အခန်း ၁၄၂၃
Vol. 95 Ch. 1423
အခန်း ၁၄၂၃: လုံခြုံရေးအလုပ်
ချန်ရွှယ်တို့သူငယ်ချင်းတစ်စုတင်မဟုတ်။
လိုင်းပေါ်တွင် ထိုကိစ္စကိုအာရုံစိုက်နေသူများလည်း Megatron လုံခြုံရေးလုပ်ချင်သောဗီဒီယိုကိုတွေ့သည်။
ဗီဒီယိုထဲတွင် Optimus Prime နှင့် Megatron က လုံခြုံရေးလုပ်ချင်ကြောင်းပြောနေကြသည်။ သူတို့ကငုတ်တုတ်ထိုင်ပြီးတောင် စာချုပ်ကိုအသည်းအသန်ဖတ်နေကြသည်။ ထို့ကြောင့် အားလုံးကြောင်သွား၏။
အခုတော့ Optimus Prime နှင့် Megatron ကို ချင်းလင်ဓာတ်ခွဲခန်းကထုတ်ထားမှန်း သိသွားလောက်ပြီ။
ဘာပဲဖြစ်ဖြစ် Megatron အစစ်က ရှုမျှော်ခင်းအစောင့်လုပ်မှာမဟုတ်။ ကမ္ဘာကြီးကိုသာဖျက်စီးချင်လိမ့်မည်။
နောက်ပြီး ဒါကရုပ်ရှင်ဇာတ်ကောင်တစ်ခုသာ။ တကယ့်လောကမှာ Megatron အစစ်မရှိပေ။
ဒီတစ်ခါနည်းပညာစက်ရုပ်ဖန်တီးမှုမှာ ဘာပြဿနာမှမရှိဘူးဟုတ်?
အံ့ဩစရာကောင်းလွန်းသည်။
ဗီဒီယိုထွက်ထွက်ချင်း အတော်များများကစိတ်ဝင်စားနေသည်။
အစက Optimus Prime နှင့် Megatron အစစ်ဟုတောင် တချို့ကထင်ခဲ့ကြသည်။
သူတို့သာ တိုက်ခိုက်၊ ပေါက်ခွဲပြီး မြို့ကိုဖျက်ဆီးမယ်ဆိုရင် လူတွေကအစစ်လို့ထင်ကြလေမလား...
ဒီလို Optimus Prime နဲ့ Magatron မျိုး မြင်ဖူးကြလို့လား?
ရုပ်ရှင်ထဲကနေ တန်းခုန်ထွက်လာသလိုပင်။
အံ့ဩစိတ်နဲ့စူးစမ်းချင်စိတ်ကိုထိန်းချုပ်ပြီး ချင်းလင်ရှုမျှော်ခင်းက Optimus Prime နဲ့ Megatron ကို သွားမကြည့်ဘဲနေနိုင်မလား?
ချင်းလင်ရှုမျှော်ခင်း_
ခရီးသည်များစောင့်ကြည့်နေသည့်ကြားက Optimus Prime နှင့် Megatron က သူတို့အဖို့အလွန့်အလွန်သေးငယ်သောဘောပင်ကိုလက်ချောင်းများနှင့်ဆုပ်ကိုင်ပြီး စာချုပ်ပေါ်တွင်လက်မှတ်ထိုးလိုက်လေသည်။
ဒီနေ့မှစပြီး သူတို့က ချင်းလင်ရှုမျှော်ခင်းအစောင့်ဖြစ်သွားသည့်သဘောပင်။
Optimus Prime နှင့် Megatron က ရှူမျှော်ခင်းအပေါက်ဝတွင် လုံခြုံရေးအလုပ်ကိုကျွမ်းကျွမ်းကျင်ကျင်လုပ်နေသောကြောင့် ခရီးသည်များပိုအံ့ဩရသည်။
ထို့ကြောင့် ဓာတ်ပုံများတဖျတ်ဖျတ်ရိုက်ကြ၏။
ချန်လီတို့ရုံချန်းမှလူများလည်း ရှုမျှော်ခင်းဝင်ပေါက်မှ Optimus Prime နှင့် Megatron ကို စူးစမ်းကြည့်ကြသည်။
အခုဒီကောင်ကြီးနှစ်ကောင်က ရှုမျှော်ခင်းမှာသစ္စာအရှိဆုံးလုံခြုံရေးအစောင့်များဖြစ်သွားကြပြီ။
ချင်းလင်ရှုမျှော်ခင်းရဲ့အစီအစဉ်က တကယ်အံ့ဩစရာကောင်းသည်။
သူလိုလူတောင် အံ့ဩပြီးအသိပြန်ဝင်ဖို့ခက်ရင် သာမန်ခရီးသည်တွေမပြောနှင့်တော့။
"မြန်မြန်လေး.. စီရင်စုပြန်ပြီး ယာဉ်လမ်းကြောင်းဌာနကိုသတင်းပေးမယ်''
ချန်လီက လိုင်းပေါ်မှရေပန်းစားပုံကိုတွေးမိပြီး သူ့ဘေးမှလူကိုအမြန်ပြောလိုက်သည်။
ချင်းလင်ရှုမျှော်ခင်းရဲ့အစီအစဉ်က တကယ်အံ့ဩစရာကောင်းပေမဲ့ ဒီလိုကြောက်စရာကောင်းအောင်ရေပန်းစားနေရင် ခရီးသည်တွေဘယ်လောက်စိတ်ဝင်စားကြမလဲ?
