အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) အဆင့်ကျနဂါးတစ်ကောင်။
လီသခင်ကြီးနှင့် သူ့သခင်မကြီးတို့ ထွက်ခွာသွားကြရာ ပုလဲသစ်သားများဖြင့် တန်ဆာ ဆင်ထားသော ခန့်ညားလှသည့် ခန်းမဆောင်ကြီးအတွင်း လီယွင်ဇီ၊ လော့ရှောင်နှင့် ကျူးမင်လန်တို့ သုံးဦးတည်းသာ ကျန်ရစ်တော့သည်။
လော့ရှောင်သည် မျိုးနွယ်စု ခေါင်းဆောင် ထွက်ခွာသွားပြီးနောက် ခေတ္တမျှ စောင့်ဆိုင်းပြီးမှ ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သည်။
သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာ လီယွင်ဇီ၏ အနားသို့ ချဉ်းကပ်လာခဲ့သည်။
"သခင်မလေး ယွင်ဇီ... ကျွန်တော် တာဝန်မကျေခဲ့လို့ သခင်မလေး ဒီလို မတရား အစော် ကားခံလိုက်ရတာပါ... သခင်မလေးအနေနဲ့ တခြားလူတွေရဲ့ အမြင်တွေကို ဂရုစိုက်နေစရာ မလိုပါဘူး။ သခင်မလေး လီမိသားစုဆီ ပြန်ရောက်လာပြီဆိုတော့၊ ကျွန်တော် လီမိသားစုရဲ့ အားကိုးရတဲ့ ဒေါက်တိုင်တစ်ခု ဖြစ်လာအောင် ပိုပြီး ကြိုးစားပါ့မယ်။ အဲဒီအချိန်ကျရင် သခင်မလေးကို ကျွန်တော့်ဆီ လက်ထပ်ထိမ်းမြားပေးဖို့ သခင်မလေးရဲ့ ဖခင်ကို အစွမ်း ကုန် တောင်းဆိုပါ့မယ်။ ကျွန်တော်... ကျွန်တော် လော့ရှောင်က သခင်မလေးအပေါ် တကယ့်ကို စစ်မှန်တဲ့ ခံစားချက်တွေ ရှိနေတာပါ။ အခုလို အချိန်မှာ ဒီစကားမျိုး ပြောရတာ ရုတ်တရက်ဆန်ပြီး စော်ကားသလို ဖြစ်နေနိုင်ပေမဲ့၊ ကျွန်တော့်ရဲ့ လုပ်ရပ်တွေနဲ့ သက်သေ ပြသွားပါ့မယ်။ သခင်မလေး ယွင်ဇီ... ကျွန်တော့်ကို အချိန်နည်းနည်းလောက် ပေးပါ" လော့ရှောင်က စကားလုံးများ အထစ်ထစ် ဖြစ်လျက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ကျူးမင်လန်ကတော့ ဘေးနားမှ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။
ငါက တကယ်ပဲ အဲဒီလောက်တောင် ဘယ်သူမှ မမြင်ရတော့တဲ့ ကိုယ်ပျောက်လူသား တစ်ဦး ဖြစ်နေပြီလား။
လော့ရှောင်၏ စိတ်နေသဘောထားက မည်မျှပင် ကောက်ကျစ်စောင်းမြောင်းနေပါစေ၊ လီယွင်ဇီအပေါ် ထားရှိသော သူ့ခံစားချက်ကတော့ စစ်မှန်ပုံရပေသည်။ သူသည် လီယွင်ဇီ ၏ အတိတ်ကို ဂရုမစိုက်သည့် ယောကျာ်းတစ်ယောက်ဖြစ်ကြောင်း အလေးအနက် ပြသရန်အတွက် အသင့်တော်ဆုံး အချိန်အခါကို ရွေးချယ်၍ ရိုးသားစွာ ဖွင့်ပြောလိုက်ခြင်း ဖြစ်သည်။
လီယွင်ဇီကတော့ မည်သို့မျှ ပြန်မဖြေခဲ့ချေ။ ထို့ပြင် ယခုအချိန်တွင် သူမ၏ စိတ်ခံစားချက် ကိုလည်း ခန့်မှန်း၍ မရနိုင်ပေ။
"သခင်မလေး ယွင်ဇီ အလျင်စလို ပြန်ဖြေဖို့ မလိုပါဘူး၊ လော့ရှောင်ရဲ့ သစ္စာရှိမှုနဲ့ စွဲလမ်းမှု ကို နားလည်ပေးရင်ပဲ ရပါပြီ။ သခင်မလေး ပင်ပန်းနေလောက်ပြီ။ ကျူးမင်လန်... အစေခံ တွေကို ခေါ်ပြီး သခင်မလေးကို နားနေ အခန်းထဲ လိုက်ပို့လိုက်ဦး။ ငါကတော့ သခင်ကြီး ဆီကနေ အမိန့်နာခံဖို့ သွားလိုက်ဦးမယ်" လော့ရှောင်က ပြောလိုက်သည်။
