← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) ပေါ်ထွက်လာခြင်း။

တိုင်ပင်ဆွေးနွေးရာ ခန်းမဆောင်ကြီး အတွင်းရှိ လူအုပ်ကြီးမှာ တဖြည်းဖြည်းနှင့် လူစု ခွဲသွားကြလေသည်။

အမှန်ပင် ယနေ့ပြုလုပ်ခဲ့သည့် အစီအစဉ်များမှာ အနည်းငယ်မျှပင် မျှော်လင့်မထားသည့် အစီစဉ်များဖြစ်ပေသည်။ အချို့က လီယွင်ဇီအပေါ် သနားကရုဏာ သက်မိကြသော်လည်း အချို့ကမူ သူမ၏ ကံဆိုးမိုးမှောင်ကျမှုအပေါ် ဝမ်းသာအားရ ဖြစ်နေကြသည်။

"တကယ်တော့ သခင်မကြီးက အဲဒီကိစ္စကြီး ပိုပြီး ဆူဆူပူပူ မဖြစ်စေဖို့နဲ့ ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာ မကျဆင်းစေဖို့အတွက် လီယွင်ဇီကို အစေခံတစ်ယောက်ယောက်နဲ့ ပေးစား လိုက်လိမ့်မယ်လို့ ငါထင်ခဲ့တာ။ ဘယ်သူက ထင်ထားမှာလဲ... သူမက တစ်စုံတစ်ယောက်ရဲ့ ကိုယ်လုပ်တော်အဆင့်နဲ့ အဆုံးသတ်သွားရလိမ့်မယ်လို့။ တကယ်ကို သနားစရာကောင်း လွန်းတယ်" မူချင်းက သူမလေသံထဲတွင် ဝမ်းနည်းရိပ် အနည်းငယ် သန်းလျက် ညည်းတွား လိုက်သည်။

သို့သော် ဤဝမ်းနည်းစကားမှာ အလွန်တရာမှ ဟန်ဆောင်မှုဆန်လှပေသည်၊ အကြောင်း မှာ သူမ၏ ဖြူဝင်းပြီး ပန်းရောင်သန်းနေသော ပါးပြင်ထက်တွင် လျှံထွက်လုနီးပါး ဖြစ်နေ သည့် သိသာထင်ရှားလွန်သော ပျော်ရွှင်မှုများကြောင့်ပင် ဖြစ်၏။

လီယွင်ဇီသည် ယခင်က မိသားစုအတွင်းရှိ ထူးချွန်ထက်မြက်သော အမျိုးသမီးများစွာထက် သာလွန်ထင်ရှားခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ထိုကဲ့သို့သော ကံကြမ္မာမျိုးနှင့် ရင်ဆိုင် နေရချေပြီ။

"ဒါပေမဲ့လည်း မြို့သခင်တစ်ပါးရဲ့ ကိုယ်လုပ်တော် ဖြစ်ရတာပဲလေ၊ တကယ်လို့ သူမသာ ကောင်းကောင်းမွန်မွန် ပြုစုလုပ်ကျွေးနိုင်ရင် ငါတို့လို လိမ္မာယဉ်ကျေးတဲ့ အမျိုးသမီးတွေ ထက်တောင် ပိုပြီး ကောင်းကောင်းမွန်မွန် နေထိုင်သွားရနိုင်ပါသေးတယ်"

"သူမအတွက်ကတော့ အဲဒီလိုကိစ္စမျိုးမှာ လိုလေသေးမရှိမှာ သေချာပါတယ်၊ နောက်ဆုံး တော့ သူမက နိမ့်ကျတဲ့ သူတောင်းစားတစ်ယောက်အတွက်တောင် ခါးညွှတ်ပေးခဲ့သေး တာပဲလေ..."

