← Chapters

အခန်း (၁၂၃၇-၁၂၃၈)

Vol. 107 Ch. 1237-1238

အခန်း (၁၂၃၇-၁၂၃၈)

Vol. 107 Ch. 1237-1238

အခန်း ၁၂၃၇

ဟူကျဲတစ်ယောက် အနည်းငယ် ဆွံ့အသွားခဲ့သည်။

“ဒါ... ဒါက ဘာကိုဆိုလိုတာလဲ။ ‘အဲဒီမှာ နည်းနည်းလေးပဲ ကျန်တော့တာ’ ဆိုတာက ဘာလဲ။”

ရှောင်းယီသည်လည်း မတတ်သာဘဲ စူပါပေါင်းစပ်ခြင်းစက်အကြောင်းကို နောက်တစ်ကြိမ် ထပ်မံရှင်းပြလိုက်ရတော့သည်။ ဟူကျဲ၏ မျက်လုံးများမှာ ပို၍ပင် ပြူးကျယ်သွားခဲ့၏။

“ခင်ဗျားပြောချင်တာက... ကျုပ်တို့ ရိတ်သိမ်းထားတဲ့ သာမန်ရိက္ခာတွေကို SSS အဆင့် ရိက္ခာတွေဖြစ်အောင် ပြောင်းလဲလိုက်တာပေါ့ ဟုတ်လား။”

“ဒါပေါ့။ ငါခုနကပြောတာ မရှင်းလို့လား။”

ရှောင်းယီက ပြန်မေးလိုက်သည်။ ဟူကျဲက ခေါင်းခါပြလိုက်သည်။

“ကျုပ် တကယ်ကို မယုံနိုင်လောက်အောင် ဖြစ်သွားလို့ပါ။”

ကျားကျန့်နှင့် မီစီမှာမူ ကျန်ရှိနေသော ရိက္ခာများအားလုံးသည် အမှန်တကယ် SSS အဆင့် ဖြစ်သွားကြောင်း အတည်ပြုပြီးဖြစ်၍ အံ့ဩတုန်လှုပ်စွာဖြင့် လှည့်မေးလိုက်ကြသည်။

“ကျွန်းပိုင်ရှင်...မင်းဆီမှာ ရှိနေတာက ဘယ်လိုမျိုး အစွမ်းထက်တဲ့ စက်ကြီးလဲ။”

“ဒါကို စူပါပေါင်းစပ်ခြင်းစက် လို့ ခေါ်ပါတယ်။ သူက အဆင့်နိမ့်ပစ္စည်း နှစ်ခုကို ပေါင်းစပ်ပြီး အဆင့်မြင့်ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်တယ်။ ဒါကြောင့် အခုဆိုရင် ကျုပ်တို့မဟာမိတ်အဖွဲ့မှာ SSS အဆင့် အစားအစာတွေ မပြတ်လပ်ဘူးဆိုတာ သိသွားပြီမလား။”

ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ကျွန်မသာ ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ရရင် ဒါကို လုံးဝယုံမှာမဟုတ်ဘူး။”

မီစီက အံ့ဩတကြီး ရေရွတ်လိုက်သည်။

“အစက ကျုပ်လည်း မယုံရဲခဲ့ပါဘူး။ ဒါပေမဲ့ ဒီစက်ကို သုံးပြီး သာမန်ရေကိုတောင် SSS အဆင့်ရှိတဲ့ ရေဖြစ်အောင် ပေါင်းစပ်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ကျုပ်မှာ သံသယဝင်စရာ ဘာမှမရှိတော့ဘူး။”

ကျားကျန့်က ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်... နောက်ဆို ငါတို့ SSS အဆင့် အစားအစာတွေ အမြဲတမ်း စားရတော့မှာပေါ့။”

“ဒါပေါ့။ ကျုပ်တို့မဟာမိတ်အဖွဲ့ထဲက တခြားသူတွေကိုလည်း မေးကြည့်လို့ရပါတယ်။ သူတို့ဆိုရင် SSS အဆင့်အောက်က အစားအစာတွေကို စားရခဲတယ်။”

ရှောင်းးယီက ပြန်ဖြေလိုက်သည်။

“နားလည်ပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ် ကျွန်းပိုင်ရှင်။”

“အားနာနေစရာမလိုပါဘူး။”

ရှောင်းယီက ခေါင်းခါလိုက်၏။

“နောင်အနာဂတ်မှာ အစားအစာ ပြတ်လပ်တာမျိုး ကြုံလာရင် ကျုပ်တို့ဆီ တိုက်ရိုက် လျှောက်ထားလို့ရတယ်။ အားနာမနေကြနဲ့။”

“စိတ်ချပါ ကျွန်းပိုင်ရှင်။ မဟာမိတ်အဖွဲ့မှာ SSS အဆင့် အစားအစာတွေ မပြတ်လပ်ဘူးဆိုတာ သိသွားပြီဆိုတော့... ကျွန်မတို့လည်း လုံးဝ အားနာနေတော့မှာ မဟုတ်ပါဘူး။”

မီစီက ပြုံးကာ ပြောလိုက်သည်။

“တခြား မေးစရာမရှိတော့ဘူးဆိုရင်တော့ ကျုပ် ပြန်တော့မယ်။”

“ဟုတ်ကဲ့ပါ။ လမ်းခရီးမှာ ဘေးကင်းပါစေ ကျွန်းပိုင်ရှင်။”