လော့ရှောင်သည်လည်း လီယွင်ဇီအနေဖြင့် အရိပ်မည်းများထဲမှ ရုန်းမထွက်နိုင်သေးဘဲ အချိန်လိုအပ်နေသေးသည်ကို နားလည်ထားသည်။
"ကောင်းပါပြီ၊ သခင်လော့…၊ သခင်လော့အတွက် ရှုခင်းတွေလို သာယာလှပတဲ့ အနာဂတ် မျိုး ပိုင်ဆိုင်ပါစေလို့ ကြိုတင်ဆုတောင်းပေးပါတယ်" ကျူးမင်လန်က ဝတ်ကျေတန်းကျေ ပြန်ပြောလိုက်သည်။
လော့ရှောင်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ကျူးမင်လန်သည် အတော်လေး အလိုက်သိတတ်သော ညီငယ်တစ်ယောက်ဟုပင် ခံစားလိုက်ရ၏။
နောက်ဆုံးတွင် သူသည် မပြတ်သားနိုင်သည့် အကြည့်များဖြင့် လီယွင်ဇီထံမှ အကြည့်လွှဲ လိုက်ပြီး မျိုးနွယ်စု ခေါင်းဆောင်၏ နန်းရင်ပြင်ဆီသို့ ဦးတည် လျှောက်လှမ်းသွားတော့ သည်။ ဤအချိန်မှစ၍ သူလော့ရှောင်သည် တိမ်တိုက်များထက်သို့ ပျံသန်းတက်လှမ်းမည့် လမ်းကြောင်းပေါ်သို့ စစ်မှန်စွာ ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။
ရာထူးအာဏာ၊ စည်းစိမ်၊ မိန်းမလှ... အရာအားလုံးကို သူ ပိုင်ဆိုင်ရတော့မည်။
"မဟူရာနီလေး... ငါတို့ကို အနိုင်ကျင့်ခဲ့ဖူးတဲ့သူတွေကို မင်း မှတ်မိသေးလား။ ဟဲဟဲ... ငါတို့က ရွှေရောင်မီးနဂါးကြီးနဲ့ နဂါးထိန်းတစ်ယောက်ရဲ့ အဆင့်အတန်းမျိုးနဲ့ ပြန်လာလိမ့် မယ်လို့ သူတို့ ဘယ်တုန်းကမှ ထင်မှတ်ထားမှာ မဟုတ်ဘူး" လော့ရှောင်၏ မျက်နှာထက် တွင် အပြုံးတစ်ခု ပေါ်လာပြီး သူ့လက်ချောင်းတွင် စွပ်ထားသော မဟူရာနီလေး လက်စွပ် ကို မပွတ်သပ်ဘဲ မနေနိုင်ခဲ့ချေ။
ထိုလက်စွပ်မှ ဆန်းကြယ်သော အရောင်အဝါများ ဖြာထွက်နေပြီး လက်စွပ်အတွင်း၌ နဂါး တစ်ကောင်၏ ပုံရိပ်က ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်ကို မြင်တွေ့နိုင်သည်။
ဝူထူနယ်မြေတွင် အဆင်ခြင်မဲ့ ရူးသွပ်သည့် စိတ်တွန်းအားများကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်း က တကယ်ကို ပညာရှိရာ ရောက်ပေသည်။
ငါ ဒီထက်မက ပိုပြီး ပိုင်ဆိုင်ရဦးမှာ၊ ပြီးတော့ လီယွင်ဇီလည်း နောက်ဆုံးကျရင် ငါ့အပိုင် ဖြစ်လာမှာပဲ။
ဤကဲ့သို့ ကိစ္စမျိုး ဖြစ်ပျက်ပြီးနောက်တွင် ဂုဏ်သရေရှိ လူကုံထံများထဲမှ သူမကို လက်ထပ်လိုသည့်လူ အများကြီး ရှိတော့မည် မဟုတ်ချေ။ “ဒီလိုဆိုမှတော့ ငါ လီသခင်ကြီး ရဲ့ လက်အောက်မှာ ကောင်းကောင်း စွမ်းဆောင်ပြနိုင်ရင်၊ သူက လီယွင်ဇီကို ငါ့နဲ့ လက်ထပ် ထိမ်းမြားပေးဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိဘူး။”
ယခင်က လော့ရှောင်သည် လီမိသားစုတွင် အိမ်တော်ကို စောင့်ရှောက်ရသည့် အစေခံ တစ်ယောက်မျှသာ ဖြစ်ခဲ့ပြီး သူ့အဆင့်အတန်းမှာလည်း အလွန်တရာ နိမ့်ကျလွန်းသည်ကို သိထားရပေမည်။
အခုတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။
...