"စကားကို သိပ်အကျယ်ကြီး မပြောကြနဲ့၊ သူမ ဒီဘက်ကို လျှောက်လာနေပြီ" လီခုန်ရှီက ဆိုလိုက်သည်။

ယခုအချိန်တွင် မိသားစုအတွင်းရှိ အမျိုးသမီးငယ်များ အားလုံးက လီခုန်ရှီနှင့် မူချင်းတို့၏ ဘေးပတ်ပတ်လည်တွင်သာ စုရုံးနေကြတော့သည်။

လီယွင်ဇီက တစ်ကိုယ်တည်း လျှောက်လှမ်းလာပြီး ခန်းမဆောင်၏ လှေကားထစ်များ အတိုင်း ဆင်းလာခဲ့သည်။ စာကလေးများအလား တကျီကျီနှင့် အတင်းပြောနေကြသော အမျိုးသမီးထုကြီးမှာ ဟန်ပန်တင့်တယ်စွာဖြင့် ရွေ့လျားသွားကြသော်လည်း လီယွင်ဇီ အနေဖြင့် သူမတို့၏ စကားလုံးများကို သဘာဝအတိုင်းပင် အတိုင်းသား ကြားလိုက်ရလေ သည်။

ကံဆိုးမိုးမှောင်ကျနေချိန်တွင် ပို၍နင်းခြေချင်နေကြသော ထိုအမျိုးသမီးများကို လီယွင်ဇီ က တစ်ချက်ဝေ့ကြည့်လိုက်ရင်း သူမ မျက်နှာအမူအရာမှာ ဝမ်းနည်းခြင်း၊ စိတ်ဆိုးခြင်း ဟူ၍ ခွဲခြားမရနိုင်လောက်အောင် တည်ငြိမ်နေဆဲ ဖြစ်၏။

သို့သော် ထိုအမျိုးသမီးများမှာ လီခုန်ရှီနှင့် မူချင်းတို့၏ အနောက်ဘက်သို့ မသိမသာ ပိုမို တိုးကပ်သွားကြမိသည်။

လီယွင်ဇီတစ်ယောက် ရုတ်တရက် စိတ်ရူးထလာမလားဆိုသည်ကို မည်သူ သိနိုင်မည် နည်း။

သို့သော် သူမသည် ပြင်းထန်သည့် မည်သည့်အပြုအမူမျိုးကိုမျှ မလုပ်ဆောင်ခဲ့ပါချေ။ သူမ က တိုင်ပင်ဆွေးနွေးရာ ခန်းမဆောင်၏ အခြားတံခါးတစ်ခုကို ဖြတ်ကျော်ကာ လီနန်းတော် သို့ ပြန်မသွားဘဲ စစ်တပ်စခန်းရှိရာ အရပ်ဆီသို့ ဦးတည် လျှောက်လှမ်းသွားခဲ့လေသည်။

သူမကျောပြင်ကို ကြည့်ရင်း လီခုန်ရှီက အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

သို့သော်လည်း သူတို့နှစ်ဦး၏ လုံးဝ ကွာခြားလွန်းလှသော ကံကြမ္မာကို တွေးမိလိုက်သည့် ထိုခဏ၌ လီခုန်ရှီ၏ မျက်နှာမှာ တစ်ဖန် ပြန်လည်၍ ဝင်းလက် တောက်ပသွားတော့သည်။

ကျောက်တံတားတစ်စင်းနှင့် ခြောက်သွေ့ညှိုးနွမ်းနေသော မိုးမခပင် အနည်းငယ်...၊ လီယွင်ဇီက တံတားအောက်ခြေရှိ ရေပြင်ကို နောက်ကျုသွားအောင် လှုပ်ရှားကူးခတ်နေ ကြသည့် ငွေရောင်နှင့် အနီရောင် ငါးကြင်းလေးများကို တံတားပေါ်တွင် မတ်တပ်ရပ်ရင်း ငေးမောကြည့်ရှုနေခဲ့သည်။

မကြာမီအချိန်အတွင်းမှာပင် ငွေမှင်ရောင်ချပ်ဝတ်ကို ဆင်မြန်းထားသော ထွားကျိုင်း သန်မာသည့် တပ်မှူးတစ်ဦး လျှောက်လှမ်းလာခဲ့သည်။ တပ်မှူးချန်သည် တံတားပေါ်ရှိ လီယွင်ဇီကို မြင်လိုက်ရသည့်အခါ သူ့ခြေလှမ်းများကို အရှိန်မြှင့်လိုက်တော့သည်။

"ယွင်ဇီ... မင်း ငါ့ကို ဒီမှာ စောင့်နေတာလား" တပ်မှူးချန်က မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ်၊ တပ်မှူးချန် ကူညီပေးနိုင်မယ့် ကိစ္စတစ်ခု ရှိလို့ပါ" လီယွင်ဇီက ခေါင်းညိတ် ပြလိုက်ရင်း သူမမျက်ဝန်းများမှာ တောက်ပကြည်လင်နေပြီး ခန်းမဆောင်ကြီးအတွင်းက ကြီးမားသော အရှက်ခွဲမှုဒဏ်ကြောင့် မည်သို့မျှ တုန်လှုပ်ချောက်ချားသွားပုံ မပေါ်ပါချေ။