ကျားကျန့်တို့ ရိုသေစွာဖြင့် ပြောလိုက်ကြသည်။

ရှောင်းယီသည် မြို့တော်ပြန်ကျောက်ကို တိုက်ရိုက်အသုံးပြုကာ ဧရာမဘီလူးမျိုးနွယ်စုနယ်မြေမှ ထွက်ခွာလာခဲ့လိုက်တော့သည်။ ရှောင်းယီ ထွက်ခွာသွားပြီးနောက် ဟူကျဲက မယုံနိုင်သေးသည့်အလား ထပ်မေးလိုက်ပြန်သည်။

“ခေါင်းဆောင်... အခုကစပြီး ကျုပ်တို့ နေ့တိုင်း SSS အဆင့် ရိက္ခာတွေကို စားရတော့မယ်ဆိုတာ တကယ်ပဲလား။”

“ဒါပေါ့။ ကျွန်းပိုင်ရှင်မှာ ဒီလောက်အစွမ်းထက်တဲ့ စက်ကြီးရှိနေတာပဲ။ ငါတို့က ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေရမှာလဲ။”

ကျားကျန့်က ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကျွန်မလည်း နောက်ဆိုရင် ရိက္ခာတွေကို SSS အဆင့်ဖြစ်အောင် ပေါင်းစပ်ဖို့ ကျွန်းပိုင်ရှင်နဲ့ အမြန်ဆုံး ဆက်သွယ်ရမယ်။ အဲ့ဒါဆို လူတိုင်း SSS အဆင့်အောက်က အစားအစာတွေကို စားရဖို့တောင် ခက်ခဲသွားလိမ့်မယ်။”

မီစီကလည်း ပြုံးကာ ဆိုလိုက်က်သည်။

ရှောင်းယီသည် ဗီလာသို့ ပြန်ရောက်လာပြီးနောက် အနည်းငယ် စဉ်းစားကာ ဟင်းလင်းပြင်အက်ကွဲကြောင်းအနီးရှိ အဖွဲ့ထံသို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဖြင့် ဆက်သွယ်လိုက်သည်။

“ဟင်းလင်းပြင်အက်ကွဲကြောင်းထဲကနေ မသေမျိုးတွေ ထွက်လာတာမျိုး ရှိသေးလား။”

“ရှိပါတယ်။ ဒါပေမဲ့ အများကြီးမဟုတ်တော့ပါဘူး။ ရံဖန်ရံခါမှ တစ်ကောင်စ၊ နှစ်ကောင်စ ထွက်လာတတ်တာပါ။ ဒါပေမဲ့ သူတို့ကို အက်ကွဲကြောင်းကို စောင့်နေတဲ့ ဧရာမဘီလူးတွေက တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်လိုက်ကြပါတယ်။”

ရှောင်းယီ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

“အက်ကွဲကြောင်းအနီးမှာရှိတဲ့ သုတေသန စက်ရုပ်တွေရော ဘာတွေ ထူးထူးခြားခြား ရှာဖွေတွေ့ရှိထားလဲ။”

“ကျွန်းပိုင်ရှင် ခေတ္တစောင့်ဆိုင်းပေးပါခင်ဗျာ။ ကျုပ် လူကြီးမင်းရဲ့ မေးခွန်းကို ဖြေကြားပေးဖို့ စက်ရုပ်တစ်ရုပ်ကို ခေါ်လိုက်ပါ့မယ်။”

မကြာမီမှာပင် စက်ရုပ်၏ စုစည်းဖော်စပ်ထားသော လျှပ်စစ်အသံတစ်ခု ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတဆင့် ထွက်ပေါ်လာခဲ့သည်။

“ကျွန်းပိုင်ရှင် ကျုပ်တို့ ဆက်လက်သုတေသနပြုနေဆဲပါပဲ။ ဒါပေမဲ့ ဘာရလဒ်မှ မထွက်လာသေးပါဘူး။ ကျုပ်တို့မှာ အာကာသစကြဝဠာဆိုင်ရာ သိပ္ပံပညာရပ် နဲ့ပတ်သက်ပြီး အများကြီး လိုအပ်နေပါသေးတယ်။”

“နားလည်ပါပြီ။ ဆက်ပြီး သုတေသနလုပ်လိုက်ပါ။ တကယ်လို့ အောင်မြင်မှု ထူးထူးခြားခြား ရှိလာရင် ငါ့ကို ချက်ချင်း ဆက်သွယ်လိုက်ပါ။”

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ လူကြီးမင်း။”

သုတေသနစက်ရုပ်က ပြန်ဖြေလိုက်သည်။

ဖုန်းချပြီးနောက် ရှောင်းယီသည် မျှော်လင့်ချက်ကင်းမဲ့စွာ သက်ပြင်းချလိုက်မိ၏။

“အာကာသ နည်းပညာဆိုတာ တကယ့်ကို နက်နဲလွန်းတယ်။”

ဤအချိန်တွင် ရှောင်းယီ၏ ဖုန်းမှ မြည်လာခဲ့သည်။

တီတီတီ... တီတီတီ...

