အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂) အစပျိုးနိုးထစ နဂါးငယ်။
ဤကဲ့သို့ အခြေအမြစ်မရှိ စိတ်ကူးယဉ် မှန်းဆချက်များကသာ သက်ဆိုင်သူ ကာယကံရှင် များအတွက် ပိုမိုကြီးမားသော စိတ်ဒဏ်ရာကို ဖြစ်စေနိုင်သည်။
ကျူးမင်လန်သည် ထိုကိစ္စတွင် ပါဝင်ပတ်သက်နေသူ တစ်ဦးဖြစ်ပြီး၊ သူသည် ထိုအကျဉ်း ထောင်၏ အခြေအနေကို မည်သူ့ထက်မဆို ပိုမိုသိရှိထားသူ ဖြစ်သည်။ ထိုထောင်ထဲတွင် အစောင့်အကြပ်များ မရှိခဲ့ချေ။ ဆန်းကြယ်သော အင်အားတစ်ခုခုက အကျဉ်းထောင်ကို ဝန်းရံထားသည့်အလား မည်သူမဆို လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ခြင်း မရှိပါချေ။
အမှန်စင်စစ် သူသည် ထိုနေရာသို့ ပထမဆုံး ပစ်ချခံခဲ့ရသူ ဖြစ်သည်။ သူ၏ ကိုယ်ခံ စွမ်းအားက အခြား လေလွင့် အိမ်ယာမဲ့များထက် ပိုမိုကောင်းမွန်သောကြောင့် ဖြစ်နိုင် သည်။ သူသည် အဆိပ်ဒဏ်မှ ပထမဆုံး နိုးထလာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကျူးမင်လန်ကို ပို၍ သတိပြုမိစေသည့် အခြား အရေးကြီးသည့် အကြောင်းပြ ချက်တစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ သူသည် ဗယ်လ်ကရီ၏ ပထမဆုံးအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်မြောက်... တို့ကို ရယူခဲ့မိခြင်းပင် ဖြစ်သည်။
သို့သော် ကောလာဟလများက တစ်နေ့ထက်တစ်နေ့ ပိုမို အဓိပ္ပာယ်မရှိ ဆိုးဝါးလာခဲ့ပြီး လူအများစုမှာ အမှန်တရားကို လုံးဝ ဂရုမစိုက်ကြတော့ချေ။ အကြောင်းအရာများက လုံးဝ ရိုင်းစိုင်းအောက်တန်းကျပြီး ယုတ်မာနေသရွေ့ သူတို့သည် မဆင်မခြင် စည်းလွတ်ဝါးလွတ် လျှောက်ပြောနေကြတော့သည်။
ဟူး... နောက်မကြာခင်မှာ ငါ တာဝန်ယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်၊ ငါ အမြဲတမ်း သူတောင်းစား၊ အိမ်ယာမဲ့ လေလွင့်သူလို့ အခေါ်ခံနေရပြီး လီယွန်ဇီကို မျက်နှာပျက်ရ အောင် လုပ်နေမိတာက ငါ့ကိုလည်း တော်တော်လေး နေရခက်စေတယ်။
ဒါပေမဲ့ ငါ လောလို့တော့ မရသေးဘူး၊ ပိုင်ချီလေး နဂါးအဖြစ် အသွင်ပြောင်းလဲလာမယ့် အချိန်ကို ဆက်ပြီး စောင့်ဆိုင်းရဦးမယ်။
ကျူးမင်လန်သည် သူ့နေအိမ်မှ ထွက်ခွာကာ ရေအိုင်ကြီးဆီသို့ လျှောက်လှမ်းသွားပြီး၊ လီချွမ်းပြည်နယ်တွင် တည်ရှိသည့် ဆောင်းဦးရွက်နီပင် တောအုပ်ကြီးရှိရာ ဖီးနစ်တာရိုး ဘက်သို့ ဦးတည်လိုက်သည်။
ယခုအချိန်မှာ ဆောင်းဦးရာသီ၏ အမြင့်ဆုံးအချိန် ဖြစ်သဖြင့် သစ်ရွက်များမှာ ထူထပ် သိပ်သည်းလှပေသည်။ လိမ္မော်ရောင်နှင့် အနီရောင် သစ်ရွက်များက သစ်ပင်ထိပ်ဖျားများ ထက်တွင် ကြည့်ရသူကို စိတ်အပန်းပြေစေမည့် အလွှာလိုက် သဘာဝအလှတရားကို ဖန်တီးပေးထားပြီး၊ မြေပြင်ထက်တွင် ကြွေကျနေသော 'လီမီးလျှံရောင်' သစ်ရွက်နီနီများ နှင့် အပြန်အလှန် လိုက်ဖက်ညီစွာဖြင့် တင့်တယ်လှပနေတော့သည်။