"မင်းအဖေက နောက်ဆုံးတော့ သခင်မငယ်ရဲ့ လွှမ်းမိုးမှုကို လွယ်လွယ်နဲ့ ခံလိုက်ရတာပဲ။ သူက ဒီကိစ္စကို ကန့်ကွက်ခြင်းမရှိတဲ့အတွက်... မင်း မြို့တော်အပေါ် ဘယ်လောက်ပဲ ကြီးမားတဲ့ အကျိုးပြုမှုတွေ ရှိခဲ့ပါစေ၊ မဟုတ်မမှန်တဲ့ စစ်ပြေငြိမ်းရေးတစ်ခုအတွက် မင်းကို ရန်သူ့ပါးစပ်ထဲ ပို့ဆောင်ကြတော့မယ်။ ဟူး..... လာပါ ယွင်ဇီ၊ ငါ မင်းကို ထွက်ပြေးဖို့ ကူညီ ပေးမယ်။ မင်း အဝေးကြီးကို ထွက်သွားလိုက်ပါ၊ တကယ့်ကို စိတ်ရင်းနှလုံးကောင်းတဲ့ အမျိုးသားတစ်ယောက်ကို ရှာဖွေပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုနဲ့ ရှင်သန်နေထိုင်သွားပါ။ ဘယ်တော့မှ ပြန်မလာနဲ့တော့။ ဒီလီမျိုးနွယ်စုက မင်းနဲ့ မထိုက်တန်ပါဘူး" တပ်မှူးချန်က သူမ၏ သနားစရာကောင်းလွန်းသော အခြေအနေအပေါ် သက်ပြင်းချရင်း မတတ်သာ သည့် လေသံဖြင့် ဆိုလိုက်သည်။

အကယ်၍ လီယွင်ဇီကိုယ်တိုင် သူ့ထံသို့ ရောက်မလာခဲ့လျှင်ပင် တပ်မှူးချန်အနေဖြင့် သူမ ကို ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးရန် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်ပေသည်။

တပ်မှူးချန်၏ ဤစကားလုံးများကို ကြားလိုက်ရသည့်အခါ လီယွင်ဇီ၏ နှလုံးသားထဲတွင် နွေးထွေးမှုအရိပ်အယောင်လေးတစ်ခု ဖြတ်သန်းသွားခဲ့ရသည်။

သူမ အဆင်ပြေချောမွေ့စေရန် အမှန်တကယ် ဂရုစိုက်ပေးမည့်လူများ ရှိနေဆဲပါတကား။

"ဦးလေးချန်... ယွင်ဇီ ထွက်ပြေးဖို့ စိတ်မကူးထားပါဘူး"

"ထွက်ပြေးဖို့ စိတ်မကူးထားဘူး ဟုတ်လား။ မင်းက အဲဒီလို အရှက်ခွဲမှုကို ခံချင်လို့လား။ မင်းက မျိုးနွယ်စုကြီးတစ်ခုရဲ့ သမီးပျိုတစ်ယောက်ပဲ၊ ပြီးတော့ ငယ်လည်း ငယ်သေးတယ်။ ဒီလီမျိုးနွယ်စုဟာ မင်းရဲ့ဘဝတစ်ခုလုံးကို ပေးဆပ်ပြီး အောက်ကျနောက်ကျဖြစ်မယ့် စစ်ပြေငြိမ်းရေးတစ်ခုနဲ့ လဲလှယ်ဖို့ လုံးဝ မထိုက်တန်ပါဘူး။ နယ်စပ်က စစ်ပွဲအတွက် စိုးရိမ် မနေပါနဲ့၊ ငါ့ရဲ့ အိုမင်းနေတဲ့အသက်ကိုပဲ ပေးလိုက်ရပါစေ... လင်ရှောင်မြို့တော်က အဲဒီ တိရစ္ဆာန်တွေ ငါတို့နယ်နိမိတ်ထဲ ခြေတစ်လှမ်းတောင် ချခွင့်မရစေရဘူး" တပ်မှူးချန်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် တက်ကြွစွာ ဆိုလိုက်သည်။

