← Chapters

အခန်း ၁၄၂၂

Vol. 95 Ch. 1422

အခန်း ၁၄၂၂

Vol. 95 Ch. 1422

အခန်း ၁၄၂၂: လုံခြုံရေးလုပ်ချင်တဲ့ Optimus Prime နဲ့ Megatron!

Optimus Prime နှင့် Megatron တိုက်*ပွဲက လိုင်းပေါ်ပြန့်လာသည်နှင့်အမျှ ရေပန်းလည်းစားလာသည်။

တရုတ်သိပ္ပံအကယ်ဒမီ_

Optimus Prime နှင့် Megatron ဗီဒီယိုကို ဝန်ကြီးလုလည်းတွေ့သည်။

Optimus Prime နှင့် Megatron ကပုံစံပြောင်းပြီး လက်*နက်ထုတ်တိုက်ကြသောအခါ သူအံ့ဩလွန်း၍မတ်တပ်ထရပ်လိုက်သည်။

ဒါသူဌေးချင်ပြောတဲ့သေးသေးဖွဲဖွဲလား?

သော*က်.. ဒါသေးသေးတဲ့လား?

ဒါနည်းပညာတော်လှန်ရေး ဟုတ်ပြီလား?

နိုင်ငံအသီးသီးက စက်ပစ္စည်းသုတေသနတွေမှာ ဘယ်လိုအခက်အခဲမျိုးနဲ့ရင်ဆိုင်နေရလဲ သူဌေးချင်သိရဲ့လား?

အထူးသဖြင့် စက်ရုပ်အချိုးအဆစ်နည်းပညာမှာ ကြီးကြီးမားမားပြဿနာများနှင့်ရင်ဆိုင်နေရသည်။

လက်ရှိစျေးကွက်ထဲတွင် စက်ရုပ်များစွာရှိသော်လည်း ဘယ်လိုစက်ရုပ်မျိုးမှန်း လူတိုင်းသိသည်။

အမေရိကန်တွေကြွားနေသောလူသားပုံတူစက်ရုပ်တွေတောင် ကတုန်ကယင်နိုင်သည်။ မပြေးနိုင်၊ ငုတ်တုတ်မထိုင်နိုင်၊ မခုန်နိုင်၊ ဟန်ချက်မထိန်းနိုင်၍လဲသည်တောင်ရှိသေးသည်။

အပြင်ပန်းကြည့်ရင် ဂျပန်နိုင်ငံကကြွားနေသောအလှစက်ရုပ်လောက်တောင် မကောင်းချေ။ ထိုစပ်ရုပ်က အရေပြားအတုနှင့်၊ ပါးစပ်ဟနိုင်၊ မျက်တောင်ခတ်နိုင်၊ အသံပေးနိုင်၊ ဟန်ပန်အမူအရာမျိုးစုံလုပ်တတ်သည်။

ဖြစ်ချင်တော့ ထိုစက်ရုပ်များမှာဆိုးဆိုးဝါးဝါးနည်းပညာပြဿနာရှိနေသည်။ စက်ရုပ်အချိုးအဆစ်နည်းပညာပင်။ စက်ရုပ်များလှုပ်ရှားနိုင်၊ ပြေးနိုင်၊ ခုန်နိုင်၊ လူသားလိုအားလုံးလုပ်နိုင်စေရန် စက်ရုပ်အချိုးအဆစ်နည်းပညာကိုချောချောမွေ့မွေ့ဖြစ်အောင်ဖန်တီးရန်လိုသည်။

ဒီလိုစက်ရုပ်အချိုးအဆစ်နည်းပညာမျိုးကို ဘယ်နိုင်ငံမှမရသေး။ အခြေခံအကျဆုံးပြဿနာကိုတောင် မဖြေရှင်းနိုင်ပေ။

နောက်တစ်ခုက ရွေ့လျားစွမ်းအင်ဖြစ်သည်။ စက်ပစ္စည်းကိုလှုပ်ရှားစေရန် လုံလောက်သောရွေ့လျားစွမ်းအင်လိုအပ်သည်။

ဒါလက်ရှိအခြေအနေမှာ နိုင်ငံအသီးသီးကနည်းပညာများမရောက်နိုင်သေးသောအခြေအနေဖြစ်သည်။

သူအခုမြင်နေရတာ ဘာလဲ?