“ဟဲလို... အစ်ကိုကျန်း ဘာကိစ္စရှိလို့လဲ။”

ရှောင်းယီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ငါတို့ရဲ့ အကူအညီကို လိုအပ်နေတဲ့ မဟာမိတ်အဖွဲ့ အရေအတွက်က ပိုပြီး များပြားလာနေတယ်။ ငါတို့အားလုံးကို လိုက်ပြီး မကူညီနိုင်တော့ဘူး။”

ကျန်းယွင်ထျန်းက ကူကယ်ရာမဲ့နေသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။

“အဲ့လောက်တောင် များနေတာလား။”

ရှောင်းယီတစ်ယောက် အံ့အားသင့်သွားခဲ့သည်။ သူ အနည်းငယ် စဉ်းစားလိုက်၏။

“ရေငုပ်သင်္ဘောတွေကို ထုတ်ရောင်းပေးလိုက်ရင်ရော ဘယ်လိုလဲ။”

“ရေငုပ်သင်္ဘောတွေကို ရောင်းမယ် ဟုတ်လား။”

ကျန်းယွင်ထျန်းတစ်ယောက် အလွန်အံ့အားသင့်သွားသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

“ရေငုပ်သင်္ဘောတွေကို ရောင်းဖို့မလိုပါဘူး။ ပြီးတော့ အဲ့ဒါအတွက် ဈေးနှုန်းသတ်မှတ်ဖို့လည်း ခက်ခဲလိမ့်မယ်။”

ရှောင်းယီ မျက်မှောင်ကြုတ်လိုက်သည်။

“တကယ်လို့ ရေငုပ်သင်္ဘောတွေကို မရောင်းရင် ငါတို့လည်း သူတို့ကို လိုက်ပြီးမကူညီနိုင်တော့ဘူး။ အဲ့လိုဆိုရင် သူတို့တွေ သေကျေပျက်စီးကုန်ကြတော့မှာပေါ့။”

ကျန်းယွင်ထျန်းက ပြုံးလိုက်သည်။

“ငါတို့ ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးတွေကိုပဲ ထုတ်ရောင်းပေးလိုက်ရင် ရတာပဲလေ။”

“ဟင်...”

ရှောင်းယီ အနည်းငယ် ကြောင်အသွား၏။

“ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးတွေကို ရေငုပ်သင်္ဘောတွေကနေတင်မကဘူး တခြား သင်္ဘောတွေကနေပါ ပစ်လွှတ်လို့ရတယ်။”

ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။

“သင်္ဘောတွေပေါ်ကနေပါ ပစ်လို့ရတယ် ဟုတ်လား။”

ရှောင်းယီသည် ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးများအကြောင်းကို သေချာနှိုက်နှိုက်ချွတ်ချွတ် သုတေသနမလုပ်ရသေးပေ။

“ဟုတ်တယ်။”

ကျန်းယွင်ထျန်းက အတည်ပြုပေးလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆိုရင်တော့ တွန့်ဆုတ်နေစရာမလိုတော့ဘူး။ ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးတွေကိုပဲ တိုက်ရိုက်ထုတ်ရောင်းပေးလိုက်ပါ။”

“နားလည်ပါပြီ။”

ထို့နောက် ကျန်းယွင်ထျန်းသည် ယီထျန်းဂရုချက်ထဲသို့ သတင်းစကားတစ်ခု ချက်ချင်း ရေးသားပေးပို့လိုက်တော့သည်။

“အသက်ရှင်ကျန်ရစ်သူများအနေနဲ့ ရှေးဦးဧရာမသားရဲကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှု ပိုမိုများပြားလာတာကြောင့် ယီရန်ပင်းမဟာမိတ်အဖွဲ့က ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးတွေကို အများပြည်သူထံ ထုတ်ရောင်းပေးနေပါပြီ။ ဒီရေအောက်ဗုံးတွေကို အမျိုးမျိုးသော အာကာသယာဉ်/သင်္ဘောတွေပေါ်ကနေလည်း ပစ်လွှတ်နိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် မိမိဘာသာ ဝယ်ယူစုဆောင်းနိုင်ပါတယ်။ တကယ်လို့ ကျုပ်တို့မဟာမိတ်အဖွဲ့ရဲ့ စစ်ကူကို လိုအပ်ရင်တော့ တန်းစီပြီး စောင့်ဆိုင်းရလိမ့်မယ်။”

ထိုသတင်းကို မြင်သောအခါ ယီရန်ပင်းဂရုသားများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။

“ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံး ဟုတ်လား။ ဒါက ဘယ်လို ရေအောက်ဗုံးမျိုးလဲ။”

“မေးနေဖို့ လိုသေးလို့လား။ ဒါက သေချာပေါက် အရမ်းအဆင့်မြင့်တဲ့ ရေအောက်ဗုံးပဲ ဖြစ်ရမယ်။ အနည်းဆုံးတော့ ရေနွေးငွေ့သုံး ရေအောက်ဗုံးတွေထက် အများကြီး ပိုအဆင့်မြင့်မှာ သေချာတယ်။”

“မှန်တယ်။ ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးတွေက ရေနွေးငွေ့သုံး ရေအောက်ဗုံးတွေထက် ပစ်မှတ်ထိမှန်မှုနှုန်းနဲ့ ဖျက်အားက အများကြီး ပိုမြင့်တယ်။”

“သူဌေးကတော့ လုံးဝကို မိမိုက်နေတော့တာပဲ။ ငါတို့လည်း ရှေးဦးဧရာမသားရဲကြီးတွေနဲ့ တွေ့ရင် ယီရန်ပင်းမဟာမိတ်အဖွဲ့က မအားလို့ လာမကူညီနိုင်မှာကို စိုးရိမ်နေတာ။ အခု ဒီရေအောက်ဗုံးတွေရှိပြီဆိုတော့ စိုးရိမ်စရာမလိုတော့ဘူးပေါ့။”

