← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း (၉) နဂါးထိန်းအကယ်ဒမီ။

"ဟူး..."

"ဟူး..."

ကျူးမင်လန် လေကို ပြင်းပြင်းရှူလိုက်မိသည်။ ဤမျှ ထိန်းမနိုင်သိမ်းမရအောင် စိတ်လှုပ် ရှားရသည့် ခံစားချက်မျိုးကို သူမကြုံရသည်မှာ အတော်ပင် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။

မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ သူ အရင်ဆုံး စိတ်အေးအေးထားဖို့ လိုအပ်သည်။

ဖြူလေးက အသွင်ကူးပြောင်းဆဲ ကာလမှာပဲ ရှိသေးပြီး ပိုးအိမ်ကနေ မပေါက်ဖွားလာခင် အထိ သူသည် သာမန်ဝိညာဉ်သတ္တဝါအဆင့်မျှသာ ရှိသေးသည်။ ဖြူလေး၏ အသွင် ပြောင်းလဲခြင်းအဆင့်ကို ဘေးကင်းကင်း ဖြတ်ကျော်နိုင်ရန်အတွက် တည်ငြိမ်ပြီး လုံခြုံ စိတ်ချရသည့် နေရာတစ်ခုကို သူ ရှာဖွေဖို့ လိုအပ်သည်။

ဒါဆို အခု ဘယ်ကိုသွားရင် သင့်တော်မလဲ။ သူက ဘိုးဘေးနဂါး မြို့တော်၏ လူနေမှု ဝန်းကျင်နှင့် အနည်းငယ် စိမ်းသက်နေသေးသည် မဟုတ်ပါလား...

"သခင်လေး..."

"သခင်လေး... ခဏလောက် စောင့်ပါဦး။"

ကျူးမင်လန်တစ်ယောက် လီမိသားစု၏ တံခါးကြီးရှေ့တွင် တုံ့ဆိုင်းနေစဉ်၊ အစေခံဝတ်စုံ ဝတ်ဆင်ထားသည့် အသားအရည် ဝင်းပစိုပြေသော မိန်းကလေးငယ်တစ်ဦးက သူ့ကို လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။

"ငါ့ကို ခေါ်တာလား" ကျူးမင်လန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"သခင်လေးက ကျူးမင်လန် ဟုတ်ပါသလားရှင်။ ဧကရီအရှင်မက သခင်လေးဆီကို ဒီအကယ်ဒမီ ကျောင်းဝင်ခွင့်စာ ရောက်အောင် ပေးခိုင်းလိုက်လို့ပါ" ထိုအစေခံမလေးက လေသံအေးလေးဖြင့် ပြောလိုက်သည်။

ထိုစာအိတ်ပေါ်တွင် ခန့်ညားထည်ဝါသော "နဂါးထိန်းအကယ်ဒမီ" ဟူသည့် စာလုံးများကို ကျူးမင်လန် မြင်လိုက်ရသည်။

ဒါက အမှန်တကယ် ဖြစ်ပျက်နေသလိုမျိုး ဟန်ဆောင်ပြချင်လို့လား။

ဒါမှမဟုတ် နောက်ပိုင်းကျရင် လော့ရှောင် လိုက်လံစုံစမ်းတာမျိုး မလုပ်နိုင်အောင် ကြိုတင် ကာကွယ်သည့်သဘောလား။

ဘာပဲဖြစ်ဖြစ် အကယ်ဒမီက တကယ်ကို အဆင်ပြေမည့် နေရာတစ်ခု ဖြစ်ပြီး ဖြူလေး၏ အသွင်ပြောင်းလဲခြင်း ကာလကို ဖြတ်ကျော်ဖို့အတွက် အထူး သင့်တော်လှပေသည်။