ပုလဲသစ်သား ခန်းမဆောင်ကြီး….
ကျူးမင်လန်သည် အဓိကနေရာဆီသို့ လျှောက်သွားကာ သခင်မကြီး ချန်ထားခဲ့သော လက်ကိုင်ပဝါကို ကောက်ယူပြီးနောက် လီယွင်ဇီထံ ကမ်းပေးလိုက်သည်။
"မင်း သွေးတွေ ထွက်နေတုန်းပဲ။ ဒါနဲ့ စောစောက လူကြီးက မင်းအဖေလား" ကျူးမင်လန် က မေးလိုက်သည်။
လီယွင်ဇီက သူမဒဏ်ရာကို ဂရုမစိုက်ဘဲ ကျူးမင်လန် သတိမထားမိခင်မှာပင် သူမ ပါးပြင် ထက်မှ မျက်ရည်တစ်စက် ဖြည်းဖြည်းချင်း လိမ့်ဆင်းသွားကာ အစင်းကြောင်းတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
လီယွင်ဇီကိုယ်တိုင်လည်း ဤမျှအတိုင်းတာထိ အောင့်အီးသည်းခံခဲ့ပြီးမှ လူတိုင်း မထွက်ခွာသွားခင်မှာတင် စိတ်ဓာတ်များ ပြိုလဲသွားလိမ့်မည်ဟု ထင်မထားခဲ့မိချေ။
သူမ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှု အရံအတားများက ဤယောကျာ်း၏ ရှေ့မှောက်တွင် အဘယ်ကြောင့် ဤမျှ အားနည်းသွားရသနည်း။
ဘေးနားတွင် မတ်တတ်ရပ်နေသော ကျူးမင်လန်ကိုယ်တိုင်လည်း သူမကို မည်သို့ ချော့မြှူ နှစ်သိမ့်ပေးရမည်ကို ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားခဲ့သည်။
အကယ်၍ သူမသာ အော်ဟစ်ငိုယိုပစ်လိုက်လျှင် ပို၍ ပေါ့ပါးကောင်း ပေါ့ပါးသွားနိုင်သော် လည်း၊ ယခုမူ မျက်ရည်တစ်စက်သာ ကျဆင်းခဲ့သည်။ ထိုမျက်ရည်ထဲတွင် နာကျင်မှု သို့မဟုတ် ဝမ်းနည်းမှုများထက် အရာအားလုံးကို ကြိတ်မှိတ်အံတု ရင်ဆိုင်နေသည့် ခိုင်မာ ပြတ်သားသော အရှိန်အဝါမျိုးသာ ရှိနေသည်။
သို့သော်ငြားလည်း ဤကဲ့သို့ လှလှပပ ကြံ့ကြံ့ခံနိုင်စွမ်းကို မြင်တွေ့ရခြင်းက လူကို ပို၍ ရင်ကွဲမတတ် ခံစားရစေသည်။
သူမကိုယ်တိုင်က ဒုက္ခသည်ဖြစ်ခဲ့သော်လည်း တခြားသူများ၏ မျက်လုံးထဲတွင်မူ ပြစ်မှု ကျူးလွန်သူတစ်ဦး ဖြစ်နေခဲ့သည်။ အိမ်သို့ ပြန်ရောက်ရုံရှိသေး၊ ဤကဲ့သို့သော နှိမ့်ချ စော်ကားမှုမျိုးနှင့် ဆုံတွေ့ရတော့သည်။
အကယ်၍ သွေးသားတော်စပ်မှုကို ဖြတ်တောက်၍ရပါက လီမိသားစု၏ အရှင်သခင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ဖြတ်တောက် ပစ်လိုက်မည့်ပုံမျိုးပင်။
ဤနေရာက လီယွင်ဇီတစ်ယောက် ခရီးရှည်ကြီး နှင်ခဲ့ပြီး ပြန်လာခဲ့ရသည့် ခိုလှုံရာ အစစ်အမှန်ရော ဟုတ်ရဲ့လား။
"မင်းကို အခန်းထဲ ပြန်နားဖို့ ငါ လိုက်ပို့ပေးမယ်၊ အများကြီး မတွေးပါနဲ့တော့" ကျူးမင်လန် က ယဉ်ကျေးပျူငှာစွာဖြင့် လီယွင်ဇီကို တွဲကူကာ ခန်းမဆောင်ကြီးအပြင်ဘက်သို့ လျှောက်လှမ်းခဲ့ကြသည်။
"ဒီဘက်..."