“အမှန်ပဲ။ ကျုပ်တို့လည်း စိုးရိမ်မနေတော့ဘူး။ မြန်မြန်လေး ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးနည်းနည်းလောက် ဝယ်ပြီး ဆောင်ထားရမယ်။”

“ဟားဟားဟား... ခုနတင် နိုင်ငံခြားမဟာမိတ်အဖွဲ့တစ်ခုက ငါ့ဆီကို ဒီကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးတွေ ဝယ်ချင်လို့ဆိုပြီး မက်ဆေ့ခ်ျလာပို့နေတယ်ဟေ့။”

“မင်း သူတို့ကို ပြန်မရောင်းလိုက်ဘူးမလား။”

“ဘယ်ပြန်ရောင်းမလဲ။ ဒီလို အဆင့်မြင့်လက်နက်တွေကို သူတို့ကို ပေါ့ပေါ့ဆဆ သွားမရောင်းသင့်ဘူးလေ။”

“ဒါပေမဲ့ ငါတို့နဲ့ ဆက်ဆံရေးကောင်းတဲ့ နိုင်ငံတွေကိုတော့ နည်းနည်းလောက် ထုတ်ရောင်းပေးလို့ရပါတယ်။”

“မှန်တယ်။ ယီတုန်းနိုင်ငံတို့၊ လွတ်လပ်ခြင်းနိုင်ငံတို့လို ကောင်တွေကိုတော့ လုံးဝ သွားမရောင်းရဘူး။”

ရှောင်းယီသည် ထိုအဖွဲ့တွင်း ဆွေးနွေးမှုများ၌ ဝင်မပါခဲ့ပေ။ အကြောင်းမှာ ၎င်းတို့ကို ရောင်းသည်ဖြစ်စေ၊ မရောင်းသည်ဖြစ်စေ သူ့အတွက် နှစ်ဖက်လုံး အကျိုးရှိသောကြောင့်ပင်။

နိုင်ငံခြားသားများကို ရောင်းပေးလိုက်ပါက ၎င်းတို့လည်း ဧရာမသားရဲများကို အလွယ်တကူ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး သားရဲအသားများ ရရှိကာ လူတိုင်း၏ အဆင့် မြင့်တက်မှုနှုန်းကို မြန်ဆန်စေမည်ဖြစ်သည်။

အကယ်၍ နိုင်ငံခြားသားများကို မရောင်းပေးခဲ့လျှင်လည်း ထိုဧရာမသားရဲကြီးများက ထိုမဟာမိတ်အဖွဲ့များကို ဖျက်ဆီးပစ်လိမ့်မည်ဖြစ်ရာ... အချိန်ဆွဲနေသည့် အသက်ရှင်ကျန်ရစ်သူများမှာလည်း ရှင်းလင်းခံရမည်ဖြစ်ပြီး ၎င်းကလည်း အဖွဲ့ဝင်အားလုံး SSS အဆင့်သို့ တက်လှမ်းမည့်နှုန်းကို မြန်ဆန်စေမည်ပင် ဖြစ်သည်။

ထို့ကြောင့် ရှောင်းယီအနေဖြင့် ၎င်းတို့က နိုင်ငံခြားသားများကို ပြန်လည်ဆင့်ပွားရောင်းချခြင်း ရှိ၊ မရှိကို စိတ်ဝင်တစား လိုက်လံဂရုစိုက်မနေတော့ပေ။

ကျန်းယွင်ထျန်းမှ ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးများကို အဖွဲ့ထဲ၌ အရောင်းစာရင်း တင်ပေးလိုက်ပြီးနောက် လူတိုင်းက လုယက်ဝယ်ယူခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် ယခုအခါ ယီရန်ပင်းမဟာမိတ်အဖွဲ့တွင် အလွန်ပေါများလှသော သယံဇာတအရင်းအမြစ်များ ရှိနေသဖြင့် ဤကဲ့သို့ အများအပြား ဝယ်ယူမှုကို လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်ခဲ့လေသည်။

“လူတိုင်းရဲ့လက်ထဲမှာ အုတ်မြစ်ကျောက်တွေ အများကြီး ရှိနေသေးပုံပဲ။”

ကျန်းယွင်ထျန်းက ချက်ချင်း ဖြစ်ပေါ်လာသော အတွင်းအဖွဲ့စကားပြောခန်းထဲ၌ အရောင်းအဝယ်ပမာဏကို မြင်ပြီးနောက် ရေရွတ်လိုက်မိလေသည်။

အခန်း ၁၂၃၈ -

“လူတိုင်းရဲ့လက်ထဲမှာ အုတ်မြစ်ကျောက်တွေ အများကြီး ရှိနေတာတော့ သေချာတယ်။ မသေမျိုးတွေနဲ့ တိုက်ပွဲဖြစ်ပြီးခါစဆိုတော့ လက်မည်းကြီးပေးတဲ့ ဆုလာဘ်တွေကို လူတိုင်း သိပ်ပြီး သုံးရသေးပုံမပေါ်ဘူး။”

