အခန်း ၆
Vol. 1 Ch. 6
အခန်း (၆) ဝိညာဉ်သတ္တဝါငယ်။
လော့ရှောင် မျက်မှောင်ကြုတ်သွားသော်လည်း၊ ယခုအခြေအနေတွင် သူသည် ဘာမှ ထပ်ပြော၍ မရတော့ပေ။
ဝူထူဆိုသည်မှာ မြုံပြီး ပရမ်းပတာနိုင်လှသော တောရိုင်းနယ်မြေတစ်ခု ဖြစ်ပြီး၊ ထာဝရ မြို့တော်မှာ ဝူထူတောရိုင်းနယ်မြေ မြို့များထဲမှ တစ်မြို့သာ ဖြစ်သည်။ လော့ရှောင်သည် ဒုက္ခရောက်နေသော လီယွင်ဇီကို သူ ပထမဆုံး ရှာတွေ့ခဲ့သည်ဟု အစက ထင်မှတ်ထားခဲ့ သည်။
သို့သော်လည်း၊ တစ်စုံတစ်ယောက်က သူ့ထက် လက်ဦးသွားခဲ့ကြောင်း ပေါ်လွင်နေသည်။
ဗယ်လ်ကရီခေါ် လီယွင်ဇီအပေါ် ထားရှိသော လော့ရှောင်၏ ပြင်းပြသော ပိုင်ဆိုင်လို စိတ်ကို ခဏဖယ်ထားလျှင်ပင်၊ ဤကဲ့သို့သော ခက်ခဲကျပ်တည်းနေချိန်၌ သူမကို ဘိုးဘေး နဂါးမြို့တော်ရှိ လီမိသားစုထံသို့ ပြန်ခေါ်သွားပေးနိုင်ပါက သူ ဆုလာဘ်ကြီးကြီးမားမား ရရှိပေလိမ့်မည်။
သူသည် အခုမှ နဂါးထိန်းတစ်ယောက် ဖြစ်ကာစဖြစ်သဖြင့် သူ၏ ရွှေရောင်မီးနဂါးကြီးမှာ အကန့်အသတ်မရှိသော အလားအလာများကို ပိုင်ဆိုင်ထားသည်။ သို့သော် အလားတူပင်၊ သူ ကောင်းကင်ဘုံသို့ တက်လှမ်းမည့် လမ်းကြောင်းကို ခင်းကျင်းပေးရန်အတွက် တကယ့် ကို အင်အားကြီးမားသော အင်အားစုတစ်ခု လိုအပ်နေပြီး၊ တစ်ချိန်က သူ သစ္စာခံခဲ့ဖူးသော လီမိသားစုမှာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
သေချာသည်မှာ ဤတစ်ကြိမ်တွင်မူ သူသည် ဘိုးဘေးနဂါးမြို့တော်၏ လီမိသားစုထံသို့ အစေခံတစ်ယောက်အနေဖြင့် ပြန်သွားမည် မဟုတ်ဘဲ၊ အစစ်မှန် နဂါးထိန်း တစ်ဦးအနေ ဖြင့် ပြန်သွားမည် ဖြစ်သည်။
ထာဝရမြို့တော်မှ လူများသည် လီယွင်ဇီ၏ နောက်ခံအကြောင်းကို မသိကြသော်လည်း၊ လော့ရှောင်ကမူ အလွန်ပင် ရှင်းလင်းစွာ သိထားသည်။
"ခရီးက ရှည်လျားတယ် သခင်မလေး။ ဘိုးဘေးနဂါး မြို့တော်ကို ပြန်ဖို့ ကျွန်တော့်ရဲ့ ရွှေရောင်မီးနဂါးကြီးကို စီးပြီး သည်းခံလိုက်ပါဦး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မီးနဂါးက မွေးရာပါ ခေါင်းမာပြီး သူ့ကျောပေါ်မှာ တခြားလူတွေ စီးတာကို မကြိုက်ဘူး။ ဒါကြောင့် ဒီသခင်လေး ကတော့ သူ့ဘာသာသူ အဆင်ပြေမယ့်လမ်းကို ရှာရလိမ့်မယ်" လော့ရှောင်က ဆိုသည်။