သူဌေးချင်ရဲ့သေးသေးဖွဲဖွဲက ဒီနည်းပညာကိုလုံးဝအဆုံးသတ်လိုက်ပြီ။

အတော်အရှိုက်ထိစရာ။

ဒီလိုနည်းပညာမျိုးကို သူဌေးချင်ကသေးသေးမွှားမွှားလို့ယူဆထားသတဲ့။

သော*က်သေးသေးလေး!

"ပါမောက္ခဝမ်က ဘာလို့တရုတ်သိပ္ပံအကယ်ဒမီက မဟုတ်ရတာလဲ?''

ဝန်ကြီးလုမှာ ပြောရခက်သောခံစားချက်မျိုးဖြစ်လာသည်။ သူကရုံးခန်းအပြင်ခပ်သုတ်သုတ်ထွက်လာပြီး စက်ပစ္စည်းသုတေသနဌာနသွားသည်။

စက်ပစ္စည်းသုတေသနဌာနမှာ စက်ပစ္စည်းနည်းပညာအမျိုးမျိုးသုတေသနလုပ်သည့်အပြင် စက်ရုပ်လည်းသုတေသနလုပ်သည်။

စက်ပစ္စည်းသုတေသနဌာနတာဝန်ခံတော်ဝင်ပညာရှင်နှင့် ဝန်ကြီးလုချက်ချင်းတွေ့သည်။

တော်ဝင်ပညာရှင်ကလည်း လုပ်စရာရှိပုံရသည်။ သူက ဝန်ကြီးလုကိုအစီရင်ခံသည်_

"ဝန်ကြီးလု.. ကျုပ်မှာသတင်းကောင်းရှိတယ်... အမေရိကန်ရဲ့စက်ရုပ်အချိုးအဆစ်နည်းပညာကို ကျုပ်တို့လေ့လာထားပြီ... ဒီနည်းပညာကိုဆက်လေ့လာရင် စက်ရုပ်အချိုးအဆစ်နည်းပညာရဲ့အဓိကပြဿနာကိုဖြေရှင်းနိုင်လိမ့်မယ်''

"တော်ဝင်ပညာရှင်ဖန်း.. အမေရိကန်ရဲ့စက်ရုပ်အချိုးအဆစ်နည်းပညာက လုံးဝအရေးမပါတော့ဘူး!''

ဝန်ကြီးလုကချက်ချင်းဖုန်းထုတ်ပြီး တော်ဝင်ပညာရှင်ဖန်းကိုဗီဒီယိုတစ်ပုဒ်ပြသည်_

"ဒီဗီဒီယိုကိုအရင်ကြည့်''

တော်ဝင်ပညာရှင်ဖန်းကဖုန်းယူ၍ဗီဒီယိုကြည့်ပြီးနောက် ကြောင်သွားသည်_

"ဝန်ကြီးလု.. ဒါ Transformers ရုပ်ရှင်မလား? ကျုပ်မြေးတွေက ဒီရုပ်ရှင်အရမ်းကြိုက်တာ... ဒါပေမဲ့ ဒီလိုစက်ရုပ်မျိုးဖန်တီးဖို့က လက်ရှိနည်းပညာနဲ့မတတ်နိုင်ဘူး... ကမ္ဘာပေါ်က လက်ရှိစက်ရုပ်နည်းပညာအရဆို နောက်နှစ် ၃၀ တောင် ဒီလိုပြီးပြည့်စုံတဲ့စက်ရုပ်မျိုးဖန်တီးဖို့မဖြစ်နိုင်သေးဘူး... ဘာပဲဖြစ်ဖြစ် ဒါရုပ်ရှင်ထဲကစိတ်ကူးယဉ်သိပ္ပံထုတ်ကုန်သက်သက်ပဲလေ''

ဝန်ကြီးလုက ချက်ချင်းပင်_

"တော်ဝင်ပညာရှင်ဖန်း.. ဒီဗီဒီယိုကိုသေချာကြည့်... ဒါရုပ်ရှင်မဟုတ်ဘူး... ဒါရုံချန်းက တကယ့်အဖြစ်အပျက်ပဲ''

"မဖြစ်နိုင်တာ!''