ရှေ့မှောက်ရှိ ရေပြင်မှာ ကြည်လင်နေပြီး ငြိမ်သက်နေပုံရသော်လည်း တာရိုးအနားသို့ ရောက်သောအခါ ရုတ်တရက် အရှိန်အဟုန်ဖြင့် အောက်သို့ ထိုးဆင်းကာ ဖြာကျလာသော နေရောင်ခြည်တန်းများနှင့် ရောယှက်လျက် ရေမြှုပ်ရေပွက်များကြားတွင် လှပသော သက်တံများကို ဖန်တီးပေးနေသည်။
ဆောင်းဦးရွက်နီပင် တောအုပ်၊ စိမ်းလဲ့သောရေအိုင်၊ ရေတံခွန်ကြီးများနှင့် သက်တံများ... သဘာဝတရားက အားစိုက်ထုတ်ရန်ပင်မလိုဘဲ အဆုံးမဲ့ စိတ်ကူးယဉ်ဆန်သော ပန်းချီကား တစ်ချပ်ကို ဖန်တီးပုံဖော်ထားလေသည်။
ကျူးမင်လန်သည် ယခုအခါ ရေတံခွန်နှင့် အလွန်နီးကပ်သော နေရာသို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤလှပသော ရှုခင်းကို အမိအရ ကြည့်ရှုနိုင်သည့် အကောင်းဆုံးနေရာတစ်ခုပင် ဖြစ်သည်။
"မင်း ရေကူးချင်ရင် အဝေးကြီးအထိ သွားမကူးနဲ့ဦးနော်။ ဟိုဘက်မှာ ရေတံခွန်ရှိတယ်၊ အဲဒီထဲ ပြုတ်ကျသွားရင် မင်းဘဝ ဇာတ်သိမ်းသွားလိမ့်မယ်၊ ကြားလား" ကျူးမင်လန်က သူ့ပုခုံးပေါ်တွင် ဝပ်နေသော မိကျောင်းဝိညာဉ်ငယ်လေးကို သတိပေးလိုက်သည်။
"ဝူး အိုအို…" မိကျောင်းဝိညာဉ်ငယ်လေးက သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ သဘောတူ သည့်အလား ရိုးရှင်းသော အော်သံလေးတစ်ချက် ပြုလုပ်လိုက်သည်။
မရေတွက်နိုင်သည့် ကျောက်ခဲလေးများ စုပုံနေသည့် မြစ်ကမ်းပါးသို့ ရောက်ရှိသောအခါ ကျူးမင်လန်က မိကျောင်းဝိညာဉ်ငယ်လေးကို အောက်သို့ ချပေးလိုက်သည်။ မိကျောင်း ဝိညာဉ်ငယ်လေးသည် ချက်ချင်းပင် ရေတိမ်ပိုင်းရှိ ကျောက်စက်ပြောက်ငါးများကို လိုက်လံ ဖမ်းဆီးတော့သည်။ ၎င်း၏လှုပ်ရှားမှု အရှိန်အဟုန်မှာ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်လှသဖြင့် ကျူးမင်လန်အနေဖြင့် ထိုမဟူရာရောင် သတ္တဝါငယ်လေး၏ အရိပ် အယောင်ကို ဝိုးတဝါးမျှသာ လှမ်းမြင်လိုက်ရတော့သည်။
"မင်းရဲ့လှုပ်ရှားမှုတွေက မဆိုးဘူးပဲဟ။"
ကျူးမင်လန် အတန်ငယ် အံ့ဩသွားရသည်၊ မိကျောင်းဝိညာဉ်ငယ်လေးမှာ ရေလုပ်သား ကျွမ်းကျင်သူ တစ်ဦးပမာပင် တခဏချင်းအတွင်း၌ ကြီးမားထွားကျိုင်းသော ကျောက်စက် ပြောက်ငါး သုံးလေးကောင်ကို ဖမ်းဆီးနိုင်ခဲ့သည်။ ထိုငါးများကို ကင်စားမည်ဆိုပါက တကယ်ကို အရသာရှိမည်မှာ သေချာပေသည်။
သို့သော် မကြာမီမှာပင် ကျူးမင်လန်တစ်ယောက် မိကျောင်းဝိညာဉ်ငယ်လေးက ထိုငါးများ ကို လုံးဝ စားခြင်းမရှိကြောင်း သတိပြုမိသွားသည်။ သူက ဤလျှင်မြန်ဖျတ်လတ်သော ငါးများအပေါ်တွင် သူ့အမဲလိုက်စွမ်းရည်ကို သက်သက်မဲ့ လေ့ကျင့်နေခြင်းသာ ဖြစ်ပေ သည်။
မြစ်ငါးများထဲတွင် ကျောက်စက်ပြောက် ငါးများကို ဖမ်းဆီးရန်မှာ အတော်ပင် ခက်ခဲလှ သည်၊ လေးလံထိုင်းမှိုင်းသော မြက်စားငါးကြင်းများနှင့်မတူဘဲ ၎င်းတို့သည် ချောမွတ်သော မြစ်ကျောက်ခဲများကို ဆန့်ကျင်၍ အရှိန်အဟုန်ဖြင့် ကူးခတ်နိုင်ကြပြီး ရုတ်တရက် လမ်းကြောင်းပြောင်းလဲနိုင်ကြသည်၊ သို့မဟုတ်ပါကလည်း ကျောက်ဆောင် အက်ကြောင်း များကြားတွင် ပုန်းကွယ်သွားတတ်ကြသည်...
