အခန်း ၂၁
Vol. 3 Ch. 21
အခန်း (၂၁) ခင်ဗျားက ပိုးပန်းနေတဲ့လူလား။
"ဆရာမ၊ ခုနက ငွေနှင်းအရုဏ်ဦးနဂါးဖြူ အသုံးပြုသွားတာက မိုးပြာနဂါးရဲ့ လျှို့ဝှက်နက်နဲ တဲ့ စွမ်းရည်တွေလား၊ ပြီးတော့ အဲဒီဆန်းကြယ်မှော်ပညာရပ်က ပိုပြီးတော့ အစွမ်းထက်သ လား ဟင်" ကျောင်းသား တစ်ယောက်က စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်သည်။
ဆရာမ တွမ်လန်က ခေါင်းခါယမ်းလိုက်သည်။ သူမအကြည့်တို့က ကျူးမင်လန်ထံသို့ ကျရောက်သွားပြီး၊ အထူးသဖြင့် သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသော နဂါးဖြူပေါက်စလေး ထံသို့ အဓိက စူးစိုက်ကြည့်ရှုရင်း ဆိုလိုက်သည်။ "ဆရာမ စောစောက ပြောခဲ့သလိုပဲ၊ အဲဒါက ငွေနှင်းအရုဏ်ဦးနဂါးဖြူပဲ။ သူ့ရဲ့ အဓိက သွေးမျိုးဆက်က မိုးပြာနဂါးဆီကနေ ဆင်းသက်လာတာဖြစ်ပြီး၊ ဧရာမနဂါးကတော့ ဒုတိယ သွေးမျိုး ဆက်အနေနဲ့ ပါဝင်တယ်။ တိုက်ပွဲဝင်ချိန်တုန်းက ငွေနှင်းအရုဏ်ဦးနဂါးဖြူ အသုံးပြုသွားတာက လေနဲ့ ရေခဲ မှော်ပညာရပ် သီးသန့်ဖြစ်ပြီး၊ မိုးပြာနဂါးရဲ့ လျှို့ဝှက်နက်နဲတဲ့ စွမ်းရည်တွေ မဟုတ်ဘူး။"
လျှို့ဝှက်နက်နဲတဲ့ စွမ်းရည်တွေကို အသုံးမပြုခဲ့ဘူးလား။
အကယ်၍ ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ အဓိက သွေးမျိုးဆက်သည် မိုးပြာနဂါးထံမှ ဆင်းသက်လာခြင်းသာ မှန်ကန်ပါက၊ ၎င်း၏ လျှို့ဝှက်နက်နဲသော စွမ်းရည်များမှာ ပို၍ပင် အစွမ်းထက်မြက်နေရမည် ဖြစ်သည်။
ဆိုလိုသည်မှာ ငွေနှင်းအရုဏ်ဦးနဂါးဖြူ၌ ၎င်း၏ အဓိက သွေးမျိုးဆက်မှ ရရှိထားသော ဖုံးကွယ်ထားသည့် စွမ်းရည်များ ရှိနေသေးသည်ဟူ၍ပင်။
ထိုသို့ ဖုံးကွယ်ထားသည်တိုင်အောင် ကြီးထွားမှုအဆင့်ရှိ တောအုပ်နဂါးစိမ်းက သူ့ကို မယှဉ်နိုင်ခဲ့ဘူးလား။
ဒါကတော့ နည်းနည်းလေး ချဲ့ကားလွန်းနေပြီ။
နန်ရီက သူ့တောအုပ်နဂါးစိမ်းကို ဆေးလူးပေးနေစဉ် ဤစကားများကို ကြားလိုက်ရသော အခါ သူ့လက်မှာ လေးလံသွားပြီး အရှိန်လွန်၍ ချော်ထွက်သွားခဲ့သည်။
တောအုပ်နဂါးစိမ်းလေးမှာ ချက်ချင်းပင် နာကျင်စွာဖြင့် အော်ဟစ်လိုက်တော့သည်။ ၎င်း၏ နုနယ်သော စိတ်ဝိညာဉ်လေးကို ထိခိုက်သွားမိ၍လား၊ သို့မဟုတ် ဒဏ်ရာပေါ်သို့ နန်ရီ၏ လက်က ချော်ကျ၍ နာကျင်သွား သောကြောင့်လားဆိုသည်ကိုတော့ မသိနိုင်ချေ။
ကျူးမင်လန်သည် လူတိုင်း၏ အကြည့်များက သူ့အပေါ်သို့သာ စူးစိုက်ကျရောက်နေ ကြောင်းကို သတိပြုမိလိုက်သည်...