တော်ဝင်ပညာရှင်ဖန်းက ဗီဒီယိုကိုပြန်ကြည့်လိုက်သည်။ သို့သော် ကြည့်ရင်းကြည့်ရင်း ဗီဒီယိုကပုံမှန်မဟုတ်မှန်းသိလာသည်။ ရုပ်ရှင်နှင့်လုံးဝမတူ။

သူက အမှတ်တမဲ့မေးလိုက်သည်_

"ဒါ effect မပါဘူးလား? တည်းဖြတ်ထားတာမဟုတ်ဘူးလား?''

"မဟုတ်ပါဘူး''

ဝန်ကြီးလု ခေါင်းခါလိုက်ပြီး_

"သူဌေးချင်ကိုယ်တိုင်​ပြောတာ... ပါမောက္ခဝမ်လုပ်ထားတဲ့အရုပ်လေးတဲ့''

"အရုပ်လေး? ဒီကမ္ဘာကြီးမှာ နောက်နှစ် ၃၀ ကြာရင်တောင် မလုပ်နိုင်သေးတဲ့အရုပ်လေးပေါ့?''

တော်ဝင်ပညာရှင်ဖန်း စိတ်လှုပ်ရှားသွားသည်။

အရုပ်လေးဆိုရင် သူတို့ဘာကြောင့်အရုပ်လေးကိုမလုပ်နိုင်ရတာလဲ?

ပြီးမှ အဓိကအချက်ကို တော်ဝင်ပညာရှင်ဖန်းသဘောပေါက်သွားသည်_

"ဝန်ကြီးလု.. ကျုပ်တို့ရုံချန်းကိုတစ်ခေါက်သွားရလိမ့်မယ်... ဒီနည်းပညာကိုသေချာကာကွယ်ရမယ်... ဒီလိုစက်ရုပ်နည်းပညာမျိုးကို တိုက်*ပွဲမှာစ*စ်သားတွေအစားထိုးဖို့အသုံးချနိုင်တယ်... အန္တရာယ်ရှိတဲ့အလုပ်မျိုးစုံကိုတောင် အစားထိုးသုံးရင်သုံးနိုင်မှာ''

“တော်ဝင်ပညာရှင်ကျင်းတို့အဖွဲ့က သူတို့ဒုံးပျံစီမံကိန်းအတွက်အာကာသမျိုးစေ့ပြန်စိုက်ပြီးပြီမလား? အဲဒီမျိုးစေ့တွေကိုဂြိုဟ်ပေါ်မှာစိုက်ပျိုးနိုင်ရင် အဲဒီစိုက်ခင်းကိုဗဟိုချက်အဖြစ်ထားပြီး ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာနိုင်လိမ့်မယ်... အဲဒီအချိန်ကျရင် ငါတို့ဒီနည်းပညာကိုအသုံးချနိုင်မှာ''

ဝန်ကြီးလုကဒီအကြောင်းသိပြီးဖြစ်၍ ချက်ချင်းနှစ်သိမ့်စကားပြောသည်_

"တော်ဝင်ပညာရှင်ဖန်း စိတ်မပူပါနဲ့... ကျွန်တော့်အတွင်းရေးမှူးကိုစာပို့ထားပြီ... မကြာခင်ရောက်လိမ့်မယ်''