မိကျောင်းမျိုးနွယ်စုဝင် ဝိညာဉ်သတ္တဝါငယ်တစ်ကောင်အနေဖြင့် ပုံမှန်အားဖြင့် ရေစပ်နား ရှိ နုနယ်၍ အပြစ်ကင်းသော သမင်ငယ်များ သို့မဟုတ် မိုက်မဲတုံးအသော သိုးများကိုသာ ပစ်မှတ်ထားလေ့ရှိပြီး ရွှံ့နွံများဖြင့် ကိုယ်ယောင်ဖျောက်ကာ တိတ်တဆိတ် ချဉ်းကပ်ပြီးမှ မလွတ်တမ်း ကိုက်ခဲတတ်ကြသည်။
သို့သော် ဤမိကျောင်းဝိညာဉ်ငယ်လေးကဲ့သို့ ဖျတ်လတ်သော ကျောက်စက်ပြောက် ငါးများကို ဖမ်းဆီးနိုင်သည့် မိကျောင်းဝိညာဉ်မျိုးစိတ်မှာမူ အမှန်ပင် ရှားပါးလှပေသည်။
ကျောက်စက်ပြောက်ငါးများကို ခဏမျှ အမဲလိုက်ပြီးနောက် မိကျောင်းဝိညာဉ်ငယ်လေး သည် ဤအရာက စိန်ခေါ်မှုမရှိတော့ဟု ထင်မြင်သွားပုံရပြီး ပိုမိုနက်ရှိုင်းသော ရေပြင်ဆီသို့ စတင်ကူးခတ်သွားတော့သည်။
ကျူးမင်လန် ခေတ္တမျှ စိတ်လွင့်သွားခဲ့ရာ သူ သတိမထားမိခင်မှာပင် မိကျောင်းဝိညာဉ်ငယ် လေးသည် ရေနက်ပိုင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"မြန်မြန်ပြန်လာခဲ့"
ရေတံခွန်အနီးဝန်းကျင်မှာ အလွန်ပင် အန္တရာယ်များလှ၏။ မြစ်ရေပြင်အပေါ်ယံမှာ သိမ်မွေ့ ငြိမ်သက်နေပုံရသော်လည်း ရေအောက်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော မဟူရာ ရေဝဲနက် ရေစီးကြောင်းများ ရှိနေပြီး ရေထဲရှိ အရာအားလုံးကို ရေတံခွန်၏ ကျောက် ဆောင်ထူထပ်သော အောက်ခြေဆီသို့ ရက်ရက်စက်စက် ဆွဲချပစ်လိမ့်မည်။
မိကျောင်းဝိညာဉ်ငယ်လေးတွင်မူ ရှင်သန်မှုအတွေ့အကြုံ လုံးဝ ကင်းမဲ့နေရှာသည်၊ သူက သူ့ခြေလက်များနှင့် ခန္ဓာကိုယ်ကို သန်မာစေရန်အတွက် မြစ်၏ ရေစီးသန်သော နေရာကို အသုံးပြုလိုခြင်း ဖြစ်သည်။ သူသည် ရေတံခွန်နှင့် အတန်ငယ် ကွာဝေးသော နေရာတွင် တမင်တကာ နေထိုင်ခဲ့သော်လည်း ရေတံခွန်အနီးရှိ ရေဝဲနက်ကြီးများက ယခုအခါ သူ၏ သေးငယ်သော ခန္ဓာကိုယ်လေးကို အတွင်းသို့ ဆွဲငင်နေပြီဖြစ်ကြောင်း မသိရှိခဲ့ရှာပေ။
အစပိုင်းတွင်မူ မိကျောင်းဝိညာဉ်ငယ်လေးသည် သူ့ခန္ဓာကိုယ်နှင့် အမြီးကို စည်းချက်ကျ ကျ လှုပ်ရှားရင်း ရေစီးကို ဆန့်ကျင်ကာ ကူးခတ်နေခဲ့သည်...
