အခန်း ၁၄၁၂
Vol. 95 Ch. 1412
အခန်း ၁၄၁၂: မူပိုင်ခွင့်ချိုးဖောက်?
လိုင်းပေါ်တွင် ဂိမ်းလောကမှာအလွန်ကျယ်ပြန့်သည်။ ဒီအပိုင်းကိုအာရုံစိုက်အလွန်သူများပြီး တချို့ဂိမ်းပရိသတ်များက ဂိမ်းနှင့်ဆိုင်သောဗီဒီယိုများကိုနေ့စဉ်အားပေးကြည့်ရှုသည်အထိပင်။
ထို့ကြောင့် ဗီဒီယိုအတိုပလက်ဖောင်းများကလည်း ထိုလူများ၏စိတ်ဝင်စားမှုနှင့်အကြိုက်ပေါ်မူတည်ပြီး ဂိမ်းဗီဒီယိုများကိုပြကြသည်။
ချန်သုံ့သုံ့က ဒီလိုလူတစ်ယောက်ပင်။
နေ့တိုင်း လိုင်းပေါ်ကဂိမ်းဗီဒီယိုများကိုအာရုံစိုက်ထားသည်။ သူစိတ်ဝင်စားသောဗီဒီယိုတွေ့လျှင်၊ သဘောကျလျှင် ကစားရန် download ဆွဲသည်။
ခါတိုင်းလို ချန်သုံ့သုံ့ကထမင်းစားပြီးနောက် ကွန်ပျူတာရှေ့ရောက်လာပြီး ဂိမ်းနည်းနည်းပါးပါးဆော့ရန်ဖွင့်လိုက်သည်။ ဖွင့်ပြီးနောက် ဖုန်းထုတ်ပြီး ဗီဒီယိုအတိုများလျှောက်ကြည့်သည်။
ဒီနေ့လူ့အဖွဲ့အစည်းမှာ လက်ထဲဖုန်းရှိရင် စက္ကန့်တိုင်းအကျိုးရှိသည်။ သန့်စင်ခန်းဝင်ရင်းတောင် ဗီဒီယိုကြည့်ကြသည်။
တကယ်***ဖြစ်တဲ့မိန်းကလေးနှစ်ယောက်ဗီဒီယိုကိုမြင်ရရင် စိတ်ကျေနပ်စရာကောင်းတာတွေတောင်တန်းဖြစ်နိုင်သည်။
ချန်သုံ့သုံ့က လုံးဝစိတ်မဝင်စားသောဗီဒီယိုနှစ်ပုဒ်ကိုကျော်ပစ်လိုက်သည်။ ရုတ်တရက် ဗီဒီယိုတစ်ပုဒ်ကို သူစိတ်ဝင်စားမိသည်။
ဒီဂိမ်းက လက်တွေ့ဆန်လွန်းပြီး မယုံနိုင်စရာကောင်းသည်!
ချန်သုံ့သုံ့က 'ဂိမ်း'ဟူသောစာလုံးကြောင့် စူးစမ်းကြည့်လိုက်သည်။
ဒါဘယ်လိုဂိမ်းမျိုးလဲ?
ဗီဒီယိုတင်သောဘလော့ဂါကိုတောင် တစ်ချက်ကြည့်လိုက်သည်: သခင်လေးချင်!