"ဦးလေးချန်... ဝူထူပုန်ကန်သူတွေကို ဘယ်လောက်ပဲ သတ်သတ်... ဘာလို့ ပုန်ကန်မှုတွေ က ဘယ်တော့မှ ငြိမ်းအေးမသွားရတာလဲ၊ ပြီးတော့ လက်နက်မရှိတဲ့ အဲဒီပုန်ကန်သူတွေ ကရော ဘာလို့ အသက်ကို ပဓာနမထားဘဲ စစ်ပွဲထဲကို အရူးအမူး ဇွတ်တိုးဝင်နေကြတာလဲ ဆိုတာ ဦးလေး သိလား" လီယွင်ဇီက မေးမြန်းလိုက်လေသည်။

တပ်မှူးချန်က မျက်မှောင်ကြုတ်လိုက်မိသည်။

သူ လီယွင်ဇီ၏ အတွေးများကို နားမလည်နိုင်တော့ပေ။ သူမကိုယ်တိုင်မှာမူ အသက် အန္တရာယ် နီးကပ်သည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရပါလျက်... အဘယ့်ကြောင့် ဘိုးဘေးနဂါးမြို့တော်၏ တည်ငြိမ်အေးချမ်းရေးအတွက် စိုးရိမ်ပူပန်နေရသနည်း။

"ဝူထူနယ်မြေက လူတွေက အရိုင်းဆန်ပြီး ခေတ်နောက်ကျကြတာ။ သူတို့မှာ ယဉ်ကျေးမှု မရှိကြဘူး။ ငါတို့ရဲ့ ဘိုးဘေးနဂါး မြို့တော်ကတော့ ကျယ်ပြန့်ပြီး မြေသြဇာကောင်းတဲ့ နယ်မြေတွေကို ပိုင်ဆိုင်ထားတာဆိုတော့ သူတို့က ဒါကို မက်မောနေကြတာ ကြာပြီပေါ့။ အခုလည်း နောက်ကွယ်က သွေးထိုးပေးမယ့်လူအချို့ ရှိနေတော့ သူတို့က ဆာလောင် မွတ်သိပ်နေတဲ့ ဝံပုလွေတွေ၊ ကျားတွေလိုပဲ ကျူးကျော်တိုက်ခိုက်လာကြတာပေါ့" တပ်မှူး ချန်က ပြောလိုက်သည်။

လီယွင်ဇီက ခေါင်းယမ်းလိုက်ပြီး "ဝူထူပုန်ကန်သူတွေက ဘယ်တော့မှ ကုန်ဆုံးသွားမှာ မဟုတ်ဘူး..." ပြန်လည် ဖြေကြားလိုက်သည်။

"မင်း ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ဆုံး စိုးရိမ်သင့်ပါတယ် ယွင်ဇီ"

"လင်ရှောင်မြို့တော်ဟာ ကျွန်မတို့ ဘိုးဘေးနဂါး မြို့တော်ကို စောင့်ကြည့် ချောင်းမြောင်း နေခဲ့တာ ကြာလှပြီ။ အခု ကျွန်မတို့ဟာ အရှေ့ဘက်မှာ ဝူထူပုန်ကန်သူတွေရဲ့ ထိန်းချုပ်မှု ကို ခံထားရအချိန်မှာ သူတို့က ကျွန်မတို့နဲ့ စစ်ပြေငြိမ်းဖို့ လုံးဝ ဆွေးနွေးမှာ မဟုတ်ဘူး။ စစ်ပြေငြိမ်းဖို့အတွက် ကျွန်မကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ယူမယ်ဆိုတဲ့ အဆိုပြု ချက်ကလည်း အကြံအဖန် သက်သက်ပဲ။ သူတို့က ကျွန်မတို့ အနောက်ဘက် စစ်မျက်နှာ မှာ သတိလက်လွတ် ဖြစ်သွားအောင် လုပ်ပြီးမှ ရုတ်တရက် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ချင်နေကြတာ" လီယွင်ဇီက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

