← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အခန်း (၇) မျက်ကွယ်ပြုခံရသော ကျူးမင်လန်။

ဘိုးဘေးနဂါးမြို့တော်သည် မြေသြဇာကောင်းမွန်လှသော လွင်ပြင်ကျယ်ကြီးထက်တွင် ခန့်ညားထည်ဝါစွာ မားမားမတ်မတ် ရပ်တည်နေ၏။ အဝေးဆီက တောင်တန်းကြီးများဆီ မှ ရေခဲတောင်များ အရည်ပျော်ကာ စီးဆင်းလာသော မြစ်သုံးစင်းသည် ကွေ့ကောက်လျက် ရှိနေသည်။ ၎င်းမြစ်ရေများသည် ရွာပေါင်းများစွာ၊ ကုန်သွယ်ရေး ဈေးမြို့များနှင့် မြို့ပြများ ကို ဖြတ်သန်း၍ မြေဆီလွှာများကို ရေသွင်းပေးပြီးနောက်၊ နောက်ဆုံးတွင် ငွေခိုးရောင် တောက်ပနေသည့် ဘိုးဘေးနဂါးမြို့တော်ကြီးဆီသို့ စီးဝင်ပေါင်းစပ်သွားကြလေတော့ သည်။

ဤမြို့တော်ကြီးကို ခန့်ညားထည်ဝါပြီး ခိုင်ခဲ့သော ငွေခိုးရောင် မြို့တော်တံတိုင်းကြီးဖြင့် အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။

ဘိုးဘေးနဂါးမြို့တော်၏ အံ့မခန်း အရှိန်အဝါ အရှိဆုံးအရာမှာ ဤမြို့တော်တံတိုင်းကြီးပင် ဖြစ်သည်။ ချင်းမော့လွင်ပြင်ဆီသို့ ပျံသန်းဝင်ရောက်လာသည့် အချိန်မှစ၍ ကြည့်မည်ဆိုပါ က ထိုတံတိုင်းကြီးသည် ကမ္ဘာဦးအစကတည်းက တည်ရှိနေပြီး မိုးကုပ်စက်ဝိုင်းတစ်ခုလုံး ကို ကန့်လန့်ဖြတ် ဝပ်စင်းနေသော ရှေးဟောင်းနဂါးကြီးတစ်ကောင်နှင့်ပင် တူလှပေသည်။

"ဒဏ္ဍာရီတွေအရဆို ဘိုးဘေးနဂါးမြို့တော်ဟာ ဘိုးဘေးနဂါးကြီးတစ်ကောင်ရဲ့ ခန္ဓာကိုယ် ကနေ ပြောင်းလဲဖြစ်ပေါ်လာတာလို့ ဆိုကြတယ်။ ဒီနေ့ ကိုယ်တိုင် မြင်တွေ့လိုက်ရတော့မှ ဒါက လိမ်ညာချက် မဟုတ်မှန်း ငါ သိလိုက်ရပြီ" ကျူးမင်လန်က သူ့ကိုယ်သူ ရေရွတ်လိုက် မိသည်။

ဘိုးဘေးနဂါးမြို့တော်ကို မြင်တွေ့လိုက်ရခြင်းက လီယွင်ဇီ၏ ရင်ထဲတွင် ချည်နှောင်ထား သော စိတ်အထုံးအဖွဲ့များကို ပြေပျောက်သွားစေခြင်း မရှိခဲ့ပေ။ ထို့အပြင် သူမအကြောင်း ကို ကောင်းကောင်းသိရှိနေသည့် လူများနှင့် ပြန်လည်ရင်ဆိုင်ရတော့မည်ဟူသော အတွေး က သူမအား တစ်ဖန်ပြန်၍ အသက်ရှူကျပ်လာစေသည်။

"သခင်မလေး ယွင်ဇီ... အဲဒီကိစ္စအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ ကျွန်တော် သူတို့ အားလုံးရဲ့ ပါးစပ်တွေကို ပိတ်ပစ်ခဲ့ပြီးပါပြီ" လော့ရှောင်က လီယွင်ဇီ၏ စိတ်ထဲမှ ရှုပ်ထွေး မှုများကို ရိပ်မိသွားပုံရပြီး ဤကဲ့သို့ အထူးတလည် ဂရုစိုက်ဟန် ပြလိုက်သည်။

