← Chapters

အခန်း ၁၄၁၆

Vol. 95 Ch. 1416

အခန်း ၁၄၁၆

Vol. 95 Ch. 1416

အခန်း ၁၄၁၆: လမ်းဘာလို့ပိတ်? ၂

အမျိုးသားထုကြီးအတွက် လုံးဝစံပြပင်။

Elba စကားကြောင့် ချင်လင်ကတစ်ခုခုတွေးမိပုံရပြီး တောင်တက်လမ်းပြန်ကာ ဂိမ်းထဲမှထွက်လိုက်သည်။ သူ့ရုံးခန်းတွင်ကွန်ပျူတာကိုဖွင့်ပြီး တပိုင်ရုပ်ရှင်များလိုက်ရှာသည်။

ရုပ်ရှပ်ထဲတွင် တပိုင်ကြီးက အူကြောင်ကြောင်ချစ်စရာစက်ရုပ်ကြီးဖြစ်၍ Elba အဖေလိုချင်သည့်ပုံစံအတိုင်းကွက်တိပင်။

ချင်လင်က Tablet တစ်လုံးနှင့်ရုပ်ရှင်များ download ဆွဲသည်။ ထို့နောက် ဂိမ်းထဲပြန်ဝင်သည်။

Elba နှင့်တွေ့သောအခါ tablet ပေးပြီး တပိုင်ကြီးရုပ်ရှင်ကိုဖွင့်ပြသည်။

Elba က ဗီဒီယိုကြည့်ရင်း တပိုင်ကြီးနှင့်အဓိကဇာတ်ကောင်ကိုစိတ်ဝင်စားသွားပြီး_

"အံ့ဩစရာကောင်းလိုက်တာ... အဖေလုပ်ချင်တာ ဒါမျိုးဖြစ်မယ်''

Elba သဘောကျသည်ဆိုမှ ချင်လင်သက်ပြင်းချနိုင်သည်။ နံပါတ်တစ်မှင်စာလက်မှုပညာရှင်သာ တပိုင်ကြီးကိုလုပ်နိုင်ရင် နည်းပညာဒီဇိုင်းကိုလှည့်စားယူနိုင်မလား သူတွေးနေသည်။

တပိုင်ကိုအင်တာဗျူးရင်၊ သူ့မှာဘာအသိဉာဏ်မှမရှိရင်တောင် တခြားစက်ရုပ်တွေထက်ပိုအံ့ဩစရာကောင်းနိုင်သည်။

Elba က စကားတည်သူပင်။ တပိုင်ဗီဒီယိုရပြီးနောက် အရင်တစ်ခါပစ္စည်းဝှက်သောကျောက်ဆောင်ကြီးနောက်ပြေးသွားပြီး ဒီဇိုင်းစာလိပ်ရှည်ကြီးတစ်ခုထုတ်လာကာ ချင်လင်ကိုပေးသည်_

"လူသားမိတ်ဆွေ.. ဒါမင်းလိုချင်တဲ့ဒီဇိုင်းပဲ''

ချင်လင်ကဒီဇိုင်းယူပြီး အမှတ်တမဲ့ကျောက်တုံးကြီးကိုကြည့်လိုက်သည်။

Elba က ဒီကျောက်တုံးကြီးနောက်က ပစ္စည်းတွေယူယူလာသည်။

အဲဒီနောက်မှာ ထူးထူးခြားခြားတစ်ခုခုများရှိမလား?

Elba က သူ့ကိုဒီဇိုင်းပေးပြီး tablet ယူကာထွက်သွားသည်။

ထို့ကြောင့် ချင်လင်ကကျောက်တုံးကြီးနောက်ပြေးကြည့်သော်လည်း ထူးထူးခြားခြားဘာမှမရှိ၊ ဘာမှမတွေ့ရချေ။

သူလည်းလက်လျှော့ပြီး ဒီဇိုင်းအသစ်နှင့်တောင်တက်လမ်းပြန်လာကာ ဂိမ်းထဲမှထွက်လိုက်သည်။

ရုံးခန်းထဲပြန်ရောက်သောအခါ ချင်လင်ကဒီဇိုင်းအသစ်ကိုဖြန့်ပြီး အရင်တစ်ခုနှင့်နှိုင်းယှဉ်ကြည့်သည်။

