အခန်း ၁၄၁၈
Vol. 95 Ch. 1418
အခန်း ၁၄၁၈: သူတို့က?
ရုံချန်းတတိယပတ်လမ်းနှင့်အမျိုးသားလမ်းမကြီးမှာ ချင်းလင်ဓာတ်ခွဲခန်းမှချင်းလင်ရှုမျှော်ခင်းသို့အနီးဆုံးလမ်းများဖြစ်သည်။
ညနေပိုင်းတွင် ထိုလမ်းကိုဖြတ်သွားသောခရီးသည်များနှင့်ရုံချန်းသားများမှာ တစ်လမ်းလုံးယာဉ်ထိန်းရဲများပြည့်နေသောကြောင့် အံ့ဩနေကြသည်။
ကြည့်ရတာ ကြီးကြီးမားမားဖြစ်တော့မည်။ မဟုတ်ရင် ဒီလောက်ရုတ်ရုတ်ရုတ်ရုတ်ဖြစ်မလား?
ယာဉ်ထိန်းရဲများက ယာယီဆိုင်းဘုတ်များသာထောင်ထားသည်ကို မကြာမီသိသွားကြသည်။
ဒီလိုယာယီဆိုင်းဘုတ်မျိုးကို ကားရှိသူများနားလည်ကြသည်။ ယာယီလမ်းအသုံးပြုခွင့်ပိတ်ပင်သောအခါအသုံးပြုလေ့ရှိပြီး ပိတ်ပင်သောအချိန်ကာလကိုလည်း တပါတည်းဖော်ပြထားတတ်သည်။
ကျွမ်ရှင်းရွေ့မှာ မင်စီရင်စုပြည်နယ်မြို့တော်မှဖြစ်ပြီး သူ့တွင်နောက်ဆုံးပေါ် Panamera ကိုယ်ပိုင်ကားတစ်စီးရှိသည်။
ထို့ကြောင့် မကြာခဏပတ်မောင်းလေ့ရှိသည်။
ရုံချန်းလာတာ ဒါပထမဆုံးမဟုတ်။ ရုံချန်းမှာယာဉ်လမ်းကြောပိတ်သောအတွေ့အကြုံတောင်ရဖူးသည်။ ၁၀ မိနစ်ခရီးကို ၂ နာရီကြာခဲ့သည်။
အဲဒီအချိန်က ယာဉ်လမ်းကြောပိတ်လွန်း၍စိတ်ပျက်ရသည်။ ချင်းလင်ရှုမျှော်ခင်းကြောင့်သာမဟုတ်ရင်၊ သူ့အရင်ကောင်မလေးက အပူအပင်ကင်းပြီး သူ့ကိုစိတ်မပျက်အောင်လုပ်ပေးခဲ့ခြင်းကြောင့်သာမဟုတ်ရင်၊ သူဆဲနေခဲ့လိမ့်မည်။
အခုတော့ ကောင်မလေးအသစ်နှင့်။
သူမက ချင်းလင်ရှုမျှော်ခင်းမှာပိုးစုန်းကြူးကြည့်ချင်သည်ဆိုသောကြောင့် ဒီခေါ်လာခဲ့သည်။
သူက တတိယပတ်လမ်းအတိုင်းပတ်လာ၏။
ဒီလမ်းက မနက်ဖြန်နေ့လယ် ၂ နာရီပိတ်မည်ဆိုသောကြောင့် သူစညည်းလိုက်သည်_
"ဒီရုံချန်းက ဘာတွေလုပ်နေတာလဲ? ကိုယ့်ယာဉ်လမ်းကြောအခြေအနေကိုရောသိရဲ့လား? လမ်းပိတ်မယ်?''
သူပုံစံကြောင့် ကောင်မလေးအသစ်ကမရယ်ဘဲမနေနိုင်_
"ရုံချန်းယာဉ်လမ်းကြောကို ဘာလို့ဒီလောက်ညည်းနေတာလဲ?''
ကျွမ်ရှင်းရွေ့က ကောင်မလေးအသစ်ကိုကြည့်ရင်း ရှင်းပြသည်_
"တစ်ခါတလေလမ်းပိတ်တာ အရမ်းဆိုးတယ်... ၁၀ မိနစ်ခရီးကို ၂ နာရီလောက်ပိတ်တယ်... ဒါတောင် လမ်းပိတ်မယ်လုပ်နေသေးတယ်... ရူးနေတာလား?''