လီယွင်ဇီက ဘာမှ ပြန်မပြောခဲ့ပေ။

သူမစိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်၊ လီယွင်ဇီ၏ မျက်ဝန်း များတွင် အေးစိမ့်ကာ ကြယ်တာရာများနှင့် လခြမ်းကွေးကဲ့သို့ တောက်ပသော အရောင် အဝါများ ပြန်လည်ပေါ်လွင်လာပြီး၊ "သွားကြစို့" ဟုသာ အေးဆေးစွာ ပြောလိုက်တော့ သည်။

...

နန်မိသားစုနှင့် လီမိသားစု။

ကာလရှည်ကြာစွာပင် ဤဂုဏ်သရေရှိ မျိုးနွယ်စုကြီးနှစ်ခုသည် ဘိုးဘေးနဂါး မြို့တော်ကို စိုးမိုး အုပ်ချုပ်ခဲ့ကြသည်။ ဗယ်လ်ကရီဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ကျူးမင်လန် သူမ၏ နောက်ခံအကြောင်းအရင်းကို ချက်ချင်းပင် သဘောပေါက်သွားတော့ သည်။

ရှုပ်ထွေးဆိုးသွမ်းလှသော ဝူထူနယ်မြေအလယ်တွင် တည်ရှိသည့် ထာဝရမြို့တော်ကို သူမအနေဖြင့် တစ်နှစ်တိတိ မည်သို့ အုပ်ချုပ်နိုင်ခဲ့လဲဆိုသည်မှာ မထူးဆန်းတော့ချေ။ သူမ နောက်ခံအာဏာမှာ အံ့ဩစရာကောင်းလောက်အောင် နက်ရှိုင်းလှပေသည်။

သို့သော် သူမသည် ဘာကြောင့် တစ်ညတည်းနှင့် ရာထူးမှ ဖြုတ်ချခံလိုက်ရသနည်း။

ခရီးစဉ်တစ်ခုလုံးမှာ ရင်တထိတ်ထိတ် ဖြစ်ခဲ့ရသော်လည်း နောက်ဆုံးတွင်တော့ တာဝန် ပြီးမြောက်သွားခဲ့ပြီ။ သို့သော် ကျူးမင်လန်အနေဖြင့် ချက်ချင်း ထွက်ခွာသွား၍ မရသေး ပေ။

လီမိသားစု၏ နန်းတော်ကြီးမှာ ခန့်ညားထည်ဝါပြီး အရှိန်အဝါ ကြီးမားလှသော်လည်း၊ နှမြောစရာကောင်းသည်မှာ သူတို့၏ပြန်လာခြင်းသည် ဂုဏ်သိက္ခာရှိသော ပြန်လာခြင်းမျိုး မဟုတ်ခဲ့ပေ။

ပုလဲသစ်သားများဖြင့် တန်ဆာဆင်ထားသော ကျယ်ဝန်းလှသည့် ခန်းမဆောင်ကြီး အတွင်း သူတို့သုံးယောက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ ကျူးမင်လန်နှင့် လော့ရှောင်တို့က လီယွင်ဇီ၏နောက် ခပ်လှမ်းလှမ်းတွင် မတ်တတ်ရပ်နေကြ၏။ လီယွင်ဇီ က ထိုနေရာတွင် မတ်တတ်ရပ်လျက် ခန်းမကြီး၏ အဓိကနေရာတွင် ထိုင်နေသော မုတ်ဆိတ်ရှည်နှင့် ပိန်ပိန်ပါးပါး အမျိုးသားကြီးကို မျက်နှာမူထားသည်။

ထိုအမျိုးသားကြီး၏ အနားတွင်တော့ အလွန်တရာ ကျော့ရှင်းပြီး တည်ကြည်ကာ ဂုဏ်သိက္ခာကြီးမားသော အမျိုးသမီးတစ်ဦး ရှိနေကာ မုတ်ဆိတ်ရှည်နှင့် ပိန်ပိန်ပါးပါး အမျိုးသားအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးနေသည်။

