← Chapters

အခန်း ၁၄၁၃

Vol. 95 Ch. 1413

အခန်း ၁၄၁၃

Vol. 95 Ch. 1413

အခန်း ၁၄၁၃: လန့်စရာ!

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က နေ့စဉ်တာဝန်များအပြီးတွင် ဖုန်းကိုင်လိုက်ရာ Universal Pictures ၏ကြေညာချက်ကိုတွေ့ရသည်။

ချင်ရန်တင်ထားသောဗီဒီယိုကို တကယ်ဂိမ်းဟုထင်နေကြသည်။

ထိုအချိန်တွင် လင်းလန်ဇီဖုန်းဝင်လာသောကြောင့် သူဖုန်းကိုင်လိုက်သည်။ လင်းလန်ဇီစိတ်ပူနေသောအသံထွက်လာ၏_

"ဥက္ကဌချင်.. Universal Pictures က လာစုံစမ်းတယ်... လိုင်းပေါ်ကဂိမ်းကို ကျွန်မတို့လုပ်သလားတဲ့... သတိပေးသွားတယ်''

ထိုသတင်းကြားပြီး ချင်လင်ရယ်လိုက်သည်။ သူက ဂရုမစိုက်ဘဲ_

"အဲဒီအတွက်မပူပါနဲ့... ရတယ်''

သူဌေးစကားကြောင့် လင်းလန်ဇီစိတ်သက်သာရာရသွားသည်။

ဖုန်းချပြီးနောက် ချင်လင်က ရုံးခန်းအပြင်ထွက်ပြီး စိုက်ပျိုးရေးဌာနသွားသည်။

"ဥက္ကဌချင်!''

ယွီရွှေ့က ချက်ချင်းသူ့ဆီရောက်လာသည်။

"တစ်ချက်သွားကြည့်ရအောင်!''

ချင်လင်က ခေါင်းညိမ့်ပြသည်။

ယွီရွှေ့က ချက်ချင်းလမ်းပြ၏။ သူတို့က စိုက်ပျိုးရေးဌာနအပြင်ထွက်ပြီး လိုက်ကာများဖုံးထားသောမြေကွက်တစ်ကွက်ဆီရောက်လာသည်။

ဖုံးအုပ်ထားသောလိုက်ကာများမှာအတော်မြင့်နေပြီဖြစ်ပြီး သုံးမီတာနီးနီးရှိမည်။

ဒီနေရာမှာဘာစိုက်ထားလဲ ချင်လင်သိသည်။ ကမ္ဘာ့စမ်းရေနံပါတ် ၁၁ နှင့်မျိုးပြောင်းထားသောသီးနှံကြီးပင်။

အထဲဝင်လိုက်သောအခါ ဖရံသီးအကြီးကြီးများကို ချင်လင်တွေ့ရသည်။ ဖရုံသီးတစ်လုံးတစ်လုံးကို တစ်မီတာခွဲကျော်မည်။

နောက်ပြီး အပြင်မှာမြင်ရသောဖရုံသီးများက ဂိမ်းထဲမှာထက်ပိုလန့်စရာကောင်းသည်။

ဒါစိတ်ပိုင်းဆိုင်ရာခံစားချက်ဖြစ်ကောင်းဖြစ်မည်။

ဘာပဲဖြစ်ဖြစ် အပြင်မှာ ဒီလောက်ကြီးတဲ့ဖရုံသီးရှိဖူးလို့လား?

ဖရုံသီးခင်းကိုဖြတ်ပြီးနောက် ခရမ်းသီးခင်းထဲရောက်လာသည်။ ခရမ်းသီးပင်များက စိမ်းစိမ်းစိုစိုသစ်ပင်ငယ်လေးနှင့်တူသော်လည်း နှစ်မီတာနီးနီးရှည်သောခရမ်းသီးကြီးများက တွဲလောင်းကျနေသည်။

ခရမ်းသီးဖုတ်စားရင် အတော်အရသာရှိလိမ့်မည်။ ခရမ်းသီးများက အရွယ်အစားကြီးသည့်အပြင် အရသာ +၁၊ အတွေ့အထိ +၁ အရည်အသွေးလည်းရှိသည်။