သူက ရှက်ရမ်းရမ်းကာ ခေါင်းကိုသာ ကုတ်နေလိုက်တော့သည်။
အမှန်အတိုင်း ပြောရလျှင် ကျူးမင်လန် ကိုယ်တိုင်ပင် ဤအသေးစိတ်အချက်ကို သတိမထားမိခဲ့ပါချေ။
အဖြူလေးက အသုံးမပြုခဲ့ခြင်းမျိုး မဖြစ်နိုင်ပေ။ သူသည် ရေခဲပိုးအိမ်ထဲမှ ထွက်လာခဲ့သည် မှာ မကြာသေးသောကြောင့် သူ၏ မိုးပြာနဂါး လျှို့ဝှက်ကျင့်စဉ်များ နိုးထလာခြင်း မရှိသေး၍သာ ဖြစ်ရမည်။
"အဖြူလေးဟာ အရင်တုန်းက ဧရာမနဂါး မှော်ပညာရပ်တွေကို ဘယ်လိုသုံးရမလဲဆိုတာ မသိခဲ့ပါဘူး" ကျူးမင်လန်က သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။
အဖြူလေး၏ နောက်ပြန် အဆင့်ကျသွားမှု... ၎င်းမှာ သာမန်ဘဝသို့ ပြန်ပြောင်းသွားခြင်း မျိုး သက်သက် မဟုတ်ဘဲ၊ ဆင့်ကဲပြောင်းလဲမှုတစ်ခုနှင့်အတူ အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာခြင်းမျိုးနှင့် ပို၍ တူနေပေသည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ သွေးမျိုးဆက်နှင့် သွေးမျိုးရိုးအဆင့်အတန်းသည် မိုးပျံနဂါးဖြူ ထက် များစွာ သာလွန်မြင့်မားပေသည်။ အရွယ်ရောက်လာသည့် အချိန်တွင်၊ အဖြူလေး၏ စွမ်းအားမှာ သူ၏ အတိတ်ကစွမ်းအားများထက် အဆပေါင်းများစွာ ကျော်လွန်သွားမည် မှာ သေချာနေသည်။
မိုးပြာနဂါး၏ ဆန်းကြယ်မှော်ပညာရပ်။
အဖြူလေးသည် မိုးပြာနဂါး လျှို့ဝှက်စွမ်းရည်များကို မနိုးထသေးပေ။ ဆိုလိုသည်မှာ ကြီးထွားမှုအဆင့်သို့ ရောက်ရှိမှသာ ထိုစွမ်းရည်များကို ပိုင်ဆိုင်လာမည် ဖြစ်သည်။
ထို့ကြောင့် နဂါးငယ်အဆင့်မှ ကြီးထွားမှုအဆင့်သို့ ပြုစုပျိုးထောင်ပေးရသည့် လုပ်ငန်းစဉ် သည် အလွန်ပင် အရေးကြီးလှပေသည်။ အကယ်၍ စနစ်တကျ ကောင်းမွန်စွာ ပြုစုပေးနိုင် မည်ဆိုပါက၊ အလွန်တရာ အစွမ်းထက်သည့် မိုးပြာနဂါး လျှို့ဝှက်စွမ်းရည်များကို နိုးထလာ စေနိုင်ပေသည်။
အကယ်၍သာ ကောင်းစွာ မကျွေးမွေးနိုင်ခဲ့ပါက သို့မဟုတ် သင့်လျော်စွာ ဂရုမစိုက်နိုင်ခဲ့ပါ က၊ ထိုမိုးပြာနဂါး လျှို့ဝှက်စွမ်းရည်များမှာ ထာဝရ နစ်မြုပ်သွားနိုင်ပြီး မည်သည့်အခါမျှ နိုးထလာတော့မည် မဟုတ်ပေ။
