← Chapters

အခန်း ၁၄၂၁

Vol. 95 Ch. 1421

အခန်း ၁၄၂၁

Vol. 95 Ch. 1421

အခန်း ၁၄၂၁: မြို့နှစ်မြို့ကြားက Optimus Prime နဲ့ Megatron တိုက်ပွဲ! ၂

ထိုသို့ပြောပြီး Titan Tank ပုံစံအမြန်ပြန်ပြောင်းကာ တတိယပတ်လမ်းအတိုင်းမောင်းထွက်သွားသည်။

ထို့ကြောင့် Optimus Prime လည်း Muscle Truck ပုံစံပြန်ပြောင်းပြီး အမြန်ဆုံးအရှိန်နှင့်တတိယပတ်လမ်းအတိုင်းလိုက်သည်။

Optimus Prime နှင့် Megatron မောင်းထွက်သွားမှ လမ်းဝတွင်ခရီးသည်များ ပြန်လှုပ်ရှားလာကြသည်။ အထူးသဖြင့် နိုင်ငံခြားခရီးသည်တချို့မှာ အံ့အားသင့်၍မျက်နှာများဖြူဖျော့နေပြီး ပါးစပ်ကိုလက်နှင့်အုပ်ထားကြသည်။

"တကယ် Optimus Prime နဲ့ Megatron ပဲ... ဒီကမ္ဘာမှာ တကယ်ရှိနေတယ်!''

"Universal Pictures က လိမ်နေတာ... Transformers ရုပ်ရှင်က အစစ်... ငါတို့တော့သွားပြီ.. Megatron က ကမ္ဘာကြီးကိုဖျက်ဆီးတော့မယ်''

"မြန်မြန်လုပ်ကြပါဦး... ငါတော့ ဒီကသွားတော့မယ်... ဒီမှာ Transformers တိုက်ပွဲဖြစ်တော့မှာ''

ထိုနိုင်ငံခြားခရီးသည်များ အသည်းအသန်အော်ကြသောကြောင့် ပြည်တွင်းခရီးသည်များလန့်သွားသည်။

ပြည်တွင်းခရီးသည်များလည်း ငြိမ်ငြိမ်မနေနိုင်ကြ။

Optimus Prime နဲ့ Megatron က သူတို့ရှေ့မှာ အမှန်အကန်တိုက်နေကြတာ ဘယ်သူကငြိမ်နေနိုင်မလဲ?

မြန်မြန်ဆန်ဆန်ပင် ထိုတိုက်*ပွဲက လိုင်းပေါ်ပြန့်သွားသည်။

ရုံချန်းအပါအဝင် Optimus Prime နှင့် Megatron က လိုင်းပေါ်နာမည်ကြီးပြီးဖြစ်၍ ခရီးသည်များတင်သောဗီဒီယိုက ချက်ချင်းရေပန်းစားပြီး အုတ်အော်သောင်းတင်းဖြစ်သွားသည်။

ချန်သုံ့သုံ့က လက်မလျှော့ချင်သောကြောင့် ဂိမ်းအကြောင်းလိုက်စုံစမ်းနေပြီး သခင်လေးချင်ကိုယ်ပိုင်အကောင့်တွင်မေးထားပြန်သည်။

မေးပြီးသည်နှင့် သူ့ Wechat ဖွင့်ပြီး ဂိမ်းအဖွဲ့ထဲဝင်လိုက်ရာ ဆွေးနွေးငြင်းခုံစကားများပြည့်နေသည်ကိုတွေ့ရသည်။

"အားလုံး.. ဂိမ်းကိုလိုက်မရှာနဲ့တော့... ရုံချန်းမှာ Optimus Prime နဲ့ Megatron အစစ်ရှိတယ်!''

"နောက်နေတာလား? အဲဒါ Optimus Prime နဲ့ Megatron အစစ်လား''

"အစစ်ထင်တယ်... လိုင်းပေါ်မှာသတင်းတွေပွလို့... Optimus Prime နဲ့ Megatron ပုံပြောင်းတဲ့သတင်းတောင်ပါတယ်''

အဖွဲ့ထဲတွင်ပြောနေသောစကားများကြောင့် ချန်သုံ့သုံ့ဇဝေဇဝါဖြစ်သွားသည်။

သူတို့က Optimus Prime နဲ့ Megatron ဂိမ်းကိုလိုက်ရှာနေတာ။ ဒါပေမဲ့ လက်တွေ့ဘဝမှာတကယ်ရှိသတဲ့လား?

နောက်နေတာလား?

