောင်းချရင်းနဲ့ မမျှော်လင့်ထားတဲ့ ကိစ္စတွေ မဖြစ်လာဘူးဆိုရင်တော့ နောက်နှစ်ကျရင် လမ်းတစ်ဖက်က ပိုးထည်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ "ယန်လေး" နဲ့ လက်ထပ်ပြီး ကံကြမ္မာစီးမြောရာအတိုင်း နေထိုင်သွားရမယ့် ရိုးရှင်းတဲ့ ဘဝလေးကိုပဲ ပိုင်ဆိုင်ရတော့မှာ။”

နှစ်များစွာအတွင်း ကျူးမင်လန် တစ်ယောက် သူ့ရည်မှန်းချက်တွေကို စွန့်လွှတ်ခဲ့ရတာ ကြာလှပါပြီ။ သူဟာ အတိတ်က ဂုဏ်ကျက်သရေတွေကို မတောင့်တတော့ဘဲ ရှောက်ဆန်းမြို့က ဘယ်သူမှ မသိတဲ့နေရာလေးတစ်ခုမှာ ပိုးစာပင်လေးတွေ စိုက်ပျိုးပြီး ပိုးကောင်လေးတွေ မွေးမြူရင်း ဒီဘဝကို အေးအေးဆေးဆေး ကုန်ဆုံးသွားဖို့သာ မျှော်လင့် ထားခဲ့သူတာ...။

သို့သော် တစ်နေ့မှာ ထာဝရမြို့တော်ကို အုပ်ချုပ်သူ၊ မျက်စိပသာဒ ဖြစ်လောက်အောင် တောက်ပလွန်းသည့် ဗယ်လ်ကရီနှင့်အတူ ထောင်ထဲမှာ အိပ်စက်ရလိမ့်မည်ဟု ဘယ်သူက များ ထင်ထားမိမှာလဲ။ တကယ်ကိုပဲ စိတ်အေးလက်အေး မနေနိုင်တဲ့ ဘဝပါလား။

မျက်လုံးတွေကို မှိတ်ထားရင်း ကျူးမင်လန် တစ်ယောက် စိတ်ရှုပ်ထွေးပြီး လမ်းပျောက်နေ သလို ခံစားလိုက်ရသည်။

သိပ်မကြာခင်မှာ သူဟာ အလွန်ပင်ပန်းနွမ်းနယ်နေတာကြောင့် အိပ်ပျော်သွားတော့သည်။

...

"စီ... စီ..."

“သင်းပျံ့လှတဲ့ အနံ့လေးပါလား၊ ဘေးအိမ်က ဘာတွေများ ကြော်လှော်နေပါလိမ့်။”

ကျူးမင်လန် နိုးလာချိန်မှာ ဆီကြော်နံ့ သင်းသင်းလေးကို ရလိုက်သည်။ မျက်နှာကို ရေအေးအေးဖြင့် သစ်ပြီးနောက် အနံ့က သူ့မီးဖိုချောင်ထဲမှ ထွက်လာတာမှန်း သူ သိလိုက်ရသည်။

“ဗယ်လ်ကရီလား။ သူမ မီးဖိုချောင်ထဲမှာလား။”

“သူမ ဟင်းချက်တတ်တာများလား။”

“အံ့ဩစရာပါပဲ၊ သူမက ထောင်ထဲကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ရုံ၊ ခန်းမ ဆောင်တွေမှာ ကျက်သရေရှိရုံတင်မကဘူး၊ မီးဖိုချောင်ထဲအထိ ဝင်နိုင်သေးတယ်ပေါ့။”

ရိုးရှင်းလှသည့် မီးဖိုချောင်ထဲကို လျှောက်သွားလိုက်သည့်အခါ ဝါးခြင်းတောင်းဘေးရှိ အိုးကြီးထဲမှာ ရွှေရောင်သန်းပြီး ကြွပ်ရွနေသည့် အသားကြော်တွေကို ကျူးမင်လန် မြင်လိုက်ရသည်။ ကြည့်လိုက်ရုံဖြင့်ပင် အရသာရှိမှန်း သိသာလှသည်။

