အခန်း ၂၅
Vol. 3 Ch. 25
အခန်း (၂၅) ပညာရပ်တစ်ခု။
ယောက်ျားရင့်မာကြီးများသည် စစ်ပွဲများအကြောင်း ဆွေးနွေးပြောဆိုရသည်ကို နှစ်သက် ကြသည်။
စစ်ပွဲအကြောင်း ပြောဆိုမိသည့်အခါတိုင်းလည်း... မကြာသေးမီက ဖြစ်ပွားခဲ့သော ဝူထူ နယ်မြေအတွင်း ပုန်ကန်မှုများနှင့် မလွဲမသွေ ဆက်စပ်သွားလေ့ရှိသည်။
ဝူထူနယ်မြေအကြောင်း ပြောမိလျှင်မူ ထာဝရမြို့ပါ ပါလာစမြဲဖြစ်ပြီး... ထာဝရမြို့နှင့်အတူ ဧကရီဘုရင်မ လီယွင်ဇီ၏ အမည်နာမပါ ပူးတွဲပါရှိလာကာ၊ ထိုမှတစ်ဆင့် အကြောင်းအရာ များမှာ ထိန်းမနိုင်သိမ်းမရအောင် ကျယ်ပြန့်သွားခဲ့တော့သည်။
တစ်ချိန်က သူမသည် ဉာဏ်ပညာ၊ ရဲရင့်မှုနှင့် အလှတရားတို့ ပေါင်းစပ်လျက် လွန်စွာ တောက်ပလွန်းသဖြင့် ဘိုးဘေးနဂါးမြို့တော်၏ နယ်နိမိတ်တစ်ခုလုံးကို လင်းထိန်စေခဲ့ သော်လည်း... ဝူထူနယ်မြေ ပုန်ကန်မှုကို နှိမ်နင်းသည့် ဖြစ်စဉ်အတွင်း၌မူ ထိုကဲ့သို့သော အဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ရရှာသည်။
"တစ်ကြိမ်တစ်ခါ ဂုဏ်သိက္ခာ ညှိုးနွမ်းသွားရင် ရိုသေလေးစားမှုကို ရယူဖို့ ရုန်းကန်ရတတ် တယ်၊ လေးစားမှုမရှိရင်လည်း စစ်တပ်ကို မဦးဆောင်နိုင်တော့ဘူး။ ဘိုးဘေးနဂါး မြို့တော် ရဲ့ ဧကရီဘုရင်မ (ဗယ်လ်ကရီ) ဟာ ဒီလောက်ယုတ်ညံ့တဲ့ သာမန်လူတစ်ယောက်ကြောင့် နတ်ဘုရား ပလ္လင်ပေါ်ကနေ ဆွဲချခြင်း ခံလိုက်ရတာပေါ့... နှမြောစရာပဲ" စာလိပ်တစ်ခုကို ကိုင်ဆောင်ထားသော ခန့်ညားသည့် လူငယ်တစ်ဦးက ညစ်ညမ်းသော စကားလုံးများကို မှုတ်ထုတ်နေကြသည့် လူငယ်တစ်စုကို ကြည့်ကာ ခေါင်းကို ခါယမ်းလျက် သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။
နဂါးဗေဒ စာကြည့်တိုက်အတွင်းသို့ လူများ ပိုမိုဝင်ရောက်လာသည်ကို မြင်လျှင် နန်လင်း ရှာက ကျူးမင်လန်ကို "ဒီနေ့တော့ ရှင့်ကို လွှတ်ပေးလိုက်မယ်"ဟု အဓိပ္ပာယ် သက်ရောက် သည့် အကြည့်မျိုးဖြင့် စူးစိုက်ကြည့်လိုက်၏။
သူမ၏မျက်နှာကို ဇာပုဝါဖြင့် ဖုံးအုပ်ထားသဖြင့် လူများအနေဖြင့် သူမကို အချောအလှ လေးတစ်ယောက်ဟူ၍သာ ထင်မှတ်နိုင်ကြပေမည်။
