← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈) နဂါးတိုက်ပွဲ။

"လီချွမ်းနဂါးထိန်း အကယ်ဒမီဟာ တခြား ဘယ်မြို့ပြနိုင်ငံတော်ရဲ့ လက်အောက်မှာမှ မရှိ ဘဲ လွတ်လပ်စွာ ရပ်တည်နေပြီး၊ ကိုယ့်ဘာသာ သီးသန့်တည်ထောင်ထားတဲ့ သာသနာပြု ဂိုဏ်းကြီးတစ်ခုနဲ့ ပိုတူတယ်လို့ ပြောကြတယ်..." ကျူးမင်လန်သည် တောအုပ်လေးဘေးမှ လျှောက်လှမ်းလာရင်း လီချွမ်းနဂါးထိန်းအကယ်ဒမီ၏ အဆောက်အအုံများက အခြား မြို့တော်များ၏ နန်းဆောင်များထက်ပင် ပိုမိုခန့်ညားထည်ဝါနေသည်ကို သတိပြုမိလိုက် သည်။

အတန်းကြီးကျောင်းဆောင်သို့ ရောက်ရှိလာသောအခါ ထိုကျောင်းဆောင်မှာ မြေပြင်မှ ထိုးထွက်မြင့်မားနေသည့် ဧရာမ ကျောက်တုံးအဆောက်အအုံကြီးတစ်ခု ဖြစ်နေသည်။ ၎င်း၏ အပြင်ဘက်နံရံများကို မရေတွက်နိုင်အောင် များပြားလှသော လရောင်ခြည်ပမာ ဖြူစင်သည့် ကျောက်ခဲလေးများဖြင့် တည်ဆောက်ထားပြီး၊ အပြင်ဘက်ရှိ သစ်သားလှေ ကားထစ်များက ထိုကျောက်တုံးအဆောက်အအုံကြီးတစ်ခုလုံးကို ကွေ့ကောက်ရစ်ပတ် လျက် အထက်မြင့်ရှိ မြင့်မားသော သင်ကြားရေးခန်းမဆောင်ကြီးဆီသို့ ဦးတည်နေသည်။

ထိုခန်းမဆောင်ကြီးမှနေ၍ လသာဆောင်များက အရပ်လေးမျက်နှာလုံးသို့ ဖြန့်ကျက် ထွက်ပေါ်နေသည်။ ကျူးမင်လန် အပေါ်သို့ တက်လာခဲ့စဉ်... အကယ်ဒမီမှ မွေးမြူထား သော နဂါးတစ်ပိုင်းငှက်ပျံ တစ်ကောင်မှာ လသာဆောင်ထက်တွင် နားခိုနေသည်ကို အမှတ်မထင် တွေ့လိုက်ရ။ ထိုငှက်ပျံတွင် သားရေကုန်းနှီးအပြည့်အစုံ ပါရှိနေသဖြင့် ဆရာတစ်ဦးဦး၏ အပိုင်ဖြစ်ရမည်။ သို့မဟုတ်ပါကလည်း အရှိန်အဝါ ပြသလိုသော ကြွားဝါ တတ်သည့် ကျောင်းသားတစ်ယောက်ယောက်က ဂုဏ်စာပြီး ပြသထားခြင်း ဖြစ်ပေလိမ့် မည်။

ဤနဂါးတစ်ပိုင်း ငှက်ပျံဟူသည်မှာ ပတဲရိုဆောလ်နှင့် ဧရာမ ငှက်နဂါးကြီးတို့ ပေါင်းစပ်ရာ မှ ပေါက်ဖွားလာသော မျိုးစိတ်ဖြစ်ပြီး၊ အကယ်ဒမီတွင် ဤကဲ့သို့သော သတ္တဝါအတော် များများကို ယဉ်ပါးအောင် မွေးမြူထားရှိသည်။ ၎င်းနှင့် ဝိညာဉ်ရေးရာ ပဋိညာဉ် ချည်နှောင် နိုင်သရွေ့ မည်သူမဆို ကိုယ်ပိုင်သီးသန့် စီးတော်ယာဉ်အဖြစ် အသုံးပြုနိုင်သည်။ ၎င်းတို့ကို အကယ်ဒမီ ခရက်ဒစ်အမှတ်များဖြင့် လဲလှယ်ရယူနိုင်သော်လည်း... အပြာစင်းပြောက်ငါး သို့မဟုတ် ငါးမိစ္ဆာများကို နှိမ်နင်းခြင်းကဲ့သို့သော သာမန်ရိုးစင်းသည့် အသေးအဖွဲ တာဝန် များဖြင့်တော့ ရရှိနိုင်ရန် မဖြစ်နိုင်ပေ။

ကျူးမင်လန်သည် အတန်းထဲသို့ အတော်လေး စောစောစီးစီး ရောက်ရှိလာခဲ့သဖြင့် အလယ်ဗဟိုနားတွင် နေရာတစ်နေရာ ရှာ၍ ထိုင်လိုက်သည်။