ဒီနည်းပညာက ဘာကိုကိုယ်စားပြုလဲ သူသဘောပေါက်သည်။

Optimus Prime နှင့် Megatron က အတိုင်းအတာတစ်ခုအထိ ခေတ်တစ်ခေတ်ကိုပြောင်းလဲစေသောအရာဟုဆိုနိုင်သည်။

တချိန်တည်း၌_

လိုင်းပေါ်မှာ ပိုအသက်ဝင်နေသည်။

အထူးသဖြင့် ချင်းလင်ရှုမျှော်ခင်းမှခရီးသည်များပင်။ အတော်များများက ချင်းလင်စံအိမ်ဝင်ပေါက်သို့အာရုံရောက်နေကြသည်။

အင်တာနက်နှင့် Wechat မှနောက်ဆုံးသတင်းများအရ Optimus Prime နှင့် Megatron က ချင်းလင်စံအိမ်သို့ဦးတည်သွားကြောင်း အားလုံးသိထားကြသည်။

ဒီကောင်ကြီးနှစ်ကောင်က ချင်းလင်စံအိမ်သွားရင်း တိုက်ခိုက်နေကြသေးသည်။

မြန်မြန်ဆန်ဆန်ပင်_

ထင်ထားသည့်အတိုင်း ကားစက်သံကြားရသည်။

Muscle Truck နှင့် Titan Tank ကြီးက အမြန်နှုန်းနှင့် ချင်းလင်စံအိမ်မောင်းလာကြသည်။

ဒီအချိန်မှာ ဒီ Optimus Prime နဲ့ Megatron ကို မသိသူရှိသေးလား?

ရှုမျှော်ခင်းနေရာအတော်များများတွင် ဒရုန်းများပျံသန်းနေသည်။ ခရီးသည်များယူလာခြင်းပင်။ ခရီးသည်အများစုက ဗီဒီယိုရိုက်ဝါသနာပါကြသည်။ အထူးသဖြင့် မြင်ကွင်းကျယ်ကျယ်နှင့်​ဗီဒီယိုများပင်။

ထိုဗီဒီယိုများရိုက်ရန် ဒရုန်းဝယ်ကြသည်။

နောက်ပြီး ဒရုန်းနှင့်ရိုက်သောရှုခင်းလှလှဗီဒီယိုများက တစ်ခါတလေပိုအံ့ဩဖို့ကောင်းကြောင်းဝန်ခံရမည်။

ဒရုန်းမှတဆင့် အရှိန်နှင့်မောင်းနေသောကားနှစ်စီးကိုလည်း ခရီးသည်များရှင်းရှင်းလင်းလင်းမြင်ရသည်။ Optimus Prime ၏ Muscle Truck နှင့် Megatron ၏ Titan Tank ပင်။

Optimus Prime နှင့် Megatron လည်း ချင်းလင်ရှုမျှော်ခင်းကိုစိတ်ဝင်စားပုံရသည်။ ဝင်ပေါက်ရောက်သည်နှင့် ပုံပြောင်းသွား၏။

ဝင်ပေါက်တွင် ခရီးသည်တချို့ရှိနေဆဲပင်။

ခရီးသည်များက သူတို့ကိုမြင်ပြီးအလန့်တကြားပြေးသွားကြသည်။

စောစောကတက်လာသောဗီဒီယိုတွင် Megatron က တကယ်လူသတ်ချင်ပုံရသည်။ Optimus Prime သာ ပုဆိန်ကိုမကာလိုက်ရင် အဲဒီလူတွေ အရိုးတခြား၊အသားတခြားဖြစ်သွားနိုင်သည်။

ဒီနေရာမှာ Megatron စိတ်ရူးပေါက်ပြီး လူမသတ်ဘူးလို့ ဘယ်ပြောနိုင်မလဲ?

မပြေးဘဲနေမလား?

