← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း (၃၃) ကောက်ကွေးလက်သည်း ရက်စက်နဂါး။

"အူး….ဝူ…."

ငွေနှင်းအရုဏ်ဦးနဂါးဖြူက ရှည်လျားစွာ ဟိန်းကြွေးလိုက်ပြီး... ဒဏ္ဍာရီလာ နှင်းဖီးနစ်ငှက် ကြီးအလား သူ့ခန့်ညားထည်ဝါသော ပင်မအတောင်ပံကြီးများကို ဖြန့်ကျက်လိုက်တော့ သည်။

သူ၏ နှင်းအမွေးအတောင်များထံမှ အေးစက်သော အအေးဓာတ်များ ပျံ့နှံ့လာကာ ဖရိုဖရဲ ဖြစ်နေသော တောအုပ်ကြီးအတွင်းသို့ နှင်းမုန်တိုင်းတစ်ခုအလား ဖြတ်သန်း တိုက်ခတ် သွားခဲ့ပြီး... အငွေ့ပျံနေသော ရေစက်များပင် ကျောက်ဆောင်ပမာ ခိုင်မာသည့် နှင်းခဲများ အဖြစ်သို့ သိသိသာသာ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

"ဖျစ်... ဖျစ်..."

သစ်ပင်များ အေးခဲသွားခဲ့သည်၊ ကျောက်ဆောင်များ အေးခဲသွားခဲ့သည်၊ ဖြူဖွေးနေသော နှင်းခဲစောင်ကြီးက ရွှေရောင်မီးနဂါးကြီး၏ တဟုန်းဟုန်းတောက်နေသော အပူလှိုင်းများကို ဖုံးလွှမ်းသွားခဲ့ပြီး... နဂါးကြီးကို ရစ်ပတ်ထားသည့် ရေမြွေများကိုပင် ရေခဲကွင်းကြီးများ အဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။

ထိုရေခဲကွင်းများက ရွှေရောင်မီးနဂါးကြီးကို ထိပ်တုံးခတ်လိုက်သည့်အလား တင်းကြပ်စွာ ချုပ်နှောင်ထားသဖြင့် ၎င်းမှာ ပြန်လည် မတ်တတ်ရပ်နိုင်စွမ်း မရှိတော့ပေ။

ဆရာမတွမ်လန်က ကျူးမင်လန်ကို လှမ်းကြည့်လိုက်ရင်း သူမမျက်နှာတွင် အပျော်ရိပ် အနည်းငယ် ထင်ဟပ်သွားခဲ့သည်။ ဤရှားပါးလှသော အခွင့်အရေးကို အရယူရင်း... ခယ်ပေက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ သူ့ဘယ်လက်ဝါးကို မြေပြင်ဆီ အောက်သို့လှည့်၍ ဆန့်ထုတ်လိုက်ပြီး သူ့ဝိညာဉ်နယ်မြေကို ဖွင့်လှစ်လိုက်တော့သည်။

ဝိညာဉ်နယ်မြေပုံစံ သင်္ကေတများက သူ့လက်ဝါးပြင်ပေါ်တွင် ထွက်ပေါ်လာပြီး သူ့ရှေ့ရှိ ရွှံ့နွံထူထပ်သော မြေကြီးပေါ်သို့ ရိုက်ခတ်သွားခဲ့ရာ... ကမ္ဘာမြေကြီးမှာ ရုတ်တရက် လှုပ်ခတ်သွားသည်။ ကျောက်တုံးကျောက်ခဲများ လွင့်စင်ကာ ရွှံ့နွံများ ပန်းထွက်လာသည် နှင့် ခယ်ပေသည် ရွှံ့နဂါးတစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။ ထိုရွှံ့နဂါးသည် လင်းယုန် သားရဲနဂါးထက် အားနည်းသော်လည်း... ရွှေရောင်မီးနဂါးကြီး၏ ပြင်းထန်လှသော တိုက်ခိုက်မှုများကို အကြိမ်အနည်းငယ်မျှ တောင့်ခံနိုင်သည့် အလွန်ထူထဲသော ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသည်။