သခင်လေးချင်ဗီဒီယိုအကြောင်းအရာကြောင့် ရုတ်တရက် သူစိတ်ပျက်မိသည်။ သခင်လေးချင်မှာ ပရိသတ်အများကြီးရှိသော်လည်း ဗီဒီယိုဂိမ်းဘလော့ဂါမဟုတ်၊ ကြော်ငြာကုမ္ပဏီသူဌေးဖြစ်သည်။
ဒီကိုယ်ပိုင်အကောင့်မှတင်သောဗီဒီယိုကလည်း အလွန်ရှုပ်ထွေးသည်။ နေ့စဉ်ဘဝအကြောင်းဖြစ်သော်လည်း ကြော်ငြာကုမ္ပဏီသူဌေးတစ်ယောက်၏နေ့စဉ်ဘဝအကြောင်းဖြစ်၍ သာမန်လူများစိတ်ဝင်စားပြီး အာရုံစိုက်ခံရသည်။
သို့သော်လည်း ဗီဒီယိုကိုဖွင့်ကြည့်လိုက်သေးသည်။
သူဖွင့်လိုက်သည်နှင့် ဘာမှန်းမသိသောစက်ကိရိယာများတပ်ထားသောလူက လက်သီးထိုးလိုက်၊ရှောင်လိုက်လုပ်နေသည်။
ချင်ရန်သာရှိရင် သူ့ကိုယ်သူမှတ်မိပေလိမ့်မည်။
ချင်လုံ သူ့ကိုရိုက်ထားသောဗီဒီယိုကိုတည်းဖြတ်ထားခြင်းပင်။
ဖန်သားပြင်ကိုကြည့်ရင်း ချန်သုံ့သုံ့မှာမယုံနိုင်ဘဲမျက်လုံးကျယ်သွားသည်။
ဖန်သားပြင်တွင် Optimus Prime က အပြင်ကလူအတိုင်းလိုက်လုပ်နေသည်။
သို့သော် ခဏလေးနှင့် Optimus Prime က Megatron ကိုရှုံးသွားသောကြောင့် သူသေချာမပြောတတ်။
ထို့နောက် ဗီဒီယိုထဲကလူပြောင်းသွားသည်။
အခု ချင်လုံအလှည့်ဖြစ်သည်။
အာရုံခံစက်တပ်ပြီးနောက် သူက Optimus Prime ကိုစထိန်းချုပ်သည်။
ဒီတစ်ကြိမ်တွင် ချန်သုံ့သုံ့ရှင်းရှင်းလင်းလင်းမြင်ရသည်။ ဒုတိယလူထိန်းချုပ်မှုအောက်တွင် Optimus Prime က တထပ်တည်းလိုက်လုပ်သည်။
Optimus Prime ဇာတ်ကောင်ကို ကစားသူများက ဒီအတိုင်းထိန်းချုပ်နိုင်သည်။
နောက်ပြီး ဒုတိယလူ၏နည်းစနစ်က ပထမလူထက်ပိုကောင်းသည်။
သို့သော် နည်းနည်းပိုကောင်းရုံသာ။
အချိန်တိုအတွင်း ထိုလူထိန်းချုပ်ထားသော Optimus Prime လည်း Megatron ကိုရှုံးသွားသည်။
"ဘယ်လောက်ညံ့တဲ့နည်းစနစ်လဲ? ကွန်ပျူတာကိုတောင်မနိုင်ဘူးလား?''
ချန်သုံ့သုံ့မဆဲဘဲမနေနိုင်တော့။
ဒါဘယ်လိုဂိမ်းမျိုးဖြစ်သည်ဟု သူအကြမ်းဖျင်းတွေးမိသည်။
ဒီဂိမ်းထဲတွင် ကစားသူက သူတို့တပ်ထားသောအာရုံခံစက်မှတဆင့် ဂိမ်းဇာတ်ကောင်ကိုထိန်းချုပ်နိုင်သည်၊ တိုက်ခိုက်နိုင်သည်။ ကစားသူကိုယ်တိုင် Megatron ကိုချနေသလိုပင်။
အဲဒီနောက် ဗီဒီယိုထဲတွင်ပေါ်လာသောတတိယကစားသူကိုမြင်ပြီး ချန်သုံ့သုံ့ကြောင်သွားသည်။
သူတစ်ယောက်တည်းမဟုတ်။ ဂိမ်းဗီဒီယိုကိုမြင်သူတိုင်းအံ့ဩပြီး မှတ်ချက်များပလူပျံသွားသည်။
"ရှောင်ချင်ပဲ!''
"အပေါ်ကလူ.. ယဉ်ယဉ်ကျေးကျေးပြောပါ... အဲဒါတော်ဝင်ပညာရှင်ရှောင်ချင်!''
"မြင်းထိန်းသမားလေးရှောင်ချင်!''
"သားရဲထိန်းရှောင်ချင်!''
"စားဖိုမှူးနတ်ဘုရားရှောင်ချင်!''