"ကျူးမင်လန်က နဂါးထိန်းကျောင်းရေး အကယ်ဒမီကို အခုမှ ဝင်ထားတာ။ သူ့ရဲ့ နဂါးငယ် လေးတွေက အပြည့်အဝ ဖွံ့ဖြိုးမလာသေးဘူး၊ လောလောဆယ်တော့ သူက သတင်းပို့ဖို့ ဝိညာဉ်ငှက်တချို့ကိုပဲ ဆင့်ခေါ်နိုင်သေးတယ်။ လမ်းခရီးမှာ သခင်လော့ရဲ့ စောင့် ရှောက်မူ နဲ့တောင် သတိထားဖို့ လိုအပ်နေတုန်းပဲ" လီယွင်ဇီက ပြောလိုက်သည်။
"အစစ်မှန် နဂါးထိန်းတစ်ယောက် မဖြစ်သေးဘဲ ဒီရိုင်းစိုင်းတဲ့ ဝူထူနယ်မြေကို ခြေချရဲတာ ကတော့ တကယ့်ကို ချီးကျူးစရာ သတ္တိပါပဲ။ ဒါဆို ကျွန်တော်တို့ တတ်နိုင်သမျှ မြန်မြန် ခရီးဆက်ကြတာပေါ့" လော့ရှောင်သည်လည်း ထိုနေရာတွင် အချိန်ဖြုန်းချင်ပုံမပေါ်ချေ။
...
ကျူးမင်လန်သည် အခြေအနေကို အကဲခတ်တတ်သူ တစ်ယောက် ဖြစ်သည်။
ဤကြောက်စရာကောင်းသော ဤနဂါးထိန်း လော့ရှောင်သည် ဗယ်လ်ကရီအပေါ် အလွန် တရာ ရိုသေလေးစားမှု ပြသနေသော်လည်း၊ သူမ ကိုယ်စားပြုနေသည့် ဘိုးဘေးနဂါး မြို့တော်၏ နောက်ကွယ်မှ ကြီးမားသော အင်အားကို သတိထားနေကြောင်း သိသာလှ သည်။
သို့သော်လည်း ဤဝူထူနယ်မြေ၏ ထာဝရမြို့တော်မှာ ဘိုးဘေးနဂါးမြို့တော်နှင့် အလွန်တရာ ဝေးကွာလွန်းပြီး၊ ဝူထူနယ်မြေသည် အစဉ်အမြဲ ယဉ်ကျေးမှုကင်းမဲ့နေခဲ့သော နေရာဖြစ်သည်။
ရိုင်းစိုင်းခြင်း၊ ရှေးဆန်ခြင်း၊ ပဋိပက္ခများနှင့် သတ်ဖြတ်ခြင်းများမှာ နေရာတိုင်းတွင် ရှိနေပြီး၊ မျိုးနွယ်စုများနှင့် မြို့တော်များအကြား ပဋိပက္ခများမှာလည်း အဆက်မပြတ် ဖြစ်ပွားနေသည်။ စိန်ခေါ်၍မရသည့် အင်အားကြီး အင်အားစုတစ်ခု မရှိပါက၊ အစစ်မှန် စည်းမျဉ်းကျင့်ဝတ်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
