အခန်း ၁၄၁၉
Vol. 95 Ch. 1419
အခန်း ၁၄၁၉: သူတို့က? ၂
"ဒီအထူးပိတ်သားက သာမန်ပိတ်သားထက် ၅ ဆပိုပြီးခံနိုင်ရည်ရှိတယ်''
သူ့ဘေးမှတော်ဝင်ပညာရှင်က ရှင်းပြသည်_
"ဒီပိတ်သားနဲ့ ၅ ဆပိုခံပြီးကာကွယ်ပေးနိုင်တဲ့တိုက်*ပွဲဝင်ဝတ်စုံလုပ်နိုင်တယ်''
"အဲဒါနဲ့ ဖိုင်ဘာကျုံ့တဲ့နည်းပညာသုံးပြီး ဒေတာပိုတိုးလို့ရတာနဲ့ ဒီတိုက်ခိုက်ရေးဝတ်စုံလုပ်လိုက်တာပဲ"
ဝန်ကြီးလုကခေါင်းညိမ့်ပြီး_
"ဒီအချက်နဲ့တင် ဆေးရည်သုံးထားတဲ့စ*စ်သည်ကိုပေးဝတ်လိုက်ရင် အဲဒီစ*စ်သည်ရဲ့အစွမ်းက ဘယ်လောက်ကြောက်စရာကောင်းလိုက်မလဲ?''
ပြည်တွင်းမှာ လက်*နက်မရှိရင်တောင် ဒီလိုစ*စ်သည်မျိုးနှင့် ဘယ်လိုအကြပ်အတည်းမဆိုဖြေရှင်းနိုင်လိမ့်မည်။
ထိုအချိန်တွင် သေ*နတ်နှင့်လူတစ်ယောက်ပေါ်လာသည်။ သူကလက်မြှောက်ပြီး စစ်*သည်ရင်ဝကိုသုံးလေးချက်ပစ်လိုက်၏။ ပြင်းထန်သောအရှိန်ကြောင့် စ*စ်သည်လဲကျသွားသည်။
ဒီလိုအရှိန်မျိုးနှင့် ကျည်*ဆန်က ချက်ကောင်းမထိရင်တောင် သာမန်လူတစ်ယောက်၏အတွင်းကလီစာများထိခိုက်ပြီး ချက်ချင်းသေနိုင်သည်။
သို့သော် ခဏအကြာတွင် အထူးစ*စ်သည်ယူနီဖောင်းဝတ်ထားသောစ*စ်သည်က ရုတ်တရက်ပြန်ထပြီး အပစ်ခံရသောနေရာကိုလက်နှင့်သပ်လိုက်သည်။
သူက သာမန်လူမဟုတ်သောကြောင့်ပင်။ အားဖြည့်ဆေးရည်သုံးပြီး ခန္ဓာကိုယ်အကန့်အသတ်ထက်ကျော်လွန်နိုင်သောစ*စ်သည်တစ်ဦးဖြစ်သည်။
ကျည်*ဆန်က သူ့ယူနီဖောင်းမှာရှိနေသော်လည်း လက်နှင့်သပ်ချလိုက်သောအခါ အောက်ပြုတ်ကျသွား၏။
တော်ဝင်ပညာရှင်လည်း ဝန်ကြီးလုအား_