ဒီဇိုင်းအသစ်ဖွဲ့စည်းမှုအတော်များများက အရင်တစ်ခုနှင့်မခြားသော်လည်း တချို့နေရာမှာ အတော်ကွာသည်။

တကယ်တော့ အသွင်ပြောင်းနိုင်သော Optimus Prime နှင့် Megatron ကိုဖန်တီးရန် အစိတ်အပိုင်းအသစ်တွေအများကြီးလုပ်ရမည်။

သို့ရာတွင် အသင့်ဆွဲပြီးသားဒီဇိုင်းဖြစ်၍ အရွယ်အစားပြန်ပြင်စရာမလို။ ပုံစံငယ်အတိုင်းဒီဇိုင်းထုတ်ရုံပင်။

ချင်းလင်ဓာတ်ခွဲခန်း၏လက်ရှိအင်အားအရ အလွယ်တကူလုပ်နိုင်သည်။

ချင်လင်က ဒီဇိုင်းကိုသိမ်းပြီး အပန်းဖြေစံအိမ်မှထွက်လာ၏။

ချင်းလင်ဓာတ်ခွဲခန်းရောက်သောအခါ ပါမောက္ခဝမ်ကိုတွေ့ရသည်။ သူက သုတေသီတစ်ယောက်နှင့်အတူရှိနေပြီး ဒီဇိုင်းပုံစံတစ်ခုကိုရှင်းပြနေသည်။ ပြေးစက်လိုလမ်းကြောင်းပါသောစက်တစ်ခုပင်။

အကူထိန်းချုပ်နိုင်သောစက်ဖြစ်ပြီး ရုပ်ရှင်ထဲမှနံပါတ်တစ်ကစားသူ၏စက်နှင့်ဆင်သည်။

​ထိုစက်၏အားသာချက်မှာ ထိန်းချုပ်သူက Optimus Prime နှင့် Megatron ကို မိုင်ပေါင်း ၁၀၈၀၀၀ ပြေးခိုင်းရင်တောင် သူကတစ်နေရာတည်းမှာတင်ပြေးနေနိုင်သည်။

သူတို့သာ မိုင် ၁၀၈၀၀၀ ပြေးနိုင်မယ်ဆိုရင်ပေါ့။

"ဥက္ကဌချင်''

ပါမောက္ခဝမ်က ချင်လင်အား_

"ဒါလုပ်ဖို့အချိန်နည်းနည်းပေးရမယ်... အချိန်ကျရင် ထိန်းချုပ်ရပါလိမ့်မယ်''

"ပါမောက္ခဝမ်.. ခင်ဗျားအရည်အချင်းကို ကျွန်တော်ယုံတယ်!''

ချင်လင်လည်း ဒီဇိုင်းအသစ်ထုတ်ပြီး ပါမောက္ခဝမ်ကိုပေးကာ_

"ဒီဒီဇိုင်းကိုအရင်ကြည့်လိုက်ပါဦး... ကျွန်တော် Optimus Prime နဲ့ Megatron ကိုအဆင့်မြှင့်ထားတယ်''

ပါမောက္ခဝမ်က ဒီဇိုင်းကိုဖွင့်ကြည့်လိုက်သည်။

Optimus Prime နှင့် Megatron ဒီဇိုင်းမှန်းသိသော်လည်း တစ်ခုခုထူးခြားနေသည်ကို သူချက်ချင်းသတိထားမိသည်။ သူကအံ့ဩပြီးရေရွတ်လိုက်၏_

"ဥက္ကဌချင်.. အရင် Optimus Prime နဲ့ Megatron တောင် အံ့ဩဖို့ကောင်းလှပြီ... အခုအဆင့်မြှင့်လိုက်တာက ရုပ်ရှင်ထဲကလိုပုံပြောင်းနိုင်တာပဲ... ပြီးတော့ အသွင်ပြောင်းစနစ်နဲ့အသံပြောင်းစက်ကလည်း အံ့ဩစရာကောင်းတယ်''

ပါမောက္ခဝမ် မလေးစားဘဲမနေနိုင်။

ဒါ ဥက္ကဌချင်အသစ်လုပ်ထားတာမလား?