တောင်တန်းများက မြင့်မားပြီး ဧကရာဇ်က အလှမ်းဝေးနေသည့်အတွက်၊ ဗယ်လ်ကရီ သည် ပို၍ ဂုဏ်ကျက်သရေကြီးမားသည့် မြို့ပြနိုင်ငံတစ်ခုရှိ မျိုးနွယ်စုတစ်ခုမှ ဆင်းသက် လာသော်လည်း၊ သူမ ဒုက္ခရောက်နေသည့် ဤနေရာတွင်မူ၊ ကောင်းကင်ကိုမော့ပြီး အော်ဟစ်ခေါ်ဝေါ်လည်း အကြောင်းပြန်မည့်သူ မရှိ၊ မြေကြီးကို တိုင်တည်လည်း ကြားမည့် လူ မရှိသည့် အခြေအနေမျိုး ဖြစ်နေသည်။ ဤအချိန်တွင် လော့ရှောင်က ရိုင်းပျသည့် ကိစ္စ တစ်ခုခုကို လုပ်လာခဲ့လျှင်ပင် ဗယ်လ်ကရီ၏ နောက်ကွယ်မှ မြို့တော်က သိရှိနိုင်မည် မဟုတ်ပေ။
ဗယ်လ်ကရီမှာ အားနည်းနေဆဲဖြစ်ပြီး၊ အဆိပ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ... သူမကိုယ်တိုင် ဖန်တီးခဲ့သော အကြောင်းရင်းတစ်ခုကြောင့်လည်း ဖြစ်နိုင်ပါသည်။
သူမသည် ယခင်စွမ်းရည်များ၏ ဆယ်ပုံတစ်ပုံကိုပင် ပြန်မရသေးဘဲ၊ အစွမ်းထက်သော နဂါးထိန်း လော့ရှောင်က သူမအားနည်းချက်ကို အခွင့်ကောင်းမယူနိုင်စေရန် ကာကွယ်ရန် အတွက် သူ့ကို သူမတို့မျိုးနွယ်စုဝင် တစ်ယောက်အဖြစ် ဟန်ဆောင်ခိုင်းခဲ့ခြင်း ဖြစ်သည်။
လော့ရှောင်က ဗယ်လ်ကရီကို ကြည့်သည့်အခါ မျက်ဝန်းထဲမှ တောက်လောင်နေသော လိုချင်တက်မက်မူများမှာ အလွန်သိသာလွန်းနေပြီး၊ သူ အစွမ်းကုန် ထိန်းချုပ်ထားသော် လည်း သူ့အမူအရာမှ တောင့်တမှုများကို ခံစားသိရှိနိုင်သည်။
ဗယ်လ်ကရီသည် အရှက်ရမှု တစ်ကြိမ်ကို ခံစားခဲ့ရပြီး ဖြစ်သည်။ သူမ အခြေအနေ မလှသည့်အခါ ဘာတွေဖြစ်လာနိုင်လဲ ဆိုသည်ကို ကောင်းစွာ သိရှိထားပြီး၊ လော့ရှောင်က သူမကို ရိုးရိုးသားသား ကာကွယ်စောင့်ရှောက်ပေးရန် ရောက်လာခြင်းဖြစ်သည်ဟု သူမ မယုံကြည်ပေ။
သူမစွမ်းအားများ အပြည့်အဝ ပြန်မရသေးသရွေ့၊ ဘိုးဘေးနဂါး မြို့တော်ကို ပြန်မရောက် သေးသရွေ့ မည်သူ့ကိုမျှ ယုံကြည်၍မရပေ။
ဆန့်ကျင်ဘက်အနေနှင့်၊ လုပ်သင့်ဖြစ်စေ မလုပ်သင့်သည်ဖြစ်စေ အရာအားလုံးကို လုပ်ပြီး သွားခဲ့သော ဤလူက သူမအတွက် အတော်လေး ပိုလုံခြုံစိတ်ချရသည်။
လော့ရှောင်က ဦးဆောင်ကာ မေပယ်အရောင်များဖြင့် တောက်ပနေသော တောင်စောင်း တောအုပ်ဆီသို့ ဦးတည်သွားလေသည်။