"စ*စ်သည်ဝတ်စုံက ကျုံ့ထားတဲ့ဖိုက်ဘာသားနဲ့လုပ်ထားတာ... အဲဒါကို ကျည်ကာဝတ်စုံနည်းနဲ့ထုတ်ထားတယ်... စ*စ်သည်က ခန္ဓာကိုယ်အကန့်အသတ်ထက်ကျော်လွန်တဲ့သူဖြစ်တော့ ခေါင်းကိုလက်*နက်ကြီးထိတာမှမဟုတ်ရင် စ*စ်သည်ဝတ်စုံက ကောင်းကောင်းအသုံးဝင်တယ်''
ဝန်ကြီးလုခေါင်းညိမ့်လိုက်သည်။
သူ့မျက်စိနှင့်ကိုယ်တိုင်မြင်ခဲ့ရပြီ။ တော်ဝင်ပညာရှင်မပြောပြရင်တောင် စ*စ်သည်ဝတ်စုံဘယ်လောက်စွမ်းလဲ သူသိသည်။
ရေခဲသုတေသနနည်းပညာတိုးတက်ဖို့သာလိုတော့သည်ဟုဆိုရမည်။ ဒီနည်းပညာတိုးတက်ရင် ရုပ်ရှင်ထဲကလို 'စူပါစ*စ်သည်ပရောဂျက်' ဖြစ်လာနိုင်သည်။
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှဒီအကြောင်းမသိ။
ရုတ်တရက် ဝန်ကြီးလုနည်းနည်းစိတ်လှုပ်ရှားသွားသည်။
အနောက်နိုင်ငံများက နည်းပညာပိုင်းမှာသူတို့ကပိုသာကြောင်း အမြဲကြွားဝါလေ့ရှိသော်လည်း ဒီနည်းပညာမှာ သူတို့ထက်အများကြီးသာနေပြီမှန်းမသိကြချေ။
အထူးသဖြင့် ချင်းလင်ဓာတ်ခွဲခန်းမှနည်းပညာများဖြစ်နေသည်။
အားဖြည့်ဆေးရည်ကို ရှေးတရုတ်တိုင်းရင်းဆေးနည်းမှသူဌေးချင်ထုတ်ထားခြင်းဖြစ်ပြီး ဖိုက်ဘာနည်းပညာနှင့်ရေခဲနည်းပညာကို ပါမောက္ခဝမ်ဖန်တီးထားသည်။
မနက်ဖြန် ပါမောက္ခဝမ်အတွက်တော်ဝင်ပညာရှင်ဘွဲ့ထပ်လျှောက်ပေးရတော့မည်ထင်သည်။
မဟုတ်လို့ ဒီနည်းပညာနှစ်ခုထုတ်ထားတဲ့သူက တော်ဝင်ပညာရှင်ဘွဲ့မရဘူးဆိုရင် ဘယ်သူကရသင့်လဲ?
ဝန်ကြီးလုကအသေးစိတ်လေ့လာပြီး ဓာတ်ခွဲခန်းမှထွက်ကာ သူ့ရုံးခန်းပြန်လာသည်။
ပြန်ရောက်ရောက်ချင်း ချင်လင်ကိုဖုန်းဆက်လိုက်၏။
ဘာပဲဖြစ်ဖြစ် သူများဆီကရထားသောနည်းပညာဖြစ်၍ ဒီတိုးတက်မှုကိုမျှဝေရမည်။
ချင်းလင်အပန်းဖြေစံအိမ်တွင် ဝန်ကြီးလုဖုန်းကို ချင်လင်ကချက်ချင်းကိုင်ပြီး_
"ဟယ်လို ဝန်ကြီးလု!''