"အင်း..."
...
လီယွင်ဇီ၏ ခြံဝန်းအတွင်းသို့ ရောက်ရှိသွားသောအခါ ကျူးမင်လန်သည် တံခါးဝတွင်တင် အပိတ်ခံလိုက်ရတော့သည်။
ကျူးမင်လန် နားလည်နိုင်ပါသည်၊ ဘာပဲဖြစ်ဖြစ် သူမကို နှစ်သိမ့်ပေးနေခြင်းက အပိုသာ ဖြစ်လိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်က အဓိက တရားခံ ဖြစ်နေသော ကြောင့်ပင်။
အဆင့်အတန်းဖြင့် အရာအားလုံးကို ဆုံးဖြတ်သည့် ဤကမ္ဘာကြီးတွင် လီယွင်ဇီက ဒေါသ အမျက်ချောင်းချောင်းထွက်ကာ သူ့ကို သတ်ပစ်လိုက်လျှင်ပင် ကျူးမင်လန် အနေဖြင့် ထူးဆန်းနေမည်မဟုတ်ပေ။
ဒါပေမဲ့ အခု သူ ဘယ်ကို သွားရမှာလဲ။
သူသည် အကြောင်းပြချက်မရှိဘဲ ဘိုးဘေးနဂါး မြို့တော်ဆီသို့ ခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။ မည်သည့်အဆင့်အတန်း၊ နယ်မြေ၊ နေအိမ်နှင့် ငွေကြေးချူးတစ်ပြားမှ မရှိဘဲနှင့် လမ်းမပေါ်မှာ တစ်ဖန် ပြန်ပြီး တောင်းစားရတော့မှာလား။
နေပါဦး... ငါက ဘာလို့ "တစ်ဖန်ပြန်ပြီး" လို့ ပြောမိတာလဲ။ ငါ တစ်ခါမှလည်း အစားအစာ တောင်းစားခဲ့ဖူးတာမျိုး မရှိပါဘူး။
လီယွင်ဇီက သူ့အပေါ် အမျက်ဒေါသမပုံချခဲ့သော်လည်း သူမအနေဖြင့် သူ့ကို ထပ်ပြီး မြင်ချင်တော့မည် မဟုတ်သည်ကတော့ သေချာသလောက်ပင်။
အမှန်တော့ သူ့ကို ဘိုးဘေးနဂါး မြို့တော်ဆီ ခေါ်ဆောင်လာခြင်းဖြင့် လီယွင်ဇီက သူ၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က လော့ရှောင်သည် ရှောက်ဆန်းမြို့ကို ပါ အမြစ်ပြတ် ချေမှုန်းပစ်ရန် ကြံစည်နေခဲ့သည် မဟုတ်ပါလား။
သူ ဒီကို ရောက်နေမှတော့ ယာယီအခြေချပြီး ဝမ်းရေးအတွက် ယာယီအလုပ်တစ်ခုခု ရှာဖွေရုံသာ ရှိတော့သည်။ ပိုးစာပင် စိုက်ပျိုးရသည့် အလုပ်မျိုးဆိုလျှင် ပို၍ အဆင်ပြေပေ လိမ့်မည်၊ အကြောင်းမှာ မည်မျှကျွေးကျွေး မဝနိုင်သည့် အစားကြီးသော ဖြူလေးသာ နိုးလာပြီး သောက်စရာ နို့ရည်မရှိပါက သောင်းကျန်းပေလိမ့်မည်။
ပိုင်ချီ... ဒါကတော့ ရေခဲပိုးကောင်လေးရဲ့ နာမည် ဖြစ်ပါသည်။
ဖြူလေးအကြောင်း ပြောရလျှင်၊ သူသည် အပြင်ထွက်၍ လေညှင်းခံခြင်း မပြုသည်မှာ ရက်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး၊ ယခုအခါ သူ့ဝိညာဉ်နယ်မြေအတွင်း၌ ထူးဆန်းစွာ ငြိမ်သက်လျက် ရှိနေသည်။ ဆောင်းခိုရန် ပြင်ဆင်နေခြင်းလော။
ကျူးမင်လန်သည် မျက်လုံးများကို ညင်သာစွာ ပိတ်လိုက်ပြီး သူ့ဝိညာဉ်နယ်မြေကို စစ်ဆေးကြည့်လိုက်သည်။
"ထူးဆန်းလိုက်တာ... ဘာလို့ အခု ရေခဲပိုးအိမ်ကြီး ဖြစ်နေရတာလဲ..."