ဗယ်လ်ကရီခေါ် လီယွင်ဇီမှာ အနည်းငယ် နောက်ကျကျန်နေခဲ့သည်။
သူမ၏ မျိုးနွယ်စုဝင် တစ်ယောက်အဖြစ် ဟန်ဆောင်ခိုင်းရသည့် ဗယ်လ်ကရီ၏ ရည်ရွယ် ချက်ကို နားလည်သွားပြီးနောက်၊ ကျူးမင်လန်က သက်ပြင်းချကာ "ခင်ဗျားလည်း အတော် လေး ခက်ခဲခဲ့မှာပဲ" ဟု တိုးညင်းစွာ ပြောလိုက်သည်။
စွမ်းအားမရှိ၊ သိုင်းပညာကနတ္ထိ၊ တစ်ချိန်က တောက်ပပြီး ဉာဏ်ပညာကြီးမားလှသော ဗယ်လ်ကရီသည် ယခုအခါ ရေခဲလွှာပါးပါးလေးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ အန္တရာယ်များနေသည်။
ထိုစကားကို ကြားသောအခါ လီယွင်ဇီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား သည်။
သူမက ခြေလှမ်းကို တမင်တကာ ပိုနှေးလိုက်ပြီး ကျူးမင်လန်၏ အရှိန်နှင့် ညှိကာ၊ "သူ ငါတို့ကို ရိပ်မိသွားလို့ မဖြစ်ဘူး။ ထာဝရမြို့တော် တစ်ခုလုံးကို သူ မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲပစ်ခဲ့တာ၊ အသက်ရှင်ကျန်ရစ်သူ အရမ်းနည်းတယ်..." တိုးညင်းစွာ ပြောလိုက် သည်။
ကျူးမင်လန် အလွန်တုန်လှုပ်သွားသည်။
မြို့ကိုမီးလောင် တိုက်သွင်းပြီး လူတွေကို သတ်ဖြတ်ပစ်တာလား။ ဒီလော့ရှောင်က ရူးသွပ် နေတဲ့ လူသတ်ကောင်လား။ ဗယ်လ်ကရီအတွက် လက်စားချေပေးတယ် ဆိုရင်တောင်၊ ဒီလောက်အထိတော့ မလိုအပ်ပါဘူး...
ရုတ်တရက်ဆိုသလို ကျူးမင်လန် တစ်ခုခုကို သဘောပေါက်သွားပြီး လီယွင်ဇီအပေါ် လော့ရှောင် ပြသခဲ့သော မဖုံးဖိနိုင်သည့် စွဲလမ်းတက်မက်မှုကို ပြန်အမှတ်ရသွားသည်။
ဒီရူးသွပ်နေတဲ့ ကောင်က သူ့ကို သတ်ဖို့ ကြိုးစားနိုင်ခြေ ရှိတယ်။ တခြားလူတွေ ပြောတဲ့ သူတောင်းစားလေးက ဘယ်သူမှန်းမသိလို့၊ သူက ဒီမြို့တစ်မြို့လုံးကို ရိုးရိုးရှင်းရှင်းပဲ ရှင်းထုတ်ပစ်လိုက်တာ ဖြစ်ရမယ်။
အနီရောင် ပန်းထိုးပြီး အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ မျက်နှာဖျော့တော့တော့နှင့် လော့ရှောင်ကို ကြည့်ရင်း ကျူးမင်လန်၏ ရင်ထဲတွင် ဒိန်းဒိန်းခုန်သွားပြီး၊ ယခုအခါတွင်မူ သူသည် ကြောက်ရွံ့ထိတ်လန့်မှုများကိုပါ ခံစားလာရသည်။