ရှောင်းယီက ဆိုသည်။

ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ပြီး စမ်းသပ်မှုများ အများကြီး ကြုံတွေ့ရဦးမည်ဖြစ်သည်။ အကယ်၍ လက်နက်အမြောက်အမြား လိုအပ်လာတာမျိုးဖြစ်စေ၊ သို့မဟုတ် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ စစ်ကူကို တောင်းခံဖို့ဖြစ်စေ အုတ်မြစ်ကျောက်များက မရှိမဖြစ် လိုအပ်လိမ့်မည်။

ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်နေသူများမှာ အားလုံး လိမ္မာပါးနပ်ကြသူများဖြစ်ရာ လူတိုင်းက ထိုအချက်ကို ထည့်သွင်းစဉ်းစားမိကြမည်ဖြစ်သည်။ ထို့ကြောင့် အခြေခံအားဖြင့်တော့ သူတို့လက်ထဲတွင် အုတ်မြစ်ကျောက် အချို့ကို အမြဲ ချန်ထားကြမည်သာ ဖြစ်သည်။

“ဟုတ်တယ်။ ငါတို့ ရောင်းလိုက်ရတဲ့ ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံး အရေအတွက်အရ ဆိုရင်တော့... အသက်ရှင်ကျန်ရစ်သူတွေရဲ့ ထက်ဝက်လောက်က SSS အဆင့်ကို တက်လှမ်းသွားကြပြီလို့ ငါ ခံစားရတယ်။”

ကျန်းယွင်ထျန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“အဲ့လောက်တောင် များနေပြီလား။”

ရှောင်းယီ ထိုအရေအတွက်ကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“အခုလောလောဆယ် စွန်းယောင်ရဲ့ တရုတ်တိုင်းရင်းဆေးဝါးနဲ့ ခန္ဓာကိုယ် ပြုပြင်ထိန်းသိမ်းမှု၊ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ SSS အဆင့် အစားအစာတွေ၊ ပြီးတော့ ဧရာမသားရဲအသားတွေပါ ထပ်ပေါင်းလိုက်တဲ့ သုံးပွင့်ဆိုင် နည်းလမ်းကြောင့် လူတိုင်းရဲ့ အဆင့်တက်လှမ်းမှုနှုန်းက အရမ်း မြန်လာတာပါ။”

အန်းယွဲ့က ဂရုထဲတွင် ဝင်ရောက်ပြောဆိုလိုက်သည်။

အန်းယွဲ့ စကားပြောလာသည်ကို မြင်သောအခါ ရှောင်းယီက ချက်ချင်း မေးလိုက်သည်။

“ကျုပ်တို့လူတွေရဲ့ လက်ရှိအဆင့်တွေကရော ဘယ်လိုရှိလဲ။”

“ကျွန်းပိုင်ရှင်ကို သတင်းပို့ပါတယ်။ လူတိုင်းနီးပါး SS အဆင့်ကို ရောက်ရှိနေကြပါပြီ။ အနီးစပ်ဆုံး ခန့်မှန်းရရင် ဒီအပတ်ပိတ်ရက် မတိုင်ခင်မှာတင် တစ်ဖွဲ့လုံး SSS အဆင့်ကို အပြီးတိုင် ရောက်ရှိနိုင်ပါတယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ဒါ တကယ် ကောင်းတာပဲ။”

ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်သည်။

“အားလုံး ဆက်ပြီး ကြိုးစားထားကြပါ။ ကျုပ်တို့က တခြားသူတွေကိုပဲ တောင်းဆိုချက်တွေ ထုတ်နေပြီး... ကျုပ်တို့ ယီရန်ပင်းမဟာမိတ်အဖွဲ့ကကျမှ လူတိုင်းရဲ့ ခြေထောက်ကို လာဆွဲထားတာမျိုးတော့ အဖြစ်မခံနိုင်ဘူး။”

“ဟုတ်ကဲ့ပါ “

လူတိုင်းက တညီတညွတ်တည်း ပြန်လည် တုံ့ပြန်လိုက်ကြသည်။

ထို့နောက် ရှောင်းယီသည် ယီထျန်းဂရုချက်သို့ ချက်ချင်း ပြောင်းလိုက်၏။

“ခင်ဗျားတို့မဟာမိတ်အဖွဲ့တွေထဲက အသက်ရှင်ကျန်ရစ်သူတွေရဲ့ လက်ရှိအဆင့်တွေက ဘယ်လိုရှိကြလဲ။ လူတိုင်း SSS အဆင့်ရောက်ဖို့ ဘယ်လောက်လောက် ထပ်လိုဦးမလဲ။”

“ကျုပ်တို့ မဟာမိတ်အဖွဲ့ကတော့ ဒီအပတ်အတွင်းမှာတင် အားလုံး SSS အဆင့်ကို ရောက်တော့မှာပါ။”

“အပေါ်ကလူက တယ်မြန်လှချည်လား။ ငါတို့ မဟာမိတ်အဖွဲ့ရဲ့ လူအများစုက S အဆင့်မှာပဲ ရှိသေးတယ်။ လိုပါသေးတယ်။”

“ကျုပ်တို့ မဟာမိတ်အဖွဲ့ကတော့ အကုန်လုံး SS အဆင့်ကို ရောက်နေကြပါပြီ။ နောက်ထပ် နှစ်ရက်အတွင်း အားလုံး SSS အဆင့်ကို အပြီးတိုင် ရောက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။”

“သေစမ်း... တစ်ယောက်ထက် တစ်ယောက် ပိုမြန်နေကြပါလားဟ။”