သို့သော် များမကြာမီမှာပင် သူသည် တဖြည်းဖြည်းချင်း နောက်သို့ ဆုတ်ပါသွားတော့ သည်။ သူ့ခြေလက်များကို မည်မျှပင် အရှိန်အဟုန်ဖြင့် ယက်ခတ်နေပါစေ၊ ရေတံခွန်၏ ကမ်းပါးအစွန်းဆီသို့ တရွတ်တိုက် ဆွဲခေါ်ခြင်း ခံနေရသည်။
အခြေအနေ ဆိုးဝါးလာသည်ကို မြင်လိုက်ရသဖြင့် ကျူးမင်လန်က ချက်ချင်းပင် သူ့ အဝတ် အစားများကို ချွတ်ပစ်ပြီး အထက်ပိုင်း ဗလာကိုယ်ထည်ဖြင့် မြစ်ထဲသို့ ခုန်ချကာ ခြေကုန်လက်ပန်း အစွမ်းကုန်ကြိုးစားလျက် မိကျောင်းဝိညာဉ်ငယ်လေးဆီသို့ ဦးတည် ကူးခတ်သွားတော့သည်။
"တောင့်ခံထားဦး"
ကျူးမင်လန်သည် မြစ်ရေ၏ တွန်းကန်အားကို ချက်ချင်း ခံစားလိုက်ရပြီး၊ ခါးအောက်ပိုင်းမှ တစ်ခုခုက သူ့ကို ပတ်လည်ရစ်ပတ်ကာ လမ်းကြောင်းတစ်ခုဆီသို့ အတင်းအဓမ္မ ဆွဲငင်နေ သကဲ့သို့ ရှိနေတော့သည်။
မကြောက်နဲ့၊ မလောနဲ့၊ ခွန်အားကို လုံလောက်အောင် ထိန်းသိမ်းထားရမယ်။
ကျူးမင်လန်က သူ့ကူးခတ်မှုအရှိန်ကို ထိန်းညှိလိုက်ပြီး မိကျောင်းဝိညာဉ်ငယ်လေးထံသို့ တဖြည်းဖြည်းချင်း တိုးကပ်သွားခဲ့သည်။
နောက်ဆုံး မိကျောင်းဝိညာဉ်ငယ်လေးထံသို့ ရောက်ရှိသွားသောအခါ ကျူးမင်လန်သည် ၎င်းကို သူ့ခန္ဓာကိုယ်ပေါ်သို့ အလျင်အမြန်ပင် ဆွဲတင်လိုက်တော့သည်...
သဘာဝတရား၏ အင်အားကြီးမားမှုကြောင့် ထိတ်လန့်တုန်လှုပ်သွားရသော မိကျောင်း ဝိညာဉ်ငယ်လေးသည် ပျာပျာသလဲ ဖြစ်နေရှာသည်။ သူသည် ရေနစ်နေသော သမင်ငယ် တစ်ကောင်ပမာ ကျူးမင်လန်၏ ဦးခေါင်းထက်သို့ တွားတွားတက်သွားပြီး ၎င်း၏ သေးငယ် သော ခြေသည်းလေးများကို ရူးသွပ်စွာ ဝှေ့ယမ်းနေတော့သည်။
"ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း"
သူ၏ နောက်ကျောဘက်တွင်မူ ရေတံခွန်၏ ရေစီးသန်သံကြီးက ပိုမိုကျယ်လောင်လာခဲ့ပြီး၊ ကျူးမင်လန်ကိုယ်တိုင်လည်း ရေတံခွန်၏ ရေဝဲကြီးအတွင်း ပိတ်မိနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ရေတံခွန်နှင့် မီတာတစ်ရာခန့် ကွာဝေးနေသေးသည့်တိုင် အောင် ၎င်းရေဝဲကြီးထဲမှ ရုန်းထွက်ရန်မှာ မလွယ်ကူလှချေ။
ကျူးမင်လန်သည် သူ၏ ကူးခတ်မှုအရှိန်ကို တည်ငြိမ်စွာ ထိန်းထားရင်း ရေတံခွန် ရေစီးကြောင်း၏ လည်ပတ်အားကို ယှဉ်ပြိုင်အန်တုရန် ကြိုးစားခဲ့သည်။
သို့သော် သူ၏ခန္ဓာကိုယ်မှာ အဆက်မပြတ် ဆွဲခေါ်ခံနေရပြီး သူ့ခွန်အားများမှာလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့ရာ၊ ရေစီးကြောင်းကို ဆန့်ကျင်အန်တုရန်မှာ အလွန်တရာ ခက်ခဲလွန်းနေသည်။
"ဝုန်း…."