"သခင်ကြီး... ဒေါသကို ထိန်းပါဦးရှင်၊ သူ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာပဲ ကောင်းလှပါပြီ" ထိုအမျိုးသမီးက လေသံပျော့လေးဖြင့် ပြောလိုက်သည်။

"ခွမ်း" လက်ဖက်ရည်ခွက်ကို မုတ်ဆိတ်ရှည်နှင့် အမျိုးသားက ပြင်းထန်စွာ ရိုက်ချ ပစ်လိုက်သည်။

ထက်ရှသော ကြွေခွက်အပိုင်းအစများက လီယွင်ဇီ၏ ခြေဖဝါးနားဆီသို့ လွင့်စင်သွားပြီး၊ တစ်ခုမှာ စကျင်ကျောက်ကြမ်းပြင်နှင့် ထိမှန်ကာ လွင့်တက်လာပြီး လီယွင်ဇီ၏ ပါးပြင်ကို သနားညှာတာမှုမရှိဘဲ ခြစ်မိသွားတော့သည်။

သူမမျက်နှာပေါ်တွင် နီရဲသော အစင်းကြောင်းတစ်ခု ထင်ကျန်သွားပြီး သွေးစများ စိမ့်ထွက်လာသည်။

သို့သော်လည်း လီယွင်ဇီမှာ အစကတည်းက ရှောင်တိမ်းရန် ရည်ရွယ်ချက်မရှိဘဲ ထိုနေရာ တွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေဆဲပင်။

"ငါတို့ လီမိသားစုက မွေးမြူထားတဲ့ ဘယ်ကလေးမဆို... မင်းကိုယ်တိုင်အပါဝင် ငါတို့ လီ မိသားစုရဲ့ ဂုဏ်သိက္ခာကို ငဲ့ညာတဲ့အနေနဲ့ အခုလောက်ဆို နတ်ကွန်းတစ်ခုမှာ ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်ပြီးလောက်ပြီ" မုတ်ဆိတ်ရှည်နှင့် အမျိုးသားက အေးစက်စွာ ပြောလိုက် သည်။

"သခင်ကြီး... ကျွန်တော် ထာဝရမြို့တော်ကို ပြာကျအောင် လုပ်ခဲ့ပြီးပါပြီ။ ဒီသတင်းက မြို့တော်ကြီးဆီကို ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ရောက်လာနိုင်တာလဲဗျာ" လော့ရှောင်က မယုံကြည်နိုင်စွမ်းစွာဖြင့် ပြောလိုက်သည်။

"မင်း စကားပြောရမယ့် အလှည့် ရောက်ပြီလား" လီသခင်ကြီးက လော့ရှောင်ကို စူးစိုက် ကြည့်ကာ ငေါက်ငမ်းလိုက်သည်။

လော့ရှောင်က ခေါင်းပင်မမော့ရဲတော့ဘဲ အလျင်အမြန် ဒူးထောက်လိုက်တော့သည်။

သူသည် လီမိသားစု၏ အရှင်သခင်အပေါ် မွေးရာပါ ကြောက်ရွံ့စိတ်တစ်ခု ရှိနေပုံရသည်။ ရည်မှန်းချက်ကြီးပြီး မောက်မာလှသော လော့ရှောင်ပင်လျှင် နောက်ထပ် ရမ်းကားရဲခြင်း မရှိတော့ချေ။

"မင်းက ကိုယ့်ဂုဏ်သိက္ခာကိုတောင် မကာကွယ်နိုင်ဘဲ၊ ဘက်ပေါင်းစုံက ဝိုင်းရံ ပိတ်ဆို့ ခံနေရတဲ့ ဘိုးဘေးနဂါးမြို့တော်ကြီးကို ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ" လီသခင်ကြီးက ဒေါသတကြီး အော်ပြောလိုက်သည်။

လီယွင်ဇီကတော့ ဘာမှ ပြန်မပြောဘဲ ငြိမ်သက်နေဆဲပင်။

သူမ တိတ်ဆိတ်နေသည်ကို မြင်ရသောအခါ လီသခင်ကြီးမှာ ပို၍ပင် စိတ်တိုလာရသည်...

