အခန်း ၁၄၂၅
Vol. 95 Ch. 1425
အခန်း ၁၄၂၅: အပြစ်အားလုံးခံယူဖို့မဖြစ်နိုင်!
ချင်းလင်ရှုမျှော်ခင်းက Optimus Prime နှင့် Megatron ကိုအတိုင်ခံရမည်ဟု ကျန်းရှစ်ကျူမထင်မိ။
လူသိများသောသတင်းမီဒီယာတွင် Megatron ကို လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သူအဖြစ်ဖော်ပြဝေဖန်ထားသည်။ သူပါးစပ်ဖွင့်လိုက်သည်နှင့် လူသားများကိုသ*တ်ဖြတ်ရန်ပြောဆိုနေသောကြောင့် သူ့အမြင်သုံးရပ်မှာမှားယွင်းနေကြောင်းပြောဆိုထား၏။
ချင်းလင်ရှုမျှော်ခင်းတွင် Optimus Prime နှင့် Megatron ရေပန်းအစားဆုံးဖြစ်နေသောကြောင့် ရုတ်တရက်ထွက်လာသောသတင်းကထိုးတက်ပြီး အတော်များများမြင်သွားကြသည်။
သတင်းဗီဒီယိုများကိုကြည့်ပြီး ဝဝဖိုင့်ဖိုင့်အမျိုးသမီးကို ကျန်းရှစ်ကျူတွေးမိသွားသည်။
အဲဒီမိန်းမကြီးက တကယ်တိုင်လိုက်တာလား?
သူထွက်မသွားခင်က သူ့ယောက်ျားဘယ်လိုလူဟုတောင်ပြောနေသေးသည်။ သူ့ကိုဒီလောက်စွမ်းမည်မထင်မိ။ အချိန်တိုအတွင်း ဒီနာမည်ကြီးသတင်းမီဒီယာကနေ တိုင်စာ၊ဝေဖန်စာတွေထွက်လာသည်။
ကျန်းရှစ်ကျူတင်မဟုတ်။ ထိုဗီဒီယိုကိုတွေ့သောခရီးသည်များက ဝဝဖိုင့်ဖိုင့်အမျိုးသမီးကိုတွေးမိကြသည်။
သူတို့လည်း တချိန်လုံးရှိနေခဲ့ပြီး တချို့က ဖြစ်စဉ်ကိုမှတ်တမ်းတောင်တင်ထားသည်။
အစကတည်းကမကျေနပ်သည့်မိန်းမကြီးကို အခုဗီဒီယိုမြင်ပြီး ပိုမကျေမနပ်ဖြစ်သွားသည်။
မကြာမီ လိုင်းပေါ်တွင် ထိုဖြစ်စဉ်ဗီဒီယိုများတက်လာ၏။
ချင်းလင်ရှုမျှော်ခင်းက Megatron စကားမှာ ပြဿနာမရှိဘဲ ဝဝဖိုင့်ဖိုင့်အမျိုးသမီးကြီးကထူးဆန်းနေသည်ဟုဆိုရမည်။
Live ဗီဒီယိုတချို့ လိုင်းပေါ်ချက်ချင်းရောက်လာ၏။ ချင်းလင်ရှုမျှော်ခင်း၊ Optimus Prime နှင့် Megatron အတွက် လေထုရှင်းလင်းပေးကြသည်။
တဖက်တွင်_
ဝဝဖိုင့်ဖိုင့်အမျိုးသမီးကြီးက သူ့ကလေးနှင့်ချွမ်မြို့ပြန်သွားသည်။
ချွမ်မြို့မှာ မင်မြို့နှင့်သိပ်မဝေးဘဲ ချင်းလင်ရှုမျှော်ခင်းနှင့်ခပ်လှမ်းလှမ်းတွင်ရှိသည်။ သူမအိမ်ပြန်ရောက်သောအခါ အရင်ဆုံးဖုန်းထုတ်ပြီး သူမညွှန်ကြားထားသည့်ကိစ္စကိုစစ်ဆေးကြည့်သည်။
သူမယောက်ျားဖြစ်သူက ချွမ်မြို့သတင်းမီဒီယာကုမ္ပဏီ၏သူဌေးပင်။ သတင်းမီဒီယာလောကတွင် နှစ် ၂၀ ကျော်ကြာပြီဖြစ်ပြီး နာမည်လည်းကြီးသည်။