အဲဒီကျရင် ယာဉ်လမ်းကြောပြဿနာတွေဖြစ်လာနိုင်သည်။
ပတ်လမ်း ၅ ပြီးခါစ၊ ပတ်လမ်း ၆ ပြင်ဆင်နေဆဲရုံချန်းက ဒီလောက်မြန်မြန်တော့အရှက်မကွဲနိုင်။
ချန်လီကအလောတကြီးထွက်လာပြီး အစီအစဉ်ဆွဲရန် ရုံချန်းပြန်သွားသည်။
အချိန်ကုန်လွန်သွား၏။
ချင်းလင်ရှုမျှော်ခင်းမှာ ဒီနေ့ရေပန်းစားဖို့သာဖြစ်နေသည်။ ခရီးသည်များ၏စိတ်အားထက်သန်မှုက ငြိမ်ရန်ခက်သောကြောင့်ပင်။ မိုးစုံးစုံးချုပ်သည်အထိ Optimus Prime နှင့် Megatron ကိုဓာတ်ပုံရိုက်သောခရီးသည်များရှိနေသည်။
ထိုနှစ်ရုပ်မှာ ဝင်ပေါက်မှ Optimus Prime နှင့် Megatron မဟုတ်။ ပလာဇာတွင်သရုပ်ပြရန်ထားသော Optimus Prime နှင့် Megatron ပင်။
နောက်တစ်နေ့_
ချန်လီက ယာဉ်လမ်းကြောင်းဌာနနှင့်ကြိုတင်စီစဉ်ထားသော်လည်း ကြောင်နေရသေးသည်။ ကြိုတင်စီစဉ်ထားတာတောင် လမ်းပိတ်နေသောကြောင့်ပင်။
ထို့ကြောင့် တစ်ခါတလေ ယာဉ်လမ်းကြောပြဿနာကို လူ့အင်အားနှင့်မတတ်နိုင်။ လမ်းတွေဖောက်လေလေ လမ်းပိတ်လေလေဖြစ်နေသည်။
အစီရင်ခံစာရပြီး ချန်လီပြောစရာစကားမရှိတော့။
လိုင်းပေါ်တွင် ထပ်ဆဲကြပြန်သည်။ ရုံချန်းယာဉ်လမ်းကြောမှာ ရုံချန်းအရာရှိများ၏မပြီးနိုင်သောပြယုဂ်ဖြစ်လာ၍ ချန်လီနှင့်စွန်းရှန်မှာတစ်ခုခုမှားနေသလိုခံစားရသည်။
ဒီအတွက် သူတို့မှာအပြစ်ရှိလား?
လိုင်းပေါ်တွင် သူတို့ကိုအပြစ်ပြောနေကြသောကြောင့် ယာဉ်ထိန်းရဲများပိုဒေါသထွက်နေကြသည်။
ကျန်းရှစ်ကျူက ကားထဲထိုင်ဆဲနေ၏။
သူကလည်း ရုပ်ရှင်ချစ်သူတစ်ဦးဖြစ်၍ Transformers ရုပ်ရှင်စီးရီးအကုန်ကြည့်ဖူးသည်။
ထို့ကြောင့် Optimus Prime နှင့် Megatron ကိုအကျွမ်းဝင်နေသည်။
ချင်းလင်ကုမ္ပဏီကထုတ်တဲ့ Optimus Prime နဲ့ Megatron ကိုမြင်ပြီး သူအံ့ဩရတယ်မလား?