"သူဌေးချင်.. တရုတ်သိပ္ပံအကယ်ဒမီက သတင်းကောင်းရှိတယ်... ပါမောက္ခဝမ်ရဲ့ဖိုက်ဘာနည်းပညာနဲ့ စ*စ်သည်ဝတ်စုံထုတ်ထားပြီ... အရမ်းထိရောက်တယ်''
ဝန်ကြီးလုက ဝမ်းသာအားရပြောပြသည်။
"ဒါဆိုဂုဏ်ပြုပေးရမှာပေါ့ ဝန်ကြီးလု''
ချင်လင် ဝမ်းသာနေသည်။ စ*စ်သည်ဝတ်စုံထုတ်ပြီးအသုံးများလာရင် ဘယ်လောက်အကျိုးရှိမလဲ သူသိသည်။
"ဝန်ကြီးလု''
သူကသတင်းပေးလိုက်သည်_
"ပါမောက္ခဝမ်က ထူးထူးခြားခြားတစ်ခုလုပ်ထားတယ်... အဲဒါကို မနက်ဖြန် ချင်းလင်ရှုမျှော်ခင်းမှာပြသမယ်''
ရှုမျှော်ခင်းမှာခင်းကျင်းပြသတဲ့သေးသေးဖွဲဖွဲကိစ္စတွေကို ဝန်ကြီးလုစိတ်မဝင်စား။
သို့သော် ဖုန်းချပြီးမှ တစ်ခါတလေ ကမောက်ကမလုပ်တတ်သောသူဌေးချင်အကျင့်ကိုတွေးမိသည်။ သေးသေးဖွဲဖွဲက သေးသေးဖွဲဖွဲမဟုတ်နိုင်သောကြောင့် သူ့အတွင်းရေးမှူးအား_
"အခုတလော သူဌေးချင်ဘာတွေလှုပ်ရှားနေလဲ?''
သူ့ညွှန်ကြားချက်အရ သူဌေးချင်သတင်းကိုစောင့်ကြည့်ခြင်းက သူ့အတွင်းရေးမှူး၏နေ့စဉ်တာဝန်တစ်ခုဖြစ်လာသည်။
"ကြီးကြီးမားမားမရှိပါဘူး''
အတွင်းရေးမှူးက ချက်ချင်းပြန်ဖြေသည်_
"မနက်ဖြန် ရုံချန်းမှာလမ်းခဏပိတ်မယ်ဆိုတာပဲရှိတယ်''
"ယာဉ်သွားခွင့်မပေးဘူးလား?''
ဒီကိစ္စက သူဌေးချင်ပြောသည့်သေးသေးဖွဲဖွဲနှင့်ဆက်စပ်နေမည်ဟု ဝန်ကြီးလုအမှတ်တမဲ့တွေးမိသည်။
ဒါပေမဲ့ ဘာလို့လမ်းသွားခွင့်ပိတ်တာလဲ?
သူမစူးစမ်းဘဲမနေနိုင်တော့။
နောက်တစ်နေ့_
နေ့လယ်ပိုင်းတွင် အားလပ်နေသောလူတချို့က တတိယပတ်လမ်းကိုကြည့်နိုင်သောနေရာရှာပြီး နေရာယူကြသည်။
ခရီးသည်တချို့ကမူ တမင်သက်သက်ဒီလမ်းမောင်းလာကြပြီး လမ်းဘေးနေရာလွတ်တွင်ကားထိုးကာ ဘယ်မှမသွားကြချေ။
ထိုအထဲတွင် နိုင်ငံခြားခရီးသည်များတောင်ပါသည်။
အခု ချင်းလင်ရှုမျှော်ခင်းဘယ်လောက်နာမည်ကြီးနေကြောင်းသက်သေပင်။
ရုံချန်းတွင် ချန်လီနှင့်စွန်းရှန်လည်းသိချင်နေသည်။
ထို့ကြောင့် နှစ်ယောက်သား နေ့လယ်စာစားပြီးနောက် သူတို့လူများခေါ်ပြီး တတိယပတ်လမ်းအဝသို့ရောက်လာကြသည်။