ကောင်းပြီလေ... ကျောင်းတက်ရမယ်ဆိုရင်လည်း တက်ရတာပေါ့။

ကျူးမင်လန်က အဓိပ္ပာယ်လေးနက်လှသော ထိုစာအိတ်ကို လက်ခံယူလိုက်သည်။

အမှန်တော့ နဂါးထိန်း အကယ်ဒမီတစ်ခု၏ ကျောင်းဝင်ခွင့် သတ်မှတ်ချက်များမှာ အတော် ပင် တင်းကျပ်လှ၏။ နဂါးတစ်ကောင်ကို ဝယ်ယူနိုင်ရန် လုံလောက်သော ငွေကြေးအင်အား ရှိရမည်၊ သို့မဟုတ်ပါက မိမိမွေးမြူထားသော ဝိညာဉ်သတ္တဝါငယ်မှာ အလားအလာရှိသည့် နဂါးတစ်ကောင်အဖြစ် သတ်မှတ်ခံရမှဖြစ်မည်။

ဤအကယ်ဒမီ ကျောင်းတော်ကြီးသည် ဆန်းကြယ်သော အမြင်နှင့် ဉာဏ်ပညာကို အသုံး ပြုကာ နဂါးငယ်လေးများ၏ အရှင်သခင် ဖြစ်လာကြသည့် သာမန်ဆင်းရဲသားများနှင့်အတူ မင်းစိုးရာဇာ၊ အရာရှိကြီးများ၏ သားသမီးများပါမကျန် ပေါင်းစည်းနေထိုင်ကြသည့် ကောင်းမွန်သော နေရာတစ်ခုလည်း ဖြစ်သည်။

နဂါးထိန်းတစ်ယောက် ဖြစ်လာခြင်းက ချမ်းသာကြွယ်ဝပြီး ရာထူးအာဏာရှိသူများ၏ သီးသန့် အခွင့်အရေးမျိုး မဟုတ်ပေ။ ကျယ်ပြောလှသော လူပင်လယ်ကြီးထဲတွင် နဂါး တံခါးကို ခုန်ကျော်ကာ ကောင်းကင်ယံသို့ ပျံသန်းသွားနိုင်ခဲ့ကြသည့် သာမန်အရပ်သားများ လည်း ရှိကြပေသည်။

"သခင်လေး... လီချွမ်းနဂါးထိန်းအကယ်ဒမီကို သွားရောက်သတင်းပို့ပြီးရင် ဝိညာဉ်သတ္တဝါ ငယ်တွေ ရွေးချယ်တဲ့ပွဲကိုလည်း မလွတ်စေနဲ့ဦးနော်။ ဝိညာဉ်သတ္တဝါငယ်ကို ရွေးချယ်တဲ့ အခါ သခင်လေးအနေနဲ့ မျက်စိအမြင်စူးရှဖို့ လိုလိမ့်မယ်" အသားဖြူဖြူနှင့် အစေခံမလေး က မျက်တောင်တခတ်ခတ်ဖြင့် နူးညံ့စွာ သတိပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် မိန်းကလေး။"

"ကျွန်မကို ဖရော့စ်လို့ပဲ ခေါ်ပါရှင်။"

"ကျေးဇူးပါပဲ မိန်းကလေး ဖရော့စ်။"

"ဟီ.. ဟီ..." ဖရော့စ်က ဆည်းလည်းသံပမာ ကြည်လင်ပြတ်သားစွာ ရယ်မောလိုက်သည်။

ကျောင်းဝင်ခွင့်စာကို ကိုင်ဆောင်ရင်း ကျူးမင်လန်သည် လှေကားထစ်များအတိုင်း ဆင်းလာခဲ့ပြီး မြို့တော်၏ သက်ဝင်လှုပ်ရှားကာ စည်ပင်ဝပြောလှသော ကျောက်ပြာ လမ်းမကြီးထံသို့ လျှောက်လှမ်းလာခဲ့သည်။

သူ့အနောက်ဘက်တွင်မူ စည်းကမ်းကြီးပြီး ခြောက်ကပ်ကပ် လီနန်းတော်ကြီး ရှိနေကာ ဤကျောက်ပြာလမ်းမကြီးနှင့် မြစ်ကူးတံတားတစ်စင်းသာ ခြားထားလေသည်။