ရွှံ့ညွန်ထဲတွင် ရုန်းကန်လှုပ်ရှားလေ ပိုပြီး နက်ရှိုင်းစွာ နစ်မြုပ်လေ ဖြစ်ပေသည်။ မကြာသေးခင်အချိန်အထိ လီယွင်ဇီသည် သူမ၏ အစစ်မှန် ရန်သူက မည်သူမည်ဝါမှန်း မသိရှိခဲ့ရသဖြင့် အနည်းငယ် လမ်းပျောက်သလို ခံစားခဲ့ရဖူးသည်။

ယခုအခါတွင်မူ သူမသည် အရာရာကို တဖြည်းဖြည်းနှင့် ရှင်းလင်းစွာ မြင်တွေ့လာရပြီ။

သူတို့ တစ်ယောက်ပြီး တစ်ယောက် ရေပြင်ပေါ်သို့ ပေါ်ထွက်လာကြပြီး လှောင်ပြုံးများနှင့် အတူ သူမကို ရွှံ့နွံထဲသို့ ရက်ရက်စက်စက် နင်းခြေပစ်ရန်အတွက် ပျော်ရွှင်မှုကို မထိန်းချုပ် နိုင်ဘဲ အပြေးအလွှား ရောက်ရှိလာကြတော့သည်။

သို့သော် သူတို့ တကယ်ပဲ သူတို့စိတ်တိုင်းကျ ဖြစ်သွားနိုင်ပါ့မလား။

"အဲဒီလိုလား" တပ်မှူးချန်က အံ့ဩတုန်လှုပ်စွာဖြင့် မေးလိုက်သည်။

"ဦးလေးချန်အနေနဲ့ အခြေအနေတွေကို ပြောင်းလဲပစ်ဖို့အတွက် ကျွန်မရဲ့ အရင် တော်ဝင် တပ်ဖွဲ့ဝင်တွေကို ပြန်လည် ဆင့်ခေါ်နိုင်ပါတယ်" လီယွင်ဇီက ဆိုလိုက်သည်။

ဆောင်းရာသီ ရောက်ရှိရန် နီးကပ်လာသည်နှင့်အမျှ ဘိုးဘေးနဂါး မြို့တော်တွင် မိုးမရွာသွန်းခဲ့သည်မှာ တစ်လခန့် ရှိပြီဖြစ်ရာ... အမြဲတစေ မြေသြဇာကောင်းမွန်သော လီချွမ်းလွင်ပြင်ကျယ်ကြီးပင်လျှင် ခြောက်သွေ့အက်ကွဲကြောင်းများ ထင်ဟပ်စ ပြုလာခဲ့ ပေပြီ။ အကယ်၍ ကြီးမားသော မြစ်ကြီးသုံးစင်း၏ ရေအာဟာရဓာတ်များသာ မရှိပါက ဤနေရာသည် ကောင်းကင်ယံအထိ မြင့်မားသော ခြောက်သွေ့နေသည့် မြက်ရိုင်းပင်များ ဖြင့် ဖုံးလွှမ်းနေခဲ့သည်မှာ ကြာမြင့်ပြီ။

ကျူးမင်လန်သည် သူ ဘိုးဘေးနဂါး မြို့တော်သို့ စတင်ရောက်ရှိစ အချိန်က ဤနယ်မြေ သည် စိမ်းလန်း စိုပြေပြီး မြေသြဇာကောင်းမွန်သော နယ်မြေတစ်ခု ဖြစ်ခဲ့သည်ကို မှတ်မိ နေသေးသည်။ လီချွမ်းနဂါးထိန်းအကယ်ဒမီတွင် တစ်လကျော်မျှ နေထိုင်ပြီးနောက် မြို့ပြင် ရှိ ကျယ်ပြန့်လှသော နယ်မြေကြီးမှာ အဝတ်အစားသစ် လဲလှယ်လိုက်သည့်အလား ပြောင်းလဲသွားခဲ့ချေပြီ။

ခြောက်သွေ့ဝါကျင်နေသော မြက်ခင်းပြင်ကျယ်ကြီး၊ သစ်ရွက်ခြောက်များ ကြွေကျနေ သည့် တောအုပ်ကြီးများနှင့် လွင်ပြင်၏ အဝေးဆုံးဆီက တောင်တန်းကြီးမှာလည်း တစ်စုံ တစ်ခုသော အကြောင်းရင်းကြောင့် ဆိတ်ငြိမ်လှပသော ငွေရောင်နှင်းခဲများဖြင့် ဖုံးလွှမ်းနေ ကာ အနိမ့်အမြင့်အစဉ်တိုင်း လှိုင်းထနေသည့် ငွေဖြူရောင် တောင်တန်းကြီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