မကြာမီအချိန်အတွင်းမှာပင် သူနှင့် ရင်းနှီးနေသော မျက်နှာအချို့လည်း ရောက်ရှိလာပြီး ထိုင်လိုက်ကြ၏။ ထိုအထဲတွင် သူ့ကိုယ်ပိုင်အဆောင်မှ လူငယ်များနှင့် သူနှင့် တစ်နေ့ တည်း အတန်းအတူတူ ဝင်ခွင့်ရခဲ့သည့် အေးစက်ပြီး မောက်မာလွန်းသော သခင်လေး လည်း ပါဝင်ပြီး၊ ထိုသခင်လေးမှာ သူ၏ ရှေ့တည့်တည့်တွင် လာရောက်ထိုင်နေခဲ့သည်။

သင်ကြားပြသပေးမည့် ဆရာမှာ ရောက်မလာသေးသဖြင့်၊ ကျူးမင်လန်သည် သူ ငှားရမ်း လာခဲ့သော စာအုပ်ကို ပေါ့ပေါ့ပါးပါးပင် ဟိုဟိုဒီဒီ လှန်လှောဖတ်ရှုနေခဲ့သည်။

"မင်းတို့ ကြားပြီးကြပြီလား... မကြာခင်တုန်းက 'ရွှေရောင်မီးနဂါး' တစ်ကောင်က ဒုံးရွှီ ခံတပ်မြို့မှာ အကြီးအကျယ် သောင်းကျန်း ဖျက်ဆီးခဲ့တယ်တဲ့။ ဝူထူနယ်မြေက ရက်စက် ကြမ်းကြုတ်တဲ့ လူအုပ်ကြီးကလည်း နယ်စပ်ကို မကျော်ရဲကြတော့ဘူး၊ ပြီးတော့ ဘိုးဘေး နဂါးမြို့တော်က လူအတော်များများကလည်း အဲဒီရွှေရောင်မီးနဂါးကို စီးနင်းတဲ့ နဂါးထိန်း အကြောင်းကို အာပေါင်အာလဲ တပြောပြောတည်း ပြောနေကြတယ်" ကျောင်းသားတစ်ဦး က ဆိုလိုက်သည်။

"အဲဒါက လီမျိုးနွယ်စုက သိပ်မကြာခင်ကပဲ အထူးခေါ်ယူလိုက်တဲ့ နဂါးထိန်း တပ်မှူးလော့ လေ၊ သူက တော်တော်လေး ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်တယ်လို့ ကြားတယ်"

"ယောက်ျားကောင်းဆိုတာ စစ်မြေပြင်မှာ ကိုယ့်နာမည်ကို စိုက်ထူနိုင်မှ တန်ဖိုးရှိတာကွ။ ငါ့ရဲ့ ဝံပုလွေဝိညာဉ် နဂါးအဖြစ် ဆင့်ကဲပြောင်းလဲသွားတဲ့တစ်နေ့ကျရင် ငါ မြို့တစ်မြို့ကို တိုက်ခိုက် သိမ်းပိုက်ပစ်မယ်။ အဲဒီကျရင် မင်းတို့အားလုံးလည်း ငါ့မြို့ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်၊ ငါက မြို့သခင်အနေနဲ့ မင်းတို့အပေါ် ကောင်းကောင်းမွန်မွန် ဧည့်ခံပြုစု မှာပေါ့... ဟားဟားဟား" ဟုန်ဟောက်က ကြွားဝါစွာ ဆိုလိုက်သည်။

ဤလူသည် ကြမ်းကြုတ်သော ဝံပုလွေဝိညာဉ်ကြီးတစ်ကောင်ကို ပိုင်ဆိုင်ထားပြီး၊ သူ၏ အနှစ်သက်ဆုံး ဝါသနာမှာ အခြားသူများကို သူ၏ဝံပုလွေဝိညာဉ်ကြီးဖြင့် တိုက်ခိုက် စိန်ခေါ်ခြင်း ဖြစ်သည်။ ကျောင်းသားအဆောင်အတွင်း၌မူ ကျူးမင်လန်မှလွဲ၍ ကျန်ရှိသော လူဆယ်ယောက်စလုံးမှာ ဟုန်ဟောက်နှင့် သူ့ဝံပုလွေဝိညာဉ်ကြီး၏ အကြိမ်ကြိမ် ပညာ ပေးခြင်းကို အလူးအလဲ ခံခဲ့ရဖူးသဖြင့် သူသည် အဆောင်၏ အနိုင်ကျင့်ဗိုလ်ကျတတ်သော စိုးမိုးသူတစ်ဦး ဖြစ်လာခဲ့သည်။

တိုက်ခိုက်လိုစိတ် ပြင်းပြခြင်းသည် အမှန်စင်စစ်အားဖြင့် သတ္တဝါအများစုအတွက် 'နဂါး တံခါး' ကို ဖွင့်လှစ်နိုင်မည့် လမ်းစဉ်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ဤအဆောင်စိုးမိုးသူ၏ လေ့ကျင့်ပျိုးထောင်မှု နည်းလမ်းမှာ မှားယွင်းသည်တော့ မဟုတ်ပေ၊ အနည်းငယ် အလဟဿ ဖြစ်ပြီး အင်အားဖြုန်းတီးရာ ရောက်နေခြင်းသာ ဖြစ်သည်။