ကန့်သတ်ထားသောနေရာဖြစ်၍ ယာဉ်ထိန်းရဲများစောင့်နေသည်။
အတွင်းရေးကိစ္စများကို သူများထက်သူတို့နှစ်ယောက်ကပိုသိသည်။ ချင်းလင်ရှုမျှော်ခင်းက သူတို့ကိုအစီရင်ခံထားသောကြောင့် ရုပ်ရှင်ထဲကအကောင်ကြီးနှစ်ကောင် ဒီလမ်းကိုဖြတ်ပြီး ချင်းလင်ရှုမျှော်ခင်းသို့သွားမည်ဟုသိထားသည်။
အကောင်ကြီးနှစ်ကောင်ကို နှစ်ယောက်သား မျှော်လင့်စောင့်စားနေကြသည်။
မနေ့ညက ရုပ်ရှင်တောင်ကြည့်ထားသည်။ ချင်းလင်ဓာတ်ခွဲခန်းက ဒါမျိုးတကယ်လုပ်နိုင်သလား စဉ်းစားရခက်ခက်ပင်။
ရုပ်ရှင်ထဲကအတိုင်း Optimus Prime နှင့် Megatron ကိုဖန်တီးဖို့မဖြစ်နိုင်ရင်တောင် လမ်းလျှောက်သွားမည်ဆိုသောကြောင့် နည်းပညာအတော်မြင့်ရမည်။
ဒီလိုအဆင့်မြင့်နည်းပညာမျိုး ရုံချန်းမှာပေါ်လာရင် လုံးဝသတင်းကောင်းပင်။
တရုတ်သိပ္ပံအကယ်ဒမီ_
ဝန်ကြီးလုတောင် လိုင်းပေါ်ကသတင်းကိုနားစွင့်နေသည်။
သူဌေးချင်လှုပ်ရှားရင် လိုင်းပေါ်မှာရေပန်းစားမည်မှန်း သူသိသည်။ အဲဒီကျ သေချာသိရမည်။
ချင်းလင်ဓာတ်ခွဲခန်း_
ချင်လင်၊လင်းလန်ဇီနှင့်ပါမောက္ခဝမ်က ဖန်သားပြင်တစ်ခုရှေ့တွင်ရပ်နေကြသည်။
ဖန်သားပြင်ပေါ်မှပုံရိပ်က မတူညီသောရှုထောင့်မှဖြစ်ပြီး သာမန်ဖန်သားပြင်နှင့်ကွာသည်။
ထိုပုံရိပ်က Optimus Prime နှင့် Megatron မှမြင်ရခြင်းပင်။ သဘာဝအတိုင်းမြင်ရစေရန် သို့မဟုတ် ခရီးဝေးလုပ်ဆောင်ချက်အတွက် ထိန်းချုပ်မှုပိုကောင်းစေရန် Optimus Prime နှင့် Megatron မျက်လုံးတွင် ပါမောက္ခဝမ်ကကင်မရာတပ်ထားသောကြောင့် ထိန်းချုပ်သူကမြင်ရသည်။
သူတို့သုံးယောက်ရှေ့တွင် လင်းရိစန်းနှင့်ဟွမ်ယွမ်က အထူးထိန်းချုပ်သူပလက်ဖောင်းတွင် ရပ်နေကြသည်။ သူတို့ကလည်း သူတို့ရှေ့မှဖန်သားပြင်ကိုကြည့်နေကြသည်။
ဒါ Optimus Prime နှင့် Megatron အမြင်ပင်။
အစပိုင်း ဒီလိုမြင်ကွင်းမျိုးကိုမကြည့်တတ်သော်လည်း အသားကျသွားသောအခါ လူသား၏လိုက်လျောညီထွေရှိနိုင်စွမ်းကြောင့် မြန်မြန်ဆန်ဆန်ကြည့်တတ်သွားသည်။
"အခုထွက်လို့ရပြီ!''