အဆုံးတွင်... သူတို့သည် ခြုံခိုတိုက်ခိုက်ခံခဲ့ရသဖြင့် နဂါးများဆင့်ခေါ်ရန် အခွင့်အရေး လုံးဝ မရှိခဲ့ပါချေ။ အကယ်၍ ငွေနှင်းအရုဏ်ဦးနဂါးဖြူနှင့် ရေတံခွန်နဂါးတို့သာ ရွှေရောင်မီးနဂါး ကြီးကို ပိတ်ဆို့ချုပ်နှောင် မထားနိုင်ခဲ့လျှင်... ခယ်ပေအနေဖြင့် ဆင့်ခေါ်ခြင်းတံဆိပ်ကို ရဲရဲဝံ့ဝံ့ ဖွင့်လှစ်ဝံ့မည် မဟုတ်ပေ။ အကြောင်းမူကား နဂါးဆင့်ခေါ်ခြင်းသည် စိတ်အာရုံ အပြည့်အဝ စူးစိုက်ရန်လိုအပ်ပြီး အချိန်အနည်းငယ် ပေးရသောကြောင့် ဖြစ်သည်။

"ဆရာ ခယ်ပေ... သတိထား" ရုတ်တရက် ကျူးမင်လန်က အသံကုန်ဟစ်ကာ အော်ပြော လိုက်သည်။

ခယ်ပေ နဂါးဆင့်ခေါ်ခြင်း ပြီးဆုံးလုနီးပါး ဖြစ်နေချိန်မှာပင်... တစ်စုံတစ်ယောက်က သူ၏ လည်ပင်းနောက်မှနေ၍ အေးစက်စက် ဓားတစ်ချောင်းဖြင့် ပိုင်းခုတ်လိုက်သည့်အလား တုန်လှုပ်ဖွယ်ရာ အအေးဓာတ်တစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။

သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ... ထက်ရှသော လက်သည်းကြီးတစ်ချောင်းကိုသာ မြင်တွေ့လိုက်ရတော့သည်။

ဤလက်သည်းကြီးတွင် လက်ချောင်းအရိုးများ မရှိဘဲ... လူသတ်သမားတစ်ယောက်၏ လွှတ်ကောက်ကြီးနှင့် ဆင်တူကာ သူ့ထံသို့ လွှဲခုတ် ပိုင်းချလိုက်ချေပြီ။

မလှမ်းမကမ်းတွင် ရှိနေသော ကျူးမင်လန်သည် ဤအခိုက်အတန့်ကို ကြိုတင်ရိပ်မိထားခဲ့ သော်လည်း... သူ့တွင် အခြားသော နဂါးသားရဲများ မရှိသေးပေ။ အကယ်၍ မိကျောင်း ဝိညာဉ်ကြီးသာ ဤနေရာတွင် ရှိနေခဲ့လျှင် ဆရာ ခယ်ပေအတွက် အချိန်အနည်းငယ်မျှ ဆွဲပေးကောင်း ဆွဲပေးထားနိုင်လိမ့်မည် ဖြစ်သော်လည်း...

"ဖျတ်......"

ထိုကောက်ကွေးနေသော လက်သည်းကြီးက ခယ်ပေ၏ ရင်ဘတ်ကို မညှာမတာ ခြစ်ခွဲ ပစ်လိုက်သဖြင့် လတ်ဆတ်သော သွေးများ ပန်းထွက်လာခဲ့တော့သည်။ ခယ်ပေသည် မြေပြင်ပေါ်သို့ လိမ့်ကျသွားခဲ့သော်လည်း... ကောက်ကွေးလက်သည်း ရက်စက်နဂါးသည် သူ့အား အလွှတ်ပေးရန် စိတ်ကူးမရှိပါချေ။

ကောက်ကွေးလက်သည်း ရက်စက်နဂါးသည် ခြေလှမ်းအနည်းငယ်အတွင်း ခယ်ပေ၏ နောက်သို့ အမှီလိုက်ကာ... ၎င်း၏ အခြားလက်သည်းတစ်ဖက်ဖြင့် ခယ်ပေ၏ ဝမ်းဗိုက် ထဲသို့ ရက်စက်စွာ ထိုးစိုက်ပစ်ပြီးနောက်၊ သူ့အမဲလိုက် အောင်ပွဲရပစ္စည်းတစ်ခုကို ကြွားလုံး ထုတ်သည့်အလား ခယ်ပေကို လေထဲသို့ မြင့်မားစွာ မြှောက်တင်လိုက်တော့သည်။

ကောက်ကွေးလက်သည်း ရက်စက်နဂါး၏ သဘာဝမှာ တကယ့်ကိုပင် လော့ရှောင်၏ ရက်စက်ကြမ်းကြုတ်သော ဗီဇအမှန်ပင် ဖြစ်ပေသည်။ ဤသွေးဆာနေသော သတ္တဝါကြီး ကို မည်သည့်အချိန်ကတည်းက ဆင့်ခေါ်ထားသည်မသိ... ပတ်ဝန်းကျင်တွင် တိတ်တ ဆိတ် ပုန်းအောင်းနေခဲ့ပုံရပြီး ဤအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

"ပြေး... ပြေးကြတော့..."