"ဒီထဲမှာ နဂါးအဖြစ် အသွင်ပြောင်းလဲနိုင်မယ့်လူ ရှိတယ်ဆိုရင် အဲဒါ နန်ရီပဲ ဖြစ်ရမယ်။ သူ့ရဲ့ ဝိညာဉ်သတ္တဝါငယ်က အဆင့်နိမ့် မှော်ပညာရပ်အချို့ကိုတောင် အသုံးပြုနိုင်နေပြီ။ သူ့နဂါးက မွေးကတည်းက အစစ်မှန် နဂါးသားတော်အဆင့် မွေးရာပါအမွေဆက်ခံထား တာ။ အခုက ကြီးထွားနှုန်းအဆင့်မှာပဲ ရှိသေးတာ။ အရွယ်ရောက်သွားရင်တော့ စစ်မှန်တဲ့ ဧရာမနဂါးကြီးတစ်ကောင် ဖြစ်လာမှာပဲ၊ ငါတို့လို နဂါးတံခါးဝကို လမ်းစရှာဖို့ ရုန်းကန် နေရတဲ့သူတွေနဲ့ မတူဘူး" ဟုန်ဟောက်၏ ထောင်လွှားမှုကို မကြည့်ရက်နိုင်သော ဖီးနစ် တာရိုးမြို့ငယ်လေး လီရှောင်ရင်က အေးစက်စွာ တုံ့ပြန်ပြောဆိုလိုက်သည်။

ကျူးမင်လန်သည် ထိုစကားကို ကြားလိုက်ရသောအခါ စိတ်ပျက်စွာဖြင့် ခေါင်းယမ်းမိ လိုက်တော့သည်။

“ဒီလီရှောင်ရင်ကတော့ တကယ့်ကို အရိုက်ခံချင်နေတာပဲ။ တခြားအဆောင်ကလူကို ဘယ်သူက ဒီလိုမျိုး စကားနာထိုးရဲပါ့မလဲ။ သူ့ရဲ့ဒီလို အချိုးမျိုးနဲ့ဆိုရင်တော့... သူ့ဦးလေး ပေးထားတဲ့ တွေတောင် လောက်မှာ မဟုတ်တော့ဘူး။"

လီရှောင်ရင် ပြောလိုက်သည့် 'နန်ရီ' ဆိုသူမှာ ကျူးမင်လန်နှင့် တစ်ရက်တည်း ကျောင်းဝင် ခဲ့သည့် အေးစက်စက်နှင့် မောက်မာလှသော သခင်လေးပင် ဖြစ်သည်။

ဒါဆို ဒီကောင်က အစကတည်းက အစစ်မှန် နဂါးတစ်ကောင်ကို ပိုင်ဆိုင်ထားခဲ့တာကိုး၊ အရံနဂါးများ သိုလှောင်ရာ ခန်းမဆောင်ထဲက ဝိညာဉ်သတ္တဝါငယ်တွေကို သူ ဘာဖြစ်လို့ လုံးဝ ဂရုမစိုက်ခဲ့လဲဆိုတာ အံ့ဩစရာ မရှိတော့ဘူး။

ထိုအေးစက်စက်နှင့် မောက်မာသော သခင်လေး နန်ရီသည် သူ့ဘေးပတ်ဝန်းကျင်ရှိ အခြား ကျောင်းသားများနှင့် စကားတစ်ခွန်းမျှ မဆိုဘဲ ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။

သို့သော် သူ့မျက်နှာထက်တွင်မူ အပြုံးရောင် သန်းနေခဲ့ပြီး၊ လီရှောင်ရင်၏ မြှောက်ပင့် ဖားယားမှုကို အတော်လေး သဘောကျနှစ်သက်နေပုံရသည်။

အချို့အရာများက ကိုယ်တိုင် ပြောဆိုပါက အရှိန်အဝါ လျော့နည်းသလို ဖြစ်နေတတ်သော် လည်း၊ အခြားလူတစ်ဦး၏ ပါးစပ်မှတစ်ဆင့် ထွက်ပေါ်လာသောအခါ ခံစားချက်က လုံးဝ ကွဲပြား ခြားနားသွားတတ်ပေသည်။

ထို့ကြောင့် ဤမောက်မာသော သခင်လေး နန်ရီသည် ရုတ်တရက်ပင် ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အာရုံစိုက်မှုကို ခံလိုက်ရပြီး၊ တိုးတိုးတိတ်တိတ် စကားပြောနေကြသော အမျိုးသမီးကျောင်းသူအချို့ပင် နန်ရီထံသို့ မျက်တောင်မခတ်တမ်း ခိုးကြည့်မိသည်အထိ ဖြစ်သွားခဲ့ရသည်။

"ငါ့ရဲ့ ဝံပုလွေဝိညာဉ်က သိပ်မကြာခင် နဂါးအဖြစ် ပြောင်းလဲတော့မှာကွ။ ငါ့ရှေ့ လာပြီး နဂါးသားတော် ငယ်ငယ်လေးတွေအကြောင်း လာမပြောနဲ့။ အသိုက်ထဲမှာ သေသေချာချာ မစောင့်ရှောက်ထားရင်... အဲဒီနဂါးပေါက်စလေးက ငါ့ဝံပုလွေဝိညာဉ်ရဲ့ အစာအဖြစ် ဝါးမြို တာ ခံလိုက်ရဦးမယ်" ဟုန်ဟောက်က ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။