သို့သော် မကြာခင်မှာ ကျူးမင်လန်တစ်ယောက် နှမြောလွန်းလို့ သေမတတ် ဖြစ်သွားရ သည့် မြင်ကွင်းကို မြင်လိုက်ရတော့သည်။

ဗယ်လ်ကရီက တူရှည်လေးကို ကျွမ်းကျင်စွာ ကိုင်တွယ်ရင်း၊ သူအသဲအသန် မွေးထားသည့် "အသားတိုး ပိုးကောင်ကြီးတွေ" ကို ကန်စွန်းဥမှုန့်ဖြင့် နှံ့အောင်နယ်ပြီး ဆီပူထဲကို တိုက်ရိုက် ပစ်ထည့်နေသည်။ လတ်ဆတ်သင်းပျံ့သည့် အကြော်အနံ့တွေက တဖန် ထွက်လာပြန်သည်။

"ကျွန်တော့်ရဲ့ အသားတိုး ပိုးကောင်ကြီးတွေ" ကျူးမင်လန် တစ်ယောက် အော်ဟစ်လိုက် မိသည်။

"ငါ ဗိုက်ဆာလို့၊ ပြီးတော့ မင်းအိမ်မှာ တခြားစားစရာလည်း မရှိဘူးလေ။"

“ပိုးကောင်လေးတွေက ချစ်စရာကောင်းတာကို၊ ဘယ်လိုလုပ်ပြီး စားပစ်ရက်တာလဲ။”

“ဒီပိုးကောင်ကြီးတွေကို တစ်လကျော်ကြာအောင် ခက်ခက်ခဲခဲ မွေးမြူထားခဲ့ရတာ။ တစ်ကောင်ချင်းစီက ငွေသဲပွင့်လေးတွေလို တန်ဖိုးရှိပြီး ဒီပိုးကောင်ကြီးတွေကြောင့်ပဲ မြို့က ကောင်မလေးတစ်ယောက်ကို လက်ထပ်ဖို့ အစီအစဉ် ရှိထားပြီးသား...။”

"မင်းလို နတ်သမီးလေးလို လှပပြီး ထူးခြားတဲ့ စရိုက်ရှိတဲ့သူက၊ ပိုးကောင်ကြော်ကိုမှ စားနေရလား... ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ" ကျူးမင်လန် တစ်ယောက် ငိုချင်းချလိုက်မိသည်။

"မင်းရဲ့အသားတိုး ပိုးကောင်ကြီးတွေကို ငါမြင်ဖူးပါတယ်။ ငါ့လူတွေလည်း ဒီအတိုင်းပဲ ပြင်ဆင်ကြတာပါ။ ငါတစ်ကောင် စားကြည့်တော့ အဆီများလွန်းလို့ ခံတွင်းမတွေ့ဘူး၊ သိပ်မကြိုက်ဘူး" ဗယ်လ်ကရီက စောစောလေးကမှ ကြော်ထားတဲ့ အသားတိုး ပိုးကောင်ကြီးကို အဆီဓာတ် လျော့သွားအောင် ဆလတ်ရွက်နုလေးနဲ့ ကျွမ်းကျင်စွာ ပတ်လိုက်သည်။ ထို့နောက် မျက်မှောင်လေး အနည်းငယ် ကြုတ်ပြီး ပါးစပ်ထဲ အသာထည့် ကာ အနိုင်နိုင် မျိုချလိုက်လေသည်။"

"စားတာကတော့ စားနေတာပဲ၊ ပြီးတော့ အဆီများတယ်လို့ ဝေဖန်သေးတယ်၊ နောက်ပြီး အဲဒီလို ခက်ခဲနာကျင်တဲ့ မျက်နှာပေးနဲ့ အနိုင်နိုင် မျိုချနေပုံကို ကြည့်ရတာ..."