လက်သည်းပေါ်တွင် ချိတ်ဆွဲခံထားရသော ခယ်ပေသည် ချက်ချင်း သေဆုံးမသွားသေး ဘဲ... သွေးချင်းနီရဲနေသော မျက်လုံးများဖြင့် ကျူးမင်လန်ရှိရာ ဘက်သို့ စိုက်ကြည့်ရင်း ဤစကားလုံးကို အသည်းအသန် အားယူကာ အော်ပြောလိုက်ရှာသည်။

"မင်းတို့ အားလုံး သေရမယ်" လော့ရှောင်က နောက်ထပ်တစ်ကြိမ် အမိန့်ပေးလိုက်ပြန် သည်၊ ယခုတစ်ကြိမ်တွင်မူ သူ၏ပစ်မှတ်မှာ ကျူးမင်လန် ဖြစ်ပေသည်။

လော့ရှောင်သည် သွေးဆာနေသော အရူးတစ်ယောက် ဖြစ်သော်လည်း သူ၏ အတွေး အခေါ်များမှာမူ ရှင်းလင်းပြတ်သားလှ၏။ သူတို့သုံးယောက်ထဲတွင် ခယ်ပေသည် အသန် မာဆုံးဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသဖြင့်... ခယ်ပေသည် လော့ရှောင် ပထမဆုံး သတ်ဖြတ်ရမည့် အဓိကပစ်မှတ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ယံမှ စတင်ခဲ့သော ကနဦး ခြုံခိုတိုက်ခိုက်မှုမှသည် သတ်ဖြတ်ရန် ရွေးချယ်ခဲ့သည့် အချိန်အခါနှင့် အစီအစဉ် အထိ...

ငွေနှင်းအရုဏ်ဦးနဂါးဖြူက လော့ရှောင်၏ အသက်ကို ခြိမ်းခြောက်နေခဲ့သည့်တိုင် အောင်... လော့ရှောင်က သူ၏ကောက်ကွေးလက်သည်း ရက်စက်နဂါးကို ကြိုတင် ထွက် ပေါ်လာခွင့် မပေးခဲ့ပေ၊ ယင်းမှာ အရေးကြီးဆုံးသော အခိုက်အတန့်တွင် ခယ်ပေအား အဆုံးသတ်နိုင်မည့် သတ်ဖြတ်ခြင်းတိုက်ကွက်ကို ထုတ်ဖော်နိုင်ရန်အတွက်သာ ဖြစ်ပေ သည်။

"အူးဝူး….."

အဖြူလေးသည် ကောက်ကွေးလက်သည်း ရက်စက်နဂါးကို အစောတည်းကပင် အာရုံခံမိ ပြီးဖြစ်ရာ... ၎င်း၏ အတောင်ပံများကို ခတ်နှိပ်လျက် ကျူးမင်လန်ရှိရာ အရပ်ဘက်သို့ ဦးတည်ကာ လေပြင်းများကို တွန်းထုတ်လိုက်၏။ သူ၏ အမွေးအတောင်များအောက်ရှိ မွေးနုလေးများသည် နှင်းခဲလက်နက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေပြင်းများနှင့် အတူ ကောက်ကွေးလက်သည်း ရက်စက်နဂါးဆီသို့ သိပ်သည်းစွာ ပစ်ခတ် စိုက်ဝင်သွားခဲ့ တော့သည်။