"သူက အရင်က ငါ့အဖေရဲ့ အစေခံတစ်ယောက်ပါ။ ငါ ဓားရေးကျင့်နေတာကို ခြံတံတိုင်း ပေါ်ကနေ ခိုးကြည့်မိလို့ မိသားစုကနေ နှင်ထုတ်ခံခဲ့ရတာ။ သူက အငြိုးအတေးတွေ ထား ပြီး အခုတော့ နဂါးထိန်းတစ်ယောက် ဖြစ်လာခဲ့ပြီ..." လီယွင်ဇီက ဆက်ပြောသည်။
လီယွင်ဇီသည် သူမ၏ လက်ရှိအခြေအနေကို ကောင်းစွာ သဘောပေါက်ထားသည်။ လော့ရှောင်ကို ဟန့်တားရန်အတွက် သူမ၏ မျိုးနွယ်စုဝင် တစ်ယောက်အနေဖြင့် ဟန်ဆောင်ပေးနေသော ကျူးမင်လန်ကို အားကိုးရမည် ဖြစ်သည်။ သို့မဟုတ်ပါက သူမ သည် တဖက်လူ၏ သနားညှာတာမှုအနေထားတွင်သာ ဆက်လက်ရှိနေရလိမ့်မည်။
"သူက ခင်ဗျားကို အတင်းအဓမ္မ မခေါ်သွားတာက၊ ခင်ဗျားတို့ မျိုးနွယ်စုကြီးဆီ ပြန်ခွင့်ရဖို့ ဒီအခွင့်အရေးကို အသုံးချချင်နေလို့လား" ကျူးမင်လန်က မေးလိုက်သည်။
"ဟုတ်တယ်" လီယွင်ဇီက ပြန်ဖြေသည်။
"ဒါက အတင်းအဓမ္မ စောင့်ရှောက်လုပ်ပြီး ခေါ်ဆောင်သွားတာပဲ၊ လမ်းတစ်ဝက်မှာ သူ ရူးသွပ်သွားမလား ဘယ်သူသိနိုင်မလဲ" ကျူးမင်လန်က ပြောလိုက်သည်။
လီယွင်ဇီမှာ တိတ်ဆိတ်နေဆဲဖြစ်သည်။
သူမမှာ တည်ငြိမ်နေပုံရသော်လည်း၊ တောအုပ်၏ ဟာကွက်များကြားတွင် လုံခြုံမှုကို အစဉ်အမြဲ ရှာဖွေနေရသည့် ဒဏ်ရာရ သမင်ငယ်လေးတစ်ကောင်နှယ် သူမ၏ မျက်ဝန်း များထဲတွင် တဖျပ်ဖျပ် လှုပ်ရှားနေသော သတိထားမှုများကို ကျူးမင်လန် ခံစားမိနေသည်။
ဟင်း..... ဘာပဲဖြစ်ဖြစ် သူမက သူနဲ့အတူ ထောင်ထဲမှာ ကြည်နူးစရာ အချိန်တွေကို အတူ ဖြတ်သန်းခဲ့တဲ့ အမျိုးသမီးပဲလေ၊ သူမအတွက် တစ်ခုခုတော့ သူ လုပ်ပေးသင့်ပါတယ်။
နေပါဦး။
သူက ရှောက်ဆန်းမြို့မှာ အေးအေးဆေးဆေး အနားယူဖို့ စီစဉ်ထားတာလေ။
ဒီလိုသာဆိုရင်၊ သူက စည်ကားပြီး အင်အားကြီးမားသည့် မြို့ပြနိုင်ငံကြီးတစ်ခုဆီကို ပြောင်းရွှေ့ရတော့မှာပေါ့။ ပြီးတော့ သူ့သာမန်ဘဝလေးက ပိုပြီး ခမ်းနားကြီးကျယ်တဲ့ ကမ္ဘာကြီးထဲမှာ နစ်မြုပ်သွားတော့မှာပေါ့…
တာဝန်မယူဘူးဆိုတဲ့ ကိစ္စက ဘယ်ရောက်သွားပြီလဲ…။
...
