← Chapters

အခန်း ၁၄၂၀

Vol. 95 Ch. 1420

အခန်း ၁၄၂၀

Vol. 95 Ch. 1420

အခန်း ၁၄၂၀: မြို့နှစ်မြို့ကြားက Optimus Prime နဲ့ Megatron တိုက်ပွဲ!

Optimus Prime?

Megatron?

Transformers ရုပ်ရှင်ကို အတော်များများကြည့်ဖူးကြသည်။ Muscle truck နှင့် Titan tank က Optimus prime နှင့် Megatron ၏မူလပုံစံဖြစ်ကြောင်း တချို့ကသိသည်။

တကယ်တော့ Optimus Prime နှင့် Megatron အထိ ဘယ်သူမှမစဉ်းစားမိကြ။

ဘာပဲဖြစ်ဖြစ် ဒါလက်တွေ့ပင်။

သို့ရာတွင် ဆွေးနွေးငြင်းခုံသံများက မပြတ်။

"ဒီကားနှစ်စီးက မောင်းသူတကယ်မပါဘူး... ပြီးရင် ပုံစံတော့ပြောင်းမသွားပါဘူးနော်?''

"သော*က်! Optimus Prime နဲ့ Megatron ဖြစ်သွားရင် ပျော်ဖို့ကောင်းမှာပဲ''

"ဟား ဟား.. နောက်နေတာလား? Transformer က ဒီကိုကမ္ဘာကြီးဖျက်ဆီးဖို့လာတာလား?''

"အပြင်မှာ ဒီကားကအသွင်ပြောင်းနိုင်ရင် စားပစ်မယ်! စားမယ်! စားမယ်! စားမယ်!''

ထိုလူစကားပြောနေစဉ် ကားနှစ်စီးက တားမြစ်ထားသောတတိယပတ်လမ်းပေါ်ရောက်နေပြီ။ ထိုအချိန်တွင် ကားနှစ်စီးက စတင်ပုံပြောင်းပြီးလည်ပတ်သွား၏။

အားလုံးမျက်လုံးပြူးသွားသည်။ ကားနှစ်စီးမှစက်ရုပ်ခြေလက်များထွက်လာသည်ကိုမြင်ရပြီး စက်ရုပ်ကြီးနှစ်ရုပ်မတ်တပ်ထရပ်လာသည်။

ဒါရုပ်ရှင်ထဲက Optimus Prime နဲ့ Megatron မလား?

တကယ်ပုံပြောင်းသွားတာလား?

ထိုမြင်ကွင်းကိုမြင်သူတိုင်း အံ့အားသင့်သွားသည်။

"တကယ်ပြောင်းသွားပြီ!''

"မအံ့ဩဘဲမနေနိုင်တော့ဘူး... ဒါမျိုးတကယ်ရှိလား?''

"ငါအိပ်မက်မက်နေတာလား? ဒီလိုနည်းပညာမျိုးရှိသလား?''

ထိုအချိန်တွင် အံ့ဩသည်ထက် နည်းပညာတစ်မျိုးဖြစ်မည်ဟုတွေးမိကြသည်။ ဒီလိုလုပ်နိုင်သောနည်းပညာကိုအံ့ဩပြီး စိတ်လှုပ်ရှားကာသက်ပြင်းချကြသည်။

ကားနှစ်စီးကိုဓာတ်ပုံရိုက်ထားသူများက Wechat အခိုက်အတန့်များနှင့်လိုင်းပေါ်တွင်တင်ကြသည်။

Optimus Prime နှင့် Megatron ကို နေရာတကာတွေ့ရသည်။ ဆိုင်အတော်များများဖွင့်လျှင် လူစိတ်ဝင်စားအောင် တစ်ရုပ်တလေဝယ်ထားတတ်သည်။

သို့သော် ထို Optimus Prime နှင့် Megatron အခြေအနေကို လူတိုင်းသိသည်။

ထိုအရုပ်တွေက မလှုပ်နိုင်တာမဟုတ်။ လူများက ပလတ်စတစ်မော်ဒယ်ဝတ်စုံများကိုဝတ်ဆင်ပြီး လူကိုယ်တိုင်လှုပ်ရှားနေခြင်းပင်။

သူတို့မြင်နေရသည်နှင့်ယှဉ်လျှင် ထိုအရုပ်များက ကလေးကစားစရာများနှင့်မခြားပေ။

နောက်ပြီး တစ်ကမ္ဘာလုံး၊ Universal Pictures ကုမ္ပဏီမှထုတ်သော Transformers တောင် ကားကိုစက်ရုပ်အဖြစ်ပြောင်းနိုင်သောနည်းပညာမရှိ။

အထူး Effect များသုံးရသည်။

Optimus Prime နှင့် Megatron က နည်းပညာထုတ်ကုန်သက်သက်ဟုအားလုံးထင်နေကြစဉ် Megatron က_

"Optimus Prime.. မင်းငါ့ကို ဂလက်စီတန်းတွေတောက်လျှောက်လိုက်နေတာ... ဒီတစ်ခါ ဒီဂြိုဟ်ကို ငါဖျက်စီးပစ်မယ်... ဒီဂြိုဟ်က ငရဲပဲ''

"မင်းဘယ်လောက်ကြိုးစားကြိုးစား''

Optimus Prime က_

"ငါမင်းကိုဖျက်မယ်... Megatron.. အသေကောင်''

Megatron က ဒေါသထွက်သွားပုံနှင့်ပြန်ငေါ့သည်_

"ကြောက်ရမှာလား... Optimus Prime မင်းတော့ ဒီနေ့သေပြီ''

အားလုံးကြောင်သွားသည်။ ဒီလိုမြင်ကွင်းမျိုးရှိလား?