“တကယ့်ကို အရသာရှိပုံပဲ။”

နောက်ဆုံးမှာတော့ ကျူးမင်လန်လည်း အပိုင်းအစလေး တစ်ခုကို ကောက်ယူပြီး အရွက်နု လေးနဲ့ ပတ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။

"ကောင်ဇိုးလေးရေ၊ ငါ မင်းတို့ကို မစားဘူး၊ မစားဘူးနော်။ ဒါတွေက အသားတိုး ပိုးကောင်ကြီးတွေပါ၊ စားဖို့ မွေးထားတာ" သူက ပခုံးပေါ်က ရေခဲပိုးကောင်လေးကို ကျွေးရင်း နှစ်သိမ့်လိုက်သည်။

"လွန်ခဲ့တဲ့ လအနည်းငယ်ကစပြီး နဂါးပျိုလေးတွေဟာ အသားတိုး ပိုးစာကောင်ကြီးတွေ ကို အရမ်းကြိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်။ အဲဒီ ပိုးစာကောင်ကြီးတွေကို စားတဲ့ ဝိညာဉ်ပိုးကောင်ငယ်ကို တွေ့ရင် ချက်ချင်း ဖမ်းထားရမယ်တဲ့။ အဲဒီဝိညာဉ် ပိုးကောင်းငယ်တွေက နဂါးအဖြစ်ပြောင်းလဲဖို့ အခွင့်အရေး အရမ်းများလို့လေ" ဗယ်လ်ကရီက ပြောသည်။

"အဲဒါကြောင့်မို့ အခုတလော အသားတိုး ပိုးစာကောင်ကြီးတွေ ရောင်းကောင်းနေတာကိုး။ ကျွန်တော်ကတော့ သူဌေးသမီးတစ်ယောက်က မင်္ဂလာဆောင်အတွက် ပိုးထည်တွေ လိုလို့ များလား ထင်နေတာ။ သောက်ကျိုးနည်း၊ အဝတ်အစား လုပ်ဖို့ မွေးထားတာကို ဟင်းလျာ ဖြစ်သွားကြပြီ။ အဲဒီပိုးစာကောင်ကြီးတွေကတော့ ကျိန်ဆဲနေတော့မှာပဲ။"

"ပိုးစာကောင်တွေကို စားသုံးလို့ နဂါးအဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင် ပိုးစာကောင်တွေရဲ့ ဝိညာဉ်သောင်းပေါင်းများစွာလည်း အလဟဿ မဖြစ်တော့ပါဘူး" ဗယ်လ်ကရီက ဆိုသည်။

"နဂါးတွေက အရမ်း မြင့်မြတ်လို့လား။"

"မြင့်မြတ်တာပေါ့။"

"ခင်ဗျားနဲ့ ယှဉ်ရင်ရော။"

"နဂါးတွေနဲ့ ယှဉ်ရင် ငါက ဘာမှ မဟုတ်ပါဘူး။"

ဤကမ္ဘာတွင် အံ့ဩစရာကောင်းသည့် စွမ်းအားတစ်ခု ရှိနေသည်။ ထိုစွမ်းအားက ဘယ်သတ္တဝါမဆို နဂါးအဖြစ် ပြောင်းလဲဖို့ အခွင့်အရေး ရှိနေခြင်းပင်။

နဂါးဆိုသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး မြင့်မြတ်ကာ တန်ခိုးအာဏာ ကြီးမားလှသည်။ သို့သော် သတ္တဝါပေါင်း သန်းပေါင်းများစွာထဲမှာ နဂါးအဖြစ် ပြောင်းလဲနိုင်သူကတော့ အလွန်ပင် ရှားပါးလှပေသည်။