သို့သော် ထိုတံတားကို ဖြတ်ကျော်လိုက်သည်နှင့် လူနေမှုဘဝ၏ အငွေ့အသက်များက တိုးဝှေ့ဝင်ရောက်လာပြီး မည်သူကမျှ အခြားလူများ၏ မျက်နှာကို အရေးတယူ ကြည့်ရှု သတိထားမိတော့မည် မဟုတ်ပေ။

အခြေအနေနှင့်အညီ လိုက်လျောညီထွေ နေထိုင်တတ်သူ တစ်ယောက်အနေဖြင့် သူသည် လောကကြီးတစ်ခုလုံးကို ကိုယ့်အိမ်ပမာ လှည့်လည်သွားလာနိုင်သလို၊ ခန့်ညားလှသော အကယ်ဒမီကျောင်းတော်ကြီးမှာလည်း အခြေချနေထိုင်နိုင်ပေသည်။ ဤသည်မှာ အစပျိုးမှု အသစ်တစ်ခုပင်...

...

ခြံဝန်းအတွင်း၌…..

ခေါင်းတွင် လိပ်ပြာပုံသဏ္ဌာန် ဆံထိုးလေး ဆင်ယင်ထားသည့် ဖရော့စ်သည် အိမ်မကြီးဆီ သို့ လျှောက်လှမ်းလာခဲ့ရာ သခင်မလေး လီယွင်ဇီက ငန်းမွေးကုလားထိုင်အဝိုင်းလေးပေါ် တွင် တစ်ဦးတည်း ငြိမ်သက်စွာ ထိုင်နေသည်ကို အကြည့်တစ်ချက်ဖြင့် မြင်လိုက်ရသည်။

ဖရော့စ်သည်လည်း ထိုနေ့က ဖြစ်ပျက်ခဲ့သည့် ကိစ္စအဝဝကို ကြားသိထားခဲ့ပြီး ဖြစ်သည်။

အပြင်လောကတွင် သူမက လူတိုင်း၏ စောင့်ကြည့် လေးစားခြင်းကို ခံရသည့် ဧကရီအရှင် မတစ်ပါး ဖြစ်ခဲ့သော်လည်း၊ ဤခြံဝန်းငယ်လေးအတွင်း၌မူ သူမသည် သာမန်မြင့်မြတ် မျိုးနွယ်စုဝင် မိန်းကလေးတစ်ဦးနှင့် မခြားနားချေ။ လီနန်းတော်အတွင်းရှိ လူများကလည်း သူမကို သခင်မလေး ယွင်ဇီဟုသာ ခေါ်ဆိုကြသည်။

ယခုရက်ပိုင်းအတွင်း သခင်မလေးအနေဖြင့် မည်မျှပင် ဒုက္ခဆင်းရဲ ခံစားနေရသည်ကို ဖရော့စ် သိသော်လည်း၊ ထိုသောကရိပ်များထဲမှ ရုန်းထွက်နိုင်အောင် သူမကို မည်သို့ ကူညီ ပေးရမည်ကိုမူ သူမ မသိရှိခဲ့ချေ။

...

"သခင်မလေး... အဲဒီထာဝရမြို့တော်က မိန်းမက သခင်မလေးရဲ့ အားနည်းချက်ကို ဘယ်လိုလုပ်ပြီး သိသွားတာလဲဆိုတာ။ ဖရော့စ် တကယ်ကို နားမလည်နိုင်တော့ဘူး။ သခင်မလေးက အမြဲတမ်း သတိကြီးကြီးထားတတ်တာလေ..." ဖရော့စ်က အနည်းငယ် ဦးညွှတ်ရင်း ပြောလိုက်သည်။

"ငါ့ကို ထောင်ချောက်ဆင်ခဲ့တဲ့လူက ဒီနေရာမှာတင် ရှိနေတာ" လီယွင်ဇီက အေးစက်စွာ ပြောလိုက်သည်။

ဘာကြောင့် ပြန်လာခဲ့တာလဲ။

သူမ၏ သေရေးရှင်ရေးတမျှ အရေးကြီးသော အားနည်းချက်ကို ဆုပ်ကိုင်နိုင်မည့် တစ်ဦး တည်းသောလူမှာ သူမနှင့် အလွန်နီးစပ်သည့်လူသာ ဖြစ်ရမည်ကို လီယွင်ဇီတစ်ယောက် ကောင်းကောင်း သိထားသည်။