ပုံမှန်အားဖြင့်၊ အဓိက သွေးမျိုးဆက်၏ စွမ်းရည်များသည် ဒုတိယ သွေးမျိုးဆက်၏ စွမ်းရည်များထက် အနည်းငယ် ပို၍ အားကောင်းလေ့ရှိသည်။ အဖြူလေး ပြသသွားခဲ့သော ရေခဲနှင့်လေ ဆန်းကြယ်မှော်ပညာရပ်များပင်လျှင် အလွန်တရာ အံ့မခန်းဖြစ်နေခဲ့ပြီဆို လျှင် မိုးပြာနဂါး၏ ဆန်းကြယ်မှော်ပညာရပ်ကရော မည်မျှ အစွမ်းထက်လိုက်မည်နည်း။ ကျူးမင်လန်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်တကြီး မဖြစ်ဘဲ မနေနိုင်တော့ပေ။
"ဒုက္ခပါပဲ၊ ပျားပန်းဝတ်ရည်လည်း သိပ်မကျန်တော့ဘူး၊ ပြီးတော့ တစ်လနီးပါးလောက် ကျွေးရဦးမှာ။" ကျူးမင်လန်သည် ဤအချက်ကို ရုတ်တရက် သတိပြုမိသွားသည်။
သူနှင့် သွားမည်းလေးတို့သည် ရွှေသဲတစ်ပွင့် ရရှိရန်အတွက် အတော်လေးကို ကြိုးစား ပန်းစား လုပ်ဆောင်ခဲ့ရပြီး၊ ထိုရွှေသဲ၏ ထက်ဝက်ကို ပျားပန်းဝတ်ရည်ဝယ်ယူရာတွင် အသုံးပြုခဲ့သည်။ သို့သော် ဤပျားပန်းဝတ်ရည်မှာ အဖြူလေးအတွက် တစ်ပတ်စာ စားရန် သာ လုံလောက်ပေသည်။ ယခုအခါ အဖြူလေး၏ သွေးမျိုးဆက်နှင့် သွေးမျိုးရိုးကို သိရှိသွားပြီဖြစ်ရာ၊ မကြာမီ နိုးကြားလာတော့မည့် သူ၏ လျှို့ဝှက်နက်နဲသော စွမ်းရည်များ အတွက် ပို၍ အထောက်အကူဖြစ်စေမည့် ဝိညာဉ်စာများကို ကျွေးမွေးခြင်းက အကောင်း ဆုံးဖြစ်မည်ဟု ကျူးမင်လန် တွေးတောလိုက်သည်။
"ဆရာမ တွမ်လန်က ငွေနှင်းအရုဏ်ဦးနဂါးဖြူ အကြောင်းကို အတော်လေး သိထားပုံရ တယ်။ နောက်မှ သူမကို ထပ်ပြီး တိုင်ပင်ရဦးမယ်" ကျူးမင်လန်က သူ့ကိုယ်သူ တွေးလိုက် သည်။
ယခင်က ကျူးမင်လန်သည် သူ၏ ကိုယ်ပိုင်အသိပညာက လုံလောက်နေပြီဖြစ်၍ အတန်း တက်ရန် မလို အပ်တော့ဟု ထင်မြင်ခဲ့သော်လည်း၊ ယခုတွင်မူ ပညာသင်ယူခြင်းက အဆုံးအစမရှိကြောင်းနှင့် အကယ်ဒမီတွင် ပိုမိုနားထောင်သင်ယူရန် အခွင့်အရေးကို အရယူသင့်ကြောင်း သဘောပေါက်လာခဲ့သည်။
...