ယွီရွှေ့က မချီးကျူးဘဲမနေနိုင်_

"ဥက္ကဌချင်.. ခင်ဗျားပျိုးထောင်ထားတဲ့သီးနှံတွေက တကယ်အံ့ဩစရာပဲ... အရွယ်အစားကြီးရုံတင်မကဘူး... ကြီးထွားနှုန်းကလည်း သာမန်သီးနှံထက်ပိုမြန်တယ်... ကျွန်တော်စစ်ဆေးထားချက်အရတော့ မကြာခင်မှည့်လိမ့်မယ်''

"ကောင်းတယ်''

လက်အောက်ငယ်သားတွေအလုပ်ကောင်းကောင်းလုပ်ရင်ချီးကျူးဖို့ ချင်လင်ဘယ်တော့မှပါးစပ်မနှေး။

"ဥက္ကဌချင်.. ဒီသီးနှံကြီးတွေကို ရှေ့လျှောက်အသုံးချဖို့ထိန်းသိမ်းထားရမလား?''

ယွီရွှေ့ကမေးပြန်သည်။

ချင်လင်က အခင်းထဲမှသီးနှံကြီးများကိုကြည့်ရင်း ခဏတွေးပြီးနောက်_

"မျိုးစေ့တဝက်ကိုသိမ်းထားပါ... ကျန်တဲ့တဝက်ကို ရှုမျှော်ခင်းလှုပ်ရှားမှုအတွက်အသုံးချမယ်... ဒါမှမဟုတ် ခရီးသည်တွေဓာတ်ပုံရိုက်ရအောင်ဖွင့်ပေးမယ်''

ဒီမျိုးစေ့တွေက သူလိုချင်တဲ့အခြေအနေမျိုးမရှိ။ ဒီမျိုးစေ့တွေကိုယူပြီး သတ္တုမြို့တော်မျိုးစေ့စက်မှာထုတ်ချင်သည်။

"ကောင်းပါပြီ ဥက္ကဌချင်!''

ယွီရွှေ့ခေါင်းညိမ့်လိုက်သည်။

ချင်လင်နှင့်ယွီရွှေ့က သီးနှံကြီးများအခင်းထဲလျှောက်ပတ်ပြီးမှပြန်ထွက်လာကာ အပန်းဖြေစံအိမ်ပြန်လာသည်။

သူစံအိမ်ရောက်သောအခါ ပါမောက္ခဝမ်ဖုန်းဆက်လာသည်။

သူဖုန်းကိုင်လိုက်သည်။

ပါမောက္ခဝမ်အသံထွက်လာ၏_

"Optimus Prime နဲ့ Megatron ကို အသေးစိတ်လုပ်ပြီးပါပြီ... မကြာခင် ရှုမျှော်ခင်းမှာအသုံးချနိုင်ပါမယ်... ဒါပေမဲ့ ဒီစက်ရုပ်တွေရဲ့အလုပ်လုပ်ပုံကိုသိအောင် ရှုမျှော်ခင်းကနှစ်​ယောက်လွှတ်ပေးဖို့လိုပါတယ်''

"အင်း.. သိပြီ''

ချင်လင်ကဖုန်းချပြီး လင်းလန်ဇီကိုဆက်လိုက်သည်။

Optimus Prime နှင့် Megatron ကို ရှုမျှော်ခင်းမှာထားမည်ဖြစ်၍ တာဝန်ခံလင်းလန်ဇီနှင့် ဆက်လုပ်ရမည့်လုပ်ငန်းစဉ်ကိုဆွေးနွေးရမည်။

လင်းလန်ဇီမှာ Universal Pictures ကိစ္စဖြေရှင်းပြီးခါစရှိသေးသည်။

ဘာပဲဖြစ်ဖြစ် တဖက်က မူပိုင်ခွင့်ချိုးဖောက်မှုအတွက်စာပို့စုံစမ်းသောကြောင့် ပြန်ဖြေရှင်းရသည်။ သူတို့ဒီအပိုင်းမှာဂိမ်းထုတ်ထားခြင်းမရှိ၍ မူပိုင်ခွင့်ချိုးဖောက်မှုမရှိ။

တဖက်က ဘာမှထပ်မမေးတော့ဘဲ ဂိမ်းထုတ်သောကုမ္ပဏီကို သေချာပေါက်ရှာမည်၊ မဟုတ်ရင် ဂိမ်းထုတ်ခွင့်မပေးဟုသာပြောသည်။