ဒဏ္ဍာရီတွေအရ သက်ရှိသတ္တဝါတိုင်းမှာ ကိုယ်ပိုင် "နဂါးတံခါး" တစ်ခုစီ ရှိကြသည်ဟု အဆိုရှိသည်။

တစ်ခါတည်း ခုန်ကျော်နိုင်သည်နှင့် သူတို့သည် နဂါးများအဖြစ် ပြောင်းလဲသွားကြသည်။

နဂါးများမှာ နေ၊ လ၊ ကြယ်တာရာများကဲ့သို့ ကောင်းကင်ယံတွင် မြင့်မားစွာ ပျံဝဲနေပြီး မည်သည့်အရာနှင့်မျှ မနှိုင်းယှဉ်နိုင်လောက်အောင် တောက်ပနေကြသည်။

အစားအစာနှင့် နယ်မြေအတွက် အလုအယက် ဖြစ်နေကြသည့် တောရိုင်းတိရစ္ဆာန်များနှင့် နတ်ဆိုးများအတွက်မူ၊ ဤသို့ နဂါးအဖြစ် ပြောင်းလဲလာကြသည့် သတ္တဝါများသည် မြစ်ထဲရှိ ရွံရှာဖွယ်ကောင်းပြီး အနံ့အသက်ဆိုးလှသည့် သာမန်ငါးအသေးအမွှားလေးများ နှင့် ပုစွန်လုံးလေးများထက် ပိုမိုထူးခြားခြင်း မရှိပေ။

"နဂါးတွေက ဒီလောက်တောင် စွမ်းအားကြီးရင်၊ လူသားတွေကရော ဘာလို့ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် လုယက် သတ်ဖြတ်နေကြတာလဲ" ကျူးမင်လန် က မေးလိုက်သည်။

"လူသားတွေမှာ အသိဉာဏ် ရှိတယ်။ နဂါးအဖြစ် ပြောင်းလဲဖို့ဆိုတာ မရေတွက်နိုင်တဲ့ မသေချာမှုတွေနဲ့ ပြည့်နှက်နေတယ်။ အဲဒါအတွက် ကံကြမ္မာတစ်ခု လိုအပ်သလို၊ ပေးဆပ် ရမယ့် အဖိုးအခကလည်း အရမ်းကြီးမားတယ်။ နဂါးအဖြစ် ပြောင်းလဲခြင်း ပုံစံတွေကို လေ့လာပြီး နဂါးလောင်းလေးတွေကို ရှာဖွေနေတဲ့လူတွေ ရှိတယ်။ အလားအလာရှိပေမယ့် လိုအပ်ချက်ရှိနေတဲ့ နဂါးလောင်းလေးတွေကို သူတို့က အဲဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး နဂါးတံခါးကို ခုန်ကျော်နိုင်အောင် ကူညီပေးကြတယ်။"

"နဂါးထိန်းလား။"

"အင်း၊ လူသားတွေက နဂါးထိန်းတွေ ဖြစ်လာနိုင်တယ်။"

"ကျွန်တော် လုပ်နေတာကို ခင်ဗျား ဘယ်လိုထင်လဲ" ကျူးမင်လန်က စိတ်အားထက်သန် စွာဖြင့် မေးလိုက်သည်။

"မင်းရဲ့ ပိုးစာကောင်ကတော့ ကောင်းပါတယ်။ တော်တော်လေးကို ဝဖြိုးနေတာပဲ။"

ဗယ်လ်ကရီတစ်ယောက် လိမ်ညာရမှာကို ရှောင်ရှားနေသည့် ပုံစံကပင် အလွန်တရာ လှပနေသည်။

...