လက်တွေ့ကျလွန်းသည်။ ပုံသဏ္ဍာန်ဖြစ်စေ၊ အသွင်ပြောင်းပုံဖြစ်စေ၊ တိုက်ခိုက်ပုံဖြစ်စေ၊ ဂိမ်းထဲကအတိုင်း တထပ်တည်းပင်။
လက်တွေ့မှာ ဒါမျိုးပေါ်လာမည်ဟုလုံးဝမထင်မိသောကြောင့် လာမကြည့်ဘဲမနေနိုင်။
Optimus Prime နဲ့ Megatron သာ အသက်ရှိရင် ဘယ်လောက်အံ့ဩစရာကောင်းမလဲဟုတောင်တွေးမိသည်။ ဒါဆို ကမ္ဘာကြီးတမျိုးဖြစ်သွားနိုင်သည်။
ယာဉ်တန်းဘယ်လောက်ရှည်မှန်းမသိရသော်လည်း နောက်ဆုံး သူတို့ကားနှစ်စီးမှာ တတိယပတ်လမ်းထဲရောက်လာပြီဖြစ်သည်။
ဗီဒီယိုအစပိုင်းမှဝင်ပေါက်ကို ကျန်းရှစ်ကျူချက်ချင်းမှတ်မိသည်။
လမ်းဆုံနေရာက မှတ်မိလွယ်သည်။
နောက်ဆုံး ချင်းလင်ရှုမျှော်ခင်းကားပါကင်တွင် ကားရပ်လိုက်သည်။
ကျန်းရှစ်ကျူက ကားထဲမှထွက်ပြီး ကားပါကင်အပြင်ဘက်လမ်းလျှောက်လာစဉ် ချင်းလင်ရှုမျှော်ခင်းဝင်ပေါက်သို့ ခရီးသည်တစ်ယောက်ပြီးတစ်ယောက်သွားနေကြသည်ကို အသံကြားလိုက်ရသည်။
သူတို့က Optimus Prime နှင့် Megatron ကြောင့်လာကြခြင်းပင်။
ကျန်းရှစ်ကျူလည်းလိုက်ပါသွားရာ ခပ်လှမ်းလှမ်းတွင် မြင့်မြင့်မားမားပုံရိပ်နှစ်ခုကိုတွေ့ရသည်။ Optimus Prime နှင့် Megatron ပင်။
Optimus Prime နှင့် Megatron ပခုံးတွင် လုံခြုံရေးတံဆိပ်အကြီးကြီးရှိသောကြောင့် သူအံ့ဩရသည်။ ချင်းလင်ရှုမျှော်ခင်းပုံတောင်ပါသည်။
အထူးသဖြင့် ထိုကောင်ကြီးနှစ်ကောင်က အော်လံနှင့်လျှောက်သွားရင်းအော်နေသည်မှာ_
Optimus Prime: ''အားလုံးတန်းစီပြီးမှ ချင်းလင်ရှုမျှော်ခင်းထဲကိုအစီအစဉ်တကျဝင်ပါ... ပတ်ဝန်းကျင်ကိုဂရုစိုက်ပေးပါ... တက်နင်းခြင်း ပန်းခူးခြင်း ချိုးဖဲ့ခြင်း အမှိုက်ပစ်ခြင်းများ မပြုလုပ်ရပါ!''
Megatron: ''ပြဿနာရှာတဲ့သူကိုသတ်မယ်''
Optimus Prime: "Megatron.. မင်းစိတ်ကိုဆင်ခြင်ဦး... ခရီးသည်တွေကိုဦးထိပ်ထားရမှာ!''
Megatron: ''Optimus Prime.. မင်းဆက်ပြီးလျှောက်ပြောနေရင် မင်းကိုပါသတ်ရလိမ့်မယ်''
ကျန်းရှစ်ကျူက အမှတ်တမဲ့အနားကပ်သွားလိုက်သည်။ နှစ်ကောင်သားရန်ဖြစ်နေပုံက ရုပ်ရှင်ထဲကဇာတ်ကွက်လိုခံစားရသည်။