လီယွင်ဇီကို အနီးကပ် မြင်တွေ့ဖူးသူ အနည်းငယ်မျှသာ ရှိပုံရသည်၊ မဟုတ်ပါက ထိုပါးလွှာ သော ဇာမျက်နှာဖုံးက ဘေးပတ်ဝန်းကျင်၏ အကြည့်များမှ သူမကို အလွယ်တကူ ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ သူမအစ်မဖြစ်သူနှင့် တစ်ပုံစံတည်း တူနေခြင်းကြောင့် ပင် နန်လင်းရှာသည်လည်း လူအများ၏မြင်ကွင်းနှင့် ကင်းဝေးရာ အထီးကျန်ဘဝမျိုး၌ ရှင်သန်နေထိုင်ရခြင်း ဖြစ်နိုင်ပေသည်။
နန်လင်းရှာ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျူးမင်လန် တွေးတောမိနေခဲ့သည်။
သူမသည်လည်း လီချွမ်းနဂါးထိန်းအကယ်ဒမီတွင် ရှိနေပုံရပြီး... နောင်အနာဂတ်တွင် ဤခယ်မလေးနှင့် မည်သို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရပါမည်နည်း။
ရိုးရိုးသားသား ပြောရလျှင် ယခုလို အနီးကပ် စကားပြောဆိုခဲ့ရသဖြင့် ကျူးမင်လန်၏ ရင်ခုန်သံမှာ အနည်းငယ် မြန်ဆန်ဆဲပင် ဖြစ်၏။ သူမတို့နှစ်ဦးမှာ အမှန်တကယ်ပင် ရုပ်ချင်းလွန်စွာ ဆင်တူလွန်းပေသည်၊ ယခုအချိန်အထိပင် ကျူးမင်လန်အနေဖြင့် သူမက သူ့ကို စမ်းသပ်ရန်အတွက် ညီမဖြစ်သူ၏ အမည်နာမကို အသုံးချနေသော လီယွင်ဇီ ကိုယ်တိုင်ပဲလားဟူ၍ပင် သံသယဝင်နေမိသည်။
သို့သော် မြင့်မြတ်လှသော ဧကရီဘုရင်မက ဤမျှအထိ ကလေးကလားဆန်သော ကိစ္စမျိုး ကို ပြုလုပ်လိမ့်မည် မဟုတ်ပါချေ။
ဟင်း..... သူမ၏အမွှာညီမကို မြင်တွေ့လိုက်ရခြင်းက နတ်သမီးလေးပမာ လှပသော လီယွင်ဇီကို သူ့ရှေ့တွင် တစ်ဖန်ပြန်လည် မြင်တွေ့လိုက်ရသကဲ့သို့ ခံစားရစေကာ၊ သူမကို အနည်းငယ် သတိရမိသွားစေသည်။
"လီယွင်ဇီက တကယ်ပဲ ဘယ်လိုလူမျိုးလဲ။ နန်လင်းရှာ ပြောသလိုပဲ သူမက ဒေါသပုံချဖို့ အတွက် ငါ့ကို အသက်ရှင်ခွင့် ပေးထားခဲ့တာလား။"
ကျူးမင်လန်အနေဖြင့် လီယွင်ဇီ၏ အတွေးအကြံများကို အကဲမခတ်နိုင်ပါချေ။ သူမသည် အတွေးကြံများကို အလွန်နက်နက်နဲနဲ ဖုံးကွယ်ထားတတ်လွန်းသည်။
သို့သော် မည်သို့ပင်ဖြစ်စေ, ကံတရားက သူတို့နှစ်ဦးကို လှောင်ပြောင်ကျီစယ်ခဲ့သည်ဆို လျှင် ထိုဝန်ထုပ်ဝန်ပိုးကို သူမတစ်ယောက်တည်း ထမ်းပိုးမထားသင့်ပေ။ သူမ မည်မျှပင် ထက်မြက် စွမ်းအားကြီးပါစေ၊ သူမတွင်လည်း နုနယ်သော အားနည်းချက်တစ်ခုတော့ ရှိနေမည်သာ ဖြစ်သည်။