ချင်လင်နာမည်ကို တစ်ယောက်ပြီးတစ်ယောက်မှတ်ချက်ပေးကြသည်။
အစက သခင်လေးချင်ကို ဘယ်သူမှသိပ်အာရုံမစိုက်မိသော်လည်း ရုတ်တရက် ဒီလူငယ်လေးက ရှောင်ချင်နှင့်ကစားနေမှန်းသိလိုက်ရပြီး အာရုံစိုက်လာကြသည်။
ထို့ကြောင့် ချင်ရန်၏ကိုယ်ပိုင်အကောင့်တွင် ပရိသတ်များမသိမသာတိုးလာသည်။
ဒါလိုင်းပေါ်တွင် ချင်လင်၏လွှမ်းမိုးနိုင်စွမ်းပင်။
ရှောင်ချင်က သူဌေးကြီးမာနှင့်တူသည်။ သူ့မှာကိုယ်ပိုင်အကောင့်မရှိ၊ လိုင်းပေါ်ဘာမှမတင်ရင်တောင် သူပေါ်လာသည်နှင့်နာမည်ကြီးသည်။
မြန်မြန်ဆန်ဆန်ပင် လိုင်းပေါ်ကလူများလည်း ဗီဒီယိုထဲကမြင်ကွင်းကိုစိတ်ဝင်စားလာကြသည်။
ရှောင်ချင်အာရုံခံစက်တပ်ပြီး ဖန်သားပြင်ပေါ်မှ Optimus Prime ကိုထိန်းချုပ်မည့်ပုံအား စောင့်ကြည့်နေကြသည်။
ရှောင်ချင်၏အရည်အချင်းကိုလည်း သိချင်နေကြသည်။
နောက်မြင်ရသောမြင်ကွင်းကြောင့် အားလုံးအံ့ဩသွား၏။
အစပိုင်း ချင်လင်နောက်ပြန်လှန်သည့်တချိန်တည်းလိုလို ဖန်သားပြင်ပေါ်မှ Optimus Prime လည်းနောက်ပြန်လှန်ပြီး Megatron ကိုရှောင်လိုက်သည်။
အဲဒီနောက် ရှောင်ချင်က ကိုယ်ခံပညာနည်းမျိုးစုံနှင့်တိုက်သလို Optimus Prime ကလည်း Megatron ကိုခေါက်တုံ့ခေါက်ပြန်တိုက်သည်။
ဒီနှစ်ဖက်ကြားတိုက်ပွဲက အလွန်ကြည့်ကောင်းသည်။ အထူးသဖြင့် ရှောင်ချင်နှင့် Optimus Prime လှုပ်ရှားမှုကို အနှေးပြကွက်နှင့်သေချာတည်းဖြတ်ထားသည်။ တထပ်တည်းနီးနီးကျသောကြောင့် လန့်စရာတောင်ကောင်းသည်။
ဖန်သားပြင်ပေါ်မှ Optimus Prime နှင့် Megatron တိုက်ပွဲက ရုပ်ရှင်မြင်ကွင်းထက်မညံ့ဟုဆိုရမည်။ အထူးသဖြင့် သတ္တုချင်းပွတ်တိုက်ပြီး မီးပွားများလွှင့်စင်လာပုံပင်။
နောက်ဆုံး Megatron ကို Optimus Prime က အလဲထိုးပစ်လိုက်သည်။
ဗီဒီယိုက ထိုနေရာတွင်ပြီးသွား၏။
သို့သော် လိုင်းပေါ်တွင် ဂိမ်းပရိသတ်များအုတ်အော်သောင်းတင်းဖြစ်သွားသည်။ အတော်များများက ပြန်လည်မျှဝေကြပြီး ချင်ရန်အကောင့်တွင် 'ဘာဂိမ်းလဲ'ဟုမေးသောမှတ်ချက်များပေးကြသည်။
သို့သော် ချင်ရန်က ဘယ်သူ့ကိုမှစာမပြန်။
ဘာဂိမ်းလဲ?