“သူဌေးက ငါတို့ကို ဒီလောက်ကောင်းတဲ့ အခြေအနေတွေ ပံ့ပိုးပေးထားတာပဲလေ။ တကယ်လို့ အခုထိ SSS အဆင့်ကို အမြန်မရောက်နိုင်သေးရင်... အဲ့ဒီ အဆင့်မြင့်အစားအစာတွေကို အလကား စားခဲ့သလို ဖြစ်သွားမှာပေါ့။”

“မှန်တယ်။ ဒါတွေအားလုံးက ဆေးသည်ရဲ့ တိုင်းရင်းဆေးဝါး ပြုပြင်ထိန်းသိမ်းမှုကြောင့်လည်း ပါတယ်။ မဟုတ်ရင် ငါ S အဆင့်မှာတင် သောင်တင်နေဦးမှာ သေချာတယ်။”

“အမှန်ပဲ...။ ဆေးအတုရောင်းတဲ့လူကို ကျေးဇူးတင်ရမယ်။ အခုကစပြီး တရုတ်တိုင်းရင်းဆေးကိုပဲ ငါ လုံးဝ ယုံကြည်လိုက်တော့မယ်။”

လူတိုင်း၏ တုံ့ပြန်မှုများကို မြင်ရသောအခါ ရှောင်းယီ အလွန်ဝမ်းသာသွားခဲ့သည်။ နောက်ဆုံး လာမည့် အပတ်ပိတ်ရက်တွင် ရှားနိုင်ငံမှ အသက်ရှင်ကျန်ရစ်သူများ အားလုံး SSS အဆင့်သို့ တက်လှမ်းနိုင်ကြတော့မည့်ပုံပင်။

ရှားနိုင်ငံမှ အသက်ရှင်ကျန်ရစ်သူများ အားလုံး SSS အဆင့်သို့ ရောက်ရှိနိုင်လျှင် အခြားနိုင်ငံများမှ လူများကလည်း သေချာပေါက် အများကြီး နောက်ကျကျန်နေမည် မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် သူ ယီရန်ပင်းအဖွဲ့ထဲ၌ တင်ပေးထားသော အဆင့်မြင့်အစားအစာများကို ဈေးကွက်ခန်းမ ထဲတွင်လည်း အတော်အတန် တင်ပေးထားသောကြောင့်ပင်။

ဈေးနှုန်းက အနည်းငယ် ကြီးမြင့်သော်လည်း လူတိုင်းအတွက် အလွန်ရေပန်းစားနေဆဲဖြစ်ပြီး အခြေခံအားဖြင့်တော့ စက္ကန့်ပိုင်းအတွင်းမှာတင် ကုန်စင်အောင် ရောင်းချလိုက်ရသည်ချည်း ဖြစ်သည်။

ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ဂျေဘီထံသို့ စာတိုတစ်စောင် သီးသန့် ပေးပို့လိုက်သည်။

“ဂျေဘီ... မင်းတို့နိုင်ငံက အသက်ရှင်ကျန်ရစ်သူတွေ အခု ဘယ်အဆင့်ကို ရောက်နေကြပြီလဲဆိုတာ မေးလို့ရမလား။”

“သူတို့လည်း တော်တော်လေးတော့ မြင့်နေလောက်ပါပြီ။ ဒါပေမဲ့ ငါ အဲ့ဒီအဖွဲ့ထဲကနေ ထွက်လိုက်ပြီလေ။ အဲ့ဒီလူတွေနဲ့ ငါနဲ့ သဟဇာတမဖြစ်ဘူး။”

ဂျေဘီက လက်နှစ်ဖက်ကို ဖြန့်ပြရင်း ပြောလိုက်သည်။

ရှောင်းယီ အနည်းငယ် အံ့အားသင့်သွား၏။

“ဒါဆို မင်းရဲ့ မဟာမိတ်အဖွဲ့ထဲက အခြေအနေကရော ဘယ်လိုရှိလဲ။”

“တကယ်လို့ ဧရာမသားရဲအသားသာ အလုံအလောက်ရှိရင်... ငါတို့ အားလုံး SSS အဆင့် ရောက်ဖို့အတွက် တစ်ရက်ပဲ လိုတယ်။”

ဂျေဘီက ပြန်ဖြေလိုက်သည်။

“ဗျူဟာမြောက် ဆရာကြီးတစ်ယောက်ပီသပါပေတယ်။ အဆင့်တက်တာ တကယ့်ကို မြန်ဆန်တာပဲ။”

ရှောင်းယီက ချီးကျူးလိုက်သည်။ ဂျေဘီက ပြုံးလိုက်၏။

“ဒါကလည်း မင်းအပေါ်မှာ မူတည်နေတာပဲလေ။ ငါတို့ကျွန်းပေါ်မှာရှိတဲ့ အဆင့်မြင့်အစားအစာတွေက အရမ်းနည်းလွန်းတယ်”

“အားနာစရာတွေ ပြောနေပြန်ပါပြီ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ဒါနဲ့... ငါတို့ရဲ့ နောက်ထပ် စမ်းသပ်မှုအဆင့်က ဘာဖြစ်မယ်လို့ မင်းထင်လဲ။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အရိပ်အမြွတ်တွေအရဆိုရင်... နောက်တစ်ဆင့်မှာ ငါတို့ကျွန်းရဲ့ ဧရိယာ ပိုကျယ်လေလေ၊ ပိုပြီး အားသာချက်ရှိလေလေပဲ။ ငါ့အထင်တော့ ငါတို့တွေ ဂြိုဟ်တစ်ခုခုပေါ်မှာပဲ ဆက်ရှိနေဦးမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်းဧရိယာရဲ့ အားသာချက်ဆိုတာ ဂြိုဟ်တစ်ခုပေါ်မှာပဲ သက်ရောက်မှုရှိနိုင်တယ်လေ။”