မြစ်ရေများက သူ့မျက်နှာထက်သို့ ပြင်းထန်စွာ ရိုက်ခတ်လာပြီး၊ ကျူးမင်လန်က လေကို ပြင်းပြင်းရှူရန် ပြင်လိုက်စဉ်မှာပင် ရေတစ်လုတ် ပါးစပ်ထဲဝင်ပြီး နင်သွားရကာ ရုတ်တရက်ဆိုသလို နောက်သို့ ပြန်လည်ဆွဲခေါ်ခြင်း ခံလိုက်ရပြီး သူ့ခွန်အားများ လုံးဝ ဆုတ်ယုတ်သွားတော့သည်။
ရေအောက်သို့ ခဏမျှ နစ်မြုပ်သွားပြီးနောက် ကျူးမင်လန်သည် ရေပြင်ပေါ်သို့ ပြန်လည် ရုန်းထွက်လာခဲ့ကာ၊ ယခုအခါ မီတာလေးဆယ်ပင် မပြည့်တော့သော ရေတံခွန်၏ ဧရာမ ချောက်နက်ကြီးကို လှည့်ကြည့်လိုက်ပြီးနောက်၊ သူ့အရှိန်အဟုန်က ဤကြောက်မက်ဖွယ် ရေဝဲနက်ကြီးမှ လွတ်မြောက်ရန် လုံလောက်မှုမရှိတော့ကြောင်း သဘောပေါက်လိုက်ရ တော့သည်။
"နောက်တစ်ခါကျရင် ဒီလောက်အထိ မဆိုးနဲ့တော့နော်။"
ကျူးမင်လန်သည် သူ့ဦးခေါင်းထက်ရှိ မိကျောင်းဝိညာဉ်ငယ်လေးကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်လိုက်ပြီး ခြေထောက်နှစ်ဖက်လုံးကို အားပြုကာ အောက်သို့ ပြင်းထန်စွာ ယက်ကန် လိုက်သည်။ သူ့ခန္ဓာကိုယ်အထက်ပိုင်း ရေပြင်ပေါ်သို့ ပေါ်ထွက်လာသည့် တခဏတာ အချိန်လေးကို အသုံးချ၍ မိကျောင်းဝိညာဉ်ငယ်လေးကို ပြင်းထန်သော ရေစီးကြောင်း အပြင်ဘက်သို့ ရှိသမျှအားကုန်ထုတ်ကာ လွှင့်ပစ်လိုက်တော့သည်။
"ဂလု… ဂလု… ဂလု"
နောက်စက္ကန့်ပိုင်းတွင်မူ တဟုန်းဟုန်း မြည်ဟီးနေသော မြစ်ရေပြင်ကြီးသည် မိစ္ဆာကောင် ကြီး ပွင့်ဟထားသော ပါးစပ်ကြီးပမာ ကျူးမင်လန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြို ပစ်လိုက်ပြီး မြည်ဟည်းနေသော ရေတံခွန်ကြီး၏ စောက်နက် ချောက်ကမ်းပါးစွန်းဆီသို့ ဆွဲခေါ်သွားတော့သည်။
...
မြစ်ကမ်းပါးထက်တွင်မူ မဟူရာရောင် မိကျောင်းဝိညာဉ်ငယ်လေးသည် ရေတိမ်ပိုင်း၌ ဟိုဟိုဒီဒီ ဂနာမငြိမ် လှည့်လည်နေရင်း ရေထဲသို့ ပြန်လည်ခုန်ဆင်းရန် အကြိမ်ကြိမ် ကြိုးစားနေရှာသည်။ သို့သော် ခွန်အားမရှိသဖြင့် ညင်သာသော လှိုင်းကြက်ခွပ်များ၏ ပုတ်ခတ်မှုကြောင့် နောက်သို့သာ ပြန်လည်လွင့်ပါလာခဲ့ရသည်။
"ဝူး... အူး... အူး"
"ဝူး... အူး... အူး…"
၎င်းသည် မိဘများ ပျောက်ဆုံး၍ ရှာမတွေ့တော့ဘဲ လမ်းပျောက်နေသည့် ကလေးငယ် တစ်ဦးပမာ ငိုကြွေးနေခြင်း သို့မဟုတ် အကူအညီလှမ်းတောင်းနေခြင်းအလား အဆက် မပြတ် အော်ဟစ်မြည်တမ်းနေရှာသည်။
သူ့ပတ်ဝန်းကျင်တွင်မူ ဆောင်းဦးရွက်နီများကြားမှ တိုက်ခတ်လာသော လေတိုးသံ တရှဲရှဲမှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မျှ ဖြတ်သန်းသွားလာခြင်း မရှိချေ။ ထို့ကြောင့် ဤမိကျောင်းဝိညာဉ်ငယ်လေးမှာ မည်သည့်အကူအညီမျှ မရရှိဘဲ အထီးကျန်နေခဲ့ရသည်။
နောက်ဆုံးတွင်မူ သူသည် မြစ်ရေထဲသို့ ထပ်မံ၍ အတင်းအဓမ္မ ခုန်ဆင်းလိုက်ပြန်သည်။ သူ့ခန္ဓာကိုယ် ရေနှင့်ထိတွေ့မိသည်နှင့် သူ၏မဟူရာရောင် အရေပြားများမှာ တဖြည်းဖြည်း ချင်း အက်ကွဲလာပြီး၊ နဖူးပြင်ထက်ရှိ အရေပြားကို ဖောက်ထွက်၍ အရာတစ်ခုခုက တဖြည်းဖြည်းချင်း အပြင်သို့ စူထွက်လာတော့သည်...