သူသည် အစွမ်းထက် နဂါးထိန်းသူတစ်ဦး အမြန်ဆုံး ဖြစ်လာရပေမည်။ ဧကရီဘုရင်မ လီယွင်ဇီအနေဖြင့် ဤတာဝန်ကို ရယူလိုခြင်း ရှိ၊ မရှိက ကိစ္စတစ်ခုဖြစ်သော်လည်း... အကယ်၍ သူမ သူ့အပေါ် သံယောဇဉ် ရှိနေပါက သူသည် သူမနောက်ကွယ်တွင် ထာဝရ ပုန်းအောင်းမနေနိုင်ပေ။ သူသည် ဤတာဝန်ကို ပခုံးပြောင်းထမ်းဆောင်နိုင်မည့် စွမ်းရည် မျိုး ရှိရပေမည်။
နဂါးထိန်းသူတစ်ဦး ပိုင်ဆိုင်ထားသော စွမ်းရည်များမှာ များပြားလှသည် မဟုတ်ဘဲ၊ နဂါး မရှိသော နဂါးထိန်းတစ်ဦးမှာ သာမန်စစ်သည်များထက်ပင် ပို၍ သန်မာခြင်း မရှိချေ။ နဂါး သည်သာလျှင် နဂါးထိန်းသူတစ်ဦးအတွက် အမြဲတစေ သော့ချက်ဖြစ်ပေသည်။
အဖြူလေး၏ ကြီးထွားမှုနှုန်းမှာ လျင်မြန်လှပေသည်၊ ဆောင်းဦးရာ သီကုန်ဆုံးချိန်လောက် တွင်မူ သူသည် ကြီးထွားမှုအဆင့်သို့ ရောက်ရှိကာ စစ်မှန်သောနဂါး တစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲသွားနိုင်ပြီး၊ အနည်းဆုံး နဂါးသားငယ်အဆင့် စွမ်းအားကို ပိုင်ဆိုင်လာ လိမ့်မည်။
သို့သော်လည်း ထိုမျှဖြင့် မလုံလောက်သေးပေ။
လော့ရှောင်၏ 'ရွှေရောင်မီးနဂါး' မှာ 'နဂါးစစ်သူကြီးအဆင့်' တည်ရှိမှုတစ်ခုဖြစ်သော် လည်း၊ သူသည် လီမျိုးနွယ်စုအရှင်သခင်၏ ရှေ့မှောက်တွင်မူ ကြောက်ရွံ့တုန်လှုပ်နေရဆဲ ဖြစ်သည်။
ဘိုးဘေးနဂါးမြို့တော်တွင် 'နဂါးအရှင်အဆင့်' ရှိ၊ မရှိကို မပြောနိုင်သေးသော်လည်း၊ 'နဂါး သခင်အဆင့်' များကမူ ဧကန်မုချ ရှိနေပေလိမ့်မည်။
"အရင်ဆုံး ပန်းတိုင်အသေးလေးတစ်ခု ချမှတ်ပြီး 'နဂါးသခင်အဆင့်' ထဲရောက်အောင် ခြေလှမ်းလှမ်းရမယ်" နဂါးဗေဒစာကြည့်တိုက်ထဲမှ ထွက်လာရင်း ကျူးမင်လန်က သူကိုယ် ကိုယ် ရေရွတ်လိုက်သည်။
ယခုအချိန်တွင် နဂါးဗေဒစာကြည့်တိုက်သို့ ဝင်ထွက်သွားလာနေသူများမှာ မနည်းလှတော့ ဘဲ၊ သူတို့က သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။
"နဂါးမွေးမြူရေးကို အရူးအမူးဖြစ်နေတဲ့ နောက်ထပ်တစ်ယောက်ပဲ။"
"နဂါးတစ်ကောင်ကို ရွေးချယ်တာက ကျောက်စိမ်းတုံးနဲ့ အလောင်းစား လုပ်ရသလိုပဲ၊ ဒါကြောင့် ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးသွားရတဲ့လူတွေ အများကြီးရှိတယ်။ ဒီကျောင်းသား လေးက မြင့်မားလွန်းတဲ့ အမိုးခုံးကြီးပေါ် တက်ပြီး ဘဝအကြောင်းတွေ လျှောက်တွေးပြီး စိတ်ကူးယဉ်မနေဖို့ပဲ မျှော်လင့်ရတာပေါ့..."