"ဟတ်ချိုး"

လီရှောင်ရင်က သိုးမွှေးဝတ်စုံကြီးဖြင့် သူကိုယ်ကိုယ် တင်းကျပ်စွာ ပတ်ထားသော်လည်း ကောင်းကင်ယံမှ တိုက်ခတ်လာသော ခါးသီးလှသည့် လေအေးဒဏ်ကို ခံနိုင်ရည်မရှိဘဲ ဖြစ်နေရာ... သူ့နှာခေါင်းမှာ အအေးဒဏ်ကြောင့် နီရဲနေပြီး နှာရည်များပင် ထွက်ကျလုနီး ပါး ဖြစ်နေရှာသည်။

ကျူးမင်လန်က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဤကောင်က ဘာကြောင့် ဤမျှ ဝေးကွာလွန်းသည့် ခရီးသွား သင်ခန်းစာတွင် ရောနှော လိုက်ပါလာရသည်ကို နားမလည် နိုင် ဖြစ်မိသည်။

သို့သော်လည်း နန်ရီနှင့်အတူ နဂါးတစ်ပိုင်းငှက်ပျံတစ်ကောင်ကို စီးနင်းလိုက်ပါလာသည် ကို မြင်လိုက်ရသည့် အခါတွင်မူ ကျူးမင်လန်သည် အကြောင်းရင်းကို အကြမ်းဖျင်းအားဖြင့် သဘောပေါက်သွားခဲ့တော့သည်။

ယခုအချိန်တွင် သူတို့အားလုံးသည် မြင့်မားလှသော ကောင်းကင်ယံထက်၌ ရှိနေကြပြီး နဂါးတစ်ပိုင်းငှက်ပျံများ၏ ကျောပြင်ပေါ်တွင် ထိုင်ကာ ဇက်ကြိုးများကို လက်ထဲ၌ တင်းကျပ်စွာ ကိုင်ထားကြသည်။

ခြောက်သွေ့ဝါကျင်၍ ဆိတ်ငြိမ်လှသော လွင်ပြင်ကျယ်ကြီးက သူတို့၏ ခြေဖဝါးအောက် တွင် ဆန့်တန်းတည်ရှိနေသော်လည်း... တိုက်ခတ်လာသော လေပြေမှာမူ နှင်းခဲဓားသွား တစ်စင်းကဲ့သို့ပင် သူတို့၏ ပါးပြင်များနှင့် နားရွက်များကို နာကျင်စွာ ဖြတ်တောက် တိုက်ခတ်နေခဲ့သည်။ လီရှောင်ရင်သည် ကောင်းကင်ယံထက်တွင် အချိန်အများကြီး ကုန်ဆုံးဖူးခြင်းမရှိသည်မှာ ထင်ရှားလှပြီး အကာကွယ်အစီအမံများ မည်သို့ ပြုလုပ်ရမည် ကို မသိရှိရှာပေ။

စုစုပေါင်း နဂါးတစ်ပိုင်းငှက်ပျံ တစ်ဆယ့်သုံးကောင် ရှိပြီး တစ်ကောင်စီတွင် ကျောင်းသား တစ်ဦးစီ တင်ဆောင်ထားသည်။

ထိုကျောင်းသားများထဲတွင် အစစ်မှန် နဂါးတစ်ကောင်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သည့် အစစ်မှန် နဂါးထိန်း၊ ကျောင်းသားများ ပါဝင်သလို... လီရှောင်ရင်နှင့် နန်ရီတို့ကဲ့သို့ နဂါးတံခါးအဆင့်အောက်တွင်သာ ရှိနေသေးသည့် ကျောင်းသားများလည်း ပါဝင်ကြသည်။

ဆရာနှစ်ဦးက အဖွဲ့ကို ဦးဆောင်လာခြင်းဖြစ်ပြီး တစ်ဦးမှာ ကျောင်းသားများ၏ ဘေးကင်း လုံခြုံရေးအတွက် တာဝန်ယူရသည့် ဆရာခေပယ် ဖြစ်ကာ၊ သူသည် ကျူးမင်လန် ထိုနေ့က ဆုံတွေ့ခဲ့ဖူးသောလူပင် ဖြစ်သည်။ နောက်တစ်ဦးမှာမူ မှော်မန္တန်စွမ်းအားဖြင့် မိုးတိမ်များ ဖန်တီး၍ မိုးရွာချစေရန် တာဝန်ယူရသည့် အတန်းပိုင်ဆရာမ တွမ်လန် ဖြစ်၏။