"အာ... ဟုတ်ရဲ့လား။ ဒါဆို ကျွန်မတို့ လီမိသားစုထဲက တစ်ယောက်ယောက်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာပေါ့။ ဒါဆို သခင်ကြီးကို ဘာလို့ ဖွင့်မပြောခဲ့တာလဲ ဟင်။ သခင်မလေးကို လုပ်ကြံချင်နေတာ မျိုးနွယ်စုထဲက လူတစ်ယောက်ပေါ့ ဟုတ်လား" ဖရော့စ်က ဆိုသည်။

လီယွင်ဇီက ခေါင်းခါလိုက်ပြီး "ဖွင့်ပြောလိုက်ရင် ရန်သူကို သတိပေးလိုက်သလိုပဲ ဖြစ်သွား လိမ့်မယ်" ပြန်လည် ဖြေကြားခဲ့သည်။

ဖရော့စ်က အတော်လေး ဉာဏ်ပြေးလှသဖြင့် လီယွင်ဇီ ရည်ညွှန်းနေသည့် မြွေပွေးမှာ မည်သူဖြစ်ကြောင်း ချက်ချင်းပင် ရိပ်မိသွားတော့သည်။ သူမ မျက်ဝန်းများတွင် အံ့ဩမှုများ ပြည့်နှက်သွားပြီး ခေတ္တမျှ ကြာပြီးနောက် လေသံတိုးတိုးဖြင့် "သခင်ကြီးရဲ့ ဇနီးငယ်ဖြစ်တဲ့ ခုန်ထုန်ကို သံသယဝင်နေတာလားဟင်" ဟု မေးလိုက်သည်။

"သူမ ဖြစ်ပါစေလို့ပဲ ငါ မျှော်လင့်မိတယ်..." လီယွင်ဇီက အတန်ငယ် စိတ်လွင့်နေဟန်ဖြင့် ရေရွတ်လိုက်သည်။

"ဒါကြောင့်မို့လို့လည်း အဲဒီအရူး လော့ရှောင်က ထာဝရမြို့တော်ကို ပြာကျအောင် လုပ်ခဲ့ တာကိုး။ ဒီသတင်းက တစ်မြို့လုံးကို ပျံ့နှံ့သွားခဲ့ပြီ။ မျိုးနွယ်စုထဲမှာ သခင်မလေး အာဏာရ မှာကို မလိုလားတဲ့သူတွေ တကယ်ပဲ ရှိနေတာပဲ၊ ဒါပေမဲ့ ဒီလိုနည်းလမ်းတွေ သုံးတာက တော့ တကယ်ကို ရက်စက်လွန်းပါတယ်အေ" ဖရော့စ်က မကျေမနပ်ဖြင့် ဒေါသတကြီး ပြောလိုက်သည်။

လီယွင်ဇီက သက်ပြင်း ခပ်ပြင်းပြင်း ချလိုက်သည်။ အချို့လူများက သူမကို လုံးဝဥဿုံ ပျက်စီးသွားစေရန်နှင့် သူမဂုဏ်သတင်းကို ညှိုးနွမ်းသွားစေရန် အလိုရှိနေကြသော်လည်း၊ သူမအနေဖြင့် သူတို့အလိုအတိုင်း အလွယ်တကူ အဖြစ်ခံလိမ့်မည် မဟုတ်ပေ။

အရာအားလုံးကို ဖြည်းဖြည်းချင်း တည်ငြိမ်သွားစေရန်အတွက်လည်း လီယွင်ဇီအနေဖြင့် အချိန်အတန်ငယ် လိုအပ်ပေသည်။ သူမကို အတားအဆီးမရှိ နင်းခြေခဲ့ကြသည့် လူများကို သူမအနေဖြင့် ဆယ်ဆပြန်၍ ပေးဆပ်ခိုင်းရမည်။