မြစ်ကမ်းပါးတစ်လျှောက်တွင် သွေးစွန်းရာများစွာ ပျံ့နှံ့သွားခဲ့ပြီး မိကျောင်း ဝိညာဉ်ငယ် လေး၏ ခန္ဓာကိုယ်မှ မည်းနက်သော အရေပြား အဖတ်ကြီးများမှာ ကွာကျလာခဲ့သည်။
၎င်းသည် ရေတံခွန်ဆီသို့ ဦးတည်ကူးခတ်သွားစဉ် ခန္ဓာကိုယ်မှာ သိသိသာသာ ရှည်လျား ထွက်လာခဲ့ပြီး၊ ပိုမိုသန်မာထွားကျိုင်းသော ခြေလက်များနှင့် အမြီးတို့ဖြင့် ကူးခတ်မှုအရှိန် ကို မြှင့်တင်လိုက်တော့သည်။
...
ဖီးနစ်တာရိုး၏ အောက်ဘက်တွင်မူ ကျယ်ပြောလှသော မြစ်ရေကန်ကြီးတစ်ခု ရှိနေသည်။ ကျူးမင်လန်သည် ပြင်းထန်သော ခေါင်းမူးဝေမှုကို ခံစားလိုက်ရပြီးနောက် မှောင်မိုက် စိုစွတ်မှုကြီးက လွှမ်းမိုးသွားခဲ့ရာ၊ အရာတစ်ခုခုက သူ့ကို ပါးစပ်ဖြင့် ခဲထားသည့်အလား ခံစားလိုက်ရသည်။
ကျူးမင်လန် သတိပြန်လည်လာချိန်တွင်မူ သူသည် သတ္တဝါကြီးတစ်ကောင်၏ ခံတွင်းထဲ၌ အမှန်တကယ် ရောက်ရှိနေကြောင်း သိလိုက်ရသည်။ ၎င်းမှာ ရေတံခွန် ရေနဂါးကြီး၏ ခံတွင်းဝပင် ဖြစ်ပေတော့သည်။
ရေနဂါးကြီးမှာ အပြာရောင်အကြေးခွံများ၊ ရှည်လျားသော နှုတ်ခမ်းမွှေးများ ရှိပြီး 'နဂါး ဦးချို' မပါရှိသော်လည်း၊ နှစ်ထောင်ချီ သက်တမ်းရှိသော စပါးအုန်းမြွေကြီးတစ်ကောင်ပမာ အလွန်တရာ ရှည်လျားသော ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားသည်။
ဤရေနဂါးကြီးသည် ခန့်ညားထည်ဝါပြီး ခေါင်းဆောင်ပီသလွန်းကာ၊ သဲကြီးမဲကြီး ဖြာကျ နေသော ရေတံခွန်ကြီး၏ နောက်ခံရှုခင်းကြားတွင်ပင် ၎င်း၏ တန်ခိုးအရှိန်အဝါ စွမ်းအား မှာ အထင်အရှား ပေါ်လွင်နေပေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုရေတံခွန် ရေနဂါးကြီးသည် ကျူးမင်လန်အပေါ် ရန်လိုစိတ် တစ်စုံတစ်ရာမရှိဘဲ၊ ရေကန်စပ်ရှိ ကြီးမားသော ကျောက်ဆောင်ကြီးတစ်ခုထက်သို့ ညင်သာစွာ ချပေးလိုက်သည်။
ကျောက်ဆောင်ပေါ်တွင် လှဲလျောင်းရင်း အောက်သို့ ဒလဟော ဖြာကျနေသော ရေတံခွန် ကြီးကို ကြည့်ရှုနေမိကာ၊ ရဲတိုက်ကြီးတစ်ခုပမာ မတ်မတ်ရပ်တည်နေသည့် ရေနဂါးကြီး၏ မြင့်မားထည်ဝါသော ခန္ဓာကိုယ်ကြီးကို အကဲခတ်နေမိသည်။
ပြင်းထန်သော ရေကာတာကြီးပမာ ရေလှိုင်းများက ရေနဂါးကြီး၏ ခန္ဓာကိုယ်ထက်သို့ ရိုက်ခတ်ကာ ဝရုန်းသုန်းကား စင်ထွက်နေသော်လည်း ၎င်းသည် တုန်လှုပ်ခြင်း အလျဉ်း မရှိချေ။ နဂါးကြီးသည် အမှန်တကယ်ပင် အဆင့်အတန်းမြင့်မားပြီး အစစ်မှန် မြစ်စောင့် နဂါးကြီး ဖြစ်ပေသည်။
"လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ဆံပင်တွေဆိုတာ မိဘတွေက ပေးသနားထားတာလေ... ဘာဖြစ်လို့ ကိုယ့်အသက်ကို အဆုံးစီရင်ဖို့အထိ တွေးတောရတာလဲ..." ညင်သာပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