ရှောင်းယီ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ ဂျေဘီက ချက်ချင်း ဆက်ပြောလိုက်သည်။

“ဒါပေမဲ့လည်း... လက်မည်းကြီးက ဒီကျွန်းဧရိယာတွေကို တခြား အချက်အလက်တွေအဖြစ် ပြောင်းလဲပစ်လိုက်တာမျိုးလည်း ဖြစ်နိုင်တာပဲ။ ငါတို့ ဂြိုဟ်ပေါ်မှာ ရှိမနေတော့တာမျိုးလည်း ဖြစ်နိုင်တာပဲလေ။”

“တခြား အချက်အလက်တွေအဖြစ် ပြောင်းလဲပစ်မယ် ဟုတ်လား။”

ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ဟုတ်တယ်။ ဥပမာအားဖြင့်... အဲ့ဒီကျွန်းဧရိယာ အချိုးအစားအတိုင်း နောက်တစ်ဆင့်အတွက် အစပျိုးအရင်းအနှီးအဖြစ် ပြောင်းပေးလိုက်တာမျိုးပေါ့။”

ဂျေဘီက ဥပမာပေးလိုက်သည်။

“ဒါကတော့ ငါ စိတ်ကူးထဲရှိတာကို လျှောက်ပြီး ဥပမာပေးတာပါ။”

“အင်း... ငါ သဘောပေါက်ပြီ။”

ရှောင်းယီ ခေါင်းညိတ်လိုက်သည်။ ဂျေဘီက ပြုံးလိုက်၏။

“အဲ့ဒီအချိန်ကျရင်လည်း ငါတို့တွေ ဆာဗာ တစ်ခုတည်းမှာပဲ အတူတူ ပြန်ဆုံဖို့ မျှော်လင့်တယ်။”

ရှောင်းယီက မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။

“ဘာလဲ... မင်းက ငါနဲ့ ထပ်ပြီး ယှဉ်ပြိုင်ချင်သေးတာလား။”

“ဒါပေါ့။ ငါက ဘယ်ဂိမ်းမှာမဆို ဒုတိယနေရာနဲ့ ဘယ်တုန်းကမှ မကျေနပ်ခဲ့ဖူးဘူး။”

ဂျေဘီက အလွန်အမင်း ယုံကြည်မှုရှိစွာ ပြောလိုက်ပြီးနောက် ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ ဒါက ငါ့အတွက် ပထမနေရာကို မရတဲ့ ပထမဦးဆုံးအကြိမ်ပဲ။”

ရှောင်းယီက ပြုံးလိုက်သည်။

“စိတ်ဓာတ်ကျမနေပါနဲ့။ တကယ်တော့ ငါက ဂိမ်းထဲမှာ cheat သုံးထားသလို ဖြစ်နေတာ။ မင်းကမှ ကိုယ်ပိုင်အရည်အချင်းအစစ်အမှန်နဲ့ ဒီအဆင့်အထိ တက်လှမ်းလာနိုင်တာပါ။”

ဂျေဘီက ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး။ ကမ္ဘာ့စည်းမျဉ်းတွေက ဒါကို တားမြစ်မထားသရွေ့တော့... မင်းကို Cheat သုံးတယ်လို့ ပြောလို့မရဘူး။ ကံတရားနဲ့ အဆက်အသွယ်ကောင်းတာကလည်း အစွမ်းအစတစ်မျိုးပဲဆိုတာတော့ ငါ ဝန်ခံရမယ်။”

ရှောင်းယီ ခေါင်းညိတ်လိုက်မိသည်။

“ဒါပေမဲ့ ငါလည်း အရှုံးမပေးပါဘူး။ နောက်တစ်ဆင့်မှာ ငါ မင်းကို သေချာပေါက် ကျော်ဖြတ်ပြမယ်။”

ဂျေဘီက လေးနက်ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီ။ မင်း ငါ့ကို ကျော်ဖြတ်နိုင်မယ့်နေ့ကို ငါ စောင့်နေမယ်။”

စကားပြောခြင်းကို အဆုံးသတ်ပြီးနောက် ရှောင်းယီသည် အခြားအသက်ရှင်ကျန်ရစ်သူများ၏ အခြေအနေကို လိုက်လံစုံစမ်းခြင်း မပြုတော့ပေ။ လူတိုင်း၏ အဆင့်မှာ တော်တော်လေး မြင့်မားနေကြပြီဖြစ်ရာ... သူ၏ အားသာချက်ကို ဆက်လက်ထိန်းသိမ်းထားလိုပါက တာအိုကျမ်းစာကိုသာ ဆက်လက်ကျင့်ကြံနေရမည် ဖြစ်သည်။

SSS အဆင့်သို့ ရောက်ရှိပြီးနောက်ပိုင်း ရုပ်ခန္ဓာအင်အားကို ဆက်လက်မြှင့်တင်နိုင်ရန်အတွက် ရှောင်းယီ ရှာဖွေတွေ့ရှိထားသည့် တစ်ခုတည်းသော နည်းလမ်းမှာ တာအိုကျမ်းစာကို ကျင့်ကြံခြင်းသာဖြစ်ပြီး အခြားနည်းလမ်း မရှိသေးပေ။