နန်ရီသည် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်မိတော့သည်။ သူက ခေါင်းကို လှည့်၍ ဟုန်ဟောက်ကို စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ အထင်သေးသော လေသံဖြင့် တုံ့ပြန်လိုက်သည် "မင်းက နဂါးတွေနဲ့ သာမန်တောရိုင်းတိရစ္ဆာန်တွေကြားက ကွာခြား ချက်ကို နားမလည်သေးဘူး ထင်တယ်။ ငါ့နဂါးက နဂါးသားတော်အဆင့်ပဲ ရှိသေးရင် တောင် မင်းရဲ့ ဝံပုလွေဝိညာဉ်ကို တစ်စစီ အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်စွမ်း ရှိတယ်"

"ငါက စကားအနိုင်လုပြီး အငြင်းပွားရတာကို သဘောမကျဘူးကွ။ ငါတို့အဆောင်ထဲမှာဆို ကျူးမင်လန်ကလွဲလို့ ကျန်တဲ့သူတွေအားလုံးကို ငါက ဒဏ်ရာဗရပွဖြစ်အောင် ပညာပေး ထားပြီးသား။ မင်း တကယ် အရည်အချင်းရှိတယ်ဆိုရင်တော့... သူနဲ့ အရင် ယှဉ်ပြိုင်ကြည့် လိုက်လေ" ဟုန်ဟောက်က ပရိယာယ်ဖြင့် ဆက်ပြောလိုက်သည်။

ကျူးမင်လန်မှာ လုံးဝ ဆွံ့အမှင်သက်သွားခဲ့ရသည်။

ဒါက ဘယ်လိုဆန်းပြားတဲ့ စကားပြောပရိယာယ်ပညာလဲဟ…။

သူက ထိုနေရာတွင် ဘေးမသီရန်မခဘဲ လူမသိသူမသိ ငြိမ်ငြိမ်လေး ထိုင်နေချင်ရုံ သက်သက်ပါ၊ ဘာဖြစ်လို့ ရုတ်တရက်ကြီး လူအများ၏ မီးမောင်းထိုး အာရုံစိုက်ခြင်းကို ခံလိုက်ရတာပါလိမ့်။

အခြားသော အဆောင်အတူနေ ကျောင်းသားများမှာလည်း ဟုန်ဟောက်၏ ဤကဲ့သို့သော လှည့်ကွက်ကြောင့် အံ့အားသင့်သွားခဲ့ရသည်။ လီရှောင်ရင်က သူ့စကားလုံးများကို ပြန်လည်ပြင်ဆင် ပြောဆိုရန် ပြင်လိုက်သော်လည်း ဟုန်ဟောက်၏ စူးစိုက်ကြမ်းကြုတ် သော အကြည့်တစ်ချက်ကြောင့် ချက်ချင်းပင် ပါးစပ်ပိတ်သွားခဲ့ရသည်။

ကျူးမင်လန်က ဟုန်ဟောက်ကို လေးနက်စွာ စိုက်ကြည့်လိုက်မိတော့သည်။ ဤကောင်ကို သာမန် ကြမ်းကြုတ်ရက်စက်တတ်ရုံသက်သက် သတ္တဝါတစ်ကောင်ဟု သူ ထင်မှတ်ထားခဲ့ မိခြင်း ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ဟုန်ဟောက်ကိုယ်တိုင်က နန်ရီ၏ စွမ်းရည်ကို စမ်းသပ်ချင်နေသော်လည်း နန်ရီ၏ နဂါးငယ်ကို အတန်ငယ် ကြောက်ရွံ့နေသဖြင့် ယခုလို ကောက်ကျစ်သော လှည့်ကွက်ကို သုံးကာ သူ့ကို ဓားစာခံအဖြစ် အသုံးချလိုက်ခြင်း ဖြစ်ပေသည်။

ထို့အပြင် ဤအပြုအမူက အဆောင်အတွင်း၌ အပေါင်းအသင်းမဆံ့ဘဲ သီးသန့်နေတတ် သော ကျူးမင်လန်ကို ပြင်းထန်စွာ ပညာပေးလိုက်ခြင်းလည်း ဖြစ်သည်။

"ဒါက တကယ်ပဲလား... ငါ မှတ်မိသလောက်ဆို မင်းက ကျောင်းအပ်တဲ့နေ့တုန်းက အကယ်ဒမီမှာ သူတောင်းစားတစ်ယောက်လို ဝိညာဉ်သတ္တဝါငယ်တစ်ကောင် တောင်းခံဖို့ မျက်နှာငယ်နဲ့ ရောက်လာတဲ့လူ မဟုတ်လား၊ အခု တစ်လပဲ ကြာသေးတယ်... မင်းက ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိလှပြီလို့ ထင်နေတာလား” နန်ရီ၏ အကြည့်များက ကျူးမင်လန်၏ မျက်နှာပေါ်သို့ ကျရောက်လာခဲ့ပြီး သူ့စကားလုံးများထဲတွင် လှောင်ပြောင် သရော်အရိပ်များ အပြည့်အဝ လွှမ်းမိုးနေခဲ့သည်။