ကောင်းကင်ဘုံသို့ သွားရာလမ်းမှာ ရှည်လျားလွန်းပြီး ရွှေရောင်မီးနဂါးကြီးမှာ တကယ့်ကို ရှားပါးပြီး စွမ်းအားကြီးမားသော နဂါးကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ အကြေးခွံများမှ မီးတောက်များသဖွယ် လှိုင်းများကို အစဉ်အမြဲ ထုတ်လွှတ်နေပြီး၊ ၎င်း ဖြတ်သန်းသွားရာ ကောင်းကင်တစ်ခွင်လုံးတွင် အနီရောင်အလင်းတန်းများ ဖြာကျနေကာ အလွန်တရာ အံ့မခန်းဖွယ် စွမ်းအားကို ပြသနေသည်။
ကျူးမင်လန်သည် အရင်က ပျံသန်းနိုင်သော နဂါးများကို စီးဖူးသော်လည်း၊ ယခုအခါ လေကာအင်္ကျီ မပါသဖြင့်၊ အထူးသဖြင့် အေးစိမ့်သော ဆောင်းဦးရာသီဖြစ်၍ တိုက်ခတ် လာသော လေအေးများက သူ့ပါးပြင်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေသည်ကိုသာ ခံစားနေရသည်။
နဂါးတစ်ကောင်ကို အတူတူ စီးနင်းနေရာတွင် နှစ်ယောက်စလုံးက ၎င်း၏ ကျောပေါ်တွင် ရှိနေသော်လည်း၊ ဗယ်လ်ကရီနှင့် ကျူးမင်လန်တို့မှာ နဂါးကြီး၏ သနားညှာတာပေးမှ ချမ်းသာရမည့် အခြေအနေအောက်တွင်သာ ရှိနေဆဲဖြစ်သည်။
လော့ရှောင်မှာ အသက်ရှင်နေသော လူသားတစ်ယောက် ဖြစ်သော်လည်း၊ အကြောင်း တစ်ခုခုကြောင့် သူသည် အချိန်မရွေး လူသားစား သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲ သွားနိုင်သည်ဟူသော ခံစားချက်ကို အမြဲတမ်း ပေးစွမ်းနေသည်။
ကျူးမင်လန်က အခိုင်အမာ ယုံကြည်ထားသည်မှာ၊ သူသာ ပိုပိုသာသာ ဝင်မပါခဲ့လျှင်၊ အားနည်းနေသော ဗယ်လ်ကရီမှာ လော့ရှောင်၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်မှာ ကြာမြင့် လှပြီ။
သူတို့ နားခိုရန် ရပ်နားသည့် အကြိမ်အနည်းငယ်တွင်၊ ဤလူ၏ ခြိမ်းခြောက်မှုကြောင့် သူ့အသက်အန္တရာယ် ရှိလာနေသည်ကိုပင် ကျူးမင်လန် ခံစားခဲ့ရသည်။
...
မီးပုံတစ်ခုဘေးရှိ ကျောက်တုံးကြီး အနည်းငယ်ပေါ်တွင်၊ သူတို့သုံးယောက် မီးတောက်များ ရှေ့၌ ထိုင်နေကြသည်။ ကျူးမင်လန်က ငါးစိမ်းကြီး တစ်ကောင်ကို ကျွမ်းကျင်စွာ ကင်နေ ပြီး၊ မကြာမီမှာပင် ဆွဲဆောင်မှုရှိသော အနံ့လေး လေထဲတွင် ပျံ့လွင့်လာသည်။
သူက ငါးကို သုံးပိုင်း ပိုင်းလိုက်ပြီး၊ ကြာဖက်တစ်ရွက်စီပေါ်တွင် တင်ကာ လီယွင်ဇီကို အရင် ဆုံး ကမ်းပေးလိုက်သည်။ သူ့လက်ချောင်းများက သူမ လက်ချောင်းများကို မတော်တဆ ထိမိသွားရာ ရေခဲကဲ့သို့ အေးစက်နေဆဲဖြစ်ကြောင်း သတိထားမိသည်။