ရေရှည်အတွက် စဉ်းစားကြည့်ရင်… ငါ ဒီလောက်အထိ ဆင်းရဲမွဲတေနေလို့ မဖြစ်တော့ ဘူး။
တကယ်တော့ ပိုးစာပင်စိုက်ပျိုးခြင်းအပြင် ကျူးမင်လန်တွင် အခြားသော မိသားစုမျိုးရိုး လိုက် တတ်မြောက်သည့် ပညာတစ်ခု ရှိသေးသည်၊ ၎င်းမှာ 'ချပ်ဝတ်တန်ဆာ သွန်းလုပ် ခြင်း' ပင်။
ချပ်ဝတ်တန်ဆာဟူသည် သာမန်လူများအတွက်မူ အဝတ်အစားမျှသာ ဖြစ်သော်လည်း... အာဏာရှိသူများအတွက်မူ စစ်ပွဲ၏ ကြီးမားလွန်းသော ကုန်ကျစရိတ်တစ်ခု ဖြစ်ပြီး၊ နဂါးများအတွက်မူ တိုက်ပွဲအတွင်း အားကိုးရသည့် အစွမ်းထက် ကာကွယ်ရေးဝတ်စုံ ဖြစ်ပေသည်။
သွားမည်းလေးကဲ့သို့ မွေးရာပါ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားသာချက်ရှိသည့် သတ္တဝါမျိုး သည်... အကယ်၍ လေးလံသော သံချပ်ကာနဂါးဝတ်စုံအလွှာကိုသာ ဝတ်ဆင်ထားပါက သူ့အမြီးဖြင့် လှည့်ပတ် ရိုက်ခတ် တိုက်ခိုက်မှုစွမ်းရည်က ပိုမိုအားကောင်းလာမည်မှာ ဧကန်မုချပင်။ သူ့အနေဖြင့် ငါးခူမိစ္ဆာကြီး၏ ဝမ်းဗိုက်ကို အလွယ်တကူ ထိုးဖောက်ကာ သူကိုယ်တိုင် ချက်ချင်းပင် အပြတ်သတ် သတ်ဖြတ်နိုင်လိမ့်မည်။
နဂါးချပ်ဝတ်တန်ဆာများမှာ အလွန်တရာ စျေးကြီးလှပေသည်၊ နဂါးထိန်း အများစုမှာ လည်း သူတို့၏ နဂါးများကို မွေးမြူရန်အတွက် ငွေကြေးအမြောက်အမြား အသုံးပြုထား ကြပြီး ဖြစ်ရာ... သူတို့၏ နဂါးများကို ချပ်ဝတ်တန်ဆာများ ဆင်မြန်းပေးနိုင်သည့် လူများ မှာ အလွန်ပင် ရှားပါးလှပေသည်။
သို့သော်လည်း ထူးချွန်ပြောင်မြောက်သော နဂါးထိန်းတစ်ဦး ဖြစ်လာရန် ရည်မှန်းထားပါက နဂါးချပ်ဝတ်တန်ဆာမှာ မရှိမဖြစ် လိုအပ်လှပေသည်။ ၎င်းက စွမ်းအားကို မြှင့်တင်ပေးရုံ သာမက အရေးကြုံလာပါက မိမိ၏နဂါး အိမ်မွေးသတ္တဝါလေး၏ အသက်ကိုပါ ကာကွယ် ပေးနိုင်စွမ်း ရှိသည်။
ပန်းပဲပညာသည်လည်း ကျူးမင်လန်၏ မိသားစုတွင် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့ သော ပညာရပ်တစ်ခု ဖြစ်ပြီး၊ ယနေ့တိုင်အောင် သူသည် ထိုပညာရပ်၏ လျှို့ဝှက်ချက်များ ကို ပျောက်ပျက် မေ့လျော့ခြင်း မရှိသေးပေ။ ကျူးမိသားစု၏ သားတစ်ယောက်အနေဖြင့် အနာဂတ်တွင် သူ့နဂါးအဖော်မွန်အတွက် ချပ်ဝတ်တန်ဆာဝယ်ယူရန် ငွေအမြောက်အမြား အကုန်အကျခံနေရမည်ဆိုပါက ဘိုးဘေးများကို အရှက်ခွဲရာ ရောက်ပေလိမ့်မည်။