သူတောင်းစားတဲ့လား….။

ကျူးမင်လန်သည် ဤစကားလုံးနှင့်ပတ်သက်၍ အလွန်ပင် အကဲဆတ်သူ ဖြစ်သည်။

ကျောင်းအပ်သည့်နေ့တုန်းက သူ ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ အနည်းငယ် ရိုးရှင်းလွန်းနေရုံသက်သက်သာ ဖြစ်ပြီး၊ သူတောင်းစားတစ်ဦး၏ ပုံစံနှင့် လုံးဝ တူညီခြင်း မရှိပေ။ ဤကောင်ကမူ သူ့ကို တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ စော်ကားမော်ကား ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။

"မင်းရင်ခွင်ထဲမှာ ပွေ့ချီထားတာက ကျောင်းအပ်တုန်းက ရခဲ့တဲ့ ဝိညာဉ်သတ္တဝါငယ်လား။ အဖြူရောင် တောကြက်မလေး တစ်ကောင်ပါလား... ဒါကို သေသေချာချာ မြဲမြဲပွေ့ထား လိုက်ဦး။ ငါ့နဂါးစိမ်းကိုတောင် ထုတ်သုံးဖို့ မလိုပါဘူး၊ ငါ့လက်တစ်ဖက်တည်းနဲ့တင် အဲဒီ ကောင်ကို တစ်စစီ ခြေမွပစ်လို့ရတယ်" နန်ရီက ပိုမို ဆိုးရွားစွာဖြင့် ဖိအားပေး ခြိမ်းခြောက် လိုက်ပြန်သည်။

ကျူးမင်လန်သည် စိတ်ထဲတွင် အလွန်ပင် မသက်မသာ ဖြစ်လာခဲ့ရသည်။ သူ့ကို စော်ကားချင်သလောက် စော်ကားနိုင်သော်လည်း... သူ၏ ရင်သွေးလေးပမာ ဂရုစိုက်ရ သော အဖြူလေးကိုမူ မည်သူတစ်ဦးတစ်ယောက်ကမျှ လှောင်ပြောင်သရော်ခြင်းမျိုးကို သူ လုံးဝ ခွင့်မပြုနိုင်ပေ။

"ယီ………"

အိပ်ချင်မူးတူးဖြစ်နေသော ငွေနှင်းအရုဏ်ဦး နဂါးဖြူလေးသည် ၎င်း၏မျက်ဝန်းများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရင်း တိုးညှင်းသော အော်ဟစ်သံလေးတစ်ချက် ထွက်ပေါ်လာခဲ့ သည်။

သူ့အမြီးလေးမှာ ရေပြင်ပေါ်တွင် လှိုင်းဂယက်များ ပျံ့နှံ့သွားသကဲ့သို့ စက်ဝိုင်းပုံစံ အဆင့်ဆင့် လှုပ်ရှားသွားပြီး၊ အတောင်ပံများကိုလည်း ညင်သာစွာ ဖြန့်ချလိုက်ရာ... သန့်စင်သော နှင်းခဲပမာ တောင်ပံမွှေးများက သလင်းကျောက်ကဲ့သို့ တောက်ပသော အရောင်အဝါများ ဖြာထွက်နေခဲ့ပြီး၊ အရုဏ်ဦး အလင်းရောင်အောက်တွင် နိုးထလာသော မင်းသမီးတစ်ပါးပမာ မြင့်မြတ်လှပေသည်။

လက်ရာမြောက်လှပသော ငွေနှင်းအရုဏ်ဦးနဂါးဖြူလေးသည် သူ၏အတောင်ပံများကို တဖျပ်ဖျပ် ခတ်ခတ်ကာ အကယ်ဒမီအဆောက်အအုံရှေ့ရှိ သရုပ်ပြစင်မြင့်ဆီသို့ ပျံသန်း သွားခဲ့ပြီး၊ စိန်ပွင့်ပမာ တောက်ပသော မျက်ဝန်းအစုံဖြင့်... စောစောက စော်ကားမော်ကား စကားဆိုခဲ့သော နန်ရီကို မောက်မာမှုနှင့်အတူ အေးစက်ပြီး အထင်သေးမှုတို့ ရောပြွမ်းနေ သည့် မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်တော့သည်။

ကျူးမင်လန်သည် အဖြူလေးတစ်ယောက် အပြင်ဘက်ကမ္ဘာကို စိတ်မဝင်စားဘဲ နှစ်ခြိုက် စွာ အိပ်ပျော်နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ၎င်းမှာ သူကဲ့သို့ပင် စော်ကားမှုကို အလွန်အမင်း ခံစားလွယ်သည်ကို အံ့ဩဖွယ်ရာ တွေ့ရှိလိုက်ရသည်။

"တကယ်ကို လှပလွန်းတာပဲ။ ဒါက ဘယ်လိုနဂါးမျိုးလဲဟင်..." အမျိုးသမီးကျောင်းသူ အချို့မှာ မချီးမွမ်းဘဲ မနေနိုင်လောက်အောင် ရေရွတ်မိကြပြီး၊ ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ ထူးခြားဆန်းပြားသော အလှတရားအောက်တွင် ချက်ချင်းပင် စိတ်အာရုံများ ညှို့ယူ ဖမ်းစားခြင်း ခံလိုက်ရတော့သည်။