သူတို့ပြေးခြင်းမှာ Optimus Prime နှင့် Megatron ကို အတည်မှတ်သောကြောင့်ပင်။ မဟုတ်ရင် ဒီလိုထိတ်လန့်မှာမဟုတ်။

သို့ရာတွင် Optimus Prime နှင့် Megatron လည်း ချင်းလင်ရှုမျှော်ခင်းမှာတချိန်တည်းပေါ်လာပြီဖြစ်သည်။ အကြောင်းကြောင်းကြောင့် ဘာဆက်ဖြစ်မလဲ အားလုံးသိချင်နေကြသည်။

ဘာပဲဖြစ်ဖြစ် ဒီနေရာက ချင်းလင်ရှုမျှော်ခင်း၊ အာရုံအစိုက်ခံရဆုံး၊ ရေပန်းအစားဆုံးနေရာပင်။

ဒီတစ်ခါ တမူထူးခြားသွားသည်။

Optimus Prime နှင့် Megatron က ချင်းလင်ရှု​မျှော်ခင်းရောက်ပြီးနောက်ပိုင်း အရင်လိုမချတော့။

တားမြစ်ထားသောတတိယပတ်လမ်းအဝကတည်းက နှစ်ကောင်သား အကြိမ်ကြိမ်တိုက်ခိုက်လာကြသည်။

အခုပုံစံပြောင်းပြီး မတိုက်ခိုက်ကြချေ။

Megatron က ရှေ့ဆက်လျှောက်လာပြီး ချင်းလင်ရှုမျှော်ခင်းဝင်ပေါက်မှာတောင်ရပ်နေသည်။ ထို့နောက် အထဲကိုကြည့်ပြီး စိတ်လှုပ်ရှားပုံနှင့်သက်ပြင်းချကာ_

"လှလိုက်တဲ့နေရာ... ဒီငရဲလိုဂြိုဟ်ထဲမှာ ဒီလိုသုခဘုံလည်းရှိပါလား!''

Optimus Prime လည်း ရှေ့တိုးလာပြီး_

"တကယ် ဒီလိုလှတဲ့နေရာမျိုးကိုပထမဆုံးတွေ့ဖူးတာပဲ... Megatron ဒီလောက်လှတဲ့နေရာကို မင်းဖျက်ဆီးချင်လား?''

Megatron ကခေါင်းခါပြီး ထူးထူးဆန်းဆန်းပုံနှင့်_

"ဒီနေရာကိုဖျက်ဆီးတဲ့သူရှိရင် ဒီငရဲဂြိုဟ်ကြီးကို ငါဖျက်ဆီးပစ်မှာ''

"Megatron.. ဒီနေရာကိုအတူတူကာကွယ်ရအောင်!''

Optimus Prime က သူ့ကိုဖျောင်းဖျနေသလိုပင်။

Megatron က ပြန်တောင်ဖျောင်းဖျသေး၏_

"Optimus Prime.. မင်းနဲ့ငါ သဘောထားချင်းတိုက်ဆိုင်တာ ဒီတစ်ခါပဲရှိသေးတယ်... ငါဒီနေရာကိုစောင့်ရှောက်ချင်တယ်... ဒီကမန်နေဂျာ ဘယ်သူလဲ? ထွက်ခဲ့''

ထိုသို့ပြောပြီး Megatron က ချက်ချင်းပွဲဆူသည်။

Megatron က ချင်းလင်ရှုမျှော်ခင်းမှာလုံခြုံရေးလုပ်ချင်သည်ဆိုသောကြောင့် ထိုမြင်ကွင်းကိုကြည့်နေသောခရီးသည်များမှာ ဟန်ချက်ပျက်ပြီးလဲကျမတတ်ပင်။

သူတို့ကြားလိုက်တာ အမှန်ပဲလား?

ကမ္ဘာကြီးကိုအမြဲဖျက်ဆီးချင်တဲ့ Magatron က ချင်းလင်ရှုမျှော်ခင်းကိုစောင့်ရှောက်ချင်သတဲ့လား?

ချင်းလင်ရှုမျှော်ခင်းရဲ့ရှုခင်းလှလှက ဗီလိန်ကိုစိတ်ပြောင်းစေလား?