ဝိညာဉ်နယ်မြေအတွင်းသို့ အကဲခတ်ကြည့်လိုက်ရာ၊ ကျူးမင်လန်သည် တစ်ချိန်ချိန်တွင် ထိုရေခဲပိုးကောင်လေးက သူကိုယ်တိုင် ထွေးထုတ်လိုက်သော ရေခဲပိုးချည်မျှင်များဖြင့် တစ်ကိုယ်လုံးကို ရစ်ပတ်ကာ ကြီးမားလှသော ရေခဲပိုးအိမ်ကြီးတစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့ကြောင်း တုန်လှုပ်စွာဖြင့် ရှာဖွေတွေ့ရှိလိုက်ရသည်။
၎င်းက အသွင်ကူးပြောင်းမှု ပြုလုပ်တော့မည်လော။
သို့သော် ဤရေခဲပိုးကောင်လေးသည် ယခင်က နဂါးစစ်သူကြီးအဆင့်ရှိသော မိုးပြာနဂါး တစ်ကောင် ဖြစ်ခဲ့ဖူးသည်။ မိုးပြာနဂါး သွေးမျိုးနွယ်စုဝင် သတ္တဝါများထဲတွင် ဤကဲ့သို့ စွမ်းရည်မျိုး ရှိသည်ဟု သူ မကြားဖူးပါချေ။
ရေခဲပိုးအိမ်ကြီးက လုံးဝ ပိတ်မသွားသေးဘဲ အပေါ်ဘက်တွင် အပေါက်ငယ်တစ်ခု ကျန်ရှိ နေသေးသည်။
ဤအပေါက်မှတစ်ဆင့် ကျူးမင်လန်က အတွင်းပိုင်းကို မြင်တွေ့နိုင်ခဲ့သည်။
သူ မြင်တွေ့လိုက်ရသည့် မြင်ကွင်းက ရေခဲပိုးအိမ်အတွင်းရှိ ကမ္ဘာကြီးကြောင့် သူ့ကို အလွန်တရာ အံ့အားသင့် ဆွံ့အသွားစေခဲ့သည်။
အတွင်းကမ္ဘာကြီးမှာ ဖန်တီးမှုအနုပညာတစ်ခုလို ဆန်းကြယ်လှပေသည်။
အပြင်ဘက်တွင် ရစ်ပတ်ထားသော ရေခဲပိုးချည်မျှင်များမှာ အတွင်းပိုင်ဘက်တွင် အလွန် တရာ နက်နဲသိမ်မွေ့သော ပုံစံများကို ကျစ်လျစ်စွာ ယှက်နွှယ်ထားပြီး မည်သည့် ဖရိုဖရဲ ဖြစ်မှု အရိပ်အယောင်မျှ မရှိချေ။ ယင်းအစား၊ ၎င်းတို့သည် လျော့တိလျော့ရဲ ဖြစ်နေမူမှ သည် ကျစ်လစ်သိပ်သည်း စုစည်းမှုဆီသို့ ကူးပြောင်းသွားသည့် ပြီးပြည့်စုံသော အနုပညာ လက်ရာတစ်ခုကို ပုံဖော်ထားသည်။
ထိုရေခဲချည်မျှင်အသိုက်များကြားတွင် တောက်ပနေသော ရေခဲမှုန်လေးများက ရှားပါး သော စိန်ဖြူများကဲ့သို့၊ သို့မဟုတ် ကျယ်ပြောလှသော ညကောင်းကင်ယံမှ ကြယ်ဖြူပွင့် လေးများကဲ့သို့ ဤစကြဝဠာငယ်လေးအတွင်း စနစ်တကျ ပြန့်ကြဲနေကာ အိမ်မက်ဆန်ပြီး ဆန်းကြယ်လှသည်။
သေးငယ်သော ရေခဲမျှင်တစ်ခုချင်းစီပေါ်တွင် ရှည်လျားပြီး ရှေးဟောင်းဆန်သော ပုံစံများ ရှိနေသည်။
ရေခဲမှုန်တစ်ခုချင်းစီ၏ အတွင်း၌ မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားသော စကြဝဠာကြီးတစ်ခု ကိန်းအောင်းနေပုံရသည်။
ဤအရာအားလုံးက နောက်ဆုံးတွင် သေးငယ်ပြီး သန့်ရှင်းသော ဝိညာဉ်သတ္တဝါလေး တစ်ကောင်၏ ဘေးပတ်ပတ်လည်တွင် စုစည်းနေကြ၏။ သတ္တဝါငယ်လေးမှာ အတောင်ပံ များ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး ခန္ဓာကိုယ်အချိုးအစားမှာ အလွန်တရာ ကျော့ရှင်း လှပလာသည့် ဖြူလေးပင် ဖြစ်သည်။
ပိုးအိမ်၏ ဗဟိုချက်တွင် ဖြူလေးမှာ တရေးနိုး တစ်လှည့် အိပ်ပျော်တစ်လှည့် ဖြစ်နေသည်။ သူက အပြည့်အဝ မဖွံ့ဖြိုးသေးသော အတောင်ပံများကို ညင်သာစွာ ဆန့်တန်းလိုက်ပြီး၊ လှပပြီး စူးရှတောက်ပသော မျက်ဝန်းတစ်စုံဖြင့် ဝိညာဉ်နယ်မြေအတွင်းသို့ ရောက်ရှိလာ သော ကျူးမင်လန်ကို အားယူပြီး ကြည့်ရန် ကြိုးစားနေသည်။