"ကြယ်ပန်းချီလေး စိုက်ပျိုးခဲ့တဲ့ ဆောင်းဦးနန်ပင်တွေ ပွင့်ကြပြီလား" လီယွင်ဇီက မေးလိုက်သည်။

"ပွင့်ပါပြီသခင်မလေး၊ တကယ်ကို လှပလွန်းပါတယ်။ အဲဒီကိုသွားပြီး စိတ်အပန်းဖြေကြရ အောင်လား သခင်မလေး။"

"တကယ်လို့ သူမ နိုးလာခဲ့ရင် ဒီကိစ္စကို သူမကို လုံးဝ မပြောပါနဲ့" လီယွင်ဇီက မှာကြားလိုက်သည်။

"အာ..." ဖရော့စ် ခေတ္တမျှ မည်သို့ ပြန်ပြောရမှန်း မသိဖြစ်သွားရသည်။

ခြံဝန်း၏ အနောက်ဘက်တွင်မူ အဆီးအတားမရှိ မြင်ကွင်းကျယ်ကျယ်ကို လှမ်းမြင်ရသည့် ကုန်းမြင့်လေးတစ်ခု ရှိနေပြီး စိမ်းလဲ့သော သစ်ပင်များဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ ဤဆောင်းဦးနန်ပင်များသည် မြင့်မားကျော့ရှင်းစွာ တည်ရှိနေကြပြီး ခက်မဖြာဖြာ အကိုင်း အခက်များထက်တွင် ဆောင်းဦးရာသီတွင်သာ ပွင့်တတ်သည့် နန်ပန်းပွင့်များဖြင့် ဝေဆာ နေတော့သည်။

ထိုအပင်မှ ပန်းပွင့်များသည် ပိုးချည်မျှင်များကဲ့သို့ တစ်ပွင့်နှင့်တစ်ပွင့် နီးကပ်စွာ တွယ်ကပ် နေကြပြီး အကိုင်းအခက်များပေါ်တွင် အဆုပ်လိုက် အခိုင်လိုက် ဖူးပွင့်နေကြ၏။ ပန်းပွင့် လေးများက စနစ်တကျ ရှိလှကာ စိမ်းနုရောင် အရွက်ကလေးများနှင့် လိုက်ဖက်ညီစွာဖြင့် ၎င်းတို့၏ ကျော့ရှင်းလှပသော အဆင်းကို ပိုမိုတောက်ပပေါ်လွင်စေသည်။

သင်းပျံ့လှသော ရနံ့များ လွှမ်းခြုံနေသည့် ဤနန်ပင်များအောက်တွင် ရပ်နေရင်း၊ လီယွင်ဇီ သည် ပန်းပွင့်များ၊ အရွက်များနှင့် နုနယ်လှသော အကိုင်းအခက်များကို ကြည့်ကာ၊ အရွက်များနှင့် အကိုင်းအခက်များကြားမှ ဖြာကျလာသော သန့်စင်သည့် နေရောင်ခြည် အလင်းတန်းလေးများကို ငေးမောရင်း အတန်ငယ် မိန်းမောတွေဝေသွားခဲ့ရသည်...

"အချိန်ဆိုတာ အခုမြင်နေရသလောက် ဘယ်တော့မှ အေးချမ်းပြီး မလှပနိုင်ပါဘူး" လီယွင်ဇီက တိုးညှင်းစွာ ပြောလိုက်သည်။

...

...

'လီချွမ်း' ဆိုသည်မှာ အဝေးဆီ တောင်တန်းကြီးများဆီမှ စီးဆင်းလာပြီး ကျယ်ပြောလှ သော လွင်ပြင်ကြီးကို ရေသွင်းပေးကာ၊ မြေသြဇာကောင်းမွန်သော မြေဆီလွှာကို အာဟာရ ဓာတ် ပေးစွမ်းလျက် မရေမတွက်နိုင်သော သက်ရှိသတ္တဝါများကို မွေးဖွားပေးသည့် မြစ်သုံး စင်းကို ရည်ညွှန်းထားခြင်း ဖြစ်သည်။