ဆရာမ တွမ်လန်သည် လုံးဝ ပေါ့ပေါ့တန်တန် သဘောမထားဘဲ အလွန်တရာ လေးနက် တည်ကြည်စွာ ဖြင့် သင်ကြားပြသပေးခဲ့ပြီး၊ မေးခွန်းများကိုလည်း အမြဲတမ်း ဖြေကြားပေး ရန် အသင့်ရှိနေခဲ့သည်။ ကျူးမင်လန်သည်လည်း သူ၏ ယခင်ပုံစံနှင့်မတူဘဲ၊ သူမ၏ နဂါးသွေးမျိုးဆက်များနှင့် သွေးမျိုးရိုးများကို ခွဲခြမ်းစိတ်ဖြာပြမှုအပေါ်တွင် အလွန်ပင် အာရုံစိုက်၍ နားထောင်နေခဲ့သည်။
ကံမကောင်းစွာဖြင့်၊ သူမသည် ကျွေးမွေးပြုစုပျိုးထောင်ခြင်းဆိုင်ရာ အသေးစိတ် အချက် အလက်များဆီအထိ ရောက်မသွားခဲ့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ ထိုအချက်လက်များက ယနေ့ သင်ခန်းစာ၏ အပိုင်းအခန်း အတွင်း မပါဝင်သောကြောင့် ဖြစ်နိုင်ပေသည်။
မွန်းတည့်ချိန်သို့ ရောက်ရှိလာသောအခါ၊ နောက်ဆုံးတွင် အတန်းပြီးဆုံးသွားခဲ့သည်။
အတန်းဆင်းသည်နှင့် တစ်ပြိုင်နက်၊ ဟုန်ဟောက်နှင့် အခြားသော အဆောင်တူ သူငယ်ချင်းအနည်းငယ်တို့သည် သူ့အနားသို့ ဝိုင်းအုံလာကြသည်။
ပုံမှန်အားဖြင့် ဩဇာပေးကာ ရန်လိုတတ်သော ဟုန်ဟောက်သည် ယခုအခါ သူ့မျက်နှာပေါ် ၌ အပြုံးပန်း ကြီးတစ်ဖွင့်ကို ဆင်မြန်းထားပြီး ပုံမှန်မဟုတ်သော နှိမ့်ချမှုမျိုးကို ပြသနေခဲ့ သည်။ သို့သော်လည်း သူ၏ အမူအရာမှာ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းနေဆဲပင် ဖြစ်သည်။
"အစ်ကိုကျူးကို မြင်လိုက်ရတဲ့ ပထမဆုံး အချိန်ကတည်းက၊ အစ်ကိုကျူးက သာမန် လူတွေထက် သာလွန်တဲ့ လူတစ်ယောက်ဆိုတာကို ကျွန်တော် သိခဲ့ပါတယ်။ အခု နည်းနည်းလောက် စမ်းသပ်ကြည့် လိုက်တာနဲ့တင် ကျွန်တော့်အထင် မှန်ကန်ကြောင်း သက်သေပြလိုက်တာပဲ။ အစ်ကိုကျူးနဲ့ ယှဉ်လိုက်ရင် နန်ရီဆိုတာ ဘာလဲ၊ တောအုပ် နဂါးစိမ်းဆိုတာကရော ဘာအကောင်လဲ။ သူတို့က ကျွန်တော်တို့ရဲ့ 'ချင်ဖုန်း' အဆောင် အတွက်ကတော့ အရှက်ရစရာပါပဲဗျာ" ဟုန်ဟောက်က အလွန်အကျွံ မြှောက်ပင့် ချီးမွမ်း လိုက်သည်။
ကျူးမင်လန်က နွေးထွေးသော်လည်း ခပ်တန်းတန်း အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်ပြီး၊ ဆရာမ တွမ်လန် ထွက်ခွာသွားသော လမ်းကြောင်းဆီသို့ အလျင်အမြန် လိုက်ပါသွားခဲ့ သည်။