ချင်လင်ကပြောသည်။
လင်းရိစန်းနှင့်ဟွမ်ယွမ်လည်း သူတို့လက်ပေါ်မှအာရုံခံစက်ကိုနှိပ်ချလိုက်သည်။ နောက်ခဏတွင် အထူးထိန်းချုပ်စက်ထွက်လာသည်။
သူတို့နှစ်ယောက်က အထူးစက်ကိုထိန်းထား၏။
ဒါ Optimus Prime နှင့် Megatron ကားအခြေအနေတွင် ထိန်းချုပ်သောစက်ဖြစ်သည်။
ခဏအကြာ Muscle truck နှင့် Titan Tank စက်နှိုးပြီးမောင်းထွက်လာသည်။
အပြင်မှကြည့်လျှင် ကားများနှင့်တူသော်လည်း တကယ်တမ်းက မတူ။ အတွင်းပိုင်းက သာမန်ကားနှင့်ဘာမှမဆိုင်ချေ။
အလွန်မြန်သည်။ ကားအများစုထက်ပိုမြန်သည်။
ချင်းလင်ဓာတ်ခွဲခန်းတံခါးဖွင့်ထားပြီဖြစ်သည်။ လုံခြုံရေးအစောင့်များကို အခြေအနေအသိပေးထားသောကြောင့် သူတို့မအံ့ဩကြ။ ကားကြီးနှစ်စီးမောင်းထွက်လာမည်ကိုစောင့်ကြည့်နေကြသည်။
ဓာတ်ခွဲခန်းထဲတွင် လင်းရိစန်းနှင့်ဟွမ်ယွမ်လည်းစိတ်လှုပ်ရှားနေသည်။ ထိန်းချုပ်ရေးအတွက် အပြည့်အဝအာရုံစိုက်ထားကြသည်။
ကားကြီးနှစ်စီးမှာ တတိယပတ်လမ်းအဝသို့ လျင်လျင်မြန်မြန်မောင်းထွက်လာသည်။
ထိုအချိန်တွင် ဖြတ်သွားဖြတ်လာကားများက ကားကြီးနှစ်စီးကိုမြင်ပြီး လန့်သွားကြသည်။
ကားတစ်စီးထဲရှိသောလင်မယားနှစ်ယောက်တွင် အမျိုးသမီးဖြစ်သူကမြင်ပြီး ရေရွတ်လိုက်သည်_
"ယောက်ျား ကြည့်ပါဦး... ဟိုကားနှစ်စီးထဲမှာမောင်းတဲ့သူမပါဘူး!''
ယောက်ျားဖြစ်သူလှမ်းကြည့်လိုက်သောအခါ ကားနှစ်စီးကမောင်းထွက်သွားပြီဖြစ်သည်။ သို့ရာတွင် ကားကြီးနှစ်စီးကိုမြင်ပြီး သူလည်းအံ့ဩသွားကာ_
"ဒီနှစ်စီးကိုမြင်ဖူးသလိုပဲ?''
Muscle Truck နှင့် Titan Tank က မြန်မြန်ဆန်ဆန်မောင်းထွက်ပြီး မကြာမီ တတိယပတ်လမ်းပေါ်ရောက်သွားသည်။
ထိုမြင်ကွင်းကို စောင့်နေသောပရိသတ်များကအာရုံစိုက်မိကြသည်။ ဘာပဲဖြစ်ဖြစ် ကားနှစ်စီးကကြီးလွန်းသည့်အပြင် အသံလည်းဆူသည်။ သူတို့နှင့်ယှဉ်လျှင် သာမန်ကားများသေးသွားသလိုပင်။
ထို့ကြောင့် ခရီးသည်များအာရုံမစိုက်ဘဲမနေနိုင်။
"ဒီကားနှစ်စီးအရှိန်က မဟုတ်သေးဘူး''
ခရီးသည်တစ်ဦးကပြောသည်။
"အာ.. ကားထဲမှာမောင်းတဲ့သူမပါဘူးထင်တယ်!''
ခရီးသည်နောက်တစ်ယောက်ကပြောသည်။
ထိုအချိန်တွင် တခြားခရီးသည်များလည်း သတိထားမိသွားသည်။
"ဟုတ်တယ်.. ကားထဲမှာမောင်းသူမပါဘူး!''
"သူတို့ဘာသာသွားတာ''
"လျှောက်မတိုက်ပါဘူးနော်?''
ရုတ်တရက် နိုင်ငံခြားခရီးသည်တစ်ဦးက မယုံနိုင်ပုံနှင့်ထအော်သည်_
"အိုးမိုင်ဂေါ့.. Muscle Truck.. Titan Tank.. Optimus Prime နဲ့ Megatron လား?''