ကျောင်းသား ၁၃ ဦးနှင့် ဆရာနှစ်ဦးအပြင် သင်ကြားရေးလက်ထောက်တစ်ဦးလည်း ပါဝင် ရာ... ထိုလက်ထောက်မှာ ကျူးမင်လန်ပင် ဖြစ်တော့သည်။

တွမ်လန်၊ ခေပယ်နှင့် ကျူးမင်လန်တို့ သုံးဦးစလုံးမှာ လင်းယုန်သားရဲနဂါးတစ်ကောင်၏ ကျောပေါ်တွင် ထိုင်လျှက် လိုက်ပါလာကြခြင်း ဖြစ်သည်။

လင်းယုန်သားရဲနဂါးသည် ခြင်္သေ့တစ်ကောင်ကဲ့သို့ ကျယ်ပြန့်သော ကျောပြင်ရှိပြီး ကြီးမားသော လင်းယုန်ငှက်ကြီးတစ်ကောင်ကဲ့သို့ ရင်အုပ်နှင့် ဦးခေါင်းကို ပိုင်ဆိုင်ထား သည်။ ကိုယ်ထည်က အလျားငါးမီတာကျော်ရှိပြီး ထိုလင်းယုန်သားရဲနဂါး၏ ကျောပေါ် တွင် ထိုင်ရခြင်းမှာ သိုးမွှေးစောင်တစ်ထည် ခင်းကျင်းထားသည့် အိစက်ညက်ညောနေ သော လက်တင်ကုလားထိုင်ကြီးပေါ်တွင် ထိုင်နေရသည့်အလား... တကယ့်ကို ပထမတန်း စား ခံစားချက်မျိုးပင် ဖြစ်၏။

အမှန်တော့ ကျူးမင်လန်အနေဖြင့် အထွေထွေ လုပ်သားအဖြစ် လာရောက်လုပ်ကိုင်သူ တစ်ဦးက ဤကဲ့သို့ သင်ကြားရေးလက်ထောက်တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရလိမ့်မည်ဟု သူကိုယ်တိုင်ပင် မျှော်လင့်မထားခဲ့မိပေ။

"မိုးပြာနဂါးက လေပြေ၊ မိုးတိမ်တွေနဲ့ မိုးရေတွေကိုပါ ထိန်းချုပ်နိုင်တာလား။ ငါ့စိတ်ထဲ တော့ မိုးပြာနဂါးကသာ အစစ်မှန်နဂါးတို့ရဲ့ အရှင်သခင်လို့ ခံစားရတယ်" လီရှောင်ရင်က ဆိုလိုက်သည်။

သူသည် မည်သည့်ပန်းပွင့်ပုံစံ၊ မည်သည့်အလှဆင်မှုမျှ မပါရှိသော ရိုးရှင်းသည့် ဝတ်စုံရှည် ကိုသာ ဝတ်ဆင်ထားရာ... အနည်းငယ် ပိုမိုခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားကြသည့် အခြားသော နဂါးထိန်းကျောင်းသားများနှင့် နှိုင်းယှဉ်ပါက တကယ့်ကိုပင် ရိုးရှင်းလွန်းပြီး အောက်ကျ နောက်ကျနိုင်လှပေသည်။

ထိုကိစ္စနှင့်ပတ်သက်၍ သူကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ပေ။ ဤအဝတ်အစားမှာ လီရှောင်ရင် ပိုင်ဆိုင်သမျှထဲတွင် အကောင်းဆုံး အဝတ်အစားများထဲမှ တစ်ထည် ဖြစ်သော ကြောင့်ပင်။ အကယ်၍ သူ၏ နွားသိုးဝိညာဉ်သတ္တဝါကသာ ရုတ်တရက် နဂါးတစ်ကောင်၏ စရိုက်လက္ခဏာများကို ပြသခြင်း မရှိခဲ့ပါက... သူသည် ယခုအချိန်အထိ သူ့အိမ်မှာ နွားကျောင်းနေရဆဲပင် ဖြစ်ပေလိမ့်မည်။

All Chapters