ထို့အပြင် ယုံကြည်လက်ခံသူအတော်အတန်ရှိသောကြောင့် လက်ရှိသတင်းမီဒီယာဗီဒီယိုအတိုအကောင့်များတွင်ပါ ပရိသတ်အင်အားတောင့်သည်။
ဒါကြောင့်လည်း ယောက်ျား၏ကုမ္ပဏီကို Optimus Prime နှင့် Megatron အကြောင်းတင်ခိုင်းခြင်းပင်။
အတွေးအခေါ်အယူအဆလွဲမှားနေတဲ့ဟိုခရီးသည်တွေနဲ့ သူပြိုင်မငြင်းချင်။
ဒီသတင်းပြန့်သွားရင် Optimus Prime နှင့် Megatron ကိုမြင်ပြီး အမှန်သိလာလိမ့်မည်။
လိုင်းပေါ်တက်ကြည့်သောအခါ Megatron ကိုတိုင်ထားသောသတင်းက ရေပန်းစားနေပြီဖြစ်ကြောင်းတွေ့ရသည်။ အင်တာနက်တစ်ခုလုံးဒီအကြောင်းဆွေးနွေးနေကြပြီး တိုင်ထားသောမီဒီယာအကောင့်မှာ သူမယောက်ျားကုမ္ပဏီမှတရားဝင်အကောင့်ဖြစ်သည်။
ဒီလိုရေပန်းစားလာရင် သူမယောက်ျားကုမ္ပဏီတရားဝင်အကောင့်ကိုလည်း စိတ်ဝင်စားတဲ့သူများလာမယ်မလား?
ယောက်ျားကိုကူညီရာရောက်တာပေါ့။
သူမတွေးတောနေစဉ် တံခါးပွင့်လာပြီး နည်းနည်းထိပ်ပြောင်နေသောအမျိုးသားတစ်ဦးဝင်လာသည်။ မိန်းမဖြစ်သူပြုံးနေသောကြောင့် သူကစူးစမ်းမေးသည်_
"အခုပဲ ခရီးကပြန်ရောက်ပြီး မင်းပြုံးနေတာတွေ့ရတယ်... သတင်းကောင်းရှိလို့လား?''
"ယောက်ျား ရုံးရောက်ရင်သိမှာပေါ့... ရှင့်အတွက်လက်ဆောင်အကြီးကြီးပြင်ထားတယ်''
ဝဝဖိုင့်ဖိုင့်အမျိုးသမီးက တန်းပြောသည်။
ကောချီထောင်က ဆက်မမေးသော်လည်း ဘာလက်ဆောင်များဖြစ်မလဲဟုတွေးတောနေလိုက်သည်။
ဝန်ကြီးလုက တော်ဝင်ပညာရှင်ဖန်းကို ချင်းလင်အပန်းဖြေစံအိမ်ခေါ်လာသည်။
လုံခြုံရေးများက ဝန်ကြီးလုမှန်းသိ၍မတားဘဲဝင်ခွင့်ပေးသည်။
"ဝန်ကြီးလု.. ချင်းလင်အပန်းဖြေစံအိမ်ရဲ့ရှုခင်းက တကယ်လှတာပဲ''
တော်ဝင်ပညာရှင်ဖန်းက စံအိမ်ထဲဝင်သည်နှင့် တအံ့တဩပြောသည်_
"ဒါကြောင့် တော်ဝင်ပညာရှင်တွေက ဒီမှာလာအပန်းဖြေဖို့လုနေကြတာကိုး''
"Optimus Prime နဲ့ Megatron နည်းပညာကိုနားလည်သွားရင် ခင်ဗျားဒီမှာခဏနေရလိမ့်မယ်''
ဝန်ကြီးလုကပြုံးပြုံးနှင့်ပြောသည်။
တော်ဝင်ပညာရှင်ဖန်း သိချင်နေသည်။
အခု Optimus Prime နှင့် Megatron နည်းပညာကို သူအသိချင်ဆုံးပင်။
ဝန်ကြီးလုက တော်ဝင်ပညာရှင်ဖန်းကို ချင်လင်ရုံးခန်းထဲခေါ်သွားသည်။
ရုံးခန်းတံခါးပိတ်မထားသောကြောင့် တန်းဝင်သွားရာ မျက်မှောင်ကြုတ်ပြီးဖုန်းကြည့်နေသောချင်လင်ကိုတွေ့ရသည်။
"သူဌေးချင် ဘာဖြစ်လို့လဲ?''