"တချို့တောကြက်တွေက တောက်ပတဲ့ အမွှေးအတောင်တွေကြောင့်ပဲ အသက်ရှင်နေကြ တာ၊ မင်းတို့တွေ အစစ်မှန် နဂါးစစ်စစ်တစ်ကောင်ကို မမြင်ဖူးကြသေးလို့ပါ" နန်ရီက အလွန်အမင်း အထင်သေးသော လေသံဖြင့် ဆိုလိုက်သည်။

သူက သူ့ညာလက်ဝါးကို ဘယ်လက်ဖမိုးထက်သို့ ဖိနှိပ်လိုက်ရာ၊ သူ့ဘယ်လက်ဝါးပြင်က ပွင့်ဟလာပြီးနောက် သူ့ကိုယ်ပိုင် ဝိညာဉ်နယ်မြေကို ဖော်ထုတ်ပြသလိုက်တော့သည်။

"ဝိညာဉ်နယ်မြေပါလား... နန်ရီက ဝိညာဉ်နယ်မြေကို ပိုင်ဆိုင်ထားပြီးပြီပဲ"

"နန်ရီက တကယ်ကြီး နဂါးထိန်းစစ်စစ်ပဲကိုး၊ သူက ကျောင်းစတက်ကာစပဲ ရှိသေးတာ လေ"

ဝိညာဉ်နယ်မြေဟူသည်... နဂါးထိန်းတစ်ဦး၏ ဝိညာဉ်နယ်မြေအတွင်း၌ ဝိညာဉ်ရေးရာ ပဋိညာဉ် ချည်နှောင်ထားသော နဂါးများကို ထည့်သွင်းသိုလှောင်ထားနိုင်စွမ်း ရှိပေသည်။ လူသားနှင့် နဂါးနှစ်ဦးစလုံး ပထမဆုံး 'နဂါးတံခါး' ကို မဖြတ်ကျော်နိုင်သေးမီ ကာလ အတွင်း၌၊ အခြားသော ဝိညာဉ်သတ္တဝါငယ်များကို မွေးမြူထားသူများသည် သူတို့၏ ဝိညာဉ်နယ်မြေကို မဖွင့်လှစ်နိုင်သေးသဖြင့် နဂါးများကို အလိုရှိသလို ဆင့်ခေါ်ခြင်း သို့မဟုတ် ပြန်လည် သိမ်းဆည်းခြင်းများကို လုပ်ဆောင်နိုင်စွမ်း မရှိကြချေ။

"ဝေါင်း…."

ရုတ်တရက်ဆိုသလို... တောင်တန်းကြားမှ ကျားသစ်များထက်ပင် ပိုမိုတုန်လှုပ်ချောက်ချား ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးတစ်ခု ဘယ်ကမှန်းမသိ ထွက်ပေါ်လာခဲ့ပြီး၊ နန်ရီ၏ လက်ဝါးထက်တွင် စိမ်းစိုသော တံဆိပ်အမှတ်အသားတစ်ခု ပေါ်လာကာ ပြင်းထန်စွာ တောက်ပလျက် ခန်းမဆောင်ရှေ့ရှိ သရုပ်ပြစင်မြင့်ထက်သို့ အလင်းတန်းများ ဖြာကျသွား ခဲ့သည်။

အလင်းနှင့် အရိပ်တို့ ရောယှက်နေသည့်ကြားတွင် ဆယ်ဆခန့် ကြီးမားလာသော တံဆိပ် အမှတ်အသားတစ်ခုက ကမ္ဘာခြားတစ်ခုသို့ ဖွင့်လှစ်ပေးနိုင်မည့် မှန်တံခါးချပ်ကြီးတစ်ခု ပမာ ဝေဟင်ထက်တွင် ပေါ်ထွက်လာခဲ့လေသည်။

နောက်တစ်ကြိမ် ရှည်လျားစွာ ဟိန်းဟောက်လိုက်ပြီးနောက်၊ ထိုတံဆိပ်တံခါးဝအတွင်းမှ နေ၍ ကြမ်းတမ်းသော အစိမ်းရောင်အရိုးအရေများဖြင့် ဖုံးလွှမ်းထားကာ အမြင့် နှစ်မီတာ ခန့်ရှိသော 'တောအုပ်နဂါးစိမ်း' တစ်ကောင် ထွက်ပေါ်လာခဲ့တော့သည်။

တောအုပ်နဂါးစိတ်တွင် ဧရာမဖွတ်ကောင်ကြီးတစ်ကောင်ကဲ့သို့ ဧရာမ ဦးခေါင်းကြီးရှိပြီး၊ ၎င်း၏နှာခေါင်းပေါက်များမှ အစိမ်းရောင်မြူခိုးများ မှုတ်ထုတ်နေကာ ထက်ရှသော သွားစွယ်များမှာ အပြင်သို့ အစီအရီ ထွက်ပေါ်နေ၏။ ၎င်း၏ရင်ဘတ်မှာ ကြွက်သားများဖြင့် ကျစ်လစ်နေပြီး ဝမ်းဗိုက်မှာမူ ဖောင်းကားလျက် ပိုမိုမာကျောသော အကြေးခွံများဖြင့် ဖုံးလွှမ်းထားရာ... ဝံပုလွေဝိညာဉ်ကြီး၏ ခြေသည်းများ သို့မဟုတ် မိကျောင်းဝိညာဉ်၏ သွားစွယ်များဖြင့်ပင် ၎င်း၏အရှေ့တည့်တည့်မှနေ၍ ကိုက်ဖြတ်ရန် ခဲယဉ်းလှပေသည်။