ဘာဂိမ်းမှန်း သူမသိ။ ချင်လင်ကလည်း မပြော။
မပြောသော်လည်း ဂိမ်းကလျှို့ဝှက်ဆန်းကြယ်မှုမြင့်တက်လာသည်။
ချန်သုံ့သုံ့ကဗီဒီယိုကြည့်ရင်း ကွန်ပျူတာဖွင့်ထားသော်လည်း ဂိမ်းကစားချင်စိတ်လုံးဝမရှိ။ သူ့စိတ်တွင် ဗီဒီယိုထဲမှဂိမ်းသာစိုးမိုးနေသည်။
ဒီဂိမ်းက လွတ်လပ်မှုအဆင့်မြင့်သည်ဟုပြောရမည်။ ကစားသူက Optimus Prime ကိုထိန်းချုပ်နိုင်ရုံသာမက Optimus Prime ကိုထိန်းချုပ်ရန် ရှောင်ချင်က တိုက်နည်းအမျိုးမျိုးသုံးသွားသည်ကိုလည်းတွေ့ရသည်။
ဒီလိုဆိုရင် မွေထိုင်း၊ နပန်း၊ ကရာတေး တိုက်နည်းအားလုံး ဂိမ်းမှာအသုံးချနိုင်မည်။
ရှေ့လျှောက်နာမည်အကြီးဆုံး ဂိမ်းတိုက်ပွဲဖြစ်လာတော့မည်။
ဒီအခြေအနေမှာ Penguin အဖွဲ့အစည်းတောင် ဒီလိုဂိမ်းမျိုးမလုပ်နိုင်။
(Penguin ကိုဥပမာပေးတာမှားပြီ။ Penguin မှာ ဂိမ်းဖန်တီးမှုမရှိ၊ သူများဖန်တီးမှုကိုဖျက်ဆီးခြင်းသာရှိသည်။)
သို့သော်လည်း ကမ္ဘာမှာဒီလိုနည်းပညာမျိုးမရှိသေးတာအမှန်ပင်။
သူကတွေးတောပြီး ဂိမ်းအကြောင်းအသေးစိတ်မေးမြန်းချင်သောကြောင့် ချက်ချင်းစကားပြောအဖွဲ့ထဲဝင်လိုက်သည်။
ထိုအဖွဲ့တွင်ဂိမ်းပရိသတ်အများဆုံးရှိပြီး တရုတ်ပြည်မှဂိမ်းနတ်ဘုရားများ၊ဘလော့ဂါများတောင်ပါသည်။ ဂိမ်းကုမ္ပဏီလေးတချို့မှသူဌေးများလည်းပါသည်။
ဂိမ်းလောကမှာလှုပ်ရှားမှုရှိရင် ဒီအဖွဲ့ထဲကတစ်ယောက်ယောက်သိလိမ့်မည်။
အထူးသဖြင့် ဂိမ်းလောကတွင်အနှံ့စပ်ဆုံး အဖွဲ့ခေါင်းဆောင်ပင်။
သို့သော် သူဖွင့်လိုက်သောအခါ လူတိုင်းကဂိမ်းအကြောင်းမေးထားသောကြောင့် သူအံ့ဩသွားသည်။
"ဒါဘာဂိမ်းလဲ ဘယ်သူသိလဲ?''
"ဟုတ်တယ်.. ငါဒီဂိမ်းကိုကြားတောင်မကြားဖူးဘူး''
"မကြားဖူးဘူး.. မေးလို့လည်းမရဘူး''
အဖွဲ့ထဲကဘယ်သူမှမသိ၊ အနှံ့စပ်ဆုံးအဖွဲ့ခေါင်းဆောင်တောင်မသိ။
ချန်သုံ့သုံ့ ဇဝေဇဝါဖြစ်သွားသည်။
ဒီလောက်ထူးဆန်းတာ ဘာဂိမ်းလဲ?
လိုင်းပေါ်တွင် အတော်များများလည်းသိချင်နေကြသည်။
ဒီလောက်လက်တွေ့ဆန်တဲ့ဂိမ်းမျိုး ဘယ်သူမြင်ဖူးလဲ?
ရှောင်ချင် Optimus Prime ကို လက်တွေ့ကျကျနှင့်ခပ်မိုက်မိုက်ကိုင်တွယ်ပုံကိုကြည့်ပြီး မရပ်တန့်နိုင်ကြ။
ကိုယ့်ခန္ဓာကိုယ်လှုပ်ရှားမှုအတိုင်း ဂိမ်းကိုဆော့နိုင်ရင် ဘယ်လိုဖြစ်မလဲတွေးမိကြသည်။
ထို့ကြောင့် လိုင်းသုံးသူများမှာ ဂိမ်းအကြောင်းပတ်မေးကြ၏။
"Optimus Prime နဲ့ Megatron ကိုထိန်းချုပ်တဲ့ဂိမ်းနာမည်လေး ဘယ်သူသိလဲ?''
"သခင်လေးချင်ကစားတဲ့ဂိမ်းကိုသိချင်တာ... အထူးကျေးဇူးတင်ကြမှာပါလို့ပြောပေး!''