"အစ်ကိုကျူး... ဒီကနေ့ကစပြီး အစ်ကို့ရဲ့ အရှေ့ခန်းရော နောက်ခန်းပါ သန့်ရှင်းရေးလုပ်ဖို့ က ကျွန်တော် ဟုန်ဟောက်ရဲ့ တာဝန်ထားလိုက်ပါ၊ ပြီးတော့ တခြားအကူအညီလိုတာရှိ ရင်လည်း ဒီညီလေးကိုသာ ပြောလိုက်ပါ။ အဆောင်တစ်ခုတည်းမှာ အတူတူနေခွင့်ရတာ က ရေစက်ပါလို့ပဲဗျ" ဟုန်ဟောက်က ထွက်ခွာသွားသော ကျူးမင်လန်၏ ကျောပြင်ဆီသို့ စွမ်းအင်အပြည့်ဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
ထိုသို့ အော်ဟစ်ပြီးနောက်၊ ဟုန်ဟောက်က လီရှောင်ရင်၏ ပခုံးကို အားပါပါ ရိုက်ချလိုက် ပြီး၊ အလေး အနက် ဆုပ်ကိုင်ကာ ပြုံးလျက် ဆိုလိုက်သည်။ "လီရှောင်ရင်၊ အို လီရှောင်ရင်... မင်းက နန်ရီနဲ့ ပေါင်းပြီး အထက်ကို တက်လှမ်းချင်နေတာပေါ့လေ ဟုတ်လား။ အဆောင်ရဲ့ စည်းလုံးညီညွတ်မှုကို ဖြိုခွဲဖို့ ကြိုးစား တဲ့အတွက်၊ ငါတို့ အခန်း တွေအားလုံးရဲ့ ကြမ်းပြင်တွေကို ပြောင်လက်နေအောင် တိုက်ချွတ်ရမယ့် တာဝန်က မင်းတာဝန်ပဲ။"
လီရှောင်ရင်မှာ ငိုချင်လုလု ဖြစ်သွားရရှာသည်။
ကျူးမင်လန်ရယ်... မင်းမှာ အဲဒီလောက် အံ့မခန်းဖြစ်စရာကောင်းတဲ့ နဂါးတစ်ကောင် ရှိနေမှတော့၊ ကျောင်းအပ်တဲ့နေ့တုန်းက ဘာလို့ ငါ့ထက်တောင် ပိုပြီး ဆင်းရဲနွမ်းပါးတဲ့ပုံစံ ဖမ်းနေခဲ့ရတာလဲကွာ။
ပြီးတော့ အရန်နဂါးသိုလှောင်ရုံမှာတုန်းက ဘာမှမသိနားမလည်တဲ့ လူတစ်ယောက်လို ဟန်ဆောင်သွား တာကလည်း... တကယ့်ကို ပီပြင်လွန်းတယ်ကွာ!...
သစ်တောအုပ်လေးသည် ဆောင်းဦးရွက်နီပင်များဖြင့် အဝါရောင်သမ်းနေပြီး၊ လမ်းသွယ် လေးမှာမူ မှင်ရည်ကဲ့သို့ နက်မှောင်နေခဲ့၏။ ဆရာမ တွမ်လန်သည် အကယ်ဒမီမှ စီစဉ် ပေးထားသော 'နဂါးတစ်ပိုင်း ငှက်ပျံ'ကို စီးနင်းသွားခြင်း မရှိဘဲ၊ ယနေ့ သင်ခန်းစာအတွက် အသုံးပြုခဲ့သော စာအုပ်ကို ရင်ခွင်ထဲတွင် ပိုက်လျက် အေးအေးလူလူ လမ်းလျှောက်သွား နေခဲ့သည်။
ကျူးမင်လန် အလျင်အမြန် လိုက်သွားခဲ့သော်လည်း၊ တိုက်ဆိုင်စွာပင် အမျိုးသားတစ်ဦးက ဆရာမ တွမ်လန် အနားသို့ ချဉ်းကပ်သွားပြီး သူမနှင့် စကားပြောနေခဲ့သည်။
ကျူးမင်လန် ဝင်ရောက် နှောင့်ယှက်ရမည်လား၊ မနှောင့်ယှက်ရဘူးလားဟု ခေတ္တမျှ တွေဝေသွားခဲ့သော် လည်း၊ ဆရာမ တွမ်လန်က သူ့ကို သတိပြုမိသွားကာ လှည့်ကြည့်၍ မေးလိုက်သည်။ "အတန်းထဲက သင်ခန်းစာတွေထဲမှာ နားမလည်တာ တစ်ခုခု ရှိလို့လား၊ ကျောင်းသား ကျူးမင်လန်"
ကျူးမင်လန် ဝမ်းသာသွားပြီး အလျင်အမြန် ရှေ့သို့ တိုးသွားလိုက်သည်။