လီချွမ်း နဂါးထိန်းအကယ်ဒမီသည် ဘိုးဘေးနဂါးမြို့တော်၏ မြို့တွင်း၌ တတည်ရှိခြင်း မဟုတ်ဘဲ လီချွမ်းမြစ်၏ အထက်ပိုင်းဆီတွင် တည်ရှိသည်။

ဘိုးဘေးနဂါးမြို့တော်ရှိ မြစ်သုံးစင်း ဆုံရာမှနေ၍ ပင်မမြစ်ကြီးအတိုင်း မြောက်ဘက်သို့ ဆက်လက်လျှောက်လှမ်းလာပါက၊ ကီလိုမီတာ ၅၀ ပင်မပြည့်သော နေရာတွင် ခန့်ညား ထည်ဝါပြီး ဂုဏ်ယူဝင့်ကြွားစွာ တည်ရှိနေသည့် ဖီးနစ်တာရိုးရေတံခွန်ကြီးကို မြင်တွေ့ နိုင်မည် ဖြစ်သည်။

ဤဖီးနစ်တာရိုးရေတံခွန်ကြီးမှာ အခြေခံအားဖြင့် ကြီးမားလှသော မြစ်ကြောင်းကြီး၏ ရုတ်တရက် ကွေ့ကောက်သွားသည့် နေရာတစ်ခုဖြစ်ပြီး တန်ချိန်ပေါင်းများစွာသော ငွေဖြူရောင် မြစ်ရေများက အရှိန်အဟုန်ဖြင့် အောက်သို့ စီးဆင်းဖြာကျနေ၏။ မြစ်အောက် ပိုင်းတွင် ရပ်၍ ထိုဖီးနစ်တာရိုးကြီးကို မော့ကြည့်မည်ဆိုပါက နဂါးအကောင်ပေါင်း ရာချီတို့ သည် ကွေးညွတ်လှပသော စက်ဝိုင်းပုံသဏ္ဌာန်ဖြင့် အောက်သို့ တိုးဝှေ့ဆင်းသက်လာကြ သည့်အလား ထင်မှတ်ရပြီး၊ လှိုင်းလုံးကြီးများမှာလည်း နဂါးအကြေးခွံဖြူများနှင့် ငွေရောင် ငှက်မွေးများပမာ တလက်လက် တောက်ပနေတော့သည်...

ဖီးနစ်တာရိုးရေတံခွန်ကြီး၏ အထက်ပိုင်းတွင် လီချွမ်းမြစ်မကြီးသည် ရုတ်တရက် အဆပေါင်းများစွာ ကျယ်ပြန့်သွားပြီး ရေပြင်များအားလုံး ဤနေရာတွင် စုဆုံလာကြသည်။ မြစ်ကြောင်း၏ ဘောင်သည် ဘေးဘက်နှစ်ဖက်လုံးသို့ တဖြည်းဖြည်း ကျယ်ပြန့်သွားကာ မြစ်ကြောင်းစနစ်အတွင်း ရှားပါးလှသော ရေပြင်ညီအိုင်ကြီးတစ်ခုအဖြစ် ပုံပေါ်လာခဲ့သည်။

လီချွမ်းနဂါးထိန်းအကယ်ဒမီကို ဤမြစ်လယ်ရှိ ဧရာမရေပြင်ညီအိုင်ကြီးပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပေသည်။

ကျူးမင်လန်သည် ဤနေရာသို့ ခြေကျင်ခရီးဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သော်လည်း ရှေ့မှောက်တွင် မြင်တွေ့ရသည့် ရှုခင်းကြောင့် သူကိုယ်တိုင်လည်း မိန်းမောစွဲမက်သွားခဲ့ရ သည်။ ၎င်းမှာ တည်နေရာကပင် ထူးခြားဆန်းကြယ်သော အရှိန်အဝါကို သက်သေပြနေ သည့် နဂါးထိန်းအကယ်ဒမီပင် ဖြစ်သည်။