Optimus Prime က အနိုင်မခံ၊ သူ့ခန္ဓာကိုယ်ပေါ်မှသတ္တုကလှုပ်သွားပြီး ဓားရှည်တစ်ချောင်းထွက်လာသည်။

သူ့ဓားရှည်ကိုထုတ်ပြီးနောက် ကျားကသားကောင်ကိုကြည့်သောအကြည့်နှင့် Megatron ကိုကြည့်လိုက်သည်။

ထိုလက်*နက်နှစ်ခုမှာ ရုပ်ရှင်ထဲမှစံလက်*နက်များပင်။

လက်*နက်နှစ်ခုပေါ်လာသည်နှင့် Optimus Prime က Megatron ကို ဓားရှည်နှင့်ခုတ်သည်။

Megatron ကလည်း အကြောက်အလန့်မရှိ သူ့ပုဆိန်ကိုလွှဲခုတ်လိုက်ရာ Optimus Prime ဓားရှည်နှင့်ထိသွားသည်။

ပုဆိန်နှင့်ဓားရှည်ထိပြီး သတ္တုချင်းတိုက်သံပြင်းပြင်းထန်ထန်ထွက်လာသလို မီးပွားလည်းလွှင့်စင်လာ၏။

ချက်ချင်း Optimus Prime နှင့် Megatron က တပြိုင်တည်းနောက်ပြန်ဆုတ်ပြီး အပြင်းအထန်တိုက်ပြန်သည်။

နှစ်ကောင်သား သူတပြန်ကိုယ်တပြန်ချသည်။

Optimus Prime က လွှားခနဲခုန်ပြီး သူ့လက်နှစ်ဖက်လုံးမှဓားရှည်နှင့် Megatron ကိုခုတ်သည်။

Megatron က သူ့ပုဆိန်ကိုမြှောက်ပြီးကာသည်။ Optimus Prime ကိုနောက်ပြန်တွန်းပြီးနောက် ခပ်မိုက်မိုက်နောက်ပြန်ဂျွမ်းထိုးကာ သူ့ပုဆိန်နှင့်ပြန်ချသည်။

ထိုတိုက်ပွဲကိုမြင်သူတိုင်း အံ့အားသင့်နေသည်။

ဖုန်းနှင့်ဗီဒီယိုရိုက်နေသူများလည်း ကြောင်သွားသည်။

ဒီစက်ရုပ်က တကယ်နည်းပညာထုတ်ကုန်တစ်ခုလား?

သူတို့စကားပြောနိုင်တာပဲ။

ဒါပေမဲ့ လက်ရှိနည်းပညာနဲ့ ဒီလိုတိုက်ပွဲမျိုးဖြစ်နိုင်ရဲ့လား?

တကယ်တော့ Optimus Prime နဲ့ Megatron ရဲ့တိုက်ပွဲက ရုပ်ရှင်ထဲက effect ထက်ပိုပြီး သဘာဝကျ၊ စိတ်ဝင်စားစရာကောင်းနေတယ်ဟုတ်?

စိတ်ကူးစိတ်သန်းကောင်းသူတချို့က ဆက်စပ်တွေးတောနေကြပြီဖြစ်သည်။

"သော*က်.. တကယ် Optimus Prime နဲ့ Megatron လား?''

"အပြင်မှာ ဒါမျိုးတကယ်ရှိလား?''

"ငါတို့တချိန်လုံးလှည့်စားခံနေရတာလား? ဒါငါတို့နေတဲ့ကမ္ဘာကြီးလား?''

တာဝန်ကျရုံချန်းယာဉ်ထိန်းရဲများမှာ နည်းနည်းရင်တုန်နေကြသည်။ သူတို့ကအနီးဆုံးဖြစ်သောကြောင့် Optimus Prime နှင့် Megatron တိုက်ပွဲမှမီးပွားများ သူတို့ဆီရောက်နိုင်သည်။

တစ်ယောက်ကမူ မီးပွားအပူကိုတောင် လက်ခုံမှာခံစားမိသည်။

ကြောက်စရာမကောင်းဘူးလား?

ဒီတိုက်ပွဲက တကယ်ဟုထင်မိတော့မည်။

ချန်လီနှင့်ရုံချန်းသားများလည်း အံ့ဩနေသည်။

ကြိုတင်သတင်းရပြီးဖြစ်သော်လည်း လူကိုယ်တိုင်မြင်ရသောအခါ အံ့ဩရသေးသည်။

ရုပ်ရှင်ထဲကအတိုင်း တထပ်တည်းပင်။

ဒီစက်ရုပ်တွေက အမေရိကန်ကာတွန်းရုပ်ရှင်တွေထဲကဆိုပေမဲ့ အမေရိကန်ကိုယ်တိုင်တောင် ဒါမျိုးမထုတ်နိုင်ဘူးမလား?

ယာဉ်ထိန်းရဲများ နည်းနည်းပျာယာခတ်နေသောကြောင့် စိတ်အေးသွားစေရန် သူကလက်ဟန်ခြေဟန်နှင့် ချက်ချင်းအချက်ပြလိုက်သည်။

ယာဉ်ထိန်းရဲတွေတောင် ဒီလောက်လန့်နေရင် ခရီးသည်တွေဘယ်လိုဖြစ်နေမလဲ မှန်းကြည့်နိုင်သည်။

ထိုအချိန် တိုက်ပွဲတွင်အရေးနိမ့်နေပုံရသော Megatron က Optimus Prime ကိုလှမ်းအော်လိုက်သည်မှာ—

“Optimus Prime.. မင်းက Cybertron ဂြိုဟ်ရဲ့ သစ္စာဖောက်ပဲ”

All Chapters