ထာဝရမြို့တော်။

နေမထွက်သေးသည့် မနက်စောစောအချိန် ဖြစ်သော်လည်း ကောင်းကင်ယံမှာမူ အနီရောင် တိမ်တိုက်များဖြင့် လှပစွာ ဆေးခြယ်ထားသကဲ့သို့ ရှိနေသည်။ အစစ်မှန် မီးတောက်များက မြို့တစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေပြီး အမှောင်မိုက်ဆုံး နေရာ လေးများကိုပင် ထူးခြားစွာ လင်းထိန်နေစေသည်။

"အသက်လုပြီး ပြေးကြပါ၊ ပြေးကြတော့။"

"မီးလောင်ပြီ၊ အကြီးအကျယ် မီးလောင်နေပြီ။"

လမ်းမကြီးပေါ်တွင် ရုတ်တရက် အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ဆူပူအော်ဟစ်အသံ များမှာလည်း ပိုမိုကျယ်လောင်လာသည်။ လူအုပ်ကြီးသည် ရှေးဟောင်း သားရဲကြီး တစ်ကောင်က နောက်ကလိုက်ပါလာသည့်နှယ် မြို့ပြင်ဘက်သို့ အသည်းအသန် ပြေးလွှားနေကြသည်။

"ဘုန်း၊ ဘုန်း၊ ဘုန်း…"

ရုတ်တရက်ဆိုသလိုပင် မီးလျှံမိုးများမှာ အလျားလိုက် ပြန့်ကျဲလာပြီး မြင့်မားသော အဆောက်အအုံများကို ရိုက်ခတ်လိုက်သည်။ တစ်ခဏချင်းမှာပင် လမ်းဘေးရှိ အိမ်များနှင့် အဆောက်အအုံများမှာ ပြိုကျပျက်စီးသွားပြီး အုတ်ခဲများမှာ လမ်းမကြီးတစ်လျှောက် လွင့်စင်သွားကြသည်။

ရိုးရိုးရှင်းရှင်း အဝတ်အစားများကို ဝတ်ဆင်ထားသော မြို့သူမြို့သား အုပ်စုတစ်ခုမှာ ထိုမီးတောက်များဖြင့် ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များမှာ မီးစွဲ လောင်လျက် အလွန်ပင် ပူလောင်နာကျင်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။

လမ်းမကြီးကို ထိန်းသိမ်းနေသည့် အစွယ်စစ်သည်များမှာ တုန်လှုပ်ချောက်ချားသွားပြီး ဓားများကို အမြန်ဆွဲထုတ်လိုက်ကြသည်။ သူတို့သည် သူပုန်အဖွဲ့များ မြို့ထဲသို့ ဝင်ရောက် လာပြီး သတ်ဖြတ်လုယက်နေကြသည်ဟု ထင်လိုက်ကြသည်။

"အောင်း…။"

သူတို့၏ နောက်ဘက်ရှိ မြင့်မားသော အဆောက်အအုံများဆီမှ အလွန်တရာ ကြီးမားသော ဦးခေါင်းတစ်ခုမှာ ရုတ်တရက် ကောင်းကင်ယံသို့ ထိုးတက်လာသည်။ ရှည်လျားပြီး ထူထဲ သော ခန္ဓာကိုယ်နှင့်အတူ တောက်လောင်နေသည့် မီးအကြေးခွံများမှာ ပူပြင်းသည့် မီးတောက်များကို အဆက်မပြတ် ထုတ်လွှတ်နေ။

"နဂါး….၊ နဂါးကြီးဟ…."

အစွယ်စစ်သည်များမှာ လွန်စွာ တုန်လှုပ်သွားကြ၏။ အလွန်တရာ ပူပြင်းလှသော မီးတောက်များကို ရင်ဆိုင်နေရသော်လည်း သူတို့ရင်ထဲတွင်မူ ကြောက်ရွံ့မှုကြောင့် ရေခဲ ပြင်ကဲ့သို့ အေးစက်မှုကို ခံစားနေရသည်။

ရွှေရောင်လွှမ်းနေသည့် မီးနဂါးကြီး….