ကောက်ကွေးလက်သည်း ရက်စက်နဂါးသည် ရွှေရောင်မီးနဂါးထက် များစွာ ပိုမို အားနည်း ပြီး ခြုံခိုတိုက်ခိုက်ခြင်း၌သာ သိသိသာသာ ကျွမ်းကျင်လှပေသည်။ သို့သော်လည်း အဖြူလေးမှာမူ သူ၏ကြီးထွားမှုအဆင့်သို့ အထင်အရှား ရောက်ရှိနေခဲ့ပြီဖြစ်ရာ အချို့ သော အဆင့်နိမ့် နဂါးစစ်သူကြီးအဆင့် စွမ်းအားနှင့်ပင် ညီမျှနေခဲ့သဖြင့် ၎င်းတို့အကြား စွမ်းရည်ကွာခြားချက်က ကြီးမားလွန်းသည်။ အဖြူလေး၏ နှင်းခဲအပ်စိုက်ချက်များသည် နှင်းခဲလှံစွပ်မုန်တိုင်းတစ်ခုအလား ပြင်းထန်စွာ ဖြတ်သန်းတိုက်ခတ်သွားခဲ့ပြီး... ကောက်ကွေးလက်သည်း ရက်စက်နဂါး တိုက်ခိုက်လာနိုင်မည့် လမ်းကြောင်းမှန်သမျှကို ကျယ်ပြန့်စွာ ပိတ်ဆို့ပစ်လိုက်တော့သည်။

ကောက်ကွေးလက်သည်း ရက်စက်နဂါးသည် ခယ်ပေရော ကျူးမင်လန်ကိုပါ တစ်ပြိုင် တည်း သတ်ဖြတ်ရန် ရည်ရွယ်ထားခဲ့သော်လည်း... ယခုအခါတွင်မူ ကျူးမင်လန်ကို သတ်ဖြတ်မည့် အကြံအစည်ကို စွန့်လွှတ်လိုက်ရချေပြီ။ ထူထပ်လှသော နှင်းခဲအပ်များ၏ တရစပ်ပစ်ခတ်မှုအောက်တွင် ကောက်ကွေးလက်သည်း ရက်စက်နဂါးသည် ဆုတ်ခွာရန် သာ စဉ်းစားမိတော့သော်လည်း... ၎င်း၏ ကျောပြင်တွင် နှင်းခဲအပ်အချို့ အားပြင်းစွာ စိုက်ဝင်ခြင်းကို ခံလိုက်ရသေးသည်။

ကောက်ကွေးလက်သည်း ရက်စက်နဂါးသည် နာကျင်စွာဖြင့် အကြိမ်အနည်းငယ် အော်ဟစ်ညည်းညူလိုက်ပြီးနောက်... ထူထပ်လှသော တောအုပ်ကြီးထဲသို့ လျင်မြန်စွာ ထွက်ပြေးပုန်းအောင်းသွားခဲ့ကာ နောက်ထပ် တစ်ဖန် ပေါ်မလာတော့ပါချေ။

တကယ့်ကို နှမြောစရာကောင်းလှပေသည်၊ အကယ်၍သာ နှင်းခဲအပ်များ ၎င်း၏ကိုယ်ပေါ် သို့ ပိုမိုစိုက်ဝင်ခဲ့လျှင် ကောက်ကွေးလက်သည်း ရက်စက်နဂါး၏ ကျောပြင်ရှိ ကြွက်သား များကို အေးခဲသွားစေမည်ဖြစ်ကာ ၎င်း၏ထွက်ပြေးနှုန်းကို တောင့်တင်း နှေးကွေးသွားစေ မည် ဖြစ်သည်။

"အဖြူလေး... သွားစို့" ကျူးမင်လန်က ရေခဲထိပ်တုံးများထဲမှ ရုန်းထွက်ရန် အသည်းအသန် ကြိုးစားနေသည့် ရွှေရောင်မီးနဂါးကြီးကို တစ်ချက်လှမ်းကြည့်ကာ ပြတ်သားစွာ အော်ဟစ် လိုက်သည်။

ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် အောက်ဘက်သို့ အနိမ့်ပျံသန်းလာပြီး ကျူးမင်လန်ရှိရာ ဘက်သို့ လျှောတိုက်ဝင်လာခဲ့သည်။ ကျူးမင်လန်သည် ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ လက်သည်းကို လှမ်း၍ ဆွဲကိုင်လိုက်ရာ လေထဲသို့ မြောက်တက်သွားတော့သည်။

"ဆရာမ တွမ်လန်... တိုက်ပွဲထဲမှာ အချိန်မဆွဲပါနဲ့တော့"

ခယ်ပေ၏ ကြေကွဲဖွယ် သေဆုံးမှုကြောင့် ထိတ်လန့်တုန်လှုပ်ခြင်းမှ မလွတ်မြောက်သေး သော ဆရာမ တွမ်လန်သည်... ကျူးမင်လန်နှင့် ငွေနှင်းအရုဏ်ဦးနဂါးဖြူတို့ သူမ၏ ဘေးမှ ဖြတ်ပျံသွားစဉ် ကျူးမင်လန် ကမ်းပေးလာသော လက်ကိုသာ အသိစိတ်မဲ့စွာ လှမ်း၍ ဖမ်းဆွဲလိုက်မိတော့သည်။

"ဂလု..."