ဝန်ကြီးလုကဇဝေဇဝါနှင့်ရောက်လာပြီး ဖုန်းထဲမှဗီဒီယိုကိုကြည့်လိုက်သည်။
ချင်းလင်ရှုမျှော်ခင်း၊ Optimus Prime နဲ့ Megatron အတိုင်ခံရ၊ အတွေးအခေါ်အယူအဆတွေမကောင်း?
“???”
ဝန်ကြီးလု စိတ်ရှုပ်သွားသည်။
သူနဲ့တော်ဝင်ပညာရှင်ဖန်း Optimus Prime နဲ့ Megatron ကိုကြည့်ခဲ့တာ၊ ဘာမှားနေလို့လဲ?
"ဝန်ကြီးလု.. ဘယ်လိုကြောင့်ရောက်လာတာလဲ? Optimus Prime နဲ့ Megatron လား?''
ချင်လင်ကသတိဝင်ပြီး ဝန်ကြီးလုကိုတွေ့သောကြောင့် ချက်ချင်းနှုတ်ဆက်သည်။
ဝန်ကြီးလုက သူ့ဖုန်းထုတ်ပြီး လိုင်းပေါ်တက်ကြည့်သည်။
ချင်းလင်ရှုမျှော်ခင်းကိုဘာကြောင့်သတင်းတင်ထားလဲ သူသိချင်သည်။
ကြည့်ပြီးနောက် အကြောင်းစုံသိသွား၏။ လိုင်းပေါ်မှာဒီအကြောင်းချည်းပွနေသည်။
သတင်းမီဒီယာကုမ္ပဏီတစ်ခုက ချင်းလင်ရှုမျှော်ခင်း၊ Optimus Prime နှင့် Megatron ကိုဝေဖန်ထားသည်။
'ဒီနေရာမှာပြဿနာရှာရင် သ*တ်မယ်'ဆိုသော Megatron စကားကြောင့်ပင်။
ဝန်ကြီးလုက မျက်မှောင်ကြုတ်လိုက်သည်။ သူပြောတာဘာမှမမှား။ ချင်းလင်ရှုမျှော်ခင်းမှာ အနှောင့်အယှက်မဖြစ်အောင်သတိပေးလိုခြင်းသာ။
ဒီလိုစကားမျိုးက ဟာသအမြင်သာဖြစ်ပြီး သိပ်ချဲ့ကားစရာမလို။
ခရီးသည်နှစ်ဦး၏ဗီဒီယိုကိုကြည့်ပြီး ဘာဖြစ်နေမှန်းအကြမ်းဖျင်းတွေးမိသည်။ ဝဝနှင့်အမျိုးသမီးကြောင့်ဖြစ်မည်။
ဒါက တကယ် …
ဒီနေ့ခေတ်သတင်းမီဒီယာများက ပြောရေးဆိုခွင့်ရှိရုံ၊ ပရိသတ်နည်းနည်းရှိရုံမျှနှင့် ရှေ့နောက်မစဉ်းစားဘဲ လုပ်ချင်သလိုလုပ်ကြသည်။
ဝန်ကြီးလုလည်း ဖုန်းကိုင်ပြီးဆက်လိုက်သည်_
"ဝန်ကြီးဟူ.. ဟုတ်တယ်.. တချို့ဟာတွေက အထင်မှားလို့မဖြစ်ဘူး... Optimus Prime နဲ့ Megatron ကပြဿနာမရှိဘူး... ကျုပ်တို့စက်ရုပ်တွေရှေ့မှာမျက်နှာပျက်လို့မဖြစ်ဘူး''
သူကဖုန်းချလိုက်သည်။
"သူဌေးချင်''
ဝန်ကြီးလုက ချင်လင်အား_
"လိုင်းပေါ်ကဟာတွေက ပမွှားလေးတွေ... ကိစ္စမရှိဘူး''