ဆောင်းဦးရာသီ၏ စိမ်းလန်းစိုပြေမှုများ ဖုံးလွှမ်းနေသည့် ရှည်လျားသော ကုန်းစောင်းလမ်း အတိုင်း အထက်သို့ ဆန်တက်လာပြီး ခန့်ညားသော ဖီးနစ်တာရိုးရေတံခွန်ကြီးကို ဝိုက်ပတ် လိုက်ပြီးနောက်၊ ကျူးမင်လန်သည် အလွန်တရာ ရှေးဆန်ပြီး ဆန်းပြားသော မြို့သိမ်လေး တစ်ခုကို မြင်တွေ့လိုက်ရသည်။ မြို့လေးမှာ မကြီးမားသော်လည်း ကုန်သည်အပေါင်း မရေမတွက်နိုင်အောင် သွားလာလှုပ်ရှားနေကြသဖြင့် လူဦးရေ သိပ်သည်းဆများပြားလှ သည်။

ဖီးနစ်တာရိုးမြို့ငယ်လေး၏ လမ်းမအဆုံးတွင် လီချွမ်း နဂါးထိန်းအကယ်ဒမီဆီနှင့် ဦးတည် ထားသည့် ချိတ်ဆက်ထားသည့် တံတားကြီးတစ်စင်း ရှိနေသည်။ ထိုကျောက်ဖြူတံတား၏ ဗဟိုချက်တွင် ကြေးနီနှင့် သစ်သားတို့ဖြင့် ပြုလုပ်ထားသော တံခါးမကြီးတစ်ခု ရှိနေသည်။ တံခါးကြီးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ထားပြီး၊ ရံဖန်ရံခါတွင် စည်းစိမ်ရှိရှိ တန်ဆာ ဆင်ဝတ်ဆင်ထားသော လူငယ်မောင်မယ်အချို့ ထိုတံခါးဝမှတစ်ဆင့် ဝင်ထွက်သွားလာ နေကြသည်ကို မြင်တွေ့ရသည်။

"မောင်လေး... အကယ်ဒမီကျောင်းတော်ကြီးကို လာပြီး ငေးမောကြည့်ရှုတာလား" တံတားနားတွင် မက်မွန်သီးမှည့်များ ရောင်းချနေသည့် မိန်းကလေးတစ်ဦးက လှမ်းမေး လိုက်သည်။

ထိုမိန်းကလေး၏ အသားအရည်မှာ ညိုမှည့်သော ဂျုံရောင်ရှိပြီး အလွန်ပင် ကျန်းမာ သန်စွမ်းပုံရကာ နေရောင်ခြည်အောက်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရသူဖြစ်ကြောင်း သိသာလှသည်။ သူမသည် သူမရောင်းချသည့် မက်မွန်သီးတစ်လုံးကို ကိုင်ကာ တစ်ကိုက် ကိုက်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်မှ မက်မွန်သီးအရည်များကို သူမ၏ လက်ဖမိုးဖြင့် မရှက်မကြောက် သုတ်လိုက်လေသည်။

"ကျွန်တော်က ကျောင်းတက်ဖို့ လာတာပါ" ကျူးမင်လန်က အပြစ်ကင်းစင်သော အပြုံး တစ်ခုဖြင့် ပြောလိုက်သည်။

"ဝါး... ငါ လုံးဝ ထင်မထားခဲ့ဘူး..." မက်မွန်သီးရောင်းသည့် မိန်းကလေးက ကျူးမင်လန်ကို အံ့ဩမှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် အကဲခတ်ကာ အသစ်တစ်ဖန် ပြန်လည် ကြည့်ရှုလိုက်သည်။

ကျူးမင်လန်၏ အပြုံးက တဖြည်းဖြည်း ကျယ်ပြန့်သွားသည်။

"မင်းက အရူးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး" မက်မွန် သီးရောင်းသည့် မိန်းကလေးက ဆက်ပြောလိုက်လေသည်။

ကျူးမင်လန်၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားရပြီး၊ ဤကဲ့သို့ ကတ်ကတ်လန် အောင် ပြန်ပြောတတ်သည့် မက်မွန်သီးသည်သည် ဤမျှ နှုတ်သီးကောင်းလျှာပါးလိမ့်မည် ဟု မမျှော်လင့်ထားခဲ့မိချေ။

All Chapters