သူက ပိုးဖဲကတ္တီပါ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသားကို ကြည့်လိုက်သည်။ သူ၏ ဝတ်စား ဆင်ယင်မှုအရ၊ ထိုသူသည်လည်း ဆရာတစ်ယောက် ဖြစ်ပုံရသည်။
"ကျွန်တော် နဂါးတွေကို ကျွေးမွေးပြုစုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းလေး ဇဝေဇဝါ ဖြစ်နေသေးလို့ ပါ..." ကျူးမင်လန်က ပြောလိုက်သည်။
ဆရာမ တွမ်လန်က အာရုံစိုက်၍ နားထောင်ပေးနေပြီး၊ ပိုးဖဲကတ္တီပါဝတ်ရုံရှင် အမျိုးသား ကမူ ဝင်ရောက် စွက်ဖက်ခြင်း မပြုဘဲ အထက်လူကြီးတစ်ဦး၏ အမူအရာမျိုးဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
"ဒီရာသီမှာ 'နှင်းခဲပန်း' လို့ခေါ်တဲ့ ပန်းတစ်မျိုး ပွင့်တတ်တယ်။ အဲဒီပန်းတွေကရတဲ့ ပျားပန်းဝတ်ရည်က မင်းရဲ့နဂါးကြီးထွားမှုအတွက် ပိုပြီး သင့်လျော်တယ်၊ ဒါပေမဲ့ 'နှင်းခဲပန်း' တွေရဲ့ ပတ်ဝန်းကျင်မှာ ပျားမိစ္ဆာ အုပ်စုကြီးတွေ ရှိနေတတ်လို့ သွားရောက်စု ဆောင်းဖို့က နည်းနည်းတော့ ခက်ခဲတယ်။ တခြားသူတွေကို ရွှေ၊ ငွေ ပေးပြီး သွားရှာခိုင်း ဖို့ကိုတော့ မင်း စဉ်းစားသင့်တယ်" ဆရာမ တွမ်လန်က အကြံပြုလိုက်သည်။
ကျူးမင်လန်က မချိသွားဖြဲ အပြုံးတစ်ခုကို ပြုံးလိုက်သည်။
သူ အလိုအပ်ဆုံးအရာက ထို ရွှေနဲ့ ငွေပင် မဟုတ်ပါလား။
"ဆရာမရယ်၊ ကျွန်တော်က ဆင်းရဲပါတယ်ဗျာ။ တခြား ရွေးချယ်စရာ နည်းလမ်းလေးများ မရှိဘူးလား ခင်ဗျာ" ကျူးမင်လန်က မေးလိုက်သည်။
"ဆရာမဆီမှာ အဲဒီပျားပန်းဝတ်ရည် အနည်းငယ်တော့ ရှိတယ်။ ဒါပေမဲ့ မင်းရဲ့ ဆရာမ ဖြစ်နေရင်တောင်မှ အလကား သက်သက် ဒီအတိုင်းချည်း ပေးလို့မရဘူးလေ။ ဒီလိုလုပ်ပါ လား… မကြာခင်မှာ ဆရာမက နဂါးထိန်းတချို့ကို ခေါ်ပြီး 'ရုံတောင်ကြားမြို့' ကို မိုးရွာသွန်းပေးဖို့ သွားရမယ်။ မင်းက ဆရာမကို အသေးအဖွဲ ကိစ္စလေးတွေ ကူညီ လုပ်ဆောင်ပေးပါ၊ အဲဒီအတွက် ဆုကြေးအနေနဲ့ 'နှင်းခဲပန်း' ပျားဝတ်ရည် တစ်အိုးရလိမ့် မယ်" ဆရာမ တွမ်လန်က ပြောလိုက်သည်။
တိမ်တိုက်များကို ဆင့်ခေါ်ကာ မိုးရွာသွန်းစေပြီး သက်ရှိအားလုံးကို ပြုစုပျိုးထောင် ပေးခြင်း... ၎င်းက မိုးပြာနဂါး လျှို့ဝှက်စွမ်းရည်များပင် ဖြစ်ပေသည်။