"တောင်းဆိုပါတယ်''
ဖြစ်ချင်တော့ ဒီဂိမ်းလုံးဝမရှိသလို ဘယ်သူ့ကိုမှမေးမရ။
ထိုရေပန်းစားမှုက တစ်ပတ်ကြာသည်။
ဂိမ်းအကြောင်းမေးနေကြသည်မှာ တစ်ပတ်ရှိပြီဖြစ်၍ တချို့က သတင်းပေးရင်ဆုချမည်ဟုတောင်စာတင်ကြသည်။
အားလုံးက မထွက်သေးသောဂိမ်းဟုလည်းထင်ကြသည်။ ရှောင်ချင်တို့က စမ်းသပ်အသုံးပြုခွင့်ရထားခြင်းဖြစ်မည်။
'ချင်းလင်ကုမ္ပဏီကတီထွင်ထားတဲ့ဂိမ်းလား' ဟု သိချင်နေသူများလည်းရှိသည်။
သို့သော် အဓိပ္ပါယ်မရှိ။ ချင်းလင်ကုမ္ပဏီလုပ်ငန်းနှင့်ထုတ်ကုန်များက ဂိမ်းနှင့်လုံးဝအဆက်အစပ်မရှိသောကြောင့်ပင်။
တဖက်တွင် တရုတ်ပြည်ရှိ Universal Pictures ကုမ္ပဏီတွင်လည်းသတင်းရသည်။
Dagis လည်း ကုမ္ပဏီနှင့်လက်မှတ်ထိုးထားသောစာချုပ်ကို ကသုတ်ကရက်လိုက်ရှာနေသည်။
Optimus Prime နှင့် Megatron ဂိမ်းရေပန်းစားသောကြောင့် သူတို့ကိုလူသိများလာသည်။
သို့သော် Universal Pictures အတွက် ဒါကအရေးမကြီး။ အရေးကြီးတာက ဂိမ်းအတွက်မူပိုင်ခွင့်ပါမပါဖြစ်သည်။
Dagis က အရင်လက်မှတ်ထိုးထားသောစာချုပ်များကိုလှန်လှောရှာပြီး ဂိမ်းကုမ္ပဏီများကိုသူခွင့်ပြုထားသောစာချုပ်အားလုံးထုတ်လိုက်သည်။
ထို့နောက် သူ့လူများကို ဂိမ်းကုမ္ပဏီတစ်ခုချင်းဖုန်းဆက်ပြီး အခြေအနေမေးမြန်းခိုင်းသည်။
သို့သော် ဂိမ်းလိုင်စင်ရထားသောကုမ္ပဏီများက ဂိမ်းမထုတ်ပါဟုအဖြေထွက်လာသည်။
တနည်းပြောရရင် ဂိမ်းကုမ္ပဏီက သူတို့ကုမ္ပဏီမှာမူပိုင်ခွင့်လာမယူ။ ဒါ မူပိုင်ခွင့်ချိုးဖောက်မှုဖြစ်သည်။
ထိုသတင်းကြားလိုက်ရချိန်တွင် Dagis ရယ်မောလိုက်သည်။ Universal အနေဖြင့် မူပိုင်ခွင့်ချိုးဖောက်ခံရမှာမကြောက်။ အမှန်တကယ် ကြောက်သည်က ထိုပြဿနာကိုလှုံ့ဆော်ဖန်တီးသည့်ကုမ္ပဏီက သိပ်မကြီးဘဲ ရင်းနှီးမြှုပ်နှံမှုအလုံအလောက်မရှိမှာကိုသာဖြစ်သည်။
ဒီလိုဆို အဓိပ္ပါယ်မရှိ။
ဒီဂိမ်းကိုထုတ်သောကုမ္ပဏီက ငွေကုန်ကြေးကျအများကြီးခံထားရမည်။ ဒီလိုဂိမ်းနည်းပညာမျိုး ကမ္ဘာမှာမရှိသေးသောကြောင့်ပင်။
သို့သော် ဒီလိုဂိမ်းမျိုးကိုငွေကုန်ကြေးကျခံပြီး သုတေသနလုပ်သောတဖက်လူက သူတို့ကိုကြော်ငြာခမပေးလို။ အရမ်းကောင်းသည်။
Dagis က ကုမ္ပဏီ၏ဥပဒေရေးရာဌာနတာဝန်ခံကိုချက်ချင်းခေါ်ပြီးညွှန်ကြားသည်_
"အခုချက်ချင်း ကြေညာချက်ထုတ်ပြန်လိုက်ပါ... ငါတို့ရဲ့မူပိုင်ခွင့်တွေကိုကာကွယ်သွားမယ်ဆိုတဲ့အကြောင်း... ခွင့်ပြုချက်မရှိဘဲ မူပိုင်ခွင့်ချိုးဖောက်ခဲ့ရင် အဲဒီဂိမ်းကုမ္ပဏီအနေနဲ့ ငါတို့ဆီချက်ချင်းလာရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်လို့''
"ပြီးတော့..."