ကောက်ကွေးလက်သည်း ရက်စက်နဂါးသည် သူတို့ကို ဘေးအန္တရာယ်ကင်းကင်းဖြင့် ကောင်းကင်ယံသို့ ပျံတက်ခွင့်ပေးရန် အစီအစဉ် မရှိချေ။ ဤအသားစားသတ္တဝါကြီးသည် မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဟုန်ဖြင့် သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တက်သွား ခဲ့ပြီးနောက် သစ်ပင်ထိပ်ဖျားမှနေ၍ လှမ်းခုန်လိုက်ကာ... ၎င်း၏ ရှေ့ခြေလက်များကို အရိုးဓားကောက်ကြီးများအဖြစ် ပြောင်းလဲလျက် လေထုထဲတွင် အေးစက်လှသော အလင်းတန်းများနှင့်အတူ ဖြတ်သန်းပိုင်းချလိုက်ပြီး... ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ အောက် တွင် တွဲလောင်းခိုပါလာသော ကျူးမင်လန်နှင့် တွမ်လန်တို့ဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက် တော့သည်။

ထိုအခိုက်အတန့်တွင် ရေတံခွန်နဂါးသည် အချိန်ကိုက် ထွက်ပေါ်လာခဲ့ချေပြီ။ ၎င်း၏ အမြီးကြီးက တောင်တန်းတောအုပ် မြေပြင်ပေါ်မှနေ၍ ဝုန်းခနဲ မြှောက်တက်လာကာ... ကောက်ကွေးလက်သည်း ရက်စက်နဂါးကို လွင့်စင်ထွက်သွားအောင် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ကောက်ကွေးလက်သည်း ရက်စက်နဂါးမှာ စူးရှစွာ အော်ဟစ်လိုက်ပြီး... ဒဏ်ရာများစွာဖြင့် သွေးချင်းချင်းနီလျက် ကျောက်ဆောင်ပုံကြီးထဲသို့ ဝုန်းခနဲ လွင့်စင်ကျသွားခဲ့တော့သည်။

"ဆရာမ တွမ်လန်... ရေတံခွန်နဂါးကို အမြန်ဆုံး ပြန်ရုပ်သိမ်းလိုက်တော့၊ မြန်မြန်" ကျူးမင်လန်က စိုးရိမ်တကြီးဖြင့် အလျင်အမြန် တိုက်တွန်းလိုက်သည်။

အကယ်၍ သူတို့သာ ဝေးဝေးသို့ ရောက်သွားပါက ရေတံခွန်နဂါးသည် စစ်မြေပြင်တွင် ကျန်ရစ်ခဲ့ပေလိမ့်မည်။ ရွှေရောင်မီးနဂါးကြီး ရုန်းထွက်လွတ်မြောက်လာသည်နှင့် တစ်ပြိုင် နက်... သူတို့ထဲမှ မည်သူမျှ အသက်ရှင်လျက် ထွက်ခွာခွင့်ရတော့မည် မဟုတ်ကြောင်း ကောင်းစွာသိရှိထားသဖြင့် ယခုအချိန်တွင် သူတို့ထဲမှ မည်သူမျှ ရပ်တန့်ရန် မဝံ့ရဲကြပါချေ။

ဆရာမ တွမ်လန်သည် သူမလက်ဝါးကို ဆန့်ထုတ်လိုက်ရာ ဆင့်ခေါ်တံဆိပ်တစ်ခု ပေါ်ပေါက်လာခဲ့ပြီး... မြေပြင်ပေါ်ရှိ ရေတံခွန်နဂါး၏ ပတ်လည်တွင် ပိုမိုကြီးမားသော တံဆိပ်တစ်ခုအဖြစ် အသွင်သဏ္ဌာန်ပေါ်လာခဲ့သည်။ ၎င်းမှာ အလွယ်တကူ ဖြတ်သန်း သွားလာနိုင်သည့် ဧရာမ ဆင့်ခေါ်ခြင်းတံခါးကြီးတစ်ချပ်နှင့် ဆင်တူပေသည်။