သို့သော် မကြာမီမှာပင် လီသခင်ကြီးသည် လည်ချောင်းဝအထိ လှိမ့်တက်လာနေသော ဒေါသများကို ပြန်လည် ထိန်းချုပ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ယွင်ဇီက ကျွန်မတို့ မြို့တော်ရဲ့ စစ်ရေးအောင်မြင်မှုတွေနဲ့ နယ်မြေချဲ့ထွင် မှုတွေမှာ အုပ်ချုပ်သူတစ်ယောက်အနေနဲ့ အကျိုးပြုခဲ့တာ နည်းမှမနည်းတာ။ အခု သူမရဲ့ ဂုဏ်သတင်းက ပျက်စီးသွားပြီဆိုပေမဲ့ သူမမှာ စစ်သေနာပတိတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ရှိနေပါသေးတယ်" ဘေးနားရှိ အမျိုးသမီးက ဖျောင်းဖျပြောဆိုလိုက်သည်။

"ဘာစစ်သေနာပတိ ဂုဏ်သိက္ခာလဲ။ ဒါတင်မကသေးဘူး၊ ‘ဗယ်လ်ကရီ’ဘွဲ့အမည်အောက် က စစ်သည်တွေဟာလည်း ဒီအရှက်ကွဲမှုကို သူမနဲ့အတူတူ ထမ်းဆောင်ရလိမ့်မယ်။ ဒီနေ့ ကစပြီး ‘ဗယ်လ်ကရီ’ ဆိုတဲ့ ဘွဲ့အမည်လည်း ပျောက်ကွယ်သွားစေရမယ်။ မင်းရဲ့ စစ်တပ် အစောင့်အရှောက်တွေကို အနောက်ဘက်စစ်မြေပြင်ကို ဆက်လက်ကာကွယ်ဖို့ တခြား တပ်စခန်းတွေဆီ ခွဲထုတ်ပစ်မယ်။ 'ဘိုးဘေးနဂါး နတ်ဘုရားသမီးတော်' ဘွဲ့အမည်ကို တော့ နန်လင်းရှားက ဆက်ခံလိမ့်မယ်။ မင်းကိုတော့ နန်းတော်ထဲမှာ ဘယ်သူနဲ့မှ ပေးမတွေ့ဘဲ အကျယ်ချုပ် ချထားမယ်။"

လီသခင်ကြီးက ဤစကားများကို ပြောလိုက်စဉ် သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက် လျစ်လျူရှုမှု အရိပ်အယောင်များ ပေါ်လွင်နေသည်။

"သခင်ကြီး... သူမရဲ့ ညီမဖြစ်တဲ့ နန်လင်းရှားလည်း ရိုက်ခတ်မှုရှိနိုင်ပါတယ်။ သူမကိုလည်း ပြန်ခေါ်သင့်တယ် ထင်တယ်..." ထိုအမျိုးသမီးက တစ်ခုခု ထပ်ပြောချင်နေပုံရသည်။

"နန်လင်းရှားက နန်လင်းရှားပဲ၊ လီယွင်ဇီက လီယွင်ဇီပဲ။ ဘယ်သူမဆို ဒီကိစ္စကို နန်လင်းရှားနဲ့ ဆက်စပ်ပြီး လာပြောရဲရင်... သူတို့ဘယ်လို အဆင့်အတန်းပဲရှိရှိ လျှာ ဖြတ်ပစ်စေ" လီသခင်ကြီးက ပြတ်သားစွာ အမိန့်ချလိုက်သည်။

"ကျွန်မ ဒီအမိန့်ကို နာခံပါ့မယ်" ထိုအမျိုးသမီးက ပြန်လည်ဖြေကြားသည်။

"လော့ရှောင်" လီသခင်ကြီးက ယခုအချိန်တွင် သူ့အကြည့်များကို လော့ရှောင်ထံသို့ လွှဲပြောင်းလိုက်သည်။

"ရှိပါတယ် သခင်ကြီး" လော့ရှောင်သည် ခေါင်းကို မမော့ရဲဘဲ အလျင်အမြန် ပျာပျာသလဲ ဦးညွှတ်လိုက်သည်။