မဟုတ်ရင် သူ့ကိုဒီဇိုင်းအသစ်ပေးတာကြာပေါ့? သူလည်း ပုံပြောင်းမရတဲ့စက်ကို ဒုက္ခခံလုပ်စရာမလို။

ဥက္ကဌချင်ဒီကပြန်မှ ရုတ်တရက်အကြံရတာ​ဖြစ်မည်။

ဒါပေမဲ့ ဒီအရှိန်ကမြန်လွန်းသည်။

နောက်ပြီး ဒီဒီဇိုင်းမှာပါတဲ့အသွင်ပြောင်းနည်းနှင့်ဖွဲ့စည်းပုံများက လုံးဝသာမန်မဟုတ်။

သာမန်မဟုတ်သော်လည်း ဥက္ကဌချင်က အချိန်တိုအတွင်း အလွယ်တကူလုပ်ချလိုက်ပြီ။

ထို့နောက် ပါမောက္ခဝမ်က ဒီဇိုင်းကိုအသည်းအသန်စကြည့်သည်။

ဒီဒီဇိုင်းအသစ်ကြောင့် Optimus Prime နှင့် Megatron ကို အသစ်ပြန်လုပ်ရမည်။

အချိန်ထပ်ကြာဦးမည်။

ချင်လင်က ပါမောက္ခဝမ်ကိုဒီဇိုင်းပေးပြီး ချင်းလင်ရှုမျှော်ခင်းသွားကာ လင်းလန်ဇီကိုရှာသည်။

လင်းလန်ဇီကလည်း ချင်လင်ကိုအကြံပြုချက်ပေးသည်_

"ဥက္ကဌချင်.. တစ်ချက်ကြည့်ပါဦး... ဒါ Optimus Prime နဲ့ Megatron အတွက်အကြံပြုချက်ပါ''

"ကျွန်မ မာတီမီဒီယာဌာနကလူတွေကို သက်ဆိုင်တဲ့ရုပ်ရှင်တွေကြည့်ခိုင်းထားတယ်... Optimus Prime နဲ့ Megatron ပြောတတ်တဲ့စကားတချို့ကို သူတို့ချရေးထားတယ်... Megatron က 'ကမ္ဘာကြီးကိုဖျက်ဆီးမယ်'ဆိုတဲ့စကားမျိုးပြောလိမ့်မယ်''

"အချိန်ကျရင် ပါမောက္ခဝမ်က Optimus Prime နဲ့ Megatron ခေါင်းမှာအသံလွှင့်စက်တပ်မယ်... မာတီမီဒီယာဝန်ထမ်းတွေက ရုပ်ရှင်ထဲကအသံအတိုင်းလုပ်ယူမယ်''

"ဒါဆိုပြီးပြည့်စုံတဲ့လုပ်ဆောင်ချက်ဖြစ်သွားလိမ့်မယ်...''

ချင်လင်က အစီအစဉ်နားထောင်ပြီး ကန့်ကွက်စရာမရှိ။

လင်းလန်ဇီက ဒီအကြံပြုလွှာသူ့ကိုပြမှတော့ ဒါချင်းလင်ရှုမျှော်ခင်းရဲ့နောက်ဆုံးအစီအစဉ်ဆိုတဲ့သဘော။

သူ့ဘာသာစီစဉ်ရင်တောင် ရှုမျှော်ခင်းကလင်းလန်ဇီတို့ထက်ပိုကောင်းမည်မထင်။ အစီအစဉ်ကပြဿနာမရှိသောကြောင့် ဒီအတိုင်းလုပ်ခွင့်ပေးလိုက်သည်။

"ချင်းလင်ရှုမျှော်ခင်းမှာ Optimus Prime နဲ့ Megatron ရဲ့လမ်းကြောင်းကို စီစဉ်ပြီးပြီလား?''

ချင်လင်က လင်းလန်ဇီကိုမေးသည်။

Optimus Prime နှင့် Megatron ရှုမျှော်ခင်းကိုရောက်လာရင် ခရီးသည်တွေအားလုံးဝိုင်းကြည့်ကြမည်။ အဲဒီကျရင် သူတို့ကလမ်းကြောင်းစီစဉ်ထားပြီး ချန်တပေတို့လုံခြုံရေးအစောင့်များကိုအတားအဆီးလုပ်ခိုင်းရမည်။

All Chapters