ကိုယ်တိုင် လုပ်ဆောင်လိုက်တော့မည်။ ထိုလုပ်ငန်းစဉ်အတွင်းမှာပင် ရွှေငွေအချို့ကိုလည်း ရှာဖွေနိုင်မည် မဟုတ်ပါလား။
လီချွမ်းနဂါးထိန်းအကယ်ဒမီတွင် ပန်းပဲဖိုမရှိသလို၊ ဖီးနစ်တာရိုးမြို့ငယ်လေးတွင်လည်း အဆင့်အတန်းမီသော ပန်းပဲဖို ရှိပုံမပေါ်ချေ... သူသည် ဘိုးဘေးနဂါးမြို့တော် အတွင်းရှိ စည်ကားသော မြို့ရိုးအတွင်းပိုင်းဆီသို့ သွားရောက်ရပေမည်။
မနက်စောစောသွားပြီး ညဘက်မှ ပြန်လာကာ... ပထမဆုံးအနေဖြင့် မှူးမတ်မျိုးနွယ်များ အတွက် ချပ်ဝတ်တန်ဆာအချို့ကို သွန်းလုပ်ပေးမည်၊ ထို့နောက် လုံလောက်သော ကုန်ကြမ်းပစ္စည်းများ ရရှိလာပြီး သူ၏ သွန်းလုပ်ခြင်းပညာရပ် ကျွမ်းကျင်လာပါက... သွားမည်းလေးအတွက် 'မိကျောင်းနဂါး သံချပ်ကာ' တစ်စုံကို သွန်းလုပ်ပေးမည် ဖြစ်သည်။
စီမံကိန်းအတိုင်းပင် သူသည် နံနက်အစောပိုင်းတွင် ဘိုးဘေးနဂါးမြို့တော်ဆီသို့ ဦးတည် သွားခဲ့ပြီး ညဘက်တွင်မူ အလွန်အမင်း ပင်ပန်းနွမ်းနယ်လျက် အဆောင်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
အလုပ်သင်အဖြစ် စတင်လုပ်ကိုင်သည့် ပထမဆုံးနေ့မှာပင် ကျူးမင်လန်သည် သူ၏ လက်ခြေများနှင့်ခါးတို့ ကျိုးကြေတော့မည့်အလား ခံစားလိုက်ရသည်။ အနားယူ အပန်းဖြေ နေသကဲ့သို့ သက်သောင့်သက်သာရှိသော ဘဝမျိုးတွင် နှစ်အတော်ကြာ ရှင်သန်ခဲ့ပြီး နောက်... သူ့ခွန်အားမှာ ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ၊ မိသားစု၏ လက်မှုပညာရပ်ကို ပြန်လည်ဆန်းသစ်ရန် ကြိုးပမ်းခြင်းက သူ၏အသက်ကိုပင် ရန်ရှာတော့မည့်အလား ဖြစ်ခဲ့ရသည်။
ကျူးမင်လန်အနေဖြင့် နတ်သမီးလေး ဖန်းနန်နန်၏ အကြံပြုချက်ဖြစ်သော... မက်မွန်သီး ရောင်းရန် ကိစ္စကို စဉ်းစားမိသွားသည့် အခိုက်အတန့်တစ်ခုပင် ရှိခဲ့ဖူးကြောင်း ဝန်ခံရပေ မည်။
သူမသည် သူမ၏ ပန်းချီလှေပေါ်ရှိ လျှို့ဝှက်ကုဒ်မှာ..."ဟန်နီ... ကျွန်တော် နောက်ထပ် မရုန်းကန်ချင်တော့ဘူး" ဖြစ်ကြောင်း သူ့ကို တိုးတိုးလေးပင် ပြောပြခဲ့ဖူးသည်။