"မင်းရဲ့နဂါးက ရွှေရောင်မီးနဂါးကြီးလား" လီသခင်ကြီးက မေးလိုက်သည်။

"ရွှေရောင်မီးနဂါးကြီးလား၊ သခင်ကြီး... အဲဒါက နဂါးသခင်အဆင့်အထိ တက်လှမ်းနိုင်တဲ့ အလားအလာရှိတဲ့ နဂါးမျိုးနွယ်ပါ။ သူ့သွေးမျိုးဆက်နဲ့ စွမ်းရည်သဘာဝတွေက ထိပ်တန်း အဆင့်မှာ ရှိနေပါတယ်။ တကယ်လို့ သူသာ သစ္စာစောင့်သိမှု ပြသနိုင်မယ်ဆိုရင်..." အမျိုးသမီးက သူမ၏ အံ့ဩမှုကို ဖော်ပြလိုက်သည်။

"တကယ်ပဲ ရှားပါးပြီး တန်ဖိုးကြီးတဲ့ နဂါးတစ်ကောင်ပဲ။ မင်း လီမိသားစုကနေ ထွက်သွား ပြီးနောက်မှာ ဒီလိုထူးခြားတဲ့ ကံကြမ္မာဆုံတွေ့မှုမျိုး ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒီတစ်ကြိမ်မှာ မင်း ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ်၊ ဝူထူနယ်မြေက ဒုက္ခသည်တွေ ကို လီမိသားစုရဲ့ လူတွေက အလွယ်တကူ နင်းခြေလို့မရဘူးဆိုတာ သိအောင် လုပ်ပြခဲ့တာ ပဲ" လီသခင်ကြီးက ဆိုသည်။

...

"လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကျွန်တော် အမှားအယွင်းလုပ်မိလို့ ပြည်နှင်ဒဏ် အပေးခံရတုန်း က နောင်တတရားတွေနဲ့ ပြည့်နှက်နေခဲ့ရပေမဲ့ ကျွန်တော့်ရဲ့ နှလုံးသားကတော့ အမြဲတမ်း လီမိသားစုဆီမှာပဲ ရှိနေခဲ့တာပါ။ နဂါးထိန်းတစ်ယောက် ဖြစ်လာပြီးနောက်မှာ ကျွန်တော် က ဝူထူနယ်မြေထဲမှာ တိုက်တိုက်ဆိုင်ဆိုင် ကျင့်ကြံအားထုတ်နေခဲ့ပါတယ်။ သခင်မလေး အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သိသိချင်း ကျွန်တော် ချက်ချင်းပဲ အပြေးအလွှား သွားခဲ့တာပါ။ ဒါပေမဲ့ နှမြောစရာကောင်းတာက ကျွန်တော် တစ်လှမ်း နောက်ကျသွားခဲ့ပါ တယ်။ သခင်ကြီး... သခင်မလေးကို အပြစ်မတင်ပါနဲ့။ ဒါ ကျွန်တော့်ရဲ့ ပြတ်သားမှု အားနည်းချက်ကြောင့်ပါ။ ဒီသတင်းဆိုး မြို့တော်ကြီးဆီ ပြန်မပျံ့နှံ့လာအောင် အနီးအနား က မြို့တွေကိုပါ အမြစ်ပြတ် ခြေမှုန်းပစ်ခဲ့သင့်တာ...” လော့ရှောင်က သူ့သစ္စာစောင့်သိမှု ကို အကျယ်တဝင့် ဖော်ပြလိုက်သည်။

လီသခင်ကြီးက ခေါင်းညိတ်လိုက်ပြီး လော့ရှောင်၏ ရက်စက်ကြမ်းကြုတ်သော အမူအရာ အပေါ် အတိုင်းအတာတစ်ခုအထိ သဘောကျသွားပုံရသည်။