ဆရာမ တွမ်လန်၏ စွမ်းအားမှာ သာမန်မဟုတ်သည်ကတော့ သေချာလှသည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ" ကျူးမင်လန်က အလျင်အမြန် ခေါင်းညိတ် သဘောတူလိုက် သည်။ ဤကမ်းလှမ်းမှုက သူလိုချင်တာထက်ကို ပိုနေပြီ မဟုတ်ပါလား။
'နှင်းခဲပန်း' ပျားပန်းဝတ်ရည်သည် သာမန်ပျားပန်းဝတ်ရည်များထက် ပို၍ ဈေးကြီးမည်မှာ သေချာပြီး၊ ထိုအချိန်တွင် ကျူးမင်လန်ကလည်း ငွေကြေးမည်သို့ ရှာဖွေရမည်ကို ပူပန်နေခဲ့ ခြင်း ဖြစ်သည်။
"ဆရာမနောက်ကို လိုက်ခဲ့ပါ၊ တကယ်လို့ မင်းက အရေးတကြီး လိုအပ်နေတယ်ဆိုရင်၊ ဆရာမ အခုပဲ သွားယူပေးမယ်" ဆရာမ တွမ်လန်က ကျူးမင်လန်ကို ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက်၊ ဆရာမ တွမ်လန်က အနည်းငယ် ပြုံးလိုက်ပြီး ပိုးဖဲကတ္တီပါဝတ်ရုံရှင် အမျိုးသားကို ယဉ်ကျေးပျူငှာစွာဖြင့် ပြောလိုက်သည်။ "ဆရာ ခယ်ပေ၊ ဆရာပြောသွားတဲ့ ကိစ္စကို ကျွန်မ စဉ်းစားပေးပါ့မယ်။ အခုတော့ ကျွန်မကျောင်းသားအတွက် ပစ္စည်းတစ်ခု သွားယူပေးလိုက်ပါဦးမယ်။"
"ကောင်းပါပြီ၊ ရပါတယ်" ဆရာခယ်ပေက ကျက်သရေရှိစွာဖြင့် တုံ့ပြန်လိုက်သည်။
ကျူးမင်လန်သည် ကျောင်းသားတစ်ဦး ပြသသင့်သည့် ရိုသေလေးစားမှုကို ထိန်းသိမ်းကာ၊ ခေါင်းညိတ် အရိုအသေပေး၍ ဆရာခယ်ပေကို နှုတ်ဆက်လိုက်သည်။ ထို့နောက် ဆရာခယ်ပေ လှည့်ထွက်သွားသည် နှင့်၊ ကျူးမင်လန်က သူ့ခေါင်းကို အနည်းငယ်စောင်း ကာ ဆရာမ တွမ်လန်ကို ကြည့်လိုက်သည်...
သူက ပိုးပန်းနေတဲ့သူလား….
ဆရာမ တွမ်လန်က ခယ်ပေကို ငြင်းဆန်ရန်အတွက် သူ့ကို သူမအနားတွင် ရည်ရွယ်ချက် ရှိရှိ ဆက်နေခိုင်းခဲ့ခြင်း ဖြစ်ပေသည်။
ခယ်ပေသည် အတန်းပြီးဆုံးမည့်အချိန်ကို ဤနေရာမှနေ၍ တမင်တကာ စောင့်ဆိုင်းနေခဲ့ ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။
သို့သော် ဤအခြေအနေက ကျူးမင်လန်အတွက်တော့ အတော်လေး အဆင်ပြေသွားခဲ့ သည်။ သူ 'နှင်းခဲပန်း' ပျားပန်းဝတ်ရည်ကို ပို၍ စောစောစီးစီး ရနိုင်တော့မည် မဟုတ်ပါ လား။
"မင်းရဲ့ မိကျောင်းဝိညာဉ်က ဘယ်မှာလဲ" ဆရာမ တွမ်လန်က မေးလိုက်သည်။
"အိမ်အနောက်ဘက်မှာ နားနေပါတယ်" ကျူးမင်လန်က ပြန်လည်ဖြေကြားလိုက်သည်။
"ဆရာမအတွက် နောက်ထပ် အကူအညီလေးတစ်ခုလောက် ပေးပါဦး" ဆရာမ တွမ်လန် က ပြောလိုက် သည်။
"ပြဿနာမရှိပါဘူးခင်ဗျာ" ကျူးမင်လန်က သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။