ဒုတိယမြောက်နေ့တွင်မူ ကျူးမင်လန်သည် မြစ်ရေပြင်ပေါ်ရှိ ဆန်းပြားလှပသော ပန်းချီလှေကြီးနှင့် ပန်းပဲဖိုတို့ကြားတွင် ရွေးချယ်ခဲ့ရပြီး... သူ၏ ကိုက်ခဲနာကျင်နေသော ခန္ဓာကိုယ်ကြီးမှာ နောက်ဆုံးတွင်တော့ ပန်းပဲပညာ၏ အလုပ်သင်ဘဝသို့သာ ရောက်ရှိ သွားခဲ့တော့သည်။
ကျူးမင်လန်သည် ပန်းပဲပညာရှင် မျိုးရိုးမှ မွေးဖွားလာခဲ့သူ ဖြစ်သော်လည်း သူ၏ ရည်မှန်း ချက်မှာ ထိုနေရာတွင် ဘယ်သောအခါမျှ ရှိမနေခဲ့ပါချေ။ သူ့မိသားစုက သူ့ကို အားကိုး၍ မရနိုင်ဟု ကြိုတင်မျှော်လင့်ထားခဲ့သည့်အလား... ပန်းပဲပညာ ဗဟုသုတအားလုံးကို သူ့ဦးနှောက်ထဲသို့ အဓမ္မ ရိုက်သွင်းပေးခဲ့ကြသည်။ ယခုအချိန်တွင် သူသည် ထိုအမျှော် အမြင်ကြီးမားသော လူကြီးမိဘများကို အမှန်တကယ်ပင် ကျေးဇူးတင်မိနေတော့သည်။
သို့သော် မည်သည့် ကျွမ်းကျင်လက်မှုလုပ်ငန်းမျိုးမဆိုပင် ... ပန်းပဲပညာရပ်မှာလည်း ထူးကဲသော နည်းစနစ်များနှင့် ဗဟုသုတများ လိုအပ်ရုံသာမက ကျွမ်းကျင်သော လက်များ နှင့် ထိုကြမ်းတမ်းသော လုပ်ငန်းခွင်ဒဏ်ကို ခံနိုင်ရည်ရှိမည့် ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုလည်း လိုအပ်ပေသည်။
ကျူးမင်လန်အနေဖြင့် လက်မှုပညာ၏ အထိအတွေ့ကို ဖြည်းဖြည်းချင်း ပြန်လည် ရရှိရန် အတွက် အလုပ်သင်ဘဝမှ ပြန်လည်စတင်ခဲ့ရသည်။ ထို့အပြင် သူသည် နဂါးသံချပ်ကာ ဝတ်စုံတစ်စုံကို အပြည့်အဝ မည်သို့သွန်းလုပ်ရမည်ကို အလျင်အမြန် သင်ယူရပေမည်။
သူ၏အတတ်ပညာကို အေးအေးလူလူ အချိန်ယူ မွမ်းမံနေရန် သက်သောင့်သက်သာ အခြေအနေမျိုး မရှိသဖြင့်... သူ ဤပညာရပ်နှင့် စတင်မိတ်ဆက်ခဲ့စဉ်ကထက် ပိုမို ပြင်းထန်သော အားထုတ်မှုမျိုးဖြင့် လေ့ကျင့်ရတော့မည်။
တတိယမြောက်နေ့တွင်လည်း ဆက်လက်၍ အားထုတ်ရပေဦးမည်။
ဓားမြှောင်၏ ထက်မြက်မှုသည် ဓားသွေးစင်ပေါ်တွင် အရောင်တင်ခြင်းမှ လာပြီး၊ ဇီးပန်း၏ သင်းပျံ့သော ရနံ့ကလည်း ခါးသီးလှသော အအေးဒဏ်ကို ကြံ့ကြံ့ခံခြင်းမှ ထွက်ပေါ်လာ သည်။ မိမိကိုယ်တိုင်၏ ကိုယ်ကျင့်တရား အောက်ခြေစည်းကိုတော့ မြဲမြံစွာ စောင့်ထိန်းရ ပေမည်။