တကယ့်ကို အကြီးအကျယ် နားလည်မှုလွဲသွားခြင်းပင်။
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်ရင် တောအုပ်ထဲမှာ ကြိုးတစ်ချောင်းရှာပြီး အဆုံးစီရင်တာ က ပိုမကောင်းဘူးလား၊ ဘာလို့ ဒီရေတံခွန်ကြီးဆီ လာပြီး သူရဲကောင်း လာလုပ်နေရမှာ လဲ။
လှမ်းကြည့်လိုက်သည့်အခါ ကျူးမင်လန်က ထိုရေတံခွန် ရေနဂါးကြီး၏ ဦးခေါင်းထက်တွင် မတ်မတ်ရပ်နေသော မိန်းမပျိုတစ်ဦးကို တွေ့ရှိလိုက်ရသည်။
သူမ၏ ဆံနွယ်ရှည်များက လေထဲတွင် ဝဲပျံနေပြီး၊ မျက်ခုံးအစုံမှာ သပ်ရပ်လှပကာ၊ ပန်းချီကားချပ်ထဲမှ နတ်သမီးလေးတစ်ပါး သို့မဟုတ် ဒဏ္ဍာရီလာ နဂါးသမီးပျိုတစ်ဦးပမာ ဆွဲဆောင်မှုရှိလှပြီး ထူးခြားဆန်းပြားသော ဝိညာဉ်အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
"အော့... အော့..." ကျူးမင်လန်က နင်ထားသော ရေများကို ပြန်လည်အန်ထုတ်လိုက်ပြီး အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ရှင်းပြလိုက်သည် "ဒါ... ဒါက ကိုယ့်ကိုယ်ကိုယ် သေကြာင်းကြံစီတာ မဟုတ်ပါဘူး၊ မတော်တဆ ဖြစ်သွားတာပါ"
ရေတံခွန်ဘေးမှ ထိုလှပသော မိန်းမပျိုက နဂါးဦးခေါင်းထက်မှ ညင်သာစွာ ပျံဝဲ ဆင်းသက် လာခဲ့ပြီး ရေစိုရွှဲနေသော ကျူးမင်လန်၏ ဘေးတွင် မတ်မတ်ရပ်လိုက်သည်။
ထိုအမျိုးသမီး၏ လှုပ်ရှားမှုနောက်သို့ လည်ပင်းနှင့် ဦးခေါင်းဖြင့် အစဉ်တစိုက် လိုက်ပါ ကြည့်ရှုနေသော ရေနဂါးကြီးက တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရကာ၊ ရုတ်တရက် အထက်သို့ ကြွတက်သွားပြီး ရေတံခွန်အထက်ဖျားမှ ပြုတ်ကျလာသော အခြားအရာ တစ်ခုကို တိကျသေချာစွာဖြင့် လှမ်းဖမ်းလိုက်တော့သည်။
ရေနဂါးကြီး ဖမ်းဆီးလိုက်သည်မှာ မည်သည့်အမျိုးအစားမှန်း မသိရသော မဟူရာရောင် သတ္တဝါတစ်ကောင်ဖြစ်ပြီး၊ အရှည် တစ်မီတာခန့် ရှိသည်...
ထို့နောက် ရေနဂါးကြီးက ထိုမဟူရာရောင် သတ္တဝါကိုလည်း ရေတံခွန်ဘေးရှိ ကျောက်ဆောင်ကြီးထက်သို့ ချပေးလိုက်ပြန်သည်။
မှင်သက်ဖွယ်ကောင်းသော ရေနဂါးသခင်မလေးသည် မဟူရာရောင် မိကျောင်းဝိညာဉ်ကို လှမ်းကြည့်လိုက်ပြီးနောက် "ဒါ မင်းရဲ့ ဝိညာဉ်သတ္တဝါငယ်လား" ဟု မေးမြန်းလိုက်သည်။
ကျူးမင်လန် လှမ်းကြည့်လိုက်သည့်အခါ နဖူးပြင်ထက်တွင် ဦးချိုတစ်ခု ပါရှိပြီး အရှည် တစ်မီတာခန့်ရှိသော မဟူရာရောင် မိကျောင်းကြီးတစ်ကောင်ကို တွေ့လိုက်ရ၏။ သူ ခေါင်းခါငြင်းဆန်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို သိမ်မွေ့လှသော ဝိညာဉ် တုန်ခါမှုတစ်ခုကို ခံစားလိုက်ရ၏...