ဒီလိုတွေးသည်က ဖြည်းဖြည်းချင်းအတွေးပေါက်သောခရီးသည်များပင်။

ဉာဏ်ပြေးသူများကမူ ဒီကောင်ကြီးနှစ်ကောင်ကို ချင်းလင်ဓာတ်ခွဲခန်းကထုတ်ထားကြောင်း ခန့်မှန်းမိသည်။

ဒါချင်းလင်စံအိမ်ရဲ့ပွဲအစီအစဉ်မလား?

ဒါပေမဲ့ အံ့ဩစရာကောင်းလွန်းသည်။

လုံခြုံရေးဝန်ထမ်းများမှာ ကြိုတင်ညွှန်ကြားချက်ရထားပြီးသားဖြစ်၍ ချက်ချင်းအလန့်တကြားအစီရင်ခံသလို ဒရာမာခင်းသည်_

"ခေါင်းဆောင်.. မကောင်းတော့ဘူး! Optimus Prime နဲ့ Megatron ကျွန်တော်တို့ဆီရောက်လာပြီ!''

"မန်နေဂျာချန်.. သူတို့က ဥက္ကဌလင်းနဲ့တွေ့ချင်တယ်တဲ့''

"Optimus Prime နဲ့ Megatron ကပြောတယ်... သူတို့ ချင်းလင်ရှုမျှော်ခင်းမှာလုံခြုံရေးလုပ်ချင်တယ်တဲ့''

"ချင်းလင်ရှုမျှော်ခင်းကိုကာကွယ်ချင်တယ်တဲ့!''

သူတို့နားတွင် ခရီးသည်အားလုံးကြောင်နေသည်။ အတော်များများက ဖုန်းနှင့်ဗီဒီယိုရိုက်ထားသော်လည်း သူတို့နားသူတို့မယုံနိုင်ကြ။ ဖုန်းထုတ်ပြီး မှတ်တမ်းတင်ထားသောဗီဒီယိုကိုပြန်ကြည့်ရသည်။

အသံကိုပြန်နားထောင်ပြီးမှ Megatron က ချင်းလင်ရှုမျှော်ခင်းမှာလုံခြုံရေးလုပ်ချင်ကြောင်း သေချာသွားသည်။

မကြာမီ_

လင်းလန်ဇီက သူမကားနှင့် အပြင်မှအပြေးရောက်လာသည်။

သူမဓာတ်ခွဲခန်းရောက်နေသော်လည်း ဒီအပိုင်းဝင်ကရမည်မှန်းသိသည်။ လက်ထဲတွင် စာချုပ်နှစ်ခုတောင်ပါလာသည်။

လင်းလန်ဇီက Optimus Prime နှင့် Megatron ဆီတန်းသွားပြီးမေးလိုက်သည်_

"ကျွန်မတို့ရှုမျှော်ခင်းမှာ တကယ်လုံခြုံရေးလုပ်ချင်တာလား?''

"လူသားမိန်းမ''

Megatron က_

"ငါ့အချိန်မဖြုန်းနဲ့... သတ်ပစ်လိုက်မယ်''

"မစ္စ''

Optimus Prime က ယဉ်ယဉ်ကျေးကျေးနှင့်_

"ကျုပ်တို့ဒီရှုမျှော်ခင်းကိုကာကွယ်ဖို့ဆုံးဖြတ်ထားတယ်... ကျေးဇူးပြုပြီး လုံခြုံရေးလုပ်ခွင့်ပေးပါ''

လင်းလန်ဇီက စာချုပ်နှစ်ခုကိုမြှောက်ပြီး_

"ချင်းလင်ရှုမျှော်ခင်းမှာလုံခြုံရေးလုပ်ချင်ရင် စာချုပ်လက်မှတ်ထိုးရမယ်... အရင်ဆုံး လုံခြုံရေးစာချုပ်လက်မှတ်ထိုးပါ''

"အလုပ်ရှုပ်လိုက်တာ လူသားမိန်းမရာ... တကယ်သတ်ချင်နေပြီနော်''

Megatron က စိတ်ရှုပ်ရှုပ်နှင့်ပြောသည်။

"Megatron.. မင်းဒီနေရာကိုကာကွယ်ချင်မှတော့ စိတ်ထိန်းမှပေါ့''

Optimus Prime က ချက်ချင်းပြောသည်။

"သော*က် Optimus Prime.. မင်းကငါ့ကိုထိန်းချုပ်ချင်တာလား?''