အကယ်၍ သူသာ သူ၏ လက်မှုပညာရပ်ကို ပြန်လည်မွမ်းမံနိုင်ခြင်း မရှိပါက၊ သူ၏ လက်ရှိ ကြုံတွေ့နေရသော အကျပ်အတည်းအရ... သူ၏ နုပျိုခန့်ညားသော ရုပ်ရည်အလှအပကို အမှန်ပင် ထုတ်ရောင်းရတော့မည် မဟုတ်ပါလား။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး... ချပ်ဝတ်တန်ဆာ သွန်းလုပ်ခြင်း အလုပ်သင်ဘဝ တွင် လဝက်ခန့် ကြာမြင့်ပြီးနောက်၊ ကျူးမင်လန်သည် ယခင်က အာရုံခံစားမှုအချို့ကို တဖြည်းဖြည်း ပြန်လည်ရရှိလာခဲ့သည်။
သူသည် ယခုအခါတွင် စစ်သည်များအတွက် ချပ်ဝတ်တန်ဆာတစ်စုံကို အပြည့်အဝ သွန်းလုပ်နိုင်ပြီဖြစ်ရာ၊ ၎င်းမှာ ကျူးမင်လန်အနေဖြင့် ဤပင်ပန်းလွန်းသော အလုပ်ဖြင့် ငွေအချို့ကို စတင်ရှာဖွေနိုင်ပြီဟု ဆိုလိုခြင်း ဖြစ်သည်။
အမှန်ဆို စစ်သည်သုံး ချပ်ဝတ်တန်ဆာမှရရှိသော အမြတ်အစွန်းမှာ လွန်စွာနည်းပါးလှပေ သည်။
သူ၏လက်ရှိအသုံးစရိတ်များကို ကာမိစေရန်အတွက် သူသည် အဆင့်မြင့် ချပ်ဝတ် တန်ဆာများကို သွန်းလုပ်၍ စစ်သည်များနှင့် မှူးမတ်မျိုးနွယ်များထံသို့ ရောင်းချရမည် ဖြစ်သည်။
'နဂါးချပ်ဝတ်တန်ဆာ' သွန်းလုပ်ခြင်းလား၊ ထိုအရာကသာလျှင် သူ့ချမ်းသာကြွယ်ဝမှုနှင့် အောင်မြင်မှုလမ်းကြောင်းဆီသို့ ဦးတည်ရာ အစပြုခြင်း ဖြစ်ပေလိမ့်မည်။
ဆောင်းဦးရာသီ ကုန်ဆုံးခါနီးအချိန်သို့ ရောက်ရှိလာသောအခါ၊ ကျူးမင်လန်သည် ဤရက်ပိုင်းအတွင်း မြို့ထဲရှိ ပန်းပဲဖိုဆီသို့ မသွားဖြစ်တော့ပေ။
သူ တမင်တကာ ပျင်းရိနေခြင်းကြောင့် မဟုတ်ဘဲ... ဆရာမ တွမ်လန်နှင့်အတူ "မိုးတိမ် တွေကို ပြောင်းပြန်လှန်ပစ်ဖို့"... အဟမ်း၊ "လေပြင်းမုန်တိုင်း ဆင့်ခေါ်ပြီး မိုးရွာချစေဖို့" ကတိပေးထားခဲ့သောကြောင့် ဖြစ်သည်။
ဒါက ခရီးသွားသင်ခန်းစာတစ်ခု ဖြစ်ပြီး၊ အရှေ့ဘက်ရှိ မြို့တစ်မြို့ဆီသို့ ဦးတည်သွားမည့် ပုံပေါ်သည်။ လမ်းခရီးက ဝေးကွာလွန်းသဖြင့် သူ ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ထားရန် လိုအပ်ပေသည်။
ယခုအကြိမ်တွင် ပါဝင်မည့်သူများမှာ နဂါးတံခါးအောက်တွင် လှည့်လည်သွားလာနေဆဲ ဖြစ်သော ကျောင်းသားများ မဟုတ်ကြဘဲ... အစစ်မှန် နဂါးများကို ပိုင်ဆိုင်ထားကြပြီး ဖြစ် သည့် အစစ်မှန် နဂါးထိန်း အလုပ်သင်များပင် ဖြစ်တော့သည်။