သို့သော် ထိုသတ္တဝါငယ်လေးမှာ တကယ်ကို အိပ်ချင်လွန်းနေရှာသည်။
နောက်ဆုံးတွင်တော့ သူသည် မျက်လုံးများကို ပြန်ပိတ်လိုက်တော့သည်။
ထိုခဏ၌ပင်၊ ရေခဲမျှင်များက ကခုန်လာကြပြီး ရေခဲမှုန်များကလည်း ဝင်းလက်တောက်ပ လာကြသည်။ ဖြူလေး ထပ်မံ အိပ်ပျော်သွားသည်နှင့်၊ ရေခဲပိုးအိမ်အတွင်းရှိ ကမ္ဘာကြီးမှာ အဟုန်ပြင်းစွာ လည်ပတ်လာတော့သည်။ သေးငယ်လှသော သက်ရှိအဖူးအငုံလေးများက ရေခဲကို ဖောက်ထွက်လာကြပြီး၊ အဏုမြူပမာ ရေခဲပန်းပွင့်လေးများ ဖူးပွင့်လာကြကာ၊ သက်စောင့်နှင်းသစ်ပင်ကြီးများကဲ့သို့သော အရာများက ခေါင်မိုးပမာ အရွက်များကို ဖြန့်ကျက်၍ အရာအားလုံးကို လွှမ်းခြုံထားကာ၊ သေးငယ်လှသော သက်ရှိသတ္တဝါလေးများ ဤနေရာတွင် ဖန်တီးဖြစ်ပေါ်လာကြသည်...
မြင်ကွင်းက ကမ္ဘာဦးအစ ဖန်တီးမှုကြီး ရုတ်တရက် ပေါက်ကွဲထွက်လာသကဲ့သို့၊ သမုဒ္ဒရာကြီးများ ပိုးစာခင်းပြင်ကြီးများအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ထိုအတောအတွင်း၊ အပေါ်ဘက်ရှိ အပေါက်ငယ်မှာ အတွင်းဘက်မှ တိုးဝှေ့ထွက်လာသော ရေခဲမျှင်များဖြင့် ပြည့်နှက်သွားပြီး ရေခဲပိုးအိမ်ကြီးမှာ လုံးဝ ပိတ်ဆို့သွားတော့သည်။
ကျူးမင်လန်အနေဖြင့် အတွင်းထဲက အရာအားလုံးကို မမြင်ရတော့ပေ။
အပြင်ဘက်ကနေ ကြည့်လျှင် ရေခဲပိုးအိမ်မှာ သာမန်ကာလျှံကာသာ ဖြစ်သော်လည်း၊ ကျူးမင်လန်ကို အလွန်အမင်း အံ့ဩမှင်သက်သွားစေခဲ့သည့် အတွင်းကမ္ဘာကြီးမှာမူ သူ၏ စိတ်အာရုံထဲတွင် ဖျောက်ဖျက်မရနိုင်လောက်အောင် စွဲထင်ကျန်ရစ်ခဲ့လေပြီ။
ထိုအေးစိမ့်ပြီး ကျယ်ပြောလှသော ကမ္ဘာကြီးထဲတွင် ဘုရင်မတစ်ပါးကဲ့သို့ အိပ်ပျော်နေ သည့် ဖြူလေးမှာ... အမှန်တကယ် ဘာကောင်လေးများ ဖြစ်နေပါလိမ့်။
ဤအချိန်သည် ကျူးမင်လန်၏ လှည့်လည်သွားလာခြင်း ခရီးစဉ်၏ (၅) နှစ်မြောက်ကာလ ဖြစ်ပေလိမ့်မည်။
တစ်ချိန်တုန်းက ပိုင်ချီသည် မိုးပြာနဂါးကြီး တစ်ကောင် ဖြစ်ခဲ့ဖူးသည်။
ကျူးမင်လန် ဆယ်ကျော်သက် လူငယ်လေးဘဝတုန်းက၊ သူသည် လူတိုင်း၏ စောင့်ကြည့် အားကျခြင်းကို ခံရပြီး လူတိုင်း၏ ချစ်ခင်မြတ်နိုးမှုကို ရရှိထားသည့် ကြောက်မက်ဖွယ် အရှိန်အဝါကြီးမားသူတစ်ဦး ဖြစ်ခဲ့သည်။
သို့သော် ကျူးမင်လန်ကိုယ်တိုင် သူ၏ရှေ့ဆက်မည့် ဘဝခရီးလမ်းမှာ ခမ်းနားထည်ဝါတော့ မည်ဟု ထင်မှတ်ထားခဲ့သည့် အချိန်မှာပင်၊ ပိုင်ချီသည် တစ်ညတည်းနှင့် အင်အားကြီးမား သော မိုးပြာနဂါးကြီး ဘဝမှနေ၍ သက်ရှိသတ္တဝါများထဲတွင် အသေးငယ်ဆုံးနှင့် အနုနယ် ဆုံးသော ရေခဲပိုးကောင်လေး ဘဝသို့ နိမ့်ကျဆင်းသက် သွားခဲ့လေသည်။
တစ်ညတည်းနှင့်တင်...