သူ့ကောင်မလေးအသစ်က_
"ဒါအခြေအနေအသစ်တစ်ခုဖြစ်မှာပေါ့... အဲဒါကြောင့် ပိတ်တာလားမသိ? ရုံချန်းနဲ့ချင်းလင်ရှုမျှော်ခင်းမှာ ပြဿနာအများကြီးရှိပုံရတယ်... လူတွေအမြဲလာကြလို့လေ''
တခြားအမြင်နှင့်ကြည့်မှ လက်ခံနိုင်စရာရှိသည်ဟု ကျွမ်ရှင်းရွေ့ထင်မိသည်။ ထိုအကြောင်းရင်းကို သူမျှော်လင့်စောင့်စားမိသည်။
ကျွမ်ရှင်းရွေ့သာမက ခရီးသည်များ၊ရုံချန်းသားများလည်း ဒီအခြေအနေကိုမြင်ပြီး သိချင်နေကြသည်။
အထူးသဖြင့် ရုံချန်းသားများပင်။ တတိယပတ်လမ်းဖွင့်ပြီးကတည်းက သွားလာခွင့်ပိတ်တာ ဒါပထမဆုံးပင်။
ထိုမြင်ကွင်းကို ခရီးသည်တချို့ကဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်သောကြောင့် အတော်လှုပ်ခတ်သွားသည်။
သို့သော် တချို့က ဒီအခြေအနေကိုလုံးဝဂရုမစိုက်။ Optimus Prime နှင့် Megatron ဂိမ်းသတင်းသာ စောင့်မျှော်နေသောကြောင့်ပင်။
ဂိမ်းသမားတစ်ယောက်ရဲ့ဇွဲနပဲကို ဘယ်သူမှနားမလည်နိုင်။
ပစ္စည်းတစ်ခုရဖို့အတွက်တင် လေးငါးလလောက်စောင့်တတ်တဲ့သူတို့ရဲ့သစ္စာရှိမှုကို တခြားလူတွေနားလည်ဖို့ ပိုပြီးမဖြစ်နိုင်။
ချန်သုံ့သုံ့က ဒီလိုလူပင်။
Optimus Prime နှင့် Megatron တိုက်နေသောဂိမ်းကိုမြင်ပြီး ဂိမ်းအကြောင်းလိုက်မေးသည်။
သို့သော် ဒီလောက်ကြာသည်အထိ သတင်းအစအနမရသေး။ Universal Pictures က မူပိုင်ခွင့်ချိုးဖောက်မှုသတိပေးစာတောင်ထွက်လာပြီ။ ကုမ္ပဏီဘက်က တုံ့ပြန်မှုမရှိသေးချေ။
ဒီအကြောင်းရင်းကြောင့် ဂိမ်းကုမ္ပဏီကရုတ်တရက်အစီအစဉ်ဖျက်လိုက်သလားဟု ဂိမ်းပရိသတ်များသိချင်နေကြသည်။ ထို့ကြောင့် ဂိမ်းပရိသတ်များစိတ်ပျက်နေသည်။
အခုဒီလိုအံ့ဩစရာကောင်းတဲ့ဂိမ်းမျိုးထွက်လာတာ ကြော်ငြာချင်ရင်လည်း ခိုင်လုံတဲ့သတင်းပေးပါလား?
ထိုအကြောင်းကြောင့် ဂိမ်းပရိသတ်အတော်များများက ချင်းလင်စံအိမ်တရားဝင်အကောင့် သို့မဟုတ် ချင်ရန်၏ကိုယ်ပိုင်အကောင့်သွားပြီး ဘာဂိမ်းလဲဟူသောမှတ်ချက်များပေးကြသည်။
ဘာဂိမ်းလဲ၊ ဘယ်ကုမ္ပဏီကလဲ မပြောရင် ကွန်ပျူတာနှင့်ဖုန်းကို hack မည်ဟုတောင် ချင်ရန်ကိုခြိမ်းခြောက်ကြသည်။
ဒီအတွက် ချင်ရန်လည်းမတတ်နိုင်။
ဒီဂိမ်းပရိသတ်များနှင့်ယှဉ်လျှင် တခြားလိုင်းသုံးသူများက ရုံချန်းမှာလမ်းသွားခွင့်ပိတ်ပင်သောသတင်းကိုမြင်ပြီး သေချာပေါက်စိတ်ဝင်စားကြလိမ့်မည်။
ချင်းလင်ရှုမျှော်ခင်းနှင့်ရုံချန်းကိုစောင့်ကြည့်နေသောပြည်သူအားလုံး ရုံချန်းမှာလမ်းပိတ်လေ့ရှိသည်ကိုသိပြီးဖြစ်သည်။
လမ်းအသစ်ဖောက်ဖို့မပြောနဲ့၊ လမ်းသွားခွင့်ပိတ်သတဲ့လား?