"ငါ့လက်အောက်ကို ပြန်ဝင်ခဲ့ပါ။ ရွှေရောင်မီးနဂါးကြီးက တကယ်ကို ကြီးမားတဲ့ အလား အလာရှိတာ မှန်ပေမဲ့ များပြားလွန်းတဲ့ အရင်းအမြစ်တွေနဲ့ ဆရာကောင်းတစ်ယောက်ရဲ့ လမ်းညွှန်မှုလည်း လိုအပ်တယ်။ မင်းသာ ငါ့အပေါ် လုံလောက်အောင် သစ္စာရှိမယ်ဆိုရင် မင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်တစ်ခု ရရှိစေရမယ်လို့ ငါ အာမခံတယ်။" လီသခင်ကြီးက ကြေညာလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်ကြီး၊ ကျေးဇူးတင်ပါတယ် သခင်ကြီး" လော့ရှောင်၏ မျက်နှာ ထက်တွင် ဖုံးကွယ်၍ မရနိုင်လောက်အောင် စိတ်လှုပ်ရှားဝမ်းသာမှုများ ဖြစ်ပေါ်လာပြီး ခေါင်းကို အကြိမ်ကြိမ် ညိတ်ကာ ဦးညွှတ် ကျေးဇူးတင်လေတော့သည်။

ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်….

ဤအရာက လော့ရှောင် အလိုချင်ဆုံး ကြီးကျယ်ခမ်းနားမှုမျိုး ဖြစ်ပေသည်။

နဂါးထိန်းတစ်ယောက်အနေဖြင့် ဆင်းရဲချို့တဲ့ပြီး ခြောက်သွေ့လှသော နယ်မြေတစ်ခုမှာ ဆင်းရဲဒုက္ခခံနေဖို့ မဟုတ်ဘဲ၊ ခန့်ညားထည်ဝါပြီး စည်ပင်ဝပြောလှသည့် ဘိုးဘေးနဂါး မြို့တော်ကြီးမှာ ထိပ်ဆုံးကနေ စိုးမိုးအုပ်ချုပ်ရန် ဖြစ်သည်။

...

ခန်းမတစ်ခုလုံးတွင် ဖြစ်ပျက်နေသမျှကို ကြည့်ရင်း ကျူးမင်လန်သည် လီမိသားစု ခေါင်းဆောင်၏ အာဏာရှင်ဆန်ပြီး အေးစက်လှသော စကားလုံးများကို မည်သို့ ပြန်လည် တုံ့ပြန်ရမည်ဆိုသည်ကို စိတ်ထဲတွင် အကြိမ်ကြိမ် ဇာတ်တိုက်လေ့ကျင့်နေခဲ့သည်။ မိမိ၏ ကိုယ်ရေးအချက်လက်ကို ဖုံးကွယ်ရန် မရေရာသော စကားလုံးများကိုပင် ကြိုတင် စဉ်းစား ထားခဲ့သေးသည်။

သို့သော် အဆုံးသတ်တွင်မူ အစမှ အဆုံးထိ သူ့ကို မည်သူကမျှ အလေးအနက် မထားခဲ့မှန်း ကျူးမင်လန် သိလိုက်ရသည်။

သူ့ကို စကားပြောဖော်မလုပ်ရုံတင်မက တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ကြချေ။

ဤအချက်က ကျူးမင်လန်ကို အတန်ငယ် ခါးသီးသွားစေသည်။ တစ်ချိန်က ဂုဏ်သရေရှိ လူကုံထံ အများအပြားက သူ့ကို လက်ညှိုးထိုးကာ "ဒီကလေးက ထူးခြားတဲ့ ရုပ်ရည် အဆင်းကို ပိုင်ဆိုင်ထားတယ်၊ နောင်တစ်ချိန်မှာ လူတွေထဲက နဂါးတစ်ကောင်၊ ဖီးနစ် တစ်ကောင် ဧကန်မုချ ဖြစ်လာလိမ့်မယ်" ဟု ချီးမွမ်းခဲ့ကြဖူးသည်။ အနှစ်အနည်းငယ်မျှ လှည့်လည်သွားလာခဲ့ပြီးနောက်တွင် သူသည် အဘယ်ကြောင့် ဤမျှ သာမန်ကာလျှံကာ လူတစ်ယောက် မျက်ကွယ်ပြုခံရသူတစ်ယောက် ဘဝသို့ ရောက်ရှိသွားရသနည်း။

All Chapters