"သခင်လော့…. ခင်ဗျား၊ ဒီအစုက ခင်ဗျားအတွက်ပါ" ကျူးမင်လန်က လော့ရှောင်ကို ပြောလိုက်သည်။
"ဒုက္ခပေးသလို ဖြစ်သွားပြီ၊ ကျေးဇူးပါပဲ။" လော့ရှောင်က သူမမျိုးနွယ်စုဝင်များနှင့် ဆက်ဆံရာတွင် အလွန်အမင်း မောက်မာလွန်းခြင်း မရှိပေ။
ငါးတစ်ဖဲ့ကို ကိုက်စားပြီးနောက်၊ လော့ရှောင်က သူ့အကြည့်များကို ရုတ်တရက် မော့လိုက် ပြီး ကျူးမင်လန်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။ "ညီလေးကျူးက နဂါးထိန်းကျောင်း ရေး အကယ်ဒမီကို ဝင်တော့မယ်ဆိုတော့၊ နဂါးတွေရဲ့ မတူညီတဲ့ အဆင့်အတန်းတွေကို ရော သိရဲ့လား။ ညီလေးကျူးရဲ့ ဝိညာဉ်သတ္တဝါငယ်ကရော ဘယ်လိုလဲ။ ငါ ကြည့်လို့ရ အောင် ဆင့်ခေါ်ပြလို့ ရမလား။"
ကျူးမင်လန်က သူ့ကို မော့ကြည့်လိုက်သည်။
ခင်ဗျား ရူးနေလား။ ငါက ဒီလောက် အရသာရှိတဲ့ ငါးကို ကင်ပေးထားတာလေ၊ အေးအေးဆေးဆေး မစားဘဲ ငါ့ကို လာစမ်းသပ်နေရလား။
သေချာပေါက် စိတ်ဝေဒနာရှင်ပဲ။
စိတ်ထဲကနေ အကြိမ်အနည်းငယ် ကျိန်ဆဲလိုက်ပြီးနောက်၊ ကျူးမင်လန်က မျက်နှာပေါ်ရှိ အပြုံးကို မပျက်စေဘဲ ပြန်ဖြေလိုက်သည်။ "သခင်လော့… ခင်ဗျားက ကျွန်တော့်ကို ဘာလို့ ဒီလို နောက်ပြောင်နေရတာလဲဗျာ။ ကျွန်တော်က အစစ်မှန် နဂါးထိန်း တစ်ယောက်မှ မဖြစ်သေးတာ။ ပြီးတော့ ဝိညာဉ်နယ်မြေကိုလည်း မဖန်တီးရသေးတော့ ဝိညာဉ် သတ္တဝါ ငယ်ကို အဲဒီထဲမှာ ထည့်ထားလို့ မရသေးဘူးလေ။ ကျွန်တော့် မိသားစုရဲ့ ဝိညာဉ်သတ္တဝါ ငယ်က အရန်နဂါးဆိုပေမဲ့ သယ်သွားသယ်လာလုပ်ဖို့တော့ အဆင်မပြေဘူး။ လောလော ဆယ် မျိုးနွယ်စုရဲ့ နွေးထွေးတဲ့ အသိုက်ထဲမှာ ဆောင်းခိုဖို့ ပြင်ဆင်နေတယ်။"
ဝိညာဉ်သတ္တဝါငယ်များဆိုသည်မှာ နဂါးအဖြစ် ပြောင်းလဲနိုင်သည့် အလားအလာရှိသော သတ္တဝါငယ်လေးများ ဖြစ်သည်။
နဂါးထိန်းများသည် ဝိညာဉ်သတ္တဝါငယ်များကို စိတ်တိုင်းကျ လွတ်လပ်စွာ ဆင့်ခေါ်နိုင်ခြင်း မရှိသောကြောင့် ၎င်းတို့ကို ပြုစုစောင့်ရှောက်ရခြင်းမှာလည်း အတော်လေး လက်ဝင်လှ သည့် အလုပ်တစ်ခု ဖြစ်သည်။ ထိုမျှ နုနယ်လှသော သတ္တဝါလေးများကို ခရီးဝေးကြီး သယ်ဆောင်သွားသူဟူ၍ မရှိသလောက်ပင် ရှားပါးလှသည်၊ အထူးသဖြင့် ဝိညာဉ် သတ္တဝါ ငယ်တိုင်း နဂါးအဖြစ် ပြောင်းလဲနိုင်ရန် မသေချာသောကြောင့် ဖြစ်သည်။
နဂါးအဖြစ် မပြောင်းလဲနိုင်သည့် ဝိညာဉ်သတ္တဝါငယ်တစ်ကောင်သည် မည်သည့်တန်ဖိုးမျှ မရှိချေ။