သူဌေးကဖုန်းဆက်လာသောကြောင့် ချက်ချင်းဖုန်းကိုင်လိုက်သည်။

"အစ်မလင်း.. အစ်မနဲ့မန်နေဂျာချန်က တောင့်တောင့်ဖြောင့်ဖြောင့်အငြိမ်းစားစ*စ်သားနှစ်ယောက်ရွေးလိုက်ပါ... ပြီးရင် ကျွန်တော်နဲ့ချင်းလင်ဓာတ်ခွဲခန်းသွားမယ်''

ချင်လင်ကပြောသည်။

"ကောင်းပါပြီ ဥက္ကဌချင်''

ချင်လင်ဘာလုပ်မည်မှန်း လင်းလန်ဇီမသိသော်လည်း သူမသူဌေးအကြောင်းသိသည်။

သူဌေးကစကားတည်သူတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျညွှန်ကြားသောကိစ္စက သေးသေးမွှားမွှားမဖြစ်နိုင်။

သူမဘက်ကလုပ်စရာရှိတာလုပ်ရမည်။

လင်းလန်ဇီလည်း ချန်တပေကိုချက်ချင်းဆက်သွယ်လိုက်သည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ကသူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းမှာသွားတူးစေသည်။

ဒီတစ်ခါ နှစ်လွှာဆက်တိုက်တူးလိုက်သော်လည်း ကံမကောင်း။ ထိုနှစ်လွှာမှာဘာမှမရသောကြောင့် ဆက်မတူးဘဲထားလိုက်သည်။

ဂိမ်းဇာတ်ကောင်အဆင့်တက်ရင် အလွှာအများကြီးဖွင့်ပေးမှာမဟုတ်။

နွေဦးသတ္တုတွင်းမှာ အချိန်ကုန်ခံပြီးတူးလိုက်သောကြောင့် ရေကန်သတ္တုတွင်းကိုသူတန်ဖိုးထားရမည်။ သူကံမကောင်းရင် အချိန်ကုန်မခံ။ တစ်နေ့ ဝမ်ချိုင်-ျီးကိုတက်နင်းမိမှကံကောင်းပြီး ပစ္စည်းကောင်းရချင်ရနိုင်သည်။

အဲဒီနောက် ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်သွားစေသည်။ ဖြစ်ချင်တော့ သတ္တုမြို့တော်ဂိမ်းဇာတ်ကွက်များက ခက်သည်ထက်ခက်လာ၏။

ဂိမ်း NPC များက သူ့ကိုလာမရှာကြ။ ကြည့်ရတာ ဇာတ်ကွက်မစ်ရှင်ရမည့်ပုံမရှိချေ။

မကြာမီ လင်းလန်ဇီနှင့်ချန်တပေရောက်လာသည်။

ချန်တပေနောက်တွင် သန်သန်မာမာလူနှစ်ယောက်ပါသည်။

ထိုလူငယ်နှစ်ယောက်က ယောက်ျားပီသသောမျက်နှာထားများနှင့် တောင့်တောင့်ဖြောင့်ဖြောင့်လမ်းလျှောက်လာကြ၏။ တစ်ချက်ကြည့်ရုံနှင့် စ*စ်တပ်မှဖြစ်ကြောင်းသိနိုင်သည်။

"ဥက္ကဌချင်.. မန်နေဂျာချန်က ခေါ်လာပါပြီ''

လင်းလန်ဇီက တံခါးဝရောက်ရောက်ချင်း အစီရင်ခံသည်။

"ဥက္ကဌချင်.. ဒီနှစ်ယောက်က လင်းရိဆန်းနဲ့ဟွမ်ယွမ်ပါ... အငြိမ်းစားအထူးတ*ပ်ဖွဲ့ဝင်တွေဖြစ်ပြီးတော့ လုံခြုံရေးဌာနရဲ့အရံအဖွဲ့ခေါင်းဆောင်တွေလည်းဟုတ်ပါတယ်... ကျွန်တော်တို့လုံခြုံရေးဌာနမှာ သူတို့ကအတော်ဆုံးပါပဲ... မာဟုန်တို့တော့ မပါဘူးပေါ့''

All Chapters