ရေတံခွန်နဂါးသည် ဆင့်ခေါ်ခြင်းတံဆိပ်အတွင်းသို့ ချက်ချင်း ပျံသန်းဝင်ရောက်သွားခဲ့ပြီး... ငွေနှင်းအရုဏ်ဦးနဂါးဖြူ ကောင်းကင်ယံထက်သို့ မြင့်မားဝေးကွာစွာ မပျံတက်မီ အချိန် ကိုက်ပင် ဆရာမ တွမ်လန်၏ ဝိညာဉ်နယ်မြေအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့တော့ သည်။

"မင်းတို့ ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား" လော့ရှောင်က ခြေလှမ်းကျယ်ကျယ် လှမ်းရင်း ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်သည်။

ရွှေရောင်မီးနဂါးကြီးသည် ၎င်းကို ချည်နှောင်ထားသော ရေခဲသံကြိုးများကို မီးတောက် များဖြင့် အရည်ပျော်စေခဲ့ပြီ ဖြစ်သည်။ ၎င်း၏ ခြေလက်အင်္ဂါများမှာ အအေးဓာတ်ကြောင့် တောင့်တင်းနေခဲ့သော်လည်း... ပြင်းထန်လှသော မီးလျှံများကို အကြိမ်အနည်းငယ်မျှ ထုတ်လွှတ်လိုက်ရုံဖြင့် ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်များကို လျင်မြန်စွာ ပြန်လည် ရရှိလာခဲ့သည်။

နှင်းခဲများကြားမှ ရုန်းထွက်မတ်တတ်ရပ်လာပြီးနောက် ရွှေရောင်မီးနဂါးကြီးသည် လိုက်လံ ဖမ်းဆီးရန် ၎င်း၏ အတောင်ပံများကို ဖြန့်ကျက်တော့မည့် အချိန်မှာပင်... ရုတ်တရက် ဒေါသတကြီး ကြုံးဝါးသံတစ်ခု လေထုထဲတွင် ပြည့်နှက်သွားခဲ့ပြီး သောင်းကျန်းနေသော မြေရွှံ့နဂါးတစ်ကောင်က ရွှေရောင်မီးနဂါးကြီးထံသို့ အရှိန်ပြင်းစွာ ပြေးဝင်ဆောင့်တော့ သည်။

"တိရစ္ဆာန်ကောင်... မင်းက သေချင်နေတာပဲ" လော့ရှောင်က ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။

ဤမြေရွှံ့နဂါးသည် ခယ်ပေ မသေဆုံးမီက ဆင့်ခေါ်ခဲ့သည့် ဒုတိယမြောက် နဂါးသားရဲ ဖြစ်ပေသည်။ လင်းယုန်သားရဲနဂါးကြီး ပျက်စီးသွားပြီး ခယ်ပေ သေဆုံးသွားခဲ့ပြီဖြစ်ရာ... မြေရွှံ့နဂါးသည် တောရိုင်းထဲသို့ ထွက်ပြေးတိမ်းရှောင်သွားနိုင်သော်လည်း ယခုအခါတွင်မူ ၎င်း၏သခင်အတွက် ပြင်းထန်လှသော ကလဲ့စားချေလိုစိတ်ဖြင့် သောင်းကျန်းကာ တိုက်ခိုက်လာခြင်း ဖြစ်၏။

သို့သော် ကံဆိုးလှစွာပင်... နဂါးသားပေါက်အဆင့် မျှသာရှိသော မြေရွှံ့နဂါးသည် အဆင့်မြင့်အဆင့် နဂါးစစ်သူကြီးတစ်ကောင်ကို ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ မရှိပါချေ၊ ၎င်း၏ လုပ်ရပ်မှာ မီးပုံထဲသို့ တိုးဝင်သည့် ပိုးဖလံတစ်ကောင်အလားသာ ဖြစ်ပေသည်။

လော့ရှောင် ဒေါသထွက်ရသည်မှာ ဤအရေထူသော မြေရွှံ့နဂါးကြီးကြောင့် ကျူးမင်လန် နှင့် တွမ်လန်တို့နောက်သို့ လိုက်လံဖမ်းဆီးမည့် သူ့ခရီးစဉ်ကို အချိန်နှောင့်နှေးသွားစေ သောကြောင့်ပင် ဖြစ်၏။

All Chapters