Megatron က စိတ်မကြည်သော်လည်း ငုတ်တုတ်ထိုင်ပြီး စာချုပ်ကိုကြည့်လိုက်သောကြောင့် အားလုံးမူးမိုက်သွားသည်။

ခရီးသည် ၁: “????”

ခရီးသည် ၂: “????”

ခရီးသည် ၃: “????”

ဒီအချိန်မှာ အတုံးဆုံးလူတောင်နည်းနည်းသဘောပေါက်သွားမည်။ ဒါကပိုအံ့ဩစရာကောင်းတယ်ဟုတ်?

ခရီးသည်များတင်မဟုတ်။ မကြာမီ ချင်းလင်ရှုမျှော်ခင်းမှာဖြစ်ပျက်သမျှက လိုင်းပေါ်ရောက်သွားသည်။

အင်တာနက်တစ်ခုလုံး Optimus Prime နှင့် Megatron ကိုအာရုံစိုက်နေစဉ် ချင်းလင်ရှုမျှော်ခင်းမှအဖြစ်အပျက်ကြောင့် အုတ်အော်သောင်းတင်းဖြစ်သွားသည်။

တက္ကသိုလ်၌_

ချန်ရွှယ်တို့အတန်းဖော်များက Optimus Prime နှင့် Megatron ရုံချန်းရောက်နေမှန်းသိပြီးနောက် လိုင်းပေါ်ကသတင်းများကိုစောင့်ကြည့်နေသည်။

ဒီတစ်ခါ ကျောင်းသူတစ်ဦးကမတ်တပ်ထရပ်ပြီး အံ့ဩသံနှင့်_

"အားလုံး နောက်ဆုံးသတင်းကြည့်လိုက်ပါဦး! Optimus Prime နဲ့ Megatron က ချင်းလင်ရှုမျှော်ခင်းမှာလုံခြုံရေးလုပ်တော့မယ်!''

ထို့ကြောင့် စာသင်ခန်းတစ်ခန်းလုံးစိတ်ဝင်စားသွားသည်။ သူတို့ကချက်ချင်းလိုင်းပေါ်တက်ပြီး နောက်ဆုံးဗီဒီယိုကိုကြည့်လိုက်သည်။ Optimus Prime နှင့် Megatron က လုံခြုံရေးအဖြစ်စာချုပ်ချုပ်နေသောရယ်စရာမြင်ကွင်းပင်။

Optimus Prime နှင့် Megatron ချင်းလင်ရှုမျှော်ခင်းရောက်သွားပြီ။

နောက်ဆုံးဘယ်လိုဖြစ်မလဲအားလုံးခန့်မှန်းနေပေမဲ့ ဒီနှစ်ကောင်ကအလုပ်ရှာလိမ့်မယ်လို့ဘယ်ထင်မလဲ?

ထိုအချိန်တွင် ချင်းလင်ကုမ္ပဏီမှစီစဉ်ညွှန်ကြားသောဇာတ်လမ်းဖြစ်ကြောင်း အတုံးအဆုံးလူတောင်သိနိုင်သည်။

တနည်းပြောရရင် Optimus Prime နဲ့ Megatron ကို ချင်းလင်ဓာတ်ခွဲခန်းကထုတ်ထားတာပေါ့?

ဒီလောက်စွမ်းလား?

"ဒါဆို ချင်းလင်စံအိမ်မှာအလုပ်သင်ဆင်းရင် Optimus Prime နဲ့ Megatron က လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီပေါ့?''

ချန်ရွှယ်က တအံ့တဩမေးလိုက်သည်။

All Chapters