သူက ဖြည့်ပြောသည်_
"ချင်းလင်ရှုမျှော်ခင်းကို ဂိမ်းမူပိုင်ခွင့်နဲ့ပတ်သက်ပြီးသတိပေးလိုက်ပါ... ငါတို့ပေးထားတဲ့မူပိုင်ခွင့်ကို ပြင်ပလုပ်ငန်းဆောင်တာအတွက်ပဲသုံးခွင့်ရှိတာ... ဂိမ်း ဒါမှမဟုတ် တခြားကဏ္ဍမှာ သုံးလို့မရဘူးလို့ပြောလိုက်ပါ"
သူက ရှောင်ချင်အကြောင်းကိုစုံစမ်းပြီးဖြစ်သည်။ ထိုသူက ချင်းလင်ကုမ္ပဏီမှဖြစ်သောကြောင့် ဒီဂိမ်းကို ချင်းလင်ကုမ္ပဏီကဖန်တီးတာဖြစ်ဖို့များသည်။ သို့သော် ခိုင်လုံသော သက်သေအထောက်အထားမရှိသည့်အတွက် လောလောဆယ်သတိပေးရုံသာရမည်။
ဒီသတင်းမှန်ရင် တဖက်က လျော်ကြေးအမြောက်အမြားပေးရလိမ့်မည်။
Universal Pictures ၏ကြေညာချက်က လိုင်းပေါ်အမြန်ပြန့်သွားပြီး အံ့ဩကုန်ကြသည်။
လူတိုင်းမေးမြန်းစူးစမ်းနေကြသည့်ဂိမ်းက Universal Pictures ထံမှတရားဝင်ခွင့်ပြုချက်ရထားခြင်းမရှိဆိုသည်က တကယ်ထင်မှတ်မထားစရာပင်။
ဘာပဲဖြစ်ဖြစ် ဒီလိုဂိမ်းမျိုးဖန်တီးနိုင်သည့်ကုမ္ပဏီက အလွန်အင်အားတောင့်တင်းရမည်။ မူပိုင်ခွင့်ကြေးမပေးနိုင်စရာအကြောင်းမရှိဘူးဟုတ်?
ယခု Universal Pictures က ဒီလိုကြေညာချက် ထုတ်ပြန်လိုက်ပြီဖြစ်၍ ငွေညှစ်ချင်ကြောင်းသိသာသည်။
ဘာပဲဖြစ်ဖြစ် မူပိုင်ခွင့်ချိုးဖောက်မှုအတွက်ပေးရမည့်လျော်ကြေးက ပုံမှန်မူပိုင်ခွင့်ကြေးထက် အဆပေါင်းများစွာပိုများသောကြောင့်ပင်။
တစ်ကမ္ဘာလုံးကသာ ဒီကိစ္စကိုတိုက်တွန်းလာရင် Optimus Prime နှင့် Megatron ပုံကိုမပြောင်းမချင်း စျေးကွက်ထဲဂိမ်းကိုဖြန့်ချိခွင့်မရသည်အထိဖြစ်သွားနိုင်သည်။
Universal Pictures ၏ကြေညာချက်ကြောင့် အကြီးအကျယ်ဂယက်ထပြီး ဂိမ်းသတင်းကို စောင့်မျှော်နေကြသည့်ကစားသမားများပါ စိုးရိမ်ပူပန်ရသည်ဟုဆိုနိုင်သည်။
သို့သော် မကြာမီဖြစ်တော့မည်အရာကြောင့် လူတိုင်းပါးစပ်အဟောင်းသားဖြစ်ရမည်ကိုမသိကြသေး။
ဒါဘယ်လိုလုပ်ဂိမ်းဖြစ်မလဲ?