ဒါက အမှန်တကယ်ပဲ သွားမည်းလေး ဖြစ်နေတယ်လား။
ခဏတာမျှ ကွဲကွာသွားခဲ့သည့် အချိန်တိုလေးအတွင်းမှာတင် သွားမည်းလေးသည် တကယ့်ကို ကြီးမားသည့် ဆင့်ကဲပြောင်းလဲမှုကြီးတစ်ခုကို ဖြတ်သန်းခဲ့ရလေပြီ။
၎င်း၏ နူးညံ့သော မဟူရာရောင် အရေပြားမှာ ပိုမိုမာကျောတောင့်တင်းသည့် သားရေ အဖြစ်သို့ ပြောင်းလဲသွားပုံရပြီး၊ နောက်ခြေထောက်များမှာ ပိုမိုထူထဲသန်မာလာကာ ရှေ့ခြေဖဝါးများမှာလည်း အတော်လေး ထက်မြက်ပုံရသော ခြေသည်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
အသိသာဆုံးနှင့် အံ့ဩစရာအကောင်းဆုံး ပြောင်းလဲမှုမှာမူ သူ၏ ကျယ်ပြန့်သော မဟူရာ ရောင် နဖူးပြင်ထက်တွင် ဖြစ်သည်၊ သူ့နဖူးပေါ်၌ ဦးချိုတစ်ခု အမှန်တကယ်ပင် စူထွက် လာခဲ့ခြင်းပင်။
အစောပိုင်းက ကျူးမင်လန် စမ်းသပ်ထိတွေ့မိခဲ့သည့် လျှို့ဝှက်ဦးချိုလေးမှာ ထိုနေရာမှာ ပင် ယခုအခါ လုံးဝဥဿုံ ဖွံ့ဖြိုးကြီးထွားလာခဲ့ပြီ။
သူ၏ အလိုလိုသိစိတ်က မှားယွင်းမနေခဲ့ပါချေ၊ မိကျောင်းများတွင် ဦးချိုမရှိကြပေ။
ဒါက အသွင်ပြောင်းလဲနိုးထခါစ အစစ်မှန် နဂါးတစ်ကောင် ဖြစ်ပြီး၊ အမှားအယွင်း မရှိနိုင် ပေ။
"သွားမည်းလေး... မင်း ဆင့်ကဲပြောင်းလဲသွားပြီပဲ"
ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ကျူးမင်လန်တစ်ယောက် လုံးဝ ထင်မှတ်မထားခဲ့မိချေ။
"ဝူး... အူး... အူး…."
ကျူးမင်လန်ကို မြင်လိုက်ရသည်နှင့် ယခုအခါ တစ်မီတာခန့် ရှည်လျားနေပြီဖြစ်သော မိကျောင်းနဂါးငယ်လေးသည် သူ့ထံသို့ ချက်ချင်းပင် တိုးဝှေ့ခုန်အုပ်လိုက်ပြီး၊ သူ့လျှာကြီး ဖြင့် ကျူးမင်လန်၏ ပါးပြင်များကို အဆက်မပြတ် ယက်နေတော့သည်။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် သူ့ကို မြစ်ရေကန်ထဲသို့ပင် ပြန်လည်တွန်းချလုမတတ် ဖြစ်သွား ရသည်။
ကြည့်ရသရွေ့ ထိုမိကျောင်းဝိညာဉ်ငယ်လေး ကိုယ်တိုင်ပင်လျှင် သူ့ပြောင်းလဲမှုများကို သတိပြုမိပုံမရချေ။ သူသည် ကျူးမင်လန်ကို ကယ်တင်ရန်ဟူသော စိတ်တစ်ခုတည်းဖြင့် သာ ကမ်းစပ်သို့ ပြာပြာသလဲ အပြေးလာခဲ့ခြင်း ဖြစ်ပြီး၊ သူ ရေတံခွန်အောက်သို့ မျောပါ သွားသည်ကို မြင်လိုက်ရသဖြင့် နောက်ကနေ ထပ်ချပ်မကွာ လိုက်လံခုန်ချခဲ့ခြင်း ဖြစ်ပေသည်။
"တော်ပြီ၊ တော်ပြီ... ငါ ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ မင်း ပိုပြီး သန်မာလာ တယ်ဆိုရင်တောင် ဒီလိုမျိုး နောက်ကနေ လိုက်မခုန်ချသင့်ဘူးလေ၊ မင်း ခန္ဓာကိုယ်တစ်ခု လုံး အစိမ်းလိုက် ကြေမွသွားနိုင်တယ်" ကျူးမင်လန်က ထိုသတ္တဝါလေး၏ အူတူတူနှင့် ချစ်စရာကောင်းသော ဦးခေါင်းကြီးကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ရင်း ပြောလိုက်သည်။
“ရှင်ကိုယ်တိုင်လည်း အစိမ်းလိုက် ကြေမွသွားနိုင်တယ်ဆိုတာကိုရော မေ့နေတာလား" ရေနဂါးအမျိုးသမီးက မှတ်ချက်ချလိုက်ရင်း "မင်း ဒီလိုလုပ်ခဲ့တာက မင်းရဲ့ ဝိညာဉ်သတ္တဝါ ငယ်လေးကို ကယ်တင်ဖို့အတွက်လား" ဟု မေးမြန်းလိုက်လေသည်။