သူကချက်ချင်းဖုန်းထုတ်ပြီး လိုင်းပေါ်တွင် Optimus Prime နှင့် Megatron သတင်းရှာလိုက်သည်။ ပထမဆုံးတွေ့ရသောဗီဒီယိုမှာ Muscle Truck နှင့် Titan Tank အရှိန်နှင့်မောင်းနှင်နေသောဗီဒီယိုပင်။

ချန်သုံ့သုံ့မှာ ဒီရက်ပိုင်းအတွင်း Optimus Prime နှင့် Megatron ကိုလိုက်စုံစမ်းနေသူဖြစ်၍ ဒါသူတို့မူလပုံစံမှန်းသိသည်။

ထို့နောက် ဗီဒီယိုထဲတွင် ကားများကပုံပြောင်းပြီး အချိန်တိုအတွင်း မြင့်မားသော Optimus Prime နှင့် Megatron စက်ရုပ်နှစ်ရုပ်ဖြစ်သွားသည်။

ဒီနှစ်ကောင်က ရန်သူဟောင်းများပင်။ ပေါ်လာသည်နှင့် ကတောက်ကဆဖြစ်ပြီး လက်*နက်ထုတ်ကာချကြသည်။

ထိုတိုက်ပွဲက အလွန်ပြင်းထန်သည်။ လက်*နက်ချင်းတိုက်သံများ၊ မီးပွားလွှင့်စင်ခြင်းများရှိပြီး လှလှပပနောက်ပြန်ကျွမ်းများတောင်ထိုးကြသည်။

ဒီဇာတ်ကွက်က ဘယ်ရုပ်ရှင်ထဲကလဲ?

ချန်သုံ့သုံ့က အမှတ်တမဲ့သူ့ဘာသာတွေးမိသည်။

Transformers ရုပ်ရှင်များကြည့်ဖူးသော်လည်း ဒီဗီဒီယိုမျိုးကြည့်ဖူးသည်မထင်။ သို့ရာတွင် ဗီဒီယိုအဆုံးအထိကြည့်ပြီးနောက် သူရေရွတ်လိုက်သည်_

"မဖြစ်နိုင်ဘူး! ဒါတကယ်ဖြစ်နေတာလား?''

ဗီဒီယိုဒုတိယပိုင်းတွင် ခရီးသည်များ၊ အံ့ဩသံများ...

တနည်းပြောရရင် ဒါရုံချန်းမှာဖြစ်သွားတဲ့မြင်ကွင်း။ ရုပ်ရှင်မဟုတ်။

ထို့နောက် ချန်သုံ့သုံ့က ရုတ်တရက်တစ်ခုတွေးမိပြီး သူ့မျက်နှာမှာမယုံနိုင်ပုံပေါက်နေသည်။

ဒါ...

တက္ကသိုလ်စာသင်ခန်းတစ်ခန်း၌_

ချန်ရွှယ်တို့သူငယ်ချင်းတစ်စု အတင်းတုပ်နေကြသည်။

မိန်းကလေးတွေအတင်းတုပ်ရင် ဘာအကြောင်းဖြစ်မလဲ?

ဘယ်သူနှင့်ဘယ်သူ ဘာဖြစ်သည်ထက်မပို။

သူတို့သူငယ်ချင်းများစုပြီး ချင်းလင်ရှုမျှော်ခင်းကိုတစ်နှစ်နှစ်ကြိမ်သွားသောကြောင့် အပေါင်းအသင်းကောင်းကြသည်။

နှစ်သစ်မရောက်ခင် ဆောင်းတွင်းချိန်တွင် သူငယ်ချင်းများက သူမနောက်လိုက်လာပြီး ရုံချန်းအိမ်တွင်တည်းကြသည်။

တခြားခရီးသည်များက ဟိုတယ်ကြိုချိတ်၊ လက်မှတ်မျိုးစုံကြိုယူရသော်လည်း သူတို့က သူမအိမ်သွားလိုက်ရုံပင်။ ကုတင်မျှအိပ်ရရင်တောင်၊ ကြမ်းပေါ်ခင်းအိပ်ရရင်တောင် ပျော်ရွှင်ကြည်နူးစရာကောင်းသည်။

ထိုအချိန်တွင် ကျောင်းသားတစ်ယောက်က စာသင်ခန်းထဲပြေးဝင်လာသည်။ သူကမာတီမီဒီယာဖန်သားပြင်ဆီတန်းသွားပြီး ကွန်ပျူတာနှင့်ဖွင့်ပြသည်။