ရွှေရောင်မီးနဂါးကြီးမှာ ထာဝရမြို့တော်၏ လမ်းမများပေါ်တွင် ရှိနေသော လူအုပ်ကြီးကို ၎င်း၏ပါးစပ်မှ ထွက်လာသော မီးလျှံမိုးများဖြင့် သန့်စင်ပေးနေခြင်း ဖြစ်သည်။

၎င်း၏ခေါင်းကို မော့လိုက်ပြီး မီးတောက်များကို မှုတ်ထုတ်လိုက်သည်နှင့် လမ်းပေါ်ရှိ အသက်ရှိသမျှ လူသားတိုင်းမှာ ပြာမှုန့်အဖြစ် ပြောင်းလဲသွားလေတော့သည်။

နဂါးကြီးက အမြီးတစ်ချက် လွှဲယမ်းလိုက်သည်နှင့် မြို့ရိုးများနှင့် မြင့်မားသော အဆောက် အအုံများ၊ အစိုးရရုံးများ၊ ဆိုင်ခန်းများအားလုံး ပြိုကျပျက်စီးသွားကြသည်။

သာမန်ပြည်သူတို့၏ နေအိမ်များအတွက်မူ ၎င်း၏ မီးတောက်အကြေးခွံများ အနည်းငယ် တို့ထိမိရုံဖြင့်ပင် မီးစွဲလောင်သွားပြီး တစ်မိနစ်ခွဲအတွင်း ပြာပုံအတိ ဖြစ်သွားတော့သည်။

တစ်မိနစ်ခွဲဆိုသည့် အချိန်တိုအတွင်းမှာပင် လမ်းမကြီးတစ်ခုလုံးမှာ လုံးဝ ပရမ်းပတာ ဖြစ်သွားခဲ့သည်။

လက်နက်များကို ကိုင်စွဲထားပြီး သံချပ်ကာဝတ်ထားသော စစ်သည်အချို့မှာလည်း အလွန် ပင် လေ့ကျင့်မှုကောင်းပြီး ရဲရင့်ကြသည်။

သို့သော် ရွှေရောင်မီးနဂါးကြီး၏ ဟိန်းသံကို ကြားလိုက်ရသည်နှင့် စစ်သည်တို့၏ နားစည် များမှာ ပေါက်ထွက်သွားသည်။ သူတို့သည် နားကိုပိတ်၍ အော်ဟစ်ကာ မြေပြင်ပေါ်တွင် လူးလှိမ့်နေကြပြီး ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

နဂါးကြီး၏ လက်သည်းဖြင့် တစ်ချက် အုပ်ကိုင်လိုက်သည်နှင့် ထိုစစ်သည်များမှာ သူတို့၏ သိုင်းပညာကိုပင် ထုတ်ဖော်ခွင့်မရလိုက်ဘဲ အသားတုံးများအဖြစ် ပြောင်းလဲသွားကြသည်။

စစ်သည်များပင် ဤမီးလျှံများ တောက်လောင်နေသော ရွှေရောင်မီးနဂါးကြီးကို မယှဉ်နိုင် ပါက သာမန်ပြည်သူများအကြောင်း ပြောနေစရာပင် မလိုတော့ပေ။

မြို့တော်တစ်ခုလုံးမှာ မီးပင်လယ်ကြီး ဖြစ်သွားသည်။ ထာဝရမြို့တော်၏ အစွမ်းထက်ဆုံး တပ်ဖွဲ့များပင် အနည်းငယ်မျှ မယှဉ်နိုင်တော့ဘဲ၊ မကြာမီမှာပင် သံချပ်ကာ ဝတ်ဆင်ထား သော မြို့စောင့်တပ်များမှာလည်း ပြည်သူများနည်းတူ ပြိုကွဲကာ ထွက်ပြေးသွားကြသည် ကို မြင်တွေ့လိုက်ရ၏။

All Chapters