လူအများအပြားမှာ သူတို့၏ တစ်သက်တာလုံး ကြိုးပမ်းအားထုတ်မှုများနှင့် စည်းစိမ်ဥစ္စာ အားလုံးကို ပုံအော သုံးစွဲခဲ့သော်လည်း၊ နောက်ဆုံးတွင် နဂါးအဖြစ် ပြောင်းလဲလာမည့် ဝိညာဉ်သတ္တဝါငယ်တစ်ကောင်ကိုပင် ရွေးချယ်နိုင်ခြင်း မရှိကြပေ။
လူအများစုအတွက်မူ "နဂါးတံခါး" ဆိုသည်မှာ တိမ်တိုက်များအထက်က အမြင့်ဆုံး တောင်ထွဋ်တစ်ခုကဲ့သို့ပင် ဖြစ်ပြီး၊ မော့ကြည့်ရန်ပင် အရည်အချင်း မပြည့်မီနိုင်ကြချေ။
"ငါကလည်း အခုမှ နဂါးထိန်းဖြစ်လာတာဆိုတော့၊ အမှားအယွင်းလေးတွေ ရှိနိုင်တာပေါ့၊ ဟဲဟဲ။ ဒါနဲ့ နဂါးတွေကို ဘယ်လိုမျိုး အဆင့်အတန်း ခွဲခြားထားတာလဲ။ ငါ့ရဲ့ 'မီးလျှံ ကြာပွတ်' လေးက နဂါးအဖြစ် ပြောင်းလဲသွားပြီးရင်တော့ တခြားနဂါးတွေထက် အများ ကြီး ပိုပြီး စွမ်းအားကြီးလာလိမ့်မယ်လို့ အမြဲ ခံစားနေရတယ်" လော့ရှောင်က ဟန်ဆောင် ပန်ဆောင် ရယ်မောရင်း ပြောလိုက်သည်။
"နဂါးတွေကိုတော့ နဂါးသားတော်အဆင့်၊ နဂါးစစ်သူကြီးအဆင့်၊ နဂါးသခင်အဆင့်၊ နဂါး အရှင်အဆင့်၊ နဂါးဘုရင်အဆင့်ဆိုပြီး ခွဲခြားထားပါတယ်... သခင်လော့… ခင်ဗျားရဲ့ နဂါး က သွေးမျိုးဆက် မြင့်မြတ်ပြီးသားဆိုတော့ နဂါးသခင်အဆင့် ဖြစ်လာဖို့ အလားအလာ ရှိတာပေါ့" ကျူးမင်လန်က လိုက်လံရယ်မောရင်း ပြောလိုက်သော်လည်း၊ သူ့စိတ်ထဲတွင်မူ လော့ရှောင်၏ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်လုံးကို အကြိမ်ကြိမ် ကျိန်ဆဲပြီးနေပြီ ဖြစ်သည်။
ဘိုးဘေးနဂါး မြို့တော်ကို မကြာခင် ရောက်တော့မှာ ဖြစ်သော်လည်း ဤလော့ရှောင်မှာ အခုထိ လက်မလျှော့သေးပေ။ စွဲလမ်းစိတ်ဆိုသည်မှာ တကယ်ကို ကြောက်စရာကောင်း လှပေသည်။
ပြောရဦးမည်... လော့ရှောင်သည် ယခင်က ဗယ်လ်ကရီ ဓားရေးလေ့ကျင့်နေသည်ကို ခိုးကြည့်မိ၍ အရိုက်ခံရပြီး မိသားစုမှ နှင်ထုတ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ ဓားရေးလေ့ကျင့် တာကို ခိုးကြည့်မိရုံလေးပဲလေ။ သူမ ကိုယ်တုံးလုံးဖြစ်နေတာမှ မဟုတ်တာ။
ဒါဆိုရင် ဗယ်လ်ကရီနဲ့ အရာအားလုံးကို လုပ်ဆောင်မိခဲ့တဲ့ ငါ့ကျရင်ကော... လီမိသားစုက ဆီပူအိုးထဲ ထည့်ကြော်ပြီး၊ အဆီဓာတ်လျော့သွားအောင် ဆလတ်ရွက်အကြီးကြီး တစ်ရွက် နဲ့ ပတ်ပြီး မိစ္ဆာနဂါးကြီးတစ်ကောင်ဆီ အကျွေးခံရမှာ မဟုတ်ဘူးလား။