ထို့ကြောင့် ချန်ရွှယ်တို့သူငယ်ချင်းများစိတ်ဝင်စားသွားသည်။

ပြီးခဲ့တဲ့ဆောင်းတွင်းကမှ သူတို့ချင်းလင်ရှုမျှော်ခင်းကိုသွားလည်ခဲ့သေး။

ဖန်သားပြင်ပေါ်တွင် ပုံရိပ်တစ်ခုချက်ချင်းပေါ်လာသည်။ ရုံချန်းတတိယပတ်လမ်းပေါ်တွင် Optimus Prime နှင့် Megatron အသွင်ပြောင်းပြီး တိုက်ခိုက်သောမြင်ကွင်းပင်။

စိတ်လှုပ်ရှားစရာမြင်ကွင်းများနှင့်ခပ်မိုက်မိုက်တိုက်ပွဲကြောင့် အားလုံးစိတ်ဝင်စားသွားသည်။

"အဲဒါ ရုံချန်းတတိယပတ်လမ်းမလား?''

ချန်ရွှယ်အသံထွက်လာသည်။

သူမကရုံချန်းသူဖြစ်ပြီး ရုံချန်းပြန်လျှင် တတိယပတ်လမ်းမှအကြိမ်ကြိမ်ပြန်ဖူးသောကြောင့် တတိယပတ်လမ်းကိုမှတ်မိနေသည်။

သူမစကားကြောင့် ကျောင်းသားများချက်ချင်းစိတ်ဝင်စားသွားသည်။

"ဒါဆို ဒီဗီဒီယိုရိုက်ထားတာ ရုံချန်းမှာပေါ့?''

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒီလိုပုံပြောင်းသွားတာ... ဒီလိုတိုက်ကြတာ... လောလောဆယ် ဒီလိုနည်းပညာမျိုးမရှိသေးဘူးလေ''

"ဟုတ်တယ်... လူလိုလမ်းလျှောက်နိုင်တဲ့စပ်ရုပ်တောင် လုပ်နိုင်သေးတာမဟုတ်ဘူး... ဒါမျိုးဘယ်လိုလုပ်လုပ်နိုင်တာလဲ?''

"ချင်းလင်ဓာတ်ခွဲခန်းကထုတ်တာများလား?''

"မဖြစ်နိုင်ဘူး.. ချင်းလင်ဓာတ်ခွဲခန်းက အပင်သုတေသနကောင်းတာ... လမ်းကြောင်းချင်းမတူဘူးလေ?''

"ဒါပေမဲ့ ရုံချန်းမှာဖြစ်တာလေ... လိုင်းပေါ်မှာပွက်လောရိုက်နေတာပဲ... ခရီးသည်တွေရိုက်ထားတဲ့ဗီဒီယိုတွေပေါက်နေပြီ''

ဒါကိုဘယ်သူမှမငြင်းနိုင်။ ဗီဒီယိုကို ရုံချန်းမှာရိုက်ထားခြင်းပင်။ အတော်များများက လိုင်းပေါ်တက်ကြည့်ရာအမှန်ဖြစ်နေသည်။

ဒါပေမဲ့ Optimus Prime နဲ့ Megatron က အပြင်မှာဘာလို့ရှိနေတာလဲ?

ဉာဏ်ကောင်းသူတချို့က ဘာဖြစ်နေမှန်းတွေးမိသော်လည်း အများစုကမူ ဆက်စပ်မတွေးတောနိုင်ကြ။ Optimus Prime နှင့် Megatron ကို အစစ်ဟုထင်နေသူများတောင်ရှိပြီး Megatron က လူသားတွေကိုဖျက်ဆီးတော့မည်ဟူ၍...

"Transformers တိုက်ပွဲပြီးရင် အသက်ရှင်ကျန်ရစ်ဖို့ ဘာတွေပြင်ဆင်ထားသင့်လဲ? အထိအခိုက်မရှိအောင် ဘယ်နေရာမှာနေသင့်လဲ?''

ဒီလိုအကူအညီတောင်းသောဗီဒီယိုတင်ထားသူတောင်ရှိသည်။

သို့သော် ထိုသတင်းဗီဒီယိုများမှာ ခရီးသည်များနှင့်ရုံချန်းသားများအဖို့သတင်းကောင်းပင်။ အဖြစ်အပျက်ကိုသူတို့အရင်ဆုံးမြင်ထားသည်။

အတိအကျပြောရရင် တတိယပတ်လမ်းအဝင်ဝမှတစ်ယောက်ယောက်က ထိုဗီဒီယိုကို သူ့မိတ်ဆွေအသိုင်းအဝိုင်းဆီစပို့ပြီးနောက်ပိုင်း Optimus Prime နှင့် Megatron သတင်းက ရုံချန်းမှာပျံ့နှံ့သွားခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် တတိယပတ်လမ်းတွင်စောင့်နေသူများလာသည်။