လုံးဝမဟုတ်သေး။
တရုတ်သိပ္ပံအကယ်ဒမီ_
ဝန်ကြီးလုက အထူးထိပ်တန်းလျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုထဲရောက်နေသည်။
ထိပ်တန်းလျှို့ဝှက်အဆင့်သတ်မှတ်ထားခြင်းက ထိုဓာတ်ခွဲခန်းအတွင်းရှိစမ်းသပ်မှုများမှာ လုံးဝသာမန်မဟုတ်သောကြောင့်ပင်။ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှဝင်မလာနိုင်။
ထို့ကြောင့် ဝန်ကြီးလုကိုယ်တိုင်တောင် လက်ဗွေရာများ၊ မျက်လုံးစကန်ဖတ်ခြင်းနှင့် လျှို့ဝှက်နံပါတ်များကိုသုံးပြီးဝင်ရသည်။
ဓာတ်ခွဲခန်းထဲဝင်ပြီးနောက် တော်ဝင်ပညာရှင်တစ်ဦးနှင့်တွေ့ပြီး တစ်နေရာသွားကြသည်။
ထိုဓာတ်ခွဲခန်းမှာ အားဖြည့်ဆေးရည်သုတေသနဗဟိုဌာနဖြစ်သည်။
အားဖြည့်ဆေးရည်နှင့် လူ့ကိုယ်ခန္ဓာကြံ့ခိုင်မှုကိုမြှင့်တင်ပေးနိုင်ရုံသာမက ကိုယ်ကာယစွမ်းရည်အကန့်အသတ်ကိုတောင်ကျော်လွန်စေနိုင်သည်။
လက်ရှိဆေးရည်ကို သီးခြားလူနည်းစုသာသုံးစွဲနိုင်ပြီး သာမန်လူအများစုတွင် အာနိသင်မပြနိုင်။
ထို့ကြောင့် နက်နက်နဲနဲသုတေသနလုပ်ရသည်။
တစ်နေ့ သာမန်လူများကိုပါအာနိသင်ပြနိုင်သော အားဖြည့်ဆေးရည်မျိုးဖော်စပ်နိုင်လျှင် သူတို့လူမျိုးတစ်မျိုးလုံး အရှိန်အဟုန်နှင့်တိုးတက်လာပြီး တခြားလူမျိုးများကိုလုံးဝကျော်တက်သွားနိုင်မည်။
တနည်းပြောရရင် သူတို့က တခြားလူမျိုးများထက်သာလွန်သွားမည်။
နောက်ထပ်နှစ်ပေါင်းသုံးလေးရာအကြာတွင် သူတို့သားစဉ်မြေးဆက်များက ဒီဆေးရည်ကိုအခြေခံပြီး ရုပ်ရှင်ထဲမှစိတ်ကူးယဉ်သိပ္ပံဆေးရည်မျိုးတောင်ဖော်စပ်နိုင်လိမ့်မည်။ ဒီလိုဆိုပိုပြီးမယုံနိုင်စရာကောင်းမည်။
သို့သော် အလွန်အလှမ်းဝေးသောကိစ္စဖြစ်၍ စိတ်ကူးကြည့်ရုံသာ။
အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ ဘယ်သူမှမသိနိုင်။
အထူးလေ့ကျင့်ရေးခန်းထဲရောက်သောအခါ အထူးတိုက်*ပွဲဝင်ဝတ်စုံကိုဝတ်ဆင်ထားသောစ*စ်သည်တစ်ဦးကို ဝန်ကြီးလုတွေ့ရသည်။
ထိုစစ်သည်အောက်ဆင်းလာသည်နှင့် ဓားကိုင်ထားသောလူများကရှေ့တိုးလာပြီး သူ့ကိုသည်းကြီးမည်းကြီးတိုက်ခိုက်ကြသည်။
တိုက်ခိုက်နေစဉ်အတွင်း ထိုလူများ၏လက်ထဲမှ ဓားသွားများက စစ်သည်၏ခန္ဓာကိုယ်ကို အဆက်မပြတ်ထိရှနေသည်။
အံ့ဩစရာမြင်ကွင်းတစ်ခုဖြစ်သွား၏။ ဓားသွားမှာအရောင်တလက်လက်ထွက်ပြီး အလွန်ထက်မြက်သော်လည်း တိုက်*ပွဲဝင်ဝတ်စုံပေါ်တွင် အရာထင်ကျန်ခြင်းမရှိပေ။