ယနေ့တိုင်အောင်၊ မြို့တော်၏ ထက်ဝက်ကျော်ကို ရစ်ပတ်ဖုံးလွှမ်းသွားခဲ့သော ဖြူဖွေးလှ သည့် နှင်းခဲပိုးချည်မျှင်များကို ကျူးမင်လန် မဖျက်ဖျက်နိုင်သလို မေ့ပစ်နိုင်ခြင်းလည်း မရှိသေးချေ။
ဧရာမ ရေခဲပိုးအိမ်ကြီးက အပြာရောင်နဂါး ပိုင်ချီကို ဝါးမြိုရစ်ပတ်ထားခဲ့ပြီး၊ မြို့တော်၏ ထက်ဝက်ကို သန့်ရှင်းမွန်မြတ်သော အဖြူရောင် လွင်ပြင်ကြီးအဖြစ် ဖုံးလွှမ်းသွားစေခဲ့ သည်၊ ၎င်းမှာ နှင်းဝိညာဉ်နတ်ဘုရား တစ်ပါး ကောင်းကင်ကနေ ဆင်းသက်လာသည့် အတိုင်းပင်။
ဤအံ့မခန်းဖွယ် ထူးဆန်းသော ဖြစ်စဉ်ကြီးက တစ်ညလုံးလုံး ကြာမြင့်ခဲ့သည်။
သို့သော် နောက်ဆုံးတွင် နံနက်ခင်းအလင်းရောင် ရောက်ရှိလာသောအခါ၊ ဖြူဖွေးသော ပိုးချည်မျှင်များအားလုံး အရည်ပျော်သွားခဲ့သည်။ မိုးပြာနဂါးကြီးသည် သက်ရှိအငွေ့ အသက် လုံးဝ ကင်းမဲ့နေသည့် ခန္ဓာကိုယ် အခွံကြီးတစ်ခုကိုသာ ချန်ထားရစ်ခဲ့ပြီး နေရောင် ခြည်အောက်တွင် နှင်းခဲမျှင်များနှင့်အတူ ရေအဖြစ် အရည်ပျော်ကျသွားခဲ့ကာ၊ မည်သည့် အသိစိတ်မျှ မရှိသလောက်ဖြစ်နေသည့် အလွန်တရာသေးငယ်သော ရေခဲပိုးကောင်လေး တစ်ကောင်သာ ကျန်ရစ်ပြီး ဖြည်းညှင်းစွာ တွားသွားထွက်ပေါ်လာခဲ့တော့သည်...