အကယ်၍ Optimus Prime နှင့် Megatron ကားဖြတ်သွားရင် သူတို့အရင်ဆုံးမြင်ရမည်။

Optimus Prime နှင့် Megatron က နေရာအတော်များများတွင် ပုံစံပြောင်းလိုက်၊တိုက်ခိုက်လိုက်လုပ်သောကြောင့် ဗီဒီယိုရိုက်သူ၊လိုင်းပေါ်တင်သူများလာသည်။

တတိယပတ်လမ်းနှင့်ဆက်ထားသောအမျိုးသားလမ်းမကြီးမှာ ပိုင်ကျီလိုနိုင်ငံ့ရတနာငါးမျိုးကြောင့် လမ်းချဲ့ထားရသည်။ ကားမောင်းသည့်လမ်းမအပြင် လမ်းလျှောက်စရာ၊ရှုခင်းကြည့်စရာနေရာအကျယ်ကြီးလည်းရှိသည်။

အတော်များများက ထိုနေရာတွင်ထိုင်စောင့်ပြီး ဖုန်းနှင့်ဗီဒီယိုကြည့်လိုက်၊ ဆွေးနွေးငြင်းခုံလိုက်လုပ်နေကြသည်။

သူတို့စကားပြောနေစဉ် ကားစက်သံကြားရသည်။ ထင်ထားသည့်အတိုင်း Optimus Prime နှင့် Megatron က ကားပုံစံနှင့်ပေါ်လာသည်။

"လိုင်းပေါ်မှာပြောတဲ့အတိုင်းပဲ... မောင်းသူမပါဘူး!''

"ဟုတ်တယ်.. ရုပ်ရှင်ထဲကကားအတိုင်း တပုံစံ​တည်းပဲ!''

"ရောက်လာပြီ.. တကယ်ရောက်လာပြီ.. အလိုလေး''

ထိုနေရာတွင်စုဝေးနေသောလူအုပ်ကြီးကို Megatron အာရုံစိုက်မိပုံရသည်။ သူကမောင်းနှင်နေရင်း ပုံစံပြောင်းလိုက်ပြီး အော်ပြောသည်_

"ဒီမှာ လူသားတွေအများကြီးစုဝေးနေတာပဲ... ငါ Megatron ကို အထင်သေးနေတာလား? ဒါဆို အားလုံးကိုဖျက်ဆီးပစ်ရတာပေါ့!"

Megatron ကပြောပြောဆိုဆို သူ့ပုဆိန်ကြီးမြှောက်ပြီး ထိုလူအုပ်ကြီးဆီလွှဲခုတ်ရန်ပြင်လိုက်သည်။

အလွန်ထက်မြက်သောထိုပုဆိန်ကြီးကိုဝေ့ယမ်းလိုက်သောအခါ ကြောက်မက်ဖွယ်ရာလေပြင်းများပါပါလာ၏။

"Megatron... ရပ်လိုက်စမ်း!"

ထိုအချိန်တွင် Optimus Prime အသံကြီးထွက်လာသည်။ သူက ဓားရှည်ကြီးကိုလွှဲယမ်းပြီး Megatron လက်ထဲမှပုဆိန်ကြီးကိုရိုက်ချလိုက်သည်။ ပုဆိန်ကြီးက အခြားတဖက်လွင့်ထွက်သွားသောကြောင့် လူအုပ်ကြီးသက်သာရာရသွားသည်။

တကယ်တော့ လင်းရိစန်းနှင့်ဟွမ်ယွမ်၏ Optimus Prime နှင့် Megatron က စနောက်ရုံသက်သက်လုပ်ခြင်းဖြစ်သည်။

သို့သော် လူအုပ်ကြီးမှာ ဆွံ့အနေ၏။

ဒီ Megatron က အစစ်ကြီးလား?

သူတို့အသက်ကိုနုတ်ယူတော့မလိုပဲ။

ထိုအချိန်တွင် သူတို့ဦးနှောက်က ဒီအခြေအနေကိုလက်ခံတွေးတောနိုင်စွမ်းမရှိ။

ထို့နောက် Optimus Prime က Megatron နောက်ကိုလိုက်ရင်း ချင်းလင်ရှုမျှော်ခင်းဘက်ထွက်သွားသည်ကို ငေးမောကျန်ရစ်ခဲ့လေသည်။

All Chapters