ဤတောအုပ်နဂါးစိမ်းသည် မတ်တပ်ရပ်နေပြီး၊ ၎င်း၏နောက်ခြေနှစ်ဖက်မှာ ကျောက်ပြား များကိုပင် နင်းခြေဖျက်ဆီးပစ်နိုင်လောက်အောင် အလွန်တရာ ကြံ့ခိုင်ထည်ဝါနေသော် လည်း၊ ရှေ့လက်သည်းများမှာမူ အတန်ငယ် တိုတောင်းနေခဲ့သည်။

၎င်းသည် နဂါးငယ်အဆင့်တွင်သာ ရှိသေးပုံရသဖြင့်၊ ရှေ့လက်သည်းများတွင် တောရိုင်း တိရစ္ဆာန်များကို ဆုတ်ဖြဲပစ်နိုင်မည့် ထက်ရှသော လက်သည်းအစုံ သေသေချာချာ မပေါက် ဖွားသေးပေ။

"တောအုပ်နဂါးစိမ်း"

ဤတောအုပ်နဂါးစိမ်း၏ စစ်မှန်သော ရုပ်အဆင်းကို မြင်တွေ့လိုက်ရသောအခါ ဟုန်ဟောက်မှာ ကြောက်ရွံ့တုန်လှုပ်သွားမှုကြောင့် မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရ သည်။

သူသည် ကျူးမင်လန်ကို ဓားစာခံအဖြစ် အရင်စေလွှတ်ပြီး စမ်းသပ်ခိုင်းလိုက်မိ၍ တော်သေးသည်၊ မဟုတ်ပါက သူ၏ဝံပုလွေဝိညာဉ်ကြီးမှာ တစ်ဖက်လူ၏ ကိုက်ဖြတ်မှု ကြောင့် နှစ်ပိုင်းပြတ်သွားလောက်ပြီ။

ဤတောအုပ်နဂါးစိမ်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်... သူ၏ဝံပုလွေဝိညာဉ်ကြီးမှာ တကယ့်ကို တောရိုင်းတိရစ္ဆာန် သက်သက်သာဖြစ်ပြီး၊ နဂါးတစ်ကောင်၏ အနှစ်သာရနှင့် အရှိန်အဝါမျိုး လုံးဝ မရှိပေ။

ခန်းမဆောင်အတွင်းရှိ အတန်းဖော်ကျောင်းသား ငါးဆယ်ခန့်မှာ နန်ရီ၏နဂါးက ဤမျှ အထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။ ၎င်းက နဂါးငယ် အဆင့်တွင်သာ ရှိသေးသည်တဲ့လား။ နဂါးငယ်အဆင့်မှာတင် ဤမျှအထိ ကြီးမား ထည်ဝါနေပြီး၊ သတ္တဝါအားလုံးကို ဖိနှိပ်ချုပ်ချယ်နိုင်သော အတားအဆီးမဲ့ နဂါးတန်ခိုး အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့ပြီ။ အကယ်၍ ဤတောအုပ်နဂါးစိမ်း အရွယ်ရောက် သွားခဲ့လျှင်... မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ဧရာမ သတ္တဝါကြီးတစ်ကောင် ဖြစ်လာလိမ့်မည်နည်း။

"နဂါးနဲ့ တောကြက်တွေကြားမှာ ကွာခြားချက်က မိုးနဲ့မြေပဲ" နန်ရီက အထက်စီးဆန်သော အမူအရာဖြင့် ကြေညာလိုက်သည်။

ထိုတောအုပ်နဂါးစိမ်းနှင့် နှိုင်းယှဉ်ပါက ငွေနှင်းအရုဏ်ဦးနဂါးဖြူလေးမှာ အမှန်ပင် များစွာ သေးငယ်လွန်း၏၊ သို့သော် နဂါးအချင်းချင်း ယှဉ်ပြိုင်ရာတွင် ခန္ဓာကိုယ် အရွယ်အစားကြီး မားမှု သက်သက်ဖြင့် ဆုံးဖြတ်၍မရပေ။

ငွေနှင်းအရုဏ်ဦးနဂါးဖြူလေးသည် သူ၏အတောင်ပံများကို ခတ်လိုက်ပြီး ဝေဟင်ထက်သို့ တဖြည်းဖြည်းချင်း ပျံတက်သွားခဲ့ကာ၊ သူ၏ရှည်လျားလှပသော အမြီးလေးမှာမူ ကျော့ရှင်း စွာဖြင့် အောက်သို့ တွဲလောင်းကျနေဆဲ ဖြစ်သည်။ ပန်းပွင့်တစ်ပွင့်၏ ရှေ့မှောက်တွင် နားခိုရန် ပြင်ဆင်နေသော လိပ်ပြာတစ်ကောင်ပမာ... ငွေနှင်းအရုဏ်ဦးနဂါးဖြူလေးသည် သူ့အတောင်ပံများကို ဖြန့်ကျက်လျက် ဝေဟင်ယံထက်တွင် ငြိမ်သက်စွာ ပျံသန်း ဝဲပျံနေတော့သည်။