အခြေအနေမဲ့ အေးစိမ့်လှသော မြို့ရိုးထက်တွင် ရပ်နေရင်း၊ ထိုရေခဲမြို့တော်ကြီးထဲမှ တိုးထွက်လာသည့် အလွန်တရာ သေးငယ်သော ရေခဲပိုးကောင်လေးကို ကြည့်ကာ၊ ထိုစဉ် က လူငယ်လေးတစ်ဦးသာ ဖြစ်သေးသည့် သူသည် မည်သို့လျှင် ယုံကြည်နိုင်ပါအံ့နည်း။
ဖြူဖွေးသော အပြာရောင်နဂါးကြီးသည် အမှန်ပင် အဆင့်ပြန်ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်က အထွတ်အထိပ် ရောက်ခဲ့ဖူးသော လူငယ်လေးသည် ထိုအချိန်မှစ၍ လူသား ပင်လယ်ကြီးထဲတွင် သဲတစ်ပွင့် ဖြစ်သွားခဲ့ရပြီး သူ၏ ရှည်လျားသော ခရီးစဉ်ကြီးကို စတင် ခဲ့ရတော့သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ ဆက်ကျော်သက် လူငယ်လေးမှာ လူရွယ်တစ်ဦးအဖြစ် ရင့်ကျက်လာခဲ့ပြီး သူ၏ ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်ကြီးများမှာလည်း ဝမ်းရေး အတွက် ရုန်းကန်နေရရုံမျှဖြင့် မှေးမှိန်သွားခဲ့ရသည်။
သူ လျှောက်လှမ်းခဲ့သော နေရာများမှာ များပြားလွန်းသဖြင့် ယခုအခါ ၎င်းတို့ အားလုံးကို ပင် မမှတ်မိနိုင်တော့ချေ။
သို့သော် ဤရေခဲပိုးကောင်လေးကို အရွယ်ရောက် ကြီးပြင်းလာခဲ့သည့် ဤလူငယ်သည် အစဉ်အမြဲပင် ဂရုတစိုက်နှင့် ကြိုးကြိုးစားစား ပြုစုစောင့်ရှောက်ခဲ့ပြီး၊ သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ သူတို့ကြားမှာ မိသားစုတစ်စုကဲ့သို့ တင်စားနိုင်လောက်သည့် သံယောဇဉ်နှောင်ကြိုးတစ်ခု ဖြစ်တည်နေခဲ့ပြီ ဖြစ်သည်။
နှစ်ပေါင်းများစွာတိုင်အောင် ဖြူလေးသည် မည်သည့်ပြောင်းလဲမှုမျှမရှိဘဲ သေးငယ်သော ရေခဲပိုးကောင်လေးတစ်ကောင်၏ ဘဝမှာပင် မြဲမြံနေခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နေပြီ။
စောစောက တခဏမျှ လှမ်းမြင်လိုက်ရခြင်းမှတစ်ဆင့် ကျူးမင်လန်သည် တစ်ဝက် တစ်ပျက် အသွင်ပြောင်းနေသည့် ဖြူလေး၏ ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့ရသည်၊ ပါးလွှာလှ သော အတောင်ပံများ၊ လှပကျော့ရှင်းသော ခန္ဓာကိုယ်အချိုးအစားနှင့် သိမ်မွေ့နုနယ်သော အမြီးတန်းလေး...
၎င်းသည် လိပ်ပြာနဂါးဝိညာဉ်တစ်ကောင်၏ နူးညံ့သိမ်မွေ့သော အရှိန်အဝါမျိုး ရှိနေပုံရ သော်လည်း၊ တစ်ဖက်တွင်လည်း မူလ မိုးပြာရောင်နဂါးကြီး၏ ကြံ့ခိုင်သော ခန္ဓာကိုယ် ဖွဲ့စည်းပုံကိုလည်း ထိန်းသိမ်းထားဆဲပင် ဖြစ်ပုံရသည်။
ထို့ပြင် ထိုအရာများက နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲတော့မည့် ထင်ရှားသော နိမိတ်လက္ခဏာများပင် ဖြစ်ပေတော့သည်။
ရေခဲပိုးအိမ်ကြီးသည် ၎င်း၏ "နဂါးတံခါး" ပင် ဖြစ်သည်။
ပိုးအိမ်ကို ဖောက်ထွက်လိုက်သည်နှင့် သူသည် နဂါးတစ်ကောင်အဖြစ် သူ၏ မှန်ကန်သော ဂုဏ်သိက္ခာရှိရာ ရာထူးနေရာဆီသို့ ပြန်လည်ရောက်ရှိလာလိမ့်မည်။
ထိုခဏ၌၊ ရေသေကဲ့သို့ ငြိမ်သက်နေခဲ့သော ကျူးမင်လန်၏ ရင်တွင်းခံစားချက်များက ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားမှုများဖြင့် ပြင်းထန်စွာ လှိုင်းထလာတော့သည်။
မိုးပြာနဂါးကြီး ပြန်လည်ရောက်ရှိလာတော့မည်။
မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် နှလုံးသားတစ်ခုလုံး အေးစက် နေရသည့် လူတစ်ယောက်အနေဖြင့် မျှော်လင့်ချက်များက ပြန်လည်တောင့်တချင်စရာ ဖြစ်နေသော်လည်း၊ သူ့အနာဂတ်ကို မမြင်နိုင်ခြင်းကြောင့်သာ စိတ်ကို ဆွဲထိန်းထားခဲ့ရခြင်း ဖြစ်သည်...
သို့သော် ပိုင်ချီ ပြန်လည်ရောက်ရှိလာခြင်းနှင့်အတူ အရာအားလုံးက လုံးဝဥဿုံ ပြောင်းလဲ တော့မည်။