မကြာမီမှာပင် ညနေစောင်းအချိန်သို့ ရောက်ရှိလာခဲ့သည်။ လူတိုင်း ညစာစားရန်အတွက် စုဝေးလာကြသည်။

“ကျွန်းပိုင်ရှင် အခုဆို ငါတို့ကျွန်းပေါ်က လူတွေရဲ့ ထက်ဝက်နီးပါးက SSS အဆင့်ကို ရောက်ကုန်ကြပြီ။ ကျန်တဲ့သူအများစုကလည်း SS အဆင့်မှာ ရှိနေကြတယ်...။ S အဆင့်မှာ ရှိနေတာကတော့ အနည်းအကျဉ်းပဲ ကျန်ပါတော့တယ်။”

အန်းယွဲ့က ထမင်းစားရင်း ပြောပြလိုက်သည်။

“အင်း... လူတိုင်းရဲ့ အဆင့်တက်နှုန်းက တကယ့် မြန်တာပဲ။”

ရှောင်းယီက ပြုံးကာ ဆိုသည်။

“အဓိကကတော့ အခုလောလောဆယ် ဧရာမသားရဲအသားတွေ အများကြီး ရှိနေလို့ပါ။ အဲ့ဒါကို သုံးပြီး အဆင့်တက်ရတာက SSS အဆင့် အစားအစာတွေထက်တောင် ပိုမြန်သေးတယ်။”

ဒူခန်းလည်း စကားဝိုင်းထဲ ဝင်လာခဲ့သည်။

“အင်း... မင်းတို့အားလုံးလည်း မြန်မြန်လေး အဆင့်တက်အောင် လုပ်ကြဦး။ လောလောဆယ် လက်ရှိအလုပ်တွေကို ခဏ ဘေးဖယ်ထားလိုက်ကြပါ။”

ရှောင်းယီက လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။

လက်ရှိတွင် ရှောင်းယီ၊ ကျန်းယွင်ထျန်းနှင့် ဒူခန်းတို့ သုံးဦးသာ SSS အဆင့်သို့ ရောက်ရှိကြသေးပြီး အခြားသူများမှာမူ အဆင့်မတက်ကြသေးပေ။ ယီရန်ပင်းမဟာမိတ်အဖွဲ့ဝင် အသက်ရှင်ကျန်ရစ်သူများ၏ ထက်ဝက်ကျော်မှာ SSS အဆင့်သို့ ရောက်ရှိနေပြီဖြစ်ခြင်းနှင့် နှိုင်းယှဉ်လျှင် သူတို့က အနည်းငယ် နောက်ကျကျန်နေခြင်း ဖြစ်သည်။

ဟုတ်ပါသည်။ ဒါက သူတို့တွေ စီမံခန့်ခွဲမှုအလုပ်များနှင့် အလုပ်ရှုပ်နေကြရခြင်းကြောင့်ဖြစ်၏...။ ထို့ကြောင့်ပင် ရှောင်းယီက သူတို့ကို အလုပ်များကို ခေတ္တဘေးဖယ်ထားရန် ပြောလိုက်ခြင်း ဖြစ်သည်။

“အမှန်ပဲ။ ငါတို့တွေ ကျွန်းပိုင်ရှင်ရဲ့ ခြေထောက်ကို ဆွဲထားသလို အဖြစ်မခံနိုင်ဘူး။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“အားလုံး မြန်မြန်လေး SSS အဆင့်ရောက်အောင် လုပ်ကြပါ။ အချိန်တန်လို့ အားလုံးတူတူ ထွက်ခွာရမယ့်အခါကျရင်... ကျုပ်တို့တွေ အတူတူ ဆက်ရှိနေနိုင်ဖို့ မျှော်လင့်တယ်။”

ရှောင်းယီက အနည်းငယ် ခေါင်းခါလိုက်မိသည်။

“လက်မည်းကြီးရဲ့ စရိုက်အတိုင်းဆိုရင်တော့... တစ်ဆယ်ပုံ ကိုးပုံက ငါတို့တွေ ကွဲကွာသွားကြလိမ့်မယ်။ ငါတို့ ဒီကမ္ဘာကို စရောက်ခါစတုန်းကလိုမျိုး ဖြစ်သွားနိုင်ခြေ ရှိတယ်။”

အဖြူရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် လူတိုင်းသည် တစ်ယောက်လျှင် နှစ်မီတာပတ်လည်သာရှိသော သီးခြားကျွန်းငယ်လေးများပေါ်သို့ ကွဲကွာသွားကြရမည် မဟုတ်ပါလော။

ထိုစကားကို ကြားသောအခါ လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် ပြီးခဲ့သည့်တစ်ခေါက်ကလည်း ဤအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ ယခုတစ်ကြိမ်တွင်လည်း ထိုကဲ့သို့ ဖြစ်လာနိုင်ခြေ အလွန်များလှသည်။

သို့သော်လည်း အန်းရန်တစ်ယောက် ထိုစကားကို ကြားလိုက်ရသည့်အခါ သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့၏...။ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေသည့်အလား ခေါင်းကို ဖြည်းညင်းစွာ ငုံ့ချလိုက်လေသည်။

All Chapters