သူ့အတောင်ပံများက ညင်သာစွာ လှုပ်ခတ်သွားပုံရသော်လည်း၊ ပြင်းထန်သော လေစီး ကြောင်းတစ်ခုက သူ့ပတ်ဝန်းကျင်တွင် ဝဲပျံရစ်ပတ်လာခဲ့ပြီး တဖြည်းဖြည်းချင်း လေပြင်း တိုင်လုံးကြီးတစ်ခုအဖြစ် စုစည်း လှုပ်ရှားလာခဲ့တော့သည်။

"ဝှီး…"

ရုတ်တရက်ဆိုသလို သူက သူ့အတောင်ပံများကို ခေါက်သိမ်းလိုက်ပြီး သွယ်လျသော ခန္ဓာကိုယ်ဖြင့် ထိုလေပြင်းတိုင်လုံးကြီးအတွင်းသို့ ထိုးစိုက်ဆင်းသွားခဲ့သည်။ ထိုခဏ အတွင်းမှာပင် သူ၏ အောက်သို့ ထိုးစိုက်ဆင်းသွားသည့် အရှိန်အဟုန်မှာ အဆမတန် မြင့်တက်သွားသည်ကို မြင်တွေ့လိုက်ရပြီး၊ လေပြင်းတိုင်လုံးကြီးမှာလည်း အဆပေါင်းများ စွာ ပိုမိုပြင်းထန်လာခဲ့ကာ ငွေနှင်းအရုဏ်ဦးနဂါးဖြူအား ဝန်းရံတွန်းပို့ပေးလျက် တောအုပ် နဂါးစိမ်းဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝင်သွားခဲ့တော့သည်။

"ဝုန်း…."

ကျောက်ဆောင်ကြီးတစ်ခုပမာ ရှိနေသော ဧရာမ တောအုပ်နဂါးစိမ်းသည် ငွေနှင်း အရုဏ်ဦးနဂါးဖြူ ဖန်တီးလိုက်သော လေပြင်းတိုက်ကွက်က ၎င်း၏ ကြွက်သားအကျစ်လစ် ဆုံးဖြစ်သည့် ရင်ဘတ်ဆီသို့ လွန်ပူတစ်ခုကဲ့သို့ ထိုးစိုက်တိုက်ခိုက်လာသည်ကို မရှောင်သာ မလွှဲသာ ကြည့်နေခဲ့ရတော့သည်။

တောအုပ်နဂါးစိမ်းသည် နောက်သို့ ဆွဲထုတ်လွင့်စင်သွားခဲ့ပြီး ကျောက်နံရံနှင့် ပြင်းထန်စွာ ဆောင့်မိသွားခဲ့ရာ၊ လီချွမ်းနဂါးထိန်း အကယ်ဒမီကျောင်းဆောင်ကြီးတစ်ခုလုံးကိုပင် တုန်ဟီးသွားစေခဲ့သည်။

"ဂရား…."

နာကျင်စွာဖြင့် ညည်းတွားရင်း တောအုပ်နဂါးစိမ်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့ ပြီး တစ်ဖန်ပြန်၍ မတ်တပ် မရပ်နိုင်တော့ပေ။

ငွေနှင်းအရုဏ်ဦးနဂါးဖြူလေးသည် သူထိန်းချုပ်ထားသော လေပြင်းများကို ခွဲပစ်လိုက်ပြီး နောက်၊ သူ၏နုနယ်သော ခန္ဓာကိုယ်လေးဖြင့် တောအုပ်နဂါးစိမ်း၏ ဦးခေါင်းထက်သို့ ညင်သာစွာ ဆင်းသက်လိုက်ကာ... သူ၏ရှည်လျားသော အမြီးလေးကို သုံး၍ တောအုပ် နဂါးစိမ်း၏ နှာခေါင်းကို တို့ထိပုတ်လိုက်လေသည်။ သူ့ပုံစံက သူတစ်ပါး၏ အလွန်တရာ ဆိုးသွမ်းလွန်းသော ကလေးကို ဆုံးမပဲ့ပြင်နေသည့် စည်းကမ်းကြီးလှသော ဆရာတစ်ဦး အလားပင်။

အကယ်ဒမီအတွင်းရှိ ကျောင်းသားများအားလုံးမှာ လုံးဝ ဆွံ့အမှင်သက်လျက် စကားလုံး များ ပျောက်ရှကုန်ကြတော့သည်။

ထိုမျှလောက် ကြမ်းကြုတ်ခက်ထန်သော တောအုပ်နဂါးစိမ်းကြီးသည် ဤမျှအထိ အားနည်းလွယ်ကာ တစ်ချက်တည်းဖြင့် ပြိုလဲသွားရသည်တဲ့လား။

ထို့အပြင် တစ်ဖက်တွင်လည်း မည်သည့်အန္တရာယ်မျှ ရှိပုံမပေါ်ဘဲ နုနယ်သိမ်မွေ့ပုံရသည့် သတ္တဝါလေးက ချက်ချင်းဆိုသလို ယခုကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားများကို တစ်ခဏ အတွင်း ပေါက်ကွဲ ထုတ်လွှတ်နိုင်သည်မှာ အံ့ဩမဆုံး ဖြစ်စရာပင်။

All Chapters